← Chapters

စာမေးပွဲ (၁)

Vol. 006 Ch. 539

စာမေးပွဲ (၁)

Vol. 006 Ch. 539

အဘိုးကြီးနောက်တွင် လူတစ်စုသည် အပြင်ဘက်မှ လူအုပ်ကို မထူးဆန်းသလိုကြည့်နေလေသည်။

“ဒီနှစ် ပါဝင်တဲ့သူတွေကတော့ အရင်နှစ်တွေကထက် အရမ်းကိုသာလွန်ပါတယ်” ဆရာတစ်ယောက် သည် အော်ပြောလေသည် “လူဘယ်လောက်များ အောင်မလဲဆိုတာကိုသိချင်မိတယ်”

“ဒီနှစ်ကိုလာတဲ့အထဲမှာ ပါရမီရှင်များတာလည်းတွေ့တယ်၊ ကျုပ်တို့်ကိုစိတ်မပျက်စေဘူးလို့တော့ ယုံကြည်ပါတယ်” အနက်ရောင်ဝတ်ရုံခြုံထားပြီး တင်းမာသော မျက်နှာထားနှင့်ဆရာက ပြောလေသည်။

“ကောင်းပြီ မပြောတော့ဘူး ဒီနှစ် စာမေးပွဲအတွက် ပြင်လိုက်ကြပါ” အဘိုးကြီး အော်လိုက်လေသည်။

သူ စတင်ပြီဟုပြောလိုက်သည်နှင့် အားလုံးဘာမှ ထပ်မပြောရဲကြတော့ပေ။ အဖွဲ့ထဲမှ လူတစ်ယောက် သည် အရှေ့သို့လျှောက်လာကာ စင်၏ ထိပ်တွင်ရပ်ပြီး လက်ဝေ့ရမ်းကာ လူအုပ်အား ငြိမ်သက်စေရန် အချက် ပြလိုက်သည်။

“ကောင်းကင်ဂိုဏ်းရဲ့ လူသစ်စုဆောင်းတဲ့ပွဲကိုတက်ရောက်တဲ့လူအားလုံးကို ကြိုဆိုပါတယ်” ထိုဆရာ၏ အသံမှာ မကျယ်သော်လည်း နေရာအနှံ့ကြားရသည်။ “ဒီကိုလာတိုင်း ကျုပ်တို့ဂိုဏ်းရဲ့ ကျောင်းသားဖြစ်ရမယ်လို့ မပြောပါဘူး၊ ဂိုဏ်းကိုဝင်ချင်တယ်ဆိုရင်တော့ ကျုပ်တို့ရဲ့ စာမေးပွဲကိုဖြေရပါမယ်၊ စာမေးပွဲအောင်ပြီးသွားရင် ကျုပ်တို့ဂိုဏ်းရဲ့ ကျောင်းသားဖြစ်လာနိုင်ပါတယ်”

သူရပ်လိုက်ပြီး လူအုပ်ကို အကဲခတ်ပြီးမှ ဆက်ပြောလေသည် “ဒီမှာ လူ၅သောင်းလောက်ရှိမယ်လို့ ကျုပ်အကြမ်းဖျင်းမှန်းမိတယ်၊ ဒါပေမဲ့ အားလုံးသိထားရမှာက ဂိုဏ်းက လူသစ်ခေါ်မယ့် အရေအတွက်ကို သတ်မှတ်ထားတဲ့ စည်းကမ်းရှိပါတယ်၊ အဲအရေအတွက်ထဲမှာ ပါချင်တယ်ဆိုရင်တော့ အားလုံးရဲ့ အရည်အချင်း ပေါ်မှာ မူတည်ပါတယ်”

လူအုပ်ကြီးသည် အချင်းချင်းတီးတိုးများပြောကြလေသည်။ အများစုသည် ထိုအရေအတွက်အတွှု်း ဝင်နိုင်ပါ့မလားဟု စိုးရိမ်နေကြသည်။

“တိတ်တိတ်နေကြပါ” အေးစက်သော မျက်နှာထားရှိသော ဆရာသည် ပြင်းထန်စွာ ကြိမ်းမောင်းလိုက် သည်။ အားလုံးငြိမ်ကျသွားသည်အထိ စောင့်ပြီး ဆက်ပြောလေသည် “ဒီစာမေးပွဲမှာ ၃ပိုင်းပါလိမ့်မယ်၊ အဆင့် ၃ဆင့်လုံးကို ဖြတ်ပြီးမှပဲ စာမေးပွဲအောင်လိမ့်မယ်၊ အခုတော့ ပထမဆုံးအဆင့်ကို လုပ်ရလိမ့်မယ်”

အားလုံးသည် သူတို့ခြေဖဝါးအောက်မှ အလင်းတန်းများတောက်ပလာသည်ကို မြင်လိုက်ရသည်။ ပထမဆုံးအဆင့်အကြောင်းကို မမေးရခင်မှာပင် အားလုံးသည် ထိုနေရမှပျောက်ကွယ်သွားကြလေသည်။

ရှီမာယူယူသည် မူးဝေသောအရာကိုခံစားလိုက်ရသည်။ သူမ မူးဝေခြင်းများပျောက်သွားချိန်တွင် သဲကန္တာရအတွင်းရောက်နေပြီးဖြစ်လေသည်။

သူမ ပတ်ဝန်းကျင်အား စစ်ဆေးလိုက်သည်။ လူတစ်ယောက်မှ ရှိမနေပေ။ တောက်ပသော နေရောင် သည် မြေပေါ်သို့ လောင်မြိုက်စွာကျရောက်နေကာ ကြက်ဥပင်ပြုတ်လို့ရနေလောက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးသည် ရေနွေးငွေ့ခြင်းကြီးနှင့်တူနေလေသည်။

“ထင်ယောင်ထင်မှားလား”

သူမ ဂရုစိုက်စွာ စဉ်းစားဆင်ခြင်လိုက်သည်။ ထိုအရာမှလွဲပြီး အခုလိုရုတ်တရက်ပြောင်းလဲမှုကို ရှင်းပြ နိုင်သည့်အခြေအနေမရှိပေ။

“ဒီထင်ယောင်ထင်မှားက ထင်ယောင်ထင်မှားတည်ဆောက်မှုလား မဟုတ်ရင် တခြားဝိဉာဉ်လက်နက်နဲ့ လုပ်ထားတာလားဆိုတာ မသေချာဘူး၊ ဒါပေမဲ့ တကယ့်အစစ်လိုပဲ၊ အရမ်းပူတာပဲ” သူမ ဆံထုံးမှ ချွေးများကျ လာသည်။ သူမ မှော်ဝင်လက်စွမ်မှ လက်ကိုင်ပုဝါထုတ်ရန်ဟန်ပြင်သော်လည်း သူမ မှော်ဝင်လက်စွမ်အတွင်း တွင် ဘာမှမရှိတော့သည်ကို သိလိုက်ရသည်။

သူမ လန့်သွားသည်။ သူမသည် ဝိဉာဉ်စေတီကို ဝင်ရန်ကြိုးစားကြည့်သော်လည်း ဝင်မရပေ။ သို့သော်  သူမ ထိတ်လန့်ခြင်းမရှိပဲ မျက်လုံးမှိတ်ကာ အတွေးများကို ရှင်းလင်းလိုက်သည်။ ထို့နောက်တွင် သူမသည် ရွတ်ဆိုလိုက်ရာ လက်ထဲတွင် ဝိဉာဉ်အသီးပေါ်လာလေသည်။

သူမသည် လက်ထဲမှ လတ်ဆတ်သောအသီးကို ကြည့်ကာ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

“ထင်ယောင်ထင်မှား တည်ဆောက်မှုကတော့ ထင်ယောင်ထင်မှားတည်ဆောက်မှုပဲ တကယ် မရှိဘူး”

ထိုနေရာတွင် မှော်ဝင်လက်စွပ်အသုံးပြုခွင့်မရှိခြင်းမဟုတ်ပဲ တည်ဆောက်မှုသခင်က လူများ ထိုကဲ့သို့ ထင်အောင်လုပ်ထားခြင်းဖြစ်သည်။ သို့သော် တိကျသောအချက်မှာ အတွေးများကို ရှင်းလိုက်ပြီး ထင်ယောင် ထင်မှားကို မယုံဘူးဆိုလျှင် သူတို့သည် မှော်ဝင်လက်စွပ်မှ ပစ္စည်းများကို ထုတ်ယူရနိုင်သည်။

လူများသည် မှော်ဝင်လက်စွပ်အား အသုံးပြုမရသည်ကို သိကြပါက ထိတ်လန့်သွားကြမည်ဖြစ်သည်။ ထို့အပြင် ဒီလိုအခြေအနေမျိုးသည် အောင်မြင်ရန် ခက်ခဲသည်။

“ဒီတစ်ခေါက်စမ်းသပ်တာက ကန္တာရထဲကထွက်ဖို့လား” သူမ ဝိဉာဉ်အသီးအား ဝါးလိုက်ရာ နာကျင်မှု များ ပျောက်သွားလေသည်။ သူမ နောက်ဆုံးတွင် အသားကျသွားကာ စမ်းသပ်မှု၏ ခေါင်းစဉ်ကို စဉ်းစား ကြည့် လေသည်။ “ကန္တာရရဲ့ အရှေကက ဒီလိုဖြစ်သင့်တယ်”

သူမ ထပ်စဉ်းစားသည်။ ထိုနေရာမှ မထွက်နိုင်လျှင် တောင့်ခံနိုင်မှဖြစ်မည်။ လိုအပ်ချက်ကို မသိသော သူများသည် ထိုအဆင့်တွင် ပြုတ်မည်ဖြစ်သည်။

စဉ်းစားလိုက်ရာ အမြတ်ထွက်နိုင်သည့် အခြေအနေဖြစ်သည်။ အရေးကြီးထွက်ပေါက်ရှာရန် သူမ မစိုးရိမ်တော့ပေ။ သူမ ထိုနေရာတွင်နေကာ မလှုပ်မရှားပဲရှိနေသည်။ သူမသည် တဲထုတ်ကာ အထဲတွင် တရား ထိုင်နေလေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဂိုဏ်း၏ အခန်းထဲတွင် ဆရာများသည် ကြီးများသော ဖန်ဘောလုံး ကိုကြည့်နေကြကာ ပြိုင်ပွဲဝင်များ၏ အခြေအနေကိုစောင့်ကြည့်နေကြသည်။

“ဒီတစ်ခါတော့ အမှန်ကိုတွေ့သွားတဲ့လူရှိနေပြီ” အနီရောင်စကတ် အကြပ်ကိုဝတ်ထားသော လှပပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်သည် ဖန်ဘောလုံးမှ အခြေအနေကို မြင်ပြီးသောအခါ အနောက် သွားပြီး လက်သည်းကို အချောသတ်ပွတ်တိုက်နေလေသည်။

“သူတုန့်ပြန်တာက အရမ်းမြန်လွန်းတယ်” ဆရာများထဲမှ တစ်ယောက်သည်လည်း အံ့သြမိလေသည်။

“အရင်ကဝင်လာတဲ့လူတောင် ရိပ်မိတာ သူ့လောက်မမြန်ဘူး၊ သူ့ အပြုအမူကြည့်ရတာ ဒီအဆင့်က စမ်းသပ်ရုံလောက်ပဲဆိုတာ မှန်းမိနေပြီနဲ့တူတယ်”

သူမ မှော်ဝင်လက်စွပ်သုံးလိုက်သည်နှင့် ထိုအခန်းထဲမှ လူများသည် သူမအား သတိထားမိကြလေ သည်။ ထိုအပြုအမူမျိုးကို နာရီဝက်အတွင်း တုန့်ပြန်ခြင်းသည် အရင်က တစ်ခါမှမဖြစ်ဖူးပေ။

သူမ တဲဆောက်ပြီး ဝိဉာဉ်အသီးနောက်တစ်လုံးထုတ်ပြီးစားနေခဲ့သည်။ ထို့နောက်တွင် တင်ပျင်ခွေထိုင် ကာ တရားထိုင်နေခဲ့သည်။ အခန်းထဲရှိလူများသည် ထူးဆန်းသော အမူအရာများဖြစ်သွားကြသည်။

ဒီကလေးက ဒီစမ်းသပ်မှုကို အလွယ်တကူပင် ကျော်ဖြတ်နိုင်သွားပြီ။

မှန်သည်။ သူတို့အမြင်တွင် မှော်ဝင်လက်စွပ်အသုံးပြုနိုင်ပါက ထိုစမ်းသပ်မှုကို အောင်မြင်သွားခြင်းဖြစ် သည်။ သာမာန်လူများသည် မှော်ဝင်လက်စွပ်များတွင် ရေများသိုလှောင်လေ့ရှိကြသည်။ သူတို့တွင် ရေရှိနေ သရွေ့ ထိုနေရာတွင် ရှင်သန်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ထိုနေရာတွင် ၁၀ရက်နေခြင်းသည် သူမအတွက် မခက်ခဲတော့ပေ။

“သူက တည်ဆောက်မှုသခင်ပဲ” အဘိုးကြီးသည် မျက်တောင်ခတ်ကာ ဖန်ဘောလုံးအားကြည့်ပြီး ယုံကြည်ချက်ရှိစွာ မှတ်ချက်ပေးလေသည်။

“ဒီလောက်မြန်မြန်သတိထားမိတာက သူ့ တည်ဆောက်မှုအရည်အချင်းက မနိမ့်ဘူးပဲ၊ သူက အသက် ၁၀၀မပြည့်သေးဘူးမလား”

“အသက်၁၀၀အောက်ရှိတဲ့လူတွေပဲ မှန်တံလျှပ်ထဲဝင်လို့ရတာမလား၊ သူဝင်နိုင်တယ်ဆိုမှတော့ သူူက အသက်၁၀၀ အောက်ပဲရှိသေးလို့ပေါ့”

“သူက အသက်၂၀လောက်ပဲရှိမယ်ထင်တယ်” အဖြူရောင်ဝတ်စုံနှင့် အဘိုးကြီးကပြောလေသည်။

“၂၀ဟုတ်လား” အခန်းထဲရှိဆရာများသည် တိုးညင်းစွာ ထအော်ကြလေသည်။ အသက်၂၀ အရွယ် ကောင်လေးက တည်ဆောက်မှုစွမ်းရည်အဲလောက်မြင့်တာလား။

ဒုကျောင်းအုပ်ကအဲလိုပြောမှတော့ အဲလိုပေါ့။

“အသက်၂၀.. အရည်အချင်းကတော့ ကောင်းကင်ကို အံတုနေတယ်” ထိုဆရာများသည် ပြန်သတိဝင် လာကြသ်ည။ သူတို့သည် ရှီမာယူယူကို တောက်ပသော အကြည့်များဖြင့်ကြည့်နေကြလေသည်။

ဒါက ပါရမီရှင်တွေထဲက ပုံးကွယ်နေတဲ့ ပါရမီရှင်ပဲ။

ထိုအချိန်တွင် ရှီမာယူယူသည် လူအများဝိုင်းကြည့်နေသည်ကို ခံစားရလေသည်။ သူမ မျက်လုံးများဖွင့် ကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ ဘယ်သူမှမရှိသည်ကို သူမ အတည်ပြုလိုက်သည်။ သူမ မျက်လုံးများ သည် သံသယများပြည့်နေပြီး သူမ တရားထိုင်ခြင်းကိုရပ်လိုက်သည်။

“ဒီလူငယ်လေးက အာရုံခံအားလည်း ကောင်းတာပဲ” ဒုကျောင်းအုပ်သည် ရှီမာယူယူ၏ နိုးကြားသော အပြုအမူ အားမြင်ပြီး ကျေနပ်စွာ ခေါင်းညိမ့်လေသည်။

သူမဆီသို့ အာရုံရောက်တုန်းပင်ရှိသေးသည်၊ သူမသည် ခံစားမိနေပြီ။ ထိုအာရုံခံစားမှုသည် သာမန် လူအတွက်မဖြစ်နိုင်ပေ။

“ဒီလိုဖြစ်လာမှတော့ သူ့ကို နောက်စမ်းသပ်မှုကို စောစောလုပ်လိုက်တာပေါ့” ဆရာတစ်ယောက် အကြံ ပေးလေသည်။

“လက်ခံတယ်”

“ပထမဆုံးစမ်းသပ်မှုက အသုံးမဝင်မှတော့ ဒုတိယအဆင့်ကို စောစောဝင်ခိုင်းလို့ရပါတယ်”

ဒုကျောင်းအုပ်၏ မျက်လုံးများ တောက်သွားသည်။ သူခေါင်းညိမ့်ကာ သူ၏ ရှည်လျားသော မုတ်ဆိတ်များကို ပွတ်သပ်လိုက်သည် “ဒါဆို သူ့ကို ဒုတိယအဆင့်ကို ပို့လိုက်ကြပါပေါ့၊ ကောင်းပြီ သူ့ဆီကို ၅ကောင်လွှတ်လိုက် တာပေါ့၊ ဒီလူငယ်လေး ဘယ်လိုတုန့်ပြန်မလဲဆိုတာ သိချင်မိတယ် ဟီးဟီး…”

လူများစွာ ဝိုင်းကြည့်ခံနေရသည်ကို ရှီမာယူယူ ခံစားမိပြီးနောက် မကျင့်ကြံတော့ပေ။ သို့သော် သူမ ဒီနေရာတွင် ဘယ်လောက်ကြာအောင်နေရမည်ကို မသိသဖြင့် တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူမ တည်ဆောက်မှုကျောက်တချို့ကို နေရာချရန် ထုတ်လိုက်သည်။

“ရွှတ် ရွှတ်”

သဲထဲမှ အသံဖျော့ဖျော့ တစ်ခုထွက်လာချိန်တွင် သူမ နှုတ်ခမ်းထောင့်များ တွန့်သွားလေသည်။

All Chapters