← Chapters

ဖြေရှင်းနည်းလမ်း

Vol. 106 Ch. 1589

ဖြေရှင်းနည်းလမ်း

Vol. 106 Ch. 1589

“ သူတို့က ဒီကိစ္စမှာ အသာစီးရနေတယ်ဆိုရင် ငါတို့တော့ ခက်ပြီ…”

တစ်ဖက်က အရာရာတိုင်းကို အကျိုးသင့် အကြောင်းသင့် ပြုလုပ်နေသဖြင့် သူတို့ဘက်ကလည်း ယုတ္တိရှိရှိ ချဉ်းကပ်ရုံသာ တတ်နိုင်တော့သည်။ အကြမ်းပတမ်း အင်အား အသုံးပြု၍ မဖြစ်ချေ။

“ ဒါပေမယ့် ကျုပ်တော့ အကြောင်းပြချက်က လက်ခံနိုင်စရာ မရှိဘူးလို့ ထင်တယ်… သူတို့ပြောနေတာတွေက သီအိုရီအရပဲ ဖြစ်နိုင်ချေရှိတယ်…”

ချီရှန်းကျောက် ဒေါသအပြည့်ဖြင့် ဖြစ်နေခဲ့သည်။ သူကဲ့သို့ ရိုးရိုးအေးအေး လူတစ်ယောက်အဖို့ ဤအတိုင်းအတာ အထိ ဒေါသဖြစ်စေဖို့ဆိုတာမှာ တကယ်မလွယ်ပေ။

“ စစချင်းတုန်းက ကျုပ်တို့ မဖြတ်သန်းနိုင်ခင်တုန်းက‌ ခြောက်သွေ့ရာသီထဲ မရောက်သေးဘူး … သူတို့က သီအိုရီ သဘောတရားတွေကို အကြောင်းပြချက်ပေးပြီး ဖြတ်သန်းခွင့်ကို ပိတ်ပင်ထားတယ်… အခု ခြောက်သွေ့ရာသီထဲ ရောက်လာပြီဆိုတော့ သီအိုရီအရ ဖြစ်နိုင်ချေက ပိုပိုပြီး များလာနေပြီ… သူတို့ရဲ့ သဘောထားကလည်း ပိုပိုပြီးကို ခိုင်မာလာနေပြီ… “

“ မင်းပြောသလိုဆို ခြောက်သွေ့ရာသီမှာတောင်မှ ငါတို့ သင်္ဘောရဲ့ ဖြတ်သန်းရင်း သောင်တင်နေမယ့် အခြေအနေက သီအိုရီအရပဲ ဖြစ်နိုင်တယ်ပေါ့ ဟုတ်လား …”

“ ဟုတ်တယ်…” ချီရှန်းကျောက် ပြောလိုက်၏။

“ မင်းဟိုရောက်တုန်း ငါတို့နဲ့ အရွယ်အစားတူ တခြား သင်္ဘောတွေ ဖြတ်သန်းသွားတာရော မြင်ခဲ့သေးလား …”

ချီရှန်းကျောက် ခေါင်းခါရမ်းလိုက်၏။ “ မမြင်ခဲ့ဘူး … တခြား သင်္ဘောတွေက တူးမြောင်းရဲ့ အရွယ်အစား အကျယ်အဝန်းနဲ့ သေချာ တွက်ချက်ပြီး လုပ်ထားတာ … ဒါပေမယ့် ကျုပ်တို့ သင်္ဘောကလည်း ဖြတ်သန်းလို့ အဆင်ပြေတယ်ဆိုတာ သေချာတယ်… ဒါက အကြောင်းအရင်းမဟုတ်ဘူးလို့တော့ ထင်တာပဲ…”

“ ဒီလောက် အချိန်အကြာကြီး ကမ်းကပ်ထားရတာ သင်္ဘောရဲ့ ထိန်းသိမ်းစောင့်ရှောက်ခနဲ့ ကုန်ကျစရိတ်တွေကလည်း မိုးလောက်ကို မြင့်နေပြီ… ဒီ အပေးအယူက အစကတည်းကရင် အမြတ်မကျန်ပါဘူးဆို ဒီအတိုင်းသာ ဆက်လုပ်နေရင် ကျုပ်တို့ဘက်က အနည်းဆုံး ယွမ် ၁၀ သန်းလောက် အိတ်စိုက်ရနိုင်တယ်…”

“ တကယ်လို့ ဘာ ညှီနံ့မှ မထွက်ဘူးဆိုရင် ဒီပမာဏလောက်လေးကို အိတ်စိုက်ရလည်း ပြဿနာ မရှိဘူး …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် အတင်း ကမ်းကပ်ထားခိုင်းတာကြီးကတော့ လူကို အနိုင်ကျင့်လိုက်တာပဲ … မင်း တခြား လမ်းကိုရော တွက်ကြည့်ပြီးပြီလား …”

“ ပနားမား တူးမြောင်းကို မသုံးဘူးဆိုရင် အာဂျင်တီးနား ကမ်းရိုးတန်းကိုဖြတ်၊ ပီရူး၊ အီကွေဒေါနဲ့ ကိုလံဘီယာ အနောက် မြောက်ပိုင်းကို ရွက်လွင့်ရလိမ့်မယ်.... ပြီးရင် ပစိဖိတ် သမုဒ္ဒရာကမှတဆင့် ဟွာရှကို လာလို့ရမှာ။ ကုန်ကျစရိတ်လည်း ပိုများပြီး ပစိဖိတ် သမုဒ္ဒရာကို ဖြတ်တဲ့အချိန်မှာ အန္တရာယ်လည်း များတယ်… အဆင်ပြေမယ့် လမ်းကြောင်းတော့ မဟုတ်ဘူး …”

“ ဒီလိုလုပ် … ကုန်တင်သင်္ဘော အသေးနှစ်စင်းကို ဆက်သွယ်ပြီး အခု သင်္ဘောထဲက ကုန်တွေကို နှစ်အုပ်စုခွဲပြီး တူးမြောင်းထဲကနေ ထွက်လာခဲ့လိုက် …”

“ အင်း … ခုလည်း အဲ့လိုလုပ်ရုံ ကျန်တော့တာပဲ…” ချီရှန်းကျောက် ပြောလိုက်ပြီး “ ဒါပေမယ့် ကျုပ်တော့ သူတို့ရဲ့ ဒီအချိုးကို လုံးဝ သည်းမခံနိုင်ဘူး … သူတို့ဘက်က တမင်တကာ ပြဿနာ ရှာနေတယ်ဆိုတာ အသိသာကြီးရယ်…”

“ ဘယ်တတ်နိုင်မှာ… တခြား အကျိုးအမြတ်အတွက် အထိကရုဏ်း ဖြစ်နေတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့ … ငါတို့က ခံရတဲ့သူတွေ… တခြားနည်းနဲ့ ပြောရရင် ဒါက သဘာဝကပ်ဘေးပဲ …” လင်းရီ ပြောလိုက်ပြီး “ ဟိုစကားပုံအတိုင်းပဲလေ… ခုခံလို့မရမှတော့ ခြေထောက်ကားပြီး တိတ်တိတ်လေး ကြိတ်ခံစားရုံ ရှိတော့တာပဲ ဟုတ်တယ်မလား …”

ချီရှန်းကျောက် သိပါတယ်ဟူသော အပြုံးဖြင့် ပြောလိုက်၏။

“ ကျုပ်လည်း အဲ့စကားပုံကို အရင်က ကြားဖူးတယ် ဟားဟား …..”

ချီရှန်းကျောက်က လူရိုးလူအေးဆိုပေမယ့် သူသည်လည်း ယောက်ျားသားပင်။ ထိုကဲ့သို့သော ညစ်ညမ်းသည့် ပြက်လုံးတို့ဖြင့် ရင်းနှီးနေသည်က မထူးဆန်းချေ။

“ ဒါကြောင့်မို့ အတွေးလွန်မနေနဲ့ … ကျယ်ကျယ်ပြော … မင်း ထပ်ပြီး စိတ်ဖိစီးနေတာကို မမြင်ချင်ဘူး …”

“ နားလည်ပါပြီ…”

လင်းရီ ဤအပေးအယူကို ဂရုစိုက်မနေချေ။ သူ လုပ်ဖို့ လိုအပ်သည်က ကုန်များအား လုံခြုံစွာဖြင့် ပို့ပေးနိုင်ဖို့ပင်။

သူတို့တွေ ရနိုင်မည့် အကျိုးအမြတ်က သန်း အနည်းငယ် ရှိသေး၏။ အကယ်၍ သူတို့သာ အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့မည် ဆိုပါက ဆုံးရှုံးသွားရသည့် ငွေကြေးများကို ထိုငွေများဖြင့် ပြန်ကာမိနိုင်သည်။ သူတို့လည်း အရှုံးရှိတော့မည် မဟုတ်ချေ။

လင်းရီ မတ်တပ်ရပ်ပြီး ချီရှန်းကျောက်၏ ပခုံးအား ပုတ်လိုက်၏။

“ ဒီကိစ္စကို အောက်က လူတွေနဲ့ လွှဲထားလိုက် … နှစ်သစ်ကူး နီးလာပြီဆိုတော့ မင်းလည်း ခဏလောက်နားပြီး အပန်းဖြေလိုက် … ကုမ္ပဏီက မင်းရဲ့ ကုန်ကျစရိတ်ကို ထောက်ပံ့ပေးမယ်…”

“ ကျေးဇူးတင်ပါတယ် ဥက္ကဌလင်း …”

ချီရှန်းကျောက် ပြုံးလိုက်ပြီး ကော်ဖီနှစ်ခွက် ဖျော်ကာ တစ်ခွက်ကို လင်းရီထံ ကမ်းပေးလိုက်သည်။

“ ကုမ္ပဏီရဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲက စတော့မှာ … ဥက္ကဌလင်း စင်ပေါ်တက်ပြီး တစ်ခုခု ပြောချင်သေးလား … ကျုပ် ဥက္ကဌထျန် ဆီက ကြားမိတာတော့ ဘော့စ်ကို မသိကြတဲ့ ဝန်ထမ်း အသစ်လေးတွေ ရှိတယ်တဲ့နော်…”

“ လူရှေ့သူရှေ့ မျက်နှာပြတဲ့ အလုပ်က ငါ့အလုပ်မဟုတ်ဘူး … မင်းပဲ တက်သွားလိုက် …”

“ ကျုပ်တော့ အဲ့လို အခွင့်အရေး ရှိမယ်မထင်ဘူး …” ချီရှန်းကျောက် ပြုံး၍ ပခုံးတွန့်လိုက်ကာ “ ယွမ်ယွမ်က အစောကြီးကတည်းက သိလို့ သူ စေတနာ့ ဝန်ထမ်းလုပ်ပေးမယ် ပြောထားတယ်…”

“ ငါသိသားပဲ … သူ ဒီ အခွင့်အရေးကို အသုံးချပြီး ဟန်ထုတ်တော့မယ် ဆိုတာ ….”

ချီရှန်းကျောက် ပြုံးရုံမျှ ပြုံးပြီး ဘာမျှ မပြောချေ။

ကိုယ့်အကြောင်းကို ကိုယ့်ရန်သူက အသိဆုံးဟူသည့် စကားက ဥက္ကဌလင်းနှင့် ယွမ်ယွမ်တို့အဖို့ အတော်လေး မှန်ကန်လှသည်။

နောက်ဆက်တွဲ နေ့ရက်များ၌ နှစ်သစ်ကူး အချိန်အခါက နီးကပ်လာသည့် အလျှောက် ပွဲတော်အငွေ့အသက်တို့ကလည်း တစထက်တစ သိပ်သည်းလို့လာလေသည်။

မောလ်နှင့် စူပါမားကတ်တို့၌ နှစ်သစ်ကူး ပွဲတော်နှင့် စပ်ဆက်သည့် ပစ္စည်းတို့ဖြင့်သာ ပြည့်နှက်နေပြီး လာမည့် အားလပ်ရက်နေ့များအတွက် ပျော်ရွှင်ဖွယ် စိတ်ဝိဥာဏ် အငွေ့အသက်ကို တိုးပွားသွားစေခဲ့သည်။

“ လူကြီးမင်းလင်း … ရှင် ကျွန်မရဲ့ ဒီဝတ်စုံကို ဘယ်လိုမြင်လဲ…”

ဒုတိယထပ်တွင် ကျီချင်းရန်သည် အနီရောင် ဝတ်စုံ တစ်ထည်ကို လက်ထဲတွင် ဖြန့်ပြရင်း လင်းရီအား မေးလာခဲ့၏။

“ အရောင်က ပွဲတော်ဆန်တယ်ဆိုပေမယ့် ရိုးစင်းလွန်းတယ်… နေ့တိုင်းဝတ်လို့ သင့်တော်မှာ မဟုတ်ဘူး … ဒီခု ရာသီဥတုနဲ့ကျ နည်းနည်းစောနေသေးတယ်…”

ကျီချင်းရန်၏ ဝတ်စုံနှင့် ပတ်သက်၍ လင်းရီ မည်သို့မျှ ခံစားရခြင်း မရှိချေ။

ပထမတစ်ချက် အနေဖြင့် သူမက မိန်းမလှလေး ဖြစ်သဖြင့် မည်သည့် အဝတ်အစားပဲ ဝတ်ဝတ် လိုက်ဖက်လေသည်။

ဒုတိယ တစ်ချက်ကတော့ အဝတ်အစားများ၏ အရည်အသွေးက ထိပ်တန်းဖြစ်ပြီး ဝတ်ဆင်ရုံမျှဖြင့် လက်ဇရီဆန်သည့် အငွေ့အသက်ကို ထုတ်လွှတ်ပေးနေသဖြင့် အဝတ်အစားနှင့် ပတ်သက်လာ၍ ကျီချင်းရန်အဖို့ မှားယွင်းသည်ဆိုသည်မှာ ခဲယဉ်းလှသည်။

သို့သော် လင်းရီသည် သူမက ဘာဝတ်ဝတ်လှသည်လို့တော့ တည့်ကြီး မပြောလိုက်ပေ။ ထိုသို့ပြုသည်က အားစိုက်မထုတ်ရာကျ၏။

မတူကွဲပြားသည့် အထင်နှင့် အမြင်တို့က သူသည် သူမ၏ အဝတ်အစားနှင့် ပတ်သက်၍ ဂရုစိုက် အလေးထားသည်ဟူသော ခံစားချက်မျိုးအား ရရှိစေလိမ့်မည်။

“ မနက်ဖြန် ညက ကုမ္ပဏီနှစ်ခုရဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲနေ့ …ငါ စင်ပေါ်တက်ပြီး စကားပြောရမှာဆိုတော့ ဒီလို အဝတ်မျိုးနဲ့မှ သင့်တော်မှာ….”

“ အဲ့လိုလား … နားလည်ပြီ… ဒါဆို ဒါနဲ့ ကွက်တိပဲ…”

“ ခစ်ခစ် … ဒါဆိုလည်း ငါ ဒါပဲ ဝတ်လိုက်တော့မယ်…”

“ နင်လည်း မနက်ဖြန်ကျ စင်ပေါ်တက်မှာပဲ မလား … ငါနင့်ဖို့ ဝတ်စုံပြင်ထားပေးမယ်လေ…”

“ ယွမ်ယွမ် တက်မှာ … ငါ မတက်ဘူး … သူက ငါ့ကို လက်ခံနိုင်မယ့် အခွင့်အရေး မပေးဘူးလေ…”

ကျီချင်းရန် ပြုံးလိုက်၏။

“ ယွမ်ယွမ်ရဲ့ အကျင့်က အဲ့လိုပဲ … ဒါပေမယ့် နင့်ပုံစံနဲ့ ယွမ်ယွမ်က တိုက်ခိုက်နေတယ်ဆိုရင်တောင် နင် စင်ပေါ်တက်ပြီး စကားပြောမှာ မဟုတ်ဘူး … ဟုတ်တယ်မလား …”

“ တော်တယ်…”

လင်းရီကို ကြည့်ရင်း ကျီချင်းရန်မှာ ပို၍ပင် တခစ်ခစ် ရယ်မောလာခဲ့တော့သည်။

“ ပုံမှန်ဆို သတို့သမီး အသစ်လေးတွေက မျက်နှာပြရမှာကို ရှက်ကြတယ်… ကျွန်မတို့ရဲ့ အရှိန်အဝါကြီးတဲ့ ဒါရိုက်တာလင်းကရော ဘာလို့ အဲ့လို ဖြစ်နေလဲ မသိဘူးနော်….”

“ ငါ့မှာက ရင်ဘက်နဲ့ နောက်ကျောကို ခွဲခြားဖို့ ဒီ အင်္ဂါနှစ်ခုပဲ ပါတာလေ… ငါတို့ရဲ့ အရှိန်အဝါကြီးတဲ့ ဥက္ကဌကျီလို ကြွားစရာ 36 D မရှိတော့ စင်ပေါ်တက်ရမှာ ရှက်တာပေါ့ …”

“ ဒါပေမယ့် ငါတော့ အရင်ကလောက် မကြီးတော့ဘူးလို့ ထင်တယ်… ငါ ခုတလော တော်တော်လေး ဝိတ်ကျသွားခဲ့တာ …”

ကျီချင်းရန်သည် ယခုလို ကိစ္စများအား လင်းရီရှေ့ ပြောရာ၌ အရင်လို ရှက်ကိုးရှက်ကန်း ဖြစ်ချင်းမျိုး မရှိတော့ချေ။

“ အဖြေက ရှင်းနေတာပဲ မဟုတ်လား … သိပ္ပံတွေ့ရှိချက်တွေ အရဆိုရင် အနှိပ်သာခံလိုက် … ပြန်ပြီး ကြီးလာလိမ့်မယ်… ပြီးတော့ ဟင်းဟင်း … ဒီမှာ နတ်ဘုရားလက်တစ်စုံ ပိုင်ရှင် တစ်ယောက်လုံး ရှိနေတာကို ဘာတွေ တွေးပူနေတာ…”

“ နှာဘူး …..”

“ ဒါပေမယ့် နင် မနက်ဖြန် ဘာအလုပ်မှ မရှိဘူးမဟုတ်လား … ငါနဲ့လိုက်ခဲ့ … ငါ တစ်ယောက်တည်းဆို ပျင်းဖို့ကောင်းတယ်…”

“ အိုကေလေ…”

လင်းရီ၏ အမြင်ကို မေးမြန်းပြီးနောက် ကျီချင်းရန်သည် အဝတ်ခန်းထဲသို့ သွား၍ မနက်ဖြန် ဝတ်မည့် အဝတ်အစားတို့အား ဆက်လက် ရှာဖွေနေလိုက်သည်။

နောက်တစ်နေ့ နံနက်တွင် ကျီချင်းရန်ကို လိုက်ပို့ပေးပြီးသည့်နောက် လင်းရီသည် လီချူးဟန်၏ နေရာသို့ ရောက်ရှိလာသည်။

နှစ်သစ်ကူးက တစ်ပတ်အတွင်း ရောက်ရှိလာမည် ဖြစ်ပြီး သူမကို ခေါ်၍ နှစ်သစ်ကူးရန်အတွက် ပစ္စည်းတစ်ချို့ ဝယ်ရန် လင်းရီ စဉ်းစားထားသည်။

“ နင်ငါနဲ့ မလိုက်ခဲ့ပေးလည်း ရပါတယ်… ဒါတွေ ငါ့ဘာငါ ဝယ်လည်း ရတယ်… “ လီချူးဟန်သည် လင်းရီအား ညင်သာသည့် မျက်န်းတို့ဖြင့် ကြည့်၍ ပြောလိုက်၏။ သူမ၏ မျက်ဝန်းတို့က စိမ့်စမ်းရေအလား ကြည်လင်နေသည်။

“ ဒါတွေ ငါ သေချာပေါက် လုပ်ပေးမှ ဖြစ်မှာပေါ့ … ဘယ်သူကမှ မင်းကို ငါ့ထက် ပိုပြီး ဂရုမစိုက်ပေးနိုင်ဘူးလေ…”

လီချူးဟန်၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့ကာ ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ပွင့် ဖြစ်လာခဲ့၏။

မနက်ခင်းတွင် သူသည် လီချူးဟန်အား မောလ်သို့ လိုက်ပို့၍ နှစ်သစ်ကူး ပစ္စည်းများ ဝယ်ပေးပြီး သူမ၏ အိမ်သို့ ပြန်ပို့ပေးလိုက်သည်။ ထို့နောက် ပန်နီဆူလာ ဟိုတယ်ထံ မောင်းထွက်လာခဲ့လေသည်။

မူလတုန်းက ချောင်ရန်အုပ်စုသို့ သွား၍ ကျီချင်းရန်နှင့်အတူ လာရန် ဟန်ပြင်ထားသော်လည်း ဖုန်းပြောပြီးနောက် ကျီချင်းရန်က ဟော်ယွမ်ယွမ်နှင့် အတူလာခဲ့မည် ဆိုပင်။ သူမတို့နှစ်ယောက်က အတူလာကြမည် ဆိုသဖြင့် လင်းရီလည်း တစ်ယောက်တည်း လာရုံသာ တတ်နိုင်တော့သည်။

လင်းရီ ရောက်လာသည်ကို မြင်တော့ ဝမ်ထျန်းလုံသည် လက်ပါးစေ တစ်ယောက်ကဲ့သို့ ချက်ချင်း ပြေးလာခဲ့၏။

“ ဥက္ကဌလင်း … ကျုပ်ဆီမှာ သတင်းကောင်းတစ်ချို့ ရှိထားတယ်…”

All Chapters