စီချွမ်တွင် ငလျင်လှုပ်လိမ့်မည်
Vol. 9 Ch. 132
ဆယ်မိနစ်ခန့်အကြာတွင် မျက်နှာပြင်ပေါ်တွင် ရလဒ်ထွက်ပေါ်လာခဲ့သည်။
ဖူစီးတီး(ဖူမြို့) (လတ္တီကျူ၂၆.၉၊ လောင်ဂျီကျူ ၁၁၉.၃)၊ ဇန်နဝါရီ ၂ ရက် ၁၅:၃၀ ဝန်းကျင်တွင် ပြင်းအား ၄.၁ ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားမည်ဖြစ်သည်။
စီချွမ်မြို့ (မြောက်လတ္တီကျူ ၄၀.၁၊ အရှေ့လောင်ဂျီကျု- ၁၂၅.၂)၊ ဇန်န၀ါရီလ ၂ ရက်နေ့ ၂၁း၃၀(ည၉နာရီ၃၀မိနစ်)အချိန်ခန့်တွင် ပြင်းအား ၅.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားမည်ဖြစ်သည်။
ဟန်မြို့ (မြောက်လတ္တီကျူ- ၃၁.၁၊ အရှေ့လောင်ဂျီကျု- ၁၁၃.၂)၊ ဇန်နဝါရီလ ၃ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ပြင်းအား ၃.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားမည်ဖြစ်သည်။
ဖန်ဇင်ရှောင် ၊ လီအန်း ၊ ဝမ်ဟန် နှင့် အခြားသူများ ထိုသတင်းအချက်အလက်ကို မြင်သောအခါ သူတို့၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားတော့သည်။
“ဒီနေ့ ကဒီဇင်ဘာ31 ရက်နေ့ဆိုတော့ ငလျင်ခန့်မှန်းစက်က နောက် လာမယ့်4 ရက်အတွင်းငလျင်ကိုခန့်မှန်းနိုင်တာလား။ လင်းဖန်၊ ဒီရလဒ်ကတိကျသေချာသလား” ဖန်ဇင်ရှောင်ကမေးလိုက်သည်။
“တိကျတာထက်လုံးဝအမှန်မကန်ပဲ။” လင်းဖန်က ပြောလိုက်သည်။
“ကောင်းတယ်ကောင်းတယ်!” ဖန်ဇင်ရှောင်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
ငလျင်ကြိုတင်ခန့်မှန်းစက်၏ရလဒ်များကို စစ်ဆေးခြင်းမှာ အလွန်ရိုးရှင်းပါသည်။ ရက်အနည်းငယ်စောင့်ရန်သာလိုသည်။(၄ရက်တစ်ခါလိုမျိုး)
ဖမ်ဇင်ရှောင်က ဒီဖြစ်နိုင်ခြေကို တွေးလိုက်ရုံနဲ့ နှလုံးသားတစ်ခုလုံး ပြင်းပြင်းထန်ထန် ခုန်လာတော့သည်။
ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးသော ရတနာကို တွေ့မြင်ရသကဲ့သို့ သူ့ရှေ့မှ မှောင်မိုက်(နက်မှောင်)သော ငလျင်ခန့်မှန်းစက်အား ကြည့်လိုက်မိသည်။
“လင်းဖန်၊ ငါတို့ဒါကိုယူလို့ရမလား” ဖန်ဇင်ရှောင်က မေးလိုက်သည်။
“ရပါတယ်” လင်းဖန်ကပြောလိုက်သည်။
ထိုအချိန်တွင်စင်္ကြံ(အိပ့်ဆောင်အပြင်ဘက်)အပြင်ဘက်တွင် ခြေသံများထွက်လာသည်။
ထို့နောက် ဇောင်ချင်းဘို၊ စုရီနှင့်မူဇောင်တို့ ဝင်လာကြသည်။
အိပ်ဆောင်ထဲတွင်လူများစွာ ရှိနေသည်ကို တွေ့လိုက်သောအခါ အားလုံး၏ မျက်နှာပေါ်တွင် သံသယစိတ်များ ပေါ်လာသည်။
ဖန်ဇင်ရှောင်ဘေးတွင်ရပ်နေသော ကပ္ပတိန်ကျူသည် ဇောင်ချင်းဘို ၊ စုရီနှင့် မူဇောင်တို့ ကို ဖမ်းပြီးထိန်းသိမ်းချင်သကဲ့သို့ လေးနက်သောအမူအရာဖြင့်ကြည့်လိုက်သည်။
သူကဘာလို့အဲ့လိုအမူအရာရှိတာလဲဆိုတော့ငလျင်ကြိုတင်ခန့်မှန်းစက်ရှိတယ်ဆိုတဲ့
သတင်းကို မပေါက်ကြားပါစေချင်လို့ပင်ဖြစ်သည်။
လင်းဖန်သည် ကပ္ပတိန်ကျူ၏ ပုံစံကိုကြည့်ပြီးကပ္ပတိန်ကျူဘာတွေးနေတာလဲဆိုတာကိုသိတော့လင်ူဖန်က”သူတို့က ငါ့အခန်းဖော်တွေပါပြီးတော့သူတို့ကဒါကိုမသိဘူး...”
ကပ္ပတိန်ကျူလဲလင်းဖန်စကားကိုကြားပြီးနောက်ရပ်လိုရပ်တော့သည်။
ဇောင်ချင်းဘိုနှင့် အခြားသူများ ရောက်ရှိလာသည်နှင့်အမျှ ပြောလို့မဖြစ်သောအရာအချို့ရှိသည်။
ထို့ကြောင့် ဖန်ဇင်ရှောင် သည် လင်းဖန် ကို အချိန်အတန်ကြာ ကျေးဇူးတင်ပြီးနောက်တွင် ငလျင်ခန့်မှန်းစက်နှင့်အတူ ကျန်ပေ့ တက္ကသိုလ်မှ ထွက်ခွာရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သည်။
ဇောင်ချင်းဘိုက လူတို့လေးနက်နေတဲ့ပုံစံကိုကြည့်ပြီး “ကံကောင်းတာက သေတ္တာက အနက်ရောင်ဖြစ်နေလို့ပဲ။ ရွှေရောင်သာဖြစ်ရင် သူတို့တွေကဒါကိုရွှေလို့ထင်ကြလိမ့်မယ်”
ရွှေ?
ပြတ်ပြတ်သားသားပြောရလျှင် ရွှေဘယ်လောက်များများငလျင်ကြိုတင်ခန့်မှန်းစက်၏ထောင့်တစ်ထောင့်နှင့်ပင် နှိုင်းယှဉ်၍မရနိုင်ပေ။
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်း အနည်းငယ် တုန်ခါသွားခဲ့သည်။
ဆရာမဟန်တီ: မင်းဒီညငါ့အိမ်ကိုလာလို့ရလား။
လင်းဖန်:လာခဲ့မယ်။
…………
ဆရာမဟန်တီအိမ်။
ရေချိုးခန်းထဲမှာ ရေချိုးနေတဲ့ရေသံတွေထွက်ပေါ်နေသည်။
လင်းဖန်ကတော့တီဗီကြည့်ရင်း ပျင်းလာခဲ့သည်။
“ဒင်ဒေါင်!”
ထိုအချိန်တွင် သူ့လက်ကိုင်ဖုန်းသည်အနည်းငယ် တုန်ခါသွားသည်။
တစ်စုံတစ်ယောက်သည် ‘ချစ်သောမိသားစု’(မက်ဆင်ဂျာမှာgpဖွဲ့သလိုမျိုး) ၏ WeChat အဖွဲ့ထံမှ မက်ဆေ့ချ်တစ်စောင် ပေးပို့ခဲ့ခြင်းကြောင့် ဖြစ်သည်။
လင်းဖန်ကပေးပို့ထားသည့်မက်ဆေ့ကိုဖွင့်ကြည့်လိုက်သည်။
လီဘို- ပျော်ရွှင်စရာ နှစ်သစ်ကူးနေ့ဖြစ်ပါစေ။
ထို့နောက် ဖုန်းမျက်နှာပြင်ပေါ်တွင် အနီရောင်စာအိတ်ကြီးတစ်ခု ပေါ်လာခဲ့သည်။
လင်း : ကျေးဇူးတင်ပါတယ် ဦးလေး။
ချမ်: ကျေးဇူးတင်ပါတယ် ဦးလေး။
လင်း : ပျော်ရွှင်စရာ နှစ်သစ်ကူးနေ့ဖြစ်ပါစေ။
ထို့နောက် စာအိတ်အနီများတစ်ယောက်ပြီးတစ်ယောက်ထုတ်ပေးတော့သည်။
မီးတောက်များကဲ့သို့ အနီရောင်စာအိတ်များသည် WeChat အဖွဲ့ကို လုံးဝအသက်ဝင်စေခဲ့သည်။
လင်းမင်း: အိုး! ငါစာအိတ်အနီလေးရပြန်ပြီ ဝမ်းသာလိုက်တာ။
ချမ်ဇူ - နှစ်သစ်ကူး အားလပ်ရက်မှာ ဘယ်ကိုသွားပျော်ဖို့ စဉ်းစားနေလဲလင်းမင်း။
လင်းမင်းက- ငါ စီချွမ် မှာရှိတဲ့ ထရိတ်ဖန် ကို သွားလည်မလို့။အဲ့မှာက တောင်တန်းတွေ ကောင်းကင်ပေါ်ကတိမ်တွေ ကအရမ်းလှတယ်လို့ ကြားတယ်။
ချမ်ဘို: မင်းအဲ့ကိုသွားရင် လှပတဲ့ရှုခင်းတွေကိုဓာတ်ပုံလေးတွေရိုက်ပြီး ပို့ပေးဖို့ မမေ့နဲ့နော်။
လင်းမင်း: ကိစ္စမရှိပါဘူး!
…………
ဒါကို လင်းဖန်က မြင်တော့ မက်ဆေ့တစ်စောင် ပို့လိုက်တယ်။
လင်းဖန် : မနက်ဖြန် သဘက်ခါ စီချွမ်မှာ 5.1 ငလျင် လှုပ်တော့မှာမလို့ တခြားနေရာသွားတာအကောင်းဆုံးပဲ။
ဖန်ဖန်: ဘာ ငလျင်ရှိသလား။ဒါဆို စီချွမ်ကို မသွားနဲ့တော့လင်းမင်း။
လင်းမင်း: ဒါပေမယ့်... ငါ လက်မှတ်တောင် ဝယ်ပြီးပြီလေ။ 😡😡
ဒေါင် ဒေါင်: လင်းမင်း၊ ဖန်ဖန်ပြောတာကို နားထောင်လိုက်ရအောင်... ကျန်းမြို့ရဲ့လူ့ရှန်မှာ ၊ တောတောင်ရှုခင်းတွေကအရမ်းလှတယ်၊ ပြီးတော့အိမ်နဲ့ အတော်လေးနီးတယ်လေ။ဒါကြောင့်လူ့ရှန်ကိုပဲသွားရအောင်။
လင်းမင်း: ကောင်းပြီ။
…………
ထိုအချိန်တွင် ရေချိုးခန်းတံခါး ပွင့်လာပြီး ရေချိုးခန်းထဲကနေဟန်တီသည် ရေချိုးသပတ်ဖြင့် ပတ်ထားသော သူမ၏ရုပ်သွင်ဖြင်ြ ဖြည်းညင်းစွာထွက်လာခဲ့သည်။
ရေချိုးပြီးခါစဆိုတော့သူမ၏လည်ပင်းတွင် ရေအနည်းငယ်ကျန်နေသေးသည်။ဟန်တီသည်လင်းဖန်ကိုမြင်တော့ သူမ၏မျက်နှာလေးမှာ အနည်းငယ်နီသွားလေသည်။
ဒီလိုမျိးရှက်သွားတာကလင်းဖန်အမြင်တွင်သူမသည်ဆွဲဆောင်မှုရှိပြီး ချစ်စရာအရမ်းကောင်းတာပဲဟုရေရွတ်လိုက်သည်။
ရေရွတ်ပြီးသည်နှင့်ဟန်တီ၏ချစ်စရာကောင်းမှုပုံစံကြောင့်မထိန်းနိုင်တော့ပဲဟန်တီနားသို့လာပြီးအချစ်ပွဲကိုဆင်နွဲတော့သည်။
( ̄ε ̄)
…………
ယနေ့ညသည်လင်းဖန်နှင့်ဟန်တီတို့အတွက်ပျော်ရွှင်ဖွယ်ညတစ်ညပင်ဖြစ်သည်။
…………
ထိုအချိန်တွင် သူ အမှတ်တမဲ့ ပေးပို့လိုက်သော မက်ဆေ့ချ်သည် ကြီးမားသော ကယက်ဖြစ်စေကြောင်းကိုမူ လင်းဖန် မသိခဲ့ပေ။
ကောင်းဖန်သည်အမည်မသိ(မကျော်ကြား) မီဒီယာသမားတစ်ဦးဖြစ်သည်။
သူမ၏ ဆောင်းပါးများကိုလဲလူများကစိတ်ဝင်စားမှု နည်းပါးသည်။
ကောင်းဖန် သည် မကြာသေးမီက သူစိမ်းအများအပြားကသူမကိုအဖွဲထဲသို့ပေါင်းထည့်ခဲ့ကြသည်။
သူတို့ထဲက တစ်ဖွဲ့က သူ့မကို ‘ချစ်တဲ့ မိသားစု’ အဖွဲ့ထဲကို ဆွဲသွင်းခဲ့သည်။
ကောင်းဖန် သည် အဖွဲ့နာမည်ကိုမြင်သောအခါ အခြားတစ်ဖက်က သူမကိုလူမှားပြီးထည့်လိုက်သည်ဆိုတာကိုချက်ချင်းသဘောပေါက်သွားခဲ့သည်။
သို့သော် သူမသည်အဲ့အဖွဲ့ထဲကနေမထွက်သွားခဲ့ပေ။
ဘာဖြစ်လို့လဲဆိုတော့ ဒါက သူမရဲ့အဆက်အသွယ်ကွန်ယက်ကို ချဲ့ထွင်ဖို့ အခွင့်အရေးကောင်းတစ်ခုပင်ဖြစ်သည်။
ထို့အပြင် အဖွဲ့ထဲရှိလူများကလဲ အနီရောင်စာအိတ်များကို ရံဖန်ရံခါ ပေးကြသည်။
ဒါကို ကောင်းဖန်ကတိတ်တဆိတ် သဘောကျခဲ့သည်။
သူမသည်8 ယွမ် ပါသောအနီရောင် စာအိတ်ကို လုယူပြီးသောအခါတွင်
လင်းဖန်ပို့လိုက်သော “မနက်ဖြန်သဘက်ခါစီချွမ်မြို့တွင်ပြင်းအား 5.1 ငလျင်လှုပ်တော့မှာမလို့အခြားတစ်နေရာသွာတာ အကောင်းဆုံးပဲ” ဟု ပိုစ့်ကိုတွေ့သွားခဲ့သည်။
ဒါကိုမြင်တော့ ကောင်းဖန်ဟာ သူမရဲ့ မျက်နှာပေါ်မှာ မထီမဲ့မြင်ပြုတဲ့ အပြုံးတစ်ခုကိုပြသလိုက်တော့သည်။
“ဒီလူက တကယ်ကို မိုက်မဲတာပဲ။မနက်ဖြန်သဘက်ခါစီချွမ်မြို့မှာ 5.1 ရှိတဲ့ ငလျင် လှုပ်မယ်တဲ့လား။ တိုင်းပြည်ကတောင်ငလျင်လှုပ်တာကိုအခုထိမခန့်မှန်းနိုင်သေးဘူး၊ သူ့ကိုယ်သူနတ်ဘုရားများထင်နေလားမသိဘူး”
“ငလျင်လှုပ်တာ ခဏ”
ကောင်းဖန်၏ မျက်လုံးများသည် ခဏတာ ပြောင်းလဲသွားကာ သူမသည် ကွန်ပျူတာကို ကမန်းကတန်းဖွင့်ကာ မတူညီသောအကောင့်များဖြင့် လော့ဂ်အင်ဝင်ကာ မတူညီသော အုပ်စုများတွင် ချစ်ခင်ကြသော မိသားစုအဖွဲကနေလင်းဖန်ပို့လိုက်သော စခရင်ရင်ပုံများကို ပေးပို့လိုက်ကြသည်။
ထို့နောက်သူမပေးပို့ထားသောအချက်အလက်များကို စခရင်ရှော့ရိုက်လိုက်သည်။(သူမအကောင့်တုတွေနဲ့ပို့ထားတာတွေကိုပြောတာပါ)
များမကြာမီက ကောင်းဖန်သည် မကြာသေးမီက သူမဖန်တီးထားသောတရားဝင်အကောင့် ကို အသုံးပြု၍ ဆောင်းပါးတစ်ပုဒ်ကို ပေးပို့ခဲ့သည်- “တုန်လှုပ်ခြောက်ခြားစရာသတင်း စီချွမ်မှာငလျင်လှုပ်မယ်တဲ့ ဒါကို မင်းသိတဲ့သူတွေဆီ ရှယ်ပေးပါ!”
လူသားများသည် သဘာဝဘေးအန္တရာယ်များမကျရောက်မီအလိုလိုကြောက်လန့်တတ်ကြသည်။
တစ်စုံတစ်ယောက်သည် ဤဆောင်းပါးကိုမြင်သောအခါတွင် ၎င်းတို့သည် လုံးဝမတွန့်ဆုတ်ဘဲ ၎င်းကိုကြည့်ရှုရန် နှိပ်လိုက်သည်။
ထို့နောက် ဤဆောင်းပါးကို စီချွမ်ရှိ သူ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများထံ ပေးပို့ခဲ့သည်။
သူတို့အမြင်မှာတော့……
သတင်းမှန်ရင် ဆွေမျိုး မိတ်ဆွေတွေကိုကြိုတင်ပြင်ထားခိုင်းရမည်ဖြစ်သည်။
သတင်းမှားရင်လဲ ကြိုတင်ပြင်ဆင်ထားတဲ့အတွက်ဘာမှမဖြစ်ပေ။
ဒီဆောင်းပါးက ဆယ်ယောက်၊တစ်ရာ...
တစ်ရက်တည်းမှာပဲ ငလျင်သတင်းက စီချွမ်တစ်ခွင် ပျံ့နှံ့သွားတော့သည်။
…………
ကောင်းဖန်သည် ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ ပရိတ်သတ်များ မြင့်တက်လာမှုကို ကြည့်ပြီး သူမ ပျော်ရွှင်စွာ ကနေသည်။
“တစ်ရက်တည်းမှာ ပရိသတ် 100,000၊ 100,000၊ အရမ်းကောင်းတယ်။ဟား ဟား!”
…………
စီချွမ်မြို့။
နေကာမျက်မှန်တပ်ပြီး အရက်မူးနေတဲ့ နာမည်ကြီး မင်းသမီး ဆန်းမီ ဟာ အဆင့်မြင့်ဘားကနေ ထွက်လာခဲ့သည်။
သူမရဲ့Porsche ကားစီရောက်တဲ့အခါဝင်ထိုင်လိုက်ပြီးရှေ့ကိုမောင်းသွားလိုက်သည်။
ထိုအချိန်တွင် သူမ၏စိတ်သည်လေးလံရုံမျှသာမက ကမ္ဘာကြီးသည်လဲပတ်ချာလည်နေသည်ဟုသူမထင်မိလိုက်သည်။
မီးနီပြထားသည့်အချိန်တွင် ဆန်းမီသည် လုံးဝကားကိုရပ်တန့်ရန်မရည်ရွယ်ဘဲ မျက်နှာချင်းဆိုင်တွင် ရပ်ထားသော အေဒီကားကို ဝင်တိုက်မိခဲ့သည်။
“ဗွမ်း!”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး