← Chapters

မစ်ရှင်အစပြုခြင်း

Vol. 9 Ch. 124

မစ်ရှင်အစပြုခြင်း

Vol. 9 Ch. 124

ဟန်တီသည် လင်းဖန်ရေးထားတဲ့ အဖြေကို ကြည့်ပြီး သူမရဲ့မျက်လုံးတွေဟာတောက်ပလာခဲ့သည်။

လင်းဖန်သည် ပြဿနာများကို အကြိမ်ပေါင်းများစွာ ဖြေဆိုခဲ့သည်ကို သူမ မြင်ဖူးသည်။(ပြဿနာ ဆိုတာကသင်္ချာပုစ္ဆာကိုပြောတာပါ)

ဒါပေမယ့် လဲယခုသူမမျက်စိရှေ့တွင်မြင်လိုက်ရပြီးနောက်မအံ့သြပဲမနေနိုင်ပေ။

လင်းဖန်၏ပြေပြစ်သောလက်ရေး ၊ အာရုံစူးစိုက်မှု ၊ ချောမောသောမျက်နှာ ...

ဟန်တီ၏မျက်လုံးထဲတွင် လင်းဖန်သည် အလွန်လင်းလက်တောက်ပနေပြီးတစ်ကမ္ဘာလုံးတွင် တစ်ဦးတည်းသာကျန်နေခဲ့ပုံရသည်။

“အဟမ်း!”

လင်းဖန်သည် လူတိုင်း၏ စိုက်ကြည့်ခြင်းကို ခံ ရတော့အနည်းငယ် ရှက်ရွံ့မှုကို ခံစားလိုက်ရပြီးသူက လည်ချောင်းခပ်လိုက်ပြီး “အခြားမေးခွန်းတွေရှိသေးလား?”ဟုမေးလိုက်သည်။

မေးခွန်းအားလုံးကို ဖြေဆိုပြီးနောက် လင်းဖန်သည် အကြွင်းမဲ့ အာရုံစူးစိုက်မှု အခြေအနေမှ ထွက်ခွာလာခဲ့သည်။

တကယ်တော့ ဒီနေ့မှာလင်းဖန်က စိတ်အားထက်သန်မှု မရှိခဲ့ဘူးဆိုရင် ရူပဗေဒပြဿ နာများစွာကို အချိန်တိုအတွင်း ဖြေရှင်းဖို့ မဖြစ်နိုင်ပေ။

ထိုမှသာ ဝမ်ဟန်က “ဒီအချက်အလက်အတိုင်း၊ ငလျင်စမ်းသပ်မှုနှင့် R အမှုန်အမွှားများ၏ ရွေ့လျားမှုစမ်းသပ်မှုပုံစံအသစ်ကို ပြုလုပ်ပါ” ဟု ပြောကြားခဲ့သည်။(Rအမှုန်အမွှားဆိုတာကငလျင်လိုင်းလိုမျိုးကိုပြောတာထင်တယ်)

ဆရာနှစ်ဦးသည် လင်းဖန်တွက်ထားတဲ့စာတမ်းမူကြမ်းကို ဆောလျင်စွာယူလိုက်ပြီးနောက် စမ်းသပ်မှုလိုအပ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စမ်းသပ်ကိရိယာများကို ဂရုတစိုက်နှင့် ခလုတ်များကို တစ်ခုပြီးတစ်ခု နှိပ်လိုက်ကြသည်။

“ဒင်”

ခဏအကြာတွင် သူ့ရှေ့ရှိ စမ်းသပ်ကိရိယာကြီးသည် ပြင်းထန်စွာ တုန်ခါလာခဲ့သည်။

ထို့နောက် ချက်ခြင်းတွင်၊ LED တန်းများ စသည်တို့သည် သီးခြားပုံစံတစ်ခုတွင် မတူညီသော အလင်းအရောင်များဖြင့် လင်းလက်လာတော့သည်။

ခဏအကြာတွင် ကိရိယာနှင့်ချိတ်ဆက်ထားသော ကွန်ပျူတာစခရင်ပေါ်တွင် ထူထပ်သော အနက်ရောင်အစက်အပြောက်များ ပေါ်လာခဲ့သည်။

ဝမ်ဟန် သည် ကီးဘုတ်ပေါ်တွင် ညီမှချင်းများကိုလျင်မြန်စွာ နှိပ်လိုက်ကာ ထည့်သွင်းလိုက်သည်။

ရုတ်တရက်၊ ဤအနက်ရောင်အစက်များသည် မျက်နှာပြင်ပေါ်ရှိ လှပသော လိပ်ပြာအသွင်ပြောင်းသွားခဲ့သည်။

ဒါကိုဝမ်ဟန်မြင်တော့ စိတ်လှုပ်ရှားစွာနဲ့ “ကောင်းလိုက်တာ၊ R အမှုန်အမွှားရဲ့ လမ်းကြောင်းကို ငါတို့တွေ့ပြီ!”ဟုပြောလိုက်သည်။

ဝမ်ဟန်သည် အပြုံးများဖြင့် ပြည့်နှက်နေပြီး တစ်ချိန်တည်းမှာပင် လင်းဖန်ကိုအံ သြသောမျက်လုံးများဖြင့်ကြည့်နေလိုက်သည်။

ဝမ်ဟန်တို့တွေ ပျော်ရွှင်နေတဲ့အချိန်မှာ လင်းဖန်၏ နှုတ်ခမ်းမှာ အနည်းငယ် ပြုံးလိုင်သည်။

ဘာကြောင့်လဲဆိုတော့ လင်းဖန်စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာလို့ပင်ဖြစ်သည်။

【ဒင်း! မစ်ရှင်အစပျိုးခြင်း”ပထဝီဝင် ၊သိပ္ပံ”၊ “အခြေခံဘူမိဗေဒ”၊ “မက္ကင်းနစ်”၊ကမ္ဘာမြေနိယာမ၊မိုးလေဝသ၊လှိုင်းသီအိုရီ “ကိုဖတ်ပါ။ဖတ်ပြီးရင် ငလျင် ကြိုတင်ခန့်မှန်းစက်နှင့် ၎င်းစက်၏ ထုတ်လုပ်မှု နိယာမတို့ကို ဆုချမည်။ 】

ငလျင်ခန့်မှန်းစက်

ငလျင်လှုပ်မည်ကို ကြိုတင်ခန့်မှန်းတဲ့စက်၊ ဒါက သိသာထင်ရှားစွာကောင်းတဲ့အရာပင်ဖြစ်သည်။

လင်းဖန်သည် ရူပဗေဒဓာတ်ခွဲခန်းသို့ လာပြီးမစ်ရှင်တစ်ခုရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဝမ်ဟန်က “လင်းဖန်ကျေးဇူးတင်ပါတယ်!”

“ဒါက အသေးအမွှားကိစ္စပဲ၊ တခြားဘာမှ မရှိတော့ရင် ငါ အရင်သွားပြီ” လင်းဖန်က ဒီမစ်ရှင်ကို မြန်မြန်ပြီးအောင် လုပ်ချင်နေခဲ့သည်။ဒါကြောင့်ပြောပြီးတာနဲ့ဟန်တီနှင့်အတူထွက်သွားခဲ့သည်။

ဝမ်ဟန်သည် လင်းဖန်နှင့် ဟန်တီတို့၏ နောက်ကျောကို ကြည့်ပြီး “လင်းဖန်က၊ တကယ်ကို အံ့သြစရာကောင်းတဲ့ ပါရမီရှင်ပဲ!”

တကယ်တော့ ဝမ်ဟန် သည်လင်းဖန်က အဲဒီပြဿနာတွေကို ကူညီဖြေရှင်းပေးစေလိုကြောင်း သိလာတဲ့အခါ မျှော်လင့်ချက် သိပ်မရှိခဲ့ပေ။

လင်းဖန်က ဇောင်ရဲ့ ထင်မြင်ယူဆချက် နဲ့ အမွှာအနှစ်သာရကို ဖြေရှင်းခဲ့သည်။

သို့သော်၊ ဤအရာက သူသည် သင်္ချာဉာဏ်ကြီးရှင်ဖြစ်ကြောင်းသာ ပြသနိုင်သည်။

ယခုတွက်ချက်မှုများတွင် အဆင့်မြင့် ရူပဗေဒဆိုင်ရာ ဗဟုသုတများစွာ ပါဝင်သည်။

လင်းဖန်သဘ်ကောလိပ်ကျောင်းသားတစ်ယောက်ပင်ဖြစ်သည်။ အဲဒီသင်္ကေတတွေကို အပြည့်အဝ မသိမည်ကိုစိုးရိမ်ခဲ့သည်။

ဟန်တီပင်လျှင်အဖြေမရမီ အချက်အလက်များစွာကို ဖတ်ရန် လိုအပ်မည်မှာသေချာသည်။

သို့သော် လင်းဖန် သည် တစ်နာရီမပြည့်မီတွင် အဖြေအားလုံးကိုအဖြေပေးခဲ့သည်။

ဤသည်မှာ သင်္ချာဉာဏ်ကြီးရှင်တစ်ဦး၏ ရိုးရိုးရှင်းရှင်းအရည်အချင်းမဟုတ်တော့ပေ။

“ဟုတ်တယ် လင်းဖန်က တစ်ကယ့် ပါရမီရှင်ပဲ” စွန်းဝမ်တင် က ပြောလိုက်သည်။

ရှင်းရှင်းပြောရရင် သူမသည်လဲရလဒ်ကို သိပ်ပြီး မမျှော်လင့်ထားပေ။ဒါပေမဲ့လဲတစ်နာရီမပြည့်မီတွင်လင်းဖန်ကမေးခွန်းအားလုံးကိုဖြေဆိုခဲ့မည်ဟုသူမမထင်ထားခဲ့ပေ။

…………

ကျန်ပေ့တက္ကသိုလ်၏အကွေ့အကောက်များသော လမ်းနံဘေးတွင်သစ်ပင်ထိပ်ဖျားမှ မကြာခဏ ငှက်အော်သံများကြားရသည်။

ဟန်တီက “မမျှော်လင့်ထားဘူး။မင်းလည်း ရူပဗေဒနဲ့ ပတ်သက်ပြီး နက်နဲတဲ့ အသိပညာတွေရှိတာပဲ”

ဟန်တီသည်လင်းဖန်ကိူ အထူးသင်္ကေတများ၏ အဓိပ္ပါယ်ကို ရှင်းပြလိုခဲ့သည်။

သို့သော် လင်းဖန်သည် သူမ မပြောမီတွင်မေးခွန်းများအားလုံးကို တိုက်ရိုက်ဖြေကြားခဲ့သည်။

လင်းဖန်က “ရူပဗေဒကအဲ့လောက်လဲမဟုတ်ပါဘူး။ အနာဂတ်မှာ ငါ နားမလည်တဲ့ အရာမရှိဘူးဆိုတာ မင်းတွေ့လိမ့်မယ်”

“တကယ်လား?” ဟန်တီက ပြုံးပြီး ပြောလိုက်သည်။

ထိုအချိန်တွင် ဟန်တီ၏ လက်ကိုင်ဖုန်းသည် အနည်းငယ် တုန်ခါသွားသည်။

ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး “ငါလုပ်စရာရှိလို့ရုံးခန်းကိုအရင်သွားရမယ်” လို့ပြောလိုက်သည်။

“ကောင်းပြီ။” လင်းဖန်က ပြန်ဖြေပြီးနောက် စာကြည့်တိုက်သို့ တန်းတန်းမတ်မတ်သွားလိုက်သည်။

အထပ်မြင့် စာကြည့်တိုက်တွင် လူများမရှိသလောက် နည်းပါးနေပါသည်။

စားပွဲတန်းများပေါ်တွင် လူများစွာသည် စာအုပ်များကို ဂရုတစိုက်ဖတ်နေကြပြီးတစ်ချို့စားပွဲခုံများတွင် သင်္ချာပုစဆာတွေကိုတွက်နေကြသည်။

လင်းဖန်သည် ပုံပြင်၊ ဝတ္ထုစသည်ဖြင့် စာအုပ်စင်များကို အမြန်ကျော်ပြီးလျှောက်လှမ်းခဲ့သည်။

နောက်ဆုံးတော့ သူလိုချင်သည့်စာအုပ်များထားသည့်စာအုပ်စင်ကို ရောက်လာခဲ့သည်။

ပထဝီဝင် ၊သိပ္ပံ”၊ “အခြေခံဘူမိဗေဒ”

“မက္ကင်းနစ်”၊ကမ္ဘာမြေနိယာမ၊မိုးလေဝသ၊လှိုင်းသီအိုရီ “

လင်းဖန်သည်ထို စာအုပ်များကိုကိုင်ကာ ထိုင်ရန်နေရာရှာပြီးနောက်ထိုင်လိုက်သည်။

သာမာန်လူတွေသာ ဒီစာအုပ်၇အုပ်ကို ဖတ်ချင်ရင် တစ်လ နှစ်လလောက် ကြာတာတောင်မှပြီးချင်မှပြီးလိမ့်မည်ဖြစ်သည်။

သိရန်……

ဤစာအုပ်များ အားလုံးသည် စာမျက်နှာယာနဲ့ချီရှိသောစာအုပ်များ ပင်ဖြစ်သည်။

သို့သော် လင်းဖန်သည် မကြာမီက စကင်ဖတ်ခြင်းကျွမ်းကျင်မှုကို ရရှိသောကြောင့်လင်းဖန်အတွက်ကတော့လွယ်လွယ်လေးပင်ဖြစ်သည်။

လင်းဖန်သည်သူယူလာသည့် စာအုပ်များကို အလျင်အမြန်လှန်ဖတ်လိုက်သည်။

ပထဝီဝင် ၊သိပ္ပံ”၊ “အခြေခံဘူမိဗေဒ”၊

“မက္ကင်းနစ်”၊ကမ္ဘာမြေနိယာမ၊မိုးလေဝသ၊လှိုင်းသီအိုရီ “

တစ်နှစ်သုံး...

မိနစ် 20 အတွင်းမှာပင် စာအုပ်အထူကြီး ၇အုပ်လုံးကိုဖတ်ပြီးသွားခဲ့သည်။ဖတ်ပြီးသွားတဲ့စာအုပ်၇အုပ်လုံးကိုလင်းဖန်ကမှတ်မိပြီးအဲ့၇အုပ်ထဲကစာတွေဘယ်လိုမျိုးမေးမေးရတယ်လို့ခံစားလိုက်ရသည်။

မိနစ် 20 အတွင်း စာအုပ်အားလုံးကို ဖတ်ပြီး စာအုပ်ထဲက ဗဟုသုတအားလုံးကို ကျွမ်းကျင်သွားတာလား။

ဒါတွေကို သူများတွေ သိရင် ဘလိုပုံစံဖြစ်သွားမလဲမသိပေ။

တစ်ချိန်တည်းမှာပင် လင်းဖန်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

【ဒင်း! ဂုဏ်ပြုပါသည်၊ ပထဝီဝင် ၊သိပ္ပံ”၊ “အခြေခံဘူမိဗေဒ”၊ “မက္ကင်းနစ်”၊ကမ္ဘာမြေနိယာမ၊မိုးလေဝသ၊လှိုင်းသီအိုရီ “ကိုဖတ်ပြီး မြေငလျင် ကြိုတင်ခန့်မှန်းစက်နှင့် ၎င်းစက်၏ ထုတ်လုပ်မှု နိယာမကို ရရှိခဲ့သည်။ 】

လင်းဖန်သည် သူ့ဘေးနားတွင် အနက်ရောင်မျက်မှန်တပ်ထားသည့် ကောင်မလေးကို မြင်လိုက်ရသည်။ကောင်မလေးသည်စားပွဲပေါ်ရှိ သင်္ချာပုစ္ဆာကို မျက်မှောင်ကြုတ်နေပြီးဘောပင်ကို ကိုင်ကာ အချိန်အကြာကြီး မလှုပ်ရှားဖြစ်နေသည်ကိုလင်းဖန်ကမြင်လိုက်သည်။

လင်းဖန်သည် မစ်ရှင်ပြီးသွားသောကြောင့် စိတ်ကောင်းဝင်နေခဲ့သည်။ဒါကြောငမ့လင်းဖန်ကကောင်းမလေးကိုကူညီပေးဖို့ဆုံးဖြတ်လိုက်သည်။

လင်းဖန်သည်ကောင်မလေးဘေးက ဘောပင်နဲ့ စာရွက်ကို ကောက်ယူလိုက်ပြီး အမြန်တွက်လိုက်သည်။

ခဏအကြာတွင် စာရွက်ပေါ်မှ အဖြေများ ထွက်လာပြီး ကောင်မလေးဆီသို့ တွန်းပို့ပေးလိုက်သည်။

ထို့နောက် လင်းဖန်သည် စာအုပ်များကို ကောက်ယူကာ စာအုပ်စင်ဆီသို့ လျှောက်သွားပြီးတင်လိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters