← Chapters

ဘာမှ မတတ်နိုင်ဘူး

Vol. 106 Ch. 1588

ဘာမှ မတတ်နိုင်ဘူး

Vol. 106 Ch. 1588

ချင်းဟန်နှင့် ကျန်သူများလည်း မောင်းဝင်လာသည့် ထရပ်ကားကို ကြည့်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့ကြ၏။

ခုက မှောင်တောင် မှောင်နေပြီလေ… သူတို့ ပစ္စည်းပို့တဲ့ အချိန် ကျော်နေပြီ မဟုတ်လား….

ပြီးတော့ လာပြီး လက်ခံမယ့်လူလည်း တစ်ယောက်မှ မရှိဘူး … ဒါဘယ်လို လက်ဆောင်ကြီးလဲ…

ကားပြိုင်ကွင်းက လင်းရီ၏ အပိုင်ဖြစ်သဖြင့် ချင်းဟန်နှင့် ကျန်နှစ်ယောက်သည်လည်း သူတို့ အပိုင်ကဲ့သို့ တန်ဖိုးထားသည်။

ထို့ကြောင့် ဤကိစ္စနှင့် စပ်လျဉ်း၍ စိုးရိမ်သည်က သဘာဝပင်။ မတော်၍များ အထဲတွင် ဖောက်ခွဲရေး ပစ္စည်းတွေ ရှိနေခဲ့မည်ဆိုပါက……

သူတို့အားလုံး ထရပ်ကားထံ ရောက်လို့လာပြီး ထရပ်ကား ဆရာကလည်း ကားပေါ်က ဆင်းလာသည်။

“ ဘာကိစ္စလဲ… ပစ္စည်းလာပို့တာလား ..”

“ လူကြီးမင်းလင်းက ကားတစ်စင်း မှာထားလို့ ကျုပ်က လာပို့ပေးတာ….”

သက်လတ်ပိုင်း အမျိုးသားမှ ဒီလီဗာရီဖောင်ကို ထုတ်၍ ချင်းဟန်နှင့် ကျန်သူများအား ကြည့်လိုက်၏။ “ ဒီထဲ ဘယ်သူက လူကြီးမင်းလင်းရီလဲ… ကျေးဇူးပြုပြီး အိုင်ဒီကတ်ပြပြီးမှ ရရှိကြောင်း လက်မှတ်ထိုးပေးပါ…”

“ လင်းကောက ကားဝယ်ပြန်ပြီလားဟ….” လျန်ကျင်းမင် ပြောလိုက်၏။

“ မြန်မြန် ကားပေါ်က ထုတ်လိုက် … သူ လစ်တုန်း တစ်ပတ်နှစ်ပတ်လောက် ကိုင်ကြည့်ရမယ်…”

“ အဲ့လို မရပါဘူး …” သက်လတ်ပိုင်း အမျိုးသားမှ အခက်တွေ့နေဟန်ဖြင့် “ အထက်က အမိန့်ပေးထားတယ်… လူကြီးမင်းလင်းနဲ့ ကိုယ်တိုင်တွေ့မှ ပစ္စည်းထုတ်ပေးပါတဲ့ …”

“ ငါတို့က သောက်ရမ်း သောက်ရမ်း သောက်ရမ်း ရင်းနှီးတဲ့ ဘော်ဒါတွေနော်… သေခြင်းရှင်ခြင်းကို အတူကျော်ဖြတ်ထားတဲ့လူတွေ… ဒီအချက်နဲ့တင် မလုံလောက်သေးဘူးလား …” လျန်ကျင်းမင် ပြောလိုက်၏။

“ ကျေးဇူးပြုပြီး ကျုပ်ကို ခက်အောင် မလုပ်ကြပါနဲ့ … ကျုပ် တကယ် မတတ်သာလို့ပါ….”

လျန်ကျင်းမင်က ကျိုးကြောင်း မဆီလျော်သည့်လူ မဟုတ်ချေ။ ထို့ကြောင့် စည်းမျဉ်းအတိုင်း လိုက်နာပေးလိုက်ပြီး မလိုလားအပ်သည့် ပြဿနာတို့အား မဖြစ်စေပေ။

“ ဒါဆိုလည်း ငါ့ကိုပြော… အထဲက ကားက ဘာမော်ဒယ်လ်လဲ…”

“ ကျုပ်လည်း ဘယ်သိမှာ… ကျုပ်က ဒီတိုင်း ဒရိုင်ဘာပဲလေ… ဒါပေမယ့် စူပါကားဆိုတာတော့ သေချာတယ်…” သက်လတ်ပိုင်း ကားဆရာကြီးက ပြောလိုက်သည်။

လျန်ကျင်းမင် “ ….. “

‘ အဲ့တာကတော့ ခင်များ ပြောမှလား …’

တကယ်လို့ စကူတာ ဝယ်ခဲ့တယ်ဆိုမှသာ ထူးဆန်းနေလိမ့်မယ်…

ဘွန်း ဘွန်း ဘွန်း …

လူတိုင်း ထရပ်ကားအနီး၌ စုဝေးနေစဉ် နောက်ထပ် အင်ဂျင်ဟိန်းသံ တစ်သံအား ကြားလိုက်ကြရ၏။

လင်းရီ သူ၏ ကောင်လေး(ကား)နှင့် ရောက်လို့လာလေသည်။

“ ငါလဂိုး … ဒါ Bugatti La Voiture Noire မလား …” ဟန်ချောင် အံ့အားတကြီး မြည်တမ်းလိုက်မိ၏။

“ ငါမှတ်မိတာမှန်မယ်ဆို သူ့တန်ဖိုးက သန်း ၁၂၀ ကျော်တယ်… ကမ္ဘာပေါ်မှာ တစ်စင်းတည်းရှိတာ… ပိုက်ဆံရှိတိုင်း ဝယ်နိုင်တဲ့ ကားမျိုး မဟုတ်ဘူး …”

“ မင်း သိတာလည်း တော်တော်များပါလားကွ… အဲ့တာ လင်းကြီးရဲ့ ကားလေ… ငါ ခဏနေကျရင် မင်းနဲ့ မိတ်ဆက်ပေးမယ်….”

“ ညီကိုချင် … ကျေးဇူးပဲကွာ…”

ဟန်ချောင်နှင့် တုံးဟန့်ယွီတို့ လက်ဖဝါး ပွတ်သပ်လိုက်ကြ၏။

ကျိုးဟိုင် သခင်လေး လေးယောက်ရဲ့ ခေါင်းဆောင်ကတော့ ထင်ထားတဲ့အတိုင်းပဲ သူစီးတဲ့ကားကတောင် ယွမ် သန်း ၁၂၀ ကျော်တန်တယ်… “

တုံးဟန့်ယွီမှာတော့ စိတ်အတွင်း၌ ကြိတ်၍ သက်ပြင်းချမိ၏။ သူ့မှာတော့ သန်း ၅၀ ထုတ်နိုင်ဖို့အရေး အိမ်နှင့် စကား အကြာကြီး ပြောခဲ့ရရုံမျှမက သူ၏ ပစ္စည်းတစ်ချို့ပင် ထုတ်ရောင်းခဲ့ရသေးသည်။ သို့တိုင် သူလိုချင်သည့် ကားအား ဝယ်ယူရန်အတွက် ပိုက်ဆံ မလောက်ငှခဲ့ချေ။

သို့‌သော် သူ့ရှေ့ရှိ ဤလူကတော့ ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းကို စိတ်အပန်းဖြေလိုရုံ ရည်ရွယ်ချက်နှင့် ဝယ်ယူခဲ့ရုံမျှမက သန်း ၁၂၀ ကျော်တန်သည့် ရှားမှရှား ကားတစ်စင်းကိုလည်း ဝယ်ယူနိုင်ခဲ့လေသည်။

သိုသိုသိပ်သိပ်နေတဲ့ သခင်လေးလင်းက ချင်းဟန်ထက် ပိုပြီး အထင်ကြီးဖို့ကောင်းတယ်လို့ ညီကိုဟန် ပြောခဲ့တာ မဆန်းတော့ပါဘူး …

ကြည့်ရသလောက်တော့ တကယ်လည်း အဲ့ဒီလို ဖြစ်နေတဲ့ပုံပဲ….

သူ နှင့် တစ်ဖက်သူမှာတော့ ကမ္ဘာကြီးလောက်ကို ဝေးကွာနေသည်။ သူတို့မှာ ယှဉ်ဖို့ပင် ထိုက်တန်ခြင်း မရှိလှချေ။

ထိုအခိုက်အတန့်တွင် လင်းရီ၏ ကားက ချင်းဟန်နှင့် ကျန်နှစ်ယောက်တို့၏ ရှေ့တွင် ရပ်တန့်သွားခဲ့၏။

“ ဘာလို့ အကုန်လုံး ဒီရောက်နေကြတာ…” ကားပေါ်က ဆင်းတော့ လင်းရီ အပြုံးလေးဖြင့် မေးလိုက်၏။ “ ငါကားဝယ်ထားတဲ့ သတင်းကြားလို့ ပြေးလာကြတာလား ဟုတ်လား …”

“ မင်းပဲ ..”

ချင်းဟန်နှင့် ကျန်သူများ ဘာမျှ မပြောနိုင်ခင် သူတို့အားလုံး တုံးဟန့်ယွီ၏ အာမေဋိတ်အသံဖြင့် အလန့်တကြား အော်ဟစ်သံကို ကြားလိုက်ကြရ၏။

ချင်းဟန် ထိုကောင့်အား တစ်ချက်ကြည့်လိုက်သည်။ “ မင်းက ဘာတွေ အော်နေတာ….”

“ သူ … သူပဲ… ငါ့ကို ကားပြပွဲမှာ မျက်နှာဖြတ်ရိုက်သွားခဲ့တာ သူပဲ ….”

‘ဟင် …’

လင်းရီ ခေါင်းငဲ့ကြည့်လိုက်တော့ မလှမ်းမကမ်းတွင် ရပ်နေသည့် တုံးဟန့်ယွီကို မြင်တွေ့လိုက်ရလေသည်။

“ မင်းလည်း ဒီရောက်နေတာလား ….”

နှစ်ယောက်ကြားရှိ စကားအသွားအလာက ရှိနေကြသည့် လူတိုင်းကို ဘာဖြစ်နေလဲဆိုတာ နားလည်သွားခဲ့လေသည်။

“ လောင်တုံး … မင်း ကားပြပွဲမှာ သခင်လေးလင်းကို အပြစ်ပြုခဲ့မိတာလား …” ဟန်ချောင် စကားအစ်ကြည့်လိုက်၏။

တုံးဟန့်ယွီ၏ အမူအရာမှာ အတော်လေး အကျည်းတန်နေလျက် ရှိတော့၏။ ကောင်းကောင်းမွန်မွန်ပင် စကားပြောနိုင်ခြင်း မရှိတော့ချေ။

“ ငါ … ငါ … သူက သခင်လေးလင်းမှန်း မသိခဲ့လို့ ……”

“ ငါလဂိုးတဲ့မှ မင်းဘယ်လိုတွေ စဉ်းစားနေတာလဲ… မြန်မြန် သခင်လေးလင်းကို ပြန်တောင်းပန်လိုက်….”

ဟန်ချောင် အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ရသည်။ သူ့တွင် လွှမ်းမိုးမှု တစ်ချို့ ရှိသည်ဆိုသော်လည်းပဲ သူ့ရှေ့ရှိ ဤလူနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက …….

သူလည်း အမြီးကုပ်နေရလိမ့်မည်။

“ သခင်လေးလင်း … ကားပြပွဲမှာတုန်းက ငါမှားသွားပါတယ်… ငါ့ကို ဗွေမယူပါနဲ့….”

လျန်ကျင်းမင် စီးကရက်ပြာအား သာမန်လျှံကာ တစ်ချက်တောက်ချလိုက်၏။ အစ်ကိုကြီးလင်း ကြည့်ရသည်မှာ စိတ်ဆိုးသည့်ပုံ မပေါ်ချေ။ မဟုတ်ပါက သကောင့်သားမှာ ဤအချိန် ဆေးရုံ၌ ရှိနေမည်ကို သူ အာမခံရဲသည်။

“ ရပါတယ်… ရန်မဖြစ်ခဲ့ဖူးရင် သိကျွမ်းလာခဲ့မှာလည်း မဟုတ်ဘူးဆိုတဲ့ စကားပုံ ရှိတာပဲမလား … “

လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး တုံးဟန့်ယွီအား လျစ်လျူရှုထားလိုက်၏။

တစ်ဖက်သူမှာ ချက်ချင်းလက်ငင်း စိတ်သက်သာ ရသွားခဲ့တော့သည်။

အကယ်၍ သူသာ ဤကိစ္စအား အလျှော့မပေးခဲ့ဘူးဆိုပါက သူ့ကိုယ်သူ အနာခံရုံမျှ ရှိ၏။ အခန့်မသင့်ပါက သူ၏ မိသားစုအပေါ်၌ပါ အကျိုးသက်ရောက်မှု ရှိလာနိုင်သည်။

“ လင်းကော … မင်းမြန်မြန် လုပ်စမ်းပါဟ … ငါတို့အားလုံး ကြည့်ဖို့ စောင့်နေကြပြီ…” လျန်ကျင်းမင် ပြောလိုက်သည်။

“ ခဏစောင့်ဦး …”

ထရပ်ကားဆရာအား နှုတ်ဆက်ပြီးနောက် လင်းရီ သူ၏ နာမည်ကို စလစ်တွင် လက်မှတ်ထိုးလိုက်၏။

လော်ရီက ဖြည်းဖြည်းချင်း ပွင့်လာပြီး custom – made Lamborghini Veneno သည် လူတိုင်းရှေ့မှောက် ထွက်ပေါ်လာခဲ့၏။

“ တကယ်ကိုပဲ…. ဒီရဲ့ သန်း ၆၀ ကျော်တန်တဲ့ကားက မတူတဲ့ ခံစားချက်မျိုးကို တကယ်ခံစားရစေတယ်…” ကောင်းကျုံးယွမ် ပြောလိုက်သည်။

“ ဘာလို့ ဒီကားဝယ်လိုက်တာ.. မင်းရဲ့ ဂိုဒေါင် ပြည့်နေပြီ မဟုတ်လား …”

“ ငါလည်း အစက ဝယ်မယ်လို့ စိတ်မကူးထားဘူး … သူငယ်ချင်း တစ်ယောက်နဲ့ အဖော်လိုက်ပေးရင်း ကားမြင်တော့ စိတ်ကူးပေါက်လို့ ကောက်ဝယ်လိုက်တာ …”

စိတ်ကူးပေါက်လို့ ကောက်ဝယ်လိုက်တယ်…..

တုံးဟန့်ယွီ “ …… “

“ ဒါဆိုရင် အစ်ကိုကြီး ... မင်း ကပ်စေး မကုပ်နဲ့ …. ငါ့ကို လေးငါးရက်လောက် ငှားလိုက် …” လျန်ကျင်းမင် မျက်နှာချိုသွေးသည့် ပုံစံဖြင့် ပြောလိုက်၏။

“ ငါလည်း ဒီကားကို အိမ်မှာထားဖို့ အစီအစဉ်မရှိဘူး … နောင်ကျ ဒီက ကားဂိုဒေါင်ထဲပဲ ထားမှာ … မင်းတို့ မောင်းချင်ရင် ကားသော့လာယူလိုက်….”

ဟန်ချာင်နှင့် တုံးဟန့်ယွီတို့ တစ်ဦးကို တစ်ဦး ကြည့်မိလိုက်ကြ၏။

သန်း ၆၀ ကျော်တန် ကားတစ်စင်းကို သာမန်လျှံကာ ဝယ်ခဲ့ရုံ မကသေးဘူး … အရေးကြီးဆုံးက သူက အိမ်မှာ ထားချင်စိတ်ကို မရှိတာ … အဲ့ဒီအစား သူများတွေ မောင်းချင်မောင်းလို့ရအောင်လည်း ငှားပေးဦးမယ်…

ချီးပဲ မင်းဘယ်လောက်တောင် ချမ်းသာနေတာတုန်း …

မကြာမီ ကားကို အောက်ချပြီးသွားခဲ့၏။

လင်းရီ ကားပြိုင်ပွဲကွင်းအတွင်းသို့ မောင်းသွားခဲ့ပြီး သုံးလေးပတ်ခန့် စမ်းမောင်းကြည့်လိုက်သည်။ သူမောင်းလို့ ဝတော့ လျန်ကျင်းမင်နှင့် ကျန်သူများ စမ်းမောင်းရန် ပေးလိုက်လေသည်။

လေးယောက်ဆုံသည့်အခါတိုင်းတွင် ကားချည်း ပတ်မောင်းနေရုံမျှ မကသေးပေ။ နှစ်နာရီလောက် ကားမောင်းပြီးနောက် နိုက်ကလပ်သို့ သွား၍ ကောင်မလေးတစ်ချို့ရှာ၍ မောင်းကြသေးသည်။

လင်းရီ ပြန်ရောက်လာသည့် အချိန်၌ ကျီချင်းရန်မှာ အိပ်ပျော်နေပြီး ဖြစ်၏။

နောက်ထပ် ရက် ၂၀ ကျော်သည့်တိုင်အောင် ပွဲတော် အငွေ့အသက်က ဖြည်းဖြည်းချင်း သိပ်သည်းလာပြီး လူတိုင်းက နှစ်သစ်ကို ကြိုဆိုရန် အလုပ်များနေခဲ့ကြလေသည်။

ထိုအချိန်အတွင်း လင်းရီသည် လေးနက်သည့် ကိစ္စတစ်ချို့ကို လုပ်ဆောင်ပြီးစီးခဲ့၏။

လျန်ရူရွှယ်၏ အကူအညီဖြင့် ခန့်မှန်းချေ ရာထူး နေရာ ၁၀၆ ခုကို တုံးစန်းကောင်တီအတွက် လုံခြုံစိတ်ချရအောင် ဖန်တီးပေးနိုင်ခဲ့သည်။

ဤကိစ္စကို အပြီးသတ်ရန်အတွက် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ကျောက်ချီနှင့် တစ်ဖန်ပြန်တွေ့ရန်အတွက် လင်းရီ စီစဉ်ထား၏။

ဤအချိန်က ကျောင်းသားများအတွက် နှစ်သစ်ကူး အိမ်ပြန်သည့် အချိန်အခါ ဖြစ်သဖြင့် ကျောင်းသို့ မဆိုင်းမတွ ချက်ချင်း ပြန်လာဖို့ရာ အဆင်ပြေခြင်း မရှိလှပေ။

၎င်းအပြင် တိုက်တာအိမ်ယာ တည်ဆောက်ရေးနှင့် စက်မှုဇုန် အစပြုမှုတို့အပြင် အထက်မူဝါဒများ၏ ပံ့ပိုးကူညီပေးမှုတို့ကြောင့် ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီ တော်တော်များများကို ဆွဲဆောင်နိုင်ကာ စည်ပင်ထွန်းကားသည့် မြင်ကွင်းတစ်ခုအား ဖြစ်ပေါ်လာစေခဲ့သည်။

၎င်းကြောင့်ပဲ ချောင်ရန်အုပ်စု၏ ကောင်တီတွင် ဝယ်ထားသည့် မြေတို့က တန်ဖိုးတက်လာပြီး အလွန်အမင်း အဖိုးတန်သည့် မြေနေရာတစ်ခု ဖြစ်လာခဲ့သည်။

အကယ်၍ ယခုနှုန်းအတိုင်းသာ ဆက်လက်နေမည်ဆိုပါက လင်းရီသည် တစ်လ သို့မဟုတ် နှစ်လအတွင်း စနစ်၏ အကဲဖြတ်မှုကို ကျော်ဖြတ်ကာ ကောင်တီသည် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်သည်ဟု မှတ်ယူ၍ ရနိုင်ချေပြီ။

သူလည်း နောက်ထပ် အလုပ်အကိုင် အသစ်တစ်ခုကို စတင်နိုင်ပြီ ဖြစ်၏။

မနက်ခင်း ကိုးနာရီတွင် လင်းရီသည် ကျီချင်းရန်ကို ရုံးသို့ လိုက်ပို့ပေးပြီးနောက် လင်းယွင်အုပ်စုသို့ ရောက်ရှိလာခဲ့သည်။

ကုမ္ပဏီသို့ ရောက်သည်နှင့် လင်းရီ ချီရှန်းကျောက်၏ ရုံးခန်းထဲသို့ ချက်ချင်း ဦးတည်လိုက်၏။

“ ဥက္ကဌလင်း ….”

လင်းရီ ဝင်လာသည်ကို မြင်တော့ ချီရှန်းကျောက် မတ်တပ်ရပ် နှုတ်ဆက်၏။

ဤအတောအတွင်း ချီရှန်းကျောက်က ပနားမား၏ အာဏာပိုင်တို့နှင့် ကုန်တင် သင်္ဘောကိစ္စ ဆွေးနွေးလျက်ရှိကာ ယမန်နေ့ မနက်ကမှ လေယာဉ်ဆင်းခဲ့၏။

သို့သော် လင်းရီက သူ့အား ချက်ချင်း အလုပ်သို့ မဝင်စေဘဲ တစ်ရက် နားခိုင်းလိုက်သည်။

“ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း မရှိသေးဘူးလား …”

ချီရှန်းကျောက်‌ ခေါင်းခါရမ်းလိုက်သည်။ “ သူတို့ဘက်က ဘေးကင်းလုံခြုံရေးကို အကြောင်းပြချက်ပေးပြီး သင်္ဘောကို ပေးမသွားဘူး … ကျုပ် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြည့်ပြီးပြီ…”

“ နိုင်ငံရေးနဲ့ ဖိအားပေးတာတောင် အလုပ်မဖြစ်ဘူးလား…”

“ မဖြစ်ဘူး … ဘာလို့ဆို သူတို့ပေးတဲ့ အကြောင်းပြချက်က ခိုင်လုံပြီး လက်ခံနိုင်လောက်တာကြောင့်ပဲ … ကျုပ်တို့ဘက်က တန်ပြန်ဖို့ ဘယ်လိုမှ မတတ်နိုင်ဘူး …”

All Chapters