← Chapters

လျှို့ဝှက်သဘောတူညီချက်

Vol. 9 Ch. 131

လျှို့ဝှက်သဘောတူညီချက်

Vol. 9 Ch. 131

လီအန်းသည် ဖန်ဇင်ရှောင် ၏ ပျော်ရွှင်သောအသွင်အပြင်ကို ကြည့်ပြီး မထိန်းနိုင်ဘဲ “အခုထိ ပြဿနာကြီးကြီးမားမား မရှိဘူးဆိုပေမဲ့၊ အတိအကျပြောရရင်တော့ သုတေသနနဲ့ စမ်းသပ်မှုတွေ လိုအပ်နေသေးတယ်”

“ဒါ့အပြင်၊ အထက်ဖော်ပြပါ နည်းပညာအချို့ကအလွန်ရှုပ်ထွေးပြီး လက်ရှိနည်းပညာနဲ့ ပြီးမြောက်အောင် မဆောင်ရွက်နိုင်ဘူး။”

ခေတ္တနားပြီးနောက် သူက ‘’ နောက်ဆုံး ငလျင်ကြိုတင်ခန့်မှန်းချက်တစ်ခုမှ မထုတ်နိုင်ခဲ့ဘူးဆိုရင်တောင်မှ အဲဒါက ကျွန်တော်တို့ကို အများကြီး ကူညီပေးမှာ သေချာတယ်။”ဟုပြောလိုက်သည်။

လီအန်းအမြင်အရတော့ ဒီ “ငလျင်ကြိုတင်ခန့်မှန်းချက်ထုတ်လုပ်ခြင်းဆိုင်ရာ နိယာမ” ကပြီးပြည့်စုံပြီဖြစ်သည်။

သို့သော် သူပြောခဲ့သည့်အတိုင်း ရလဒ်များထွက်ပေါ်လာရန် သုတေသနနှင့် စမ်းသပ်မှုများ လိုအပ်နေသေးသည်။

ဖန်ဇင်ရှောင်၏ မျက်နှာဟောင်းသည် ထိုစကားကိုကြားပြီးနောက်စိတ်လှုပ်ရှားလွန်းလို့နီပင်နီသွားခဲ့သည်။

လီအန်းပြောတာကမှန်ပေမဲ့လဲသူသည်ငလျင်ကြိုတင်ခန့်မှန်းချက်တစ်ခု ပြုလုပ်နိုင်မည်ဟု မျှော်လင့်နေမိသည်။(ခန့်မှန်းချက် ကစက် ကနေခန့်မှန်းတာကိုပြောပြီး စက်တီထွင်မှခန့်မှန်းလို့ရပါတယ်။)

မြေငလျင်ဆိုတာ ကြောက်စရာအကောင်းဆုံးနဲ့ ခန့်မှန်းလို့မရတဲ့ သဘာဝဘေးအန္တရာယ်တွေထဲက တစ်ခုအပါအဝင်ဖြစ်သည်။

မြေငလျင်လှုပ်ခတ်သည့အချိန်တိုင်း ကြီးမားသော ဘေးဥပဒ်ကို ယူဆောင်လာလိမ့်မည်ဖြစ်သည်။

တကယ်လို့သူတို့ကငလျင်ခန့်မှန်းစက်ကိုတီထွင်နိုင်ခဲ့ရင်သဘာဝဘေးအန္တရာယ်၏ အကျိုးသက်ရောက်မှုကို လျှော့ချနိုင်ရုံသာမက ကမ္ဘာတစ်ဝှမ်းလုံးတွင်တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကိုလည်း တိုးမြင့်လာစေနိုင်သည်။

ဟွာရှ(တရုတ်)သည် ငလျင်ကြိုတင်ခန့်မှန်းနိုင်သောနည်းပညာရှိသည့်ပထမဆုံးနှင့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သောကြောင့်ပင်ဖြစ်သည်။

တစ်ခုတည်း

ဒါကိုတွေးမိပြီးနောက်ဖန်ဇင်ရှောင် ရဲ့ မျက်လုံးတွေ မှင်တက်သွားပြီး ပတ်ဝန်းကျင်မှာရှိတဲ့ ကျွမ်းကျင်သူတွေနဲ့ ပါမောက္ခတွေကို ရုတ်တရက် ကြည့်လိုက်သည်ယ

“အခုကစပြီး အစည်းအဝေးခန်းထဲကို ခြေလှမ်းတစ်ဝက်လောက် ဘယ်သူမှ မထွက်ဲဘူး!”

ဖန်ဇင်ရှောင်သည် သာမာန်အချိန်တွင်လူတွေကိုဆက်ဆံသောအခါနွေလေ လေညင်းကဲ့သို့ ပြုံးနေပြီးဆက်ဆံသည်။

ဤအချိန်တွင် ကျွမ်းကျင်သူများနှင့် ပါမောက္ခများနှင့် ရင်ဆိုင်ရသောအခါတွင် သူသည် လူတို့ကို ထိတ်လန့်စေသည့် ဘုရင်တစ်ပါးကဲ့သို့ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ဤအချက်အလက်၏အရေးကြပုံကို အတိအကျသိသောကြောင့် ၎င်းကို မပေါက်ကြားစေချင်ပေ။

ဖန်ဇင်ရှောင်၏အကြည့်ကြောင့် ကျွမ်းကျင်သူများနှင့် ပါမောက္ခများအားလုံးသည် အံ့အားသင့်သွားကြသည်။

သူတို့အားလုံးသည်အကြောင်းပြချက်ကို မြန်မြန်သဘောပေါက်ကြသောကြောင့် မည်သူမျှ မကန့်ကွက်ဘဲ ငြိမ်သက်စွာ ခေါင်းညိတ်ပြလိုက်ကြသည်။

ထို့နောက် ဖန်ဇင်ရှောင် သည် သူ့လက်ကိုင်ဖုန်းကို အမြန်ထုတ်ကာနံပါတ်တစ်ခုကို ဖုန်းခေါ်ဆိုလိုက်သည်။

ဖန်ဇင်ရှောင်က ဖုန်းကို ချလိုက်သောအခါ အစည်းအဝေးခန်းတစ်ခုလုံး အလွန် တိတ်ဆိတ်နေပြီး နာရီ၏ ဒုတိယလက်တံသံကို တိုးတိုးလေးပင် ကြားနေရသည်။

ဆယ်မိနစ်လောက်အကြာတွင် ယူနီဖောင်းဝတ်ထားတဲ့ လူ ခုနစ်ယောက် ရှစ်ယောကအစည်းအဝေးခန်းထဲသို့် အမြန်ဝင်လာကြသည်။

၎င်းတို့အနက် အမျိုးသားဝတ်စုံဝတ်ထားသော အမျိုးသားသည် ဖန်ဇင်ရှောင် ထံသို့ လျှောက်လာကာ လက်ကိုဆန့်ကာ “ဒါရိုက်တာ ဖန်၊ ဟဲလို” ဟု ပြောကြားလိုက်သည်။

“မင်္ဂလာပါ ကပ္ပတိန်ကျူ” ဖန်ဇင်ရှောင် က လဲ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး “မင်းကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်”ဟုပြောလိုက်သည်။

“ရပါတယ် “ ကပ္ပတိန်ကျူက ပြောလိုက်သည်။

ဖန်ဇင်ရှောင်သည်အကြောင်းအရင်းကိုပြောပြပြီးသဘောတူစာချုပ်ကိုချုပ်ဆိုခိုင်းလိုက်သည်။

စာချုပ်ထဲပါရှိသည့်အကြောင်းများမှာအောက်ပါအတိုင်းဖြစ်သည်။

ယနေ့အစည်းအဝေး၏ အကြောင်းအရာအားလုံးကို မည်သူတစ်ဦးတစ်ယောက်အား ထုတ်ဖော်ပြောဆိုခွင့်ကို တားမြစ်ပိတ်ပင်ထားသည်။

ယနေ့ကိစ္စနှင့်ပတ်သက်သည့် သတင်းများကို ဖော်ပြခဲ့ရင်သက်ဆိုင်ရာဌာနသည် နောက်တစက္ကန့်တွင် သင့်ရှေ့မှောက်တွင် ပေါ်လာပြီး မင်းကိုတိုက်ရိုက်ဖမ်းခေါ်သွားမည်ဖြစ်သည်။

ဒါကိုတွေ့ပြီးနောက်မကြာခင်မှာပဲ ပညာရှင်တွေနဲ့ ပါမောက္ခတွေ အားလုံးစိတ်သက်သာရာ ရသွားပြန်သည်။

အဘယ်ကြောင့်ဆိုသော် “မြေငလျင်ခန့်မှန်းချက်ထုတ်လုပ်ခြင်းဆိုင်ရာနိယာမ” သည် လျှို့ဝှက်ထားရန် ထိုက်တန်သောကြောင့်ဖြစ်သည်။

မကြာခင်မှာ လင်းဖန် ကလွဲရင် အားလုံးက သူတို့ရဲ့ နာမည်တွေကို လက်မှတ် ထိုးခဲ့ကြသည်။

ဖန်ဇင်ရှောင်က သက်ပြင်းချကာ လင်းဖန်ကို လှည့်ကြည့်ကာ “၁၉၅၀ မှ ၁၉၅၁ ခုနှစ်အတွင်း နှင်းထူထပ်သော ဧရိယာတွင် ငလျင် နှစ်ကြိမ် လှုပ်ခဲ့ပြီး လူထောင်ပေါင်းများစွာ ထိခိုက်နစ်နာစေခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် မြောက်ပြည်နယ် ငလျင်၊ လူထောင်ပေါင်းများစွာကိုသေခဲ့တယ်…”

ဖန်ဇင်ရှောင်သည်တစ်ခုခုပြောတိုင်း နာကျင်တဲ့ အထိအတွေ့တစ်ခု သူ့မျက်နှာပေါ် ပေါ်လာပြီး တဖြည်းဖြည်း သူ့အသံက အနည်းငယ် ရင်ဆို့လာခဲ့သည်။

လင်းဖန်သည် ၎င်းသည် ဖုံးကွယ်ထားခြင်းမဟုတ်ဘဲ တကယ့်ခံစားချက်ဖြစ်ကြောင်း ပြောနိုင်သည်။

ဒါရိုက်တာ ဖန်သည် တိုင်းပြည်နှင့် ပြည်သူကို အမှန်တကယ် အကျိုးပြုသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။

ဖန်ဇင်ရှောင်က အလွန်လေးနက်သောလေသံဖြင့် ပြောခဲ့သည်- “လင်ဖန်၊ မင်း ဒီအချက်အလက်တွေကို လေ့လာဖို့ အများကြီး ကြိုးစားခဲ့ရမယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် တိုင်းပြည်က လဲဒါကိုတကယ်လိုအပ်နေတယ်!”

“ကျေးဇူးပြုပြီး ယူသွားခွင့်ပြုပါ!”

စကားပြောပြီးနောက်၊ ဖန်ဇင်ရှောင်သည် လင်းဖန်အား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

တကယ်တော့ ဖန်ဇင်ရှောင်အနေဖြင့် သတင်းအချက်အလက်ကို တိုက်ရိုက်ယူဆောင်ရာတွင် ပြဿနာ လုံးဝမရှိပေ။

နိုင်ငံလုံခြုံရေးကို ထည့်သွင်းစဉ်းစားရန် အရေးကြီးသောကိစ္စဖြစ်သောကြောင့် နိုင်ငံသားများ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်သည်မှာသဘာဝပင်ဖြစ်သည်။

သို့သော် လဲသူကလင်းဖန်ကို လေးနက်စွာ တောင်းဆိုခဲ့သည်။

ဖန်ဇင်ရှောင်ကလူကောင်းလို့ပြောလို့ရသည်။

လင်ဖန်းသည် ဤအချက်အလက်များကိုယူလာသောအခါတွင်ပေးအပ်ရန် အစီအစဉ်ရှိနေပြီဖြစ်သည်။

ဒါကြောင့်ခေါင်းညိတ်ပြီး “ဟုတ်ကဲ့” လို့ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် လင်းဖန်!” ဖန်ဇင်ရှောင်က စိတ်လှုပ်ရှားစွာနဲ့ “ဒီအချက်အလက်တွေနဲ့ ငလျင်ကြိုတင်ခန့်မှန်းစက်တစ်ခုကို ကျွန်တော်တို့ သေချာပေါက် တီထွင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”

အချိန်အကြာကြီး ထိုင်နေတာကြောင့်လည်း ဖြစ်နိုင်သည်။ဒါကြောင့် လင်းဖန် က သူ့ခါးကိုဆန့်တန်းပြီး “တီထွင်ဖို့လား၊တီထွင်ဖို့ဆို အဲဒါ မလိုအပ်တော့ဘူး၊ ငါပြောတာက ငါ ငလျင်ကြိုတင်ခန့်မှန်းချကစက််တစ်ခု တီထွင်ထားပြီးပြီ” လို့ ပြောလိုက်သည်။

တိတ်တိတ်!

အစည်းအဝေးခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။

ခဏအကြာတွင်ဖန်ဇင်ရှောင် က လင်းဖန်၏လက်များကို ကိုင်လိုက်ပြီး “မင်းဘာပြောတာလဲ’’ဟုမေးလိုက်သည်။

လင်းဖန်သည် လူအများအတွက် ရည်စူးထားသော ဤဒါရိုက်တာဖန်ကို သဘောကျခဲ့သည်။

သို့သော် သူ့လက်ကို ဤကဲ့သို့ ဆုပ်ကိုင်လိုက်သောအခါ လင်းဖန်သည် ရင်တထိတ်ထိတ်ဖြစ်သွားခဲ့သည်။

သူက သူ့လက်ကို တိုက်ရိုက်ပြန်ဆွဲလိုက်ပြီး “ငါ့အိပ်ဆောင်မှာရှိတယ်” လို့ပြောလိုက်သည်။

“ဘာ? အိပ်ဆောင်?!” ဖန်ဇင်ရှောင်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ဤကဲ့သို့သော အရေးကြီးသောအရာကို အိပ်ဆောင်တွင် မည်သို့ထားရှိနိုင်သနည်း။ !

အခိုးခံရရင် ဘာလိုလုပ်မလဲ။

ထို့နောက် လင်းဖန်၊ ဖန်ဇင်ရှောင်၊ လီအန်း၊ ဝမ်ဟန် နှင့် ကပ္ပတိန်ကျူတို့သည် ကျန်ပေ့တက္ကသိုလ် အမျိုးသားအိပ်ဆောင်ဆီသို့ ဦးတည်သွားကြသည်။ ကျန်တဲ့ ပါမောက္ခတွေနဲ့ ပညာရှင်တွေကတော့ အစည်းအဝေးခန်းထဲမှာ ကျန်နေသေးပြီး အပြင်ထွက်ခွင့် ဒါမှမဟုတ် ချိတ်ဆက်ခွင့်မပေးထားပေ။

မူလက လင်းဖန်သည် အိပ်ဆောင်ကို ဖြည်းဖြည်းချင်း ပြန်သွားချင်ခဲ့သည်။

သို့သော် ဖန်ဇင်ရှောင်၊ လီအန်း၊ ဝမ်ဟန် နှင့် ကပ္ပတိန်ကျူတို့ သည် လမ်းတစ်လျှောက်လုံးနီးပါး ကားမောင်းသလိုမျိုးသွားခဲ့သည်။

ဤလူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများပင်လျှင် အလွန်စိတ်အားထက်သန်နေသောကြောင့် လင်းဖန်သည် လဲအရှိန်မြှင့်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

ခဏအကြာတွင် ယောက်ျားလေး အိပ်ဆောင် အခန်း ၁၀၄ သို့ ရောက်လာသည်။

ဖန်ဇင်ရှောင်သည် အိပ်ဆောင်ကို အလျင်အမြန် စကင်န်ဖတ်လိုက်သော်လည်း သူ ဘာမှ ထူးဆန်းတာကိုမတွေ့တော့ စိုးရိမ်တကြီး မေးသည် “ လင်းဖန်၊ မင်း ဘယ်မှာထားခဲ့တာလဲ “

လင်းဖန်သည် အနက်ရောင်စားပွဲသေးသေးကိုကြည့်ပြီးသူ့လက်ချောင်းကို မြှောက်ကာ “ဟေး ဒါပဲ” ဟု ပြောလိုက်သည်။

“အဲဒါ?”

ဖန်ဇင်ရှောင်၊ လီအန်း၊ ဝမ်ဟန် နှင့် အခြားသူများ အားလုံးသည် မျက်လုံးများ ပြူးကျယ်သွားကြပြီး သူတို့၏ မျက်နှာများသည် မယုံနိုင်လောက်အောင် အရောင်များ ပြည့်နှက်နေသည်။

စားပွဲသေးသေးလေးသည်အနက်ရောင်ရှိတဲ့အရာ သည် ဒဏ္ဍာရီလာငလျင်ကို ကြိုတင်ခန့်မှန် စက်လား။(ဒဏ္ဍာရီဆိုတာကတင်စားတာပါ)

စားပွဲသေးသေးလေးလား။

လူတိုင်း၏ အံ့သြနေသော မျက်လုံးများအောက်တွင် လင်းဖန်သည် “စားပွဲအဖုံး” ကိုဖွင့်လိုက်သည်။

ရုတ်တရက်၊ ရှုပ်ထွေးသောခလုတ်များနှင့် LCD မျက်နှာပြင်တစ်ခုလုံးသည် လူတိုင်း၏အမြင်နယ်ပယ်တွင် ပေါ်လာခဲ့သည်။

ထို့နောက် လင်းဖန်သည် ခလုတ်အချို့ကို အမှတ်တမဲ့နှိပ်လိုက်သည်။

အနက်ရောင်ရှိသော ‘စားပွဲငယ်’ သည် အနည်းငယ် တုန်ခါသွားသည်။

တစ်ချိန်တည်းမှာပင်၊ မြေအောက်မျဉ်းကွေးပုံသည် မျက်နှာပြင်ပေါ်တွင် အလွန်ရှင်းလင်းစွာ ပေါ်လာခဲ့သည်။

လူတိုင်း သည်အသက်ရှုမဝသလိုဖြစ်ပြီး မျက်နှာများမှာလည်း အလွန်ပင် တုန်လှုပ်ခြောက်ခြားနေကြသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters