← Chapters

ဒါတွေအားလုံးကကျနော့်အိမ်.

Vol. 9 Ch. 121

ဒါတွေအားလုံးကကျနော့်အိမ်.

Vol. 9 Ch. 121

ဟေးရီပိုင်နှင့် လီမင်တို့နှစ်ယောက်စလုံး ပါးစပ်ပွင့်ကာ မျက်နှာများမှာလဲ ထိတ်လန့်တုန်လှုပ်နေကြသည်။

သူတို့က ခုနကရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။မန်နေဂျာ ရှောင် က သူ့ရှေ့မှာ လူအုပ်စုကို ‘ဥက္ကဌ၊ အထွေထွေမန်နေဂျာ၊ ဒါရိုက်တာ’ လို့ ခေါ်လိုက်သည်။

ဒီလူအုပ်စုဟာ ရှောင်ဝူလက်ကားမြို့ရဲ့ အဆင့်အတန်းမြင့်တဲ့ သူတွေလို့ ပြောလို့ရဝည်။

ဒါပေမယ့် ဒီလူတွေက လင်းဖန်ကို တကယ်သိတာလား။

ပြီးတော့ လင်းဖန်ကို ချော့မော့တဲ့လေသံနဲ့ မစ္စတာလင်းလို့ခေါ်တယ်?

ရုတ်တရက် အပြောင်းအလဲကြောင့် ဟေးလင်းသည်လဲထိတ်လန့်သွားခဲ့သည်။

သို့သော်လည်း သူမ၏ လက်ခံနိုင်စွမ်းသည် သူမ၏ မိဘများထက် များစွာသာလွန်နေပေသည်။

တကယ်တော့ ဟေးလင်းက လင်းဖန် ဟာ သာမန်ကျောင်းသားတစ်ယောက်မဟုတ်မှန်း သိခဲ့သည်။

ရှင်းဇောင် နှင့် အခြားသူများထံမှ နွေးထွေးစွာ နှုတ်ခွန်းဆက်စကားများကို ရင်ဆိုင်ရင်း လင်းဖန်ကလဲ “မင်္ဂလာပါ။”ဟုပြန်ပြောလိုက်သည်။

“မင်းက ရှင်းဇောင်လား?” လင်းဖန်သည် ရွှေမျက်မှန်တပ်ထားသည့် ရှေ့တွင်ရပ်နေသော သက်လတ်ပိုင်းလူအား ပြောလိုက်သည်။

“မစ္စတာလင်း၊ မင်းငါ့ကို ရှောင်ရှင်း လို့ခေါ်လို့ရတယ်။” ရှင်းဇောင် က ချော့မော့သောလေသံဖြင့်ပြောလိုက်သည်။

ရှင်းဇောင်?

ရှောင်ဝူလက်ကားမြို့သည် စျေးကွက်တန်ဖိုး ဘီလီယံပေါင်းများစွာရှိသော ကြီးမားသော လုပ်ငန်းတစ်ခုဖြစ်သည်။

ရှောင်ဝူလက်ကားမြို့၏ ဥက္ကဌအနေဖြင့် ရှင်းဇောင်ကို ဤမြေဧက၏ သုံးပုံတစ်ပုံတွင် ဧကရာဇ်ဟု ခေါ်ဆိုနိုင်သည်။

အခုအချိန်မှာတော့အဲ့လိုမျိုးလူကရှောင်ရှင်းလို့ပြောခေါ်ခိုင်းတာလား။

ဒါဆို... ဒီ မစ္စတာလင်းက ဘယ်သူလဲ။

မန်နေဂျာရှောင်သည်ချက်ခင်းတုန်လှုပ်သွားခဲ့သည်။

ဟေးရီပိုင်နှင့် လီမင် တို့သည် ပါးစပ်ကို ဖွင့်ပြီးမှပြန်ပိတ်လိုင်သည်။

လင်းဖန် က “ရှောင်ရှင်း? ငါမင်းကို ရှင်းဇောင်ပဲခေါ်လိုက်မယ်။”

“ကောင်းပြီ မစ္စတာလင်းငါ့ကို ဘာလိုခေါ်ခေါ်ရတယ်။” ရှင်းဇောင်က ထပ်ခါတလဲလဲ ပြောသည် ။

ထို့နောက် သူက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် “မစ္စတာ လင်း၊ ဒီတခေါက် ရှောင်ဝူ လက်ကားမြို့ကို လာတာ အဆင်မပြေတာတစ်ခုခုရှိလို့လား”

လင်းဖန်သည် ရှောင်ဝူလက်ကားမြို့၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်သည်။

အခု ရုတ်တရက် တိတ်တိတ်လေး ရောက်လာခဲ့သည်။

မကျေနပ်မှု တစ်စုံတစ်ရာ ရှိပါက ဘေးအန္တရာယ် ကျရောက်မည်မှာ သေချာသည်။

လင်းဖန်က “ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ ငါ့ယောက္ခမ က ရှောင်ဝူလက်ကားမြို့ရဲ့ ဖြန့်ဖြူးသူပါ။ ဒီနေ့ သူတို့နဲ့ အတူလိုက်ဖို့ ဒီကို လာခဲ့တာပါ”

“ငါ့ရဲ့ယောက္ခမတို့က အဆင့် 2 အရောင်းကိုယ်စားလှယ် စာချုပ်ကို ချုပ်ဆိုဖူးပေမယ့် မန်နေဂျာ ရှောင်က အရင်က သူတို့နဲ့ ပဋိပက္ခကြောင့်လားဆိုတာ မသိဘူး။ ဒီနေ့မှာတော့ အဆင့် 3 အရောင်းကိုယ်စားလှယ် စာချုပ်ကို ချုပ်ဆိုလို့ပဲရတယ်တဲ့”

ဒီစကားကို ကြားပြီးတာနဲ့ ရှင်းဇောင် ရဲ့ မျက်နှာတစ်ခုလုံး ရုတ်တရက် နစ်မြုပ်သွားတော့သည်။

ရှောင်ဝူလက်ကားမြို့သည် ယခင်နှစ်ရောင်းအားအပေါ်အခြေခံ၍ လာမည့်နှစ်၏အရောင်းအ၀ယ်အဆင့်ကို ဆုံးဖြတ်သည်။

သို့သော်လည်း ယေဘူယျအားဖြင့်ပြောရလျှင် ယခင်နှစ်များ၏ ရောင်းအားမှာ မဆိုးသရွေ့ အရောင်းအ၀ယ်အဆင့်မှာအပြောင်းအလွှဲမရှိပေ။

စျေးနှုန်းကို ဘယ်သူမှ ချက်ခြင်းမတက်ချင်ကြပေ။

လင်းဖန်၏ယောက္ခမသည် စာချုပ်သစ်ချုပ်ဆိုရန် ရောက်ရှိလာသောကြောင့် စတိုးဆိုင်၏စွမ်းဆောင်ရည်မှာ မဆိုးလှကြောင်း မှာထင်ရှားသည်။

တစ်နည်းဆိုရသော် ဤအရာများသည် လူများကို တမင်အရှက်ရစေသော မန်နေဂျာရှောင်၏အမှားများသာဖြစ်သည်။

မစ္စတာလင်းရဲ့ ယောက္ခမကိုအရှက်ခွဲတာလား။

သူဘယ်လို​လုပ်သတ္တိရှိလဲ! ?

ရှင်းဇောင်က လေးနက်စွာဖြင့်- “ဒီအတောအတွင်းမှာ ကျွန်တော် ကုမ္ပဏီဖွဲ့စည်းပုံနဲ့ အလုပ်ရှုပ်နေတော့လက်အောက်ကဝန်ထမ်းတွေရဲ့ အရည်အသွေးကို မေ့သွားခဲ့တယ်”

“မစ္စတာလင်း၊ ငါ ဒီကိစ္စကို အလေးအနက်ထားပြီး ဖြေရှင်းပေးပါ့မယ်”

မနီးမဝေးမှာ ရပ်နေတဲ့ မန်နေဂျာရှောင် က ရေခဲခန်းထဲ ပစ်ချခံလိုက်သလိုပဲ သူ့တစ်ကိုယ်လုံး အေးခဲသွားသည် ။

အစပိုင်းတွင် မစ္စတာရှောင် သည် ဒါ့မြို့ မှပြောင်းလာရခြင်းအကြောင်းရင်းမှာ ရှောင်ဝူလက်ကားမြို့တွင် ခေါင်းဆောင်များအဖြစ် ဆွေမျိုးများရှိပြီး တောက်ပသောအနာဂတ်ကို ပေးစွမ်းနိုင်သောကြောင်ပင့််ဖြစ်သည်။

သို့သော်……

အခုတော့ မရှိတော့ဘူး!

ထို့နောက် ရှင်းဇောင်က ဟေးရီပိုင်နှင့် လီမင်တို့ကို ချော့မော့သောလေသံဖြင့် “မင်းက မစ္စတာလင်းရဲ့ ယောက္ခမ ဟုတ်တယ်ဟုတ်လား။ မင်္ဂလာပါဗျ”ဟုပြောလိုက်သည်။

ဟေးရီပိုင်နှင့် လီမင်တို့သည် ကြောင်တက်တက်ဖြင့် လက်ကို နှုတ်ဆက်လိုက်ကြသည်။

ရှင်းဇောင် က “မင်းနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို တစ်စုံတစ်ယောက်ယောက်ကနေ ငါ လက်မှတ်ရေးထိုးပေးမှာပါ”

မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ?

အဲဒါက ဒေသဆိုင်ရာ ကိုယ်စားလှယ်။

ဆိုလိုသည်မှာ ဟေးရီပိုင်နှင့် လီမင်တို့သည် အသက်သာဆုံးစျေးနှုန်းများကို ရနိုင်ပြီး ဒါ့မြို့ရှိ ဆိုင်များအားလုံးမှပင်၎င်းတို့၏ လက်ထဲတွင်ရှိသောကုန်ပစ္စည်းများမှလဲဝင်ငွေများရရှိနိုင်သည်။

မပင်ပန်းဘဲဆန့်ကျင်ဘက်အားဖြင့်၊ထိုင်ခြင်းဖြင့်လဲ ငွေရှာနိုင်သည်။

ဤစကားသည်ဟေးရီပိုင်နှင့် လီမင်တို့ကို တိုက်ရိုက် ထိတ်လန့်သွားစေသည့် ဗုံးတစ်လုံးနှင့် တူသည်။

ထို့နောက် ရှင်းဇောင်နှင့် အဆင့်မြင့်အရာရှိကြီးများ၏ ဖိတ်ကြားချက်အရ လင်းဖန်၊ ဟေးရီပိုင်၊ လီမင် နှင့်ဟေးလင်းတို့သည် ဇိမ်ခံညစာစားပွဲသို့ လိုက်ပါသွားကြသည်။

ကောင်းကင်ကြီး မဲမှောင်လာသည်ကို မြင်လိုက်ရသဖြင့် လင်းဖန်တို့သည်ရှင်းဇောင် နှင့် အဆင့်မြင့်အရာရှိများကို နှုတ်ဆက်ပြီးတဖြည်းဖြည်း ထွက်ခွာသွားကြသည်။

သူရောက်သည့်အချိန်နှင့်မတူဘဲ Corolla(ကား) ၏လေထုသည် အနည်းငယ်မှုန်မှိုင်းနေသည်။

လင်းဖန်က “ဦးလေး၊ ဘယ်ဘက်ကွေ့ပြီး ငါ့အိမ်ကို အရင်သွားကြည့်ရအောင်။ စကားမစပ် ဒီညကျနော်အိမ်မှာပဲအိပ့်ရအောင်”

ပန်းလုံ ဗီလာကို ရောက်ဖို့ အချိန်သိပ်မကြာလိုက်ပေ။

တံခါးနားမှာ လုံခြုံရေးအစောင့်က Corolla(ကား) ဖြစ်တာကို မြင်တော့ ဂရုစိုက်ပေ။

သို့သော် လင်းဖန်၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက် မျက်နှာတစ်ခုလုံးသည် ချက်ချင်းရိုသေစွာပြုံးကာ “မစ္စလင်း၊ အိမ်ကနေကြိုဆိုပါတယ်” ဟုဆိုလိုက်သည်။

လင်းဖန်ကို လုံခြုံရေးအစောင့်များသည် နှလုံးသားထဲမှ လေးစားမှုအပြည့်ရှိသည်။

တကယ်တော့ သူက ပန်းလုံ​ဗီလာ ရဲ့ တစ်ခုတည်းသော ပိုင်ရှင်ဆိုတာကြီးကိုအားကျတာပင်ဖြစ်သည်။

လင်းဖန်က နှုတ်ဆက်စကားကိုကြားပြီးနောက် ခေါင်းညိတ်သည်။

သူတို့သည်လမ်းလျှောက်လာရင်းစိမ်းလန်းတဲ့သစ်ပင်တွေနဲ့ ပန်းရနံ့တွေကိုရခဲ့သည်။

သးတို့နဲ့သိပ့်မဝေးသောအကွာအဝေးတွင်ရဲတိုက်နှင့်တူသော အိမ်ကြီးများ ဆောက်လုပ်ထားသည်။

ဟေးရီပိုင်နှင့် လီမင်တို့နှစ်ယောက်စလုံးတံတွေးတစ်လုတ် မျိုချလိုက်သည်။

လီမင်က “လင်း...လင်းဖန်မင်းအိမ်ဘယ်မှာလဲ” လို့လီမင်ကမေးလိုက်သည်။

လင်းဖန် က “ဒီမှာလေ “

လီမင်းသည် ခဏတာ အံ့အားသင့်သွားသည်။ သူမသည်လင်းဖန်ဘာကိုပြောတယ်ဆိုတာကိုနားမလည်ပေ။

လင်းဖန်သည်လီမင်တို့နားမလည်သည်ကိုမြင်ကြီးနောင် “ပန်းလုံ ဗီလာမှာ အိမ်ကြီး ၁၀ လုံး ရှိပြီး ဒီအိမ်ကြီး ၁၀ လုံးက ကျွန်တော့်ဟာတွေလေ။ဦးလေးတို့ နေချင်တဲ့အိမ်ကိုရွေးလို့ရတယ်။”

မြင်ကွင်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။

အားလုံး!

ဒီအိမ်ကြီးတွေအားလုံးက လင်းဖန်တစ်ယောက်တည်းပိုင်တာလား။

ရှောင်ဝူလက်ကားမြို့ဥက္ကဋ္ဌနှင့် အခြားသူများက လင်းဖန်ကို အလွန်လေးစားသည်ကိုမြင်သောအခါတွင်ဟေးရီပိုင် နှင့် လီမင်တို့သည် လင်းဖန်သည် အလွန်ချမ်းသာကြောင်း သိလိုက်ရသည်။

သို့သော် ဤနေရာတွင် လင်ဖန်းပိုင်ဆိုင်သည့် အိမ်ကြီး (၁၀) လုံးရှိသည်ကို သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

ဒီ……

ဒီ……

ဤအရာသည် သူတို့၏ စိတ်ကူးကို လုံးဝကျော်လွန်သွားခဲ့သည်။

တကယ်တော့ ဟေးရီပိုင်နဲ့ လီမင်တို့သာ သာ တုန်လှုပ်ခြောက်ခြားသွားခဲ့သည်မဟုတ်ပေ။

ဟေးလင်းသည်လည်း ထိတ်လန့်သွားခဲ့သည်။

စကားမပြောဘဲ တစ်နေရာတည်းမှာ အချိန်အတော်ကြာအောင် သုံးယောက်သား နေကြသည်ကို လင်းဖန်ကမနေနိုင်ဘဲ ချောင်းဆိုးကာ“အန်ကယ်နဲ့ အဒေါ် ဘယ်အဆောက်အအုံမှာ နေချင်လဲ” လို့ မေးလိုက်သည်။

ဟေးရီပိုင်သည်ခဏလောက်စဉ်းစားပြီးမှ သူတို့မဝေးမနီးရှိ နေအိမ်တစ်လုံးကို ညွှန်ပြလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ကာ “ကောင်းပြီ၊ ငါတို့ အဲဒီ အဆောက်အဦး(အိမ်)မှာ နေမယ်” လို့ပြောလိုက်သည်။

စကားပြောနေစဉ် တံခါးကိုဖွင့်ရန် စကားဝှက်ကို ဖြည့်လိုက်သည်။

“ဒင်’’

အသံတိုးတိုးလေးဖြင့် တံခါးသည် ဖြည်းညှင်းစွာဖွင့်သွားခဲ့သည်။

ရုတ်တရက် ဗီလာအတွင်း ဇိမ်ခံအလှဆင်မှုသည်ဟေးရီပိုင်၊ လီမင် နှင့် ဟေးလင်းတို့ရှေ့တွင် ချက်ချင်းပေါ်လာခဲ့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters