← Chapters

အခန်း (၅၀၀)

Vol. 34 Ch. 500

အခန်း (၅၀၀)

Vol. 34 Ch. 500

ကောင်းကင်ဘုံမြို့သို့ သွားရာလမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် အားနည်းသူအား အနိုင်ကျင့်လျက်ရှိသော သူခိုး၊ ဂျပိုး၊ လူဆိုးလူရမ်းကားများ အားလုံးနှင့် ရင်ဆိုင်တွေ့ရှိခဲ့ရသည်။ ထိုသူတို့အားလုံးသည် သေလုမတတ် ရိုက်နှက်ခံခဲ့ရသည်။ နောက်ဆုံးတွင်တော့ လျှိုဝမ်ရှစ်၏ ဝင်ရောက်ဖေးမ ပြောဆိုပေးမှုကြောင့်သာ အပြစ်ပေးရုံနှင့် ပြီးဆုံးသွားခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် မထင်မှတ်ဘဲ ဖုံးကွယ်ထားသည့် ဒုတိယမြောက်တာဝန်ဖြစ်သည့် မိစ္ဆာအပြစ်ပေးခြင်းနှင့် မိစ္ဆာ သုတ်သင်ခြင်းဆိုသည့် တာဝန်အား ပြည့်စုံစေခဲ့၏။ ပထမအကြိမ် တာဝန်ကို ပြည့်စုံစေခဲ့သည်မှာ လင်းယုန်နက်ဂိုဏ်းအား သွားရောက်ဖျက်ဆီးချိန်ကဖြစ်သည်။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဓားကို လက်ထဲတွင်ကိုင်၍ လောကကြီးတွင် လျှောက်သွားကာ လူစွမ်းကောင်အဖြစ် မတူညီသော လုပ်ရပ်များကို ပြုလုပ် နေတော့သည်။

သူသွားခဲ့ရာ လမ်းတစ်လျှောက် မြို့တိုင်း၊ ရွာတိုင်းတွင် အနိုင်ကျင့်ဗိုလ်ကျသူများနှင့် တွေ့ဆုံသည့်အခါတိုင်း ကျိန်းသေပေါက် သင်ခန်းစာဝင်ရောက်ပေးခဲ့သည်။ ကြမ်းတမ်းသည့်သူများအတွက်တော့ သူသည် ရက်ရက် စက်စက်ပင် သတ်ဖြတ်ခဲ့၏။

စနစ်က တစ်ကြိမ်ပြောခဲ့၏။ “ဂိုဏ်းရဲ့တာဝန် ပေါ်မလာရင် ဒီလိုကောင်းမွန်တဲ့အရာတွေကို မင်းလုပ်မှာ မဟုတ်ဘူးမို့လား”

“ပေါက်ကရတွေ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒီလောက်အန္တရာယ်များတဲ့ လောကကြီးထဲမှာ ဆုလာဘ်မရှိဘဲနဲ့ ဘာကိစ္စကောင်းတဲ့အရာတွေ လုပ်ရမှာတုန်း”

ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ သူသည် အနိုင်ကျင့် ဗိုလ်ကျနေသည် လူဆိုးလူရမ်းကား တော်တော် များများကို သင်ခန်းစာပေးခဲ့ပြီးဖြစ်သည်။ မိစ္ဆာအပြစ်ပေးခြင်းနှင့် မိစ္ဆာသုတ်သင်ခြင်းတာဝန်သည်လည်း တစ်ခုပြီး တစ်ခု ပြည့်စုံသွားခဲ့၏။ ဂိုဏ်းတာဝန်များသည် တာဝန်တစ်ခုချင်းစီတိုင်းတွင် သူ့အား ဂိုဏ်းစုဆောင်းမှတ် ၅၀၀ စီ ပေးခဲ့၏။ ထို့ကြောင့် သူသည် ကောင်းမွန်သော ပစ်မှတ်များကို ရှာဖွေတော့သည်။

လမ်းတစ်လျှောက်တွင် သွားလာရင်း မေးမြန်းကြည့်သည့်အခါမှာတော့ တုံလင်မြို့တွင်ရှိသော ကျန်မိသားစုသည် အလွန်တရာ ဆိုးသွမ်းလှသော လုပ်ရပ်များကို ပြုလုပ်နေ၏။ ထို့ကြောင့်သူသည် ကျန်မိသားစုပေါ်တွင် ပစ်မှတ် ထားပြီး လျှိုဝမ်ရှစ်နှင့်အတူ တုံလင်မြို့ဆီသို့ ရောက်ရှိလာခဲ့၏။

သတင်းစကားမှာ မှန်ကန်ခဲ့၏။ သူမြို့ထဲသို့ ဝင်ဝင်ခြင်းမှာပဲ ကျန်မိသားစုသည် လူပေါင်းများစွာကို အနိုင်ကျင့်နေသည်ကို မြင်ခဲ့ရသည်။

အထူးသဖြင့် အဖေသည် သားအား ဤကဲ့သို့ အနိုင်ကျင့်ရခြင်းကို သင်ပေးခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ပြင် သူ့သား အနိုင်ကျင့်ခံရသည်ကို သိရှိခဲ့ပြီးနောက်မှာ သတ်ဖြတ်လိုခြင်း ဆန္ဒများပြည့်နေသော မျက်လုံးဖြင့် ထွက်လျှောက်လာတော့မလို ပြုလိုက်သည်။ ထို့ကြောင့် ဤလူသည် လူကောင်းတစ်ယောက်မဟုတ်မှန်း သိလိုက်၏။

ထို့ကြောင့်ပင် ဂိုဏ်းချုပ်ကျွင်းသည် အဖေနှင့်သား နှစ်ယောက်လုံးကို သတ်ဖြတ်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သူသည် မိစ္ဆာအပြစ်ပေးြ၂၀၀၀ အား ရရှိကာ လူစွမ်းကောင်းအလင်းတော်ဆိုသည့် ဘွဲ့ထူးတစ်ခုကိုလည်း ရရှိခဲ့သည်။

“ကောင်းလိုက်တာ”

ကျွင်းချောင်ရှောင်းသည် လမ်းပေါ်မှာ လမ်းလျှောက်သွားပြီးသည့်နောက်မှာတော့ စနစ်ကို ဖွင့်ကြည့်လိုက်သည်။ သူ၏ နာမည်ဘေးတွင် ဘွဲ့ထူးတစ်ခု တိုးလျက်ရှိပြီး ကံတရားမှတ်သည်လည်း ငါးမှတ်မှ ဆယ်မှတ်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်က ပြောလိုက်သည်။ “ကျွန်မတို့ သူတို့ကို သတ်ပြီး ဒီတိုင်းထားခဲ့တာ တခြားလူတွေက ကျွန်မတို့ လုပ်တယ်ဆိုတာကို သိသွားမှာပေါ့”

ကျွင်းချောင်ရှောင်း ပြုံးကာပြောလိုက်သည်။ “သိစေချင်လို့ တမင်စာရေးပြီးတောင် ထားခဲ့တာလေ”

စနစ်က ဆွံ့အသွား၏။

“ပြဿနာကြီးတက်မှာကို မစိုးရွံ့ဘူးလား”

“စိုးရွံ့တာပေါ့” ကျွင်းချောင်ရှောင်းပြောလိုက်သည်။

စနစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “မင်းစိုးရွံ့တယ်ဆိုရင် ဘာလို့ သဲလွန်စ ချန်ထားခဲ့ရတာလဲ၊ ဒါကမင်းနောက်ကို လိုက်လာလိမ့်မယ်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “တကယ်လို့ ကျန်မိသားစုက လက်စားချေချင်တယ်ဆိုပါစို့။ လူသတ်သမားကို မတွေ့ရင် သူတို့ရဲ့ ဒေါသတွေကို ငါကယ်တင်ခဲ့တဲ့ လူတွေအပေါ်မှာ ပုံချလိမ့်မယ် မဟုတ်လား”

“ဒါက”

စနစ်သည် ခဏလောက်ငြိမ်သက်သွား၏။ ပြီးနောက်ပြောလိုက်သည်။ “ဟုတ်တယ်”

“ဒါကြောင့်ပဲ ငါက သူတို့ကို သတ်ခဲ့တယ်ဆိုတာကို သိစေချင်တာလေ၊ ဒါမှ ဘယ်သူ့ကို လက်စားချေရမလဲ ဆိုတာကို သူတို့ သိမှာပေါ့”

ကျွင်းချောင်ရှောင်းသည် ပခုံးတွန့်ပြလိုက်၏။ ထိုအရာသည် သူတွေးတောထားသော အရာပင် ဖြစ်တော့သည်။

“ပြီးတော့”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “မိစ္ဆာလိုလူတွေကို သတ်ဖြတ်ခြင်းက လူတွေကို ကယ်တင်ခြင်းနဲ့ အတူတူပဲလေ၊ ဒီလောကကြီးက လူတွေ အကုန်လုံးကို ငါတို့ သံမဏိအရိုးဂိုဏ်းက ဒါတွေလုပ်ခဲ့တယ်ဆိုတာကို သိစေချင်တာ၊ ဒါမှ ငါတို့ရဲ့ဂုဏ်က ပိုပြီး တိုးတက်လာမှာ”

ဤအရာသည် မှန်ကန်လွန်းလှ၏။ တုံလင်မြို့တွင်ရှိသော လူများစွာတို့သည့် သံမဏိအရိုးဂိုဏ်းအကြောင်းကို လတ်တလောတွင် ပြောဆိုနေကြ၏။ သူတို့သည် အလွန်တရာ လေးလေးနက်နက်ဖြင့် ကျေးဇူးတင်လျက် ရှိနေကြ တော့သည်။

သခင်လေးကျန်သည် မြို့ထဲတွင် သောင်းကျန်းနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ရေတွက်၍ မရအောင် များပြားသော အမျိုးသမီးများကို သူသည် ပစ်မှားစော်ကားခဲ့၏။ လက်ရှိအချိန်တွင် သံမဏိအရိုးဂိုဏ်းသည် ထိုသူအား သတ်ဖြတ်သွားသည့်နောက်မှာတော့ ရွာသူရွာသားနှင့် မြို့သူ မြို့သားအားလုံး သည် အလွန်တရာ စိတ်ကျေနပ်နေကြ၏။

.....

လင်းရောင်ဂိုဏ်း

ကျန်မိသားစုအိမ်တွင် ဒဏ်ရာရရှိခဲ့သော အကြီးအကဲစွန်းသည် အလွန်တရာဖြူဖျော့နေသော မျက်နှာဖြင့် အဓိက ဟောခန်းထဲသို့ လျှောက်ဝင်လာသည်။

“အကြီးအကဲစွန်း”

အကြီးအကဲတစ်ယောက်သည် အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ဘာဖြစ်လာတာလဲ”

အကြီးအကဲစွန်းပြောလိုက်သည်။ “ကျုပ် ဒဏ်ရာရလာတာ”

ထိုသူသည် ချက်ချင်းဆိုသလိုပဲ ဒေါသထွက်သွား၏။ “ဘယ်သူက ဝက်ဝံအသည်းနဲ့ ကျားသည်းခြေကို စားထားလို့ လုပ်ရဲတာလဲ”

“မပြောပါနဲ့တော့”

အကြီးအကဲစွန်း၏ မျက်နှာသည် ပျက်ယွင်းသွားသည်။ “ကျုပ်သေတော့မလိုပဲ”

ရွှီး

ထိုအချိန်မှာတော့ လင်းရောင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလွန်အေးစက်သည့် မျက်နှာအမူအရာဖြင့် လျှောက်ထွက် လာတော့သည်။

“ဘယ်သူလုပ်ခဲ့တာလဲ”

သူ့ဂိုဏ်း၏ အကြီးအကဲသည် ဒဏ်ရာရရှိခဲ့၏။ သဘာဝအားဖြင့် သူသည် လက်လွှတ်မပေးချင်ပေ။

တခြားသော အကြီးအကဲများသည်လည်း လျှောက်ဝင်လာကြ၏။ သူတို့၏ မျက်လုံးထဲတွင်တော့ ဒေါသ အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။ သူတို့အားလုံးသည် ထွက်၍ လက်စားချေချင်စိတ် ပေါ်နေကြသည်။

“ဂိုဏ်းချုပ်”

အကြီးအကဲစွန်းက ပြောလိုက်၏။ “ကျွင်းချောင်ရှောင်းပါ”

အကြီးအကဲတစ်ယောက်သည် အေးစက်စက် ပြောလိုက်၏။ “ဘယ်သူလဲ၊ ကျုပ်ဘာလို့ မကြားဖူး...၊ နေအုံး … ကျွင်းချောင်ရှောင်း ဟုတ်လား”

ဤနာမည်ကို နည်းနည်း ရင်းနှီးနေ၏။ လင်းရောင်ဂိုဏ်းမှ ဂိုဏ်းချုပ်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “သံမဏိအရိုးဂိုဏ်းချုပ်လား”

“အမှန်ပါပဲ”

အကြီးအကဲစွန်းသည် ပြောလိုက်၏။ “သူပဲ”

အကြီးအကဲများ၏ အမူအရာသည် ချက်ချင်းဆိုသလိုပဲ ပြောင်းလဲသွား၏။ လင်းရောင်ဂိုဏ်းသည် လတ်တလော တွင် ထင်ရှားလျက်ရှိသော သံမဏိအရိုးဂိုဏ်းချုပ်အကြောင်းကို ကြားဖူး၏။ အထူးသဖြင့် ချင်းယန်မြို့၏ အပြင်ဘက်တွင် ကျန်းယန်နိုင်ငံမှ သိုင်းဘုရင် သုံးယောက်ကို အနိုင်ယူခဲ့သည်ဆိုသော သတင်းကို သူတို့ ကျယ်ကျယ်ပြန့်ပြန့် ကြားပြီးဖြစ်သည်။ လက်ရှိ အကြီးအကဲစွန်းအား ဒဏ်ရာရအောင် တိုက်ခိုက်လိုက်သူမှာ ထိုသူဖြစ်နေမည်ဟု သူတို့ မည်သို့ တွေးမိမည်နည်း။

“အဟမ်း … အဟမ်း … အဟမ်း”

လင်းရောင်မြို့ ဂိုဏ်းချုပ်သည် ဒေါသတရားများသည် ပျောက်ကွယ်သွား၏။ “တတိယအကြီးအကဲ... တပည့်တွေရဲ့ လက်ရှိကျင့်ကြံခြင်း အခြေအနေက ဘယ်လိုလဲ”

“ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်”

တတိယအကြီးအကဲက ပြောလိုက်၏။ “အားလုံးရဲ့ ကျင့်ကြံခြင်းအခြေအနေက မဆိုးဘူး၊ တပည့်တော်တော်များများက အဆင့်ချိုးဖြတ်နေကြတယ်”

ဒေါသထွက်နေကြသော တခြားသော အကြီးအကဲများ အားလုံးသည် ချက်ချင်းဆိုသလိုပင် တည်ငြိမ်သွား၏။ သူတို့သည် အသာပြောလိုက်ကြ၏။ အကြီးအကဲစွန်း ဒဏ်ရာရရှိနေသည် ဆိုသည်ကိုပင် သူတို့ အလုံးစုံ မေ့လျော့ သွားခဲ့ပြီဖြစ်သည်။

ဟွာယန်နိုင်ငံရှိ မိစ္ဆာဂိုဏ်းလေးဂိုဏ်းကိုပင် ဖျက်ဆီးခဲ့သည့်အပြင် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ သိုင်းဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို ထွက်ပြေးအောင် ပြုလုပ်နိုင်ခဲ့၏။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်း ဆိုသည်မှာ သူတို့ရန်မူ၍ရသည့် အရာမဟုတ်ပေ။

.........

တာဝန်များအား တွဲလျက် ပြည့်စုံစေပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် အဓိက လမ်းမကြီးမှ မသွား တော့ချေ။ အကျိုးကျေးဇူးများ ရရှိချိန်တွင် သူသည် လူစွမ်းကောင်းတစ်ယောက်ပင်ဖြစ်၏။ သို့ပေမဲ့ အကျိုး အမြတ် များ မရရှိချိန်မှာတော့ သူသည် တခြားသော ကိစ္စရပ်များကို မမြင်သလို ဟန်ဆောင်လျက်ရှိတော့သည်။ သောက်ကျိုးနည်းလှချေသည်တကား။

ဂိုဏ်းစုဆောင်းမှတ် တော်တော်များများကို ရရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အလယ်အလတ် အဆင့်စတိုးကို ဖွင့်လှစ်ရန် သတ္တိရှိသွားခဲ့ပြီးဖြစ်သည်။ ကံဆိုးစွာဖြင့် နောက်ဆုံးအချိန် Refresh လုပ်ခဲ့စဉ်က ဓားတစ်သောင်းကျမ်းအား ရရှိခဲ့သည် ဆိုသော်လည်း တခြားသော တန်ဖိုးရှိအရာများ၊ အသုံးဝင်သည့်အရာများ မရှိခဲ့ချေ။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ် ၁၀၀ အား အသုံးပြု၍ ဆက်လက် Refresh လုပ်လိုက်တော့သည်။

ဟမ်

ပစ္စည်းသစ်များထဲမှာတော့ ဂိုဏ်းချုပ်ကျွင်း၏ အာရုံကို ဆွဲဆောင်နိုင်သော အရာတစ်ခုရှိနေသည်။ ထိုအရာမှာ တရုတ်ဟင်းလျာများ ဆိုသည့်အရာပင်ဖြစ်တော့သည်။

“စတိုးထဲမှာ ဒီလိုအရာမျိုး ရှိတယ်လား”

“အင်း … မင်းမထင်ထားတဲ့ အရာတွေအားလုံးရှိတယ်၊ Refresh လုပ်ဖို့ပဲ လိုတာ”

သူသည် မိတ်ဆက်အား ထောက်၍ ဝင်ကြည့်လိုက်ချိန်မှာတော့ တရုတ်ဟင်းလျာများထဲတွင် တရုတ်နိုင်ငံ၏ အဓိက မြို့ကြီးရှစ်မြို့ဆီမှ ဟင်းပွဲများ ပါဝင်နေ၏။ ရှန်တုံ၊ စီချွမ်၊ ကွမ်တုံ အစရှိသော မြို့များမှ ဟင်းလျာများပင် ဖြစ်တော့သည်။ ဈေးနှုန်းမှာ ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ ဖြစ်၏။

“ငါဝယ်ရမယ်၊ တုတုသာ ဒါကို လေ့လာမယ်ဆိုရင် တရုတ်ဟင်းလျာတွေက တခြားကမ္ဘာမှာပါ ကျော်ကြားသွား နိုင်တယ်”

ကျွင်းချောင်ရှောင်း တွေးတောလိုက်မိ၏။

ဒင်

“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ အား အသုံးပြု၍ တရုတ်ဟင်းလျာများဆိုသည့်စာအုပ်အား ရယူခဲ့ သည်၊ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

ဒင်

“ဂိုဏ်းစုဆောင်းမှတ် - ၅၇၀၂ / ၁၀၀၀၀”

“တုတု”

ကျွင်းချောင်ရှောင်းသည် ဟင်းလျာစာအုပ်အား ထုတ်ယူကာ ပြောလိုက်၏။ “ရော့၊ ဒီမှာ ဒါကိုယူပြီးတော့ လေ့လာကြည့်”

“ဟင်းလျာတွေလား”

လျှိုဝမ်ရှစ်သည် သူမ၏ ဦးခေါင်းကို လက်ညှိုးထိုးလိုက်ကာ ပြုံး၍ ပြောလိုက်၏။ “ဂိုဏ်းချုပ်၊ ဒီထဲမှာလည်း ဟင်းပွဲတွေရှိတယ်”

ဤမိန်းကလေးသည် အလွန်ယုံကြည်ချက် ပြင်းထန်နေ၏။ ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ဒါက ငါ့ရဲ့ ဟင်းပွဲတွေလေ”

“ဒီလိုလား”

လျှိုဝမ်ရှစ်သည် တရုတ်ဟင်းလျာများကို လှမ်းယူကာ အမှတ်မထင် လှန်ကြည့်လိုက်၏။ ပြီးနောက် သူမသည် သေသေချာချာ ဖတ်ရှုမိတော့သည်။ အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ မိန်းကလေးသည် အံ့အားတသင့် ဖြင့်ပြောလိုက်၏။ “ဂိုဏ်းချုပ်၊ ဒီထဲမှာရှိတဲ့ ဟင်းပွဲတွေက ကျွန်မ တစ်ခါမှတောင် မကြားဖူးဘူး”

“ဒီဟင်းပွဲတွေက ရှေးတုန်းကတည်းက ဆင်းသက်လာခဲ့တာလေ၊ ဒါ သံမဏိအရိုးဂိုဏ်းရဲ့ ရတနာပဲ”

ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ “ဒီနေ့မှာ ငါမင်းကို လက်လွှဲပေးလိုက်မယ်”

ရှေးယခင်ထဲက ယခုထိ ရှိခဲ့သော ဂိုဏ်း၏ရတနာဖြစ်သည်မို့ လျှိုဝမ်ရှစ်သည် မျက်လုံးပြူးသွားသည်။ သူချက်ချင်း ဆိုသလိုပဲ တရုတ်ဟင်းလျာများစာအုပ်ကို ခပ်တင်းတင်း ပွေ့ပိုက်လိုက်၏။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။ “တပည့်က ဂိုဏ်းချုပ်ရဲ့ အမိန့်ကို လိုက်နာပြီး ကျိန်းသေပေါက် ဒီဟင်းပွဲတွေကို ချက်ပြုတ်ပါ့မယ်”

စနစ်မှ ပြောလိုက်၏။ “အရှက်မဲ့လိုက်တာ။ လက်ခံသူရဲ့ ပါးစပ်က ပေါက်ပန်းလေးဆယ်တွေ ပြောတတ်တာပဲ”

All Chapters