စမ်းသပ်မှု အောင်မြင်ခြင်း
Vol. 9 Ch. 134
လင်းဖန် သည် အင်တာနက်ပေါ်ရှိ အကြောင်းအရာများကို မသိသလိုသိရင်တောင် ဂရုစိုက်အည်မဟုတ်ပေ။
နံနက်ခင်းတွင် လင်းဖန်သည်ဟန်တီ ၏အိမ်မှထွက်လာပြီးနောက် Mercedes-Benz G(ကား) ကို မောင်းနှင်ကာ ဟေးလင်းနှင့် ချူစီရှင်းတို့ကို KM Mallသို့ မောင်းနှင်ကာ စိတ်ကြိုက်စျေးဝယ်ထွက်ဖို့ပင်ဖြစ်သည်။
နှစ်သစ်ကူးနေ့ဖြစ်သောကြောင့် KM စျေးဝယ်စင်တာတွင် အထူးပွဲလမ်းသဘင်ဖြစ်သည့် ဖဲကြိုးများနှင့် မီးပုံးပျံများဖြင့် ပြည့်နေသည်။
လင်းဖန်သည် KM Mall ဂိတ်ပေါက်ဝသို့ လှမ်းကြည့်လိုက်သည်နှင့် မနီးမဝေးတွင်ရှိသော Patek Philippe နာရီဆိုင်ကို တွေ့လိုက်ရသည်။
ဒါနဲ့ နာရီဆိုင်ကိုတည့်တည့်လျှောက်လာခဲ့သည်။
Patek Philippeနာရီများသည် တန်ဖိုးကြီးကာဖက်ရှင်ကျပြီး စတိုးဆိုင်ကို လဲဇိမ်ကျကျ အလှဆင်ထားပြီး အံဝင်ခွင်ကျဖြစ်ပြီး တည်နေရာသည် ကောင်းသည်။
KM ကုန်တိုက်ထဲ ဝင်နေသရွေ့ လူများသည်
Patek Philippeနာရီဆိုင်သို့အရင်ဝင်ကြသည်။
သို့သော် Patek Philippe နာရီ၏စျေးနှုန်းကိုတွေ့သောအခါ စိတ်ပျက်အားလျော့ကာ အမြန်ထွက်ခွာသွားခဲ့ကြသည်။
ထိုအချိန်တွင် ဘီယာဗိုက်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် နာရီနှစ်လုံးကို ကြည့်ပြီး ဆုံးဖြတ်ချက်ချရခက်နေသည်။
“ကြိုဆိုပါတယ်။” သူ့နောက်က ဈေးဝယ်လမ်းညွှန်က ပြုံးပြီးပြောလိုက်သည်။
ထို့နောက်တွင်တော့ မွှေးပျံ့သောရနံ့တစ်ခုက တဖြည်းဖြည်း ပျံ့လွင့်လာသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် မွေးရနံ့လာသည့်နေရာကိုမလှည့်ကြည့်ဘဲမနေနိုင်ပေ။
သူမြင်လိုက်တာကသေမျိုးလောကကိုဆင်းလာသောနတ်သမီးကဲ့လို့ အမျိုးသမီး နှစ်ယောက် ဝင်လာတာကိုမြင်လိုက်သည်။
၎င်းတို့မှာ ချူစီရီင်းနှင့်ဟေးလင်းတို့ပင်ဖြစ်သည်။
ယနေ့တွင်ချူစီရှင်းသည် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ဖုန်မှုန့်နှင့် အညစ်အကြေးများ ကင်းစင်သော ကောင်းကင်ထက်က နတ်သမီးကဲ့သို့ ဖြစ်နေသည်။
ဟေးလင်းသည် ပန်းရောင်ဇာစကတ်ကို ၀တ်ဆင်ထားပြီး သူမ၏မျက်နှာသည်လက်ရာမြောက်သော အရုပ်လေးတစ်ရုပ်ကဲ့သို့ ဖြစ်နေသည်။
၎င်းတို့ကိုမြင်ပြီးနောက် လူလတ်ပိုင်းအမျိုးသားသည် မျက်တောင်မခတ်ပဲစိုက်ကြည့်မိနေလိုက်သည်။
ထို့ကြောင့် လင်းဖန်သည် သူ့မတို့ဘေးတွင် ရပ်နေသည်ကိုပင် သတိမထားမိလိုက်ပေ။
ချူစီရှင်းနှင့် ဟေးလင်းတို့ချဉ်းကပ်လာသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားသည် သတိပြန်ဝင်လာကာ ရွှေရောင်လက်ပတ်နာရီတစ်လုံးကို လက်ညှိုးထိုးပြကာ အရောင်းဝန်ထမ်းအား “ဒါက အဆင်ပြေပါတယ်၊ ဒါပဲယူ မယ်” ဟု ပြောလိုက်သည်။
သူ့လေသံက အရမ်းသာမန်ဆန်ပြီးဘာမှထူးခြားပေ။
အရောင်းဝန်ထမ်းက “စုစုပေါင်း 253,888 ယွမ်၊ အဲဒါ ဆရာကတ်လား။”
“ဟုတ်ကဲ့။” သက်လတ်ပိုင်း လူသည် ဘဏ်ကတ်ကို ထုတ်ယူပြီးစက်ပေါ်ဆွဲလိုက်သည်။။
“စင့်!”
အသံတိုးတိုးလေးထွက်ပေါ်လာပြီးနောက် ဘေလ်ပေါ်လာပြီး သက်လတ်ပိုင်းအမျိုးသားက နာရီကို လက်ကောက်ဝတ်ပေါ် တိုက်ရိုက်တင်ပတ်လိုက်သည်။
ထို့နောက် သူသည် ချူစီရှင်းနှင့် ဟေးလင်းကိုကြည့်လိုက်ပြီးလူလတ်ပိုင်းအရွယ်က ပြုံးပြီး” ဒီကအလှမယ် နှစ်ယောက်က ကြည့်ကောင်းရုံတင်မကဘဲ မျက်စိလည်း ကောင်းပြီး စတိုင်လဲမိုက်တယ်”
“ကျေးဇူး။” ဟေးလင်း နှင့် ချူစီရှင်းတို့သည် ယဉ်ယဉ်ကျေးကျေးနှင့် ကျေကျေနပ်နပ် တုံ့ပြန်ခဲ့သည်။
“ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါ။ ငါက ဖူဒီမီဒီယာရဲ့ အထွေထွေမန်နေဂျာ ကန့်ဘိုဝမ် ပါ။ ဒီကအလှမယ် နှစ်ယောက် နဲ့ချိန်းတွေ့ဖို့ အခွင့်အရေး ရှိလား မသိဘူး” လူလတ်ပိုင်းအရွယ် အမျိုးသားသည်ပြောပြီးတာနဲ့သူ၏စီးပွားရေးကတ်နှစ်ကတ်နှင့် သူဝယ်ထားသည့် နာရီကို တမင်တကာ ထုတ်ဖော်ပြခဲ့သည်။
ကန့်ဘိုဝမ်၏အမြင်တွင်၊ သူသည် ယွမ် 253,888 တန်ကြေးရှိ နာရီတစ်လုံးကို ဝယ်ခဲ့သည်။
ယခုအခါတွင် ဖူဒီမီဒီယာ ၏ အထွေထွေမန်နေဂျာအဖြစ် ၎င်း၏အမည်ကို ထုတ်ဖော်ခဲ့သည်။
ဒါဆိုရင် သူ့ရှေ့က ဒီအလှတရားနှစ်ယောက်က သူတို့ရဲ့ စီးပွားရေးကတ်ပြားတွေကို ကျေနပ်ပျော်ရွှင်စွာ လက်ခံမှာ သေချာသည်။
ဤအရာသည် ငွေကြေးနှင့် အထောက်အထားတို့၏ သွေးဆောင်မှုပင်ဖြစ်သည်။
သို့သော်၊ ဤသည်မှာ ကန့်ဘိုဝမ်၏ ခံယူချက်သာဖြစ်သည်။
ယခင်က ဟေးလင်းနှင့် ချူစီရှင်းတို့သည် အကျင့်ပျက်ခဲ့ကြသော်လည်း ယခုအခါ ၎င်းတို့ကို လျစ်လျူရှုထားကြသည်။
ကန့်ဘိုဝမ် က သူ့စီးပွားရေးကတ်ကို မယူသောကြောင့်ခဏအကြာ ရှက်ရွံ့သွားခဲ့သည်။
သူ့မတို့ဘေးမှာ ရပ်နေတဲ့ လင်းဖန်က ဒါငိုသိပ်ဂရုမစိုက်ပဲ မနီးမဝေးက နာရီကို လက်ညှိုးထိုးပြပြီး “ဒီနာရီကို မင်းဘယ်လိုထင်လဲ”
“အရမ်းလှတာပဲ!” ဟေးလင်း နှင့်ချူစီရှင်းတို့သည် နှလုံးသားထဲမှလာသောစကားဖြင့်ချီးမွမ်းခဲ့ကြသည်။
သူ့ဘေးက အရောင်းဝန်ထမ်းက “ဒါက ကျွန်တော်တို့ရဲ့ Patek Philippe PP စီးရီးဖြစ်ပြီး မော်ဒယ်ကို အနီရောင်နဲ့ အဖြူနဲ့ ရနိုင်ပါတယ်။ နာရီဘောင်ကို 18ကာ နှင်းဆီရွှေဖြင့် ပြုလုပ်ထားပြီး စိန် ၃၄၇ လုံးဖြင့် အလှဆင်ထားသည်။ ဒိုင်ခွက်ကိုလဲအဖြူရောင် ဘာလီပုလဲခွံနဲ့ပြုလုပ်ထားပြီး ဇိမ်ရှိပြီးသန့်ရှင်းတယ်ဆိုတဲ့ခဲစားချက်ကိုရစေပါတယ်....”
အရောင်းသမားကမိတ်ဆက်ပေးပြီးနောက် ဟေးလင်း နှင့် ချူစီရှင်းတို့၏ လှပသောမျက်လုံးများသည် ပိုမိုတောက်ပလာသည်ကို လင်းဖန်ကသတိပြုမိလိုက်သည်။
လင်းဖန်က”ကောင်းပြီ၊ ဒီဟာနှစ်ခုယူမယ်” လို့ပြောလိုက်သည်။
“ဟမ်?” အရောင်းသမားက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ဒီလို နာရီ နှစ်လုံး မလို့” လင်းဖန်က ထပ်ခါထပ်ခါပြောလိုက်သည်။
“အင်း... ရပါတယ်” အရောင်းသမားက တ လင်းဖန်ထပ်ခါထပ်ခါ ပြေမှသတိပြန်ဝင်လာပြီးအမြန်ပြောလိုက်သည်။
သူမသည် ချမ်းသာကြွယ်ဝသူများစွာကိုလည်း မြင်ဖူးသည်။
ဒါပေမယ့် မိဆက်ပေးပြီးတာနဲ့အဲ့မိတ်ဆက်ပေးတဲ့နာရီ၂ လုံးကိုချက်ချင်းဝယ်လိုက်သည်။
စျေးနှုန်းဘယ်လောက်ရှိလဲဆိုတာကိုမမေးတော့ဘူးလားဒါတော့မဟုတ်ဘူးလေ။
အရောင်းဝန်ထမ်းက “ဒီနာရီရဲ့စျေးနှုန်းက တစ်လုံးကို ၅၁၈,၈၈၈ ယွမ်ပါ။ ဒီနာရီရဲ့စျေး
နှုန််း.....”
သူမစကားမဆုံးခင်မှာ လင်းဖန်က ဘဏ်ကတ်တစ်ခုကို တိုက်ရိုက်ပွတ်ဆွဲလိုက်သည်။
“စင့်”
POS စက်ပေါ်ရှိ ဘဏ်ကတ်ကို ပွတ်ဆွဲလိုက်ခြင်းဖြင့် မကြာမီ ဘေလ်ပေါ်လာသည်။
ဒါက ဘယ်လောက်ကြာသေးလို့လဲ။
ဝင်ပေါက်မှ ငွေရှင်းပြီးသည်အထိ.. တစ်မိနစ်လောက်ပဲရီအုံးမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လင်းဖန်၏ မိုဘိုင်းလ်ဖုန်းတွင် လက်ခံရရှိရန် စောင့်ဆိုင်းနေသည့် စာအိတ်အနီ ၁၀၃ စောင်လည်း ရှိသေးသည်။
အရောင်းဝန်ထမ်းက “ဘာအရောင်ယူမှာလဲ သခင်လေး”
“နှစ်ယောက်သား ကြိုက်တဲ့အရောင်ရွေးနော်” လင်းဖန်သည် ဟေးလင်း နှင့် ချူစီရှင်းတို့ ဘက်သို့ လှည့်ပြီးပြောလိုက်သည်။
“အဖြူလိုချင်တယ်” ချူစီရှင်းက ချက်ချင်းပြောလိုက်သည်။
“အနီလိုချင်တယ်။” ဟေးလင်းက လဲပြောသည်။
ဒီမှာကြည့်...
သူ့ရဲ့စီးပွားရေးကတ်ကို ကိုင်ဆောင်ထားဆဲဖြစ်တဲ့ ကန့်ဘိုဝမ်က စီးပွားရေးကတ်ကို အမြန်ပြန်ရုတ်သိမ်းပြီး သူဝယ်ထားတဲ့ နာရီကို တတ်နိုင်သမျှ ကွယ်ကယအပြင်ကိုထွက်ပြေးသွားခဲ့သည်။
ရှက်စရာ!
ဘယ်လောက်ရှက်စရာကောင်းသလဲ!
ဤအချိန်တွင် သူသည် နောက်ဆုံးတွင် အဆင်မပြေဟန်ဆောင်ကာ အရိုက်ခံရသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
လင်းဖန် ကတော့ ဒါကို သိပ်ပြီး ဂရုမစိုက်ပေ။
သူက ချူစီရှင်းနဲ့ ဟေးလင်းတို့ကို အဝတ်အထည်နဲ့ အလှကုန် အိတ်ကြီးကြီးငယ်တွေ ဝယ်တာက 1.02 သန်းအထိ ကုန်ကျခဲ့သည်။
လင်းဖန်တို့ KM Mallကနေထွက်တဲ့အချိန်ဆိုကောင်းကင်က လုံးဝမှောင်နေပြီဖြစ်သည်။
လင်းဖန်၊ ချူစီရှင်း နှင့် ဟေးလင်း တို့သည် ရီကေ သို့သာ ပြန်လာခဲ့ကြသည်။
တစ်နေ့လုံး စျေးဝယ်ခဲ့ပေမဲ့လင်းဖန်သည် တက်ကြွနေဆဲဖြစ်သည်။
( ̄ε ̄)
…………
...
နှစ်သစ်ကူးနေ့တွင် ထုံးစံအတိုင်း ပေကျင်းသိပ္ပံအကယ်ဒမီတွင်လည်း အားလပ်ရက်ရှိသည်။
ဒါပေမဲ့ဒီနေ့တော့ချွင်းချက်ပင်ဖြစ်သည်။
ထင်ရှားကျော်ကြားသော သိပ္ပံပညာရှင်များ အားလုံးကစုဝေးနေကြသည်။
“လှိုင်းအလျား၊ မှန်တယ်!”
“အကြိမ်ရေ၊ မှန်တယ်!”
“တုန်ခါမှု မှန်သည်!”
…………
“ငလျင်ကြိုတင်ခန့်မှန် စက်၏နိယာမ လဲမှန်ကန်သည်!”
နောက်ဆုံး အသံထွက်ပေါ်လာပြီးနောက် မြင်ကွင်းတွင် နွေးထွေးစွာ အားပေးမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။
အထူးသဖြင့် ဒါရိုက်တာ ဖန်ဇင်ရှောင် သည် ပျော်ရွှင်စွာ ခုန်တက်သွားသည်။
အဘယ်ကြောင့်ဆိုသော် မြေငလျင်ကြိုတင်ခန့်မှန်းချက်ကို အမှန်တကယ်ပြုလုပ်ထားသောကြောင့်ဖြစ်သည်။
လူသားများသည် ငလျင်လှုပ်မည်ကို ကြိုတင်ခန့်မှန်းနိုင်သည်။
၎င်းသည် မရေမတွက်နိုင်သော ဘေးအန္တရာယ်များကို ကျိန်းသေ လျှော့ချနိုင်မည်ဖြစ်သည်ယ
ဖန်ဇင်ရှောင်အိမ်ပြန်ရောက်ပြီးသည့်နောက်တွင် သူသည် စိတ်ကောင်းရှိနေဆဲဖြစ်သောကြောင့် မိုဘိုင်းလ်ဖုန်းကိုဖွင့်ကာလိုင်းသုံးနေလိုက်သည်။
ခဏအကြာတွင် “လင်းဖန်, ကောလဟာလ” ဆိုတဲ့ ခေါင်းစဉ်ကို မြင်လိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး