← Chapters

စကင်ဖတ်ခြင်းကျွမ်းကျင်မှု

Vol. 9 Ch. 122

စကင်ဖတ်ခြင်းကျွမ်းကျင်မှု

Vol. 9 Ch. 122

ဟေးရီပိုင်တို့သည်အိမ်၏အလှဆင်မှုကိုမြင်ပြီးအံသြ သွားခဲ့သည်။ဒါပေမဲ့ဘာမှမပြောဘဲလင်းဖန်အိမ်မှာညအိပ့်လိုက်သည်။

နောက်တစ်နေ့။

ပြတင်းပေါက်အပြင်ဘက်တွင် ငှက်များကတိုးညှင်းစွာ ဟစ်အော်နေပြီး ပြတင်းပေါက်မှနေရောင်ခြည်သည် နွေးနွေးထွေးထွေး ဖြာကျလာသည်။

ကုတင်ကြီးပေါ်တွင် လဲလျောင်းနေသော လင်းဖန်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ ဖုန်းကို ကြည့်လိုက်သည်။

ဖုန်းမျက်နှာပြင်ပေါ်တွင်မျက်နှာပြင်ပေါ်တွင် စာသားမက်ဆေ့ချ်တစ်ခု ကိုတွေ့လို့ကြည့်လိုက်သည်။

“၀ နာရီ၊ တရုတ်ဘဏ်က ယွမ် ၁,၃၃၀,၀၀၀ ရခဲ့သည်။။”

လင်းဖန်သည် အခန်းထဲက မထွက်ခင် ခဏလောက် ရေချိုးလိုက်သည်။

ထိုအချိန်တွင် ဟေးလင်း၊ ဟေးရီပိုင်နှင့် လီမင်တို့သည် ဧည့်ခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေပြီးစကားစမြည်ပြောနေကြသည်။

လင်းဖန်ပေါ်လာသောအခါ သူတို့သုံးယောက်လုံး စကားရပ်သွားကာ လင်းဖန်ကိုကြည့်လိုင်သည်။

လင်ဖန်းသည် အနည်းငယ် ရှက်ရွံ့သွားပြီး သုံးယောက်သားကိုစိုက်ကြည့်ကာ “ဗိုက်ဆာနေပြီမသလား၊ မနက်စာ အရင်စားရအောင်” ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ထို့နောက် လူအနည်းငယ်သည် ပန်းလုံဗီလာမှ ထွက်ခွာပြီး မဝေးသော HK စားသောက်ဆိုင်သို့ ရောက်လာကြသည်။

HK စားသောက်ဆိုင်သည် သပ်ရပ်စွာ အလှဆင်ထားပြီး နံနက်စာသည် အလွန်အရသာရှိပသောအစားအစာအမျိုးအစားများစွာရှိသည်။

ဟုတ်ပါတယ်၊ ဈေးနှုန်းကလဲ ဈေးကြီးသည်။လင်းဖန်လူလေးယောက်အတွက် မနက်စာအတွက် စုစုပေါင်း ယွမ် ၈၀၀၀၀ကုန်ကျခဲ့သည်။

လင်းဖန်က သူ့ပါးစပ်ကို သုတ်လိုက်ပြီး “ဦးလေးနဲ့ အန်တီ၊ ကျန်ပေ့မြို့မှာ နောက်ထပ် ရက်အနည်းငယ်လောက် နေချင်လား” လို့ ပြောလိုက်သည်။

ဟေးရီပိုင်က သူ့လက်ကို ဝှေ့ယမ်းပြီး “ငါတို့တို့ ဆိုင်မဖွင့်တာ နှစ်ရက်လောက်ရှိပြီဆိုတော့ထပ်ပြီးပိတ်လို့မရတော့ဘူး။ နောက်ပြီး ရှောင်ဝူလက်ကားမြို့နဲ့လည်း မဟာဗျူဟာမြောက် သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးသွားခဲ့ပြီ။ဒါကြောင့်မကြာခင် ငါတို့ပြန်သွားဖို့ ပြင်ဆင်ထားနေတယ်။”

ဒါကိုပြောပြီးတာနဲ့ ဟေးရီပိုင်ဟာ ​​သူ့မျက်နှာမှာ ဖုံးကွယ်လို့မရတဲ့ အပြုံးတစ်ခုကို ပြသခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် လင်းဖန်ကိုသူ၏တောက်ပသောမျက်လုံးများဖြင့်ကြည့်လိုက်သည်။

ထိုအချိန်တွင် ဟေးရီပိုင်ဘေးတွင်ထိုင်နေသော လီမင်က “လင်းဖန်၊ ရှောင်ဝူလက်ကားမြို့ရဲ့ ဥက္ကဌနဲ့ အထွေထွေမန်နေဂျာကို ဘာလိုသိတာလဲ” လို့ မေးလိုက်သည် ။

ဟေးရီပိုင် နှင့် ဟေးလင်းတို့သည် နားစွင့်လိုင်ကြသည်။

ရှင်းပါတယ်၊ သူတို့လည်း ဒီကိစ္စကို အရမ်းသိချင်နေတယ်ဆိုတာပင်ဖြစ်သည်။

“အိုး၊ ကျနော်ကရှောင်ဝူ လက်ကားမြို့မှာ ရှယ်ယာ ၅၁% ကို ပိုင်ဆိုင်ထားလို့လေ” လင်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ခလွမ်း”

ဟေးရီပိုင်၏ ဇွန်းသည် မြေပြင်ပေါ်သို့ တိုက်ရိုက်ကျသွားသည်အထိ လုံးဝ အံ့အားသင့်သွားခဲ့သည်။

လင်းဖန်သည် ရှောင်ဝူလက်ကားမြို့တွင် ရှယ်ယာ 51% ကို အမှန်တကယ် ပိုင်ဆိုင်တာလား။

လင်းဖန်ကို ပထမဆုံးမြင်လိုက်ရပြီးသူ့ကိုလင်းဖန်ကအဲ့လိုပြောရင်လုံးဝကိုယုံမည်မဟုတ်ပေ။

အခုအချိန်မှာတော့ သူ လုံးဝယုံကြည်သည်။

အကြောင်းကတော့ မနေ့က ရှောင်ဝူ လက်ကားမြို့ရဲ့ ဥက္ကဌ၊ အထွေထွေမန်နေဂျာနဲ့ တခြားသူတွေဟာ လင်းဖန်ကိုယဉ်ယဉ်ကျေးကျေးပြောနေကြသည်။

အမြန်လမ်းမကြီး။

တိုရိုတာ Corolla(ကား)ထဲတွင်လွမ်းဆွတ်သောတေးဂီတကို ဖွင့်ထားသည်။

လီမင်း၏ အသက်အရွယ်ကြီးရင့်သော မျက်နှာသည် တိုက်ရိုက်နေရောင်အောက်တွင် နီမြန်းနေသည်။

သူမသည် လှပသော အတွေးအချို့ကို တွေးနေပုံရပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး “ငါ့ရဲ့ ကလေးမျက်စိအမြင်ကအရမ်းကောင်တာပဲ!”

“သူတို့ကလေးမြန်မြန် ကိုယ်ဝန်ရနိုင်ရင် ကောင်းမှာပဲ... ငါ့သမီးကိုအဲ့ဒါပြောရမယ်!”

စကားပြောနေစဉ် လီမင်သည် သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ စာသားမက်ဆေ့ခ်ျတစ်ချို့ပို့လိုက်သည်။

ထိုအချိန်တွင်၊ ဟေးရီပိုင်၏ လက်ကိုင်ဖုန်းသည် အသံမြည်လာသည်။

သူက ကားအဖြေခလုတ်ကို နှိပ်လိုက်သည်။(ကားမှာပါတဲ့ဖုန်းပြောတဲ့ခလုတ်)

“ဟယ်လို..အစ်​ကိုဟေးလား?” ကားအဖြေခလုတ်ထဲမှ စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။

ဟေးရီပိုင် က “ဟုတ်တယ်၊ မင်းက။”

“ကျွန်တော်က ရှောင်ပါ အစ်ကိုဟေးကျနော်မှားသွားပါတယ်၊ ကျေးဇူးပြုပြီး ကျနော်တောင်းပန်တာကိုလက်ခံပေးပါ...” မန်နေဂျာ ရှောင်က ငိုယိုတဲ့အသံနဲ့ ပြောလိုက်သည်။

…………

ယခုအချိန်တွင် လင်းဖန်သည် ကျန်ပေ့တက္ကသိုလ်သို့ ရောက်ရှိနေပြီဖြစ်သည်။

လင်းဖန်သည် စာသင်ခန်းထဲတွင် ထိုင်နေချိန်တွင် ဆောင်းကျင်းအန်းကသူ့စီကိုလာလိုက်သည်။

သူမသည် မှတ်စုစာအုပ်ကို ထုတ်ပေးပြီး “ဒါကိုဘယ်လိုတွက်လဲ” လို့ ပြောလိုက်သည်။

လင်းဖန်သည် သူ့မှတ်စုစာအုပ်ထဲရှိ တွက်ချက်မှုများကို ကြည့်လိုက်တော့ ဒါကဇောင်၏ ထင်မြင်ယူဆချက် ဖြစ်တယ်ဆိုတာကိုသိလိုက်သည်။

ဆောင်းကျင်းအန်းမိသားစုတွင် သင်္ချာဘာသာရပ်ကို လေ့လာရန် မလိုအပ်ပေ။

အရင်ကပြောခဲ့သလိုပဲ သူမဟာ သင်္ချာကို တကယ်စိတ်ဝင်စားသည်။

ကံမကောင်းစွာပဲ၊ ဆောင်ကျင်းအန်းရဲ့ စိတ်ဝင်စားမှုက သူမကို သင်္ချာဘာသာရပ်မှာ အတော်ဆုံးဖြစ်အောင် မလုပ်နိုင်ခဲ့ပေ။

ဘာလို့လဲ ဆိုတော့ လင်းဖမ်ရှေ့ရှိ ဖော်မြူလာသည်ဇောင် ရဲ့ အရိုးရှင်းဆုံး တွက်ချက်မှုတစ်ခုပင်ဖြစ်သည်။

ဒါကိုတောင်သူမ ကလုံးဝနားမလည်နိုင်ပေ။

လင်းဖန်သည် ဘောပင်ကိုဆွဲယူကာ မှတ်စုစာအုပ်အလွတ်ထဲတွင် အသေးစိတ်အဆင့်များကိုတွက်ချက်ပေးလိုက်သည်။

ဆောင်ကျင်းအန်းသည် မှတ်စုစာအုပ်ပေါ်ရှိ လှပသော တွက်ချက်မှုများကို ခဏတာ ကြည့်ပြီး သူမဘာတွေးနေမှန်းမသိပေ။

ထိုအချိန်တွင် အပြင်ဘက်မှ ခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့သည်။

ပါမောက္ခအိုကြီးသည် ကျောင်းစာအုပ်နှင့်အတူ စာသင်ခန်းစီသို့ဖြည်းညှင်းစွာ လျှောက်လာကြသည်။

ပါမောက္ခဟောင်းရဲ့ သင်ကြားမှုနည်းလမ်းက တကယ်ကို စိတ်ညှို့နည်းလို့ပဲ ပြောရမလားပဲ။

လင်းဖန်သည် မနေ့ညက တစ်ညလုံး အိပ်နေသည်။

သို့သော် ပါမောက္ခဟောင်းသည် အချိန်အတော်ကြာ သင်ခန်းစာသင်ပေးသောအခါ တွင်လင်းဖန်သည် သူ၏မျက်ခွံများ လေးလံသည်ကို ခံစားလိုက်ရပြီး တိုက်ရိုက်အိပ်ပျော်သွားခဲ့သည်။

မွန်းတည့်အချိန်၌ ကော်ဖီဆိုင်တွင် ထမင်းစားနေစဉ် လင်းဖန်၏ ဖုန်းသည် အနည်းငယ်လှုပ်သွားသည်။

12:00!

အနီရောင်စာအိတ်တွေ ပေါ်လာတော့သည်။

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3 ယွမ် ရခဲ့သည်”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 19,999 ယွမ် ရသည်။”

...

“ဒင်း! ဂုဏ်ယူပါတယ်၊ စကင်ဖတ်ခြင်းကွမ်းကျင်မှုကိုရခဲ့သည်”

“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်”

ယနေ့စာအိတ်နီဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ယွမ်ငွေ 42,189 ရရှိခဲ့သည်။

ထုံးစံအတိုင်း၊ သူက ဒီပိုက်ဆံလေးကို ဂရုမစိုက်ပေ။

လင်းဖန်သည် စကင်ဖတ်ခြင်းကို တိုက်ရိုက်အာရုံစိုက်လိုက်သည်။

[စကင်န်ဖတ်ခြင်း- တစ်ချက်ကြည့်လိုက်လျှင် စာကြောင်းဆယ်ကြောင်း၊ မမေ့နိုင်သော ကျွမ်းကျင်မှုတစ်ခု။ အလွန်ကောင်းမွန်သော မှတ်ဉာဏ်နှင့် စာဖတ်စွမ်းရည်၊ အသိပညာကို လျင်မြန်စွာ မှတ်သားနိုင်ရုံသာမက အထူးဆွဲဆောင်မှုလည်း ပြသနိုင်သည်။ 】

ဒါကို မြင်လိုက်ရတော့ လင်းဖန်၏ မျက်လုံးများ ချက်ချင်း တောက်ပလာတော့သည်။

အရင်တုန်းကလင်းဖန်သည်စာတွေကိုတစ်ချက်ကြည့်လိုက်တာနဲ့မမေ့နိုင်တဲ့စွမ်းရည် မကြာခဏ စိတ်ကူးခဲ့ပေမယ့် ဒီနေ့မှတော့ လက်တွေ့ရဖို့ကိုမမျှော်လင့်ထားပေ။

ဒါဟာ အလွန်ကောင်းမွန်တဲ့ အရည်အချင်းတစ်ခုဆိုတာ သေချာသည်။(ငါလဲလိုချင်လိုက်တာ😁)

နေ့လည်စာစားပြီးနောက် လင်းဖန်သည် အိပ်ဆောင်သို့ပြန်လာပြီး ကျောင်းသုံးစာအုပ်ကို ကောက်ယူပြီးအမြန်လှန်လိုက်သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ပထမစာမျက်နှာရှိ ထူထပ်သောအကြောင်းအရာသည် သူ၏စိတ်ထဲတွင် ရေးထွင်းထားပုံရပြီးအံ့သြစရာကောင်းလောက်အောင်သူကြည့်နေတဲ့စာတွေကိုမှတ်မိနေတယ်ဆိုတာကိုသိလိုက်သည်။

လင်းဖန်သည် ဆက်လက်ပြီး စာမျက်နှာ ၂၊ စာမျက်နှာ ၃၊ စာမျက်နှာ ၄ ​​...စသည်တို့ကိုဆက်တိုက်ဖတ်လိုက်သည်။

နှစ်မိနစ်အတွင်း လင်းဖန်သည် စာအုပ်တစ်အုပ်လုံးထဲရှိ အကြောင်းအရာများကို လုံးလုံးမှတ်မိသွားခဲ့သည်။

စာအုပ်သုံးအုပ် ဆက်တိုက်ဖတ်ပြီးနောက် လင်းဖန်၏ စိတ်ဝင်စားမှု တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

ဒီအချိန်မှာ သူ့အိတ်ကပ်ထဲက ဖုန်းကို အနည်းငယ်လှုပ်ယမ်းသွားခဲ့သည် ။

သူကြည့်လိုက်တော့ဆရာမဟန်တီက မက်ဆေ့ချ် ပို့လိုက်ဆိုတာကိုသိပြီးဖွင့်ကြည့်လိုင်သည်။

ဟန်တီ: ညနေအချိန်ရရင်ငါ့အိမ်ကိုလာခဲ့။

ဒီစာကိုမြင်တော့ လင်းဖန်က ချက်ချင်းမက်ဆေ့ခ်ျပြန့်ပို့ခဲ့သည်။

လင်းဖန် : ဆရာမဟန်တီက ဖိတ်တယ်ဆိုတော့လဲ၊ကျွန်တော်ကလာရမှာပေါ့။

ညနေကျောင်းဆင်းခေါင်းလောင်းသံမြည်သောအခါ လင်းဖန် သည် Pagani Fengshen (ပြိုင်ကား)ကိုမောင်းထုတ်ပြီး ဟန်တီ၏အိမ်ဆီသို့ တည့်တည့်မောင်းသွားခဲ့သည်။

ဒီအချိန်ကအလုပ်ဆင်းတဲ့အချိန်ဆိုတော့ကားလမ်းတွေပိတ်နေခဲ့သည်။

ဟန်တီ၏အိမ်သည် ကျန်ပေ့တက္ကသိုလ်နှင့်သိပ်မဝေးပေ။

သို့သော် လင်းဖန်သည် ဟန်တီအိမ်ကိုရောက်ဖို့တစ်နာရီနီးပါးကြာခဲ့သည်။

“ဒေါက် ဒေါက် ဒေါက်!”

လင်းဖန်သည် တံခါးကို ဖြည်းညှင်းစွာ ခေါက်လိုက်ပြီး မကြာမီ တံခါးပွင့်လာခဲ့သည်။

နောက်အခိုက်အတန့်တွင် လင်းဖန်သည် အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။

တံခါးဖွင့်ပေးသူမှာ ဟန်တီမဟုတ်ဘဲ ချမ်ရီရီဖြစ်သောကြောင့်ပင်ဖြစ်သည်။

လင်းဖန်က သူ့နေရာမှားရောက်နေတယ်ထင်တဲ့အချိန်ဟန်တီလည်း သူ့ရှေ့မှာ ပေါ်လာခဲ့သည်။

ယခုအချိန်တွင် ဟန်တီ နှင့်ချမ်ရီရီတို့၏ရေမွှေးရနံ့၊ချမ်ရီရီ နှင့်ဟန်တီတို့ ၏ဆင်တူသောအိမ်အလှဆင်ပုံစံများ စသည်တို့သည် လင်းဖန်၏စိတ်ထဲတွင် စုစည်းလာခဲ့သည်။

ချမ်ရီရီနဲ့ဟန်တီတို့ကညီအမတွေများလား။ဒယမှမဟုတ်ညီအမလိုခင်တဲသူငယ်ချင်းများလား။

တော်ပြီမတွေးတာပဲနေတာကောင်းဆိုပြီးဟန်တီတို့နဲ့အတူအိမ်ထဲကိုဝင်လိုက်သည်။အိမ်ထဲသို့ဝင်လိုက်တာနဲ့၂ယောက်၁တစ်ယောက်အချစ်တိုက်ပွဲကြီးစတင်တော့သည်။

( ̄ε ̄)

..........

မနက်ဖြန်ကျရင်၅ပိုင်းလာပါမယ်။ကျနော်နေမကောင်းလို့မတင်ဖြစ်တာပါ။gp6pgp7စပါပြီ။gpဝင်ချင်သူများcbကိုလာပေးပါဗျ။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters