← Chapters

အခန်း (၅၀၁)

Vol. 34 Ch. 501

အခန်း (၅၀၁)

Vol. 34 Ch. 501

ဂိုဏ်းချုပ်ကျွင်းသည် တရုတ်ဟင်းလျာများ စာအုပ်အား ဂိုဏ်း၏ ရှေးတုန်းကတည်းက အမွေဆက်ခံဆင်းသက် လာခဲ့သော ရတနာစာအုပ်တစ်အုပ်ဖြစ်သည်ဟု အရှက်မဲ့စွာ ပြောဆိုလျက်ရှိ၏။ လျှိုဝမ်ရှစ်သည်ပင် ထိုအရာကို ယုံကြည်မိနေ၏။ ကောင်းကင်ဘုံမြို့ဆီသို့ သွားရာလမ်းမှာတော့ သူမသည် ဟင်းလျာစာအုပ်အား သေသေချာချာ လေ့လာနေသည်။ ဟင်းပွဲတစ်ခုချင်းစီတိုင်းသည် သူမအား အံ့အားသင့်စေ၏။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒီစာအုပ်နဲ့ဆိုရင် စားဖိုမှုးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ကျွန်မ ပိုပြီးတော့ ယုံကြည်ချက်ရှိတယ်”

တရုတ်ဟင်းလျာများစာအုပ်တွင် များပြားလှသော ဟင်းလျာများ ပါဝင်နေပြီး သူမတစ်ခါမှ မမြင်ဘူးခဲ့ချေ။ သူမ သည်သာ အပူနှင့် အမွှေးအကြိုင်များအား သေသေချာချာ ထိန်းချုပ်နိုင်မည်ဆိုပါက ပြိုင်ပွဲတွင် ကောင်းမွန်သည့် ရလဒ်ကို ရရှိမှာ သေချာ၏။

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ငါတို့ပထမနေရာကနေ နိုင်မှဖြစ်မယ်၊ သံမဏိအရိုးဂိုဏ်းရဲ့ အားအင်ကို ပြသရမယ်”

“ကောင်းပါပြီ” လျှိုဝမ်ရှစ်သည် ခေါင်းကို လေးကန်စွာဖြင့် ညိတ်လိုက်မိ၏။

“ဒါပေမဲ့”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒါတွေမလုပ်ခင်မှာ မင်းအနေနဲ့ ပိုပြီးလေ့ကျင့်ဖို့ လိုမယ်”

လျှိုဝမ်ရှစ်သည် ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်... ဘယ်ဟင်းကို စားချင်လဲ၊ ကျွန်မ စမ်းပြီးချက်ပေးမယ်”

“အင်း”

ကျွင်းချောင်ရှောင်းသည် ခဏတွေးကာပြောလိုက်၏။ “ဒါဆိုရင် ငါးချိုချဉ်ဟင်း စချက်ရအောင်”

ဤအရာသည် ရှန်တုံ၏ ဟင်းပွဲတစ်ခုဖြစ်သည်။ သူ၏ မွေးရပ်မြေမှ ဟင်းပွဲလည်း ဖြစ်တော့သည်။

…….

ဘုန်း

မြစ်ထဲမှာတော့ လှိုင်းတစ်ခုဖြစ်တည်လာပြီး မတူညီသည့် ငါးအမျိုးအစားများအားလုံးသည် ကမ်းစေနိုက်ပါအား သိမ်းဆည်းကာ ပြောလိုက်၏။

“တုတု၊ ဘာငါးတွေရလဲ ကြည့်လိုက်အုံး”

စနစ် “...”

ငါးများ ဖမ်းဆီးရန်အတွက် သေနတ်ကို အသုံးပြုသည်။ ထိုအရာမှာ အလွန်တရာ ထူးဆန်းလွန်းလှချေသည်။ မှော်စွမ်းအင်ဖြင့် အဆင့်မြင့်တင်ထားသော လက်နက်အား ဘာများမှတ်နေသနည်း။

လျှိုဝမ်ရှစ်သည် အပြေးသွားပြီး ကြီးမားသော ငါးကြီးတစ်ကောင်ကို ကောက်ကိုင်ကာ တောက်ပစွာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ဒီလို ငါးတွေတော်တော်များတာပဲ”

“ဒါတွေအကုန်လုံးကို ယူခဲ့”

“ကောင်းပါပြီ”

ငါးတွေရှိပြီဖြစ်သောကြောင့် လျှိုဝမ်ရှစ်သည် မီးဖိုစတင်ဖိုကာ အမွှေးအကြိုင်များကို စတင်ပြင်ဆင်တော့၏။

“ဂိုဏ်းချုပ်... သကြားဖြူမရှိဘူးလား”

“ဒါက”

ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “ပျားရည်ကို သုံးပါလား”

ပြီးသည့်နောက်မှာတော့ သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်လျက် အဝေးတစ်နေရာတွင် ရှိသော ပျားအုံ ဆီသို့ ကြည့်ရှုလိုက်တော့သည်။

ဒီ ဒီ ဒီ

ပျားများသည် အန္တရာယ်ချဉ်းကပ်လာသည်ကို အာရုံခံမိသောကြောင့် ပျံသန်းလာကြသည်။ သူတို့သည် ချက်ချင်း ဆိုသလို တိုက်ခိုက်လိုက်ကြသည်။ ကံဆိုးစွာဖြင့် ဂိုဏ်းချုပ်ကျွင်းသည် စိတ်ဝိညာဉ်ချပ်ဝတ်ကို ထုတ်ဖော် အသုံးပြုခဲ့သောကြောင့် ပျားများသည် နာကျင်အောင် မပြုလုပ်နိုင်ချေ။

စနစ်သည် အလုံးစုံ ပြိုလဲလျက်ရှိသည်။ စိတ်ဝိညာဉ်ချပ်ဝတ်ကို အသုံးပြု၍ ပျားရည်သွားဖွပ်လျက်ရှိနေသည်။ သောက်ကျိုးနည်းလှ ချေသည်တကား။

“ငါပျော်ရင် ပြီးတာပဲ၊ ငါ့ဘာသာငါ ဘာလုပ်လုပ်ပေါ့” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

လက်ခံသူသည် ငါးရရန်အတွက် AWM စနိုက်ပါကို ထုတ်အသုံးပြုလျက်ရှိပြီး ပျားဖွပ်ရန်အတွက် စိတ်ဝိညာဉ်ချပ်ဝတ်နည်းစနစ်ကို ထုတ်သုံးနေ၏။ ယခု လျှိုဝမ်ရှစ်၏ ဟင်းအိုးကို အသုံးပြုရန် အတွက် သပ်ရပ်မီးကိုပင် ထပ်မံ အသုံးပြုခဲ့သေး၏။

ကျင့်ကြံခြင်းလောကမှ မှော်နည်းစနစ်များ၏ ဂုဏ်သိက္ခာတရား သည် ဘယ်ရောက်သွားသနည်း။

.......

ဝှစ်

သပ်ရပ်မီးများ၏ အကူအညီကြောင့် မီးဖိုသည် ချက်ချင်းဆိုသလိုပဲ ထွန်းတောက်လာ၏။ လျှိုဝမ်ရှစ်သည် ရင်ကာ အား ကောက်ဝတ်လိုက်ပြီး ဟင်းလျာသတ်မှတ်ထားသော ပစ္စည်းများအတိုင်း သေသေချာချာအာရုံစိုက်၍ ချက်ပြုတ်တော့သည်။ ဤမိန်းကလေးသည် လေးလေးနက်နက်ပြုလုပ်ချိန်မှာတော့ အလွန်တရာ ချစ်ဖို့ကောင်း လျက်ရှိနေသည်။

အချိန်ခဏလောက် ကြာပြီးသည့်နောက်မှာတော့ ရွှေရောင်သန်းလျက်ရှိသော ငါးချိုချဉ်သည် အဆင်သင့် ဖြစ်လို့ နေသည်။

ကျွင်းချောင်ရှောင်းသည် အနည်းငယ်ကိုက်ကြည့်ပြီးသည့်နောက် သေသေချာချာ အရသာခံကြည့်လိုက်၏။

“ဘယ်လိုလဲ” လျှိုဝမ်ရှစ်သည် မျက်လုံးတွေကို ပေကလပ် ပေကလပ်လုပ်ကာ အားတက်သရော ပြန်မေးလိုက်၏။

ကျွင်းချောင်ရှောင်းက ချီးကျူးလိုက်မိသည်။ “အပြင်ဘက်မှာကြွပ်ပြီးတော့ အထဲမှာ နူးညံ့နေတယ်၊ ပြီးတော့ ချိုချိုချဉ်ချဉ်လေး၊ မွှေးပျံ့တယ်၊ အရသာလည်း ရှိတယ်၊ မဆိုးဘူး”

သူအရင်က စားခဲ့ဖူးသော ငါးချိုချဉ်နှင့် ကွဲပြားခြားနားသည်ဆိုသော်လည်း ကွာခြားချက်ဆိုသည်မှာ သူ၏ မွေးရပ်မြေဆီမှ အရသာတစ်ခုသာဖြစ်သည်။ ထိုအရာမှာလည်း သာမန်သာဖြစ်သည်။ လူတစ်ယောက်အနေနှင့် တခြားကမ္ဘာသို့ ရောက်ရှိပြီးသည်ဆိုမှတော့ အိမ်ကို လွမ်းသည့်စိတ်နှင့် ဟင်း၏ လိုအပ်ချက်များကို ခံစားနိုင်နေသည် မဟုတ်လား။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်က ပြောလိုက်၏။ “စားဖိုမှုးပြိုင်ပွဲရောက်ရင် ဒီဟင်းပွဲကို အသုံးပြုပြီးတော့ ပြိုင်ရမယ်”

“ကောင်းတာပေါ့”

ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည်။ “မင်းက ဗိုလ်ဆွဲဖို့အတွက် ကျိန်းသေသွားပြီ”

လျှိုဝမ်ရှစ်ပြောလိုက်သည်။ “စားဖိုမှုးပြိုင်ပွဲဆိုတာ ဂိုဏ်းပြိုင်ပွဲနဲ့ အတူတူပဲ၊ အဆင့်တွေအများကြီး ပြိုင်ဆိုင်ရတာလေ၊ ဟင်းပွဲတစ်ခုတည်း နဲ့တော့ မလုံလောက်ဘူး”

“ဒါဆိုလည်း ဟင်းလျာစာအုပ်ထဲမှာရှိတဲ့ ဟင်းပွဲအများကြီးကို ရွေးကြတာပေါ့”

“ကောင်းပါပြီ”

ကျွင်းချောင်ရှောင်းနှင့် လျှိုဝမ်ရှစ်တို့သည် ကောင်းကင်ဘုံမြို့သို့ ဆက်ကာ သွားလိုက်ကြသည်။ သူတို့သည် အဓိက လမ်းမကြီးမှ မသွားဘဲ သေးငယ်သော လမ်းလေးများမှာ သွားသောကြောင့် ရှုခင်းများကို မကြည့်ရှုရဘူး ဆိုသော်လည်း အမြန်နှုန်းမှာ ပို၍ မြန်ဆန်လာခဲ့သည်။ ဆယ်ရက်ခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ သူတို့ နှစ်ယောက်သည် ကောင်းကင်ဘုံမြို့၏ နယ်နိမိတ်ထဲသို့ ဝင်ရောက်လာကြသည်။

အရှေ့တောင်ရန်ကျူး၏ မြို့ကြီးပီသစွာဖြင့် လမ်းမကြီးများမှာ အလွန်တရာ ကျယ်ဝန်းလှပြီး များပြားလှသော ရထားလုံးများသည်လည်း ဘေးခြင်းကပ် သွားရန် အခက်အခဲမရှိကြချေ။ လမ်းပေါ်တွင် လျှောက်သွားနေကြသော လူများအားလုံးသည် အဆင့်မြင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ကြ၏။

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “သိုင်းစစ်သူကြီးတွေက နေရာအနှံ့မှာပဲ၊ သိုင်းဆရာတွေဆို လမ်းဘေးခွေးတွေလို များပြားနေတာပဲ”

စနစ်က ပြောလိုက်၏။ “မြို့ငယ်လေးတွေမှာ ဘာမှမဟုတ်ပေမဲ့ မြို့ကြီးတွေဆီရောက်တဲ့အချိန်မှာတော့ ဒါက သာမန်ပါပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အရှေ့တောင်ရန်ကျူးက ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ သာမန်ပဲလေ၊ ဒီထက်ပိုပြီး အားကောင်းတဲ့ ကုန်းမြေ တွေကို သွားမယ်ဆိုရင် သိုင်းဘုရင်တွေတောင်မှာ လမ်းဘေးခွေးလို အများအပြား တွေ့နိုင်လောက်တယ်”

“လက်ခံသူက အခု ခွေးဖြစ်ချင်ပြီ ဆိုပါတော့။ ပြောချင်ရာပြော” စနစ်က ပြောလိုက်သည်။

“တော်စမ်း”

ကတောက် ကတောက် ကတောက် ကတောက်

သူတို့၏ နောက်ဘက်ရှိ အဓိက လမ်းမကြီးမှာတော့ ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသော များပြားလှသော သိုင်းကျင့်ကြံသူများအားလုံးသည် မြင်းများကို စီးနင်းကာ အသော့နှင်လာကြ၏။ ၎င်းတို့၏ မြင်းများမှာ ရှည်လျား ကြပြီး တစ်ကိုယ်လုံး နီရဲလျက်ရှိသည်။ ခြေထောက်များ၏ အောက်ခြေမှာတော့ မီးတောက်များပင် ထွန်းတောက် လျက်ရှိနေ၏။ အလွန်တရာ ဆန်းကြယ်လှသည်။

“မီးတောက်နီ စစ်သားတွေပဲ”

တစ်စုံတစ်ယော်က ထအော်လိုက်သည်။ လမ်းပေါ်တွင် လျှောက်လှမ်းလျက်ရှိသော လူများအားလုံး၏ အမူအရာ သည် ပြောင်းလဲသွားကြ၏။ သူတို့သည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တကြားဖြင့် လမ်းဖယ်ပေးလိုက်ကြ၏။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်သည် အသံပို့လွှတ်လိုက်၏။ “ဒီလူတွေက ကောင်းကင်ဘုံမြို့ရဲ့ အင်ပါယာ အစောင့်အရှောက်တွေပဲ၊ လမ်းဖယ်ပေးလိုက်ရအောင်”

“အင်း”

ကျွင်းချောင်ရှောင်း ပြန်လည်တုံ့ပြန်လိုက်သည်။ သူသည် ခန္ဓာကိုယ်ကို ယိမ်း၍ ဘေးတစ်ဖက်ဆီသို့ ရှောင်ရှား လိုက်ချင်းချင်းမှာပဲ မြင်းအားစီးနင်းထားကြသော စစ်သည်တစ်ဒါဇင်ကျော်တို့သည် သူ့အား ကျော်ဖြတ်သွားတော့ သည်။

ဂိုဏ်းချုပ်ကျွင်းသည် အသာလှည့်ကြည့်လိုက်ချိန်မှာတော့ ထိုအဖွဲ့၏ ခေါင်းဆောင်သည်လည်း သူ့အား လှည့်ကြည့်လာ၏။

ရည်ရွယ်ချက် ရှိသည်ဖြစ်သလား၊ ရည်ရွယ်ချက် မရှိသည်လား မသိပေ။ ထိုသူသည် ခေါင်းကိုလှည့်ကာဖြင့် ကြည့်လိုက်ချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်းနှင့် အကြည့်ခြင်း ဆုံသွားတော့သည်။ ထိုသူသည် အမျိုးသမီးတစ်ယောက် ဖြစ်လို့နေ၏။ အနီရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူမ၏ အမဲရောင်ဆံနွယ်များသည် လေထဲတွင်လွင့်လျက်ရှိ၏။ သူမကို ကြည့်ရသည်မှာ အလွန်တရာ လှပနေသည်။

သူတို့နှစ်ယောက် အချိန်တခဏတာလောက် မျက်လုံးခြင်း ဆုံသွားပြီးသည့်နောက်မှာတော့ ချက်ချင်းဆိုသလို အကြည့်ချင်း လွှဲဖယ်လိုက်ကြသည်။ ဤအရာသည် ရုပ်ရှင်စီးရီးများထဲမှာ ဆိုလျှင် အနှေးပြကွက်နှင့် ပြသရမည့် အချိန်မျိုးဖြစ်ပေ၏။

“မြင်းစီးသွားတဲ့လူက မင်းသမီးလေး ကြာပန်းနီ မဟုတ်ဘူးလား၊ မင်းသမီးလေး ကြာပန်းနီက ကောင်းကင်ဘုံ ကျောင်းမှာ လေ့ကျင့်နေတာ မဟုတ်ဘူးလား၊ ဘာလို့ မြို့ပြင်ဘက်မှာ ပေါ်လာရတာလဲ”

လမ်းပေါ်ရှိ ဖြတ်သွားဖြတ်လာ လူများအားလုံးသည် ရုတ်တရက်ဆိုသလို စကားပြောဆိုလိုက်ကြ၏။ သူတို့၏ မျက်လုံးထဲမှာတော့ အလွန်တရာ ချီးကျူးသော အရိပ်အယောင်များ ရှိနေသည်။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်သည် စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်၏။ “ခုနက ဖြတ်သွားတဲ့ တစ်ယောက်က မင်းသမီးလေး ကြာပန်းနီတဲ့”

“သူမက အားကောင်းလို့လား” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

“မင်းသမီးလေး ကြာပန်းနီက ကောင်းကင်ဘုံ မြို့တော်ဝန်ရဲ့ သမီးလေ၊ သူမက မီးစိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးတော့ အရှေ့တောင်ရန်ကျူးရဲ့ ထိပ်တန်းပါရမီရှင်တွေထဲက တစ်ယောက်၊ ကြယ်ကြွေကုန်းမြေတိုက်ကြီး ထဲမှာဆိုရင် ထိပ်တန်းပါရမီရှင်လို့ သတ်မှတ်နိုင်တယ်” လျှိုဝမ်ရှစ်သည် ချီးကျူးသလို ပြောလိုက်၏။

“မီးစိတ်ဝိညာဉ်ခန္ဓာကိုယ် ဟုတ်လား”

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲက သပ်ရပ်မီးသည် အနည်းငယ်လှုပ်ရှားသွားသည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။

လျှိုဝမ်ရှစ် ပြောလိုက်သည်။ “ပြီးတော့ မင်းသမီးလေးကြာပန်းနီက အရမ်းလှတယ်လေ၊ ပြိုင်ဘက်ကင်းမိန်းမလှစာရင်းမှာဆိုရင် အဆင့်နှစ် တောင်ချိတ်တယ်”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ သူရဲကောင်းစာရင်းတွင်သာမဟုတ်၊ ပြိုင်ဘက်ကင်း မိန်းမလှစာရင်း ဟုပင် တည်ရှိနေသေးသည်။ မည်သူက အားယားနေ၍ ထိုသို့သောစာရင်းများကို ပြုလုပ်နေသနည်း၊ သူသာဆိုလျှင် ချောမောလှသည့် ဂိုဏ်းချုပ်များစာရင်းတွင် နံပါတ်တစ် ချိတ်မှာ သေချာ၏။

“………” စနစ်သည် ဆွံ့အသွားမိ၏။

“ဒါပေမဲ့”

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒီအမျိုးသမီးက တော်တော်လှတယ်၊ သံမဏိအရိုးဂိုဏ်းကို ဝင်မယ်ဆိုရင် ကောင်းမှာပဲ”

မင်းသမီးလေး ကြာပန်းနီသည် မျှတသည်၊ ချမ်းသာသည်။ ထို့အပြင် နောက်ခံကောင်းမွန်သည်။ လှပသော အမျိုးသမီးတစ်ယောက်လည်း ဖြစ်သလို ကောင်းမွန်သည့် အနာဂတ်အလားအလာကိုလည်း ပိုင်ဆိုင်သူဖြစ်သည်။ သာမန် ယောက်ျားများ အားလုံးသည် သူမနှင့် လက်ထပ်ခွင့်ရရန်သာ စဉ်းစားကြ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း မှာတော့ သူမအား ဂိုဏ်းသားဖြစ်စေချင်မိသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “မင်းတို့ရဲ့ အကြီးဆုံးစီနီယာ အစ်မကြီးရဲ့ အလားအလာက ဒီမိန်းကလေးက ဘာမှမကွာဘူး၊ မင်းဘာလို့ သူ့ကို ဒီလောက်အထိ ချီးကျူးနေရတာလဲ”

ဟမ်

လျှိုဝမ်ရှစ် ကြောင်သွား၏။ ပြီးနောက် သူမ၏ ခေါင်းသေးသေးလေးအား အသာပွတ်ကာ ပြောလိုက်၏။ “ဟုတ်တယ်၊ စီနီယာအစ်မကြီးက အရမ်းအားကောင်းတယ်လေ၊ ဘာလို့ ကျွန်မ မတွေးမိရတာလဲ”

“...” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ ကြည့်ရသည်မှာ ဤမိန်းကလေးသည် အပြင်ဘက်မှ လူများ ထူးချွန်ကြောင်းကိုသာ စဉ်းစားနေပြီး ဂိုဏ်းထဲတွင်ရှိသော သူတို့၏ စီနီယာအစ်မကြီးအား လျစ်လျှူရှု ထားပုံ ပေါ်သည်။

........

ကောင်းကင်ဘုံမြို့မှာတော့ အလွန်တရာ ကြီးမားပြီး ခမ်းနားထည်ဝါလွန်းလှ၏။ ကျွင်းချောင်ရှောင်း မြို့၏ ဂိတ်တံခါးဆီသို့ ရောက်ရှိလာချိန်မှာတော့ မြို့၏ နံရံကြီးသည် အလွန်တရာမြင့်မားလှသည်ကို မြင်လိုက်ရ၏။ သူ ပါးစပ်အဟောင်းသား ဖြစ်မိနေ၏။ တောသားမြို့ရောက်သကဲ့သို့ပင်။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်က တီးတိုးပြောလိုက်၏။ “အားလုံးက ဂိုဏ်းချုပ်ကို ကြည့်နေတယ်။ ရောက်ဖူးသလိုနေလေ”

အမ်

ကျွင်းချောင်ရှောင်းသည် သူ၏ ကြောင်အအ အမူအရာကို အသာပြန်ရုတ်ပြီး ခန္ဓာကိုယ်ကို ခပ်မတ်မတ်ထားကာ ဤနေရာသို့ ရောက်လေ့ရောက်ထရှိသော လူတစ်ယောက်အမူအရာ ဟန်ပန်မျိုး ပြုလုပ်လိုက်တော့၏။

“သွားကြစို့၊ အထဲကိုဝင်မယ်”

အား အား

ထိုအချိန်မှာပဲ လျှိုဝမ်ရှစ်သည် ထအော်လိုက်၏။ “ဂိုဏ်းချုပ် ဟိုမှာကြည့် … မင်းသမီးလေး ကြာပန်းနီပဲ”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒီကောင်မလေးက ကြာပန်းနီဆိုတဲ့ မိန်းကလေးရဲ့ပရိသတ်ဖြစ်ရမယ်”

All Chapters