← Chapters

အခန်း (၅၀၈)

Vol. 35 Ch. 508

အခန်း (၅၀၈)

Vol. 35 Ch. 508

ပါရမီရှင်များကို ဂိုဏ်းထဲသို့ ဝင်ရောက်စေရန် ခေါ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး ဂိုဏ်းချုပ်ကျွင်းသည် သာမန်ထက် ပို၍ အားစိုက်ထုတ်လျက်ရှိသည်။ သို့ပေမဲ့ မင်းသမီးလေး ကြာပန်းနီသည် ယဉ်ကျေးစွာပြောလိုက်၏။

“ဂိုဏ်းချုပ်ကျွင်း... ကောင်းကင်ဘုံကျောင်းကို ရောက်တော့မယ်”

အမ်

ကျွင်းချောင်ရှောင်းသည် မော့ကြည့်လိုက်၏။ ပြီးနောက်မှာတော့ သူ၏ရှေ့တွင် အလွန်တရာ ခံ့ညား၍ ထည်ဝါလွန်းလှသော အဆောက်အဦကြီး တည်ရှိနေသည်ကို တွေ့မြင်လိုက်ရ၏။ ထိုအဆောက်အဦ၏အရှေ့ ဆိုင်းဘုတ်ပေါ်တွင်တော့ ကောင်းကင်ဘုံကျောင်းဟူသော စာတမ်းကို ရေးဆွဲထား၏။ ထိုစာတမ်းတွင် ရှေးကျပြီး အလွန်တရာ ခန့်ညားထည်ဝါလှသော အရှိန်အဝါများ ထွက်ပေါ်လျက်ရှိနေ၏။

“အရမ်းကြည့်လို့ကောင်းတယ်” ကျွင်းချောင်ရှောင်းသည် မနေနိုင်ပဲ ထုတ်ပြောလိုက်မိတော့၏။

ဒုကျောင်းအုပ်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ကောင်းကင်ဘုံကျောင်းက နှစ်ပေါင်းငါးထောင့် သုံးရာကျော် သမိုင်းရှိတယ်လေ။ အရမ်းကို အားကောင်းတဲ့ ကျင့်ကြံသူတွေ ကျုပ်တို့က မွေးထုတ်ပေးခဲ့တာ၊။ အရေအတွက်အားဖြင့် ဆိုရင် စကြာဝဠာထဲက သဲမှုန်လေးတွေလိုပဲ များပြားလွန်းတယ်”

အချက်အလက်များနှင့် ဤအရာသည် ချဲ့ကားပြောဆိုခြင်းသာဖြစ်သည်။ သို့ပေမဲ့ ကျောင်းတစ်ခု တည်ထောင်ပြီး သည့်နောက်မှာတော့ ဤကဲ့သို့ပြောဆိုမှသာလျှင် ပိုမို၍ လူများ အထင်ကြီးလာမည်မဟုတ်လား။

“ဂိုဏ်းချုပ်ကျွင်း”

ဒုကျောင်းအုပ်က ပြောလိုက်သည်။ “ကျေးဇူးပြုပြီးကြွပါ”

“ကျေးဇူးပါ”

ကျွင်းချောင်ရှောင်းသည် ရှည်လျားလှသော သမိုင်းကြောင်းကို ပိုင်ဆိုင်သည့် ကောင်းကင်ဘုံကျောင်းထဲ လျှောက်ဝင်လိုက်တော့သည်။ သူအထဲကို ဝင်ဝင်ခြင်းမှာပဲ စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်လိုက်ချိန် မှာတော့ များပြားလှသော လူငယ်များသည် ကြီးမားလှသောတိုက်ခိုက်ရေးဝန်းထဲတွင် စုဝေးရောက်ရှိနေသည်ကို သိလိုက်ရ၏။

ဤသူများအားလုံးသည် သူနှင့်အသက်အရွယ်တူညီလုနီးပါးလောက်ရှိပြီး ၎င်းတို့၏ သွင်ပြင်အမူအရာနှင့် ကျင့်ကြံခြင်းအဆင့်များမှာ အလွန်တရာ ကောင်းမွန်လှ၏။ အရှေ့တောင်ရန်ကျူး၏ အကောင်းဆုံးသော ကောင်းကင်ဘုံကျောင်းဆိုသည့် နာမည်နှင့်လိုက်ဖက်ညီစွာပဲ ကျောင်းသားများမှာ ပါရမီရှင်များ ဖြစ်လို့နေ၏။

ကျွင်းချောင်ရှောင်းသည် တွေးတောလိုက်မိ၏။ ဒီမှာရှိတဲ့တပည့်တွေကိုသာ ငါခေါ်ယူနိုင်မယ်ဆိုရင် ဂိုဏ်းရဲ့အဓိကထောက်တိုင်ကြီး ဖြစ်လာကြမှာပဲ။

ဝှစ် …. ဝှစ်။

ထိုအချိန်မှာပဲ အလွန်တရာလေးလံလှသော အရှိန်အဝါတစ်ခုသည် အဝေးတစ်နေရာဆီ၌ ရုတ်တရက်ပေါ်လာ သည်။ ပြီးနောက်လေထုထဲမှာတော့ ကြီးမားလှသော လက်ဝါးကြီးတစ်ခု ဖြစ်တည်လာပြီး အညှာအတာ ကင်းမဲ့ စွာဖြင့် ရိုက်ချလာတော့သည်။

ဟမ်

လေ့ကျင့်ရေးကွင်းထဲတွင် လေ့ကျင့်နေကြသော ကျောင်းသားများအားလုံးသည် ထိုအရာကို အာရုံခံမိတော့ အလန့်တကြားဖြင့် လှည့်ကြည့်လိုက်မိကြ၏။

ကောင်းကင်ဘုံ ….

“ဒါက သူတော်စင်အဆင့် သိုင်းနည်းစနစ် လေဟာနယ်လက်ဝါးပါလား”

ဝှစ် … ဝှစ်။

လက်ဝါးရိုက်ချက်ကြီးသည် ကောင်းကင်တစ်ခုလုံးကိုပင် မှောင်မဲသွားလောက်အောင် ကြီးမားလွန်းလှ၏။ အားအင် အဆင့်သည် အလွန်တရာအားကောင်းလှသည်ဆိုသော်လည်း မည်သည့်သတ်ဖြတ်လိုခြင်းဆန္ဒမှ မပါဝင်ချေ။ ဤအရာသည် ကောင်းကင်ဘုံအကယ်ဒမီကျောင်းမှ အလွန်တရာအားကောင်းလှသော ကျင့်ကြံသူတစ်ယောက် သည် ကျွင်းချောင်ရှောင်းအား အားအင်စမ်းသပ်ခြင်းပင် ဖြစ်ပေလိမ့်မည်။

“စိတ်ဝင်စားစရာပဲ”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည့် ကော့တက်သွား၏။ သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းတက် လိုက်သည်။

ဝှစ် … ဝှစ်

ချက်ချင်းဆိုသလိုပဲ အလွန်တရာ ပူလောင်လှသော မီးတောက်များ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ရှိ အပူချိန်အား ပိုမို၍ မြင့်တက်လာစေသည်။

ဝှစ်

ကျွင်းချောင်ရှောင်းသည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သည့်အချိန်မှာတော့ ရုတ်တရက် ပူပြင်းလှသော မီးတောက်များထွက်ပေါ်လာသည်။ ထိုမီးစွမ်းအင်များသည် ဓားမော့ချီများကဲ့သို့ ဖြစ်တည်လာတော့သည်။

“သန့်စင်လိုက်တဲ့ မီးတောက်တွေ” အဝေးတစ်နေရာမှ ကြည့်ရှုနေကြသော ကျောင်းသားများအားလုံးသည် ထအော်လိုက်မိကြ၏။

ကောင်းကင်ဘုံမြို့ တွင် မီးဓာတ်သဘာဝကို အသုံးပြုတတ်ကြသော ကျင့်ကြံသူမှာ မရှားပါးလှချေ။ သို့ပေမဲ့ ၎င်းတို့သည် ကျွင်းချောင်ရှောင်း၏ မီးတောက်များနှင့် ယှဉ်မည်ဆိုပါက မိမိကိုယ်ကို ရှက်စိတ်တွေ ဝင်သွားနိုင်သည်။

သူတို့တင် မကဘဲ မီးဓာတ်စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သော မင်းသမီးလေး ကြာပန်းနီတောင်မှ ကျွင်းချောင်ရှောင်း၏ မီးတောက်တွေကို မြင်ရချိန်မှာတော့ ထိတ်လန့်သွားမိ၏။ သူမသည် သိုင်းဘုရင်အဆင့် မီးဓာတ်အမျိုးအစား ကျင့်ကြံသူကို မမြင်ဘူး၍ မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိဖြစ်တည်လာသော မီးတောက်များမှာ မီးဓာတ်အမျိုးအစားကို အလွန်တရာနားလည်မှုဖြင့် ဖြစ်တည်လာသော မီးတောက်များ ဖြစ်လို့နေ၏။

ဂိုဏ်းချုပ်ကျွင်းသည် မီးဓာတ်သဘာဝနှင့်ပတ်သက်၍ မိမိကိုယ်ကို နားလည်လာအောင် လေ့ကျင့်ပြုမှုရသည့် အချိန်သည် နည်းပါးလွန်းလှ၏။ သို့ပေမဲ့ သူသည် မီးဓာတ်သဘောတရားကို နားလည်မှုမှာတော့ အလွန်တရာ နက်နဲသည့်အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ပန်းပဲခန်းမနှင့် ဆေးခန်းမဆောင်များသည် မီးကို အသုံးပြုရန် လိုအပ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် ဆေးလုံးနှင့် လက်နက် များကို သွန်းလုပ်သည့်အချိန်အတိုင်း မီးတောက်များ၏တာအို နားလည်မှုသည် သူ၏ဦးခေါင်းထဲသို့ အလိုအလျောက် တိုးဝင်ရောက်ရှိလာခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်အတွင်းမှာပဲ ဂိုဏ်းချုပ်ကျွင်းသည် များပြားလှသော ဆေးလုံးနှင့် လက်နက်များကို သန့်စင်ဖန်တီးခဲ့၏။

သဘာဝအားဖြင့် သူ၏ မီးတောက်နှင့်ပတ်သက်သည့် နားလည်မှုများသည် ကြီးကြီးမားမား တိုးတက်သွားခဲ့သည်။ အရင်းအမြစ်များကို သန့်စင်ရင်းနှင့် သူ၏ မီးဓာတ်သဘာဝနားလည်မှုမှာ ပို၍ တိုးတက်လာခဲ့သည်။ ထိုအရာသည် ကျိန်းသေပေါက် အဆင့်ခိုးဆော့သည် ဂိမ်းကစားသမားတစ်ယောက်နှင့်ပင် တူညီနေသည်။

ဟူး ဟူး ဟူး ..။

တစ်လက်လက်တောက်ပနေသည့် မီးတောက်များ ထွက်ပေါ်လာချိန်မှာတော့ အပူချိန်သည် ရုတ်တရက်ဆိုသလိုပဲ မြင့်တက်သွား၏။

ကျွင်းချောင်ရှောင်းသည် သူ၏ ညာဘက်လက်ဝါးကို ခုတ်ပိုင်းလိုက်သည့်ဟန်ပန် ထုတ်ဖော် လိုက်သည်။ “ကောင်းကင်နီဓားကွက်”

ဟူး … ဟူး

မီးတောက်များသည် ဓားအော်ရာများအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အလွန်တရာ ပြင်းထန်လှသော စွမ်းအင်များကို ထုတ်ဖော်ကာ လေထုထဲသို့ ရောက်ရှိသွားတော့သည်။ ထိုမီးလှိုင်းများသည် ကောင်းကင်ပေါ်မှ ကျဆင်းလာသော လက်ဝါးကြီးဆီသို့ တိုးဝင်သွားတော့သည်။

နောက်ဆုံးအကြိမ်တုန်းက သူသည် လုံမိသားစုတွင် ထိုနည်းစနစ်ကို ထုတ်ဖော်အသုံးပြုခဲ့ရသေး၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် ဓားနှင့်သိုင်းဘုရင်အဆင့်သို့ ပူးတွဲရောက်ရှိပြီးသည့်နောက်မှာတော့ ထိုနည်းစနစ်ကို ထုတ်ဖော်နိုင်မှုသည် ပို၍အားကောင်းလာခဲ့၏။

ဟူး

တည်နေရာတစ်ခုလုံး ပိုင်းဖြတ်ခံသွားရပုံပေါ်ပြီး ကောင်းကင်ဘုံကျောင်းမှာရှိသော ကျောင်းသားများ အားလုံး သည် ထိတ်လန့်မှုကြောင့် အသက်ပင်ကောင်းကောင်း မရှုနိုင်တော့ချေ။

ထိုအချိန်မှာတော့ မည်သူမျှသည် အောက်သို့ ကျဆင်းလာခဲ့သော လေဟာနယ်လက်ဝါးကြီးကို ဂရုမစိုက်ကြတော့ပေ။

သူတို့အားလုံး၏ မျက်လုံးများသည် ကောင်းကင်နီဓားကွက်မှ ဖြစ်တည်လာသော မီးတောက်များဆီသို့သာ ရောက်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကောင်းကင်နီဓားကွက်၏ အားအင်နှင့် အရှိန်အဟုန်မှာ တစ်ချက် ကြည့်လိုက်သည်နှင့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိနိုင်၏။

ဘုန်း

မီးတောက်များသည် ကြီးမားလှသည့် လက်ဝါးကြီးနှင့် ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက်မှာတော့ ချက်ချင်း ဆိုသလိုပဲ လက်ဝါးကြီးအား ပိုင်းဖြတ်သွားတော့သည်။

ကျောင်းသားများ၏ အမြင်အရဆိုလျှင် တည်နေရာ တစ်ခုလုံးသည် ပိုင်းဖြတ်သွားခဲ့သလို အားကောင်းလွန်းလှ၏။ အလွန်တရာ အားကောင်းလွန်းလှ၏။

သူတို့နှင့် သက်တူရွယ်တူလောက်ရှိနေသော ဤလူငယ်သည် မည်သူဖြစ်သနည်း။ အဘယ်ကြောင့် ဤမျှကြောက်မက်ဖွယ်ရာ ကောင်းလှသော တိုက်ခိုက်ရေးနည်းစနစ်ကို ထုတ်ဖော်နိုင်သနည်း။

မင်းသမီးလေး ကြာပန်းနီသည်လည်း အလွန်တရာ အံ့အားသင့်မိနေသည်။ သူတော်စင်အဆင့် လေဟာနယ် လက်ဝါးကို တိုက်ရိုက်ချိုးဖြတ်နိုင်ဖို့ ဆိုသည်မှာ ဂိုဏ်းချုပ်ကျွင်း ထုတ်သုံးလိုက်သော သိုင်းနည်းစနစ်သည် မည်သည့်အဆင့်တွင် ရှိနေသနည်း။

မင်းသမီးလေးကြာပန်းနီသည် တုန်လှုပ်သွား၏။ “ဒါက နတ်ဘုရားအဆင့် မီးဓာတ်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်လား”

တကယ်တမ်းမှာတော့ ကောင်းကင်နီဓားကွက်သည် နတ်ဘုရားအလယ်အလတ်အဆင့် တိုက်ခိုက်ရေးနည်းစနစ် ဖြစ်ပြီး သာမန်သိုင်းကျင့်ကြံသူများလည်း ကျင့်ကြံနိုင်၏။ သို့ပေမဲ့ မီးဓာတ်အမျိုးအစား ကျင့်ကြံသူဆိုပါက ပိုမို၍ အကျိုးကျေးဇူး ရရှိကာ ပိုမိုအားကောင်းသော တိုက်ခိုက်ချက်များကို ထုတ်ဖော်နိုင်၏။

ဝှစ် …. ဝှစ်

ထိုအချိန်မှာပဲ အလွန်တရာပြင်းထန်လှသော အားအင်များသည် ထပ်မံဖြစ်တည်လာပြီး ကြီးမားလှသော လက်ဝါး ကြီးနှစ်ခုသည် လေထုထဲမှ အောက်သို့ ထပ်မံကျဆင်းလာခဲ့သည်။

“လက်မလျှော့သေးဘူးလား”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် သူ၏လက်ထဲတွင်တော့ အလွန်တရာ ပူပြင်းလှ သည့်မီးတောက်များ ထပ်မံဖြစ်တည်လာသည်။ သူသည်ကောင်းကင်နီဓားကွက်ကို နှစ်ချက်တိတိ ထုတ်ဖော်လိုက် သည်။ ကြည့်ရသည်မှာ သမန်ကာလျှံကာ ထုတ်ဖော်တိုက်ခိုက်လိုက်သည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာ တော့ အားအင်အဆင့်သည် အလွန်တရာ ပြင်းထန်လွန်းနေ၏။

ဘုန်း ဘုန်း

မီးတောက်များ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ အပူလှိုင်းများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံသွား၏။ ကောင်းကင်ဘုံအကယ်ဒမီကျောင်း၏ ကောင်းကင်ယံအထက်မှာတော့ မီးတောက်မီးလျှံများ ရုတ်တရက် ထွက်ပေါ် လာသည်။ ကျောင်းသားများအားလုံးသည် မည်သည့်စကားမှ မဆိုနိုင်လောက်အောင် ဆွံ့အလျက်ရှိနေသည်။

သူတို့နှင့် အသက်တူညီလောက်သည့် လူတစ်ယောက်သည် ကြောက်မက်ဖွယ်ရာကောင်းသော အားအင်အဆင့်ကို ထုတ်ဖော်၍ လေဟာနယ်လက်ဝါးအား အလွန်လွယ်ကူစွာဖြင့် ချိုးဖြတ်လျက်ရှိနေသည်။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

ကောင်းကင်ဘုံကျောင်းအတွင်းသို့ ဝင်ရောက်ခဲ့သော ကျောင်းသားများအားလုံးသည် ပါရမီရှိလှသူများဖြစ်သော ကြောင့် အလွန်တရာလည်း မောက်မာကြ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်မှုကို မိမိ၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်လိုက်သည့်အချိန်မှာတော့ သူတို့၏ နှလုံးသားထဲတွင် စကားတစ်ခွန်းသာ ကျန်ရှိတော့သည်။ ထိုစကားမှာ ချီးကျူးစကားပင်ဖြစ်တော့သည်။

ဟား ဟား ဟား ဟား

ထိုအချိန်မှာပဲ အဘိုးအိုတစ်ယောက်သည် အားလုံး၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ ထိုသူသည် သူ၏ မုတ်ဆိတ်မွေးများကို အသာပွတ်သပ်ကာ ပြောလိုက်သည်။ “ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်များပြားတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ပိုင်ဆိုင်နေမှတော့ ကျန်းယန်နိုင်ငံရဲ့ စစ်တပ် ကြီး တစ်ခုလုံးကို ပြန်လည်တိုက်ခိုက်ရဲတဲ့ သံမဏိအရိုးဂိုဏ်းချုပ် ပီသပါပေတယ်”

ထိုလူ၏ မျက်လုံးများသည် မတောက်ပြောင်လွန်းသော်လည်း ၎င်း၏ခန္ဓာကိုယ်ရှိအော်ရာများမှာတော့ အလွန်တရာ အားကောင်းလွန်းလျက်ရှိသည်။ ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ ထိုလူ၏ ကျင့်ကြံခြင်းအဆင့်ကို သုံးသပ်လိုက်မိ၏။ အနည်းဆုံး သိုင်းဘုရင်ထိပ်ဆုံးအဆင့် ရှိနေလောက်၏။

“သံမဏိအရိုးဂိုဏ်းချုပ်... သူက ကျွင်းချောင်ရှောင်းပေါ့”

ကောင်းကင်ဘုံကျောင်းမှ ကျောင်းသားများ၏ မျက်လုံးများသည် လင်းလက်သွားကြ၏။ နတ်စမ်းချောင်းဂိုဏ်း နှင့် တိုက်ပွဲတွင် ပွဲခုနှစ်ဆယ်ကျော် အနိုင်ရအောင် တိုက်ခိုက်နိုင်ခဲ့သည်။ ဟွာယန်နိုင်ငံ ၏ မိစ္ဆာဂိုဏ်းလေးခုကို ဖျက်ဆီး ခဲ့ခြင်းနှင့် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ ကျွမ်းကျင်သူများအား သေခြင်းရှင်ခြင်း စင်မြင့်ပေါ်တွင် စိန်ခေါ် တိုက်ခိုက်ခဲ့ခြင်း၊ ထို့အပြင် ချင်းယန်မြို့၏ အပြင်ဘက်တွင် ကျားဖြူစစ်တပ်တစ်ခုလုံးကို သုတ်သင်ဖျက်ဆီးခဲ့ခြင်း …. ထိုသို့သော အရာမျိုးကို ပြုလုပ်နိုင်ခဲ့သော တစ်ဦးတည်းသောဂိုဏ်းချုပ်ဖြစ်သည့် ဂိုဏ်းချုပ်ကျွင်း။

သံမဏိအရိုးဂိုဏ်း၏ ပြုလုပ်ခဲ့သော လုပ်ရပ်များသည် အရှေ့တောင်ရန်ကျူးတစ်ခွင် သတင်းပျံ့နှံ့ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ ကောင်းကင်ဘုံကျောင်းမှ ကျောင်းသားများသည်လည်း ထိုအကြောင်းကို ကြားဖူးနေသည်မှာ သဘာဝ ပင်ဖြစ်သည်။ တိတိကျကျ ပြောရမည်ဆိုလျှင် ထိုသတင်းအချက်အလက်များသည် သူတို့နားထဲတွင် မကြားချင် သော်လည်း ဝင်ရောက်လာခဲ့သည့် သတင်းများပင်ဖြစ်တော့သည်။

တစ်ခါတစ်ရံတွင် သူတို့သည် ကျွင်းချောင်ရှောင်းကို အလွန်တရာ ယုံကြည်အားကိုးစိတ်များပင် ဖြစ်တည်နေ၏။ ကျောင်းမှ ကျောင်းသား တော်တော်များများသည် ကျွင်းချောင်ရှောင်းကို မြင်လိုက်ချိန်မှာတော့ ပရိသတ်အစစ် အမှန်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူတို့နှင့် အသက်အရွယ် တူညီလောက်သော လူတစ်ယောက်သည် အလွန်တရာများပြားလှသော ကိစ္စကြီးများကို လုပ်ကိုင်နိုင်ခဲ့၏။

ထို့ကြောင့် လူငယ်များသည် သူ့အား အားကိုးချီးကျူးကြသည်မှာ သဘာဝပင်ဖြစ်တော့သည်။ အချိန်တိုအတွင်း မှာပဲ ဂိုဏ်းချုပ်ကျွင်းသည် အားလုံး၏ မျက်လုံးထဲမှာတော့ အလွန်တရာ ကြီးမားလှသော အားကောင်းသူ တစ်ယောက်အဖြစ် ဖြစ်တည်လာတော့သည်။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်သည် အသံပို့လွှတ်လိုက်၏။ “ဂိုဏ်းချုပ်ကတော့ နာမည်ကျော်နေပြီ”

ကျွင်းချောင်ရှောင်းသည် အလွန်တရာအံ့အားသင့်မိသွား၏။ သို့ပေမဲ့သူသည် တည်ငြိမ်စွာပင် ပြောလိုက်သည်။

“သိုင်းပညာရှင်တွေသာ လေးစားခံရတဲ့ ကုန်းမြေတိုက်ကြီးမှာ သူတို့အနေနဲ့ ဘယ်သူက အားအကောင်းဆုံး လဲ၊ ဘယ်သူ့ကို ကိုးကွယ်သင့်လဲဆိုတာ သိရှိကြတယ်ဆိုတာ သဘာဝပဲ မဟုတ်ဘူးလား”

All Chapters