အခန်း (၄၉၉)
Vol. 34 Ch. 499
အချိန်တွေအများကြီး ကျန်ရှိနေသေး၏။ ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်ကို ခေါ်ဆောင်ကာ ခရီးလှည့်လည် သွားလျက်ရှိ၏။ သူသည် အခြားတစ်ကမ္ဘာမှ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေ့လာခွင့်ရရှိရန်အတွက် မြို့များ၊ ရွာများကို ဖြတ်သန်း၍ ခရီးသွားနေမိ၏။
သို့ပေမဲ့ သူတို့သည် ကောင်းမွန်သည့်အရာများကို မမြင်တွေ့ ခဲ့ရချေ။ မကောင်းသည့်အရာများကိုသာ မြင်ခဲ့ရသည်။
ရွာများတွင်ရှိသော ရွာသားများအားလုံးသည် ရိုးရှင်း၍ ရိုးသားလှသောသူများ ဖြစ်သည်။ အနည်းငယ် ကြီးမား သော မြို့ကြီးထဲမှာတော့ တချို့သော သိုင်းကျင့်ကြံသူများသည် အားနည်းသူများကို အနိုင်ကျင့်၍ အခွင့်အရေး ယူလျက်ရှိသည်။ ထိုသူများထဲတွင် မိသားစုကြီး တချို့လည်း ပါဝင်နေ၏။ ၎င်းတို့သည် တေလေဂျပိုးများနှင့် ကျေးကျွန်များကို ငှားရမ်း၍ လမ်းပေါ်တွင်ရှိသည့် သွားလာနေသူများကို အနိုင်ကျင့် ဗိုလ်ကျခြင်းများ ပြုလုပ်လျက် ရှိ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အုပ်ချုပ်ရေးအစိုးရအဖွဲ့ တည်ရှိသည်ဆိုသော်လည်း သာမန်လူများကို ထိန်းသိမ်းရန်သာ တတ်နိုင်ကြ၏။ တချို့သောမိသားစုကြီးများသည် မကောင်းမှုများကို ပြုလုပ်သည့်အခါမျိုးတွင် ၎င်းတို့သည် မျက်စိကန်းနေသူများကဲ့သို့ပင် မမြင်ချင်ယောင် ဆောင်ထားကြသည်။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို မြင်နေ၊ ကြားနေရချိန်မှာတော့ ချင်းယန်နိုင်ငံသည် သေးငယ်လှသည် ဆိုသော်လည်း မြို့တော်ဝန် ရှစ်ယောက်တို့မှာ အနည်းဆုံး အလုပ်လုပ်လျက်ရှိသည်ဟု နားလည်လိုက်မိ၏။ အပြင်ဘက်လောက ကမ္ဘာကြီးမှာ အမှန်တကယ်တမ်းတွင် ရက်စက်လွန်းလှ၏။
......
ဘမ်း
မြို့တစ်မြို့မှာတော့ အလွန်တရာ ကြမ်းတမ်းခက်ထန်လှသောပုံစံရှိသည့် ကျင့်ကြံသူတစ်ယောက်သည် အသက် ကြီးကြီး အဘိုးအိုတစ်ယောက်အား ကန်ထုတ်လိုက်၏။
“ခင်ဗျားက ကံကောင်းတာပဲ၊ ကျုပ်တို့သခင်လေးက ခင်ဗျားရဲ့ သမီးကို ကြိုက်တာက ခင်ဗျားတို့အတွက် ကံကောင်းခြင်းပဲ၊ ဘာလို့ပေါက်ကရတွေ လျှောက်ပြောနေရတာလဲ”
“အဖေ”
အသက်ဆယ့်ငါးနှစ်အရွယ်လောက်ရှိသော မိန်းကလေးသည် အော်ဟစ်ငိုယိုနေပြီး သူမသည် တေလေဂျပိုးများ၏ ဝိုင်းပတ်ပိတ်ဆို့ခြင်းကို ခံထားရ၏။ ထိုလူများ အားလုံးသည် ကျန်မိသားစု ငှားရမ်းထားသော တေလေဂျပိုးများပင် ဖြစ်တော့၏။
အဝတ်အစားပေါ်တွင် ပန်းပွင့်ပုံအရုပ်များ ရေးထိုးထားသော လူငယ်တစ်ယောက်သည် သူမ၏ဘေးနားမှနေ၍ အသာရပ်လျက် ကြည့်နေ၏။ ထိုသူသည် ကျန် မိသားစုသခင်လေးပင်ဖြစ်ပြီး ဘာတစ်ခုမှသုံးစား၍မရသော တေလေဂျပိုးတစ်ယောက်သာသာပင်ဖြစ်သည်။
လမ်းပေါ်တွင်ရှိသော ဖြတ်သွားဖြတ်လာများ အားလုံးသည် တိတ်တခိုးကြည့်ရှု၍ ခေါင်းကိုသာ ခါယမ်းမိကြ၏။ ဤမိန်းကလေးမှာ ယနေ့မှာတော့ မလွတ်မြောက်နိုင်ကြောင်း သူတို့ တွေးထင်မိထား၏။
“မိန်းကလေး”
သခင်လေးကျန် ပြုံးကာပြောလိုက်၏။ “မင်း ကျုပ်နောက်ကို လိုက်ခဲ့မယ်ဆိုရင် မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး”
ပြောပြီးသည့်နောက်မှာတော့ သူသည် တဏှာရာဂခိုးများ ဝေနေသည့်မျက်လုံးအစုံဖြင့် ကြည့်ရှုပြီး အသာရှေ့သို့ လျှောက်လာ၏။
မိန်းကလေးသည် မျက်နှာတစ်ခုလုံး ဖြူလျော်သွားသည်အထိ ထိတ်လန့်ကြောက်ရွံသွား၏။ သို့ပေမဲ့ သူမ၏ ပတ်ပတ်လည်တွင် တေလေဂျပိုးများက ဝိုင်းဝန်း၍ ပိတ်ဆို့ထားသည်ဖြစ်သောကြောင့် နောက်သို့ မဆုတ်နိုင်ချေ။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ ကြည်လင်ရှင်းလင်းသောအသံ ထွက်ပေါ်လာ၏။ “နေ့ခင်းဘက်အချိန်ကြီးမှာ မိန်းမကောင်းလေးတစ်ယောက်ကို အတင်းကြီး ဆွဲလားရမ်းလား လုပ်နေတာက ပြစ်မှုမြောက်တယ်မဟုတ်ဘူးလား”
“သိပ်မှန်တာပေါ့” တစ်စုံတစ်ယောက်က ပြောလိုက်၏။
သခင်လေးကျန်သည် အနည်းငယ် မျက်မှောင်ကုတ်သွား၏။ သူသည် အသံ ထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်ချိန်မှာတော့ အမျိုးသားနှင့် အမျိုးသမီးတစ်ယောက်သည် လမ်းပေါ် လျှောက်လာသည်ကို မြင်တွေ့လိုက်ရ၏။
အမျိုးသားသည် အသက် ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ်ခန့် ရှိပြီး မိန်းကလေးမှာတော့ အသက် ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်လောက်သာ ရှိသည်။
ဟမ်
သခင်လေးကျန်သည် သေးသေးသွယ်သွယ်နှင့် ချစ်စရာကောင်းသော မိန်းကလေးကို မြင်လိုက်ချိန်မှာတော့ မျက်လုံးများ လင်းလက်သွားသည်။ သူသည် မထီတရီပြုံးကာ ပြောလိုက်၏။ “လှလိုက်တာ”
“ဂိုဏ်းချုပ်”
မိန်းကလေးသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒီလူရဲ့ အကြည့်က စိတ်တိုစရာကောင်းတယ်”
“ငါမင်းကို ကူပြီးတော့ ရိုက်ပေးမယ်” အမျိုးသားက ပြောလိုက်၏။
“ရိုက်ပေးမယ် ဟုတ်လား”
သခင်လေးကျန်သည် ရယ်မောလိုက်၏။ သူ၏ မိန်းကလေးအား ဝိုင်းပတ်ထားသော တေလေဂျပိုးများသည်လည်း အားရပါးရ ရယ်မောလိုက်၏။
ဘန်း
ရုတ်တရက်ဆိုသလိုပဲ လက်သီးထိုးသံတစ်ချက် ထွက်ပေါ်လာပြီး ကျန်မိသားစုမှ ငှားရမ်းထားသော တေလေဂျပိုး များ၏ မျက်နှာပေါ်မှာ အပြုံးများသည် အေးခဲသွားသည်။
အဘယ်ကြောင့်ဆိုသော် အားနည်းနေပုံပေါ်သော လူငယ် လေးသည် သူတို့သခင်လေး၏ ရှေ့တွင် ရောက်လျက်ရှိပြီး သူတို့သခင်လေး၏ ရင်ဘတ်ပေါ်တွင် လက်သီး ကျရောက်နေသည်။ အမြန်နှုန်းသည် အလွန်တရာမြန်ဆန်လွန်းသောကြောင့် သူတို့ပင် သေသေချာချာ မမြင်လိုက်ရချေ။
“နာလား” လူငယ်သည် သူ၏လက်သီးကိုမြှောက်ကာ အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်၏။
တည်နေရာတွင် မတ်မတ် ရပ်နေဆဲဖြစ်သော သခင်လေးကျန်၏အမူအရာသည် ပျက်ယွင်းသွားတော့သည်။ သူသည် မျက်နှာတစ်ခုလုံး ရှုံ့တွ ကာပင် ပြောလိုက်၏။ “နာတယ်”
“နာတယ်ဆိုရင် ဘာလို့ လွင့်စင်မသွားသေးတာလဲ”
အား
သခင်လေးကျန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက်ဆိုသလိုပဲ အနောက်ဘက်သို့ လွင့်စင်ပြီး မီတာသုံးဆယ် အဝေးဆီသို့ ပြုတ်ကျသွားတော့သည်။ သူသည် ရင်ဘတ်ကို အသာအုပ်ကိုင်ပြီး သတ်ဖြတ်ခံရမည့် ဝက်တစ်ကောင် ကဲ့သို့ နာကျင်စွာ အော်ဟစ်လျက်ရှိသည်။
လမ်းပေါ်တွင် သွားနေကြသော သာမန်လူများအားလုံးသည် ကြောင်အသွားကြ၏။ လက်သီးတစ်ချက် ထိုးလိုက် သည့်အချိန်တွင် ဘာကြောင့်တစ်ခါတည်း လွင့်စင်မသွားသနည်း၊ မည်ကဲ့သို့ ဖြစ်သွားသနည်း။
“ကျွမ်းကျင်သူ”
လူအုပ်ကြားထဲတွင်ရှိနေသော သိုင်းကျင့်ကြံသူတချို့သည် တိတ်တဆိတ် ကြိတ်ကာ တုန်လှုပ်သွားကြ၏။ သူတို့၏ အမြင်အရဆိုလျှင် သခင်လေးကျန်သည် လက်သီးနှင့် ထိုးထိုးခြင်း လွင့်စင်သွားရမည်ဖြစ်သည်။ ယခု ချက်ချင်း လွင့်စင်မသွားဘူးဆိုခြင်းမှာ တစ်ဖက်လူသည် ၎င်း၏အားအင်အဆင့်ကို အဆုံးစွန်အထိ ထိန်းချုပ်ထားနိုင်သော အဆင့်တွင် ရှိနေသောကြောင့်ပင်ဖြစ်၏။
သို့ပေမဲ့ ဤလူသည် ကျန်မိသားစု၏ သခင်လေးဖြစ်သည်။ ထိုသို့သော သူမျိုးကို သူ၏ ပိုင်နက်ထဲတွင် ရိုက်နှက်ခြင်းဆိုသည်မှာ ထွက်ပြေး၍ပင် မရနိုင်အောင် ခက်ခဲလွန်းသည့် အခြေအနေတစ်ခုပင် ဖြစ်တော့သည်။
ထင်ထားသည့်အတိုင်းပဲ ကျန်မိသားစုမှ ငှားရမ်းထားသော တေလေဂျပိုးများအားလုံးသည် သတိဝင်လာကြ၏။ သူတို့သည် ဒေါသတကြီးဖြင့် ရှေ့သို့လှမ်းတက်လာပြီး လူငယ်ကို ဝိုင်းရံလိုက်ကြ၏။ သူတို့၏ မျက်လုံးများတွင်တော့ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်လာသည်။ “မင်းက ငါတို့သခင်လေးကို ရိုက်ရဲတယ်ဟုတ်လား၊ မင်းက အသက်ရှင် ….”
ထိုလူသည် ပြောလို့ပင် မဆုံးသေးချေ။ အေးစက်လှသော လက်ဝါးတစ်ဖက်သည် သူ၏ မျက်နှာပေါ်သို့ ကျဆင်းလာသည်။
ဖြောင်း… ဖြောင်း
လူငယ်သည် ထိုသူ၏ မျက်နှာအား ရိုက်နှက်လိုက်၏။ ပြီးနောက် အခြားလက်တစ်ဖက်ကို အသာဝှေ့ယမ်းပြီး ပတ်ပတ်လည်ဝိုင်းရံလျက်ရှိသော သူများ၏ မျက်နှာများကို တိကျစွာပင် ရိုက်နှက်လျက်ရှိတော့၏။
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
ချက်ချင်းဆိုသလိုပင် ကျန်မိသားစုမှ ငှားရမ်းထားသော တေလေဂျပိုး ခြောက်ယောက်၊ ခုနှစ်ယောက် အားလုံး တို့သည် လွင့်စင်သွားကြသည်။
လမ်းပေါ်မှာရှိနေသော လူများအားလုံးသည် ဆွံ့အသွား၏။ လူငယ်သည် ကျန်မိသားစုမှ ငှားရမ်းထားသော တေလေဂျပိုးများနှင့် ခပ်ဝေးဝေး တည်နေရာတွင် တည်ရှိနေကြောင်း ရှင်းရှင်း လင်းလင်းမြင်နေရ၏။ သို့ပေမဲ့ တိုက်ခိုက်လိုက်ချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ ထိုသူတို့၏ ရှေ့သို့ ရောက်ရှိ သွားပြီး မြန်ဆန်သည့် နှုန်းထားများဖြင့် တိုက်ခိုက်ခဲ့ခြင်းပင်ဖြစ်၏
“ဒါက ကျွမ်းကျင်သူပဲ၊ ကျွမ်းကျင်သူ” သိုင်းပညာရှင်များသည် ထိတ်လန့်တုန်လှုပ်သွားကြ၏။
မြေပေါ်တွင် ရုတ်တရက်မတ်တပ်ထရပ်လိုက်သော သခင်လေးကျန်သည် သူ၏ရင်ဘတ်ကို အသာအုပ်ကိုင်၍ ဒေါသတကြီးဖြင့် ပြောလိုက်၏။ “မင်း …. မင်းဒီမှာစောင့်နေ”
သူသည် အလောတကြီးဖြင့် အသာလှည့်ကာ ဆိုးဆိုးရွားရွား ထွက်ပြေးတော့၏။ သူသည် အိမ်သို့ပြန်ပြီး အကူအညီ တောင်းချင်နေခြင်းပင်ဖြစ်သည်။ သူ၏မိသားစုမှ ငှားရမ်းထားသော လူများကို ခေါ်ဆောင်ကာ ဤအကောင်အား တစ်စစီဖြစ်အောင် ပြုလုပ်ချင်မိသည်။
........
“အဖေ”
ကျန်မိသားစု၏ အဓိကဟောခန်းထဲမှာတော့ ကျန်မိသားစုခေါင်းဆောင်သည် ဧည့်သည်တစ်ယောက်နှင့် စကား ပြောဆိုလျက်ရှိနေ၏။
သူ့သား၏ အော်ဟစ်ငိုယိုသံကို ကြားလိုက်ချိန်မှာတော့ သူ၏မျက်နှာတစ်ခုလုံးသည် မဲမှောင် သွားသည်။
“အဖေ”
သခင်လေးကျန်သည် အထဲသို့ လျှောက်ဝင်လာ၏။ သူ၏ မျက်လုံးထဲမှာတော့ မျက်ရည်များနှင့် ဖြစ်နေတော့သည်။ “ကျွန်တော် ကျွန်တော့်ကို အပြင်မှာ ရိုက်လိုက်တယ်”
ဖြောင်း
ကျန်မိသားစုခေါင်းဆောင်သည် ဒေါသတကြီးဖြင့် စားပွဲကို ပုတ်လိုက်၏။ ပြီးနောက် ဒေါသတကြီး ပြောလိုက်၏။ “ဘယ်သူက ဒီလောက်အထိ ရဲတင်းလွန်းတာလဲ”
“ကျုပ်ပဲ ….” အသံတစ်ခုသည် အပြင်ဘက်ဆီမှ ထွက်ပေါ်လာသည်။
သခင်လေးကျန်သည် အံ့အားသင့်မိသွား၏။ သူသည် အလောတကြီးဖြင့် အပြင်ဘက်ဆီသို့ လှမ်းကြည့်လိုက်ချိန်မှာတော့ သူ့အား ရိုက်နှက်ခဲ့သောလူငယ်သည် အထဲသို့ လျှောက်ဝင်လာသည်ကို မြင်လိုက်ရ၏။
သူသည် အံကိုကြိတ်ကာ ပြောလိုက်သည်။ “အဖေ …. သူပဲ”
ကျန်မိသားစုခေါင်းဆောင်သည် အသာရှေ့သို့ လျှောက်ထွက်လိုက်၏။ သူ၏မျက်လုံးထဲမှာတော့ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်နေတော့သည်။ သူပြောလိုက်သည်။ “ကောင်လေး၊ မင်းဘယ်လိုဝင်လာတာလဲ”
“လမ်းလျှောက်ဝင်လာတာလေ” လူငယ်က ပြောလိုက်၏။ ကျန်မိသားစုခေါင်းဆောင်၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွား၏။
လမ်းလျှောက် ဝင်လာသည်ဆိုလျှင် ဂိတ်တံခါးတွင် စောင့်နေကြသော သူများသည် ဘယ်ရောက်နေသနည်း။ ထိုသူတို့ အားလုံးသည် အိပ်ပျော်နေကြသည်ဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ထိုသူတို့ အားလုံးကို အိပ်ပျော်သွားအောင် ရိုက်နှက်ခဲ့သောကြောင့်ဖြစ်သည်။
“ကောင်လေး”
ဧည့်သည်ကလည်း ထွက်လျှောက်လာသည်။ ပြီးနောက် သူ၏ လက်နှစ်ဖက်ကို အနောက်သို့ပစ်၍ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “မင်းက သခင်လေးကျန်ကို ရိုက်နှက်ပြီးတော့ ကျန်မိသားစုဆီ ရောက်လာတာ တကယ့်ကို ရဲရင့်တဲ့လူပဲ”
“ကျန်မိသားစုခေါင်းဆောင်”
သူပြောလိုက်၏။ “ကျုပ် ခင်ဗျားအစား ဒီမောက်မာလှတဲ့ ကလေးလေးကို သင်ခန်းစာပေးလိုက်မယ်”
ကျန်မိသားစုခေါင်းဆောင်က ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”
ထိုသူသည် အဆင့်ငါးဂိုဏ်းတစ်ခုမှ သိုင်းစစ်သူကြီးအဆင့် အကြီးအကဲတစ်ယောက်ပင်ဖြစ်တော့သည်။ ထိုသူသာ ကျန်မိသားစုကိုယ်စား ဝင်ရောက်တိုက်ခိုက်ပေးမည်ဆိုပါက ဂုဏ်ယူစရာကိစ္စပင် ဖြစ်တော့သည်။
“ကောင်လေး”
အကြီးအကဲစွန်းသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “မြန်မြန် ဒူးထောက်ပြီးတော့ ကျန်မိသားစုခေါင်းဆောင်ကို တောင်းပန်လိုက်၊ ဒါဆိုရင် ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်၊ မဟုတ်ရင် …..”
သူ၏အသံသည် ရုတ်တရက် ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်၏ ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းပြားကို မြင်လိုက်ရသောကြောင့်ဖြစ်၏။ ထိုကျောက်စိမ်းပြားပေါ်တွင် ရေးသားထားသည်ကတော့ သံမဏိအရိုးဂိုဏ်း ဟူ၍ ဖြစ်တော့သည်။
အကြီးအကဲစွန်း၏ မျက်နှာသည် ပြောင်းလဲသွားတော့၏။ သူ ထိတ်လန့် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “မင်း … မင်းက သံမဏိအရိုးဂိုဏ်းရဲ့ တပည့်တစ်ယောက်လား”
“သံမဏိအရိုးဂိုဏ်း ဟုတ်လား”
ကျန်မိသားစုခေါင်းဆောင်သည် ဆွံ့အသွား၏။ သူသည် ပုံမှန်အားဖြင့် လတ်တလော ထင်ရှားကျော်ကြားလှသော ဂိုဏ်းအား ကြားဖူး၏။ တိုက်ဆိုင်စွာဖြင့် သူတို့နှစ်ယောက်သည် ခုနကလေးတင် သံမဏိအရိုးဂိုဏ်းနှင့် ၎င်းတို့ ခေါင်းဆောင်အကြောင်းကို ပြောနေကြခြင်းပင်ဖြစ်သည်။ သံမဏိအရိုးဂိုဏ်းသည် ဟွာယန်နိုင်ငံဆီသို့ပင်သွား၍ မိစ္ဆာဂိုဏ်းလေးဂိုဏ်းကို ဖျက်ဆီးခဲ့သောဂိုဏ်း ဖြစ်နေ၏။
ဝှစ်
လူငယ်သည် ရုတ်တရက်ဆိုသလိုပင် အကြီးအကဲစွန်းရှေ့သို့ပေါ်လာပြီး လက်သီးတစ်ချက်ထိုးလိုက်တော့၏။
ဘန်း
အကြီးအကဲစွန်း၏ မျက်နှာသည် အလုံးစုံပျက်ယွင်းသွား၏။ သူ၏ဝမ်းဗိုက်အား လက်သီးချက်တစ်ခု ထိမှန်၍ မြေပြင်ပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျသွားတော့သည်။
ကျန်မိသားစုခေါင်းဆောင်သည် ဆွံ့အသွား၏။ “ဒီ …. ဒီ …. ဒီကောင်လေး ဘာလုပ်လိုက်တာလဲ”
ဖြောင်း
လူငယ်သည် ရှေ့သို့ လှမ်းတက်လာပြီးနောက် ကျန်မိသားစုခေါင်းဆောင်၏ လည်ပင်းကို ဆွဲကိုင်လိုက်၏။ ပြီးနောက် သူသည် မြေပေါ်တွင် လဲလျောင်းလျက်ရှိသော အကြီးအကဲစွန်းကို လှမ်းကြည့်ကာ ပြောလိုက်၏။ “ကျုပ် သူ့ကို သတ်မယ်၊ ငြင်းချင်သေးလား”
“ကျုပ်...”
ဒါဆိုရင် ဒီလူက ကျွင်းချောင်ရှောင်းလား။
အကြီးအကဲစွန်းသည် နာကျင်မှုကို သည်းခံကာ အလောတကြီး ပြောလိုက်၏။ “ငြင်းစရာ မရှိပါဘူး၊ ငြင်းစရာ မရှိပါဘူး”
လူငယ်သည် ကျန်မိသားစုခေါင်းဆောင်အား ကြည့်ကာ ထူးမခြားနားသလို ပြောလိုက်၏။ “သားသမီးမကောင်း မိဘခေါင်းတဲ့၊ သားသမီးက ဆိုးယုတ်တဲ့အပြင် မိဘကလည်း ထိန်းသိမ်းမှု မရှိဘူး၊ ပြီးတော့ ခင်ဗျားကလည်း လူကောင်းတစ်ယောက် ဟုတ်မှာ မဟုတ်ဘူး”
“ကျုပ်”
လူငယ်သည် သူ၏လက်ကိုတင်းကာ ဖျစ်ညှစ်လိုက်တော့၏။ ကျန်မိသားစုခေါင်းဆောင်သည် စကားပြောဆိုရန် အခွင့်အရေးပင် မရဘဲ ဇက်ကျိုးကာ သေဆုံးသွားတော့သည်။
“အဖေ”
သခင်လေးကျန်သည် တည်နေရာမှာပင် ကြက်သေသေလျက်ရှိသည်။ လူငယ်သည် အလောင်းအား ဘေးတစ်ဖက် ဆီသို့ ပစ်လွှတ်လိုက်ပြီး ထိုသူ၏ရှေ့သို့ ရောက်ရှိသွားသည်။ ပြီးနောက် ပြောလိုက်သည်။ “နောက်ဘဝမှာ မင်းအဖေပေါ် မဆိုးနဲ့တော့”
ဝှစ်
ဓားလှိုင်းတစ်ခု ဖြတ်သန်းသွားပြီးသည့်နောက် မြေပေါ်သို့ ဦးခေါင်းတစ်ခု ပြုတ်ကျသွားတော့သည်။
...........
မြို့လေးတစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။ ကျန်မိသားစုခေါင်းဆောင်နှင့် သူ့သားတို့၏ ဦးခေါင်းများသည် မြို့၏ ဂိတ်တံခါးတွင် ချိတ်ဆွဲထား၏။ ၎င်းတို့၏ ဦးခေါင်းမဲ့နေသော ခန္ဓာကိုယ်ပေါ်မှာတော့ သံမဏိအရိုးဂိုဏ်းဆိုသော စာတမ်းကို ရေးထိုးထားလျက်ရှိသည်။
“သံမဏိအရိုးဂိုဏ်း ဟုတ်လား၊ ဒါက ချင်းယန်နိုင်ငံရဲ့ သံမဏိအရိုးဂိုဏ်းလား”
“ဟွာယန်နိုင်ငံရဲ့ မိစ္ဆာဂိုဏ်းလေးဂိုဏ်းကို သတ်ဖြတ်ခဲ့ပြီးတော့ စာတွေရေးခဲ့တယ်၊ သူတို့ပဲ ကျိန်းသေဖြစ်ရမယ်”
လူများအားလုံးသည် ဆွေးနွေးနေကြသည့်အချိန်မှာတော့ လူငယ်သည် ကလေးမလေးကို ခေါ်ဆောင်ကာပင် ထွက်ခွာသွားခဲ့တော့သည်။
ဒင်
“ဖုန်းကွယ်ထားသည့် တာဝန်အား ပြည့်စုံစေသည့်အတွက် ဂုဏ်ယူပါသည်။ မိစ္ဆာများကို အပြစ်ပေးခြင်းနှင့် မိစ္ဆာများကို သုတ်သင်ခြင်း - ငါး”
“သင်သည် ဂိုဏ်းစုဆောင်းမှတ် ငါးရာအား ရရှိသည်”
ဒင်
“ဂိုဏ်းစုဆောင်းမှတ် - ၄၈၀၂ / ၁၀၀၀၀”
ဒင်
“လက်ခံသူသည် မိစ္ဆာများကို အပြစ်ပေးခြင်းနှင့် မိစ္ဆာများကို သုတ်သင်ခြင်း တာဝန် အတွဲလိုက်ကို ပြည့်စုံစေ သည့်အတွက် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀ ကို လက်ခံရရှခဲ့သည်၊ လူစွမ်းကောင်းအလင်းတော်ဆိုသည့် ဘွဲ့အားလည်း လက်ခံရရှိသည်”
ဒင်
“ဂိုဏ်းစုဆောင်းမှတ် - ၆၈၀၂ / ၁၀၀၀၀”