← Chapters

အခန်း (၅၀၇)

Vol. 34 Ch. 507

အခန်း (၅၀၇)

Vol. 34 Ch. 507

ဂိုဏ်းအသိအမှတ်ပြုဗဟို နှင့် ကောင်းကင်ဘုံကျောင်းမှ လူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခြင်းသည် ရန်ပွဲအား ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးကို ဆွံ့အသွားစေသည်။

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ၎င်းတို့သည် သံမဏိအရိုးဂိုဏ်းချုပ်အား လာရောက်ကူညီခြင်း ဖြစ်ကြောင်း ဉာဏ်ကောင်းသော ကျင့်ကြံသူများက နားလည်လိုက်မိ၏။ သူသည်မည်ကဲ့သို့သော ဂိုဏ်းခေါင်းဆောင်ဖြစ်သည်မို့ တစ်ပြိုင်နက်တည်း ကြီးမားလှသော အဖွဲ့ကြီးနှစ်ခု၏ ထောက်ပံ့မှုကို ရရှိနေသနည်း။

ဂိုဏ်းအသိအမှတ်ပြု ဗဟိုဆိုသည်မှာ ဂိုဏ်းများ၏ အသိအမှတ်ပြုမှုကို တာဝန်ယူရသော နေရာဖြစ်သည်။ အလွန်တရာ မြင့်မားလှသော ဂုဏ်ဒြပ်ကို ပိုင်ဆိုင်၏။

ကောင်းကင်ဘုံ ကျောင်းမှာ‌တော့ အလွန်တရာ အားကောင်းလွန်းလှသော ကျင့်ကြံသူများကို ပြုစုပျိုးထောင်ပြီး အရှေ့တောင်ရန်ကျုးတွင် ၎င်း၏ဂုဏ်းနှင့် တည်ရှိမှုသည် ပြောနေစရာပင် မလိုပေ။

ထိုကဲ့သို့သော အဖွဲအစည်းကြီးနှစ်ခုသည် ကျွင်းချောင်ရှောင်းအား ကူညီချင်သည်ဆိုပါက မြို့တော်ဝန် ပင်လျှင် သေချာစဉ်းစားရပေလိမ့်မည်။

"ဂုဏ်ပြုခံ ဧည့်သည် ဟုတ်လား"

မင်သမီးလေး ကြာပန်းနီသည် အံအားသင့်မိသွား၏။

ဂိုဏ်းချုပ်ကျွင်းသည် လက်နှစ်ဖက်ကို နောက်ပစ်၍ ခပ်မော့မော့ရပ်ထား၏။ သူ၏စိတ်ထဲမှာတော့ စိုးရိမ်လျက်ရှိနေသည်။

ခင်ဗျားတို့ရောက်တာ နည်းနည်းနောက်ကျရင် ကျုပ်က ထောင်ထဲကို ‌နောက်တစ်ခေါက် ထပ်ရောက်ရဦးမယ်။

ဂိုဏ်းအသိအမှတ်ပြုဗဟို နှင့် ကောင်းကင်ဘုံကျောင်းတို့သည် သူ့အား လာရောက် ကူညီလိမ့်မည်ဟု သူ မျှော်လင့်ထားပြီးသား ဖြစ်သည်။ ထို့အပြင် မနေ့ကလေးတင် သူ့အား နွေးထွေးစွာ လာရောက်ဖိတ်ခေါ်ခဲ့သေးသည် မဟုတ်လား။

ဤအရာတစ်ခုတည်း နှင့် ကျွင်းချောင်ရှောင်းသည် အိုးရန်မိသားစု၏ တိုက်ရိုက်တပည့်များနှင့် သိုင်းဘုရင်ကိုပါ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူသည် ထိုအဖွဲ့အစည်းကြီးနှစ်ခု၏ အာရုံစူးစိူက်မှုကို ဆွဲဆောင်သည့် အနေဖြင့် ကြီးမားသည့် ကိစ္စရပ်ကြီးကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ပြဿနာပေါ်နေပြီဖြစ်ကြောင်းကို အားလုံးကို ထုတ်ဖော်ပြသခဲ့သည်။

စနစ်က‌ပြောလိုက်သည်။ "လက်ခံသူ သူတို့အနေနဲ့ ဒီကိစ္စကို မသိဘဲနေသွားမှာကို မစိုးရိမ်ဘူးလား"

"သူတို့ မသိဘဲ မနေပါဘူး"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါ မြို့ထဲကို ဝင်လာချိန်တည်းက သူတို့သိပြီးသားလေ။ဒီ‌တော့ ငါ့ရဲ့ လှုပ်ရှားမှုတိုင်းကို သူတို့ ဂရုစိုက်ပြီးတော့ သေချာစောင့်ကြည့်နေမှာပဲ"

စနစ်မှ ဆွံ့အသွားသည်။

လက်ခံသူသည် တကယ်ပဲ စဉ်းစားတတ်လွန်း၏။

ဤမျှလောက်မစဉ်းစားဘဲနှင့် သေလမ်းရှာမည်ဆိုလျှင်ပဲ ကျိန်းသေပေါက် သေဆုံးသွားပေလိမ့်မည်။

အရာအားလုံးသည် ကျွင်းချောင်ရှောင်း၏ ထိန်းချုပ်မှု အောက်တွင် ရှိနေခဲ့၏။ သို့ပေမဲ့ သူ ထင်မှတ်ထားသလို မဟုတ်ဘဲ မင်းသမီးလေး ကြာပန်းနီက အရင်ဆုံး‌ ရောက်ရှိလာခဲ့သည်။

သူမရဲ့ အမူအကျင့်တွေနဲ့ သံမဏိအရိုးဂိုဏ်းထဲကို ဝင်မယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ဂိုဏ်းချုပ်ကျွင်းသည် ကြိတ်ကာ စဉ်းစားလိုက်မိ၏။

"ဒုကျောင်းအုပ်"

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းက အိုးရန်မိသားစုရဲ့ တိုက်ရိုက်တပည့်တွေကို ရိုက်နှက်ခဲ့တယ်။ဒီတော့ သူ့အနေနဲ့ ရှင်းလင်းချက်တွေ ပြုလုပ်ဖို့ လိုအပ်တယ်။

"ဒီလိုလား"

ဒုကျောင်းအုပ်သည် အိုးရန်မိသားစုမှ အကြီးအကဲအား ကြည့်လိုက်သည်။

အကြီးအကျိုးကလည်း လှမ်းကြည့်လိုက်ကြ၏။

သူတို့ နှစ်ယောက်၏ စူးစိုက်ကြည့်ရှုခြင်းကို ခံလိုက်ရသော အိုးရန်မိသားစု၏ သိုင်းဘုရင်အိုသည် ပြိုလဲတော့မလို ခံစားလိုက်ရသည်။

အလွန်တရာ အားကောင်းလှသော အဖွဲ့အစည်းကြီးနှစ်ခု၏ အားအင်အဆင့်သည် ပုန်ကန် နိုင်လောက်သော အားအင်အဆင့်ထက် ကျော်လွန်နေ၏။

သူ၏ မိသားစုတစ်ခုလုံး ဆိုလျှင်ပင် ပြန်လည်ပုန်ကန်၍ မရနိုင်သော တည်ရှိမှုမျိုး ဖြစ်သည်။

"ညီနောင်အိုးရန်"

အကြီးအကဲကျိုးက ပြောလိုက်သည်။ "ဒါက ကိစ္စကြီးမှ မဟုတ်တာ။ တွက်ကပ်မနေပါနဲ့"

သူ၏ တိုက်ရိုက်မျိုးဆက်များနှင့် အကြီးအကဲများ ရိုက်နက်ခံနေရသည်က အကြီးအမားမဟုတ်ဆိုတော့ မည်သည့် အရာက ကြီးမားဖြစ်နေသနည်း။

အကြီးအကဲ‌ဝေ၏ မျက်နှာတစ်ခုလုံးသည် ပျက်ရွင်းသွားတော့သည်။ သူသည် သဘောမကျဘူးဆိုသော်လည်း ထုတ်ဖော်ပြသရန်တော့ မဝံ့ရဲချေ။

"ဒီလိုလုပ်ကြရအောင်"

ကောင်းကင်ဘုံကျောင်းမှ ဒုကျောင်းအုပ်သည် အခြေအနေကို ကြားဝင်၍ ညှိနှိုင်းလိုက်ပြန်သည်။ "ဂိုဏ်းချုပ်ကျွင်းက ဆေးဖိုးတွေ ပေးလိုက်လေ။ပြသနာဆိုတာက ကြီးတဲ့အမှုကို ငယ်အောင် ငယ်တဲ့ အမှုကို ပပျောက်အောင် လုပ်ရတာမဟုတ်လား"

“……….” များပြားလှသော သိုင်းကျင့်ကြံသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားကြသည်။

ဤအရာသည် ပိုက်ဆံကိစ္စ မဟုတ်ချေ။ ဂုဏ်သိက္ခာတရားပင် ဖြစ်တော့သည်။

ပြောရမည်ဆိုလျှင် သံမဏိအရိုးဂိုဏ်းချုပ်သည် အလွန်တရာ အားကောင်းလှ၏။ ကြီးမားလှသော အဖွဲ့ကြီးနှစ်ခုကပင် သူ့အား ဤကဲ့သို့သော အခက်အခဲကပင် လာရောက်ကူညီလျက်ရှိ၏။

အိုးရန်မိသားစု၏ သိုင်းဘုရင်မှာတော့ သူနှင့် သူ၏ တပည့်များသည် သူ၏ တိုက်ရိုက်မျိုးဆက်များသည် ငြိမ်ငြိမ်သက်သက်နှင့် ခံစရာ ရှိသည်များကို ခံလိုက်ရသည်ဖြစ်ကြောင်း နားလည်လိုက်ကြသည်။

ထို့ကြောင့် ပြောလိုက်သည်။ "ဒီကိစ္စကို ပြည်သူ့လုံခြုံရေး အဖွဲ့အစည်းက ကိုင်တွယ်သင့်တယ်လို့ ထင်တယ်။ ကျုပ်တို့ အိုးရန်မိသားစုက သူတို့တွေ ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်လက်ခံပေးပ့ါမယ်"

လူပေါင်းများစွာသည် ကြည့်ရှုလျက်ရှိနေသည်။ ထို့ကြောင့် သူတို့ အနေနှင့် ရှုံးနိမ့်သည်ဟု တိုက်ရိုက်မဝန်ခံရဲချေ။

ထို့ကြောင့် သူတို့၏ ပြသနာအား ပြည့်‌သူ့လုံခြုံရေးဌာနဆီသို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

"စောင့်ရှောက်သူကျင်း"

အကြီးအကဲကျိုးက မေးလိုက်သည်။ "ခင်ဗျား ဘယ်လိုထင်လဲ"

စောင့်ရှောက်သူ ကျင်းသည် အလွန်တရာ ခက်ခဲသော အခြေအနေသို့ ရောက်ရှိသွားသည်။ သူ၏ စိတ်ထဲမှာတော့ ကျိန်ဆဲလျက်ရှိနေသည်။

ခင်ဗျားမိသားစု ကိစ္စကို ခင်ဗျားဘာသာ ခင်ဗျားလုပ်လေ။ဘာလို့ ပြည့်သူလုံခြုံရေးဌာနကို ဆွဲပြီးထည့်နေရတာလဲ။

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း နဲ့ အိုးရန်မိသားစုရဲ့ တိုက်ရိုက်တပည့် တစ်ယောက်က ပြသနာဖြစ်ကြတယ်။ ဒါ ကိစ္စကြီးမှ မဟုတ်တာ"

စောင့်ရှောက်သူ ကျင်းသည် နားလည်သွား၏။ ထို့ကြောင့် အလောတကြီးဖြင့် ပြောလိုက်သည်။ "ဘာမှ မဖြစ်သလိုပဲ နေကြတာပေါ့"

"အရာအားလုံးက ဒီအတိုင်းပဲ ပြီးသွားမှာပါ" ငွေရောင် စောင့်ရှောက်သူကလည်း ဝင်၍ ပြောလိုက်သည်။

"ဖြောင်း ဖြောင်း ဖြောင်း"

ဈေး၏ တည်‌နေရာတစ်ခုလုံးကို ဝန်းရံထားကြသော စစ်သည်ပေါင်းတစ်ထောင်ကျော်တို့သည်လည်း နောက်သို့ ဆုတ်ခွာသွားကြသည်။

ပြည်သူ့လုံခြုံရေးဆီမှ များပြားလှသော သိုင်းဘုရင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။

"ဒီလိုဆိုမှတော့"

အိုးရန်မိသားစု၏ သိုင်းဘုရင်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ "ကျုပ်တို့ အရင်ဆုံးထွက်သွားပါတော့မယ်"

သူသည် အလွန်တရာ ဒေါသထွက်နေ၏။

သို့ပေမဲ့ ဂိုဏ်းအသိအမှတ်ပြုဌာနနှင့် ကောင်းကင်ဘုံကျောင်းတို့သည် တစ်ဖက်လူများဖက်မှ ဝင်ရောက်ညှိနှိုင်းပေးလျက်ရှိသည်။ ထို့ကြောင့် သူ၏ မကျေနပ်ချက်များကို မြိုချထားရန်သာ ရှိတော့သည်။

"နေပါအုံး”

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ပြန်သွားပြီဆိုရင် အိုးရန်မိသားစုရဲ့ ခေါင်းဆောင်ကိုပြောလိုက်ပါအုံး။ ကျုပ်က အချိန်ရပြီဆိုရင် အိုးရန်မိသားစုဆီကို လာလည်ပါမယ်လို့"

သူ့အနေနှင့် သံမဏိအရိုးဂိုဏ်း၏ တပည့်တစ်ယောက်အား အနိုင်ကျင့် ‌ဗိုလ်ကျခဲ့ခြင်းအား လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းသည် တော်တော်လွန်သွားခဲ့ပြီဟု ကြည့်ရှုနေသော လူများက ထင်ကြသည်။

သို့ပေမဲ့ ဤဖြစ်စဉ်မှာ အိုးရန်မိသားစု၏ တိုက်ရိုက်တပည့်သည် လျိုဝမ်ရှစ်ကို အနိုင်ကျင့် ဗိုလ်ကျခြင်းနှင့် စတင်ဖြစ်ခဲ့ခြင်းပင် ဖြစ်၏။

ပြောရမည်ဆိုလျှင် သူ၏ တပည့်သည် မျက်လုံးတစ်ခုလုံးတွင် မျက်ရည်များ ဝိုင်းနေသည့် မြင်ကွင်းမှာ သူ၏ မျက်လုံးထဲမှ မထွက်ခဲ့ချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် မည်သည့် အရာကိုမှ မစဉ်းစားဘဲ အိုးရန်မိသားစု၏ တိုက်ရိုက်မျိုးဆက်အား ရိုက်နှက်ခဲ့ခြင်းပင် ဖြစ်သည်။

မည်သူမှ သူ့ကို တားဆီး၍ မရနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် သံမဏိအရိုးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည်။ အလွန်တရာ များပြားလှသော စည်းမျဉ်းတွေ၊ ဥပဒေတွေ ရှိနေသော တော်ဝင်မြို့တော်တစ်ခု ဖြစ်နေသည်ဆိုလျှင်တောင်မှ သူ၏ တပည့်များ အနိုင်ကျင့်ခံရသည် ဆိုပါက နှစ်ဆပြန်လည် ပေးဆပ်ခိုင်းရမည်။

.......

ဂိုဏ်းအသိအမှတ်ပြုဌာနနှင့် ကောင်းကင်ဘုံကျောင်းတို့၏ ဝင်ရောက်ပါဝင်ညှိနှိုင်းပေးခဲ့ပြီးသည့်နောက်မှာတော့ ဖြစ်ပွားခဲ့သော ပြသနာသည် သေးငယ်သည် အဖြစ်သို့ ယုတ်လျော့ သွားတော့သည်။ နောက်ဆုံးအဆုံးသတ်မှာတော့ ဆေးဖိုးပင် မပေးလိုက်ရချေ။

"သူက ကောင်းကင်ဘုံမြို့က တစ်စုံတစ်ယောက်ကို ရိုက်နှက်ခဲ့တယ်။ပြီးတော့ လှည့်ကင်းမှူးကိုလည်း ရိုက်သေးတယ်။ဒီလိုမျိုးကိစ္စတွေကို လုပ်တဲ့လူက သံမဏိအရိုးဂိုဏ်း ပထမဆုံးဖြစ်လိမ့်မယ်။”

“သူက အဓိက အဖွဲ့ကြီးနှစ်ခုရဲ့ ထောက်ပံ့မှုကို ရထားတယ်လေ။ငါ့ဆီမှာလည်း ဒီလိုအဆက်အသွယ်ကောင်းတွေသာရှိရင် ကောင်းကင်ဘုံမြို့ထဲမှာ ငါလုပ်ချင်တာကို ကျိန်းသေပေါက် လုပ်နိုင်တယ်။”

“ပြီးတော့ ဂိုဏ်းချုပ်ကျွင်းက တော်တော်ကြီးကို အားကောင်းလွန်းတာပဲ။သူ့အနေနဲ့ ဂိုဏ်းအသိအမှတ်ပြုဌာနဲ့ ကောင်းကင်ဘုံကျောင်းတိုရဲ့ အထောက်အပံ့ကို မရဘူးဆိုရင်တောင်မှ သူ လုပ်ချင်တာကို လုပ်မယ့်ပုံပေါ်တယ်။"

သိုင်းကျင့်ကြံသူများသည် ဖြစ်ပွားခဲ့သော ပြသနာများအား ပြန်လည်ဆွေးနွေးနေခဲ့ကြသည်။ သူတို့သည် သံမဏိအရိုးဂိုဏ်းချုပ်အား အနည်းငယ် ထပ်၍ နားလည်လိုက်ကြသည်။

အားလုံးပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကောင်းကင်ဘုံကျောင်းမှ ဒုကျောင်းအုပ်နောက်သို့ လိုက်ပါလာ၏။

လျိုဝမ်ရှစ်ကလည်း လိုက်ပါလာ၏။

"ဂိုဏ်းချုပ်"

ခဏလောက်ကြာပြီးသည့်နောက် သူမသည် အသံပို့လွှတ်လိုက်သည်။ "ကျွန်မ တောင်းပန်ပါတယ်"

"မင်းက ဘာလို့ တောင်းပန်ရတာလဲ" ကျွင်းချောင်ရှောင်း နားမလည်နိုင်ချေ။

လျိုဝမ်ရှစ်သည် မိမိကိုယ်ကို အပြစ်တင်လိုက်၏။ "ကျွန်မက ဒီလိုမျိုး လုပ်ချင်ရာတွေကို လျှောက်မလုပ်သင့်ဘူး။ဂိုဏ်းချုပ်ကို ထောင်ထဲရောက်အောင် ထပ်လုပ်မိတော့မလို့လေ။"

"အရူးမလေး"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "မင်းက အနိုင်ကျင့်ခံရတာလေ။ဂိုဏ်းချုပ်ဖြစ်တဲ့ ငါက တရားမျှတမှုကို မတောင်းဆိုနိုင်ဘူးဆိုရင် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ဖို့ အရည်အချင်း ငါ့မှာ ဘယ်လိုလုပ် ရှိမှာလဲ"

"ဂိုဏ်းချုပ်"

လျိုဝမ်ရှစ်သည် အလွန်တရာ စိတ်ထိခိုက်သွား၏။

ထိန်းချုပ်၍ မရ‌နိုင်ဘဲ သူမ၏ မျက်ရည်များသည် ကျဆင်းလာတော့သည်။

အရင်တုန်းက သူသည် ချင်းယန်မြို့၌ ဂိုဏ်းချုပ်၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။ ပြီးနောက် နေစရာ နေရာရှိရန်အတွက် သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ခဲ့ရ၏။ ယခု ကြည့်ရသည်မှာ သံမဏိအရိုးဂိုဏ်းထဲ ဝင်ရောက်ရန် စဉ်းစားခဲ့သော ဆုံးဖြစ်ချက်သည် သူမဘဝတွင် အကောင်းဆုံးသော ဆုံးဖြတ်ချက် ဖြစ်ပုံပေါ်၏။

"မင်းဆက်ငိုနေရင် ရုပ်ပိုဆိုးလာလိမ့်မယ်။" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

လျိုဝမ်ရှစ်သည် သူမ၏ မျက်ရည်များကို သုတ်ကာ ခိုင်ခိုင်မာမာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် ကျွန်မ ဂိုဏ်းချုပ်ကို တစ်သက်လုံး ထမင်းချက်ကျွေးမယ်"

"ကောင်းတာပေါ့"

ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်သည်။ "မင်း ပြောတဲ့အတိုင်း လုပ်မှဖြစ်မယ်။ ငါ့တင်မဟုတ်ဘူး မင်းရဲ့ စီနီယာအစ်ကို အစ်မတွေကလည်း မင်း ထမင်းချက်မကျွေးရင် အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်။"

ဟား ဟား ဟား

ကလေးမလေးသည် ပျော်ရွှင်သွား၏။

စောနတုန်းက စိတ်ပျက်စေမှု ဝမ်းနည်းမှုနှင့် မိမိကိုယ်ကို အပြစ်တင်မှုများအားလုံးသည် ပျောက်ဆုံးသွားခဲ့တော့သည်။

"အမေ"

လျိူဝမ်ရှစ်သည် စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်မိသည်။ "တုတုက ဒီလိုမျိုး ဂိုဏ်းချုပ်တစ်ယောက်နဲ့ တွေ့ဆုံရတဲ့ အတွက် အရမ်း ပျော်ရွင်နေတယ်။"

သူတို့နှင့် အတူ လိုက်ပါလာခဲ့သော မင်းသမီးလေး ကြာပန်းနီမှာတော့ ကျွင်းချောင်ရှောင်းအား သေချာဂရုစိုက် ကြည့်ရှုလျက်ရှိသည်။

ဂိုဏ်းချုပ်ကျွင်း တစ်စုံတစ်ယောက် သူ့အား လာရောက်ကယ်တင်မည်ဆိုသည်ကို ကြိုတင်သိရှိနေသည်လား။ ထို့ကြောင့် ကောင်းကင်ဘုံမြို့တွင် အဆင်အခြင်မဲ့ လုပ်ချင်ရာကို လျှောက်လုပ်ရဲခြင်းဖြစ်ပေလိမ့်မည်။

“ဒီလူက"

မင်းသမီး ကြာပန်းနီသည် ကြိတ်ကာ ပြောလိုက်သည်။ "သူက မရိုးရှင်းဘူး"

"မင်းသမီးလေး"

ကျွင်းချောင်ရှောင်းသည် လမ်းလျှောက်နေရင်း အရှိန်ကိုလျှော့ချလိုက်သည်။ ပြီးနောက် တီးတိုး ပြောလိုက်သည်။ "စဉ်းစားပြီးပြီလား"

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်သည်။ "မစဉ်းစားရသေးပါဘူး"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

"ကျုပ်ကသာလျှင် မင်းလို ပါရမီရှင်မျိုးကို ပြုစုပျိုးထောင်နိုင်တယ်။စဉ်းစားတာကြာသွားလို့ ရှိရင် အချိန်ဖြုန်းတာနဲ့ တူသွားလိမ့်မယ်။ တိုးတက်လာရမယ့် အချိန်မှာ စဉ်းစားရင်း အချိန်ကုန်တာမျိုးပေါ့။"

"အဲလောက်ကြီးလား"

မင်းသမီးလေး ကြာပန်းနီက ပြုံးလိုက်သည်။ သူမ၏ အပြုံးသည် အလွန်တရာ ချောမောလှပလွန်း၏။

သူမသည် သူ၏စကားနှင့် ပတ်သက်၍ သံသယဝင်နေပြီဖြစ်ကြောင်း ကျွင်းချောင်ရှောင်း ကောင်းကောင်းသိ၏။ ထို့ကြောင့် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

"မင်းသာ သံမဏိအရိုးဂိုဏ်းတပည့်ဖြစ်လာရင် ငါပြောတာတွေက မလွန်ဘူးဆိုတာကို သိလာလိမ့်မယ်"

All Chapters