စာမေးပွဲ (၂)
Vol. 006 Ch. 540
“ရှား ရှား”
အဝါရောင်သဲများအောက်မှ အသံများထွက်လာသော်လည်း ရှီမာယူယူ မအံ့သြတော့ပေ။ သူမသည် တဲတွင် ဆက်ထိုင်နေကာ အပြင်ဘက်သို့ ပျင်းရိစွာ ကြည့်လေသည်။
“ချပ်”
ညှပ်များ အဖွင့်အပတ်လုပ်နေသည့် အသံများကို သူမ ကြားခဲ့သည်။ ထို့နောက်တွင် ရွှေရောင်သဲများ အထဲမှ အနီရောင် ညှပ်များတစ်ခုပြီးတစ်ခုထွက်လာလေသည်။ နောက်အားလုံးပေါ်ထွက်လာသောအခါ ၁မီတာ ၂မီတာရှည်သော အနီရောင် ကင်းမီးကောက်များဖြစ်နေလေသည်။
“ချပ် ချပ်”
အနီရောင်ကင်းမီးကောက် ၅ကောင်သည် ရှီမာယူယူနှင့် သူမတဲကို ဝိုင်းလိုက်သည်။ သူတို့၏ မျက်လုံး များသည် ဆာလောင်ကာ သူမအား ဝါးစားမတတ်ကြည့်နေကြလေသည်။
“ကြီးလိုက်တဲ့ ကင်းမီးကောက်တွေ၊ ဒါတွေက အစစ်တွေလား ထင်ယောင်ထင်မှားလား သိချင်မိတယ် သူတို့သာ အစစ်ဆိုလို့ကတော့ အကောင်းဆုံးတွေပဲ” ရှီမာယူယူသည် မေးကိုကိုင်ရင်း စဉ်းစားလေသည်။
ရှီမာယူယူ သူတို့ကို တိုက်ရန် အကွက်စဉ်နေသည်ကို မြင်ပြီးနောက် အနီရောင်ကင်းမီးကောက် ၁ကောင်သည် သူ့ညှပ်ကို ဝေ့ပြပြီး ကျန် အနီရောင်ကင်းမီးကောက် ၄ကောင်ကို တိုက်ရန် အချက်ပြလေသည်။
ရှီမာယူယူသည်လည်း တွေဝေမနေပဲ မီးတောက်လုံးလုပ်ကာ ကင်းမီးကောင်များကို တိုက်လေသည်။
“ဘုန်း”
မီးလုံးများ အနီရောင် ကင်းမီးကောက် များရှေ့သို့ ကျသွားသောအခါ သူတို့သည် ခေတ္တမျှ တွေဝေသွား လေသည်။ ထိုမီးလုံးသည် သူတို့ကို ကြီးကြီးမားမား မထိခိုက်စေနိုင်ပေ။
“မီးကို ခံနိုင်ရည်ရှိတာလား” ရှီမာယူယူသည် ကင်းမီးကောက်များကို အံ့သြစွာကြည့်ရင်းနှင့် သူတို့ ပစ်လွှတ်လိုက်သော အဆိပ်များကို ရှောင်လိုက်လေသည်။ သူတို့ သူမအား တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက် သဖြင့် သူမ သတိလွတ်သွားချိန်တွင် အဆိပ်သည် သူမအင်္ကျိလက်ပေါ် ကျသွားရာ အပေါက်ကြီးဖြစ်သွားလေ သည်။
“နာလိုက်တာ” အင်္ကျိလုက်သည် သူမ ခြေထောက်အား ပွတ်တိုက်သွားရာ လောင်ကျွမ်းမှုကို တစ်ကိုယ် လုံး ခံစားလိုက်ရလေသည်။
အဆိပ်ပြင်းလိုက်တာ။
တကယ်အစစ်အမှန်သာဆိုပါက သူတို့အဆိပ်ကို ဆွဲနှုတ်ဖို့အတွက် အသင့်တော်ဆုံးပင်။ ထိုအကြောင်း အားတွေးမိလိုက်သည်နှင့် သူမ မျက်လုံးများတောက်ပလာသည်။
သူမ ခန္ဓာကိုယ်အား လှည့်ထွက်လိုက်ပြီး အပြင်ထွက်ကာချက်ချင်းပင် ကင်းမီးကောက်နီ၏ ခေါင်းပေါ်သို့ ခုန်တက်လိုက်သည်။
“မင်းတို့က မီးကိုခံနိုင်ရည်ရှီမှတော့ နောက်တစ်ခုစမ်းကြည့်တာပေါ့”
သူမသည် လက်နှစ်ဖက်ဖြင့် ပုံဖော်လိုက်ရာ သူမရှေ့တွင် လျင်မြန်စွာပင် သံမဏိကြာပွတ်ပေါ်လာ လေ သည်။ သူမ ဆုပ်ကိုင်လိုက်ကာ လျင်မြန်စွာပင် ကင်းမီးကောက်နီကို တိုက်ခိုက်လေသည်။
သူမ ခန့်မှန်းသည်မမှားပါက ထိုအနီရောင် ကင်းမီးကောက်များသည် ကန္တာရအောက်တွင် နေထိုင်ခြင်း ဖြစ်မည်။ မီးသည် အသုံးမဝင်ပါက သူမ သံမဏိသုံးရုံသာရှိမည်။
“ရွှမ်း”
ကြာပွတ်သည် ကင်းမီးကောက်နီ၏ ခန္ဓာကိုယ်ပေါ်ကျသွားရာ ချက်ချင်းပင် အခွံကွဲသွားပြီး အထဲမှ နူးညံ့ သောအသားကို ထိသွားလေသည်။ သူမ ကြာပွတ်အားပြန်ဆွဲလိုက်ရာ သွေးများစီးကျလာလေသည်။
“ရှီး”
“ကင်းမီးကောက်တစ်ကောင်တော့ အလစ်တိုက်ခံလိုက်ရပြီး သူ့ကို အဆိပ်နဲ့ပစ်နေတယ်၊ သူ မြန်မြန်ပဲ ဘေးရှောင်လိုက်တာနဲ့ ကင်းမီးကောက်က သဲပေါ်ဆင်းလိုက်ပြီး အနံ့ဆိုးတွေထုတ်နေတယ်”
ချိတ်လိုက်၊ နောက်တစ်ချက် ပစ်လိုက်နှင့် ထိုကင်းမီးကောက် ၃ကောင်သည် မျက်စိတ်တစ်မှိတ်အတွင်း ပစ်ပေါက်ခံလိုက်ရလေသည်။ သူတို့သည် သူမဆီသို့ ချက်ချင်းပြန်မထလာနိုင်ကြပေ။ ထို့နောက်တွင် သူမသည် ကျန် ကင်းမီးကောင် ၂ကောင်ကို ဆက်ရှင်းလေသည်။
သူမသည် ကင်းမီးကောက်များဆီသို့ ကြာပွတ်ကို ဆက်ပစ်ရာ တိုက်ခိုက်မှုအချက်တိုင်းသည် အလွန် နာကျင်ကာ သူမ အားလည်းထပ်ထပ်ထည့်ရာ နောက်ဆုံးတွင် ၁ကောင်သေသွားလေသည်။ နောက်တစ်ကောင် သည် အားကျန်နေသေးသဖြင့် သူမသည် ထိုအကောင်အား ထိန်းချုပ်ရန် ကြာပွတ်ကို အသုံးပြုလိုက်သည်။ နောက်ဆုံးတွင် သူမသည် လက်နှစ်ဖက်ဖြင့် ပုံဖော်လိုက်သည်နှင့် ကြာပွတ်သည် ဓားရှည်အသွင်ပြောင်းကာ ကင်းမီးကောင်အနီဆီသို့ ပြင်းထန်စွာပစ်လိုက်ရာ ခေါင်းမှ အမြီးထိဖောက်သွားလေသည်။
ကင်းမီးကောက်အနီသည် နှစ်ပိုင်းပိုင်းကာ ချက်ချင်းပင် သေဆုံးသွားလေသည်။ ထိုအချိန်တွင် လွင့်သွားသော ကင်းမီးကောက်အနီ ၃ကောင်ပြန်လာလေသည်။
သူတို့အပေါင်းအဖော်သေသွားသည်ကို တွေ့ပြီးနောက် ကင်းမီးကောက် ၃ကောင်သည် ဒေါပွကာ သူမ အား အတူတိုက်ခုက်ကြလေသည်။ ဒီတစ်ကြိမ်တွင် သူတို့၏ အဆိပ်အပြင် သူတို့၏ ဝိဉာဉ်စွမ်းအင်ကိုသုံးပြီး တိုက်လေသည်။
ရှီမာယူယူသည် တစ်ကိုယ်လုံးကို ကာကွယ်အရေးအလွှာဖြင့်ကာပြီး စွမ်းအင်များကို စုကာ ဓားသွား အသေးများ ထုတ်လွှတ်လိုက်လေသည်။ သူမ ထိန်းချုပ်မှုအောက်တွင် ဓားသွားများသည် ကင်းမီးကောင်အနီ များဆီသို့ ပျံသွားလေသည်။
“ချွင်”
ကင်းမီ်းကောက် အနီများသည် လက်သည်းများသုံးကာ ပျံကာသော ဓားသွားများကို ကာကွယ်ပြီး တစ်ဖက်မှ ဓားသွားများကို စားစေရန် အဆိပ်များထုတ်လွှတ်လေသည်။ သို့သော် ဒီတစ်ကြိမ်တွင် ရှီမာယူယူ သည်းမခံနိုင်တော့ပဲ ဓားသွားများကို ချက်ချင်းပင် ထုတ်လိုက်လေသည်။ တချို့မှာ တိုက်ခိုက်ခံရသော်လည်း အများစုမှာ ကင်းမီးကောက်အနီများကို ထိုးစိုက်သွားပြီး လှုပ်ရှားနိုင်မှုစွမ်းရည် ဆုံးရှုံးသွားကာ သဲများပေါ်သို့ လဲ ကျကာ သူမအား နောက်ဆုံးအကြိမ် ဦးညွှတ်သွားလေသည်။
သူမ ပြုလုပ်ဆောင်ရွက်မှုကို ဖန်ဘောလုံးမှ ကြည့်နေသော ဆရာများသည် ကျေနပ်စွာဖြင့် ခေါင်းညိမ့် လိုက်ကြသည်။
“သူ့ တိုက်ပွဲစွမ်းရည်ကမဆိုးဘူးပဲ”
“သာမန်လူငယ်တွေဆိုရင် တိုက်ပွဲကြုံရရင် ပျာယာခတ်သွားကြတယ်၊ သူ့တိုက်ခိုက်မှု စွမ်းရည်သာ ဒီထက်အားနည်းနေရင် ကင်းမီးကောက်အနီတွေကြောင့် ဒဏ်ရာရနိုင်တယ်၊ မှန်တံလျှပ်က သူတို့ထိန်းချုပ်မှု အောက်မှာ လူသတ်လို့မရပေမယ့် သူတို့ခံစားရမယ့် နာကျင်မှုကတော့ လှောင်စရာမဟုတ်ဘူး”
ထို့အပြင် သူမသည် ရန်သူအား အစကတည်းကပင် ခွဲလိုက်မည်ကို စဉ်းစားပြီးသားဖြစ်သည်။ သူမ လှုပ်ရှားလိုက်သော အကွက်တိုင်းသည် သူမ၏ သေချာစဉ်းစားထားခြင်းကို ပေါ်လွင်စေပြီး ချီးကျူးထိုက်သည်။
ရှီမာယူယူသည် ကင်းမီးကောက်အနီများကို ကောက်ယူပြီး မျက်စိမှိတ်လိုက်သည်ကို ကြည့်ပြီး ဆရာ များထဲမှ တစ်ယောက်သည် မေးလိုက်သည် “သူဘာလုပ်နေတာလဲ”
“အဲဒီကင်းမီးကောက်အနီတွေက အစစ်ဟုတ်လားဆိုတာ သူစစ်ဆေးနေတာ” တစ်ယောက်သည် ခန့်မှန်းလိုက်သည်။
အမှန်ပင်။ ရှီမာယူယူသည် မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ကင်းမီးကောက်အနီများရှိနေသေးသည်ကို ကြည့်ပြီး ပီတိဖြစ်နေလေသည်။ သူမသည် လျင်မြန်စွာပြင် ကင်းမီးကောက်အနီများကို စုလိုက်ပြီး တဲဆီသို့ ပြန် လိုက်သည်။
သူမသည် မြေပေါ်တွင် ကင်းမီးကောက်အနီများကို တန်းစီထားကာ သူတို့ဘေးတွင် ဆောင့်ကြောင့် ထိုင်လိုက်သည်။ သူမသည် အမြီးမှစပြီး အခွံခွာလိုက်ကာ အဆိပ်ရည်များကို စစ်ဆေးလေသည်။
“တကယ်ကောင်းတဲပစ္စည်းပဲ” သူမအားတိုက်ခိုက်ခဲ့သည့်ပုံကို စဉ်းစားပြီး သူမ အလွန်သိချင်ခဲ့သည်။ သူမ ဓားထုတ်ကာ အဆိပ်ရည်များကို ခြစ်ထုတ်လိုက်သည် “ငါသာ ဒါကိုသန့်စင်လိုက်ရင် အဆိပ်ကို စိတ်ဝင်စား တဲ့လူအတွက် တကယ်ကို စိတ်ဝင်စားစရာပစ္စည်းဖြစ်လာမှာပဲ၊ ဒီဝိဉာဉ်မိစ္ဆာက တကယ်ဖြစ်နေမယ်လို့ ဘယ်သူ ထင်မိမှာလဲ”
သူမသည် ဆေးဖိုထုတ်ကာ ခြစ်ထားသော အဆိပ်ရည်များကို ထည့်လိုက်သည်။ ထို့နောက်တွင် သူမ မီးထည့်ပြီး အဆိပ်ရည်များကို လျင်မြန်စွာပင် သန့်စင်လိုက်သည်။
သူမသည် ဒုတိယအဆင့်၊ တတိယအဆင့်များကို လုပ်ဆောင်သွားသည်။
“သူက အဂ္ဂိရတ်ပညာရှင်ပဲ” အဂ္ဂိရတ်ပညာရှင်သည် ရှီမာယူယူလုပ်ဆောင်နေသမျှကို ကြည့်ကာ အံ့သြ မိလေသည်။
“သူက အဂ္ဂိရတ်ပညာရှင်လား”
“ဟုတ်တယ် သူလုပ်နေတာကြည့်လိုက် သူက ပါဝင်ပစ္စည်းကို သန့်စင်နေတာပဲ” အဂ္ဂိရတ်ပညာရှင် ပြော လေသည် “သူ့နည်းလမ်းကိုကြည့်ရတာ ပျောက်ဆုံးနေတဲ့ ရှေးဟောင်းနည်းပဲ”
“သူ့ကိုကြည့်ရတာ ဒီအဆင့်မှာလည်း မနိမ့်ဘူးထင်တယ်၊ အဘိုးမူ၊ သူအဆင့်ဘယ်လောက်ရှိလဲ ကြည့် လိုက်ပါ”
“သူ အဆင့်၅ထက်တော့ မနိမ့်ဘူး” အဂ္ဂိရတ်ပညာရှင်ဖြစ်သော အဘိုးမူသည် ပြောလိုက်သည်။
“အသက် ၂၀ကျော်နဲ့ အဆင့်၅… သူ့အရည်အချင်းကမဆိုးဘူးပဲ၊ ဒါပေမဲ့ ထူးချွန်တဲ့အထိတော့ မဟုတ် သေးဘူး”
အဘိုးမူသည် သူတို့အား ကြည့်ပြီးပြောလိုက်သည် “အဂ္ဂိရတ်ပညာရှင်တင်မကပဲ တည်ဆောက်မှုသခင် ဖြစ်နေတာလည်း သတိရဦး၊ ပြီးတော့ အဲနယ်ပယ်မှာလည်း အားကောင်းသေးတယ်
“ဆိုတော့ သူက အဂ္ဂိရတ်ပညာရှင်ဖြစ်ပြီး တည်ဆောက်မှုသခင်လည်းဖြစ်နေတာပေါ့၊ ဒီတစ်ခါတော့ ငါတို့ လူကောင်းကိုရပြီနဲ့တူတယ်” ဒုကျောင်းအုပ်ပြောလေသည်။
“တခြားလူတွေလည်း ကောင်းကောင်းလုပ်နိုင်ကြပါတယ်၊ ချောင်းလန်လီ၊ အန်ရူယူနဲ့ တခြားလူတွေ လည်း အမှီလိုက်နေကြတယ်၊ သူတို့ ဒီတံလျှပ်ရဲ့ အကြောင်းအရင်းကို နားမလည်သေးလို့ပါ၊ အဲဒါကြောင့် သူတို့ မှော်ဝင်လက်စွပ်နဲ့ မဆက်သွယ်နိုင်ကြသေးတာ”
“ဟူး.. အဲလူတွေက ဘယ်လိုမျိုးလဲ၊ တစ်ယောက်ကတော့ သူ့မှော်ဝင်လက်စွပ်နဲ့ ဆက်သွယ်ပြီးနေပြီ”
ထိုစီနီယာသည် မျက်လုံးမှိတ်ကာ စဉ်းစားနေလေသည်။ သူသည် လက်ရှိတွင် ပြီးခဲ့သည့်မြင်ကွင်းကို စိတ်ထဲတွင် မြင်ယောင်ကြည့်နေလေသည်။ အချိန်ခဏကြာပြီးနောက်တွင် သူမျက်လုံးပြန်ဖွင့်လာကာ ပြောလေ သည် “အဲလူတွေက ဒီကောင်လေးနဲ့ အတူရပ်နေတာတွေ့ခဲ့တယ် သူတို့က တစ်ဖွဲ့တည်းထင်တယ်”
“ဟုတ်လား သူတို့အဖွဲ့ကဘယ်လိုမျိုးလဲ၊ မဆိုးဘူးပဲ၊ သူတို့က မျိုးနွယ်တစ်ခုတည်းကလား”
“ငါတို့်ပြန်ရောက်တဲ့အချိန်မှ စစ်ကြည့်ကြတာပေါ့”
“ဆက်ကြည့်ကြတာပေါ့၊ ဟုတ်သားပဲ အဲကောင်လေးအတွက် ဝိဉာဉ်မိစ္ဆာ ၅ကောင်ထပ်လွှတ်ကြည့် လိုက် အပျော်ပေါ့” ဒုကျောင်းအုပ်သည် ညွှန်ကြားလေသည်။