သူငယ်ချင်းနှင့် တွေ့ဆုံခြင်း
Vol. 9 Ch. 125
လင်းဖန်သည် စာကြည့်တိုက်မှ ထွက်သွားပြီးနောက် အိပ်ဆောင်သို့ ပြန်လာခဲ့သည်။
ထိုအချိန်တွင် အိပ်ဆောင်သည် လွတ်ကင်းနေပြီး အလွန် တိတ်ဆိတ်နေသည်။
[သင်သည် ငလျင်ကြိုတင်ခန့်မှန်းစက်နှင့် ၎င်းစက်၏ထုတ်လုပ်ရေးမူကို လက်ခံပါသလား။ 】
“ဟုတ်တယ်!” လင်းဖန်က တိတ်ဆိတ်စွာပြောလိုက်သည်။
နောက်တခဏအကြာတွင် 1 ကုဗမီတာလောက်ရှိတဲ့ အနက်ရောင်စတုဂံပုံစက်ကြီးတစ်ခုသည် သူ့ရှေ့မှာပေါ်လာခဲ့သည်။
ဒါက ငလျင်ကြိုတင်ခန့်မှန်းစက်ပင်ဖြစ်သည်။
အဲ့မြေငလျင်ကြိုတင်ခန့်မှန်းစက်ပေါ်တွင် ဒေတာအစုအပုံကြီးတစ်ခု ရှိသည်။(ဒေတာ ကအချက်အလက်)
ဒေတာ၏ထိပ်တွင်၊ မြေငလျင်ကြိုတင်ခန့်မှန်းချက်ပြုလုပ်ခြင်းနိယာမဟုစာလုံးကြီးကိုးလုံးရှိသည်။
လင်းဖန်သည် အနက်ရောင်စက်ကို ဦးစွာကြည့်လိုက်ပြီး “ဒါက ငလျင်ကြိုတင်ခန့်မှန်းစက်လား၊ဒါကသေတ္တာနဲ့ ခပ်ဆင်ဆင်တူတာပဲ” ဟု ရေရွတ်လိုက်သည်။
ထို့နောက် သူသည် အချက်အလက်များကို ကောက်ယူပြီး အမြန်လှန်ကြည့်လိုက်လေသည်။
၃ မိနစ်ခန့်အကြာတွင်၊ ငလျင်ကြိုတင်ခန့်မှန်းစက်၏ ထုတ်လုပ်မှုနိယာမနှင့်ပတ်သက်သည့် အကြောင်းအရာအားလုံးကို လင်းဖန်၏စိတ်ထဲတွင်မှတ်သားထားလိုက်သည်။
“နောက် ၅ ရက်မှာ ငလျင်လှုပ်မယ်လို့ ခန့်မှန်းတာလား၊ဒီစက် ကမဆိုးဘူးပဲ”ဟုပြောလိုက်သည်။
လာမည့် 5 ရက်အတွင်း ငလျင်လှုပ်မည်ကိုခန့်မှန်းနိုင်တာလား။
ဒီစက်က မဆိုးဘူးပဲလား?
ငလျင် ကျွမ်းကျင်သူတွေသာဒါကိုကြားရင် လင်းဖန်ကိုသေတဲ့အထိရိုက်မည်မှာသေချာသည်။
ယနေ့ခေတ် သိပ္ပံနှင့်နည်းပညာအဖြင့်ငလျင်လှုပ်မည့် ခန့်မှန်းချက် ၅ ရက် မပြောနဲ့ ၅ မိနစ်တောင် မဖြစ်နိုင်သေးပေ။
လင်းဖန်သည် သမ်းဝေသွားပြီးနောက် ကုတင်ပေါ်တွင် တိုက်ရိုက်လှဲကာ အိပ်ပျော်သွားခဲ့သည်။
.......
ရူပဗေဒဓာတ်ခွဲခန်း။
“တောင့် အင့်. ဒင်”
အခန်းထဲက နေတွေအသံမျိုးစုံထွက်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် အသံတေွတဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။
ကွန်ပြူတာစခရင်ပေါ်က အချက်အလက်တွေကို ကြည့်လိုက်ပြီး ဝမ်ဟန်က မပြုံးဘဲမနေနိုင်ပေ။
သူ့ဘေးက စွန်းဝမ်တင်က စိတ်လှုပ်ရှားစွာနဲ့ “ဒီအချက်အလက်တွေကို ခွဲကြည့်လိုက်ရင် SCI တော်တော်များများကို ထုတ်ဝေနိုင်သင့်တယ်!”
“ဟုတ်တယ်” ဝမ်ဟန် ခေါင်းညိတ်လိုက်သည်။
“ဒါဆို မင်းဘာကိုစောင့်နေတာလဲ။ မြန်မြန်လုပ်လေ” စွန်းဝမ်တင်က ပြောလိုက်သည်။
...
လင်းဖန်သည် ဤတစ်ကြိမ်တွင် အလွန်သက်တောင့်သက်သာ အိပ်မောကျသွားခဲ့သည်။
ပူပြင်းသော နေရောင်ခြည်သည် သူ့မျက်နှာပေါ်သို့ ကျရောက်သောအခါ မှသာမျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
လင်းဖန်သည် ခဏတာ ကုတင်ပေါ်တွင် လှဲနေလိုင်သည်။
“ဒင်!”
ဒီအချိန်မှာ သူ့အိတ်ကပ်ထဲက ဖုန်းသည် အနည်းငယ်တုန်သွားခဲ့သည် ။
12:00!
အနီရောင် စာအိတ်တွေ ပေါ်လာတော့သည်။
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ၁၀ ယွမ် ရခဲ့သည်”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 1999 ယွမ် ရခဲ့သည်”
…
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 50,000 ယွမ်ရရှိသည်”
“ဒင်း! ဂုဏ်ယူပါတယ် မင်း 1 ယွမ်ရခဲ့သည်။”
ယနေ့စာအိတ်နီဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ယွမ် 72,121 ရရှိခဲ့သည်။
လင်းဖန်သည် ထိုငွေပမာဏကို ဂရုမစိုက်သောကြောင့် ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။
ထို့နောက် လင်းဖန်သည်အပြင်သို့လမ်းလျှောက်သွားခဲ့သည်။
လင်းဖန်းအပြင်သို့လမ်းလျှောက်ပြီး သိပ်မကြာခင်မှာပဲ ဇောင်ချင်းဘို၊ မူဇောင် နဲ့ စုရီ တို့ လမ်းလျှောက်ပြီးဝင်လာကြသည်။
“ဒါကဘာလဲ?” မူဇောင်သည် ငလျင်ကြိုတင်ခန့်မှန်းချက်ကို ထောက်ပြပြီးပြောလိုက်သည်။
“ဒီဟာကထက်မြင့်ရင်စားပွဲတစ်ခုလို ဖြစ်လိမ့်မယ်။” လို့စုရီက ပြောလိုက်သည်။
ဇောင်ချင်းဘိုသည် လည်း စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သော်လည်း မကြာမီပင် သူ့ကွန်ပြူတာကို ပဲပန်၍အာရုံစိုက်လာခဲ့သည်။
…
12 နာရီမထိုးခင်ကတည်းက ကျောင်း ကော်ဖီဆိုင်မှာ လူများစွာတန်းစီနေပြီဖြစ်သည်။
12 နာရီကျော်ခဲ့ရင်တန်းစီမည့်လူကပိုတောင်များလာအုံးမည်ဖြစ်သည်။
လင်းဖန်သည် မတန်းစီချင်သောကြောင့် Lamborghini (ကား)ကို မောင်းကာ စားသောက်ဆိုင် A သို့ တိုက်ရိုက် မောင်းသွားခဲ့သည်။
ပုဇွန်ဖက်ထုပ်ကျော်၊ ထမင်းပေါင်း၊ ကြက်စွပ်ပြုတ်၊ အမေရိကန်အမဲသားကြော်.....
ယွမ် ၆၀၀၀၀ ဖြင့် ရိုးရှင်းပြီး စားလို့ကောင်းငေါ နေ့လယ်စာကြောင့်လင်းဖန်ကိုအလွန်ကျေနပ်စေသည်။
ထမင်းစားပြီးနောက် လင်းဖန် သည် စားသောက်ဆိုင် A မှ ထွက်ကာ ကျောင်းသို့ပြန်ဖို့လုပ်လိုက်သည်။
ထိုအချိန်တွင် အတန်ငယ် ရင်းနှီးသော ရုပ်ပုံကိုလင်းဖန်ကမြင်လိုက်သည်။
“စွန်းဟောင်!” လင်းဖန်က အော်ခေါ်လိုက်သည်။
စွန်းဟောင် သည် အထက်တန်းကျောင်းတွင် လင်းဖန်၏ သူငယ်ချင်းကောင်းဖြစ်သည်။
လင်းဖန်သည် နောက်ဆုံးအထက်တန်းကျောင်းတွေ့ဆုံပွဲသို့ တက်ရောက်ရခြင်းအကြောင်းရင်းမှာ စွန်းဟောင်သည် သူတွေ့ဆုံလိုသည့်လူများထဲမှ တစ်ဦးဖြစ်သောကြောင့်ဖြစ်သည်။
စွန်းဟောင်သည် အဝေးကလူတစ်ယောက်က သူ့ကိုယ် ခေါ်သံကြားလှလှည့်လိုက်သည်။
စွန်းဟောင်မသေချာမရေရာသော လေသံဖြင့် “မင်း... ကလင်းဖန် လား?”ဟုပြောလိုက်သည်။
လင်းဖန်သည်စွန်းဟောင်ကသူ့ကိုမှတ်မိနေသည်ကိုသိလိုက်ပြီး က “ဟားဟား ဟုတ်တယ်အဲ့ဒါ ငါပဲ၊ ငါတို့ ဒီမှာ ဆုံမယ်လို့ မထင်ထားဘူး”
စွန်းဟောင်ကလဲသူ့အထက်တန်းကျောင်းကသူငယ်ချင်းကိုတွေ့တွေ့မယ်ဟုမထင်ထားသောကြောင့် “ငါလည်း မမျှော်လင့်ထားဘူး!”ဟုအံ့သြသင့်စွာ ပြန်ဖြေလိုက်သည်။
လင်းဖန်က “မင်း ကျန်ပေ့ကို ဘယ်တုန်းက ရောက်နေတာလဲ”
“ငါက ကျန်ပေ့မှာနေတာလေ” ဟုစွန်းဟောင် က ပြောလိုက်သည်။
“ဘာ မင်းဘာလို့ စောစော မပြောရတာလဲ
ကျန်ပေ့ကိုရောက်နေတယ်ဆိုတာ၊မကြာသေးမီကပဲ ငါတို့အတန်းတွေ့ဆုံပွဲပါတီကိုကျန်ပေ့မှာလုပ်ခဲ့တယ်” လို့လင်းဖန်က ပြောလိုက်သည်။
စွန်းဟောင် က “ဟုတ်လား...?”
တကယ်တော့ ပါတီအကြောင်း သူသိသည်။
ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ သူစိတ်ကဒီပါတီပွဲမှာပါဝင်ဖို့ မသွားခဲ့ပေ။ဒါကြောင့်သူမသွားခဲ့ပေ။
လင်းဖန်က “ငါ ပါတီပွဲသွားခဲ့တုန်းက မင်းလိုမျိုး သူငယ်ချင်းကောင်းတချို့နဲ့လဲ တွေ့ချင်ခဲ့တာ။ ရလဒ်ကတော့တစ်ယောမှမတွေ့ခဲ့ဘူး “
“ကလင် ကလင် ကလင်’’
ထိုအချိန်တွင် စွန်းဟောင်၏ ဆဲလ်ဖုန်းသည် ဖုန်းလာတဲ့အသံ မြည်လာခဲ့သည်။
“စွန်းရှောင်ဘာကိစ္စရှိလို့လဲ” စွန်းဟောင် က ဖုန်းနဲ့ပြောလိုက်သည်။
စွန်းရှောင် သည် စွန်းဟောင်၏ ညီမဖြစ်သည်။
“အမေ မြေပြင်ပေါ် လဲကျပြီးခေါင်းကနေ သွေးတွေထွက်နေတယ်…” ဖုန်းထဲကနေငိုနေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဘာဖြစ်လို့လဲငါ အခုပြန်လာခဲ့မယ်!” စွန်းဟောင်က စိုးရိမ်တကြီးပြောလိုက်သည်။
သူ့ဘေးမှာရပ်နေတဲ့ လင်းဖန်က ဖုန်းထဲကအရာအားလုံးကို ရှင်းရှင်းလင်းလင်းကြားပြီး “ငါ့ကားက ဘေးနားမှာရှိနေတယ်၊ ငါမင်းကိုလိုက်ပို့ပေးမယ်။”
“ကျေးဇူးတင်ပါတယ်။” စွန်းဟောင် က ပြောလိုက်သည်။
ထို့နောက် လင်းဖန်သည် Lamborghini (ကား)၏တံခါးကို တိုက်ရိုက်ဖွင့်ကာ အမြန်ဝင်ထိုင်လိုက်သည်။
စွန်းဟောင်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
လင်းဖန်သည် စူပါပြိုင်ကားတစ်စီး မောင်းနှင်မည်ဟု သူ မမျှော်လင့်ထားပေ။
လင်းဖန်က “ကဲ မြန်မြန်လာ”
စွန်းဟောင်က တုံ့ပြန်ပြီး ကမန်းကတန်းဝင် ထိုင်လိုက်သည်။
ခုနကသာဖုန်းမကိုင်ခဲ့ဘူးဆိုရင် စွန်းဟောင် က စူပါပြိုင်ကားအကြောင်း ကိုမေးမှာသေချာသည်။
သို့သော် ယခုအချိန်တွင် အံ့အားသင့်စရာ အရိပ်အမြွက်မှတပါး သူမှာပို၍ စိုးရိမ်နေသည့်ကိစ္စရျိသေးသောကြောင့်မမေးပေ။
လင်းဖန်သည် စွန်းဟောင်တို့၏ အိမ်တည်နေရာကို မေးမြန်းပြီးနောက် အရှိန်မြှင့်စက်ကို နင်းလိုက်သည်။
“ဗွမ်း!”
ရုတ်တရက်ဆိုသလိုပင် Lamborghini ကားကြီးတစ်ခုလုံးသည် စမတ်ကျပြီး လျှပ်စီးလက်သကဲ့သို့ လမ်းအလယ်တွင်အရှိန်ပြင်းပြင်း မောင်းနှင်ခဲ့သည်။
မကြာခင်မှာပဲ လင်းဖန်ဟာ ကျန်ပေ့ မြို့မှာရှိတဲ့ တစ်ခုတည်းသော စက်ရုံကို ရောက်ရှိလာခဲ့သည်။(တစ်ခုတည်းက စက်ရုံအမည်ပါ)
စက်ရုံသည် ဆယ်စုနှစ်များကြာအောင် သမိုင်းရှိ သည့်စက်ရုံဟောင်းတစ် ခုဖြစ်သည်။
စွန်းဟောင်၏အိမ်သည် တစ်ခုတည်းသော စက်ရုံအလုပ်သမားများ၏ ခြံဝင်းထဲတွင် ဖြစ်သည်။
“ဗွမ်း!”
စွန်းဟောင်သည် အိမ်ထဲသို့ အပြေးဝင်လာပြီး “မေမေ၊ နေကောင်းလား”
သူမ၏ဦးခေါင်းကို ပိတ်စများဖြင့် ရစ်ပတ်ထားကာ ပိတ်စမှသွေးများ ယိုစိမ့်နေသော အမျိုးသမီးက “ကောင်းပါတယ်၊အရေပြားနည်းနည်း ခြစ်မိသွားတာပါ” ဟု ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင် အမျိုးသမီးသည်စွန်းဟောင်၏ နောက်တွင် လင်းဖန်ကိုမြင်ပြီး “ဒါက...”
လင်းဖန် က “ငါက စွန်းဟောင် ရဲ့ အထက်တန်းကျောင်း အတန်းဖော် သူငယ်ချင်းကောင်း တစ်ယောက်ပါ!”
“အဲဒါဆိုမင်းကစွန်းဟောင် ရဲ့ သူငယ်ချင်းပေါ့။ ကျေးဇူးပြုပြီး ထိုင်ပါ။ အိမ်က နည်းနည်းတော့ ရှုပ်နေတာကိုစိတ်ထဲမထားပါနဲ့၊ လက်ဖက်ရည်ဖျော်လိုက်အုံးမယ်” အမျိုးသမီးက ပြောပြီးတာနဲ့ ကော်ဖီ စားပွဲဆီကို လျှောက်သွားလိုက်သည်။
စွန်းဟောင်က “မေမေ၊ ငါလဲကူညီပေးမယ်”ဟုပြောလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး