← Chapters

1 ပြပွဲကောင်းတစ်ခု။

Vol. 9 Ch. 127

1 ပြပွဲကောင်းတစ်ခု။

Vol. 9 Ch. 127

ထိုအသံကြားပြီးနောက် လုံခြုံရေးအစောင့်များအားလုံး ရပ်တန့်သွားသည်။

ထို့နောက် လီချန်ဒေါင် ဟုခေါ်​ပြီးတောက်ပြောင်သော မျက်နှာထားဖြင့် အလျင်အမြန်ဝင်လာခဲ့သည်။

“အန်တီချမ်၊ အစ်ကို စွန်း နဲ့ စွန်းရှောင် အားလုံးမင်္ဂလာပါ”

လီချန်ဒေါင် က ချမ်လီ နဲ့ တခြားသူတွေကို နှုတ်ဆက်ပြီး အခန်းထဲကလူ အားလုံးကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်သည်။

စွန်းရှောင်ကစက္ကန့်အနည်းငယ်ကြာအောင် ဆက်မနေနိုင်တော့ဘဲခဏအကြာတွင် သူမက“ဦးလေး ဇူး၊ စက်ရုံရဲ့ ဆုံးဖြတ်ချက်အကြောင်း ငါကြားပါတယ်။ နောက်ထပ်ဆွေးနွေးလို့ မရဘူးလား။

ဇူခိုင်ဝေက “ဒါက စက်ရုံရဲ့ စည်းမျဉ်းပဲ၊ ငါမကူညီနိုင်ဘူး”ဟုပြောလိုက်သည်။

ဇူခိုင်ဝေစကားတွေကိုကြားပြီးနောက်တွင်သူ့မ၏မျက်နှာတွင် အားကိုးရာမဲ့မှုတွေ ပြည့်နှက်နေတော့သည်။

“အိမ်ခွဲဖို့စောင့်နေတဲ့ ဝန်ထမ်းတွေ အများကြီးရှိတယ်မဟုတ်လား” လီချန်ဒေါင် ခဏလောက်စဉ်းစားပြီး “ငါ့မှာအကြံတစ်ခုရှိတယ်” လို့ပြောလိုက်သည်။

ထို့နောက် လီချန်ဒေါင်သည်စွန်းရှောင် ကိုကြည့်ကာ “ စွန်းရှောင်မင်းကနောက်နှစ်မှာတက္ကသိုလ်မှ ဘွဲ့ရတော့မယ်မလား။ ငါတို့ရဲ့စက်ရုံတွင်သာ အလုပ်လုပ်ခဲ့ရင် အဲဒါက စက်ရုံဝန်ထမ်းဖြစ်လာမယ် မဟုတ်ဘူးလား”

“အချိန်တန်ရင် ငါတို့ကမင်းတို့မိသားစုအတွက် အိမ်တစ်လုံး ခွဲပေးမယ်မဟုတ်လား”

“ဒါဆို စွန်းရှောင် နဲ့ တခြားလူတွေက အခုနေရာရွှေ့ဖို့ မလိုတော့ဘူး။”

ဇူခိုင်ဝေက တုံ့ဆိုင်းနေပြီး “စွန်းရှောင်က တက္ကသိုလ်ကနေ ဘွဲ့ရတော့မယ်ဆိုပေမယ့် ငါတို့စက်ရုံမှာ တရားဝင်ဝန်ထမ်းဖြစ်ဖို့ ကနည်းနည်းတော့ ခက်လိမ့်မယ်”

အရင်တုန်းကတော့ တစ်ခုတည်းသော စက်ရုံမှာ တရားဝင်ဝန်ထမ်းဖြစ်ဖို့ အရမ်းလွယ်သည်။ သင်တန်းအနည်းငယ်ပြီးပါက တရားဝင်ဝန်ထန်းအဖြစ်စာချုပ်ချုပ်နိုင်သည်။

သို့သော် ခေတ်ကာလ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြို့ပြလူဦးရေ အများအပြားတိုးလာခဲ့သည်။

တရားဝင်ဝန်ထမ်းအဖြစ်စာချုပ်ချုပ်ဖို့က တဖြည်းဖြည်းခက်လာခဲ့သည်။

လီချန်ဒေါင်က အေးဆေးတည်ငြိမ်တဲ့လေသံဖြင့်”ရပါတယ်၊ ငါ့အဖေက အခု အထွေထွေမန်နေဂျာဖြစ်နေပြီလေ၊ သူက စက်ရုံမန်နေဂျာဖြစ်နိုင်သလို နောင်နှစ်နှစ်အတွင်းမှာ တရားဝင်ဝန်ထမ်းရာထူးတွေကလဲ သူ့လက်ထဲမှာ ရှိနေတုန်းပဲလေ”ဟုပြောလိုက်သည်။

ဇူခိုင်ဝေက ခေါင်းညိတ်ပြီး “အထွေထွေမန်နေဂျာလီသဘောတူရင် ငါဒီသဘောကိုလက်ခံတယ်”

လီချန်ဒေါင်က စွန်းရှောင်ဘက်လှည့်ပြီး “စွနရှောင်၊ နောက်နှစ် ဘွဲ့ရပြီးရင် ငါတို့ရဲ့ တစ်ခုတည်းသော စက်ရုံကို တိုက်ရိုက်လာခဲ့လေ မင်းဒါကိုဘယ်လိုထင်လဲ “

စွန်းရှောင်သည် ခဏတာ ခက်ခဲသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ဖို့ပါးစပ်ကို ဖွင့်လိုက်သည်။

သူမသည်တစ်ခုတည်းသော စက်ရုံမှာ ကြီးပြင်းလာတယ်လို့ ပြောလို့ရသည်။

ဒါပေမယ့် အတိအကျပြောရရင် သူမက ဒီမှာ အလုပ်လုပ်ရတာ မကြိုက်ပေ။

အဘယ်ကြောင့်ဆိုသော်စွန်းရှောင် သည် တစ်ခုတည်းသော စက်ရုံတွင် သူမတစ်သက်လုံး ပိတ်မိမည်ကို မလိုလားသောကြောင့် ပင်ဖြစ်သည်။

ထို့အပြင် လီချန်ဒေါင်ကသူမကိုကြိုက်နေတယ်ဆိုတာကိုသူမသိသည်။

ပြဿနာက သူမကသူ့ကို လုံးဝမကြိုက်ပေ။

ဒါပေမယ့် သဘောမတူရင်...

သူမတစ်မိသားစုလုံး နှင်ထုတ်ခံရမှာ ကြောက်တယ်...

သူမ နှုတ်ခမ်းနီရဲရဲလေး ကိုက်လိုက်ပြီး နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချဖို့ ပါးစပ်ကို ဖွင့်လိုက်သည်။

“ပါ့ ပါ့ ပါ့!”

ထိုအချိန်တွင် သူ့ဘေးတွင် ကျယ်လောင်သော လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။

“ဒါက ကြည့်လို့ကောင်းတဲ့ပြပွဲတစ်ခုပဲ”ဟု လင်းဖန်က ပြောလိုက်သည်။

ဒီစကားထွက်လာတာနဲ့ အိမ်ထဲရှိလူတွေ အားလုံးက လင်းဖန်ကို အာရုံစိုက်လာကြသည်။

“ချန်ဒေါင်ဟုတ်တယ်မလား၊ မိန်းကလေးတစ်ယောက်ကို သဘောကျတာကမမှားပါဘူး၊ ဒါပေမယ့် သူ့ကိုရဖို့အတွက် စက်ဆုပ်ဖွယ်နည်းလမ်းတွေကို သုံးတာတော့ ရှက်စရာပဲ” လင်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

လင်းဖန် သည် ပညာရှင်အဆင့် သင်္ချာအတွေ့အကြုံရှိရုံသာမက၊ဇောင် ၏ ထင်မြင်ယူဆချက် နှင့် အမွှာ အနှစ်သာရအယူအဆကိုပင် ဖြေရှင်းနိုင်သည်။

သူ့ရဲ့ ဆင်ခြင်တုံတရားနဲ့ တွေးခေါ်နိုင်စွမ်းက သာမန်လူတွေထက် များစွာပိုကောင်းသည်။

လင်းဖန်သည် သူ့ရှေ့က အရာအားလုံးကို အလွယ်တကူ မြင်နိုင်သည်။ ၎င်းသည် အခြေခံအားဖြင့် လီချန်ဒေါင်နှင့် ဇူခိုင်ဝေတို့၏ တွဲဖက်သရုပ်ဆောင်မှုပင်ဖြစ်သည်။

ရည်ရွယ်ချက်ကတော့လီချန်ဒေါင်က စွန်းရှောင်ကို လိုချင်လို့ပင်ဖြစ်သည်။

စွန်းရှောင်သည် ကောင်းမွန်သော မျက်နှာအသွင်အပြင်နှင့် အလွန်အချိုးကျသော အသွင်အပြင်ရှိသည်။ ဒါကြောင့်လင်းဖန်သည်လီချန်ဒေါင်၏စိတ်ကိုမအံ့သြပေ။

လီချန်ဒေါင်က သူ့ရည်ရွယအချက်ကိုပြောသောအခါသူ့မျက်နှာ ရုတ်တရက် ပြောင်းသွားပြီး “ကောင်လေး၊ မင်း ဘာပြောနေတာလဲ” လို့ အော်လိုက်သည်။

“ငါကအမှန်တရားပဲပြောနေတာလေ” လင်းဖန်က ပြောလိုက်သည်။

လီချန်ဒေါင်က “ဘာကိုအမှန်တရားလဲ၊ မင်းက ဘယ်သူလဲ။ ငါ့အဖေက စက်ရုံအထွေထွေမန်နေဂျာ လီကျင် ပဲ”

လီချန်ဒေါင် ၏အမြင်အရလင်းဖန်သည် ဤနေရာတွင် ပေါ်လာပြီးကတည်းက သူသည် စက်ရုံဝန်ထမ်း၏ တစ်ဦးတည်းသောမိသားစုဝင်ဖြစ်မည်ဟုကောက်ချက်ချလိုက်သည်။

သူသာ်သူ့အဖေနာမည်ကိုပြောလိုက်ရင်တစ်ဖက်လူက ကြောက်သွားမည်ဟုထင်ခဲ့သည်။

သို့သော် သူသည် သူ့အဖေကိုအလွန်အထင်ကြီးနေသည်။

လင်းဖန် က “မင်းအဖေက လီကျင်ဆိုတော့ငါဘယ်လုပ်ရမှာလဲ။ ငါကသူ့ကိုသေးနဲ့သွားပနရမှာလား”

“ခွေးသားလေး၊ မင်းက ငါ့အဖေကို ဆူပူကြိမ်းမောင်းရဲတယ်ပေါ့” လီချန်ဒေါင် က ဒေါသတကြီး ပြောလိုက်သည်။

လင်းဖန်က ဒီလိုမျိုးပြောပြီးနောက် စွန်းဟောင်နဲ့ ချမ်လီ တို့က ပြန်တုံ့ပြန်ခဲ့သည်။

သူတို့က စွန်းရှောင်ရဲ့ နီရဲနေတဲ့ မျက်လုံးတွေကို အရင်ဆုံး ကြည့်ပြီး “ငါတို့ ကအိမ်အတွက်နဲ့ငါတို့သမီးကို ဘယ်တော့မှ မရောင်းစားဘူး!”

“လီချန်ဒေါင် အခုထွက်သွား!” စွန်းဟောင် က အော်ပြောလိုက်သည်။

လီချန်ဒေါင်ကသူပြောတာကိုနားမထောင်တဲ့အတွက် ကစိတ်ဆိုးပြီး “ကျွန်တော်က ရည်ရွယ်ချက်ကောင်းနဲ့ ကူညီဖို့ လာခဲ့တာပါ။ မင်းက ငါ့ကို အော်ဟစ်ပြီး ဒီကောင်ရဲ့ မိုက်မဲတဲ့စကားတွေကြောင့် ထွက်သွားစေချင်တာလား”

“ရတယ်၊နောက်မှငါ့ကိုလာ မတောင်းပန်နဲ့!”

“အန်ကယ် ဇူ၊ စက်ရုံစည်းကမ်းအတိုင်း လုပ်ပါ!”

စကားပြောပြီးနောက် လီချန်ဒေါင်သည် ထွက်ခွာမလို့လုပ်လိုက်သည်။

“အစ်ကို လင်းလား?” အပြင်ဘက်တွင် အံ့သြတကြီး အသံ ထွက်ပေါ်လာသည်။

ထို့နောက် စုလင်းဟို နှင့် အဖြူရောင်ရှပ်အင်္ကျီဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဝင်လာခဲ့သည်။

လင်းဖန်ကိုမြင်ပြီးနောက်စုလင်းဟိုက “အစ်ကို့ လင်း ရဲ့ကားကို အပြင်မှာတွေ့လို့ဝင်ခဲ့တာ၊အမှန်တကယ် အစ်ကို လင်း ဖြစ်မယ်လို့မထင်ထားဘူး!”

လင်းဖန်သည်လည်း အနည်းငယ် အံ့အားသင့်သွားပြီး “စုလင်းဟိုလားငါလဲမင်းနဲ့တွေ့ဖို့မမျှော်လင့်ထားဘူး” လို့ပြောလိုက်သည်။

လင်းဖန်၏ အံ့သြသင့်မှုနှင့် ဆန့်ကျင်ဘက်တွင် လီချန်ဒေါင်၊ ဇူခိုင်ဝေနှင့် အခြားသူများမှာ အလေးအနက်ထားကာ “မင်္ဂလာပါ ဒါရိုက်တာ!”ဟုနှုတ်ဆက်လိုက်ကြသည်။

စုခင်းဟို နှင့် ပန်ဘန်ဟုခေါ်သော လူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်ရှိ စက်ရုံ၏ ဒါရိုက်တာဖြစ်သည်။

ပန်ဘန်က လူများစွာကို နှုတ်ဆက်သည်ကိုမြင်ကြီး ခေါင်းညိတ်ပြလိုက်သည်။

စုလင်းဟိုက “အစ်ကို လင်း၊ မင်းဘာလို့ တစ်ခုတည်းသော စက်ရုံကို လာတာလဲ။ တစ်ခုခုကိစ္စရှိလို့လား။”

လင်းဖန်က “ကိစ္စကြီးမဟုတ်ပါဘူး၊ ဒီချန်ဒေါင်လို့ခေါ်တဲ့လူက ငါ့သူငယ်ချင်းကောင်းရဲ့မိသားစုကိုကြီးကြပ်ရေးမှူးခိုင်ဝေကနေ ငါ့သူငယ်ချင်းကောင်းမိသားစုကို ဖယ်ထုတ်ဖို့ခိုင်းစေခဲ့တယ်”

“ဘာ?” စုလင်းဟို၏မျက်နှာမှာ နစ်မြုပ်သွားပြီး သူ၏မျက်လုံးများက ချွန်ထက်သောမြှားများအဖြစ်ပြောင်းလဲသွားသကဲ့သို့ လီချန်ဒေါင်၊ ဇူခိုင်ဝေ နှင့် အခြားသူတွေကို စိုက်ကြည့်လိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters