စာမေးပွဲ (၃)
Vol. 006 Ch. 541
အပျော်အနေနဲ့…
ဆရာများသည် ဒုကျောင်းအုပ်စကားများကို ကြားသောအချိန်တွင် ရှီမာယူယူသည် ဒုကျောင်းအုပ်၏ အာရုံစိုက်ခြင်းခံရပြီဖြစ်ကြောင်းကို တွေးကာ ခေတ္တမျှ တိတ်ဆိတ်သွားကြလေသည်။ သို့သော် ဒုကျောင်းအုပ်၏ ဆော့ကစားတတ်သော အကျင့်ကြောင့် ကျောင်းသားများသည် မကြာခဏ ငြိုငြင်လေ့ရှိသည်။
ဆော့ကစားသည်နှင့် တစ်ပြိုင်နက် သူတို့၏ အင်အားနှင့် အတွေ့အကြုံသည် ခုန်တက်သော်လည်း လုပ်ငန်းစဉ်မှာတော့…
ရှီမာယူယူသည် ကင်းမီးကောက်အနီ၏ အဆိပ်များကို ထုတ်ပြီးချိန်တွင် တစ်စုံတစ်ရာ ချည်းကပ်လာ သည်ကို ခံစားမိလိုက်သည်။ အရင်ကထပ် ပိုပူလောင်ကာ ကင်းမီးကောက်အနီ ၁၀ကောင် ပေါ်လာလေသည်။ ထို့အပြင် သူတို့သည် အရင်ကထပ် ပိုသန်မာသည်။
ဒီတစ်ကြိမ်တွင် သူမ တစ်ယောက်တည်း မထိန်းချုပ်တော့ပေ။ သူမ ငှက်လေးအား ဆင့်ခေါ်လိုက်သည်။ ငှက်လေးသည် ထိုကဲ့သို့ ဝိဉာဉ်မိစ္ဆာများအမျိုးအစားကို ရှင်းရာတွင် အသင့်တော်ဆုံးဖြစ်သည်။
“ရွှေရောင်အတောင်ပံနဲ့ ငှက်ပဲ” အခန်းထဲမှလူများသည် ငှက်လေးအားမြင်သည်နှင့် အော်လိုက်ကြ သည်။
“ဒီကောင်လေးရဲ့ သရုပ်မှန်ကိုသိမှဖြစ်တော့မယ်”
“ရွှေရောင်အတောင်ပံငှက်ရဲ့ စာချုပ်သခင်က ဒီလောက်ငယ်မယ်လို့ ထင်မထားဘူး” အံ့သြပြီးနောက် တွင် အနီရောင်ဝတ်ထားသော ဆရာ၏ မျက်လုံးများနှင့် တွန့်သွားသော နှုတ်ခမ်းများသည် စိတ်ဝင်စားမှုကို ပြသ နေသည်။
“ဂဠုန်လောကမှာ ရွှေရောင်အတောင်ပံငှက်ပေါ်လာတယ်လို့ ကြားတယ်၊ ကိုယ်တိုင်မြင်မှပဲ တကယ်ပဲ သာမန်မဟုတ်ဘူးပဲ”
“အဲကောင်လေးရဲ့ အရည်အချင်းကို ပြောစရာကိုမလိုဘူး၊ ဒီလိုဝိဉာဉ်မိစ္ဆာရှိတယ်ဆိုတော့ ဒီကလေးက သာမန်မဟုတ်ဘူးပဲ”
“ဒုကျောင်းအုပ် ကျွန်တော်တို့ သူ့ကို ချက်ချင်းပဲဝင်ခွင့်ပြုသင့်တယ် ဒီလိုအရည်အချင်းရှိတဲ့လူကို လက် မလွတ်နိုင်ဘူး”
“သဘောတူတယ်”
“ဘာတွေလောနေကြတာလဲ” ဒုကျောင်းအုပ်သည် လက်တင်ကုလားထိုင်ပေါ်တွင်မှီထိုင်နေလေသည်။ “သူ့မှာ တကယ်ပဲအရည်အချင်းရှိရင် နောက် စမ်းသပ်ချက်၂ခုကိုလည်း အောင်သွားမှာပေါ့”
“သူသာ ဝင်ခွင့်ရသွားရင် အတွင်းဂိုဏ်းကို အသိပေးသင့်တယ်မလား” လူတစ်ယောက် မေးလိုက်သည်။
“နောက်မှပြောမယ်” ဒုကျောင်းအုပ်သည် မျက်လုံးမှိတ်လိုက်ကာ ထပ်မပြောတော့ပေ။
ဒုတိယအသုတ် ကင်းမီးကောင်အနီများ အားလုံးအသတ်ခံလိုက်ရသည်။ ဒီအဖွဲ့သည် အရင်တစ်ဖွဲ့နှင့် မတူကြောင်းကို ရှီမာယူယူသိလိုက်သည်။ ၁၀ကောင်အတွင်းတွင် ၅ကောင်မှာ အစစ်ဖြစ်ကာ ကျန် ၅ကောင်မှာ ထင်ယောင်ထင်မှားဖြစ်လေသည်။
“သေစမ်း ငါ့ကိုကစားနေတာပဲ” ရှီမာယူယူ ကျိန်ဆဲလိုက်သည်။ သို့သော် သူမသည် သန့်စင်ရန်အတွက် ၅ကောင်ဆီမှ အဆိပ်များကို ရလိုက်သည်။
အချိန်တစ်ခုကုန်ဆုံးပြီးနောက်တွင် နောက်ထပ် ဝိဉာဉ်မိစ္ဆာပေါ်လာလေသည်။ ဒီတစ်ခေါက်တွင် ကင်းမီးကောက်အနီများမဟုတ်ပဲ စပါးကြီးမြွေများဖြစ်သည်။ စပါးကြီးမြွေများသည် ရှီမာယူယူနှင့် ငှက်လေး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။
“ကန္တာရထဲက စပါးကြီးမြွေတွေရဲ့ အရသာကို သိချင်မိတယ်” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် စပါးကြီးမြွေများကို ဆေးကြောလိုက်သည်။ ထို့နောက်တွင် အိုးများ၊ ပန်းကန်လုံးများ၊ ယောက်ချိုများထုတ်ကာ မြွေစွပ်ပြုတ်စတင်ချက်ပြုတ်တော့သည်။ တစ်ဖက်တွင် သူမသည် အကင်အိုးထုတ်ကာ အသားကင်ထားလေ သည်။
သူမသည် မြွေသားအနံ့ကို ရှုရင်း နေမထိ ထိုင်မသာဖြစ်လာသည်။ သူမ၏ လှုပ်ရှားမှုတိုင်းကို ဆရာများ သည် အပြင်မှကြည့်နေမည်မှာ အသေအချာပင်။
“သူ စိတ်အေးအေးပဲ” ဆရာများသည် သူမ၏ စိတ်လွတ်လပ်နေမှုကို ရယ်မောကာ ပြောဆိုနေကြသည်။
ကန္တာရတွင် ကြီးပြင်းခဲ့သော ထိုစပါးကြီးမြွေများ၏ အရသာကောင်းပုံမှာတော့ ပြောမနေနဲ့တော့… နူးညံ့ပြီး အရသာရှိလွန်းသည်။ ထည့်ပေါင်းပြောရလျှင် သူမ၏ လက်မှုပညာနှင့်လုပ်ထားသော ပစ္စည်းများကြောင့် ပင် မြွေသားစွပ်ပြုတ်နှင့် မြွေသားကင်သည် ပို၍ အရသာရှိခြင်းဖြစ်သည်။
“ဟင်းချက်အသုံးအဆောင်တွေကို သွားလေရာသယ်သွားတာ ဒီကလေးက အစားအသောက်ကြိုက်တဲ့ သူဖြစ်ရမယ်”
ရှီမာယူယူသည် သူ၏ လက်ရာများကို အေးဆေးစွာပင် အရသာခံလေသည်။ ရုတ်တရက်ပင် သူမ မျက်ခုံးများတွန့်သွားကာ အသားကင်အား ပါးစပ်ထဲထိုးထည့်လိုက်သည်။ “ဘယ်လောက်ကြာအောင် ဒီလိုဖြစ် နေမှာလဲ”
သူမ ပြောပြီးသည်နှင့် အဝါရောင် သဲမိစ္ဆာသည် မြေမှပေါ်လာလေသည်။ မီတာအနည်းငယ်မြင့်ကာ ပါးစပ်မှာ ဟောင်းလောင်းဖြစ်ပြီး အဝါရောင်သံများသည် သူ့ခန္ဓာကိုယ်မှ အဆက်မပြတ်ကျနေလေသည်။ ကြည့် လိုက်သည်နှင့်ပင် သာမန်ဝိဉာဉ်မိစ္ဆာမဟုတ်သည်ကို သူမ သိသည်။
“သေစမ်း ဒါဘယ်လိုဝိဉာဉ်မိစ္ဆာကြီးလဲ” ရှီမာယူယူသည် ထိုဝိဉာဉ်မိစ္ဆာအား ကြည့်ကာ တစ်စုံတစ်ခုအား အနံ့ရသွားလေသည်။
ဒီဝိဉာဉ်မိစ္ဆာ… ထူးဆန်းနေတယ်။
ထိုဝိဉာဉ်မိစ္ဆာဆီမှ ဒေါသနှင့် လူသတ်ချင်သည့် စိတ်အားထက်သန်မှုကို သူမ ခံစားမိသည်။ ထိုမိစ္ဆာသည် ဦးနှောက်ရှိသော သက်ရှိသတ္တဝါနှင့်တူသည်။ ဂူနှင့်တူသော သူ့မျက်လုံးများသည် သူမအား လူသေတစ်ယောက် ကဲ့သို့ ကြည့်လိုက်သည်။
လူသေဟုတ်လား။ ဘယ်သူသေမလဲဆိုတာ ကြည့်ကြတာပေါ့။
အပြင်ဘက်ရှိ ဆရာများသည် ဝိဉာဉ်မိစ္ဆာ၏ ပုံစံကို တွေ့ကြသည်။ သူတို့သည် တအံ့တသြဖြင့် ပြောလေ သည် “အဝါရောင်သဲမိစ္ဆာကို ဘယ်သူလွှတ်လိုက်တာလဲ”
“ငါတို့မဟုတ်ဘူး” ထိုနေရာအား တာဝန်ယူထားသော ဆရာ၂ယောက်သည် ခေါင်းရမ်းကြလေသည်။ သူတို့သည် ရှီမာယူယူအား စနောက်ရန် ဝိဉာဉ်မိစ္ဆာများစွာကိုသာ လွှတ်ပေးခဲ့သည်။ အဝါရောင်သဲမိစ္ဆာကို ဘယ်သူမှ မလွှတ်ဘူး”
“မကောင်းတော့ဘူး ဖန်တံလျှပ်က အထိန်းအချုပ်မဲ့နေပြီ” အနီရောင်ဝတ်ထားသော အမျိုးသမီးသည် မတ်တပ်ရပ်ကာ စားပွဲအား ရိုက်လိုက်သည်။
“ဘာတွေဖြစ်နေတာလဲ”
“တစ်ယောက်ယောက်ကတော့ ကျွန်မတို့ မှန်တံလျှပ် အဆက်အသွယ်ကိုပိတ်လိုက်ပြီနဲ့တူတယ်”
“အထဲက ဝိဉာဉ်မိစ္ဆာတွေက အထိန်းအချုပ်မဲ့နေပြီ”
ဒုကျောင်းအုပ်သည် အရင်ကကဲ့သို့ ပျော်ရွှင်နေပုံမပေါက်တော့ပေ။ သူမတ်တပ်ရပ်ကာ လက်ဆန့်ထုတ် ကာ ဖန်ဘောလုံးအား သူ့ဆီသို့ ရွေ့လိုက်သည်။
သူ ဖန်ဘောလုံးပေါ် လက်နှစ်ဖက်တင်ကာ ဖန်တံလျှပ်အား ထိန်းချုပ်ရန် ဝိဉာဉ်စွမ်းအင်များ ထည့်လိုက် သည်။
အခန်းထဲရှိ ဆရာများသည် စိုးရိမ်စွာဖြင့် သူ့အား ကြည့်နေခဲ့သည်။ သူတို့သည် သူအတွက် အနှောက်အယှက်ဖြစ်မည်စိုးသဖြင့် အသံတစ်သံမှ မထွက်ရဲကြပေ။
ခဏအကြာတွင် ဒုကျောင်းအုပ် မျက်လုံးဖွင့်လာသည်။ သူ့လက်ထဲမှ အနည်းငယ်လှုပ်ရမ်းမှုနှင့်အတူ ဖန်ဘောလုံးသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားလေသည်။
“ဖန်တံလျှပ်နဲ့ အဆက်အသွယ်ကတော့ ပြန်ကောင်းသွားပြီ၊ ဒါပေမဲ့ အစောက လွတ်သွားတဲ့ ဝိဉာဉ်မိစ္ဆာ တွေကတော့ ထိန်းချုပ်လို့မရပေမယ့် နောက်ကကောင်တွေကိုတော့ ထိန်းချုပ်လို့ရမယ်” တာဝန်ကျဆရာက ပြောလိုက်သည်။
“အထဲကအခြေအနေကို ကြည့်ကြဦး၊ သေခါနီးလူတွေကို ဖယ်လိုက်၊ ကျန်တဲ့ဟာတွေကတော့ နောက် ထပ်စမ်းသပ်မှုလို့ပဲ ထားလိုက်တော့” ဒုကျောင်းအုပ် ပြန်ထိုင်လေသည် “ကောင်းကင်ဂိုဏ်း စာမေးပွဲစစ်နေတာ ကို နှောင့်ယှက်ရဲတဲ့လူကို စုံစမ်းဖို့လူလွှတ်လိုက်”
“ဟုတ်ကဲ့ပါ ဒုကျောင်းအုပ်”
လူနှစ်ယောက်သည် အမိန့်ရပြီးနောက် အခန်းထဲမှထွက်သွားလေသည်။
ဖန်တံလျှပ်ထဲမှ လူများသည် အန္တရာယ်ရှိသော အခြေအနေနှင့် ရင်ဆိုင်ရသည်မှာတော့ အသေအချာ ပင်။ သူတို့သည် ဝိဉာဉ်မိစ္ဆာများကို မြင်သောအခါ စာမေးပွဲ၏ တစ်စိတ်တစ်ပိုင်းဟု ထင်ထားကြသည်။ ထိုသည် မှာ သူတို့ကိုတိုက်ဖို့အတွက် နတ်ဆိုးက စီစဉ်ထားသည်ကို မသိကြပေ။ သူတို့သည် သေဖို့ပင်နီးကပ်သွားကြ သည်။
အချိန်တိုအတွင်းတွင် လူတစ်ထောင်နီးပါး သေသွားကြသည်။ ဂိုဏ်းသည် တိတ်တဆိတ်ပင် အလောင်း များကို ရှင်းလင်းလိုက်သည်။
ဆရာများသည် သတိမလွတ်ရဲတော့ပေ။ သူတို့သည် အထဲမှ အခြေအနေများကို အာရုံစိုက်ကြည့်နေ ကြသည်။ လူတစ်ယောက် သေလုနီးပါးဖြစ်သွားသည်နှင့် သူ့ကို ဖယ်ထုတ်ရသည်။
ထွက်လာသောလူများသည် သူတို့သည် အခွင့်အရေးဆုံးရှုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် သူတို့အသက် မသေသောကြောင့် လုံးဝ စိတ်ပျက်သွားခြင်းမဖြစ်မိပေ။
ရှီမာယူယူသည် အနာတရမရှိသော အဝါရောင်သဲမိစ္ဆာကို သတိထားနေ၇သည်။ စိတ်ထဲမှ စိုးရိမ်မှုများ မြင့်တက်လာသည်။ သူမပင် ဒီလိုပြဿနာကြီးသော ဝိဉာဉ်မိစ္ဆာနှင့် တွေ့ရာ အားလုံး ကြောက်နေကြမည်ကို တွေးမိလေသည်။
တခြားသူများသည် တစ်ယောက်တည်းဖြစ်သော သူမလောက် ကံမဆိုးကြပေ။ အပို့ခံလိုက်ရသော နေရာများမှာ ကျပန်းဖြစ်သော်လည်း နီးစပ်ရာ အဖွဲ့များဖွဲ့ကြသည်။ တချို့လူများသည် တစ်ယောက်တည်း ဖြစ် ကြသည်။ သူမသည်လည်း ထိုတချို့ထဲတွင်ပါလေသည်။
ဖက်တီးကျူဘက်တွင် ၆ယောက်အဖွဲ့ရှိသည်။ ရှီမာယူလင်းနှင့် ကျန်လူများလည်း အတူမရှိသောလည်း တခြားလူများနှင့် ရှိကြသည်။ ထို့ကြောင်ပင် သူမသည် ကံအဆိုးဆုံးဖြစ်သည်။
“ယူယူ အဲဝိဉာဉ်မိစ္ဆာက အဝါရောင်သဲတွေနဲ့လုပ်ထားတာ၊ သူတို့ကို ဖျက်ဆီးလိုက်ရင ချက်ချင်းပြန်ထ လာမှာပဲ၊ ငါတို့တိုက်ခိုက်တာက အသုံးမဝင်ဘူး” ငှက်လေးသည် ထောက်ပြလေသည်။
“ဟုတ်တယ် သခင် ငါ့မီးကလည်း အသုံးမဝင်ဘူး” ရာဟွောင် ထပ်ပြောလေသည်။
ငှက်လေးနှင့် ရာဟွောင်တို့၏ စကားအတိုင်း ရှီမာယူယူလည်း သတိထားမိသည်။ သူမလည်း တူညီစွာ ထင်မြင်မိသည်။ အဝါရောင်သဲမိစ္ဆာ၏ လက်တစ်ဖက်ကို ဖြတ်လိုက်ပါကလည်း တစ်ဖက်အကောင်မှာ ဘာမှမဖြစ် ပေ။ အဝါရောင်သဲသည် ပြန်စုဝေးလာကာ နောက်တစ်ခုပြန်ဖြစ်လာသည်။
“ငါတို့ အစီအစဉ်ရှိဖို့လိုပြီ”
သူမစဉ်းစားကာ ဟာစွန်အား ဆင့်ခေါ်ချင်သည်။
ငှက်လေး ရွှေရောင်အတောင်ပံငှက်အဖြစ် တိုးတက်စဉ်က ဟာစွန်လည်း သွေးသားစွမ်းအင်ရခဲ့သည်။ မကြာခင်ကပင် သူသည် စွမ်းအင်များကို ဖြေးညင်းစွာ စုပ်ယူလာသဖြင့် ရှီမာယူယူသည် သူ့အား တိုက်ခိုက်ရန် အတွက် ဆင့်ခေါ်ခဲသည်။
သူ ပေါ်လာချိန်တွင် ဒီတစ်ကြိမ်တွင် ကျေးဇူးအတင်ဆုံးဖြစ်လေသည်။