အခန်း (၄၉၃)
Vol. 34 Ch. 493
သံမဏိအရိုးဂိုဏ်းတပည့်များသည် လက်နက်ကို ပြန်လည်ရယူပြီးသည့်နောက်မှာတော့ လက်နက်စိတ်ဝိညာဉ် များနှင့် တစ်ယောက်ပြီးတစ်ယောက် ပဋိညာဉ်ရေးထိုးကြတော့သည်။ ဤအရာ၏ အကျိုးသက်ရောက်မှုမှာ လက်နက်စိတ်ဝိညာဉ်ပါသော လက်နက်ကို ရရှိခဲ့သည့်သူသည် အသက်မသွင်းလျှင် ပုံမှန်အတိုင်းပင် ဖြစ်ပေလိမ့် မည်။
သို့ပေမဲ့ လက်နက်စိတ်ဝိညာဉ်ကို ထုတ်ဖော်အသုံးပြုမည်ဆိုပါက ပိုမိုအားကောင်းသော တိုက်ခိုက်ရေးနည်းစနစ် များကို ထုတ်ဖော်နိုင်တော့မှာဖြစ်၏။ အအေးဓား၊ လှံတို့သည် စနစ်ဆီမှ ရရှိခဲ့သော လက်နက်များဖြစ်၏။ ထို့ကြောင့် အစောကတည်းက အားကောင်းလှပြီးသားဖြစ်သည်။ ယခုလက်နက်စိတ်ဝိညာဉ်ပါ ဖြစ်တည်လာပြီ ဆိုတော့ ပိုမို၍ အားကောင်းလာကြသည်။
အတိအကျပြောရမည်ဆိုလျှင် လက်နက်စိတ်ဝိညာဉ်ရှိသော လက်နက်များအားလုံးသည် ရတနာဟု သတ်မှတ် နိုင်သည်။ ကျွင်းချောင်ရှောင်းသည် များပြားလှသော တပည့်များကို ကူညီ၍ လက်နက်စိတ်ဝိညာဉ်ဖြစ်တည်အောင် ဖန်တီပေးလျက်ရှိနေသည်။ ထိုအရာသည် ရတနာတစ်ခုအား လက်ဆောင်ပေးခြင်းနှင့်ပင် ဆင်တူ၏။
ထိုကဲ့သို့သော ဖြစ်ရပ်သည် ရီချင်းရှန်အား အလွန်အမင်း တုန်လှုပ်မိစေသည်။ သူသည် လက်နက် စိတ်ဝိညာဉ် ရှိသော လက်နက်များကို အရင်ဘဝထဲက တွေ့မြင်ခဲ့ဖူး၏။ သို့ပေမဲ့ ၎င်းလက်နက်များဆိုသည်မှာ အလွန်တရာ ရှားပါးလွန်းလှ၏။ ဂိုဏ်းချုပ်ကျွင်းသည် ထိုကဲ့သို့ရှားပါးလွန်းသည့် ရတနာများအား တပည့်များအတွက် ပေါပေါလောလော ပေးအပ်လျက်ရှိသည်။ ထူူးဆန်းလွန်းလှချေ၏။
အထက်နယ်မြေ။
ဂိုဏ်းချုပ်သည် အထက်နယ်မြေမှ ရောက်ရှိလာတာသေချာ၏။
ဝှစ် … ဝှစ်။
အပြင်ဘက်ခြံဝန်းရှိ ကြီးမားလှသော သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ စုရှောင်မိုနှင့် တခြားသူများ အားလုံး တို့သည် လက်နက်စိတ်ဝိညာဉ်များနှင့် ပူးပေါင်း၍ တိုက်ခိုက်မှုများကို ထုတ်ဖော်ကာ စမ်းသပ်မှုများ ပြုလုပ်လျက်ရှိ၏။ ချက်ချင်းဆိုသလိုပဲ မီးဓာတ်၏အရောင် အနီ၊ ရေဓာတ်၏အရောင် အပြာ၊ သစ်သားဓာတ်၏ အရောင် အစိမ်း၊ မြေဓာတ်၏အရောင် အညို၊ သတ္တုဓာတ်၏အရောင် အဝါတို့ အားလုံးသည် တည်နေရာတစ်ခုလုံး တွင် ပျံ့ကျဲပြီး သက်တန့်လှိုင်းများကဲ့သို့ပင် ဖြစ်တည်နေတော့သည်။
ကြွက်သားတည်ဆောက်ခြင်းအခန်းထဲတွင် လေ့ကျင့်ပြီးထွက်လာသော ဟယ်ဝူတီသည် စုရှောင်မိုနှင့် တခြားသူ များအားလုံးတို့ အလွန်တရာလှပသော လက်နက်များကို ကိုင်ဆောင်ထားကြသည်ကို မြင်လိုက်ရသည်။ သူချက်ချင်းဆိုသလို မျက်လုံးပြူးသွား၏။ “ဒါ ဒါတွေက လက်နက်စိတ်ဝိညာဉ်တွေရှိတဲ့ လက်နက်တွေလား”
သူသည်တကယ့်ကို ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အစစ်အမှန်ကို ခွဲခြားသိနိုင်၏။ သူ၏ ကမ္ဘာတွင် လက်နက်စိတ်ဝိညာဉ်ဆိုသည်မှာ အဆင့်အတန်းတစ်ခု ရှိလို့နေ၏။ ထိုသို့သော လက်နက် စိတ်ဝိညာဉ်ရှိသော လက်နက်တစ်ခု မကိုင်ဆောင်ထားဘဲ အပြင်ကိုထွက်မည်ဆိုလျှင် ကျွမ်းကျင်သူတစ်ယောက် ဟုပင် မသတ်မှတ်နိုင်ချေ။
သို့ပေမဲ့ သေမျိုးကမ္ဘာမှာတော့ လက်နက်စိတ်ဝိညာဉ်များကို ပိုင်ဆိုင်သော သိုင်းဆရာများ အများအပြားရှိလို့နေ၏။ ဤအရာသည် ထိတ်လန့်တုန်လှုပ်စရာပင်ဖြစ်သည်။
“ဒီဂိုဏ်းက သက်တန့်ရောင်သူတော်စင် ထားခဲ့တဲ့ ဂိုဏ်းတစ်ခုဖြစ်တာ သေချာပြီ”
ရီရှင်းချန်သည် ဤလက်နက်များမှာ အထက်နယ်မြေမှ လာခြင်းဖြစ်ကြောင်း စဉ်းစားနေမိပြီး ဟယ်ဝူတီမှာတော့ ဤလက်နက်များသည် သက်တန့်ရောင်သူတော်စင် ချန်ထားခဲ့သော လက်နက်များဖြစ်ကြောင်း ထင်မှတ်မိနေ၏။
ဝှစ် ဝှစ်
သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ ဓာတ်သဘာဝ ငါးမျိုးတို့သည် အလင်းတန်းများနှင့် ပြည့်နှက်လျက် ရှိနေတော့သည်။ စုရှောင်မို၊ လီဖေးနှင့် တခြားသော တပည့်များသည် မီးဓာတ်သဘာဝ လက်နက်စိတ်ဝိညာဉ် များကို ပိုင်ဆိုင်ခဲ့ကြ၏။ ၎င်းတို့ထုတ်ဖော်လိုက်သော မီးဓာတ်များသည် အလွန်တရာပြင်းထန်လှသော အားအင် များ ပါဝင်နေ၏။
လုံကျိရန် တို့သည် သတ္တုဓာတ်အမျိုးအစား လက်နက်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ကြ၏။ ထို့ကြောင့် ၎င်းတို့၏ လှံထိပ်နှင့် ဓားကိုယ်ထည်တို့တွင် အလွန်တရာစူးရှလှသော ထက်မြက်မှု အော်ရာများ ထွက်ပေါ်လျက် ရှိနေတော့သည်။
လီယုဟွာ၏ လက်နက်စိတ်ဝိညာဉ်မှာတော့ လက်နက်တစ်ခုမဟုတ်ပေ။ သံမဏိဒိုင်းကာကြီးဖြစ်တော့၏။ မြေဓာတ်သဘာဝ စိတ်ဝိညာဉ်အမျိုးအစားကို ပိုင်ဆိုင်သည်ဖြစ်သောကြောင့် အသက်သွင်းလိုက်သည်ဆိုသည်နှင့် အလွန်တရာထူထဲပြီး လေးလံလှသော အော်ရာများ ထွက်ပေါ်လာ၏။
သတ္တုဓာတ်နှင့် ရေဓာတ်အမျိုးအစားဆိုသည်မှာ အထောက်အပံ့သဘာဝမျိုးဖြစ်ပြီး မိန်းကလေးများနှင့်သာ ပိုမို၍ သင့်တော်၏။ ထို့ကြောင့်ပင် ရေဓာတ်သဘာဝလက်နက်စိတ်ဝိညာဉ်ကို ရရှိပြီးသည့်နောက်မှာတော့ ရီချင်းရှန်သည် သွေးအန်လုမတတ် စိတ်ပျက်နေခြင်းပင်ဖြစ်တော့သည်။
ဂိုဏ်းချုပ်ကျွင်းသည် အဓိကဟောခန်း၏ရှေ့တွင် မတ်မတ်ရပ်လျက်ရှိပြီး သူ၏တပည့်များ လက်နက် စမ်းသပ်နေသည်ကို ကြည့်ရှုကာ ပြုံးနေ၏။ စိတ်ဝိညာဉ်ခန်းမဆောင်သည် အဆင့်ခြောက်ဆီသို့ ရောက်ရှိပြီးနောက် ပွင့်လာခဲ့တော့၏။ စိတ်ဝိညာဉ်ခန်းမဆောင်သည် အလွန်တရာ အားကောင်းလှချေ၏။
တပည့်များအနေဖြင့် ဤသို့သောလက်နက်များကို တပ်ဆင်နိုင်ခဲ့သည်ဖြစ်သောကြောင့် ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းအင်သည် ဆထက်ထမ်းပိုး ပိုမို၍ တိုးတက်လာတော့မှာဖြစ်သည်။ ထို့ပြင် သူ့တွင် စနစ်ဆီမှ လက်နက်များ ရှိမည်ဆိုလျှင် ထပ်မံ၍ အချိန်မရွေး စိတ်ဝိညာဉ်လက်နက်များ ဖြစ်တည်အောင် ဖန်တီး၍ ရနေသည်။
သူသည် စိတ်ဝိညာဉ်ခန်းမဆောင်အားဖွင့်၍ အအေးဓားဆိုသည့်နေရာအား ထိကြည့်လိုက်၏။ ဤနေရာမှာတော့ လက်နက် စိတ်ဝိညာဉ်ထားသိုသည့်နေရာသည် နံပါတ်နှစ်ဟူ၍ ဖော်ပြနေ၏။ ဆိုလိုသည့်သဘောမှာ လက်နက် စိတ်ဝိညာဉ် နှစ်မျိုးနှစ်စားကို သန့်စင်၍ ရနိုင်သည်ဆိုသည့်သဘောပင် ဖြစ်တော့၏။
“ငါက မီးဓာတ်သဘာဝ စိတ်ဝိညာဉ်အမျိုးအစားဖြစ်သလို ဓားဘုရင်တစ်ယောက်လည်းဖြစ်တယ်၊ ဒါကြောင့် မီးဓာတ်အမျိုးအစားနဲ့ သတ္တုဓာတ်အမျိုးအစားကို ရွေးချယ်တာ အသင့်တော်ဆုံးပဲ” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။
ထိုအချိန်မှာတော့ လုချင်းချင်းသည် အတွင်းခြံဝန်းဆီသို့ လျှောက်ဝင် လာခဲ့၏။
သူပြောလိုက်သည်။ “ချင်းချင်း... မင်းရဲ့အအေးဓားကိုယူခဲ့၊ ငါမင်းကို သန့်စင်ပေးမယ်”
ဆိုးရွားသည်မှာ ရေခဲဓာတ်အမျိုးအစား လက်နက်စိတ်ဝိညာဉ် မရှိခြင်းပင်။ မဟုတ်ပါက သူသည် ထိုအရာကို အရင်ဆုံးရွေးချယ်ပေလိမ့်မည်။
လုချင်းချင်းသည် အအေးဓားကို မထုတ်ပေးပဲ အသာလှမ်းလျှောက်လာသည်။ ပြီးနောက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်၊ တပည့် အပြင်ကိုထွက်ပြီးတော့ အတွေ့အကြုံ ယူချင်တယ်”
သူသည် ထိုကိစ္စနှင့်ပတ်သက်၍ အရင်ကတည်းက ပြောဆိုခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ ကျန်းယန်နိုင်ငံ၏ ကျူးကျော်မှု နှင့် ကြုံနေရသောကြောင့် ထိုကိစ္စကို ခဏတာ ဖယ်ရှားခဲ့ရ၏။ လက်ရှိအခြေအနေတွင် နိုင်ငံ၏ တိုက်ပွဲများ အားလုံးသည် ခဏတာ ရပ်ဆိုင်းသွားခဲ့ပြီဖြစ်သောကြောင့် သူ့အနေနှင့် လုကျိုးဆီသို့ သွား၍ လေ့ကျင့်ရပေတော့မည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ငါမင်းကို အပြင်ကိုထွက်ပြီး လေ့ကျင့်စေဖို့ ခွင့်ပြုပေးမယ်”
သူ့အနေနှင့် သူ၏တပည့်များ အပြင်ကိုထွက်၍ လေ့ကျင့်ခြင်းကို မတားဆီးချင်ပေ။
“ဒါပေမဲ့”
ကျွင်းချောင်ရှောင်းထပ်ပြောလိုက်၏။ “မင်းရဲ့အအေးဓားကို ငါ့ဆီအရင်ပေး”
အပြင်ဘက်ကိုထွက်၍ အတွေ့အကြုံယူသည့်ကိစ္စသည် ပြဿနာတစ်ခု မဟုတ်ပေ။ သို့ပေမဲ့ သူမတွင် ပထမဦးဆုံး လက်နက်စိတ်ဝိညာဉ်ရှိသည့် လက်နက်တစ်ခု ပါသွားမှ ဖြစ်ပေလိမ့်မည်။ အနည်းဆုံး သူမ၏ တိုက်ခိုက်ရေး စွမ်းအားကို ပိုမိုတိုးတက်လာနိုင်သည်ဆိုမှ အပြင်ဘက်တွင် ပိုမို၍ စိတ်ချလုံခြုံရပေမည်။
လုချင်းချင်းသည် အအေးဓားအား ကမ်းပေးလိုက်၏။
ကျွင်းချောင်ရှောင်းသည် သူမဘာလက်နက်စိတ်ဝိညာဉ်ကို လိုအပ်သည်ကို မမေးခဲ့ချေ။
ထို့ကြောင့် သူသည် မီးဓာတ်နှင့်ရေဓာတ်အမျိုးအစား လက်နက်စိတ်ဝိညာဉ်ကို ဖန်တီးပေးခဲ့လိုက်တော့၏။
ရေခဲဓာတ်သဘာဝစိတ်ဝိညာဉ် မရှိသောကြောင့် ဒုတိယအကောင်းဆုံးအမျိုးအစားဖြစ်သည့် ရေဓာတ်စိတ် ဝိညာဉ်ကို သူရွေးချယ်လိုက်ခြင်းပင်ဖြစ်တော့၏။ မီးဓာတ်အမျိုးအစား စိတ်ဝိညာဉ်ကို ပေးစွမ်းခြင်းမှာတော့ သူမ၏ အေးစက်သော နှလုံးသားများ အရည်ပျော်သွားရန်ပင် မျှော်လင့်မိသောကြောင့်ပင်။
နောက်တစ်ရက်မှာတော့ လက်နက် စိတ်ဝိညာဉ်အဖြစ် ဖန်တီးသန့်စင်ပေးထားသော လက်နက်အား လုချင်းချင်းဆီ ကမ်းပေးလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ဘယ်အချိန်ထွက်သွားမှာလဲ”
“ဒီနေ့ပဲ”
လုချင်းချင်းပြောလိုက်သည်။
“ဒီလောက်မြန်တာလား”
ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားကာ ပြောလိုက်၏။ “ကောင်းပြီ၊ ငါသဘောတူတယ်”
...........
သံမဏိအရိုးဂိုဏ်း၏ အပြင်ဘက်ဂိတ်တံခါးဝမှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောတပည့်များ အားလုံး တို့သည် သူတို့၏ အကြီးဆုံးစီနီယာအစ်မကြီးအား လိုက်ပါပို့ဆောင်ကြတော့သည်။ လုချင်းချင်းသည် ပုံမှန်အားဖြင့် တသီးတသန့်နေထိုင်တတ်သည်ဆိုသော်လည်း သံမဏိအရိုးဂိုဏ်း၏ အကြီးဆုံးတပည့်ဖြစ်သည်။ ပုံမှန်းအားဖြင့် သူမသည် ဂိုဏ်းသားများ၏ လေးစားသမှုကို ရရှိထား၏။
“စီနီယာအစ်မကြီး”
လျှိုဝမ်ရှစ်သည် အားရပါးရအော်လိုက်၏။ “လမ်းမှာဂရုစိုက်ပါ”
သူမသည် လုချင်းချင်းကို အစဉ်အမြဲလိုပင် ကြောက်ရွံ့နေတတ်၏။ ထို့ပြင် သူမ စစရောက်ခဲ့စဉ်က လုချင်းချင်းသည် သူမ၏ ဇက်ပေါ်သို့ ဓားတင်ခဲ့ဖူးသည် မဟုတ်လား။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းတပည့် ဖြစ်လာပြီး သည့်နောက်မှာတော့ သူမနားမလည်သော သိုင်းကျင့်ကြံခြင်းနည်းစနစ်များအား စီနီယာအစ်မကြီးမှ လမ်းညွှန် ပြသပေးခဲ့သည်။
စီနီယာအစ်မကြီးသည် အေးစက်ပြီး တသီးတသန့်နေတက်သည်ဆိုသော်လည်း သူမကြုံတွေ့ရသော ကျင့်ကြံခြင်း အခက်အခဲများကို စကားလုံးနည်းနည်းဖြင့် ထုတ်ဖော်ကာ လမ်းညွှန်ပြသပေးနိုင်သူဖြစ်၏။
ထို့ကြောင့် သူမသည် အကျိုးကျေးဇူးများ ရရှိခဲ့၏။ ထိုသို့သော လမ်းညွှန်မှုကို ရရှိပြီးသည့်နောက်မှာတော့ လျှိုဝမ်ရှစ်သည် စီနီယာအစ်မကြီးမှာ အေးစက်သည့် သဘောသဘာဝ ရှိသည်ဆိုသော်လည်း စိတ်နှလုံးသား ကောင်းမွန်ပြီး နွေးထွေးလှသူဖြစ်ကြောင်း နားလည်းခဲ့ပြီးဖြစ်သည်။
လင်းယွမ်ရွှယ်နှင့် တခြားသော တပည့်များအားလုံးတို့သည် သူတို့၏ အစ်မကြီး တောင်ပေါ်မှ ထွက်ခွာသွားသည်ကို ကြည့်ရှုလျက်ရှိနေကြ၏။ သူတို့သည်လည်း ဝမ်းနည်းလျက်ရှိ၏။
“ဒုတိယစီနီယာအစ်ကို”
စုရှောင်မိုက ပြောလိုက်သည်။ “ဂိုဏ်းချုပ် ဘယ်ရောက်နေလဲ”
လီချင်းယန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။
“ငါလည်း မသိဘူး”
ကျွင်းချောင်ရှောင်းသည် သူ၏ အကြီးဆုံးတပည့်ကြီးအား လိုက်ပါပို့ဆောင်မှု မလုပ်ချေ။ သူသည် အဓိက ဟောခန်း၏ အမိုးပေါ်တွင် တစ်ယောက်တည်း ထိုင်လျက်ရှိ၏။ သူ၏ သိစိတ်ပင်လယ်ထဲမှာတော့ အတိတ်မှ ဖြစ်ရပ် များသည် ပြန်လည်၍ ထင်ဟပ်လာ၏။
“ကျွန်မ သံမဏိအရိုးဂိုဏ်းထဲကို ဝင်ချင်တယ်”
ဤအရာသည် လုချင်းချင်းနှင့် ပထမဦးဆုံး ဆုံတွေ့ချိန်တွင် သူမ ပထမဦးဆုံးပြောခဲ့သော စကားပင်ဖြစ်တော့သည်။ ထိုအချိန်တုန်းက ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ကူးပြောင်းရောက်ရှိလာစဖြစ်ပြီး အစားအသောက် စားသုံးရန်ပင် အဒေါ်ဝမ်အား အားကိုးခဲ့ရ၏။ သူသည် အလွန်တရာဆင်းရဲပြီး ချို့တဲ့လွန်းသူဟု ဆိုရမည်။
“ရှင်က ဂိုဏ်းချုပ်လား၊ ဒါဆိုရင် ထွက်သွားတော့မယ်”
လုချင်းချင်း၏ သံသယဖြစ်နေသော မျက်နှာထက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူမ ဆနထိုင်ရန်အတွက် နည်းလမ်းပေါင်းစုံအား ကြိုးစားကာ အသုံးပြုခဲ့ရ၏။
နောက်ပိုင်းမှာတော့ ချင်းယန်နိုင်ငံ၏ ဂိုဏ်းတစ်ရာ လူသစ် စုဆောင်းပွဲသို့ အတူသွားခဲ့၏။ သူ၏ တပည့်မလေးသည် အလွန်တရာ အဆိပ်ပြင်းသောလျှာကို ပိုင်ဆိုင်သော်လည်း နွေးထွေးသည့်နှလုံးသားကိုလည်း ပိုင်ဆိုင်သူဖြစ်လို့နေသည်။
ချီးတဲ့မှ
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ မှတ်ဉာဏ်များအားလုံးကို ခါထုတ်လိုက်၏။ ပြီးနောက် သူပြော လိုက်သည်။ “သူက ပြန်မလာမှာမှ မဟုတ်တာ၊ ဘာလို့ အဲလောက် ဝမ်းနည်းနေရမှာလဲ”
သူသည်မတ်တပ်ထရပ်ပြီးတော့ ကျောက်လှေကားများအတိုင်း တဖြည်းဖြည်း ဆင်းသက်သွားသည့် ကြည့်ကောင်းလှသည့် ပုံရိပ်တစ်ခုကို လှမ်းကြည့်လိုက်၏။ ပြီးနောက် အသံပို့လွှတ်လိုက်တော့သည်။ “လုချင်းချင်း... ငါ့စကားကိုမှတ်ထား၊ မင်းက သံမဏိအရိုးဂိုဏ်းရဲ့ အကြီးဆုံးတပည့်အဖြစ် အမြဲတမ်း ရှိနေလိမ့်မယ်”
တောင်အောက်သို့ ဆင်းသက်သွားသော လုချင်းချင်းသည် ထိုစကားသံကို ကြားသော်လည်း ပြန်လည် မတုံ့ပြန်ချေ။
“အပြင်ဘက်မှ ပြဿနာတစ်ခုခု ကြုံရပြီဆိုရင် အလျင်မလိုနဲ့၊ အရင်ဆုံး ဂိုဏ်းကို အကူအညီတောင်းဖို့ နည်းလမ်း ကိုရှာ၊ ငါနဲ့ မင်းရဲ့ ဂျုနီယာမောင်လေးတွေ၊ ညီမလေးတွေ အကုန်လုံးက မင်းရဲ့ အကောင်းဆုံးသော နောက်ခံတွေပဲ”
ကျွင်းချောင်ရှောင်း၏ အသံသည် ပဲ့တင်ထပ်လျက်ရှိသည်။ လုချင်းချင်းသည် တောင်ခြေသို့ရောက်ရှိချိန်မှာတော့ ရပ်တန့်ပြီး ဂိတ်တံခါးဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။
ဂျူနီယာမောင်လေးများအားလုံးသည် သူတို့၏ လက်များအား ယမ်းခါကာ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လျက်ရှိနေသည်။ သူမသည် အရင်ဂိုဏ်းဆီမှ ထုတ်ပယ်ခံခဲ့ရသည့်အချိန်တုန်းက သူမအား ဂရုစိုက်၍ နှစ်သိမ့်ပေးသူ၊ ဖေးမပေးသူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ။
သို့ပေမဲ့ လက်ရှိ အချိန်မှာတော့ သူမ အပြင်သို့သွား၍ အတွေ့အကြုံယူရန် ဆုံးဖြတ်ပြီးချိန်တွင် သူ၏ ဂျူနီယာမောင်လေးနှင့် ညီမလေးများအားလုံးသည် ဂိုဏ်း၏ ဂိတ်တံခါးထိပ်သို့ပင် လိုက်ပို့ကာ တကူးတက နှုတ်ဆက်လျက်ရှိနေတော့သည်။ ဤသို့သောဖြစ်ရပ်သည် လုချင်းချင်း၏ နှလုံးသားအား ပိုမို၍ နွေးထွေး သွားစေ၏။
“ရေလိုကြည်လင်တဲ့ နှလုံးသားကို ရရှိဖို့ဆိုတာ အဲလောက်ထိ ခက်တာလား” သူမ၏ မျက်လုံးထဲမှာတော့ အလွန်တရာနာကြည်းသည့် ခံစားချက်များ ရရှိနေ၏။ ပြီးနောက် နောက်သို့ တစ်ချက် ကလေးမှ လှည့်ပြန်မကြည့်တော့ဘဲ ထွက်ခွာသွားတော့သည်။ ယနေ့မှာတော့ သံမဏိအရိုးဂိုဏ်း၏ အကြီးဆုံး တပည့်ကြီးသည် တောင်ပေါ်မှ ဆင်းသက်သွားပြီး အတွေ့အကြုံရှာဖွေရန် ထွက်ခွာသွားခဲ့ပြီဖြစ်တော့သည်။ သူမ မည်သည့်အချိန်တွင် ပြန်လာမည်ဆိုသည်ကိုတော့ မသိရှိချေ။