အခန်း (၅၀၅)
Vol. 34 Ch. 505
ဂိုဏ်းချုပ်ကျွင်းသည် တိုက်ရိုက်ဆိုသလိုပဲ အလွန်တရာ အားကောင်းလှသော ဓားအရှိန်အဝါများနှင့် အိုးရန်မိသားစု၏ သိုင်းဘုရင်အား ဖိနှိပ်ကာ ရှေ့တည့်တည့်ဆီသို့လျှောက်သွားခဲ့သည်။
ဖြောင်း
ပါးရိုက်သံကြီးသည် ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်...။
အားလုံးသော သူများသည် မျက်လုံး ပြူးသွားမိကြသည်။ အိုးရန်မိသားစုမှ သိုင်းဘုရင်သည် အဘယ့်ကြောင့် မရှောင်ရှားရသနည်း။ လူငယ်၏ ပါးရိုက်ခြင်းကို အဘယ့်ကြောင့် ခံနေရသနည်း။
ဓားအရှိန်အဟုန်များသည် သူ့အား ဖိနှပ်ထားခြင်းမှာ သိုင်းအုပ်စိုးသူတစ်ယောက်၏ ချီနယ်မြေနှင့်ပင် ဆင်တူလျက်ရှိသည်။
"မင်း"
ဆံပင်ဖြူနှင့် အဘိုးအို၏ ဘယ်ဘက်ပါးကြီးတစ်ခုလုံးသည် ရောင်ကိုင်းလာတော့သည်။ သို့ပေမဲ့ သူ၏ နှလုံးသားထဲမှာ ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွား၏။
ဖြောင်း။
ဂိုဏ်းချုပ်ကျွင်းသည် သူ့အား ထပ်မံကာ ပြောလိုက်သည်။ "တိုက်ရိုက်တပည့်တွေက ကျုပ်တပည့်ကို အနိုင်ကျင့်နေတယ်။ဒီတော့ အိုးရန်မိသားစုက တပည့်တွေကို ဆိုဆုံးမမှု မရှိတဲ့ အဓိပ္ပာယ်ပဲ။"
အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြသည်။
သိုင်းဘုရင်တစ်ယောက်သည် လူဘုံအလယ်တွင် ပါးရိုက်ခြင်းခံနေရ၏။ ဤအရာသည် မည်သူမှ မထင်မှတ်ထားသည့် ကိစ္စပင် ဖြစ်တော့၏။
ဤအရာသည် ပါးရိုက်ခြင်းသပ်သပ်ပင် မဟုတ်ပေ။ အိုးရန်မိသားစု၏ ဂုဏ်သိက္ခာတစ်ခုလုံးကို ချနင်းနေခြင်းပင် ဖြစ်တော့သည်။
ဝှစ် ဝှစ်။
ချက်ချင်းဆိုသလိုပဲ တစ်ခြားသော သိုင်းဘုရင်တစ်ယောက်သည် ထွက်ပေါ်လာသည်။ ပြီးနောက် ရှေ့သို့ လှမ်းတက်လာ၏။
သူ၏ အော်ရာများသည် လေထုထဲတွင် ပြည့်နက်လာသည်။
ဘုန်း
ကျွင်းချောင်ရှောင်းသည် တစ်ဖက်သို့ လှည့်ပြီးသည့်နောက်မှာတော့ တိုက်ရိုက်ဆိုသလိုပဲ အိုးရန်မိသားစု၏ အားအကောင်းဆုံး ကျင့်ကြံသူ၏ လက်သီးချက်နှင့် ထိတ်တိုက်ရင်ဆိုင်လိုက်တော့သည်။
စွမ်းအင်လှိုင်းများသည် ပေါက်ကွဲထွက်သွားပြီးနောက်မှာတော့ လေပြင်းများပင် တိုက်ခတ်သွား၏။
အနီးအနားတွင် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ အားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အနောက်ဘက်သို့ ဆုတ်ခွာလိုက်ကြသည်။
အိုးရန်မိသားစု၏ သိုင်းဘုရင် သည် အနောက်ဘက်သို့ လွင့်စင်သွား၏။ အဆုံးသတ်မှာတော့ သူသည် မြေပြင်ပေါ်သို့ ဖင်ထိုင်လဲကျသွားသည်။ သူ၏ မျက်လုံးထဲတွင်တော့ မယုံကြည်နိုင်ဟန်များဖြင့် ပြည့်နက်သွားတော့သည်။။
ဤကောင်လေး၏ အားအင်အဆင့်သည် အားကောင်းလွန်းလှ၏။ ကျိန်းသေပေါက် သိုင်းဘုရင်အထက်အဆင့်သာ ဖြစ်ပေလိမ့်မည်။
ဝှစ် ဝှစ်။
ထိုအချိန်မှာတော့ တစ်ခြားသော လူနှစ်ယောက်သည် ထပ်မံ ရောက်ရှိလာခဲ့သည်။
ထိုသူတို့ ထုတ်ဖော်လိုက်သော အော်ရာများကို ကြည့်မည်ဆိုလျှင် သိုင်းဘုရင်များပင် ဖြစ်ပေလိမ့်မည်။
"ရွှေနှင့် ငွေ အစောင့်အရှောက်" ကျင့်ကြံသူများသည် ထအော်လိုက်မိကြ၏။
ကုန်ခြောက်ဆိုင်၏ အပြင်ဘက်ဆီသို့ ရောက်ရှိလာကြသော ကျင့်ကြံသူနှစ်ယောက်တို့သည် အသက်လေးဆယ်နှင့် ငါးဆယ်နီးပါးခန့် ရှိကြပြီး ၎င်းတို့၏ မျက်လုံးများသည် အလွန်တရာ တောက်ပလွန်းလှသည်။ တိုက်ပွဲပေါင်း ရာနှင့်ချီ၍ တိုက်ခိုက်ခဲ့ကြသော စစ်သူကြီးများကဲ့သို့ပင်။
၎င်းတို့သည် ကောင်းကင်ဘုံမြို့၏ အစောင့်အရှောက်ပင်ဖြစ်ပြီး မြို့၏ လုံခြုံရေးနှင့် ပတ်သက်၍ အလုံးစုံ တာဝန်ယူထားကြသူများဖြစ်သည်။
"ဘာတွေ ဖြစ်နေတာလဲ" အစောင့်အရှောက်ကျင်းက မေးလိုက်၏။
လှည့်ကင်းမှူးသည် ကျွင်းချောင်ရှောင်းဆီသို့ လှည့်ညိုးထိုးပြကာ ပြောလိုက်သည်။ "အစောင့်အရှောက်… ဒီလူက အိုးရန်မိသားစုရဲ့ တိုက်ရိုက်တပည့်ကို မြို့ထဲမှာ တိုက်ခိုက်ခဲ့တဲ့ အပြင် ကျွန်တော့်ကိုပါ ဒဏ်ရာ ရအောင် လုပ်ခဲ့သေးတယ်"
ဪ။
အစောင့်အရှောက်ကျင်းက အံဩသွား၏။ "ဒါက ရှားပါးလှတဲ့ ကိစ္စပဲ"
တော်ဝင်မြို့ထဲတွင် ပြသနာရှာတဲ့ လူမရှိဆိုတာတော့ မဟုတ်ပေ။ ရံဖန်ရံခါ ဆိုသလိုပဲ ပေါ်ထွက်လာတတ်သည်။
သို့ပေမဲ့ အိုးရန်မိသားစု၏ တိုက်ရိုက်တပည့်ကို ရိုက်နှက်သည့်အပြင် လှည့်ကင်းမှူးကို ပါ တိုက်ခိုက်ရဲသည်ဆိုသည်မှာတော့ အလွန်တရာ ရဲရင့်ပြီး အဆင်အခြင်မဲ့လှသော လူတစ်ယောက်၏ လုပ်ရပ်မျိုးပင် ဖြစ်တော့၏။
"ကောင်လေး"
ငွေရောင်အစောင့်အရှောက်သည် ထူးဆန်းသလို ရယ်ပြီး ပြောလိုက်၏။ "မင်းက တကယ်ကို သတ္တိရှိတာပဲ"
အစောင့်အရှောက် ကျင်းက ပြောလိုက်သည်။ "တော်ဝင်မြို့ထဲမှာ ခွင့်ပြုချက်မရှိရင် မတိုက်ရဘူဆိုတဲ့ ရှင်းလင်းတဲ့ စည်းမျဉ်းတစ်ခုရှိတယ်။မင်းက တစ်စုံတစ်ယောက်ကို တိုက်ခိုက်ခဲ့တဲ့အပြင် လှည့်ကင်းမှူးကိုလည်း ဒဏ်ရာ ရရှိအောင် လုပ်ခဲ့သေးတယ်။ဒါက တကယ့်ကို ရာဇဝတ်မှုပဲ"
"ဥပဒေတွေ စည်းမျဉ်းစဉ်းကမ်းတွေကို ကျုပ် ဂရုမစိုက်ဘူး"
ကျွင်းချောင်ရှောင်းသည် အိုးရန်မိသားစု၏ အကြီးအကဲပါးအား တစ်ချက် လှမ်းရိုက်လိုက်ပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။ "ကျုပ်ရဲ့ တပည့်ကို အနိုင်ကျင့်တယ်ဆိုရင် ကောင်းကင်ဘုံ အင်ပါယာမကဘူး နတ်ဘုံအင်ပါယာဆိုရင်တောင် ထိုက်တန်တဲ့ ပေးဆပ်မှုမျိုးကို ပေးဆပ်ရလိမ့်မယ်။"
များပြားလှသည့် သိုင်းဘုရင်များကို ရင်ဆိုင်ရချိန်မှာတော့ သူသည် မောက်မာလျက်ပင် ရှိနေသေး၏။ ဂိုဏ်းချုပ်ကျွင်းသည် အံ့အားသင့်စရာ ကောင်းနေသည်။
အစောင့်အရှောက်ကျင်း၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွား၏။
ငွေရောင် အစောင့်အရှောက်က ပြောလိုက်၏။ "ဒီအဘိုးကြီးက မောက်မာလိုက်တဲ့ လူငယ်မျိုးကို မမြင်ရတာကြာပြီ။"
"အစောင့်အရှောက်တို့"
အိုးရန်မိသားစု၏ တစ်ခြားသော သိုင်းဘုရင်သည် အံကြိတ်ကာ ပြောလိုက်သည်။ "ဒီကောင်လေးက မြို့ထဲမှာ အဆင်အခြင်မဲ့ လျှောက်လုပ်နေတာလေ။ကျေးဇူးပြုပြီး ကျုပ်တို့ အိုးရန်မိသားစုအတွက် တရားမျှတမှုကို ရှာဖွေပေးပါ"
ဤလူငယ်လေးသည် အလွန်တရာ အားကောင်းလှ၏။ သူ့အနေနှင့် ယှဉ်ပြိုင်၍ မရနိုင်သည်ကို သိရှိပြီး ဖြစ်၏။ ထို့ကြောင့် အစောင့်အရှောက်တိုကို့ အားကိုးရန်သာ ရှိတော့သည်။
ထို့အပြင် အစောင့်အရှောက်သည် တစ်ယောက်မှာ သိုင်းဘုရင် အဆင့်ကိုး ဖြစ်ပြီး တစ်ယောက်မှာ သိုင်းဘုရင် အဆင့်ရှစ်တစ်ယောက်ဖြစ်၏။
"ကောင်လေး"
အစောင့်အရှောက်ကျင်း သည် သွားဖြီးကာ ပြောလိုက်သည်။ "ဒီလူကြီးက မင်းနဲ့ တစ်ပွဲလောက်ချကြရအောင်"
ဝှစ်။
သူ ပြောပြီးပြီးချင်းမှာပဲ သိုင်းဘုရင်တစ်ယောက်၏ အဆင့်ရှစ် အော်ရာများသည် အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့၏။
ချက်ချင်းဆိုသလိုပဲ စိတ်ဝိညာဉ်အော်ရာများသည် လေထုထဲတွင် ဖြစ်တည်လာပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ကျွင်းချောင်ရှောင်းသည် နှာခေါင်းကို ရှုံ့လိုက်၏။
သူ၏ ဓားအော်ရာများသည် ချက်ချင်းဆိုသလိုပဲ ရှေ့သို့ ထွက်ပေါ်လာပြီး တစ်ဖက်လူ၏ အော်ရာများကို ထပ်တိုက်ရင်ဆိုင်ရန် ပြင်လိုက်၏။
ဘုန်း။
ငွေရောင် အစောင့်အရှောက်သည် နောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "အားကောင်းလိုက်တဲ့ ဓားစိတ်ဆန္ဒပါလား။မင်း … မင်းက ဓားဘုရင်လား"
"ဘာ"
အားလုံး မျက်လုံးပြူးသွားကြသည်။
သိုင်းဘုရင်များသည် တော်ဝင်မြို့ထဲတွင် တော်တော်များများ တည်ရှိကြ၏။ သို့ပေမဲ့ ဓားဘုရင်ဆိုသည်မှာတော့ အလွန်တရာ ရှားပါးလှ၏။
လက်ရှိအခြေအနေမှာတော့ အဘယ့်ကြောင့် ဤကောင်လေးသည် မောက်မာ၍ တော်ဝင်မြို့ထဲတွင် တိုက်ခိုက်ရဲပြီး လှည့်ကင်းမှူးကိုပါ ကန်ကြောက်၍ ဒဏ်ရာရရှိအောင် ပြုလုပ်ရဲကြောင်းကို နားလည်သွားကြသည်။
ဓားကျင့်ကြံသူများသည် အမှန်တကယ်ပင် အံ့အားသင့်စရာ ကျင့်ကြံသူများဖြစ်ကြပြီး ထိုကဲ့သို့သော လူများသည် မြင့်မားလှသည့် ဂုဏ်ကျက်သရေကို ပိုင်ဆိုင်၏။
အရင်တုန်းကဆိုလျှင် ဓားဘုရင်တစ်ယောက်သည် ကောင်းကင်ဘုံမြို့ထဲသို့ ဝင်လာပြီဆိုပါက မြို့တော်ဝန်ပင်လျှင် ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုကာ အထူးဧည့်သည်အဖြစ် ဆက်ဆံရသည်။
အစောင့်အရှောက်ကျင်းသည် သတိအပြည့်ဖြင့် ပြောလိုက်သည်။ "မင်းရဲ့ နာမည်ကို သိနိုင်မလား"
ဓားဘုရင်များသည် ကျိန်းသေပေါက် သာမန်လူများ မဟုတ်ကြပေ။
"သံမဏိအရိုးဂိုဏ်း ကျွင်းချောင်ရှောင်း"
ကျွင်းချောင်ရှောင်းသည် သူ၏ နာမည်ကို ပြောဆိုရုံမကဘဲ သူ၏ ဂိုဏ်းအားလည်း ပြောချလိုက်သည်။
အဘယ့်ကြောင့်ဆိုသော် ဓားအရှိန်အဟုန်များကို ထုတ်လွှတ်လိုက်ပြီးနောက်မှာတော့ သူသည် အလွန်တရာ ထက်ရှလှသော အော်ရာများနှင့်အတူ ဂိုဏ်း၏ နာမည်အား ထုတ်ဖော်ပြောဆိုချင်စိတ် ပင်ပေါ်နေသည်။
"သံမဏိအရိုးဂိုဏ်းဟုတ်လား"
"ကျွင်းချောင်ရှောင်း ဟုတ်လား"
အစောင့်အရှောက်ကျင်း၏ အမူအရာသည် ထပ်ခါ ထပ်ခါ ပြောင်းလဲသွား၏။ ပြီးနောက် သူ ပြောလိုက်သည်။ "ဒါဆိုရင် မင်းက သံမဏိအရိုးဂိုဏ်းချုပ်ပေါ့"
"သံမဏိအရိုးဂိုဏ်းချုပ် ဟုတ်လား"
ပတ်ဝန်းကျင်တွင် ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် ရုတ်တရက်ဆိုသလိုပဲ ကျင့်ကြံခြင်း လောကတွင် နေလိုလလို ထွန်းထောက်လာခဲ့သော ဂိုဏ်းတစ်ခု အကြောင်းကို သတိရသွားမိ၏။ သူတို့၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများနှင့် ပြည့်နက်သွားရသည်။
"မဟုတ်ဘူး"
တစ်စုံတစ်ယောက်က ဇဝေဇဝါဖြင့် ပြောလိုက်၏။ "သံမဏိအရိုးဂိုဏ်းချုပ်ကို ကျုပ်မြင်ဖူးတယ်။ဒီပုံစံမျိုး မဟုတ်ဘူး"
"ဟုတ်တယ် ကျုပ်လည်း မနေ့ကလေးတင် တောင်ဖက်ခရိုင်မှာ မြင်ခဲ့သေးတယ်။သူက ပုံစံပြောင်းသွားတာလား"
များပြားလှသော ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် တီးတိုး ပြောဆိုနေကြ၏။
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ ဖြင့် ပြောလိုက်သည်။ "ကြည့်ရတာ ငါ့ထက်အရင် မြို့ထဲကို ဝင်သွားတဲ့ အယောင်ဆောင်သူပဲ ဖြစ်ရမယ်။"
ကောင်းပြီ ။ ကောင်းပြီ ။သူ မြို့ထဲမှာ ရှိပြီဆိုမှတော့ သေသည်အထိ နှိပ်စက်ရန် စဉ်းစားလိုက်မိ၏။
စနစ်က ပြောလိုက်သည်။ "လက်ခံသူအနေနဲ့ အခုအခြေအနေကနေ ဘယ်လိုမျိုး ထွက်အောင် လုပ်ရမလဲဆိုတာ စဉ်းစားသင့်တယ်"
"ဒါက ရိုးရှင်းတယ်လေ။ကိစ္စကြီးတစ်ခုခု ထပ်လုပ်ရတာပေါ့"
"ကိစ္စကြီးတစ်ခုခု လုပ်မယ်ဟုတ်လား"
ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် ဓားဆန္ဒများဖြင့် ချုပ်နှောင်ခြင်းခံနေရသော အိုးရန်မိသားစုမှ သိုင်းဘုရင် အား လက်သီးနှင့် ထိုးချလိုက်တော့သည်။
ပြီးနောက် အေးစက်စက် ပြောလိုက်၏။ "ဒီနေ့မှာ ကျုပ်က အိုးရန်မိသားစုက အဘိုးကြီးကို ရင်ဆိုင်ပြီးတော့ ကျုပ်တပည့်အတွက် တရားမျှတမှုကို ရှာဖွေရမယ်။ကျုပ်ကို တားဆီးဖို့ ကြိုးစားတဲ့ လူတွေအားလုံးကလည်း သူ့လိုမျိုး အဆုံးသတ်သွားရမယ်"
အစောင့်အရှောက်ကျင်း၏ မျက်နှာသည် ပျက်ရွင်းသွားသည်။ သူ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း မလိုအပ်ဘဲနဲ့ တရားလွန်တွေ မလုပ်ပါနဲ့"
သူ့အနေနှင့် အိုးရန်မိသားစုကို ကာကွယ်ပေးချင်သည်တော့ မဟုတ်ချေ။ သို့ပေမဲ့ သူ၏ တာဝန်သည် မြို့ကို ကာကွယ်ရန်နှင့် ဥပဒေကို စောင့်ရှောက်ရန်ပင် ဖြစ်သည်။
ဘန်း။
ကျွင်းချောင်ရှောင်းသည် အိုးရန်မိသားစု သိုင်းဘုရင်၏ ရင်ဘတ်ကို ထပ်မံထိုးလိုက်ပြီးတော့ အလွန်တရာ ကြမ်းတမ်းသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ကျုပ်က လွန်သွားတာလား"
အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
စောင့်ရှောက်သူ နှစ်ယောက်၏ ရှေ့တွင် အိုရန်မိသားစုအား ထပ်ခါထပ်ခါ ရိုက်နှက်နေပြီးနောက် လွန်သွားသလားဟု ပြန်လည်မေးမြန်းလျက်ရှိသည်။
စောင့်ရှောက်သူကျင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ "ကလန်တွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းရှိသလို နိုင်ငံတွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်ဥပဒေဆိုတာ ရှိတယ်။ဒီတော့ ဂိုဏ်းချုပ်ကျွင်း အနေနဲ့ ဓားဘုရင်တစ်ယောက်ဖြစ်တယ်ဆိုရင်တောင်မှ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပေးရပါလိမ့်မယ်"
သူသည် ရှေ့သို့ လှမ်းတက်ပြီး အလွန်တရာ ရှုပ်ထွေးလွန်းလှသော လက်သီးရိပ်များကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်တော့သည်။
သူ့အနေနှင့် ဆက်လက်၍ သည်းမခံနိုင်တော့ချေ။
ဤမောက်မာလှသော ဂျူနီယာလေးအား တော်ဝင်မြို့တော်၏ ဥပဒေသည် ဖောက်ဖျက်၍ မရနိုင်ကြောင်းကို ပြသရပေတော့မည်။
ဝှစ် ဝှစ်
သိုင်းဘုရင် အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်၏ အလွန်တရာ အားကောင်းလှသော လက်သီးနည်းစနစ်များသည် ထွက်ပေါ်လာပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်များသည်လည်း တစ်ခါတည်း ပါလာတော့သည်။
ကြည့်ရှုနေသူများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အနောက်သို့ ဆုတ်လိုက်မိကြ၏။
"ခင်ဗျားတို့ တော်ဝင်မြို့တော်မှာ စည်းမျဉ်းဥပဒေရှိတယ်ဆိုရင် ကျုပ်တို့ သံမဏိအရိုးဂိုဏ်းမှာလည်း ရှိတယ်။" ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်လိုက်ပြီးနောက် မြေကွဲလက်သီး နည်းစနစ်ကို ထုတ်ဖော်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပဲ သူ့အား ထိုးနှက်ရန် ကျဆင်းလာသော လက်သီးရိပ် လက်သီးရောင်များသည် ဖျက်ဆီး ခံလိုက်ရသည်။
သူသည် ဂုဏ်ယူစွာ ပြောလိုက်၏။ "သံမဏိအရိုးဂိုဏ်းကို ရန်ပြုတဲ့ လူတွေအကုန်လုံးက ထိုက်တန်တဲ့ ပေးဆပ်မှုတွေကို ပေးဆပ်ရလိမ့်မယ်"
ကာကွယ်စောင့်ရှောက်သူ ကျင်းသည် ထပ်မံ၍ တိုက်ခိုက်လိုက်တော့သည်။
ဂိုဏ်းချုပ်ကျွင်းသည် နည်းနည်းလေးမှ အားနည်းသည့်ပုံကို မပြသပေ။
အလွန်တရာ ကြမ်းရမ်းလှသော လက်သီးချက်များကို ထုတ်ဖော်၍၍ ပြန်လည်ထိုးနက်ဝောာ့သည်။
ချက်ချင်းဆိုသလိုပဲ ဈေးတည်နေရာတစ်ခုလုံးသည် ကြီးမားသည့် အရှိန်နှင့် စွမ်းအင်လှိုင်းများဖြစ်တည်လာတော့သည်။
……....
ကောင်းကင်ဘုံ ကျောင်း။
အဆောက်အဦ များ၏ အပေါ်ထပ်၌ မတ်တပ်ရပ်လျက်ရှိသော အဘိုးအိုသည် စိတ်ဝိညာဉ်လှိုင်းများ လှိုင်းထနေသည်ကို မြင်တော့ မျက်မှောင်ကုတ်မိသွား၏။ ပြီးနောက် သူ ပြောလိုက်သည်။ "ဘာကြောင့် ဒီကောင်လေးက အစောင့်အရှောက်ကျင်းနဲ့ တိုက်ခိုက်နေရတာလဲ။"
ကျွင်းချောင်ရှောင်းကို သွားရောက်ဖိတ်ခေါ်ခဲ့သော သတ်လတ်ပိုင်းလူငယ်က ပြောလိုက်၏။ "ကျောင်းအုပ်ကြီး ကျွန်တော် အရင်တုန်းက ပြောခဲ့သလို ဒီကောင်လေးက တကယ့် ပြသနာကောင်။ သူ့ကို ကောင်းကင်ဘုံကျောင်းမှာ စာသင်ကြားပြသပေးဖို့ ခေါ်ယူတယ်ဆိုတာ ကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘူးလို့ ထင်တယ်"
အဘိုးအိုက ပြောလိုက်၏။ "ပြဿနာက မသေးဘူး။မင်းသွားပြီးတော့ ညှိနှိုင်းပေးလိုက်အုံး"
"ကောင်းပါပြီ"
သက်လတ်ပိုင်းလူငယ်သည် လှည့်ကာ ထွက်ခွာသွားတော့သည်။
ဂိုဏ်းအသိအမှတ်ပြုဗဟို။
ရီထန်းချန်၏ နှုတ်ခမ်းထောင့်များသည် တုန်ရီသွားသည်။ "သူ ကောင်းကင်ဘုံမြို့ကို ရောက်တာမှ မကြာသေးဘူး အခု အစောင့်အရှောက်ကျင်းနဲ့ တိုက်ခိုက်နေပြီဟုတ်လား။ဘာတွေ ဖြစ်ကုန်တာလဲ"
အကြီးအကဲကျိုးသည် ဆွံ့အသွား၏။ "မြို့တော်ဝန်တောင် အလန့်တကြားဖြစ်သွားလောက်တယ်"
"အကြီးအကဲကျိုး"
ရီထန်းချန် ပြောလိုက်သည်။ "သွာပြီး ညှိနှိုင်းဆောင်ရွက်ပေးလိုက်အုံး။"
"ကောင်းပါပြီ" ကျွင်းချောင်ရှောင်းသည် ပြသနာရှာလွန်းနေ၏။
သို့ပေမဲ့ ဂိုဏ်းအသိအမှတ်ပြုဗဟို နှင့် ကောင်းကင်ဘုံကျောင်းမှ အကြီးအကဲများကတော့ လူများကို လွှတ်၍ သူ၏ အရှုပ်ထုတ်များကို ဖြေရှင်းပေးရန် စီစဉ်လျက်ရှိနေတော့သည်။