ရူပဗေဒဓာတ်ခွဲခန်းသို့ သွားခြင်း
Vol. 9 Ch. 123
လင်းဖန်နိုးသောအခါနေသည်အရှေ့ဘက်ကနေထွက်ပြီးတောက်ပနေပြီဖြစ်သည်။
ချမ်ရီရီနှင့် ဟန်တီတို့သည် ခေါက်ဆွဲ၊ ဖက်ထုပ်ကြော်နှင့် အခြားအရသာရှိသည့်ဟင်းများကို ချက်ပြုတ်ပြင်ဆင်နေကြသည်။
သူတို့ သုံးယောက်သည်တစ်ညလုံး အချစ်တိုက်ပွဲဝင်ခဲ့ကြသောကြောင့် ဗိုက်ဆာနေကြပြီဖြစ်သည်။
များမကြာမီ တွင်စားပွဲပေါ်တွင်ရှိသောအစားအသောက်များ အားလုံးကို သန့်ရှင်းသပ်ရပ်စွာစားသုံးခဲ့သည်။
ချမ်ရီရီသည် သူမ၏ ပါးစပ်ထောင့်မှ အဆီစွန်းထင်းများကို သုတ်လိုက်ပြီး သူမ၏ လှပသော မျက်နှာထက်တွင်ကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။
ထို့နောက် သူမသည် အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး “ငါအရင်သွားတော့မယ် ဟန်စီဒီ ရဲ့ သက်တံရေမွှေးကဝယ်လိုအားတအားများတော့ငါကိုယ်တိုင်ကိုင်တွယ်ရမယ့်ကိစ္စတွေရှိသေးတယ်”
ဒါကိုပြောပြီးတာနဲ့ ချမ်ရီရီရဲ့ လှပတဲ့မျက်နှာက ဖုံးကွယ်လို့မရတဲ့ အပြုံးတစ်ခုကို ပြသလိုက်သည်။
သက်တန့်ရေမွှေးကို တရားဝင်မိတ်ဆက်ပြီးကတည်းက ချက်ချင်းဆိုသလို ချီးကျူးမှုများစွာရရှိခဲ့ပြီး တစ်ရက်တည်းနဲ့ အကုန်နီးပါးရောင်းထွက်သွားခဲ့သည်။
ယင်းကြောင့် ချမ်ရီရီသည် တရုတ်နိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ ပထမတန်းစား ရေမွှေးအမှတ်တံဆိပ်ကို ဖန်တီးဖို့ကသူမနှင့် နီးကပ်လာသည်ကို ခံစားခဲ့ရသည်။
ထို့နောက်တွင်၊ ချမ်ရီရီ သည် သူမ၏တောက်ပလှပသောမျက်လုံးများဖြင့် လင်းဖန်ပေါ်သို့ ရောက်သွားခဲ့သည်။
ဒါတွေအားလုံးဟာ လင်းဖန်ကြောင့်ဆိုတာကိုသူမသိသိသည်။
ချမ်ရီရီထွက်သွားပြီးနောက် ဟန်တီ က “လွန်ခဲ့တဲ့တစ်နှစ်တုန်းက ငါ ချမ်ရီရီနဲ့အတူ တစ်သက်လုံးနေဖို့ ဆုံးဖြတ်ခဲ့တယ်”(girl to girlမဟုတ်ပါဘူးညီအမလိုမျိုးအတူတူနေချင်တာကိုပြောတာပါ)
“လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ သီးခြားနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်”
“မထင်မှတ်ပဲ၊ တစ်ပတ်အတွင်းမှာပဲ တစ်သက်လုံး အတူနေခွင့်ကိုပြန်ရခဲ့တယ်”
ဟန်တီပြောပြီးသည်နှင့် သူမသည် လင်းဖန်ကို ပြုံးပြုံးကြီးကြည့်နေလိုက်သည်။
ဒီလို ကောင်လေးတစ်ယောက်ဟာ သူ့မဘဝအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
လင်းဖန်သည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ မကြာခဏသောက်လိုက်သည်။ဒါပေမဲ့ဟန်တီကသူ့ကိူစိုက်ကြည့်နေသောအခါ အနည်းငယ် ရှက်သွားသည်။
ဟန်တီသည် လင်းဖန်၏ ရှက်ရွံ့သောအသွင်ပြင်ကို ကြည့်ပြီး မပြုံးဘဲမနေနိုင်ပေ။
နှစ်ယောက်သား ခဏလောက် စကားစမြည်ပြောပြီးနောက်ကျန်ပေ့တက္ကသိုလ်ကို ထွက်လာကြသည်။
ဟန်တီသည် ကျယ်ပြောလှသော ကျောင်းဝင်းလမ်းမကြီးပေါ်တွင် လမ်းလျှောက်လာကာ ဖြတ်သွားသော ကျောင်းသားအားလုံးသည်တယောက်ပြီးတယောက် နှုတ်ဆက်ကြသည်။
ဒါကိုကြည့်ခြင်းဖြင့်ကျန်ပေ့တက္ကသိုလ်မှာဟန်တီက ဘယ်လောက်နာမည်ကြီးလဲဆိုတာကိုသိနိုင်သည်။
ထိုအချိန်တွင် ရှင်းရှင်းလင်းလင်း အသံတစ်တစ်သံသည် အဝေးမှ ထွက်ပေါ်လာခဲ့သည်။
“ဟန်တီ မင်းဒီမှာရှိတယဆိုတာငါမသိလိုက်ဘူး၊ ငါမင်းကိုရှာတာသေတော့မယ်!”
ဆံပင်တိုတိုနဲ့ အသက်သုံးဆယ်လောက်ရှိတဲ့ အလတ်စား အမျိုးသမီးတစ်ယောက် သည်ဟန်တီစီသို့အမြန်လမ်းလျှောက်လာခဲ့သည်။
ဟန်တီ က “ဘာလို့ငါ့ကိုလာရှာတာလဲ၊ငါ့အကူအညီလိုလို့လား”
သးမ၏နာမည်မှာစွန်းဝမ်တင်ဖြစ်ပြီး ကျန်ပေ့ တက္ကသိုလ်၏ ရူပဗေဒကျောင်းမှ တွဲဖက်ပါမောက္ခဖြစ်သည်။
သင်္ချာ၊ ရူပဗေဒ နှင့် ဓာတုဗေဒ ကဲ့သို့သောဘာသာရပ်များတွင် အမျိုးသမီး ပါမောက္ခများ ကရှားပါးသည်။
ထို့ကြောင့် ဟန်တီနှင့် စွန်းဝမ်တင် တို့သည် အမြဲတမ်း ကောင်းမွန်သော ဆက်ဆံရေးရှိသည်။
“ငါတို့ ဓာတ်ခွဲခန်းမှာ ငလျင်အကြောင်းအရာ ကိုလေ့လာနေတာ”
“ဒါပေမဲ့တွက်ချက်မှုက အရမ်းရှုပ်ထွေးတယ်၊ အဲဒါကို ငါတို့ လုံး၀ မဖြေရှင်းနိုင်ဘူးဖြစ်နေတယ်။ ဒါကြောင့်မင်းလို သင်္ချာပညာရှင်ကြီးကို၊ ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။”
စွန်းဝမ်တင်ကပြောလိုက်သည်။
ရူပဗေဒနှင့် သင်္ချာသည် မတူညီသော ဘာသာရပ်နှစ်ခုဖြစ်သည်။
သို့သော် သင်သာ တွက်ချက်ပါက၊ မတူညီသော နည်းလမ်းများဖြင့် တူညီသောရလဒ်ကို ရရှိမည်ဖြစ်သည်။
ဟန်တီ က ပြုံးပြီး “ တွက်ကြည့်တာလား။ ဒါဆို မင်းလူမှားရှာနေတာပဲ” လို့ပြောလိုက်သည်။
“ဟင်?” စွန်းဝမ်တင်အံ့ဩသွားသည်။
အရင်တုန်းကဟန်တီ ကိုသူမ အကူအညီတောင်းတဲ့အခါ သူမက တိုက်ရိုက်သဘောတူခဲ့သည်။
ဒီနေ့ ဘာလို့ငြင်းတာလဲ။
ဟန်တီက “ဒါဆိုမင်းက ငါ့ဘေးနားမှာရှိတဲ့ သင်္ချာပညာရှင်ကိုတွေ့ဖို့က ပိုသင့်တော်တယ်။”ဟုပြေလိုက်သည်။
စကားပြောပြီးနောက် သူမက လင်းဖန်ကို လက်ညှိုးထိုးပြပြီး “သူက လင်းဖန်” လို့ မိတ်ဆက်ပေးလိုက်သည်။
“လင်း...လင်းဖန်?” စွန်းဝမ်တင်ခဏအကြာ အံ့အားသင့်သွားသည်။
ထို့နောက် လင်းဖန်ကိုကြည့်ပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်သည် ။ ဇောင် ၏ ထင်မြင်ယူဆချက်ကို ဖြေရှင်းပေးသော ပါရမီရှင် လင်းဖန် ၊
လင်းဖန်သည် ကျန်ပေ့တက္ကသိုလ်ခေါင်းဆောင်များနှင့် အခြားသူများကို တောင်းဆိုချက်အရလင်းဖန်ကိုမည်သည့်ဗီဒီယိုအင်တာဗျူးများကို လက်မခံခဲ့ပေ။
သို့သော်လည်း သူ့နာမည်သည်ကျန်ပေ့တက္ကသိုလ်တလျှောက်လုံးတွင်မသိသူမရှိကျောကြားသည်။
စွန်းဝမ်တင်က စိတ်လှုပ်ရှားစွာနဲ့ “ကျောင်းသား လင်း ကျေးဇူးပြုပြီး တွက်ချက်မှုပြဿနာကို ကူညီဖြေရှင်းပေးနိုင်သလား”
စွန်းဝမ်တင်နှင့် ဟန်တီတို့သည် ကောင်းမွန်သောဆက်ဆံရေးရှိကြောင်းကိုလင်းဖန်မြင်လိုင်သည်။ ဒါကြောင့်သူမအတွက် တွက်ချက်မှုအချို့ကို ကူညီလုပ်ဆောင်ပေးတာက သဘာဝအားဖြင့် ပြဿနာမရှိပေ။
ဒါကြောင့် “ကောင်းပြီ” ဟုပြန်ဖြေလိုက်သည်။
စွန်းဝမ်တင်သည် ထိုစကားကိုကြားသောအခါ သူမ၏မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် အားကောင်းလာခဲ့သည်။
ထို့နောက် သုံးယောက်သားသည် ကျန်ပေ့တက္ကသိုလ်၏ဘတ်စကတ်ဘောကွင်းနောက်ဘက်ရှိ သင်ကြားရေးအဆောက်အအုံဆီသို့ ရောက်လာကြသည်။
ဤသင်ကြားရေးအဆောက်အဦး၏ အပြင်ပိုင်းသည် အနည်းငယ်ဟောင်းနေပုံရပြီး လူများဖြတ်သွားလျှင်ပင် လုံးဝဂရုစိုက်ကိုဂရုမစိုက်သည်အထိကိုဟောင်းနေသည်။
သို့သော် သင်သည် ကျန်ပေ့တက္ကသိုလ်နှင့် ရင်းနှီးပါက၊ ဤသို့ဂရုမစိုက်ဘဲနေမည်မဟုတ်ပေ။
ဤသင်ကြားရေးအဆောက်အအုံတွင် တန်ဖိုးကြီးသော စက်ကိရိယာများ၊ စမ်းသပ်သုံးပစ္စည်းများနှင့် ဒေတာများစွာ ပါရှိသောကြောင့်၊ ၎င်းသည် ကျန်ပေ့ တက္ကသိုလ်၏ တန်ဖိုးအရှိဆုံးနှင့် အရေးကြီးဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။
ရူပဗေဒအခန်း 104 တွင် ရှုပ်ထွေးသော ကိရိယာများ၊ ကြီးမားသော LED မီးလုံးများနှင့်မတူညီသော မီးလုံးများကအခန်းကိုထွန်းလင်းတောက်ပပေးနေသည်။
ရူပဗေဒကျောင်းမှ ပရော်ဖက်ဆာ ဝမ်ဟန်သည် ပါရဂူကျောင်းသားများအား စမ်းသပ်မှုလုပ်ထုံးလုပ်နည်းများနှင့် နည်းလမ်းများကို အခါအားလျော်စွာ ချိန်ညှိရန် ညွှန်ကြားပေးနေသည်။
ဝမ်ဟန်သည် ဖန်သားပြင်ကို အနီးကပ် စိုက်ကြည့်ကာ “ဒီပြဿနာတွေကို အမြန်ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်”ဟုပြောလိုက်သည်။
“တောင့်..တောင့်!”
ထိုအချိန်တွင် စင်္ကြံအပြင်ဘက်ကနေလျင်မြန်သော ခြေသံများထွက်ပေါ်လာခဲ့သည်။
စွန်းဝမ်တင်က ဝမ်းသာအားရနဲ့ “ပရော်ဖက်ဆာ ဝမ် ငါဘယ်သူ့ကို ခေါ်လာတယ်လို့ မင်းထင်လဲ”
ဒါကို ဝမ်ဟန်ကြားတော့ သူက ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး “ပရော်ဖက်ဆာဟန်ကိုဒီအခန်းကနေကြိုဆိုပါတယ်၊အခုထိတွက်ချက်မှု ပြဿနာအတွက် ကိုကျွန်တော် စိတ်ပူနေတုန်းပဲ” လို့ ပြောလိုက်သည်။
“အခု ပရော်ဖက်ဆာဟန် ဒီကိုရောက်နေပြီဆိုတော့ အဲဒါအတွက် ငါ စိတ်ပူစရာ မလိုတော့ဘူး”
စွန်းဝမ်တင်က ဟန်တီကို ဖိတ်မည်ဟုပြောထားခဲ့သည်။
ထို့ကြောင့် ဝမ်ဟန်သည် ယခုအချိန်တွင် မအံ့သြပေ။
ဟန်တီက ပြုံးပြီး “ပရော်ဖက်ဆာ ဝမ်က နားလည်မှု လွဲနေပြီ၊ ဒီနေ့ ဒီကိုတွက်ချက်ဖို့ လာကူညီပေးတာ ငါမဟုတ်ဘူး၊ လင်းဖန်”
“လင်းဖန်?”
ဝမ်ဟန် ၏ မျက်နှာပေါ်တွင် အံ့သြမှုတစ်ခု ပေါ်လာခဲ့သည်။
လင်းဖန်၏အမည်ကို သူကြားဖူးသည်မှာ ထင်ရှားသည်။
ထို့နောက် ဝမ်ဟန်သည် လင်းဖန်ကို အာရုံစိုက်လိုက်သည်။
“ကျောင်းသား လင်း၊ မင်းကဇောင် ရဲ့ ထင်မြင်ယူဆချက်ကို ဖြေကြားတဲ့ လုပ်ငန်းစဉ်နဲ့ အမွှာအနှစ်သာရဖြေရှင်းချက်က အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။” ဝမ်ဟန် ကပြောလိုက်သည်။
လင်းဖန်က “ချီးကျူးမှုအတွက် ပါမောက္ခ ဝမ် ကို ကျေးဇူးတင်ပါတယ်။”
စမ်းသပ်မှုပြုလုပ်နေသော ပါရဂူကျောင်းသားနှစ်ဦးသည် စကားသံကိုကြားပြီးနောက် မော့ကြည့်လိုက်သည်။
ဝမ်ဟန်က “ကောင်းပြီ၊ အတန်းဖော်လင်း က ဒီပြဿနာတွေကိုကူညီမယ်ဆိုတော့ဒါတွေကိုအရင်ကြည့်ပါ”
စကားပြောနေစဉ်တွင် စာရွက်စာတမ်း အစုံလိုက် လင်းဖန်အားပေးအပ်ခဲ့သည်။
အကြောင်းအရာများစွာကိုအစောကြီးကတည်းကကြိုရေားထားခဲ့သည်။
2{1(5πe)+1}—{4(5π+7)-1}^3……
သူ့ဘေးနားက ဟန်တီက တစ်ခုခုပြောဖို့ လုပ်လိုက်သည်။
လင်းဖန်သည် ဘောလုံးဘောပင်ကို ကောက်ကိုင်လိုက်ပြီး အမြန်စာရေးလိုက်သည်။
“ဒါ ဒါ ဒါ!”
ရုတ်တရက်၊ ဓာတ်ခွဲခန်းတစ်ခုလုံး တွင်ဘောပင်သံများပေါ်လာသည်။
【ဒင်း! လုံးဝအာရုံစိုက်ခြင်း 】
တစ်မျက်နှာ၊ နှစ်မျက်နှာ၊ သုံးမျက်နှာ...
မကြာမီ၊ ဗလာစာရွက်မှာ ပြေပြစ်သော တွက်နည်းများဖြင့် ပြည့်လာသည်။
အဲဒီအခါမှာ မေးခွန်းတစ်ခုဖြေပြီး မေးခွန်းနှစ်ခုကို ဆက်ဖြေလိုက်သည်...
မိနစ် 50 လောက်မှာ မေးခွန်းတွေ အားလုံး ကိုဖြေပြီးသွားခဲ့သည်။
တိတ်တိတ်!
ဓာတ်ခွဲခန်းတစ်ခုလုံး တိတ်ဆိတ်နေသည်။
ဝမ်ဟန်၊ စွန်းဝမ်တင်နှင့် ပါရဂူကျောင်းသားနှစ်ယောက် တို့၏ မျက်နှာများမှာ ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
ဤပြဿနာများသည် ပြီးခဲ့သော ခြောက်လအတွင်း စုဆောင်းမိခဲ့သော ပြဿနာများဖြစ်သည်။ ရက်သတ္တပတ်များစွာကြာအောင် ဦးနှောက်ကို ညှစ်ထုတ်ပြီးသည့်တိုင်သူတို့ဒါကို မဖြေရှင်းနိုင်ခဲ့ကြပေ။
ရလဒ်အနေနဲ့ တစ်နာရီမပြည့်ခင်မှာပဲ.သူ့တို့ရှေ့က လူငယ်လေး လင်းဖန်ကလုံးဝမတွေးဘဲသူအကုန်ပြန်ဖြေလိုက်တယ်?
သူဖြေလိုက်တာကထမင်းစားရေသောက်နဲ့တောင်တူတယ်။
ဤသည်မှာ ကမ္ဘာ့သင်္ချာပုစ္ဆာနှစ်ခုကို ဖြေရှင်းပေးသည့် ပါရမီရှင်လား။
ဒါက တော်လွန်းတယ်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး