← Chapters

အခန်း (၄၉၆)

Vol. 34 Ch. 496

အခန်း (၄၉၆)

Vol. 34 Ch. 496

သိုင်းဘုရင်တစ်ယောက်အား ဂိုဏ်းထဲတွင် တပည့်တစ်ယောက်အဖြစ် ထား၍ မည်သို့ ဖြစ်မည်နည်း။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် မည်သည့် ရာထူးအား ပေးရမည်ဆိုသည်ကို စတင်စဉ်းစားလိုက်၏။

“ဟောခန်းသခင်လား”

သူ၏ ဂိုဏ်းထဲတွင် ဟောခန်းသခင်အဖြစ် ထပ်မံထားရန် ဟောခန်းအပိုလည်း မရှိတော့ချေ။

စနစ်မှ အကြံပြုလိုက်၏။ "ဂိုဏ်းက လောလောဆယ်မှာ အကြီးအကဲတွေ လိုအပ်နေတာလေ။သူတိုကို့ အကြီးအကဲအဖြစ် ရာထူးပေးလိုက်ပါ။"

"ဒါဟုတ်တယ်"

ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားလိုက်၏။ ပြီးနောက် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ "သူတို့က ဂိုဏ်းထဲကို အခုမှ ဝင်လာတာဆိုတော့ ရာထူးတန်းပေးလို့ မဖြစ်ဘူး။သေသေချာချာ ဂရုစိုက်ပြီး ကြည့်ရှုရအုံးမယ်"

သူမည်သို့ ကြည့်ရှုရမည်နည်း။

သေသေချာချာ စဉ်းစားပြီးနောက်မှာတော့ နင်ညီအစ်ကိုတို့အား တပည့်များကို သင်ကြားပြသရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ကျန့်ရာသည် ထိုသတင်းကို ကြားချိန်မှာတော့ အလွန်တရာ ပျော်ရွင်မိသွား၏။

ဂိုဏ်းထဲတွင် အကြီးအကဲတစ်ယောက်သာ ရှိသည်မို့ သူသည် ကျင့်ကြံခြင်းနှင့် ပတ်သက်၍ လမ်းညွှန်ပြသမှုတွေကို ပြုလုပ်ရသည်။

ပထမတုန်းက ကျန့်ရာသည် ခက်ခဲလိမ့်မည် ဟု မထင်ခဲ့ချေ။ ထို့ကြောင့် ကောင်းမွန်သည့် အလုပ်တစ်ခုဟုပင် တွေးထင်ခဲ့၏။

ထို့နောက် ရှန်ကွမ်းရှင်း‌ရောင်နှင့် တွေ့ဆုံသည့် အချိန်မှာတော့ အလွန်ဆိုးရွားသည့် အရာများ၏ အစသာဖြစ်သည်ဟု သိရှိခဲ့ရသည်။

ဤမိန်းကလေးသည် ကျင့်ကြံခြင်း သိုင်းနည်းစနစ်များနှင့် ပတ်သက်၍ အလွန်တရာ နားလည်ပြီး‌ မေးခွန်းများလည်း တရစပ် မေးတတ်၏။

သင်ခန်းစာများ ပြီးဆုံးသည့် အချိန်တွင် အကြီးအကဲကျန့်သည် ခေါင်းတစ်ခုလုံး ပေါက်ကွဲတော့မလို ခံစားရ၍ မြန်မြန် ပြန်ထွက်လာခဲ့ရသည်။

သူသည် သေချင်စိတ်ပင် ပေါက်နေ၏။

အကြီးအကဲကျန့်ကိုပင် ထိုကဲ့သို့ နှိပ်စက်နိုင်သည်ဆိုကတည်းက ရှန်ကွမ်းရှင်ရောင်သည် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသူဖြစ်ကြောင်း သိရှိနိုင်သည်။

လက်ရှိအခြေအနေမှာတော့ ဂိုဏ်းချုပ်သည် သိုင်းဘုရင်နှစ်ယောက်အား တပည့်များကို ကျင့်ကြံခြင်း နည်းစနစ်များကို သင်ပြပေးရန် လွှတ်ပေးခဲ့၏။

ထို့ကြောင့် ကျန့်ရာသည် အလွန်တရာ ပျော်ရွင်သောကြောင့် စားသောက်ခန်းဆီသို့ သွား၍ အမူးသောက်ရန်ပင် စဉ်းစားလိုက်မိသည်။

……….

ဂိုဏ်းချုပ်ကျွင်းသည် နင်ညီအစ်ကိုအား တပည့်များကို သင်ကြားပြသစေ၏။

တစ်လလောက် စောင့်ကြည့်ပြီးသည့်နောက် တကယ်တမ်း ၎င်းတို့၏ စွမ်းဆောင်ရည်သည် ကောင်းမွန်နေသည်သာ ဆိုပါက အကြီးအကဲအဖြစ် ခန့်အပ်ထားရန် ပြသနာမရှိပေ။

အားလုံး လိုအပ်သည့် ကိစ္စများကို စီစဉ်ပေးပြီးသည့်နောက် သူသည် ကျင့်ကြံခြင်း အပေါ်တွင် အာရုံစိုက်လိုက်၏။

သို့ပေမဲ့ သူသည် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိပြီးသည့်နောက်မှာတော့ အသုံးပြုရသည့်ကျင့်ကြံခြင်း အရင်းအမြစ်များ ပိုမိုကုန်ဆုံးလာပြီး အဆင့်တက်နိုင်ရန်လည်း အချိန်အတော်ကြာ ကြိုးစားရန် လိုအပ်လာသည်။

"တစ်ဆင့်ချင်းစီ ကျင့်ကြံရတာ အလွန်နှေးကွေးတာပဲ"

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။

"ငါတာဝန်ကို ပြည့်စုံပြီး အတွေ့အကြုံအဆောင်ကို ရရှိနိုင်မယ်ဆိုရင် အ‌ဆင့်ချိုးဖြတ်နိုင်ဖို့ အကောင်းဆုံးပဲ"

စနစ်က ပြောလိုက်၏။ "အိမ်မက်သာ ဆက်မက် နေစမ်းပါ"

ကျွင်းချောင်ရှောင်းသည် စနစ်အား လစ်လျုရှု၍ လက်ရှိတွင် ဖုံးကွယ်ထားသည့် တာဝန်များ ရှိမလား ဆိုသည်ကို သေချာစဉ်းစားမိလိုက်၏။ မိစ္ဆာများအား ရှင်းလင်းခြင်းနှင့် ဆက်စပ်၍ တစ်ခြားသော တာဝန်များ ရှိမလားဟု သူသိချင်မိသည်။ သို့ပေမဲ့ သူ့အနေနှင့် မည်သို့ပင် စဉ်းစားစဉ်းစား သဲလွန်စရှာ၍ ပင် မရချေ။

စနစ်က ပြောလိုက်သည်။ "ဖုံးကွယ်ထားတဲ့ တာဝန်ပါဆိုနေမှတော့ မသိအောင် ဖုံးကွယ်ထားမှာပေါ့။ဒါကြောင့် လက်ခံသူအနေနဲ့ ကျင့်ကြံခြင်းနဲ့ ပတ်သက်ရင် မှန်ကန်တဲ့ နည်းလမ်းအတိုင်းပဲ တည့်တည့် လျှောက်သင့်တယ်။"

ကျွင်းချောင်ရှောင်းသည် သူ၏ မလိုလားအပ်သော အတွေးများကို ပြန်လည်ရုတ်သိမ်းပြီးပြီးနောက် အလယ်အလတ်အဆင့် စတိုးအား ကျွမ်းကျင်စွာဖြင့် ဖွင့်လှစ်လိုက်တော့သည်။

အရင်တုန်းက သူသည် ဂိုဏ်းစုဆောင်းမှတ်များကို မလုံလောက်သောကြောင့် ကျန်သည့်ပစ္စည်းများကို မကြည့်ဘဲနှင့် ပြန်လည်ထွက်ခွာခဲ့ရ၏။

ထို့ကြောင့် လက်ရှိအချိန်တွင် ပြန်လည်၍ သေချာ ကြည့်ရှုခြင်းပင် ဖြစ်တော့သည်။ ဆိုးရွားသည်မှာ ဝယ်ယူနိုင်လောက်သည့် ‌ပစ္စည်းများ မတွေ့ရှိခြင်းပေ။

ကျွင်းချောင်ရှောင်းသည် အတွေးတစ်ချက်နှင့်ပင် ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုကာ စနစ်အား ရီဖရက်စ်လုပ်လိုက်၏။

သူ၏ ကံမှာ ဆိုးရွားလှသည်။ ပစ္စည်းအသစ်များ ထပ်မံ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ကောင်းမွန်သည့် အရာများမရှိပေ။

ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ စိတ်ပျက်သွား၏။

"ငါ့ဆီမှာ ကံတရားအမှတ် ငါးမှတ်တောင်ရှိတယ်။ဘာလို့ခုထိ ကံမကောင်းရတာလဲ"

စနစ်က ပြောလိုက်၏။ "ကံတရားရဲ့ တန်ဖိုးဆိုတာက လက်ခံသူရဲ့ ကံတရား တိုးတက်လာရုံပဲလေ။ဒီထဲမှာ ရှိတဲ့ ပစ္စည်းတွေကို တစ်ရာရာခိုင်နှုန်း ရမယ်လို့ အာမခံထားတာမှ မဟုတ်တာ။"

ကျွင်းချောင်ရှောင်းသည် စတိုးအား ဖွင့်၍ သေချာကြည့်ရှုပြီးသည့်နောက်မှာတော့ ထွက်ပေါ်လာသော ပစ္စည်းထဲမှ တစ်ခုကို မြင်ရချိန်တွင် သူ၏ မျက်လုံးများသည် လင်းလက်သွား၏။

ပထမအတန်းရှိ ဒုတိယမြောက်ပစ္စည်းသည် လျို့ဝှက်သိုင်းကျမ်းတစ်ခု ဖြစ်နေ၏။ ထိုပေါ်မှာတော့ ဓားတစ်သောင်းကျမ်းဟု ရေးသားထားလေသည်။ ဤအရာသည် ဓားနည်းစနစ်ပင် ဖြစ်တော့သည်။

ကျွင်းချောင်ရှောင်းသည် အသေးစိတ်အား သေချာနှိပ်၍ ကြည့်ရှုလိုက်သည်။

ပစ္စည်း အမျိုးအစား - ဓားတစ်သောင်းကျမ်း ၊ တစ်ခြားသော အပြိုင်ကမ္ဘာတစ်ခုဆီမှ ကန့်သတ်ထားသော ဓားနည်းစနစ်တစ်ခု ဖြစ်၏။

ဆန်းကြယ်လှ‌သော ဆရာကြီးတစ်ဦး၏ အလုံးစုံ ပြန်လည်ပြည့်စုံအောင် ဖန်းတီးပြီးသည့်နောက်မှာတော့ အားအင် အဆင့်သည် ခန့်မှန်း၍ပင် မရနိုင်ချေ။

အကျိုးသက်ရောက်မှု- အဆင့်သုံးဆင့် ခွဲခြားထား၏။

ပထမအဆင့်သည် ဓားတစ်သောင်းမှသည် တစ်ခုသို့ ဖြစ်ပြီး ဒုတိယအဆင့်သည် ဓားတစ်သောင်းဖြစ်သည်။ တတိယအဆင့်မှာတော့ ငါနှင့် ဓား တစ်သားတည်း ဟူ၍ ဖြစ်‌တော့သည်။

အကျိုးသက်ရောက်မှု - ဤနည်းစနစ်သည် ပြန်လည်အဆင့်မြှင့်တင်ပြီးသည့် နောက်မှာတော့ သာမန်ထက်ပိုသော အားအင်များကို ထုတ်ဖော်နိုင်စွမ်းရှိသည်။ ထိပ်တန်းအဆင့် ဓားနည်းစနစ်တစ်ခု ဟု သုံးသပ်နိုင်သည်။

အကျိုး မသက်ရောက်မှု- သင်ယူရန် အလွန်တရာ ခက်ခဲလှပြီး ကျွမ်းကျင်ရန်လည်း ခက်ခဲလှ၏။ အားအင်များလည်း အလွန်တရာ ကုန်ခမ်း၏။

ဤအရာကို နားလည်မည်ဆိုလျှင်တောင်မှ ဓားဘုရင် သို့မဟုတ် ဓားဘုရင်အထက် ကျင့်ကြံခြင်း အဆင့်မရှိလျှင် အသုံးပြု၍ မရနိုင်ချေ။ မဟုတ်ပါက တန်ပြန်မှုကို ခံစားရမှာ ဖြစ်ပြီး အသေးဆုံးအနေနှင့် ဒဏ်ရာရရှိနိုင်ပြီး ကြီးမားလျှင်တော့ သေဆုံး၍ပင် သွားနိုင်သည်။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀

အဆင့် - မသိ

"မသိဟုတ်လား"

အဆင့်၏ ညွှန်းဆိုချက်ကို မြင်ရချိန်မှာတော့ ကျွင်းချောင်ရှောင်း ဆွံ့အသွား၏။

ဤဓားနည်းစနစ်သည် မည်မျှ အားကောင်းလှသနည်း။ မည်သည့်အတွက်ကြောင့် အဆင့်ပင် မသတ်မှတ်ခံရသနည်း။

စနစ်က ရှင်းပြလိုက်သည်။ "ကြီးမားလှတဲ့ စကြာဝဠာကြီးတစ်ခုလုံးမှာ ကျွမ်းကျင်သူတွေ ဆိုတာက တိမ်လိုပဲ ပေါများလာတယ်။ဒီ‌တော့ တစ်ချို့သော အဆင့်မြင့် ဆရာကြီးတွေ ဖန်တီးခဲ့တဲ့ သိုင်းနည်းစနစ်မျိုးတွေကို စနစ်ရဲ့ တွက်ချက်မှုက မလုပ်နိုင်ဘူး။ဒါကြောင့် အဆင့်သတ်မှတ်ပေးဖို့ အလွန်ခက်ခဲတယ်လေ။"

ကျွင်းချောင်ရှောင်း အံ့အား သင့်မိသွား၏။ "စနစ်တောင် တွက်ချက်လို့ မရနိုင်ဘူး ဟုတ်လား။ဒီဓားတစ်သောင်းကျမ်းက အရမ်းအားကောင်းတာ ဖြစ်ရမယ်။"

ဒင်။

“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀အား အသုံးပြု၍ ဓားသွားတစ်သောင်းကျမ်းအား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ။”

ဒင်

“ဂိုဏ်းစုဆောင်းမှတ် ၂၈၀၂/၁၀၀၀၀”

ဓားတစ်သောင်းကျမ်းကို ဝယ်ယူပြီးသည့် နောက်မှာတော့ စနစ်သည် ဂိုဏ်း၏ ကျင့်ကြံခြင်း နည်းစနစ်နှင့် အလိုအလျောက် လိုက်ဖက်ညီသည်ဟု မသတ်မှတ်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် ဤဓားနည်းစနစ်သည် တပည့်များကျင့်ကြံရန်အတွက် မသင့်တော်လှချေ။

သေချာစဉ်းစားကြည့်လျင်လည်း အဓိပ္ပာယ်ရှိလှ၏။

ဤဓားနည်းစနစ်သည် အလွန်တရာ ကြမ်းတမ်းလွန်းလှပြီး ဓားဘုရင်နှင့် ဓားဘုရင်အထက် ကျင့်ကြံသူများသာလျှင် အသုံးပြူ၍ ရနိုင်သည်။

သံမဏိအရိုးဂိုဏ်းတပည့်များမှာတော့ ဓားနှင့် ပတ်သက်၍ ပင်ကိုယ်စွမ်းရည် ရှိသူဟူ၍ ကျိုးဟုန်တစ်ယောက်သာ ရှိ၏။

ရွှီ။

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါ၍ ဓားနည်းစနစ်အား ထုတ်လိုက်သည်။

သူ့အနေနှင့် ဤသိုင်းကျမ်းအား မဖတ်ဘဲ မနေနိုင်တော့ချေ။

သို့ပေမဲ့ ပထမစာမျက်နှာကို လှန်ကြည့်ပြီးသည့် နောက်မှာတော့ သူသည် နားလည်သလိုလို ခံစားလိုက်မိ၏။ သို့ပေမဲ့ နားမလည်နိုင်သေးပြန်ပေ။

သူ သက်ပြင်းချလိုက်မိ၏။ "ဒါက နည်းနည်း ခက်တာပဲ"

စနစ်မှ ဝယ်ယူခဲ့သော သိုင်းကျမ်းများသည် နားလည်ရန် အလွန်လွယ်ကူလှ၏။ မည်မျှ မြင့်မားသော သိုင်းနည်းစနစ်တစ်ခုဖြစ်ဖြစ် နားလည်နိုင်၏။ လင်းကျန်ဓားသိုင်းနှင့် လက်ရှိ ဓားတစ်သောင်းကျမ်းတို့သာ ချွင်းချက်ဖြစ်နေသည်။

"ခက်တယ်ဆိုရင်တောင် ငါသင်ယူရမယ်"

ပြီးနောက် ကျွင်းချောင်ရှောင်းသည် ဓားနည်းစနစ်ကို အလုံးစုံ အာရုံစိုက်နိုင်၏။ သူ့အနေနှင့် တစ်ခြားသော ကျင့်ကြံခြင်း နည်းစနစ်များကိုပင် အာရုံမစိုက်နိုင်တော့ချေ။

သို့ပေမဲ့ ဓားတစ်သောင်းကျမ်းသည် အလွန်တရာ နက်နဲလွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် သူ၏ အခန်းထဲတွင် ငါးရက်တိတိ ကျင့်ကြံနေသော်လည်း အနည်းငယ်သာ နားလည်နိုင်ခဲ့သည်။ "ဒါက အရမ်းခက်ခဲတယ်"

သူသည် ခေါင်းကို အုပ်ကိုင်၍ ကောင်းကင်ပေါ်သို့ မော့ကာ အော်ဟစ်လိုက်၏။ "ငါ ဘယ်လိုလုပ်ရမလဲ မသိဘူး။ဒါကို ဘယ်လိုလုပ်ရမလဲ မသိဘူး...."

ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ အားကောင်းသည်ဟု လူတိုင်းက ထင်မှတ်ကြသည်။ သူသည် ဓားနှင့် သိုင်းဘုရင်တစ်ယောက် ဖြစ်‌သည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ သူသည် ဓားနည်းစနစ်တစ်ခုကို နားလည်နိုင်ရန် အပြင်းအထန် ကြိုးစားနေရ၏။

"ငါဒါကို မယုံနိုင်ဘူး"

ဂိုဏ်းချုပ်ကျွင်းသည် ဓားတစ်သောင်းကျမ်းအား လေ့လာနေရင်း စိတ်ပင်ပန်းနေသည်။

သူသည် ဂိုဏ်း၏ ကိစ္စဝိစ္စများအားလုံးကို လီချင်းယန်နှင့် လီလိုရှုတို့ဆီသို့ အလုံးစုံလွှဲအပ်၍ ဓားနည်းစနစ်ကို အလုံးစုံ အာရုံစိုက်လျက်ရှိသည်။

"အင်း … မဖြစ်နိုင်ဘူး … ဘာလို့ ဒီ လောက်ခက်ရတာလဲ"

ခြံဝန်းထဲမှ ဖြတ်လျှောက်သွားသော တပည့်များသည် ရံဖန်ရံခါဆိုသလို စိတ်ကျသွားစွာဖြင့် ထထအော်နေသည့် ဂိုဏ်းချုပ်၏ အသံအား ကြားနေရသည်။

သူတို့သည် ဇေဝဇဝါ ဖြစ်မိနေကြ၏။

"ဂိုဏ်းချုပ် ဘာဖြစ်နေတာလဲ...."

အချိန်တွေ ကုန်လွန်သွားပြီး မျက်စိတစ်မှတ်အတွင်းမှာပဲ တစ်လတာ ကုန်လွန်သွားခဲ့သည်။

အကြီးအကဲဝေ စိုက်ပျိုးထားသော အလယ်အလတ်အဆင့် ချီစုစည်းခြင်း ဆေးလုံးများအတွက် ဆေးပင်များသည်လည်း ရင့်မှည့်လာခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ထွက်မလာဘဲနှင့် အခန်းထဲမှာပဲ အောင်းလျက်ရှိနေ၏။

"ဒုတိယစီနီယာအစ်ကို"

လျိုဝမ်ရှစ်သည် အစားအစာတွေ လာပို့ရင်းပင် ထုံးစံအတိုင်း ပြောလိုက်၏။ "ဂိုဏ်းချုပ်က အခန်းထဲကကို မထွက်ဘူး။သူ ထမင်းမစားတာလည်း တော်တော်ကြာနေပြီ။ကြီးကြီးမားမား နေမကောင်းဖြစ်နေတာလား မသိဘူး...."

လီချင်းယန်သည် စိတ်ပျက်လက်ပျက် ဖြစ်မိနေ၏။ ဤမိန်းကလေးသည် အပြစ်ကင်းစင်စွာ ပြောဆိုနေသည်။ လောကကြီး၏ သဘောသဘာဝ တရားများကို နားမလည်သေးပါလား။

အင်း။

လီချင်းယန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ငါတို့ရဲ့ အကြီးဆုံး စီနီယာအစ်မကြီးထွက်ခွာသွားမှုက ဂိုဏ်းချုပ်ကို ဒီလောက် သက်ရောက်လိမ့်မယ်လို့ ငါမထင်ဘူး"

ကျွင်းချောင်ရှောင်းသည်သာ ထိုစကားကို ကြားသည်ဆိုပါက ချက်ချင်းဆိုသလိုပဲ ရောက်ရှိလာပြီး သူ့အား ဖင်ပိတ်ကန်မိပေလိမ့်မည်။

မင်းရဲ့ ခေါင်းထဲမှာ ဘာတွေးနေတာလဲ။ငါက အလွန်တရာ နက်နဲလှတဲ့ ‌ဓားနည်းစနစ်ကို လေ့လာနေတာကွ။ လုချင်းချင်းကြောင့် မဟုတ်ဘူး။

"စီနီယာအစ်ကို"

စုရှောင်မိုက ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကို သွားပြီးတော့ ဖျောင်းဖျပေးပါဦး။ စီနီယာအစ်မကြီးကို ဒီလောက်လွမ်းနေလို့ မဖြစ်ဘူးလေ။"

"ကောင်းပြီ"

လီချင်းယန်သည် တပည့်များကို ဦးဆောင်၍ ခြံဝန်းဆီသို့ သွားလိုက်၏။

ခြံဝန်းဆီသို့ ရောက်ရောက်ချင်းမှာပဲ အခန်းထဲမှ အလွန်တရာ ကျယ်လောင်သော ရယ်သံတစ်ခုကို ကြားလိုက်ရသည်။

လျိုဝမ်ရှစ်သည် ကြောက်လန့်စွာဖြင့် ပြောလိုက်၏။ "ဂိုဏ်းချုပ် ရူးသွားပြီလား မသိဘူး"

ဘုန်း။

ရုတ်တရက် အခန်းတံခါးပွင့်သွား၏။

အေးစက်သည့် ဓားအော်ရာများသည် အပြင်ဘက်သို့ ထွက်ပေါ်လာပြီး အားလုံး၏ ဆံပင်များပင် ထောင်ထသွားကြသည်။

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်လာပြီး ရယ်လိုက်၏။ "ငါ ဒါကို နားလည်သွားပြီကွ ဟားဟား ဟား"

လီချင်းယန်နှင့် တစ်ခြားသော တပည့်များသည် ဆွံ့အသွားမိကြ၏။

ဂိုဏ်းချုပ် သည် ဆံပင်တွေ တစ်ခုလုံး ရှုပ်ပွလျက်ရှိနေပြီး လမ်းပေါ်တွင် လျှောက်၍တောင်းစားနေသော သူတောင်းစားကြီးတစ်ယောက်နှင့်ပင် ဆင်တူနေသည်။

"ဂိုဏ်းချုပ်"

စုရှောင်မိုသည် အားပျော့စွာ ပြောလိုက်၏။ "အဆင်ပြေရဲ့လား"

ကျွင်းချောင်ရှောင်းသည် ရှုပ်ပွနေသော သူ၏ ဆံပင်များအား အသာသပ်ရပ်သွားအောင် ပြုလုပ်ပြီး ရယ်လိုက်၏။ "ဒီနေ့မှာ ဓားတစ်သောင်းတိုက်ကွက်ဆိုတာ ဘယ်လိုလဲဆိုတာ ငါ ပြမယ်"

ဝှစ်။

သူသည် အဓိက ဟောခန်း၏ အမိုးဆီသို့ လှမ်းခုန်လိုက်၏။

နောက်ဆုံးမှာတော့ သူသည် ခြေချော်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ဘုတ် …။

အိုက်ရား …။

All Chapters