← Chapters

ပါရမီရှင်များစုဝေးခြင်း

Vol. 006 Ch. 538

ပါရမီရှင်များစုဝေးခြင်း

Vol. 006 Ch. 538

ဝူလင်းယူ၏ အသံသည် ပျင်းရိခြင်း ရောယှက်ကာ ရယ်သံပါနေပြီး လေးနက်မှုလည်း ရှိနေသည်။

ရှီမာယူယူ လှည့်ထွက်လိုက်ရာ သူ့မနှာခေါင်းနှင့် သူ့ကိုတိုက်မိသွားလေသည်။ သူ၏ပြုံးရွှင်နေသော မျက်လုံးများ ကို တွေ့ကာ ရင်ခုန်သံမြန်သွားလေသည်။

“ဂျူနီယာ ညီလေး ပြန်မဖြေသေးဘူးနော်”

ဆွဲငင်မှုရှိသောအသံကိုကြားလိုက်ပြီး သူ၏ ပင့်သက်ထဲမှ မွှေးကြိုင်နေသော ဝှိုင်အနံ့များကိုရလိုက် သောအခါ သူမမျက်နှာတစ်ခုလုံး နီလာလေသည်။ ရှက်ရွံ့မှုများနှင့်အတူ သူမ၏မျက်နှာကို အဝေးသို့လွှဲလိုက် လေသည်။ “စီနီယာအစ်ကိုက လုပ်ချင်တာလုပ်လေ ကျွန်တော်လည်း ထိန်းချုပ်လို့ရတာမှမဟုတ်တာ”

သူမသည် ခေါင်းကိုငုံ့ကာ ဝှိုင် တစ်ငုံသောက်လိုက်ပြီး သူမ၏စိတ်ကို မြိုသိပ်ဖို့ ကြိုးစားနေလေသည်။

ဝူလင်းယူ တိုးတိုးလေး ရယ်လိုက်လေသည်။ ရှီမာယူယူ အနေနဲ့ ဝူလင်းယူ ရယ်တာ ပထမဆုံး မြင်ဖူးလေခြင်း ဖြစ်သည်။ အရင်ကဆို သူ ပြုံးခဲသည်။ တော်ရုံတန်ရုံ ပြုံးလေ့မရှိ။ ခုတော့ သူ့ပါးစပ်ကနေ ရယ်သံများ ထွက်လာ လေသည်။

သူ့ကြည့်ရတာ ပျော်နေပုံပဲ။ ရှီမာယူယူ သူ့ကို ငေးကြည့်နေလိုက်လေသည်။ ပြီးနောက် စားပွဲသို့ ပြန်ကာ တခြားသူများနှင့်အတူ ဆက်စားနေလေသည်။

သူ ရှေ့လျှောက်လုပ်ရမယ့် ကိစ္စကို သူမ ဂရုစိုက်ပေးရန် မလိုပေ။ သူသည် ကလေးမဟုတ်တော့ပေ။ သူ့တွင် အစီအစဉ်ရှိနေလိမ့်မည်။

ဝူလင်းယူသည် အဆောင်၏ လက်ရန်းကိုမှီကာ ဝိုင်ပုလင်းကိုင်ကာ ပျော်ရွှင်စွာ သောက်လေသည်။

သူမကို အံ့သြသွားအောင် လုပ်ရမည်….

နောက်နေ့မနက်တွင် ရှီမာယူယူနှင့် အခြားသူများ အထုပ်အပိုးများ ထုပ်ပြီး ကောင်းကင်ဂိုဏ်းသို့ ဦးတည်သွား ကြလေသည်။

ရောက်ခါနီးသောအခါ သူတို့ စောနေပြီဟု ထင်ခဲ့ကြသည်။ သို့သော် သူတို့ရောက်သွားသောအခါ နောက်ကျနေပြီကို သိလိုက်ရသည်။ ဂိုဏ်း၏တံခါးစောင့် သည် လူထောင်ပေါင်းများစွာနှင့် အလုပ်ရှုပ်နေ လေသည်။

“မနက်ပဲရှိသေးတယ် ဒီမှာလူတွေ အများကြီးပဲ သူတို့တွေ မနေ့ညကတည်းက ရောက်နေကြတာလား” ရှီမာယူယူ ရွေရွတ်လိုက်သည်။

“လူတွေကအများကို သူတို့က လူတစ်ရာပဲ လက်ခံတာလား” လှုပ်ရှားနေသော ဦးခေါင်းများကို ကြည့်ပြီး ဖက်တီးကျူ တံတွေးမျိုချကာ ပြောလိုက်လေသည်။

“အဲ့တာသာ တကယ်ဆို တော်တော်ကြောက်ဖို့ကောင်းမှာပဲ”ဝေကျိရွှွှီ ပြောလိုက်လေသည်။

“ဒါက တော်တော်ဆိုးမှာပဲ” ရှီမာယူယူ စိုးရိမ်စွာပြောလိုက်လေသည်။ သူမ အရွေးမခံရမှာကို စိတ်ပူနေလေသည်။

ထိုအချိန်တွင် သူတို့ဘေးတွင် တခြားလူများ၏ ဆွေးနွေးမှုကို ကြားလိုက်သောအခါ သူတို့၏စိုးရိမ်မှုများ နှစ်ဆ တိုးပွားလာလေသည်။

“မနေ့ညက ဒီတစ်ခေါက် လူတစ်ရာ မဟုတ်တော့ဘူးဆိုတဲ့ သတင်းကြားလိုက်တယ်”

“ဟုတ်လောက်တယ် စောစောလာတဲ့လူက ဖြန့်သွားတဲ့ပုံပဲ”

“ဟီးဟီး ဒါဆိုရင်တော့ဖြင့် ငါတို့ရွေးချယ်ခံရနိင်ချေ ပိုများလာပြီ”

“ဟုတ်တယ် စဉ်းစာလိုက်တာနဲ့ စိတ်လှုပ်ရှားလာပြီ”

“တစ်ရာမဟုတ်တော့ဘူး ဆိုရင် ဘယ်လောက်လဲ”

“ငါလည်း မသိဘူး သူတို့ဆုံးဖြတ်ကို ဘယ်သူက ခန့်မှန်းနိုင်မှာလဲ။သူတို့က အမြဲတမ်း တစ်ရာလို့ပြော ရင်တောင် ချန်ထားခဲ့တာပဲကို။ အများဆုံး လက်ခံခဲ့တဲ့ တစ်ခေါက်ကတော့ အယောက် ၅၀၀ပဲ။ အနည်းဆုံး ကတော့ အယောက် ၂၀ပဲ။ တစ်ခါတစ်လေ အကန့်အသတ်မရှိ လက်ခံတယ်လို့တောင် ကောလဟာလ ထွက် သေးတယ်”

“ဟီးဟီး ဘယ်လိုပဲဖြစ်ဖြစ် သူတို့များများ ရွေးချယ်လေ ငါတို့ အတွက်ကောင်းလေပဲ”

“ဟုတ်တယ်”

ရှီမာယူယူ သူတို့ကိုကြည့်လိုက်သည်။ သူတို့ပြောတာတွေသာ အမှန်ဆိုရင် ရှီမာယူယူ အတွက်လည်း အခွင့်အရေး ပိုရမှာပဲ။ ဒါပေမယ့် ဂိုဏ်း၏ စာမေးပွဲသည် အဲ့လောက်ရိုးရှင်းမယ်လို့ သူမ မထင်ပေ။

သူမသည် ယိလင်း တိုင်းပြည်တွင် ဘေဂုံထန် နဲ့အတူ စမ်းသပ်ခံတုန်းက အချိန်ကို ပြန်တွေးလိုက်သည်။ ထိုအချိန်တွင် သူတို့သည် စွမ်းအင်လုံး ဖန်တီးခဲ့ကြသည်။ အခုတစ်ခါတော့ ဘယ်လောက် ခက်ခဲမည်ကို မသိပေ။

“ဘေးဖယ် ဘေးဖယ်”

အနောက်မှ နှောင့်ယှက်သံတစ်ခု ရုတ်တရက်ထွက်လာသည်။ ရှီမာယူယူ နဲ့ အခြားသူများ လှည့်ကြည့် လိုက်လေသည်။ ကိုယ်ရံတော်များစွာ တွန်းလာသော ဇိမ်ခံမိစ္ဆာလှည်းကြီး ဖြည်းညင်းစွာဝင်လာသည်ကို သူတို့ တွေ့လိုက်ရသည်။

ဆွဲလာသော အံ့ဖွယ်မိစ္ဆာများမှာ ကြောက်မက်ဖွယ်ပုံဖြစ်နေသဖြင့် လူအုပ်ကြီးသည် ဘေးသို့ဖယ်ပေးရာ မိစ္ဆာလှည်းသည် အရှေ့တွင်ရပ်သွားလေသည်။

ကြမ်းတမ်းမှု ပုံစံရှိသော အံ့ဖွယ်မိစ္ဆာများသည် ခွေးအမျိုးအစားဖြစ်ပြီး ရှေးဟောင်းအံ့ဖွယ် မိစ္ဆာများ၏ သွေးသားဖြစ်သည်။ အလွန်သန်မာပြီး အသတ်အဖြတ်မှာလည်း ရက်စက်သော မိစ္ဆာများ ဖြစ်လေသည်။ ဒီ မိစ္ဆာကြီးကို ခေါ်ဆောင် လာသည့်လူမှာ သာမာန်လူတော့မဖြစ်နိုင်ပေ။

“ဘယ်သူက ဒီမိစ္ဆာလှည်းကိုစီးမှာလဲ ဒါဟန်ပြပါ” ဖက်တီးကျူ မျက်တောင်ခန်ကာ ပါးစပ်ပိတ်ထားလေ သည်။

“မင်းကဘယ်လိုသိမှာလဲ လှည်းပေါ်က ဆိုင်းဘုတ် ကိုကြည့်လိုက် သူက အတွင်းပိုင်းဒေသ မြောက်ပိုင်း မို မျိုးနွယ်က” ဘေးကလူပြောလိုက်လေသည်။

“ချောင်းလန်မျိုးနွယ်က ဘာကြီးလဲ” ရှီမာယူလီ က ရှီမာယူယူ ကိုမေးလိုက်လေသည်။ ရှီမာယူယူသည် အရင်တုန်းက အတွင်းပိုင်းဒေသ တွင်နေဖူးသောကြောင့် သိလိမ့်မည်။

“ချောင်းလန်မျိုးနွယ်က မြောက်ပိုင်းက အကြီးဆုံးမျိုးနွယ်တွေထဲက တစ်ခု သူတို့မျိုးရိုးနာမည်က ချောင်းလန် ပြီးတော့ သူတို့ မျိုးနွယ်က ကြောက်စရာလည်းကောင်းတယ်။ မြောက်ပိုင်းမိုမှာဆိုရင် အဆင့်အတန်း လည်း မြင့်တယ်။ အာဏာလည်းကြီးသလို အညှာအတာလည်း ကင်းမဲ့တယ် ပြီးတော့ အငြိုးအတေးလည်း ကြီးတယ်၊ သူတို့လူငယ်မျိုးဆက်ထဲမှာ ချောင်းလန်လီဆိုတဲ့ လူငယ်ရှိတယ်လို့ ကြားဖူးတယ်၊ သူက အရမ်း အရည်အချင်းရှိပြီး အသက် ၅၀မရောက်ခင်ကို အံ့ဖွယ်အရှင်အဆင့်ရောက်ပြီးနေပြီ” ရှီမာယူယူ ရှင်းပြလေသည် “အဲဒါကြောင့် လှည်းထဲမှာ ထိုင်တဲ့လူက ချောင်းလန်လီဖြစ်နိုင်တယ်”

“အဲလိုလူက ဒီကိုလာပြီး သင်မှာလား” ဖက်တီးကျူ နားမလည်ပေ။

သူ့လိုလူက သူတို့မျိုးနွယ်မှာပဲ ကြီးပြင်းသင့်တာ။ ဘာလို့ဒီကိုလာတာလဲ။

“ကောင်းကင်ဂိုဏ်းက အပြင်ပိုင်းဒေသကဖြစ်ပေမယ့် တိုင်းပြည်တစ်ခုလုံးမှာ သြဇာသက်ရောက်မှုရှိ တယ်၊ အဲဒါကြောင့် သူတို့သေချာပေါက် ဒီကိုလာမှာပဲ” ဘေဂုံထန် ပြောလိုက်သည်။

မိစ္ဆာလှည်း တံခါးရှေ့ရောက်သောအခါ ရပ်လိုက်ပြီး တခြားသူများကို စောင့်နေလေသည်။

ခဏအကြာတွင် နောက်မိစ္ဆာလှည်းတစ်စင်းရောက်လာသည်။ ကိုယ်ရံတော်များသည် အရှေ့ကကဲ့သို့ မအော်သော်လည်း မိစ္ဆာများလှည်းဆွဲလာသည်ကို မြင်သည်နှင့် လူများသည် လမ်းဖယ်ပေးလိုက်ကြသည်။

သူတို့သည် ရှေးခေတ် အံ့ဖွယ်မိစ္ဆာ၏ ဆက်ခံသူ ဖူဇူကိုသုံးထားသဖြင့် သူတို့ရာထူးများမှာ ချောင်းလန် မျိုးနွယ်ထက်မနိမ့်နိုင်ပေ။

“အဲဒါ ဘယ်လိုဝိဉာဉ်မိစ္ဆာလဲ၊ သမင်ဖြူနဲ့တူတယ်” ရှီမာယူလင်း ပြောလေသည်။

“အဲဒါဖူဇူလို့ခေါ်တယ်၊ သူတို့က အရှေးဟောင်းအံ့ဖွယ်မိစ္ဆာတွေရဲ့ ဆက်ခံသူတွေပဲ၊ သူတို့က သမင်ဖြူနဲ့ တူပေမယ့် မင်းပြောတဲ့သမင်ဖြူထက် ပိုပြီးခက်ထန်တယ်၊ သူတို့က အရမ်းလည်းမြန်တယ်၊ လူအများစုက သူတို့ ကို အလှပြဖို့ပဲ သုံးကြတယ်၊ ဒါပေမဲ့ တချို့လူတွေကတော့ သူတို့ကိုရှာပြီးထိန်းကျောင်းပြီး ရထားလုံးအတွက်သုံး ကြတာပဲ” ရှီမာယူယူရှင်းပြလေသည်။

“ဒါဆို သူတို့က ဘယ်လိုစွမ်းအားစုကလဲ”

“ငါပြောတာမမှားရင် သူတို့က အနောက်ဘက်လင်းကဖြစ်ရမယ်” ရှီမာယူယူသည် မိစ္ဆာလှည်းနှစ်ခုအား ကြည့်ကာ အဆက်မပြတ်သံသယဝင်မိလေသည်။ “ဒီတစ်ခေါက် လူရွေးပွဲကိုပါဖို့ ဘာလို့အဲလောက်တောင် စုဝေး နေကြတာလဲ”

“ဘာထူးဆန်းနေလို့လဲ” ရှီမာယူလင်း မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “ဂိုဏ်းက ကောင်းတယ်ဆိုရင်တောင် ဒီလိုတစ်ချိန်တည်းမှာပဲ အတွင်း ပိုင်းဒေသက ပါရမီရှင်တွေ ပါအရွေးခံတာက ထူးဆန်းနေတယ်၊ ပြီးတော့ ရွေးချယ်ပွဲမလုပ်တဲ့ကာလကလည်း ကြာတာမဟုတ်ဘူး ၁၀နှစ် ၁ခါလုပ်နေတာပဲ၊ ကျင့်ကြံသူတွေအတွက်တော့ အချိန်တိုတယ်လို့ ပြောလို့ရတယ်၊ ဒီတစ်ခါကို အလောတကြီးလာဖို့ မလိုပါဘူး”

“တိုက်ဆိုင်သွားတာလည်း ဖြစ်နိုင်တာပဲ” ဖက်တီးကျူ ခန့်မှန်းလေသည်။

မိစ္ဆာလှည်းမှ အသံများသည် ထပ်ဟိန်းလာသည်။ ရှီမာယူယူသည် မိစ္ဆာလှည်းနီးနီးလာသည်ကို ကြည့် ပြီး မျက်မှောင်ကြုတ်လိုက်သည်။

တိုက်ဆိုင်တာပဲလား…

သူတို့ အချိန်တစ်ခုစောင့်ပြီးနောက် မိစ္ဆာလှည်းတချို့ထပ်ရောက်လာသည်။ သူတို့အားလုံးသည် အရှေ့ သွားပြီး စောင့်ကြလေသည်။ ဘယ်သူမှ စိတ်လက်မာန်ပါမလုပ်ရဲကြပေ။

လူအုပ်ကြီးသည် နောက်ဆုတ်မည့်ပုံပေါ်သည်။ ဒီကို ဘယ်လောက်ပဲ စောရောက်အောင် လာပါစေ အင်အားကြီးတွေနဲ့ တွေ့မှာပဲဟု ရှီမာယူယူသည် သူမဘာသာ ပြောမိလေသည်။

နေရောင်ခေါင်းပေါ်ရောက်လာသည့်အချိန်တွင် ဂိုဏ်း၏ ကြီးမားသော တံခါးများသည် တဖြည်းဖြည်း ဖွင့် လေသည်။ အဖြူရောင်ဝတ်စုံဝတ်ထားသော အဖြူရောင်ဆံပင်နှင့် အဘိုးကြီးထွက်လာသည်။

All Chapters