“PNAS” တွင် ပါဝင်ခြင်း
Vol. 9 Ch. 129
လီကျင်ကို စုံစမ်းဖော်ထုတ်ပြီး ဇူခိုင်ဝေနှင့်လီချန်ဒေါင်တို့ကို နှင်ထုတ်ပြီးနောက် စွန်းဟောင် ၏အိမ်အတွင်းအရေးကိစ္စများလည်း ပြီးဆုံးသွားခဲ့သည်။
ပန်ဘန်ကစွန်းဟောင်တို့ဘက်လှည့်ပြီး “ငါ့လက်အောက်ငါသားကြောင့်ဖြစ်သွားတဲ့အတွက်စိတ်မကောင်းပါဘူး”ဟုတောင်းပန်တဲ့လေသံနဲ့ပြောလိုက်သည်။
ထို့နောက် လက်ပတ်နာရီကို ငုံ့ကြည့်ကာ “တောင်းပန်တဲ့အနေနဲ့ကျနော်စားသောက်စာမှာလိုက်ကွေးချင်လို့ရလားဗျ’’ဟုမေးလိုက်သည်ယ။
စကားပြောပြီးနောက်လင်းဖန်ကို စိုက်ကြည့်နေလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ပြီး “ရပါတယ်” ဟုပြောလိုက်သည်။
ပန်ဘန်သည် ထိုစကားကိုကြားပြီးမှာ သက်ပြင်းတစ်ချက်ချလိုက်သည်။
လင်းဖန်သည် အတူတူစားရန် သဘောတူလိုက်သရွေ့ သူ့ကိုင်တွယ်မှုရလဒ်ကို ကျေနပ်ကြောင်း သက်သေပြခဲ့သည်။
ကျန်ပေ့ ဖန်ကယ်လီဟိုတယ်၊ အခန်း 888
စားပွဲဝိုင်းတွင် အမေရိကန်အမဲသား၊ သြစတြေးလျပုဇွန် စသဖြင့် ဟင်းပွဲကြီးများ အပြည့်ရှိသည်။
စွန်းဟောင်တို့မိသားစုတွေက ဒီလိုဈေးကြီးတဲ့ ဟင်းတွေကို မစားဖူးကြပေ။
ပထမတော့ အနည်းငယ် ထိန်းပြီးစားပေမယ့် လင်းဖန်က သူတို့ကို အသားတွေအကြိမ်အနည်းငယ် ထည့်ပေးပြီးတဲ့ နောက်မှာတော့ စိတ်လွှတ်ကိုယ်လွှတ်စားလိုက်ကြတော့သည်။
စားပြီးသည်နှင့်လင်းဖန်တို့သည်ဖန်ကယ်လီဟိုတယ်မှထွက်ပြီးနောက်လင်းဖန်စွန်းဟောင်တို့ကိုအိမ်ပြန်လိုက်ပို့ပေးလိုက်ပြီးမှကျန်ပေ့တက္ကသိုလ်သို့သွားခဲ့သည်။
ဖန်ကယ်လီဟိုတယ် မှ ထွက်ခွာပြီးနောက် ပန်ဘန် က “ဆရာစု ၊ ဒီအစ်ကိုလင်းရဲ့နောက်ခံကဘာလဲ...?”
စုလင်းဟို က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး “ကျန်ပေ့ မြို့ခေါင်းဆောင်နဲ့ ချန်ပြည်နယ်က ခေါင်းဆောင်တွေ အားလုံးက သူ့ကို ကျေနပ်အောင်လုပ်နေကြတာကို မင်းဘယ်လိုထင်လဲ”
ဤစလုံးများသည်စုလင်းဟိုကလုံးဝနောက်ပြောင်ခြင်းမဟုတ်ပေ။
လင်းဖန်သည် ကျူဝမ်မင်၏မြေးကို ကယ်တင်ခဲ့သည်။
ပြီးတော့ကျူဝမ်မင်ကိုယ်တိုင်ကလဲ လင်းဖန်အဘိုး ၏ မွေးနေ့ပွဲကို လူကိုယ်တိုင် လာရောက်ဂုဏ်ပြုပေးခဲ့သည်။
“ဗွမ်းဗွမ် စန်း!”
ဤစကားကိုပန်ဘန်ကြားလိုက်သောအခါ သူ့နှလုံးသားတစ်ခုလုံး ခုန်ပေါက်သွားတော့သည် ။
ကျန်ပေ့မြို့ခေါင်းဆောင် နှင့် ချန်ပြည်နယ်မှ ခေါင်းဆောင်ကြီးများ အားလုံးက လင်းဖန်ကျေနပ်အောင်လုပ်တာလား။
ဒီအစ်ကိုလင်း ရဲ့ အထောက်အထားက လုံးဝကို မယုံနိုင်စရာပဲ။
…………
တစ်ခုတည်းသောစက်ရုံအဆောင်။
ချမ်လီသည် ရေအေးအေးလေးသောက်ပြီးနောက် မတ်တပ်ထရပ်လိုက်သည်။ သူ့ဘေးနားက စွန်းရှောင် က ကမန်းကတန်းဖြင့် “မေမေ၊ကျွန်မ ကူညီပေးပါ့မယ်”ဟုပြောလိုက်သည်။
နောက်အခိုက်အတန့်တွင် ချမ်လီ ၏အမူအရာမှာ အနည်းငယ်ပောင်းြသွားပြီး “ခဏနေ...ခဏနေ၊ ငါ့ကိုမကူညီပါနဲ့” လို့ပြောလိုက်သည်။
ထို့နောက် သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ချမ်လီသည်နာကျင်မှုမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ လမ်းလျှောက်နိုင်တယ်ဆိုတာကိုသိလိုက်သည်။
“မေမေ၊ မင်းခြေထောက်တွေပြန်ကောင်းသွား ပြီလား” စွန်းရှောင် က ပြောလိုက်သည်။
“ဟုတ်တယ်။ ဟုတ်တယ် !” ချမ်လီက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
ထို့နောက် လင်းဖန်သည် သူမကို သောက်ရန် ပေးထားသည့် ဆေးကို ရုတ်တရက် တွေးလိုက်ကာ လေးနက်သော လေသံဖြင့် “စွန်းရှောင်၊ မင်း အနာဂတ်မှာ လင်းဖန်ကို ကျေးဇူးဆပ်ရမယ်!”
“ဟုတ်” စွန်းရှောင်က ပြောလိုက်သည်။
…………
နောက်ရက်အနည်းငယ်မှာတော့ လင်းဖန်ဟာ အတန်းတက်လိုက်၊ စားလိုက်၊ အိပ်လိုက်နဲ့အေးချမ်းတဲ့ဘဝကို ဖြတ်သန်းနေခဲ့တယ်။
ယခုအချိန်တွင် ကျန်ပေ့တက္ကသိုလ်၊ 104 ရူပဗေဒဓာတ်ခွဲခန်း။
“ဗွမ်းဗွမ် စန်း!”
ကြီးမားသော ကိရိယာများသည် ပုံမှန်အတိုင်း စည်းချက်ညီသော အသံကို ထုတ်လွှတ်ပြီး LED မီးလုံးများစွာ သည်မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
ဝမ်ဟန်သည် ပစ္စည်းကိရိယာများကို ရံဖန်ရံခါ ကြည့်ပြီး ကွန်ပြူတာဖန်သားပြင်ကို လဲရံဖန်ရံခါ ကြည့်လိုက်ပြီး သူ့မျက်နှာတွင်စဉ်းစားသောအမူအရာများရှိနေသည်။
“ကောင်းလိုက်တာ!”
ဒီအချိန်မှာ စွန်းဝမ်တင် က ဝမ်းသာအားရ လှမ်းအော်ပြောလိုက်သည်။
ဝမ်ဟန်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ တစ်ခုခုပြောဖို့ပါးစပ်ကို ဖွင့်လိုက်သည်။
စွန်းဝမ်တင်က မဂ္ဂဇင်းတစ်စောင်ကိုကိုင်လိုက်ပြီး “ပါမောက္ခ ဝမ်၊ ငလျင် H အမှုန်များဆိုင်ရာ စာတမ်းကို pnasမှ တရားဝင်ထုတ်ဝေလိုက်ပြီ’’ဟုပြောလိုက်သည်။
“မြန်မြန်ပြပါ!” ဝမ်ဟန်က အံ့သြစွာပြောလိုက်သည်။
ပါရဂူကျောင်းသားလေးနှစ်ယောက်နှင့်စမ်းသပ်မှုပြုလုပ်နေသော ပါရဂူကျောင်းသူလေးများ အားလုံးလုပ်နေသည့်အရာများကိုရပ်တန့်ပြီး မျက်နှာများပေါ် တွင်ရွှင်လန်းမှုအပြည့်ဖြင့် လျင်မြန်စွာ ဝိုင်းဖွဲ့လိုက်ကြသည်။
သူတို့ အရမ်းစိတ်လှုပ်ရှားနေခဲ့တာ အံ့သြစရာမရှိပါဘူး။
“PNAS” သည် ရူပဗေဒဆိုင်ရာ ထိပ်တန်းဂျာနယ်ဖြစ်ပြီး ၎င်းပေါ်တွင် စာတမ်းတစ်စောင် ထုတ်ဝေနိုင်ကတည်းကဒါကသေချာပေါက်ဂုဏ်ယူစရာပင်ဖြစ်သည်။
ဝမ်ဟန်သည်စာရွက်ကိုကြည့်ကာ “ကောင်းပြီ၊ ကောင်းတယ်!”ဟုပြုံးပြီးပြောလိုက်သည်။
ပါရဂူကျောင်းသားနှစ်ဦးသည် စာရွက်ကိုမြင်ပြီးနောက် သူတို့၏မျက်နှာပေါ်ရှိ အပြုံးများသည် ပိုတောက်ပလာသည်။
အဘယ်ကြောင့်ဆိုသော် စာရွက်ပေါ်တွင် လူငါးဦး၏ အမည်များဖြင့် ရေးထိုးထားသည်။အဲ့လူငါးဦးအနက်နှစ်ယောက်ကသူတို့ဖြစ်သောကြောင့်ပင်ဖြစ်သည်။
ပထမ။ ဝမ်ဟန်၊ စွန်းဝမ်တင်။
ဒုတိယလင်းဖန်၊ တင်ရီ၊ ဒင်ပန်(ပထမဆိုတာကငလျင်hအမှုန်ကိုဖန်းတီးရာတွင်အရေးပါပြီးဒုတိယနေရာကသိပ်တော့အရေးမပါဘူး)
တင်ရီနှင့် ဒင်ပန်တို့သည် ပါရဂူကျောင်းသားနှစ်ဦး၏ အမည်များဖြစ်ပြီး ၎င်းတို့ကို အနာဂတ်တွင် သေချာပေါက် အထောက်အကူဖြစ်စေသည်။
လင်းဖန်သည် အချို့သော တွက်ချက်မှုများကိုသာ ဖြေရှင်းခဲ့သော်လည်း အလွန်အရေးကြီးတဲ့အတွက်ဒုတိယတွင် ထည့်သွင်းထားသည်။
“ကလင် ကလင် ကလင်”
ထိုအချိန်တွင် ဝမ်ဟန် ၏ လက်ကိုင်ဖုန်းသည် အသံမြည်လာခဲ့သည်။
ရူပဗေဒကျောင်းမှ ဌာနမှူး ဒူကီ ထံမှ ဖုန်းခေါ်ဆိုမှုဆိုတာကိုသိပြီးကိုင်လိုက်သည်။
“သိပ္ပံကျောင်းကပရော်ဖက်ဆာ ဝမ်၊ ဒါရိုက်တာ ဖန်ဇင်ရှောင်နှင့် ဟန်ကိူတက္ကသိုလ် မှ ပါမောက္ခ လိအန်းတို့က ကျန်ပေ့ တက္ကသိုလ်သို့ ရောက်ရှိနေပြီဖြစ်ငည်။ဝမ်ဟန်မင်းနဲ့ ပါမောက္ခ စွန်းဝမ်တင် နှင့်အတူ အစည်းအဝေးအခန်း(၁)သို့ လာခဲ့ပါ။ .” ဒူကီပြောလိုက်သည်။ .
ဝမ်ဟန်: “ကောင်းပြီ၊ လာခဲ့ပါ့မယ်’’
ဖုန်းချပြီးနောက် ဝမ်ဟန်က ဒူကီ ပြောတဲ့အတိုင်းစွန်းဝမ်တင်ကိုပြောလိုက်သည်။
ယခုအချိန်တွင် အစည်းအဝေးခန်း ၁။
သိပ္ပံပညာရှင်နှင့် ပါမောက္ခ ဆယ်ဦးကျော်ရှိပြီး ၎င်းတို့တွင် ပညာရပ်ဆိုင်ရာနှင့် သိပ္ပံဆိုင်ရာ သုတေသနပြုမှုဆိုင်ရာ ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေပြီး လေထုသည် အလွန်ပြင်းထန်လွန်းလှသည်။
ထိုအချိန်တွင် အစည်းအဝေးခန်းတံခါးသည် ဖြည်းညှင်းစွာပွင့်လာခဲ့သည်။
အချို့သော ပညာရှင်များသည် တံခါးဖွင့်ခြင်းကို ဂရုမစိုက်ဘဲ တွေးခေါ်ဆွေးနွေးခြင်းများကို သာအာရုံစိုက်နေကြသည်။
တံခါးဝကိုဒူကီကတစ်ချက်ကြည့်လိုက်သည်။
“ပါမောက္ခ ဝမ်ဟန် နဲ့ ပရောဖက်ဆာ စွန်းဝမ်တင် ကျေးဇူးပြုပြီး ထိုင်ပါ။” ဟုဒူကီက ပြောလိုက်သည်။
ဆံပင်ဖြူနဲ့ ပရော်ဖက်ဆာ လီအန်း က သူ့ဘေးမှာထိုင်ပြီး ဆွေးနွေးတာကို ရပ်ကယ “ပါမောက္ခ ဝမ် ၊ ပါမောက္ခ စွန်း တို့ကို”PNAS ရဲ့ စာတမ်းမှာ ငါမြင်လိုက်ရတာက အရမ်းစိတ်လှုပ်ရှားစရာပဲ!”
ဝမ်ဟန် “ချီးကျူးမှုအတွက် ပါမောက္ခ လီကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ ကရှာဖွေမှုသေးသေးလေးကိုပဲရှာတွေ့တာပါ”
“ပရော်ဖက်ဆာ ဝမ်၊ မင်းက ကျိုးနွံလွန်းတယ်။ မြေငလျင်H အမှုန်အမွှားလှိုင်းကို ရှာဖွေတွေ့ရှိခဲ့တယ်။ ဒါက ငလျင်ကြိုတင်ခန့်မှန်းစက်ရဲ့ အနာဂတ်သုတေသနအတွက် အထောက်အကူဖြစ်မှာသေချာတယ်!” ဟုလီအန်းက ပြောလိုက်သည်။
“အိုး၊ မြေငလျင်ခန့်မှန်းစက်ကိုသုတေသနလုပ်ဖို့ မျှော်လင့်ချက်ရှိသလား” အနက်ရောင် မျက်မှန်တပ်ထားသည့် သိပ္ပံအကယ်ဒမီဒါရိုက်တာ ဖန်ဇင်ရှောင်က ကမန်းကတန်း မေးလိုက်သည်။
သိပ္ပံအကယ်ဒမီ၏ ဒါရိုက်တာအနေဖြင့် ငလျင်ကြိုတင်ခန့်မှန်းချက်များသည် မည်မျှအရေးကြီးသည်ကို သူသိသည်။
လီအန်းက ခဏလောက်စဉ်းစားပြီး “လူတစ်ယောက်မလှုပ်ရှားခင်မှာ အာရုံကြောတွေက သူတို့ရဲ့ ခြေလက်အင်္ဂါတွေကို ညွှန်ကြားတဲ့ အချက်တွေကို ထုတ်လွှတ်ပေးတယ်။ ငလျင်မလှုပ်ခင်မှာ သဘာဝက အလားတူ အချက်ပြမှုတွေကို ထုတ်လွှတ်ပတယ်။ H အမှုန်တွေဟာ အချက်ပြမှုတွေထဲက တစ်ခုပါ။”(ခြေလက်မလှုပ်ရှားခင်အတွေးကိုပြောတာပါ)
“အချက်ပြမှုအားလုံးကို ကုဒ်နံပါတ်သုံးနိုင်ရင် ငလျင်ကြိုတင်ခန့်မှန်းချက်စက် ကို တီထွင်ဖို့ ကမျှော်လင့်ချက်ရှိတယ်’’
ထို့နောက် လီအန်းက သက်ပြင်းချရင်း “ဒီလို အချက်ပြမှုမျိုးဟာ ယေဘုယျအားဖြင့် အလွန်ရှုပ်ထွေးတယ်။ ပရော်ဖက်ဆာ ဝမ် နဲ့ ပရော်ဖက်ဆာစွန်းတို့ကH အမှုန်အမွှားရဲ့ လမ်းကြောင်းကို တွက်ချက်ဖို့ကအချိန်အများကြီးသုံးစွဲခဲ့ပေမဲ့အောင်မြင်နှုန်းကအလွန် နည်းတယ်”
ဝမ်ဟန်ကခေါင်းညိတ်သဘောတူသည်။ သူတို့သည် လမ်းကြောင်း တွက်ချက်မှုတွင် အချိန်များစွာ သုံးစွဲခဲ့သော်လည်း လုံးဝမအောင်မြင်ခဲ့ပေ။
ထို့ကြောင့် အားကိုးရာမဲ့သူ က “တကယ်တော့ ဒီလမ်းကြောင်းကို ငါနဲ့ပါမောက္ခ စွန်းတို့မတွက်ထားဘူး”
“အိုး..အဲဒါဆိုဘယ်သူတွက်တာလဲ” လီအန်းကအံ့သြစွာမေးလိုက်သည်။
“ပါမောက္ခ လီက ဒုတိယ ရဲ့ နာမည်ကို ကြည့်မယ်ဆိုသိသင့်တယ်” ဝမ်ဟန်ကပြောလိုက်သည်။
လီအန်းသည် ဒုတိယရှိ နာမည်များကို အမှန်တကယ် မဖတ်ခဲ့ပေ။
ယေဘူယျအားဖြင့်ပြောရလျှင် ဒုတိယနေရာသည်ပထမနေရာလောက်အရေးသိပ်မပါသောကြောင့်ပင်ဖြစ်သည်။
“လင်းဖန်?” လီအန်း က “PNAS” ကိုဖွင့်ပြီး ဒုတိယနေရာကိုတစ်ချက်ကြည့်လိုက်ပြီး “ဒါက... ဇောင် ရဲ့ ထင်မြင်ချက်ကို ဖြေရှင်းပေးတဲ့ လင်းဖန်းလား”
ဝမ်ဟန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်၊ ဒါ သူပဲ” ဟု ပြောလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး