← Chapters

စိတ်ပျက်အားငယ်နေသောလီကျင်

Vol. 9 Ch. 128

စိတ်ပျက်အားငယ်နေသောလီကျင်

Vol. 9 Ch. 128

စုလင်းဟိုက အေးစက်စွာဖြင့် “အရင်က စက်ရုံတွေမှာ ဒီလိုမျိုးကိစ္စတွေ ကြုံဖူးပုံမပေါ်ဘူး။ ဒါရိုက်တာပန်က စက်ရုံကို ကောင်းကောင်းမစီမံမခန့်ခွဲနိုင်ရင် ပိုစွမ်းဆောင်နိုင်တဲ့သူကိုပဲပြောင်းလဲလိုက်တာ ကပိုကောင်းမယ်ထင်တယ်။”

ဒါကို ကြားပြီးတာနဲ့ ပန်ဘန်ရဲ့ နဖူးမှာ အေးစက်တဲ့ ချွေးတွေထွက်လာခဲ့သည်။

စုလင်းဟိုသည်အကောင်ကြီးကြီး၏သားဖြစ်သည်။

လူအများ၏အမြင်တွင် စက်ရုံဒါရိုက်တာအဖြစ် သူ၏အထောက်အထားသည် သာလွန်ကောင်းမွန်သောတည်ရှိမှုအဖြစ်ဟုထင်ကြသည်။

သို့သော် စုလင်းဟိုအတွက်ကတော့သူကပုရွတ်ဆိတ်သာသာ ရှိသည်ကိုဆိုတာကိုသိသည်။

ပန်ဘန်က ထိတ်လန့်တကြားဖြင့် “ဒါ... ဒီကာလအတွင်းမှာ ကျွန်တော်ကစျေးကွက်ဖွံ့ဖြိုးဖို့ အတွက်အလုပ်ရှုပ်နေခဲ့ပြီး ရလဒ်အနေနဲ့ လက်အောက်က ဝန်ထမ်းတွေရဲ့ စီမံခန့်ခွဲမှုကို သေချာမလုပ်နိုင်ခဲ့ဘူး..”

“ဒီကိစ္စက ကျွန်တော်အလုပ်ကောင်းကောင်းမလုပ်ခဲ့တာဖြစ်တဲ့အတွက်စုလင်းဟို နဲ့ အစ်ကို လင်းကိုကျေနပ်လောက်တဲ့ အဖြေတစ်ခုပေးမှာပါ”

ထို့နောက် ပန်ဘန်က “ဇူခိုင်ဝေ၊ ဒီမှာဘာဖြစ်နေတာလဲ?”

“ဒီ... ဒါ...” ဇူခိုင်ဝေ က တအံ့တသြပြောပေမယ့် ဘာမှမပြောထွက်ခဲ့ပေ။

လင်းဖန်က သူ့ခေါင်းကို စောင်းလိုက်ပြီး “စွန်းဟောင် ၊ ဒီဇူခိုင်ဝေ က ရှင်းရှင်းလင်းလင်း မပြောတဲ့အတွက် မင်း သူ့ကို အခုဖြစ်ခဲ့တဲ့အကြောင်းပြောဖို့ ကိုကူညီပေးနိုင်မှလား”

စွန်းဟောင်ခေါင်းညိတ်ပြီးအသက်ပြင်းပြင်းရှူပြီးဖြစ်ပျက်ခဲ့တဲ့ဟာတွေအားလုံးကိုပြောပြလိုက်သည်။

ပန်ဘန်သည်စွန်းဟောင်၏စကားများကိုကြားပြီးနောက်”ခြိမ်းခြောက်ပြီး၊ မောင်းထုတ်တာလား?! ကောင်းတယ် ကောင်းတယ် စက်ရုံတည်ဆောက်ဖို့အတွက် သူတို့ရဲ့ အသက်ကို မြှုပ်နှံထားတဲ့ သူရဲကောင်းတွေကို မင်းတို့က ဘယ်လိုဆက်ဆံနေတာလဲ၊ လူယုတ်မာတွေရဲ့!”

ထို့နောက် သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို ဆက်တိုက်ခေါ်လိုက်သည်။

“လီကျင်၊ ငါအခုဝန်ထမ်းအဆောင်မှာရောက်နေတယ်၊ ဒီကိုမြန်မြန်လာ”

ထို့နောက်တွင်၊ ပန်ဘန်က နောက်ထပ်ဖုန်းခေါ်ဆိုမှု နှစ်ကြိမ်ပြုလုပ်ပြီး “မင်းတို့လီကျင်ရဲ့ အကျင့်ပျက်ချစားထားတဲ့စာရွက်စာတမ်းကို ငါ့စီချက်ချင်းယူလာခဲ့”လို့ပြောပြီးဖုန်းချလိုက်သည်။

ဖုန်းချပြီးခဏအကြာတွင်ခဏအကြာတွင် သက်လက်ပိုင်းအမျိုးသားတစ်ဦး လမ်းလျှောက်ပြီးဝင်လာခဲ့သည်။

သူကတော့ လီကျင်ပင်ဖြစ်သည်။

လီကျင်သည် သူ့ရှေ့ရှိအခြေအနေများကို မြင်လိုက်သောအခါတွင် သူ့စိတ်ထဲတွင်ဘာတွေဖြစ်နေတယ်ဆိုတာကိုချက်ချင်းရိပ်မိလိုက်သည်။

သို့သော်လည်း လီကျင်သည် အလွန်ကြောက်ရွံ့ခြင်းမရှိပေ။

ဘာလို့လဲဆိုတော့ သူ မှာအကြောင်းပြချက် အဆင်သင့်ရှိနေသောကြောင့်ဖြစ်သည်။

ပန်ဘန်ကိုရှင်းပြချက်ပေးလိုက်ရင်သူကိုယ်ယုံကြည်မည်လို့ထင်လိုက်သည်။

“ဒါရိုက်တာ ပန်၊ ကျွန်တော် ဒီရက်ပိုင်း အချိန်အများကြီးပေးပြီး ဝန်ထမ်းအိပ်ဆောင် မှာရှိတဲ့လူတွေကိုစစ်ကြည့်လိုက်တော့ အလုပ်မလုပ်ဘဲနေနေတဲ့အခန်း ၁ ခန်းကို တွေ့ခဲ့တယ်...”

“ဒါတွေဟာ ငါတို့ရဲ့ တစ်ခုတည်းသော စက်ရုံရဲ့ပိုင်ဆိုင်မှုတွေဖြစ်ပြီး အသင့်လျော်ဆုံးနည်းလမ်းနဲ့ အသုံးပြုသင့်တယ်...”(အလုပ်မလုပ်တဲ့အတွက်အိပ်ဆောင်မပေးဘူးလို့ဆိုလိုတာပါ)

လီကျင်သည် သူ့တာဝန်များကို ဘယ်လိုကျေပွန်အောင် ထမ်းဆောင်တာလဲဆိုတဲ့အကြောင်းတွေကိုပြောနေလိုက်သည်။

ပန်ဘန်သည် သူ့ဘက်သို့ပြောင်းမည်ဟု သူယုံကြည်ခဲ့သည်။

သို့သော် ဤသည်မှာ သူ၏ စိတ်ကူးယဉ် အတွေးမျှသာ ဖြစ်သည်။

ပန်ဘန် က “မင်းကလူမဆန်တဲ့ကောင်ပဲ သူတို့က စက်ရုံမှာ အသက်စွန့်ခဲ့တဲ့ အလုပ်သမားတွေရဲ့ မိသားစုဝင်တွေကို မင်း အတင်းအကြပ် မောင်းထုတ်ရတဲ့ အကြောင်းရင်းလား”

လီကျင်သည် ပန်ဘန်ကသူ့ကို ဤမျှ ကြမ်းတမ်းစွာ ပြောမည်ဟု မမျှော်လင့်ထားသောကြောင့်သူ့နှလုံးအနည်းငယ် ခုန်သွားခဲ့သည်။

“မင်းကြောင့်ငါတို့ စက်ရုံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ လီကျင် မင်းအခုကစပြီး မင်းဟာ ဒီစက်ရုံရဲ့ အထွေထွေမန်နေဂျာ မဟုတ်တော့ဘူး!” ပန်ဘန်က ပြောလိုက်သည်။သည်။

ပန်ဘန်သည် စုလင်းဟို ၏ အေးစက်သော စကားများကို ယခုပင် မှတ်မိနေသေးသည်။

စုလင်းဟို နဲ့ လင်းဖန်တို့ မကျေနပ်ရင် သူအတွက်မကောင်းဘူးဆိုတာကို သူသိသည်။

ဒါကြောင့်သူက တရားခံ ဖြင်တြဲ့လီကျင်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမည်ဖြစ်သည်။

လီကျင် က “ဘာ ၊ ဒါရိုက်တာ ပန် ငါက စက်ရုံပိုင်ပစ္စည်းတွေကို ကျိုးကြောင်းဆီလျော်စွာ သုံးဖို့ပဲ စဉ်းစားနေတာ။ လူတချို့ရဲ့ စကားကို မင်းနားမထောင်သင့်ဘူး”

“ဒါ့အပြင်၊ ငါကဒီစက်ရုံအတွက် နှစ်တွေ အများကြီး အလုပ်လုပ်ပေးခဲ့ပြီးပြီ၊ ဒါရိုက်တာ ပန် ဒါကြောင့်မင်း ငါ့ကို ပြီးစလွယ်အလုပ် မထုတ်နိုင်ဘူး!”

လီကျင်သည်ပန်ဘန်ကသူကိုအပြစ်တင်ကြိမ်းမောင်းမည်ဟုသာထင်ခဲ့သည်။ သူ့ကိုယ်အလုပ်ကနေတိုက်ရိုက်ထုတ်ပယ်ဖို့ မမျှော်လင့်ထားပေ။

သို့သော်လည်း လီကျင် မထင်မှတ်ထားသည့်အရာသည် ဒါကအစသာ ရှိတယ်ဆိုတာပင်ဖြစ်သည်။

ထိုအချိန်တွင် သကလတ်ပိုင်း အမျိုးသမီးတစ်ဦးသည် ဒေါက်မြင့်ဖိနပ်စီးကာ ဝင်ရောက်လာခဲ့သည်။

“ဒါရိုက်တာ ပန် ဒါက မင်းလိုချင်တဲ့ စာရွက်စာတမ်းပါ။”

စကားပြောနေစဉ် အမျိုးသမီးက စက္ကူအိတ်ကို လက်နှစ်ဖက်ဖြင့် ထုတ်ပေးလိုက်သည်။

ပန်ဘန်သည် အတွင်းမှ စာရွက်စာတမ်းများကို ထုတ်ယူပြီး “၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင်၊ တန်ဖိုး ၁ သန်းရှိသော MIV စက်ကိရိယာများကို စက်ရုံမှ ယွမ် ၂၀၀,၀၀၀ ဖြင့် ရောင်းချခဲ့သည်။

“2013 ခုနှစ် နိုဝင်ဘာလတွင်၊ ကျွန်ုပ်တို့သည် ညံ့ဖျင်းသောထုတ်ကုန် 700,000 ကိုဝယ်ယူရန်အတွက်၂သန်းပေးခဲ့ပေမဲ့ 200,000 ဖြင့်သာဝယ်ယူခဲ့သည်။”

“၂၀၁၄ ခုနှစ် မေလမှာ စက်ရုံအမှတ် ၅ အဆောက်အဦးကို တည်ဆောက်ခဲ့ရန်အတွက်ယွမ်၈သန်းပေးခဲ့ပေမဲ့ ယွမ်လေးသန်းသာအသုံးပြခဲ့သည်။

ဤစကားသံကြားပြီးနောက်၊ လီကျင် ၏တစ်ကိုယ်လုံး အေးစက်ပြီး ချွေးစေးများထွက်ကာ သူ့အဝတ်အစားများ လျင်မြန်စွာ စိုစွတ်နေပြီး သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့လာသည်။

အဘယ်ကြောင့်ဆိုသော် ဤအရာများသည် သူပြုလုပ်ထားအရာများပင် ဖြစ်သည်။

ပန်ဘန်က အေးစက်စွာပြောသည် ‘’လီကျင်၊ ဒါတွေက စက်ရုံအတွက် လုပ်ပေးခဲ့တာလား။”

“ပန်... ဒါရိုက်တာ ပန်မင်း... ငါ့ရဲ့ရှင်းပြချက်ကို နားထောင်ပေးပါအုံး...” လီကျင်က ထိတ်လန့်တုန်လှုပ်သွားပြီးရှင်းပြမည်ဟုပြောလိုက်သည်။

သို့သော် သူ့တွင်မည့်သည့်ရှင်းလင်းချက်မှမရှိခဲ့ပေ။

“ဝီငြော် ဝီငြော် “

ထိုအချိန် အပြင်ဘက်ကနေရဲဥဩသံများ ထွက်လာပြီး သန်မာသော စုံစမ်းစစ်ဆေးရေးမှူးနှစ်ဦး လျင်မြန်စွာ ဝင်လာခဲ့သည်။

ပန်ဘန်က “ရှင်းပြချင်တယ်ဆိုရင်ဒီရဲနှစ်ယောက်စီမှာရှင်းပြနိုင်သည်!”

စကားပြောပြီးနောက် သူသည် အချက်အလက်များကို ရဲလက်ထဲကိုအပ်လိုက်ပြီး “ကပ္ပတိန် လီ၊ငါ မင်းကို ဒုက္ခပေးမိပြီ။”ဟုပြောလိုက်သည်။

“ဘုတ်!”

လီကျင် သည် နောက်ဆုံးတွင် သူ၏ခြေထောက်များပျော့ပျောင်းလာပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

အထွေထွေမန်နေဂျာအဖြစ် အလုပ်ပြုတ်သွားရုံသာမကဘဲ... ထောင်လည်းကျသွားခဲ့သည်။

ပြီးပါပြီ၊ ပြီးပါပြီ။

ထို့နောက် ပန်ဘန် က “ဆရာစု၊ အစ်ကို လင်း၊ ဒီအ​ပစ်ပေးမှုကို မဘယ်လိုထင်လဲ။”

စုလင်းဟိုက ဘာမဖြေဘဲ လင်းဖန်ကို ကြည့်သည်။

လင်းဖန်ကလဲ “စွန်းဟောင်၊ဒါကိုမင်းဘယ်လိုထင်လဲ”

“အာ...အာ...အင်း...” စွန်းဟောင်က ခေါင်းညိတ်ပြီးတုန်လှုပ်သောလေသံဖြင့်ပြောလိုက်သည်။

သူ့ကိုယ်သူ ဤအဖြစ်အပျက်ကနေရုန်းမထွက်နိုင်ဘဲ တုန်လှုပ်နေဆဲဖြစ်သည်။

စက်ရုံရဲ့ အထွေထွေမန်နေဂျာက သူ့ရှေ့မှာ အလုပ်ထုတ်ခံရပြီးအဖမ်းခံလိုက်ရတာလား။

ဒီနေ့ စုလင်းဟိုနဲ့ လင်းဖန်တို့ကျေနပ်၊မကျေနပ်နိုင်ဘူးလားဆိုတာ စွန်းဟောင်ရဲ့မိသားစုအပေါ်မှာမူတည်တယ်ဆိုတာပန်ဘန်ကချက်ချင်း နားလည်လိုက်သည်။

ဒါကြောင့် ပန်ဘန်ပ “စွန်းလောင်က သူ့အသက်ကို စက်ရုံအတွက် ပေးခဲ့ပေမယ့် သူ့မိသားစုကို ဒီလောက် ရိုးရှင်းတဲ့ နေရာမှာ နေထိုင်ခွင့်ပေးလိုက်တာက ငါတကယ်ကို ကောင်းကောင်း အလုပ်မလုပ်နိုင်ခဲ့​ဘူးပဲ။

“ငါတို့စက်ရုံမှာရှိတဲ့အကောင်းဆုံးအိမ်ရာထဲကအိမ်တစ်လုံးကိုပေးမယ်။”ဟုပြောလိုက်သည်။

..........

ထိုအချိန်တွင် လီကျင်သည် ယနေ့တွင်ဤသို့ဖြစ်ရသည်မှာသူ့သားကြောင့်ဆိုတာကိုသိလိုက်သည်။

ဒါကိုတွေးပြီး လီကျင်က ရှေ့ကို လှမ်းပြီးလီချန်ဒေါင်ရဲ့ မျက်နှာကို ပါးရိုက်လိုက်ပြီး “မင်း ဘာကောင်းကျိုးမှမပေးတဲ့ငမိုက်သားပဲ”

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters