← Chapters

ခရီးတစ်ထောက်နားခြင်း

Vol. 006 Ch. 537

ခရီးတစ်ထောက်နားခြင်း

Vol. 006 Ch. 537

ရင်ဟောင်ပြောပြီးနောက်တွင် ဘေဂုံထန်သည် ရင်လန်နှင့် ဘေဂုံဟောင်တို့ကို ခေါ်ကာ ရင်မျိုးနွယ်မှ ထွက်ခွာလေသည်။ သို့သော် ရင်မိသားစုခေါင်းဆောင်သည် သူတို့ထွက်သွားသည်ကို သဘောတူသည့် အချိန် တွင်လည်း သူတို့ကို မျိုးနွယ်မှ ထုတ်ပယ်လိုက်ခြင်းမရှိပေ။ သူတို့နာမည်များသည် မှတ်တမ်းတွင် ကျန်ခဲ့ဆဲပင်။

ရင်လန်သည် ရင်မျိုးနွယ်မှ ထွက်ခွာရမည်ကို တွေဝေသော်လည်း သဘောတူသည်ကို ဘေဂုံထန် တွေ့ လိုက်ရသည်။ ရင်လန် မျိုးနွယ်တွင် မရှိတော့ပါက သူမ အနိုင်ကျင့်မခံရတော့ပေ။

သည်လိုနှင့် သူတို့အဖွဲ့သည် ဆောင်းဦးလမြို့တော်မှ ထွက်ခွာကာ ကောင်းကင်မြို့တော်သို့ ဦးတည် လေသည်။

ကောင်းကင်မြို့တော်သည် အလယ်ပိုင်းဒေသတွင် အကြီးဆုံးမြို့တော်ဖြစ်သည်။ မြို့တော်ထဲတွင် အင်အားကြီးအများစုရှိသည်။ မြို့အပြင်မှ အင်အားကြီးများကို စုလိုက်လျှင်လည်း တခြားမြို့များထက် အင်အား များသည်။

ရှီမာယူယူတို့သည် ကောင်းကင်မြို့တော်သို့ရောက်သည်နှင့် တည်းခိုရန် တည်းခိုဆောင်ရှာလေသည်။ သူတို့သည် ကောင်းကင်ဂိုဏ်းသို့ မသွားပဲ ကျောင်းဧရိယာအနီးတွင် အိမ်တစ်အိမ်အားတွေ့လေသည်။ သူတို့ အချိန်ကာလတစ်ခုတော့ နေလို့ရမည်။

ရှီမာလိုင်၊ ဆန်းမူယုနှင့် ရင်လန်တို့သည် ဂိုဏ်းသို့ မဝင်လိုပေ။ ထို့အပြင် ရှီမန်ဖန်သည် အလွန်ထူးဆန်း နေသဖြင့် ဂိုဏ်းအတွင်းဝင်ရန် သူ့အနေနှင့် မဖြစ်နိုင်ပေ။ အပြင်တွင် ခြံဝန်းရှိနေပါက သူတို့ အချိန်တစ်ခုတော့ နေလို့ရမည်။ ယူယူနှင့် တခြားသူများသည် ဂိုဏ်းအတွင်းမဝင်ခင်တွင် ထိုနေရာတွင် နေထိုင်ကြမည်။

သူတို့ဝယ်လိုက်သော ခြံဝန်းမှာ မကြီးများပေ။ ခြံအရှေ့နှင့်အနောက်သည် သေးငယ်သောခြံဝန်းများ ပေါင်းထားခြင်းသာဖြစ်သည်။ ထို့အပြင် ကျောင်းအနီးတွင်ရှိသဖြင့် ဈေးနှုန်းမှာ မြင့်သည်။ ရှီမာယူယူတွင် အလယ်အလတ်ကျောက် ၄သန်းကျန်နေလို့သာ တော်သေးသည်။ ထိုခြံဝန်းဝယ်ရန် အားလုံးနီးပါးသုံးလိုက်ရ သည်။

ကျောင်းသို့ ကျောင်းသားအသစ်အနေနှင့် ဝင်ရန် အချိန်တစ်လလိုနေသေးသဖြင့် ရှီမာယူယူနှင့် တခြား လူများသည် ကောင်းကင်မြို့တော်နှင့် ရင်းနှီးအောင်လုပ်ရန်လိုသည်။

ကောင်းကင်မြို့တော်သည် အလယ်ပိုင်းဒေသတွင် အကြီးဆုံးမြို့ဖြစ်ပြီး အကျယ်ဆုံးမြို့လည်းဖြစ်သည်။ တောင်နှင့်မြောက် အကျယ်အဝန်းသည် ကီလိုမီတာ ၁သိန်းလောက်ရှိကာ အရှေ့နှင့်အနောက်မှာလည်း ထိုမျှ ကျယ်ဝန်းသည်။ မြို့၏ အမြင့်ဆုံးနေရာမှ ကြည့်လျှင်တောင် အဆုံးကို မြင်နိုင်မည်မဟုတ်ပေ။

ကောင်းကင်ဂိုဏ်းသည် တောင်နှင့်မြောက်အချက်အချာကျသော နေရာအနီးတွင်ရှိသည်။ ထို့ကြောင့် ပင် တောင်နှင့်မြောက်မြို့တော်နှင့် သိပ်မကွာဝေးပေ။ ဝိဉာဉ်မိစ္ဆာနှင့်သွားလျှင် နေ့ချင်းပြန်ရောက်သည်။ မြို့၏ အနောက်ဘက်ကိုသွားမည်ဆိုလျှင် အနည်းငယ်ကွာဝေးသည်။

မြို့၏ အလယ်ပိုင်းသည် အရှေ့နှင့်အနောက်ပိုင်းများနှင့် မျိုးစုမတူပေ။ မြို့၏ ထိုအပိုင်းကိုဝင်သည့် သူများသည် သာမန်အင်အားရှိသည့် လူများမဟုတ်ပေ။ ထို့အပြင် ထိုနေရာတွင် စည်းမျဉ်းတစ်ခုရှိသည်။ ထိုစည်းမျဉ်းမှာ တိုက်ခိုက်ခွင့်မရှိသည့် စည်းမျဉ်းပင်ဖြစ်သည်။ တိုက်ခိုက်သည်ဟု တွေ့ရှိပါက အင်အားကြီးတိုင်း ၏ ပယ်စာရင်းဝင်သွားမည်။

ထို့အပြင် ထိုနေရာသို့ ဝင်သောသူများသည် စိတ်တိုင်းကျလုပ်ခွင့်မရှိပေ။ အကြောင်းမှာ ထိုနေရာရှိ ဆိုင် များသည် လူတိုင်း ဝင်ရှုပ်လို့မရသည့် နေရာမဟုတ်သောကြောင့်ဖြစ်သည်။

ရှီမာယူယူနှင့် အဖွဲ့သည် ထိုရက်အနည်းငယ်တွင် လှည့်ပတ်ကြည့်ကြလေသည်။ သူတို့သည် တခြား ဘာကိုမှ မကြည့်ပဲ မဝယ်ပဲနှင့် ဝိဉာဉ်မိစ္ဆာစီးကာ ထိုနေရာအား လှည့်ပတ်ကြည့်ရာ ရက်ပိုင်းအနည်းငယ်အတွင်း အပေါ်ယံကြည့်ပြီးသွားလေသည်။

ထိုနေ့တွင် ရှီမာယူယူ၊ ရှီမာလိုင်၊ ရှီမာယူလင်းနှင့် ဝူလင်းယူတို့သည် မြို့အချက်အချာတွင် ရှိနေသော အမှတ်တရစားသောက်ဆိုင်သို့ သွားလိုက်သည်။ ဝင်ပြီးနောက်တွင် ဆိုင်တာဝန်ခံသည် သူတို့ပေးသော နာမည် ပြားအားကြည့်ပြီးနောက်တွင် သူတို့ကို အနောက်ဘက်ခြံဝန်းရှိ အိမ်သို့ ခေါ်သွားလေသည်။

“ဒုသခင်ကို နှုတ်ဆက်ပါတယ်” ဆိုင်တာဝန်ခံသည် ရှီမာယူယူအား အရိုအသေပေးလိုက်သည်။ “ဒီ လက်အောက်ငယ်သားက သခင်ကြီးရဲ့ ညွှန်ကြားမှုကို လက်ခံရပြီး ဒုသခင်ရောက်မှာကိုစောင့်နေတာပါ”

“တာဝန်ခံဟီ ယဉ်ကျေးဖို့မလိုပါဘူး ကျွန်တော့်ကို ယူယူလို့ပဲခေါ်လို့ရပါတယ်” ရှီမာယူယူ လက်ဝေ့ရမ်း ကာ “ဒီက အခြေအနေကို လာကြည့်ဖို့လာတာပါ”

ရှင်းမိုမထွက်သွားခင်တွင် သူမကို အမှတ်တရစားသောက်ဆိုင် တစ်ခုလုံးပေးခဲ့ရန် စီစဉ်ထားသည်။ အစတကည်းက ထိုဆိုင်များဖွင့်ရခြင်းမှာ သူမကြောင့်ပင်ဖြစ်သည်ဟု ပြောခဲ့သည်။ သူမ ငြင်းခဲ့သဖြင့် ထိုဆိုင်များ ကို သူမ စီမံခွင့်ပေးမည်ဟု ရှင်းမိုပြောခဲ့သည်။ သည်လိုနှင့် သူမသည် အမှတ်တရစားသောက်ဆိုင်ကို တာဝန်ယူ ရသော ဒုသခင်ဖြစ်လာသည်။

သူ့မျက်လုံးထဲမှ သူမ လေးနက်မှုကိုတွေ့သောအခါ သူမအား ကျောထောက်နောက်ခံနှင့်အတူ ဝင်ငွေပါ ရှိစေလိုသည်ကို သူမ နားလည်လိုက်သည်။ ထို့အပြင် သူသည် ရှေ့လျောက်ရှိလာမည့် ကိစ္စများတွင် သူ့ကို မှီခို စေလိုသည်ကို သူမ သိသည်။

“ယူယူ ငါ ထပ်ပြီး ကံဆိုးတဲ့ကိစ္စတွေမဖြစ်စေချင်တော့ဘူး” သူသည် ရင်နာစွာပြောလေသည်။

သူမ သူ၏ စိတ်ဆန္ဒကို လက်ခံလိုက်ရတော့သည်။

“ဒီလက်အောက်ငယ်သားက သခင်လေးကြည့်ဖို့ စာရင်းစာအုပ်ကိုပြင်ထားပြီးပါပြီ” တာဝန်ခံဟီ ပြော လိုက်လေသည်။

“မလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဦးလေးတို့ အရင်က လုပ်နေကျအတိုင်း ဆက်လုပ်လိုက်ပါ တစ်ခုခုဖြစ်ရင်သာ ကျွန်တော့်ကို ပြောလိုက်ပါ၊ ကျွန်တော် အဲဒါတွေကို ကြည့်ဖို့မလိုပါဘူး”

“နားလည်ပါပြီ”

“ဒါက ကျွန်တော့်အဘိုးပါ နောက်ဆိုရင် တစ်ခုခုဖြစ်ရင် ကျွန်တော့်အဘိုးကပဲ လာကြည့်ပေးပါလိမ့်မယ် ကျွန်တော်တို့ အခုလောလောဆယ်ကို ဘန်းယန်လမ်းမှာ နေပါတယ်” ရှီမာယူယူသည် ရှီမာလိုင်အား မိတ်ဆက် ပေးရင်းပြောလေသည်။

“လက်အောက်ငယ်သား နားလည်ပါပြီ” တာဝန်ခံဟီ ပြန်ဖြေလိုက်သည်။

“တာဝန်ခံ  ကောင်းကင်ဂိုဏ်းသားအဖြစ် လူဘယ်လောက် စာရင်းပေးလဲဆိုတာ သိလား” ရှီမာယူယူ မေးလိုက်သည်။

“သခင်လေးက စာရင်းပေးမလို့လား” သူ မေးလိုက်သည်။

“ဟုတ်တယ် အဲဒီဂိုဏ်းကမဆိုးဘူးလို့ ကြားတယ် အဲဒါကြောင့် သွားပြီး သင်ချင်လို့” ရှီမာယူယူ ပြုံးပြီး ပြောလေသည်။

“ဂိုဏ်းကတကယ်မဆိုးပါဘူး၊ အဲဂိုဏ်းက ရှေးဟောင်းကမ္ဘာဦးနယ်မြေမှာတော့ ရှေ့ပြေးပဲလေ အတွင်း ပိုင်းဒေသကတောင် လာသင်ကြတဲ့လူများတယ်” တာဝန်ခံဟီပြောလေသည် “အသက် ၁၀၀အောက်ရောက်တဲ့ လူနည်းနည်းကလွဲရင် လူသစ်တွေက စာမေးပွဲတွေကို အောင်ရမယ်၊ အဲစစ်ဆေးမှုတွေအောင်မှ ဂိုဏ်းကို ဝင်လို့ ရမယ်”

“သူတို့ဘာကို စစ်လဲဆိုတာသိလား”

တာဝန်ခံဟီခေါင်းရမ်းလိုက်သည် “စစ်ဆေးတဲ့ ခေါင်းစဉ်တွေကို အမြဲလျှို့ဝှက်ထားတယ်၊ စာမေးပွဲပြီး သွားမှပဲ သိကြတာများတယ်၊ စာမေးပွဲတိုင်းက မတူကြဘူး၊ အရင်က ဖြေဖူးတဲ့လူဆီက စာမေးပွဲခေါင်းစဉ်ကို ရ အောင်လုပ်ဖို့လည်း နည်းလမ်းမရှိဘူး”

ဂိုဏ်းနှင့်ပတ်သတ်သော မေးခွန်းအနည်းငယ်မေးပြီးနောက်တွင် သူမသည် အကျဉ်းချုပ်ကိုတော့ သိ သွားပြီဖြစ်သည်။

အပြန်လမ်းတွင် လူငယ်တချို့သည် စာရင်းသွင်းခြင်းကိစ္စနှင့်ပတ်သတ်ပြီး ဆွေးနွေးနေသည်ကို တွေ့ခဲ့ရ သည်။ သူတို့လည်း ကျောင်းသားအသစ်အနေနှင့် စာရင်းသွင်းရန် ရောက်လာခြင်းဖြစ်ကြောင်းကို သူမ ခန့်မှန်းမိ သည်။

“ဒီတစ်ခေါက်ကို လူတွေအဲလောက်အများကြီးပါမှာလား၊ ဒါပေမဲ့ သူတို့က လူတစ်ရာကိုပဲ လက်ခံမှာ၊ ပြိုင်ပွဲအဆင့်တွေတောင် တွေးလို့ရနေပြီ” ရှီမာယူယူသည် သက်ပြင်းချမိလေသည်။

“ပြိုင်ပွဲကပြင်းထန်ရင်တောင် ငါဝင်လို့ရမယ်ဆိုတာ ယုံတယ်” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။

သူမကိုယ်တိုင် တစ်ယောက်တည်းယုံကြည်ချက်ရှိခြင်းမဟုတ်ပေ။ သူမသည် သူမ၏ အစ်ကိုများ၊ ဘေဂုံထန်နှင့် တခြာသူများကိုပါ ယုံလေသည်။ အားလုံးသည် အခက်အခဲများစွာကို ကျော်ဖြတ်လာရခြင်း ဖြစ် သဖြင့် သူတို့ အရည်အချင်းကိုတော့ ပြောရန်မလိုပေ။ သူတို့တွင် အရည်အချင်းများရှိကာ ဝိဉာဉ်စေတီအတွင်း ကြာရှည်စွာ ကျင့်ကြံခဲ့ခြင်းဖြစ်သဖြင့် သူတို့စွမ်းအားသည် နှစ်၁၀၀စာလောက်တော့ ရှိမည်။ သူတို့ စာမေးပွဲ

အောင်ရန် ပြဿနာမဖြစ်နိုင်ပေ။

“ဟူး ကြားပြီးပြီလား ပါရမီရှင်အများစုလည်း စာရင်းသွင်းကြတယ်တဲ့”

“တကယ်လား ဘယ်သူတွေလဲ”

“မင်းမကြားမိဘူးလား” ထိုလူသည် တုန်လှုပ်စွာဖြင့်အော်လေသည်။ “အပြင်ပိုင်းဒေသကလာတဲ့ ပါရမီရှင်တွေအပြင်ကို တောင်ကန္တရ၊ မြောက်ပိုင်းမို၊ အရှေ့ပိုင်းနယ်မြေနဲ့ အနောက်ပိုင်းလင်းဒေသက ပါရမီရှင် တွေလည်းလာမှာတဲ့”

“တကယ်လား ဒါဆိုရင် ဒီနှစ်ပွဲကတော့ ပြင်းမှာပဲ”

“ဒါပေါ့…”

သူတို့နှစ်ယောက်သည် စကားပြောရင်း ဖြတ်လျှောက်သွားလေသည်။ ရှီမာယူယူနှင့် တခြားသူများ သည် သတင်းကြားသောအခါ သူတို့နောက်ကျောများကို ကြည့်ရုံသာကြည့်လိုက်ပြီး ခက်ခဲမှုများ ပိုများလာသည် ကို တွေးပြီး သက်ပြင်းချမိလေသည်။

ပြန်လာပြီးနောက်တွင် ရှီမာယူယူတို့သည် ဒီနေ့ရလာသော သတင်းများအကြောင်းကို ဆွေးနွေးကြလေ သည်။ သူတို့သည် လေးနက်သော အမူအရာများဖြစ်နေကာ ဖိအားများနေကြသည်။

“အားလုံးပဲ စိုးရိမ်ဖို့မလိုပါဘူး၊ ငါတို့အောင်သွားရင် ဝင်လိုက်ရုံပဲ၊ မဝင်နိုင်ဘူးဆိုလည်း စိတ်ဓာတ်ကျစရာ မရှိဘူး ကျင့်ကြံတဲ့လမ်းစဉ်က အရှည်ကြီးပဲ၊ ဒါက ခြစ်ရာလေးတစ်ခုလောက်ပဲရှိတယ်” ရှီမာလိုင်ပြောလေသည်။

“အဘိုးပြောတာမှန်တယ် ငါတို့အကောင်းဆုံးလုပ်ကြမယ် ငါတို့မဝင်နိုင်ရင်လည်း နောင်တရစရာ မလို ဘူး” ရှီမာယူရွှီ ပြောလေသည်။

အားလုံး စိတ်လှုပ်ရှားမိကြသည်။ ကောင်းကင်ဂိုဏ်း၏ ကျောင်းသားသစ်ရွေးချယ်ပွဲသည် နီးကပ်လာ သည်။ ရှီမာယူလီနှင့် တခြားလူများပင် သူတို့အဖွဲ့ အိမ်ထဲမှာနေပြီး တက်ကြွကာ စားသောက်ကြ စကားများပြော ကြသည်ကို မထိန်းချုပ်နိုင်ပေ။

ရှီမာယူယူ ဝိုင်ခွက်နှစ်ခွက်ယူပြီး ဝူလင်းယူ ဘေးလာလိုက်ကာ သူ့ကို ခွက်ပေးလိုက်သည်။

“စီနီယာ ပြန်ဖို့မပြင်သေးဘူးလား”

“ငါမင်းနဲ့ နေဦးမယ်လို့ပြောပြီးသားလေ၊ မိုရှားနိုးလာတာကို စောင့်ဦးမယ်” ဝူလင်းယူ ပြုံးလိုက်ပြီး တစ်ကျိုက်တည်း သောက်လိုက်လေသည်။

“အစ်ကိုလည်း ကျွန်တော်တို့နဲ့အတူ စာရင်းသွင်းချင်တာလား” ရှီမာယူယူသည် ဝူလင်းယူအား အံ့သြစွာ ကြည့်လိုက်သည်။ သူပြန်ဖြေတာကို သူမ မစောင့်တော့ပဲ ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည် “အစ်ကိုက အသက် ၁၀၀ကျော်နေပြီဆိုတော့ အဆင့်မမှီတော့ဘူး”

ဝူလင်းယူသည် ရှီမာယူယူရှေ့လာရာ သူတို့နှစ်ယောက်သည် တစ်ယောက်ဆီမှ တစ်ယောက် ဝိုင်အနံ့ ရသည်အထိ နီးကပ်သွားလေသည်။

“မင်းရော ငါ့ဂျူနီယာလေး ငါ့ကို မင်းနဲ့ရှိစေချင်တာလား”

All Chapters