← Chapters

ဖန်ဇင်ရှောင်စိတ်လှုပ်ရှားခြင်း

Vol. 9 Ch. 130

ဖန်ဇင်ရှောင်စိတ်လှုပ်ရှားခြင်း

Vol. 9 Ch. 130

လီအန်းဒါကို ကြားလိုက်သောအခါ သူ့မျက်နှာမှာ ကြောင်တက်တက် အမူအရာဖြသ်သွားခဲ့သည်။

သူသည် ဤဉာဏ်ကြီးရှင် သင်္ချာပညာရှင်၏ နာမည်ကိုကြားဖူးသည်။

ထို့နောက် သံသယအချို့ဖြင့် “လင်းဖန်က သင်္ချာကိုပဲကျွမ်းတယ်မဟုတ်လား၊ဘာလို့ သူက ရူပဗေဒကို သိနေသေးတာသလား။”

ကျန်ပေ့တက္ကသိုလ်မှာလည်း ရူပဗေဒကို သင်ယူနိုင်သည်။

သို့သော် H အမှုန်အမွှားတွင် ပါဝင်သော လည်ပတ်မှုဆိုင်ရာ အသိပညာများသည် အလွန်အဆင့်မြင့်လှသည်။

ရူပဗေဒကို လေးလေးနက်နက် မလေ့လာထားရင် အဖြေရဖို့ခက်သင့်သည်။

ဝမ်ဟန် က ခေါင်းညိတ်လိုက်ပြီး “လင်းဖန် က ရူပဗေဒကို နားလည်ထားတယ်... H အမှုန်အမွှားတွေရဲ့ ခက်ခဲတဲ့ တွက်ချက်မှုတွေကို ဖြေရှင်းဖို့ ကတစ်နာရီလောက်ပဲ အချိန်ယူခဲ့ရတယ်။”

ဒါကိုပြောပြီးနောက်ဝမ်ဟန်က လင်းဖန်ရေးခဲ့တာကို ပြန်သတိရသွားခဲ့သည်။

“တစ်နာရီမပြည့်ဘူးလား?” လီအန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့မျက်နှာမှာ မယုံနိုင်စရာများ ပြည့်နှက်နေသည်။

သူသည် ရူပဗေဒတွင် ကျွမ်းကျင်သူဖြစ်ပြီး မည်မျှရှုပ်ထွေးသော တွက်ချက်မှုများ ပါဝင်နေသည်ကို အတိအကျသိသည်။

ဒါရိုက်တာ ဖန်ဇာင်ရှောင်က “ဒါဆို လင်းဖန်ကိုလည်း အစည်းအဝေးခန်းကို ခေါ်လိုက်ပါ” လို့ ပြောလိုက်သည်။

ဖန်ဇင်ရှောင်ကလင်းဖန်သည် H အမှုန်အမွှား၏ လမ်းကြောင်းကို တွက်ချက်ရန် တစ်နာရီခန့်သာ အချိန်ယူခဲ့ရကြောင်း ကြားသိရပြီးနောက်

လင်းဖန်ကို ပိုပိုပြီးမြင်ချင်လာခဲ့သည်။

လီအန်းသည်လည်း ဝမ်ဟန်ကို မျှော်လင့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ပရော်ဖက်ဆာစွန်းမင်းဘဲလင်းဖန်ကိုဆက်သွယ်လိုက်ပါ။” ဟုဝမ်ဟန်ကပြောလိုက်သည်။

စွန်းဝမ်တင်က “ကောင်းပြီ ငါ သူ့ကိုပြောလိုက်မယ်”

စကားပြောပြီးနောက် သူမသည် ဟန်တီ ၏ဖုန်းနံပါတ်ကို တိုက်ရိုက်ခေါ်ဆိုပြီး ဟန်တီကိုအကြောင်းစုံပြောပြလိုက်သည်။

ဟန်တီက လဲစွန်းဝမ်တင်ပြောတဲ့စကားတွေအားလုံးကိုလင်းဖန်အားပြောပြလိုက်သည်။

လင်းဖန်သည် ဟန်တီကသူ့ကိုပြောသောကြောင့်မဆိုင်းမတွပင် အစည်းအဝေး (၁)ဆီသို့ တည့်တည့် လျှောက်လာခဲ့သည်။

ထိုအချိန်တွင် ညီလာခံခန်းရှိ ပညာရှင်များသည် “PNAS” ကို ကြည့်ပြီး H အမှုန်များနှင့် ငလျင်များအကြောင်း ကိုတက်ကြွစွာ ဆွေးနွေးနေကြပြီးအစည်းအ​ဝေးတစ်​ခန်းလုံး သည်အလွန်​သက်​ဝင်​သည်​။

ဆွေးနွေးမှု နက်ရှိုင်းလာသည်နှင့်အမျှ H အမှုန်အမွှား၏ လမ်းကြောင်းကို တွက်ချက်သောလင်းဖန် ကို ပို၍ စိတ်ဝင်စားလာကြသည်။

ထိုအချိန်တွင် အစည်းအဝေး(၁) တံခါးပွင့်လာသည်။

ဝမ်ဟန်: “လင်းဖန်”

ပညာရှင်နှင့် ပရော်ဖက်ဆာများအားလုံးဒါကိုကြားသောအခါ၊ အားလုံးသည်တံခါးဆီသို့ တစောင်းကြည့်ကာ လင်းဖန်ကို အာရုံစိုက်လိုက်သည်။

“လင်းဖန်၊ ငါ မင်းကို နောက်ဆုံးတွေ့ခဲ့ပြီ၊ဒါပေမဲ့ မထင်ထားတာက မင်းကအငယ်တယ်ဆိုတာပင်” လီအန်ယ က ပြောလိုက်သည်။

“လင်းဖန်၊ H အမှုန်မှာ B ရဲ့ ကြိမ်နှုန်းကို ဘယ်လိုတွက်တာလဲ။” ထိပ်ပြောင်တဲ့ ပါမောက္ခတစ်ယောက်က မေးလိုက်သည်။

“လင်းဖန်၊ H အမှုန်မှာ တုန်ခါမှုလှိုင်းအလျားကို ဘယ်လိုတွက်သလဲ။” တခြားပါမောက္ခတစ်ဦးကလဲမေးလိုက်သည်။

လင်းဖန်ဝင်လာပြီးနောက် အစည်းအဝေးခန်းက ပိုအသက်ဝင်လာပြီး လူတိုင်းကလင်းဖန်ကို သးတို့သိချင်တဲ့မေးခွန်းတွေမေးလာကြသည်။

လင်းဖန်သည် စကားလုံးအချို့ကို အမှတ်တမဲ့ နားထောင်ပြီးနောက် စားပွဲပေါ်ရှိ ဘောပင်နှင့် စာရွက်ကို ကောက်ယူကာမေးထားသောမေးခွန်းအားလုံးရဲ့အဖြေကို ရေးခဲ့သည်။

“ထောင့်”

ဘောပင်ထိပ်ဖျားက စားပွဲကိုထိလိုက်သည်နှင့် အစည်းအဝေးခန်းထဲတွင် ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာသည်။

ဆယ်မိနစ်ခန့်အကြာတွင် တွက်ချက်မှုအားလုံးသည် စာရွက်ပေါ်တွင် ပြည့်သွားခဲသည်။

သို့ပေမယ့် အဖြေကတော့ သိပ်ပြီးအသေးစိတ်မရှိပေ။

သို့သော် တက်ရောက်လာသူအားလုံးမှာ ကျွမ်းကျင်သူများနှင့် ပါမောက္ခများဖြစ်သည်။ အနည်းငယ်စဉ်းစားပြီးနောက် သူတို့အားလုံး အံ့အားသင့်သွားပြီး ရံဖန်ရံခါ အော်ပြောနေကြသည်။

“ဒါပဲ။”

“တကယ်ပဲ ကမ္ဘာ့အဆင့်မီသင်္ချာ ပြဿနာနှစ်ခုကို ဖြေရှင်းပေးခဲ့တဲ့ ပါရမီရှင်တစ်ယောက်ပဲ!”

...

ဖန်ဇာင်ရှောင်သည် နောက်ဆုံးတွင် လူအများ၏ စကားကိုကြားပြီးနောက် မတ်တပ်ရပ်ပြီးရှေ့သို့လှမ်းကာ သူ့လက်ကို ဆန့်တန်းပြီး “လင်းဖန်၊ မင်္ဂလာပါ၊ ငါက သိပ္ပံအကယ်ဒမီ၏ ဒါရိုက်တာ ဖန်ဇာင်ရှောင်” ဟု ပြော လိုက်သည်။

“ဟယ်လို။” လင်းဖန်သည်လဲသူ့လက်ကို ဆန့်တန်းကာ နှုတ်ဆက်လိုက်သည်။

ဖန်ဇာင်ရှောင်က “မင်းနဲ့တူတဲ့ အရည်အချင်းကို တရုတ်မှာ ငါတို့မတွေ့တာကြာပြီ!”

ထို့နောက် ဖန်ဇင်ရှောင် သည် လင်းဖန်နှင့် ခဏကြာ စကားပြောခဲ့ပြီးနောက် လင်းဖန်ကို ထိုင်ခိုင်းလိုက်ပြီးသူလဲထိုင်လိုက်သည်။

“ငလျင်မလှုပ်ခင်မှာ အမှုန်အမွှားတွေ အများကြီးရှိမယ်လို့ ပရော်ဖက်ဆာ လီအန်းကပြောခဲ့တယ်။ အမှုန်အမွှားအားလုံးခွဲထုတ်တာကို မဖြေရှင်းနိုင်သရွေ့ ငလျင်ကြိုတင်ခန့်မှန်းနိုင်တဲ့ အခွင့်အရေးမရှိဘူး..”(ခွဲထုတ်တာက ကဘယ်အချိန်ငလျင်လှုပ်သည့်ကိစ္စကိုသိရန်ဖြစ်သည်။)

“မင်းက H အမှုန်အမွှားတွေကို ဖြိုခွဲလိုက်တာ။ ကျန်တဲ့ အမှုန်အမွှားတွေကို ခွဲဖို့ နည်းလမ်းရှိသေးလား”ဟုမေးလိုက်သည်။

ဖန်ဇင်ရှောင်က တည်တည်ငြိမ်ငြိမ်နဲ့ပြောလိုက်သည်။

သို့ပေမယ့်လည်း သူသည် ထိုအကြောင်းကို သိရန် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

လင်းဖန် က “ဘာလို့ ခွဲရမှာလဲ”

“ဘာဖြစ်လို့လဲဆိုတော့...” ဖန်ဇင်ရှောင် က လင်းဖန်ကနားမလည်ဘူးလို့ထင်တဲ့အတွက် သူထပ်ရှင်းပြမလို့လုပ်လိုက်သည်။

အဲ့အချိန်တွင် လင့းဖန်က “ကျွန်တော် ငလျင်ကြိုတင်ခန့်မှန်းချက်တစ်ခု လုပ်ထားတယ်”

အစည်းအဝေးခန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည် ။

လူတိုင်း၏ ခန္ဓာကိုယ်သည်လဲ အနည်းငယ် တောင့်တင်းသွားသည်။

အချိန်အတော်ကြာပြီးနောက် ဖန်ဇင်ရှောင်က “လင်း... လင်းဖန် မင်း ဘာပြောလိုက်တာလဲ”

“ငလျင်ကြိုတင်ခန့်မှန်းချက်ကို ငါလုပ်ထားတယ်။” လင်းဖန်က ထပ်ခါထပ်ခါပြောလိုက်သည်။

ဖန်ဇင်ရှောင်က ခြောက်သွေ့သော အပြုံးဖြင့် “မင်းဟာသမလုပ်ပါနဲ့လူငယ်ရာ” လို့ ပြောလိုင်သည်။

“ဘုတ်’’

လင်းဖန်သည် စာရုပ်တစ်အုပ်ကို စားပွဲပေါ် တိုက်ရိုက်ပစ်ချလိုက်သည်။

စာတမ်း၏ ခေါင်းစဉ်မှာ “ငလျင်ကြိုတင်ခန့်မှန်းချက်ထုတ်လုပ်ခြင်းဆိုင်ရာ နိယာမများ” ဖြစ်သည်။

ဟန်တီ ၏ဖုန်းခေါ်ဆိုမှုကိုလက်ခံသောအခါ လင်းဖန်သည်အဆောင်ထဲတွင်ရှိနေသည်။ ၎င်းကိုစဉ်းစားပြီးနောက် ကျွမ်းကျင်သူများသည် ငလျင်ကြိုတင်ခန့်မှန်းချက်ကိုသူအား စုံစမ်းမေးမြန်းလိုကြောင်း သူသဘောပေါက်ခဲ့သည်။

ထို့ကြောင့် လင်းဖန်သည် ဤစာတမ်းကို တိုက်ရိုက်ထုတ်ယူလာ ခဲ့သည်။

ဖန်ဇင်ရှောင် သည် ခဏမျှ အေးခဲသွားပြီး “ငလျင်ကြိုတင်ခန့်မှန်းချက်ထုတ်လုပ်ခြင်းဆိုင်ရာ နိယာမများ” ကို ကောက်ယူပြီးဖွင့်လိုက်သည်။

အလွန်ရှုပ်ထွေးသော ရူပဗေဒစမ်းသပ်မှုများ၏ ရုပ်ပုံတစ်ပုံကို ဖန်တီးရန် တူရိယာများစွာကို အတွဲလိုက်ချိတ်ဆက်ပြသထားသည်။

ရူပဗေဒ စမ်းသပ်မှု ပုံကြမ်းအောက်တွင် ရူပဗေဒ တွက်ချက်မှုများစွာလဲပါ ရှိသည်။

ဖန်ဇင်ရှောင် သည် သိပ္ပံအကယ်ဒမီ၏ ဒါရိုက်တာဖြစ်သော်လည်း ရူပဗေဒဆိုင်ရာ ဗဟုသုတအချို့လည်း ရှိသည်။

သို့သော် နောက်ဆုံး ခွဲခြမ်းစိတ်ဖြာချက်တွင် သူသည် သိပ္ပံဒါရိုက်တာတစ်ယောက်သာဖြစ်သောကြောင့်ရှုပ်ထွေးလွန်းတဲ့ ရူပဗေဒတွေကိုတော့ နားမလည်ပေ။

ဒါနဲ့ သူက တိုးတိုးလေးဖြင့် “ပါမောက္ခလီ၊ လာကြည့်စမ်း...”ဟုပြောလိုက်သည်။

တကယ်တော့ လီအနကစာအုပ်ကိုဖွင့်ကတည်းကကြည့်နေလိုက်သည် ။

သူ့ရှေ့က စာရွက်စာတန်းတွေပေါ်မှာ စိတ်ကိုမြှုပ်နှံထားသည်။

ထို့ကြောင့် ဖန်ဇူရှောင်၏ စကားများကို လုံးဝမကြားရပေ။

ပထမစာမျက်နှာ လီအန်း ဖတ်ပြီးနောက် ဒုတိယနှင့် တတိယစာမျက်နှာသို့ အလိုလိုလှည့်ဖတ်သွားသည်..။

ပတ်ဝန်းကျင်ရှိကျွမ်းကျင်ပညာရှင်များနှင့် ပါမောက္ခများသည် လီအန်း ၏ လေးနက်သောအမူအရာကို သတိပြုမိကြပြီး ၎င်းတို့သည် ဝိုင်းဖွဲ့၍ “မြေငလျင်ကြိုတင်ခန့်မှန်းသူ ထုတ်လုပ်မှုဆိုင်ရာ နိယာမ” ကို ကြည့်ရှုလိုက်ကြသည်။

ဤ စာအုပ်ကိုလူတိုင်းသည် မျက်စိမှိတ်မခွာပဲဖတ်နေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပဲ၁ နာရီ ၂ နာရီ...

ပုံမှန်အားဖြင့် သင်သည် နာရီဝက်ထက်ပို၍ မတ်တပ်ရပ်လျှင် ကျွမ်းကျင်ဆရာများနှင့် ပါမောက္ခများသည် ခါးနှင့် ခြေထောက်များညောင်း(နာ)သည်ကို ခံစားရလိမ့်မည်။

ဤအခိုက်အတန့်ကိုအားလုံးသတိမထားမိဘဲ၊ မျက်ကန်းလိုမျိုးသတင်းအချက်အလက်ကို အမြဲတည့်တည့်ကြည့်နေသည်။

နောက်ဆုံးတော့ နောက်ဆုံးစာမျက်နှာထိဖတ် ပြီးသွားပြီဖြစ်သည်။

ဖန်ဇင်ရှောင်က “ဘယ်လိုနေလဲ”

“အချက်အလက်တွေက အဆင်ပြေတယ်!” လီအန်းက ပြောသည်။

“ကောင်း! ကောင်း! ကောင်းပြီ!” ဖန်ဇင်ရှောင်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters