← Chapters

ခဏနေပါအုံး

Vol. 9 Ch. 126

ခဏနေပါအုံး

Vol. 9 Ch. 126

စွန်းဟောင်၏အိမ်ရှိ ပရိဘောဂများသည် အတော်လေးဟောင်းနေပြီဖြစ်သော်လည်း အလွန်အလွန်သပ်စွာထား ထားသည်။

စွန်းဟောင်၏အမေသည်လက်ဖက်ရည်ကိုလာချပေးပြီးနောက်မီးဖိုချောင်သို့ဝင်သွားလိုက်သည်။

လင်းဖန်သည် အလွန်စိတ်အေးလက်အေးနှင့် လက်ဖက်ရည်သောက်ရင်း သက်တောင့်သက်သာရှိသည်။

ထိုအချိန်တွင် မီးဖိုချောင်မှ ဟင်းချက်သံ များထွက်ပေါ်လာခဲ့သည်။

ထို့နောက် မွှေးရနံ့တစ်ခု သည်မကြာခင်မှာပဲလွင့်ပျံလာခဲ့သည်။

ခဏအကြာတွင် ချမ်လီနှင့် စွန်းရှောင် တို့သည် မိသားစုအငွေ့အသက်ဖြင့် ပန်းကန်ပြားများကို ယူဆောင်လာပြီး ဧည့်ခန်းရှိ စားပွဲပေါ်တွင် တင်ထားကြသည်။

ငရုတ်ကောင်းစိမ်းပါးပါးလှီးနဲ့ကျော်ထားတဲ့ ဝက်သား၊ ပင်လယ်ရေဘဝဲစွပ်ပြုတ်၊ သခွားသီးဝက်ပေါင်ခြောက်၊ ခရမ်းချဉ်သီးသုပ်နှင့် ကြက်ဥကျော်...

“လင်းဖန်၊ လာထိုင်” ချမ်လီက လင်းဖန်ကိုပြောလိုင်သည်။ ပြောလိုက်သည်။

လင်းဖန် က “ဟုတ်အန်တီလီ!”

လင်းဖန်သည်နေ့လယ်စာစားပြီးပြီဖြစ်သည်။

ဒါပေမယ့် စားပွဲပေါ်က မွှေးရနံ့တွေ သင်းပျံ့လွန်းသောကြောင့်မစားပဲမနေနိုင်ပေ။

လင်ဖန်းသည် ဗိုက်ပြည့်၍ မစားနိုင်တော့သည့်တိုင်အောင် အနည်းငယ် ထပ်စားချင်ခဲ့သည်။ဒါပေမဲ့လဲသူ့ဗိုက်ကမနိုင်သောကြောင့်သာလက်လျှော့လိုက်သည်။

လင်းဖန်က “အန်တီ၊ မင်းရဲ့ ဟင်း​ချက်လက်ရာကအတော်ကောင်းတယ်!”

ချမ်လီက ဝမ်းသာအားရနဲ့ “ဒါဆို ငါ တို့စီခဏခဏလာစားလို့ရတယ်!”

“ဒါဆို အဒေါ်ကို အရင်ကျေးဇူးတင်ပါတယ်ဗျ” လင်းဖန်က ပြောလိုက်သည်။

ထမင်းစားသောက်ပြီးနောက် ခဏတာ စကားစမြည်ပြောနေကြပြီး မိသားစုလိုပင် နွေးထွေးပြီး လိုက်ဖက်ညီလွန်းလှသည်။

ဒီအချိန်မှာ လင်းဖန် က “အန်တီရဲ့ခြေထောက်ကဘာဖြစ်နေတာလဲဗျ”

ချမ်လီက သက်ပြင်းချလိုက်ပြီး “လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ့ခြေထောက်အရိုးတွေ ကျိုးသွားခဲ့တယ်။ခြေထောက်ကပြန်ကောင်းလာပေမဲ့အရင်ကလောက် ငါ ခြေထောက်ခွန်အားကိုမစိုက်နိုင်တော့ဘူး...”

“ဒီလိုမှမဟုတ်ရင် စွန်းဟောင် ရဲ့အဖေဆုံးသွားရင်တောင် စွန်းဟောင်နဲ့ စွန်းရှောင်တို့ ပင်ပန်းနေစရာမလိုဘူး။”

ဒီအကြောင်းပြောရင် အိမ်ရဲ့အငွေ့အသက်က နည်းနည်းမှုန်မိုင်းလာခဲ့သည်။

လင်းဖန်က “ခြေထောက်ပြဿနာဆိုတော့... ဒီမှာ ဆေးတစ်ပုလင်း ရှိတယ်။ အာနိသင်ကလဲကောင်းတယ်လို့ ကြားတယ်။ အန်တီသောက်ကြည့်လေ”

ထို့နောက် လင်းဖန် သည် ဆေးရည်တစ်ပုလင်းဝယ်ယူရန် ယွမ် ၁၀ သန်းသုံးစွဲခဲ့သည်။

လင်းဖန်သည် ယနေ့တွင် ငွေပြတ်လတ်မည်မ မဟုတ်ပေ။

စွန်းဟောင်က သူ့သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ပြီး အရင် ကျောင်းတက်တုန်းက လဲသူ့ကိုယ်ကူညီပေးခဲ့ဖူးသည်။

ထို့ကြောင့် လင်းဖန်က ပြန်လည်ကူညီရန် ဆန္ဒရှိခဲ့သည်။

ချမ်လီသည် ဆေးပုလင်းငယ်တစ်ခုဖြစ်ကြောင်း သူမြင်ခဲ့ပြီး ၎င်းသည် မည်သည့်အကျိုးသက်ရောက်မှုမှရှိမည်ဟုသူမ မထင်ခဲ့ပေ။

ဘာလို့လဲဆိုသူမ၏ခြေထောက်ဒဏ်ရာမှာနှစ်တော်တော်ကြာနေပြီဖြစ်သောကြောင့်ပင်ဖြစ်သည်။

သို့သော် ချမ်လီသည် အလွန်ပျော်ရွှင်နေသေးသည်။ ဘာလို့ဆိုဒါက သူ့သားရဲ့ သူငယ်ချင်းရဲ့ ဆန္ဒမို့လို့ပင်ဖြစ်သည်။

“လင်းဖန် ကျေးဇူးတင်ပါတယ်”

ထို့နောက် သူမက “အဲဒါကိုဘယ်လိုသောက်ရတာလဲ’’ဟုမေးလိုက်သည်။

“အန်တီ၊ဒါကိုအဖုံးဖွင့်ပြီးတိုက်ရိုက်သောက်လိုက်ယုံပဲ” ဟု လင်းဖန်က ပြောလိုက်သည်။

“ကောင်းပြီ။” ချမ်လီသည် မဆိုင်းမတွ ခေါင်းညိတ်ကာ တိုက်ရိုက်သောက်လိုက်သည်။

ပြီးနောက် စကားစမြည်ပြောနေကြပြန်သည်။

ထိုအချိန်တွင် အပြင်ဘက်ကနေခြေသံများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် လုံခြုံရေး အစောင့်အကြပ် အများအပြား ဝင်ရောက်လာကြသည်။

မုတ်ဆိတ်မွေးတစ်လက်မရှည်သော ဇူခိုင်ဝေဟုခေါ်သော လူလတ်ပိုင်းအရွယ် သည်ရှေ့တွင်ရပ်ပြီး ပြုံးကာ “အိုး၊ မိသားစုအားလုံး စုံနေတာပဲ” ဟု ပြောလိုက်သည်။

သူပြော ပြီးသည်သည်အိမ်ထဲရှိလေထုသည် ချက်ချင်းပင် အေးခဲလာသည်။

ချမ်လီ၏မျက်နှာမှာ အနည်းငယ်ရုပ်ဆိုးနေပြီး “ကြီးကြပ်ရေးမှူး ခိုင်ဝေ၊ ဒီနေ့ ဧည့်သည်ရှိနေလို့ ၊ ​​တစ်ခုခုရှိခဲ့ရင် နောက်တစ်ခေါက်မှလာခဲ့လေ”

ဒါပေမယ့် ခိုင်ဝေက အပြင်မထွက်ဘဲ သူ့က “ဒါက ကိစ္စကြီးမဟုတ်ဘူးဆိုရင် ငါ သေချာပေါက် ထွက်သွားမှာပါ” လို့ ပြောလိုက်သည်။

ခေတ္တနားပြီးနောက် ခိုင်ဝေသည် စာရွက်စာတမ်းတစ်ခုအား ထုတ်ပြပြီး ပိုမိုလေးနက်သောလေသံဖြင့် “တစ်ခုတည်းသောစက်ရုံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ၊ ဝန်ထမ်းအရေအတွက်ကလဲ အဆက်မပြတ်တိုးမြင့်လာတာကြောင့်ဝန်ထမ်းနေရာထိုင်ခင်း ပြတ်လပ်မှုကြီးကြီးမားမားရှိနေခဲ့သည်။”

“စက်ရုံခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်အရ စွန်းလောင်ရဲ့ ဝန်ထမ်းအိပ်ဆောင်ကို ပြန်ယူသင့်ပြီး အိပ်ဆောင်မှာရှိတဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို ချက်ခြင်း ထွက်ခွာဖို့ တောင်းဆိုထားပါတယ်။”

ဖတ်ပြီးတဲ့နောက်ခိုင်ဝေက “ချမ်လီ၊ မင်း စက်ရုံမှာပြောင်းရွှေ့ စာရွက်စာတမ်းမရှိဘူးလို့ ပြီးခဲ့တဲ့ တစ်ကြိမ်က ပြောခဲ့တယ်၊ ဒါကြောင့် ငါတို့ကို မရွှေ့ခိုင်းခဲ့ဘူး။ အခု စာရွက်စာတမ်းလဲရှိနေပြီဆိုတော့ ပြောင်းရွှေ့သင့်ပြီမလား”

ချမ်လီက ဒေါသတကြီးနဲ့ “ဒါက စက်ရုံကနေ ငါတို့မိသားစုအတွက် ခွဲဝေပေးတဲ့ အိမ်လေ၊ ငါတို့ စွန်းလောင်က အလုပ်ကြောင့် သေသွားခဲ့တယ်လေ”

“ငါ့လူကသေတဲ့အထိလုပ်ပေးထားတာတောင်မလုံလောက်သေးဘူးလားကြီးကြပ်ရေးမှူးခိုင်ဝေ၊ငါတို့ကိုထွက်သွားခိုင်တာက အရမ်းယုတ္တိမရှိဘူးလို့ မထင်ဘူးလား”

အလုပ်အတွက် သူမယောကျာ်းဆုံးပါးသွားကာ ယခု အိမ်ကိုလည်း စွန့်လွတ်ရမှာတဲ့လား။

ဒါအရမ်းရက်စက်တယ်။

ချမ်လီသည်ထိုအကြောင်းကို ပိုတွေးလေလေ၊ ဒေါသပိုထွက်လေလေဖြစ်သည်။နောက်ထပ်တွေးလေလေ၊ ဝမ်းနည်းလာကာ မျက်ရည်များပင် စီးကျလာလေသည်။

ဇူခိုင်ဝေက “စွန်းလောင်ကွယ်လွန်သွားတုန်းက လျော်ကြေးနဲ့ ထောက်ပံ့ကြေးတွေ ရခဲ့တယ်မဟုတ်ဘူးလား”

“အဲဒီတုန်းက မင်းကိုမောင်းထုတ်ဖို့လုပ်ခဲ့တယ်။ ဒါပေမယ့် မင်းကို ကိုယ်ချင်းစာလို့ အခုအချိန်အထိ မင်းကို နေထိုင်ခွင့်ပေးခဲ့တာ။”

“အခုခေတ်မှာ စက်ရတွေမှာ အိမ်ရာတွေ အလုံအလောက်မရှိလို့ အပြီးတိုင် ရွှေ့ခိုင်းဖို့ လိုတယ်။”

ချမ်လီက ပိုလို့တောင် ဒေါသထွက်လာပြီး စကားပြောချင်ပေမယ့် ပြင်းပြင်းထန်ထန် ချောင်းဆိုးလာခဲ့သည်။

စွန်းရှောင်က ချမ်လီ ကို ဆောလျင်စွာ ထောက် မပေးပြီး “မေမေ အဆင်ပြေရဲ့လား?”

စွန်းဟောင်က “ထွက်သွားဆိုတာကဘာကိုဆိုလိုတာလဲ။ ငါတို့မိသားစုက စက်ရုံနဲ့ အိမ်ရာစာချုပ်ချုပ်ဖူးတယ်လေ”

စကားပြောနေစဉ်တွင် အဝါရောင်ရှိသော စာရွက်စာတမ်းတစ်ခုကို ထုတ်ယူလိုက်သည်။

ဒါကိုမြင်တော့ ဇူခိုင်ဝေရဲ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

ထိုကဲ့သို့ စာချုပ်ရှိကြောင်းကိုလည်း သူသိသော်လည်း ယခင်အကြိမ်အနည်းငယ်က သူရောက်လာသောအခါ ချမ်လီက ၎င်းကို လုံးဝမပြခဲ့ပေ။

ထို့ကြောင့် ဇူခိုင်ဝေသည် ဤစာရွက်ကိုပျောက်ဆုံးသွားသည်ဟု ထင်ခဲ့သည်။

သို့သော် စာချုပ်ပါ အကြောင်းအရာကို မြင်ပြီးနောက် တိတ်တဆိတ် သက်ပြင်းချမိလိုက်သည်။

“ဟုတ်ပါတယ်၊ ဒါက စက်ရုံက ချုပ်ဆိုထားတဲ့ စာချုပ်ပါ၊ ဒါပေမယ့် ဒါက နှစ် 20 အငှားစာချုပ်ပဲ ရှိသေးတယ်ဆိုတာကိုတွေ့ရတယ်။ အခု အနှစ် 20 ကျော်သွားပြီဆိုတော့ စာချုပ်က သက်တမ်းကုန်သွားပြီ။” ဇူခိုင်ဝေက ပြောလိုင်သည်။

အဲဒီနှစ်မှာ စက်ရုံက အလုပ်သမား အိပ်ဆောင်ကို တည်ထောင်ပြီး သက်ဆိုင်ရာ လက်မှတ် လုံးဝ မရှိခဲ့ပေ။(သူတို့ယခုနေတဲ့အိမ်ကအပိုင်ဒါပေမဲ့သက်ဆိုင်ရာလက်မှတ်မရှိလို့အငှားအနေနဲ့ပဲစာချုပ်ချုပ်လိုက်တာကိုပြောတာပါ)

ထို့ကြောင့် အငှားစာချုပ်တစ်ခုသာ ချုပ်ဆိုနိုင်ခဲ့သည်။

သို့သော်လည်း နိုင်ငံတော် စည်းမျဉ်းများ အရ အကြာဆုံး ငှားရမ်းချိန်သည် အနှစ် 20 ပင်ဖြစ်သည်။

ထိုအချိန်တွင် ချမ်လီ က အရှိန်လျှော့ပြီး “စာချုပ်သက်တန်းပြည့်ပြီးတဲ့အချိန်ကျရင်ခေါင်းဆောင်က သက်တန်းထပ်တိုးပေးမယ်လို့ ရှင်းရှင်းလင်းလင်းပြောခဲ့တယ်လေ”

ဇူခိုင်ဝေက “ချမ်လီ၊ မင်းတစ်ခုခုမှားနေပြီ၊ ငါတို့က တရားဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်း မှာနေနေတာလေ၊ဘာပဲဖြစ်ဖြစ် သက်သေအထောက်အထားတွေရှိရမယ်”

“စာချုပ်ထဲမှာ အလိုအလျောက် သက်တမ်းတိုးမယ်ဆိုတဲ့အကြောင်းအရာပါရင် ငါဘာမှ မပြောဘဲအခုပဲ လှည့်ထွက်သွားလိုက်မယ်။ဒါပေမဲ့အခုစာချုပ်မှာမပါဘူးလေ ..”

“ငါ အမှန်အတိုင်းပြောပြီးသွားပြီ၊ စက်ရုံခေါင်းဆောင်ကချမ်လီမင်းကို ဒီနေ့ ထွက်သွားသင့်တယ် လို့ ပြောတယ်ဆိုတာက မင်းကို အရှက်မကွဲစေချင်လို့”

ချမ်လီ က “ဒါ ငါ့အိမ်ပဲ၊ ငါ မထွက်ဘူး!”

“အဲလိုဆိုရင် ငါကလိုအပ်သလို အရေးယူရမှာပေါ့။” ဇူခိုင်ဝေ က လေးနက်စွာပြောလိုက်သည်။

စကားပြောပြီးနောက်တွင်၊ သူ့ဘေးနားရှိ လုံခြုံရေးအစောင့်များသည် နတ်ဆိုးတစ်စုကဲ့သို့ပြောင်းလဲသွားသလိုမျိုးရှေ့သို့ လျှောက်သွားကြသည်။

“ခဏနေပါအုံး!”

ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters