အခန်း (၅၁၁)
Vol. 35 Ch. 511
ကျူးရင်ဟောခန်း။
ဤနေရာသည် လောကကြီးတွင်ရှိသော သူရဲကောင်းများစုဝေးရာနေရာဟု အဓိပ္ပါယ်ရ၏။
ဤဟောခန်းထဲတွင်တော့ စုစုပေါင်း ကျောင်းသားပေါင်း ၃၉ ယောက်ရှိ၏။ ၎င်းတို့သည် အခြားသော ဟောခန်းများကဲ့သို့ ကျောင်းသား ရာချီ မရှိသော်လည်း တစ်ယောက်ချင်းစီတိုင်းသည် အလွန်တရာ အားကောင်းပြီး မြင့်မားသည့် ပါရမီကို ပိုင်ဆိုင်ထားကြသည်။
ဥပမာအားဖြင့် စောနက အိပ်ချင်နေပုံရသော လူငယ်သည် ကောင်းကင်ဘုံမြို့၏ အဓိက မိသားစုကြီး ရှစ်ခုထဲမှ တစ်ခုဖြစ်သော ဟုန့် မိသားစု၏ သခင်လေးတစ်ယောက်ဖြစ်၏။
အခြားသော တော်တော်များများသည်လည်း အခြားသော နိုင်ငံများမှ မိသားစုများ၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်ကြတော့သည်။
ကြာပန်းနီ မင်းသမီးလေးဟု ခေါ်ဆိုသော မုန့်ဟောင်ရင် ဆိုလျှင် ကောင်းကင်ဘုံမြို့၏ မင်းသမီးတစ်ပါး ဖြစ်ပြီး ကျူးရင်ဟောခန်း၏ ကျောင်းသားတစ်ယောက်လည်း ဖြစ်သည်။ သို့ပေမဲ့ သူမသည် ကျောင်းဆင်းခါနီး ဖြစ်သည်မို့ ပုံမှန်အတန်းချိန်များကို လာရောက်တက်လေ့တက်ထ မရှိပေ။
သူမကို ထည့်၍ မတွက်ချက်လျှင်ပင် ကျူးရင်ဟောခန်းတွင် အဆင့်မြင့်ဆုံးသော ဂုဏ်သိက္ခာကို ပိုင်ဆိုင်သူမှာ ချူရှိုးနန်ပင် ဖြစ်တော့သည်။
ထိုသူသည် ချူမိသားစုမှ ဖြစ်ပြီး ကောင်းကင်ဘုံမြို့၏ အဓိက မိသားစုကြီး ရှစ်ခုထဲမှ ခေါင်းဆောင်မိသားစု ဖြစ်သော ချူမိသားစုမှ ဖြစ်၏။
ပြောရမည်ဆိုလျှင် ကျူးရင်ဟောခန်းထဲရှိကျောင်းသားများသည် အလွန်မြင့်မားလှသော အဆင့်အတန်းကြောင့် မည်သည့်ဆရာကမှ ၎င်းတို့အား သင်ပြပေးချင်စိတ် မရှိကြပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် အပြစ်ပေးရန် ခက်ခဲလှသူများ ဖြစ်နေသည် မဟုတ်လား။
ထို့အပြင် အားလုံးသည် ကြီးကျယ်ပြီး မောက်မာလွန်းလှ၏။ ထို့ကြောင့်ပင် သူတို့သည် သင်ယူရန်အတွက် သာမန်ဆရာများကို အလေးမထားသလို အထင်လည်းမကြီးကြချေ။
ဤကျူးရင်ဟောခန်း၏ ကျောင်းသားများအားလုံးသည် ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်များသည် ကောင်းမွန်လွန်းလှသူများဖြစ်သောကြောင့် ၎င်းတို့အား စည်းကမ်းတကျနှင့် အုပ်ချုပ်နိုင်ရန်ဆိုသည်မှာ အလွန်တရာ ခက်ခဲသည်။
စစ်တုဟောင်ယွင် ည် ထိုအဖွဲ့နှင့်ပတ်သက်၍ အလွန်တရာ ခေါင်းကိုက်လျက်ရှိနေပြီး ကျွင်းချောင်ရှောင်းသည် ဂုဏ်ပြုခံဆရာအဖြစ် လက်ခံလိုက်သည့် အချိန်မှာတော့ သူသည် ကျူးရင်ဟောခန်းနှင့် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။
"ကျောင်းအုပ်ကြီး"
ဒုကျောင်းအုပ်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ကျွင်းချောင်ရှောင်းက ပြသနာရှာရတာကို နှစ်သက်တယ်။သူသာ ကျူးရင်ဟောခန်းက ကျောင်းသားတွေကို သင်ကြားပြသပေးမယ်ဆိုရင် ပြသနာကြီးတစ်ခုခု ဖြစ်လာမှာကိုတောင် စိုးရိမ်မိတယ်"
ဘုန်း ဘုန်း။
ထိုအချိန်မှာပဲ အလွန်တရာ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာပြီး မြေပြင်နှင့် အဆောက်အဦ တစ်ခုလုံး တုန်ခါသွား၏။
"ဘာဖြစ်တာလဲ"
ဒုကျောင်းအုပ်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ပြီး အသံထွက်ပေါ်လာသည့် နေရာဆီသို့ အာရုံဖြန့်ကျက်ကာ ကြည့်ရှုလိုက်တော့သည်။
နောက်ဆုံးမှာတော့ ကျူးရင်ဟောခန်းဆီသို့ အကြည့်ရောက်သွား၏။
ဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် လက်သီးနှစ်ဖက်ဖြင့် နံရံအား ထိုးနှက်လျက်ရှိနေတော့သည်။
အလွန်တရာ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် ပေါက်ကွဲထွက်လာပြီး ကြီးမားသော စိတ်ဝိညာဉ်လှိုင်းများ ဖြစ်တည်လျက်ရှိသည်။
ခဏလောက်ကြာသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ရပ်တန့်လိုက်တော့၏။
အရာအားလုံးတည်ငြိမ်ပြီးသည့်နောက်မှာတော့ နံရံသည် အက်ကွဲကြောင်းများပင် ဖြစ်တည်နေသည်။
ထိုအက်ကွဲကြောင်းများကြားမှာတော့ ချူရှိုးနန် ရှိနေ၏။
သူ၏ နှာခေါင်းတစ်ခုလုံးသည် ယောင်ကိုင်းလျက်ရှိပြီး မျက်နှာတစ်ခုလုံးသည်လည်း မို့ဖောင်းနေ၏။ ပါးစပ်ထဲမှ အမြုပ်တစ်ချို့ပင် ထွက်ပေါ်နေသည်။
"ကျောင်းအုပ်ကြီး"
ဒုကျောင်းအုပ်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။ "ဂိုဏ်းချုပ်ကျွင်းကတော့ ချူရှိုးနန်ကို ရိုက်နှက်လိုက်ပြီ။"
"တကယ်လား
စစ်တုဟောင်ရန် ရယ်လိုက်၏။
ကျောင်းအုပ်ကြီး အဘယ့်ကြောင့် ရယ်နေရသနည်း။ ဤကဲ့သို့သော အခြေအနေမျိုးတွင်တောင်မှ ရယ်နေနိုင်သေးသည်။
ဒုဂိုဏ်းချုပ်သည် တီးတိုးပြောလိုက်သည်။ "တကယ်လို့ ဆရာက ကျောင်းသားတစ်ယောက်ကို ရိုက်နှက်တယ်ဆိုရင် ကောင်းကင်ဘုံကျောင်းရဲ့ ဂုဏ်သိက္ခာက သက်ရောက်လာမယ် မဟုတ်လား"
"ဘောလို့ ထွက်သွားရတာလဲ"
"အိပ်ချင်နေပြီ …. အိပ်လိုက်အုံးမယ်..."
ဒုဂိုဏ်းချုပ်သည် တည်နေရာမှာတင် တွေတွေကြီးရပ်ကာ ကျန်ခဲ့တော့သည်။ သူ၏ အမူအရာများသည်လည်း ဆွံ့အလျက်ရှိသည်။
သူတွေးလိုက်မိသည်။
"ကျွင်းချောင်ရှောင်းကို ကျောင်းထဲမှာ လုပ်ချင်တာ လုပ်ခွင့်ပေးထားတာ ထင်တယ်"
စစ်တုဟောင်ယွင် သည် အဓိကဟောခန်းထဲမှ ထွက်လျှောက်သွားပြီးနောက်မှာတော့ သက်ပြင်းချကာ ပြောလိုက်သည်။ "ငါသာ ကျောင်းအုပ်ကြီးဆိုတဲ့ ဂုဏ်ပုဒ် ရှိမနေဘူးဆိုရင်လည်း အဲဒီချူမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကို ရိုက်နှက်မိတာ ကြာပေါ့...."
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံတစ်ခုပေါ်သို့ ခြေထောက်တင်ကာ အေးစက်စက် ကြည့်လိုက်သည်။ "မင်းတို့အနေနဲ့ ငါ သင်ကြားပြသနေတုန်း စကားများတာမျိုး ၊ အကြီးအကဲတွေကို လေးစားမှု ကင်းမဲ့တာမျိုး လုပ်မယ်ဆိုရင် ဒီကောင်လိုပဲ အဆုံးသတ်သွားလိမ့်မယ်"
အားလုံးသည် တုန်ရင်သွားကြ၏။
သူတို့၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်တုန်လှုပ်မှုများနှင့် ြ့ပည့်နှက်သွားတော့သည်။
မည်သည့်စကားမှ မဆိုဘဲ သခင်လေးချူအား ဆွဲ၍ ရိုက်နှက်ခဲ့တော့သည်။ ဤလူသည် အလွန်တရာ ကြမ်းတမ်းလွန်း၏။
ဘုန်း
ကျောင်းသားတစ်ယောက်သည် စားပွဲခုံကို ရိုက်နှက်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ကျွင်းချောင်ရှောင်း ခင်ဗျားက အနိုင်ကျင့်ပြီး ကျောင်းသားတွေကို သင်ကြားပြသပေးဖို့ ဆိုတာက …."
ဘုန်း
ပြောပြီးပြီးချင်းမှာပဲ ကျွင်းချောင်ရှောင်း၏ လက်သီးသည် ထိုသူ၏ မျက်နှာပေါ်သို့ ကျဆင်းသွားတော့သည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် အမြှောက်ဆံကဲ့သို့ လွင့်စင်၍ နံရံနှင့် ထိမှန်သွားတော့သည်။
အားလုံးသည် အသက်ကိုပင် ရဲရဲ မရှုရဲကြတော့ပေ။
ကျွင်းချောင်ရှောင်းသည် လက်သီးကို ပြန်ရုတ်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်တော့သည်။ "ငါ့ကို သံသဝင်နေတဲ့ လူတွေအကုန်လုံးက ဒီသံလက်သီးနဲ့ မိတ်ဆက်သွားရလိမ့်မယ်။"
မင်းသမီးလေးကြာပန်းနီသည် ဆွံ့အသွားရ၏။
ဂိုဏ်းချုပ်ကျွင်းသည် ကျောင်းသားများအား လာရောက် သင်ကြားပေးရန် ရောက်ရှိလာသည်လား၊ လာရောက်ရိုက်နှက်နေသည်လားပင် သူမ မသိရှိတော့ချေ။
"ဒါက များသွားပြီ"
ဘုန်း
"ကျုပ်အနေနဲ့ ပြောချင်တာက …"
ဘုန်း
"ဒီလိုမျိုး အနိုင်ကျင့်ခံရတာထက်စာရင် သေသွားတာကမှ …"
ဘုန်း
ချက်ချင်းဆိုသလိုပဲ ၎င်းတို့၏ အထင်အမြင်များကို ထ၍ ပြောခဲ့သော ကျောင်းသား ဆယ်ယောက်တို့သည် သံလက်သီးနှင့် မိတ်ဆက်ခြင်းကို ခံလိုက်ရ၏။
ကျွင်းချောင်ရှောင်းသည် စင်မြင့်ပေါ်သို့ အသာလှမ်းလျှောက်လာ၍ အေးစက်စက်ဖြင့် တစ်ခြားသော ကျောင်းသားများအား ကြည့်လိုက်သည်။ "လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ဒါပေမဲ့ တစ်ခုခု ပြောတော့မယ်ဆိုရင် ဦးနှောက်ကို အလုပ်ပေးကြပေါ့..."
အားလုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားကြ၏။
လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည် ဟု ဆိုသည်။သို့ပေမဲ့ ပြောချင်ရာ ပြောမည်ဆိုလျှင် ကျိန်းသေပေါက် ရိုက်နှက်ခံရပေလိမ့်မည်။
"ကျယ်ကျယ်ပြောကြ"
ကျွင်းချောင်ရှောင်း အော်လိုက်၏။ "ဘယ်သူက ငြင်းချင်သေးလဲ"
ပျင်းရိလေးကန်နေသော လူငယ်သည် ရုတ်တရက်ထရပ်ပြီး ပြောလိုက်၏။
"ဆရာဂိုဏ်းချုပ်ကျွင်း ကျွန်တော် မငြင်းပါဘူး။"
"ဂိုဏ်းချုပ်ဆိုတဲ့ စကားလုံးကို ဖယ်လိုက်"
"ဆရာဂိုဏ်းချုပ်.. ကျွန်တော်မငြင်းပါဘူး"
ဘုန်း
ကျွင်းချောင်ရှောင်းသည် ထိုသူအား လွင့်စင်သွားအောင် ထိုးနှက်လိုက်၏။ ပြီးနောက် အော်လိုက်သည်။ "ငါပြောနေတာ ကျွင်းကို ဖယ်ခိုင်းတာ မဟုတ်ဘူး။ဂိုဏ်းချုပ်ကိုဖယ်ခိုင်းတာ"
ထိုလူငယ်သည် နံရံနှင့် တိုက်မိပြီးနောက် ပါးစပ်မှ အမြုပ်များထွက်လာသည်။
"ကျွန် …ကျွန်တော် နားလည်ပါပြီ..."
ကျွင်းချောင်ရှောင်း ရောက်ရှိလာပြီးသည့်နောက် ကျူးရင်ဟောခန်းတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက် သွားတော့သည်။
သူ့အနေနှင့် ထိုကဲ့သို့ လမ်းညွှန်ပြသပေးချင်သည် ဆိုလျှင် ပထမဆုံးအနေနှင့် လိမ္မာ၍ နာခံတတ်သွားအောင် ပြုလုပ်ဖို့လိုသည်။ ထိုသို့ ပြုလုပ်ရန် အကောင်းဆုံးနည်းလမ်းမှာ ရိုက်နှက်ခြင်းပင် ဖြစ်တော့၏။
သူခန့်မှန်းခဲ့သည်မှာ အမှန်ပင် ဖြစ်တော့သည်။
ရိုက်နှက်ခံရပြီးသည့်နောက်မှာတော့ ကျောင်းသားများသည် အလွန်လိမ္မာသော ကျောင်းသားများကဲ့သို့ ခပ်မတ်မတ် ထိုင်လျက်ရှိနေတော့သည်။
ပြောရမည်ဆိုလျှင် အရိုက်ခံချင်သူအား ရိုက်နှက်လိုက်ခြင်းသည် အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
ချူရှိုးနန်၏ မျက်လုံးထဲတွင် အမုန်းတရားများနှင့် ပြည့်နက်နေသည်ဆိုသော်လည်း သူသည် ခေါင်းမှာ ထွက်လျက်ရှိသော ဘုကြီးကို ကိုင်၍ ခပ်မတ်မတ်ထိုင်နေ၏။ သူတွေးလိုက်မိသည်။ "ငါဒီကိစ္စကို မှတ်ထားမယ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏ "ငါက အချိန်ရတုန်း သိုင်းပညာနဲ့ ပတ်သက်တဲ့ လမ်းညွှန်ပြသမှုတွေကို ပြုလုပ်ပေးမယ်။မင်းတို့ ဒီအတွက် ဂုဏ်ယူသင့်တယ်။"
ကျောင်းသားများအားလုံးသည် စိတ်ထဲမှာတော့ အထင်အမြင်သေးနေကြသည်။
၎င်းတို့သည် ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်ကို ကောင်းကောင်း သိကြသည်။ ထို့အပြင် ဓားနှင့်သိုင်းဘုရင်ဆိုသည်ကိုလည်း သိရှိ၏။ သို့ပေမဲ့ ဆရာတစ်ယောက်အနေနှင့် သူတို့သည် အထင်မကြီးကြချေ။
သူတို့နှင့် အသက်ရွယ်တူရှိသော လူတစ်ယောက်သည် ကျင့်ကြံခြင်းတွင် အားကောင်းလှသည်ဆိုသော်လည်း သိုင်းပညာများကို လမ်းညွှန်ပေးနိုင်ဖို့အတွက် အတွေ့အကြုံက မည်ကဲ့သို့ ရှိမည်နည်း။ ထို့ကြောင့် ကျူးရင်ဟောခန်းတွင် ရှိသော ကျောင်းသားများအားလုံးသည် ကျွင်းချောင်ရှောင်းကို အသိအမှတ်မပြုပေ။
"အချိန်က အကန့်အသတ်ရှိတယ်"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်းတို့ဆီမှာ သိုင်းပညာနဲ့ပတ်သတ်တဲ့ ပြဿနာတွေ ရှိတယ်ဆိုရင် ချက်ချင်းထမေး။ တစ်ယောက်ချင်းစီအားလုံးကို ဖြေပေးမယ်"
"ဆရာကျွင်း"
စောနတုန်းက ပျင်းရိလေးကန်နေသော ဟုန့်လင် သည် လက်ရှိအခြေအနေမှာတော့ အင်ပြည့် အားပြည့်နှင့် တက်ကြွ လန်းဆန်းလျက်ရှိနေသည်။ "ကျွန်တော့်ဆီမှာ သိုင်းပညာနဲ့ ပတ်သက်တဲ့ ပြသနာတစ်ခုရှိတယ်။တိုင်ပင်ချင်ပါတယ်"
"ပြော"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဟုန့်လင် သည် သူကြုံတွေ့နေရသော အခက်အခဲအား တစ်ခါတည်း ပြောပြလိုက်တော့၏။
အသိအမြင်အဆောင်အား ချိုးချေပြီဖြစ်သော ဂိုဏ်းချုပ်ကျွင်းသည် သိုင်းနည်းစနစ်၏ မန္တန်တွင်ရှိသော ဟာကွက်များအား သေသေချာချာ ထုတ်ဖော်၍ ရှင်းလင်းပြောကြားလိုက်သည်။
"သိပြီ … သိပြီ"
ဟုန့်လင် သည် ဉာဏ်အလင်းပေါက်သွား၏။
သူ၏ မျက်လုံးထဲတွင်တော့ အလွန်တရာ ချီးကျူးသော အရိပ်အယောင်များနှင့် ပြည့်နက်သွားတော့သည်။ "ဆရာကျွင်းရဲ့ လမ်းညွှန်ပြသပြီးတဲ့နောက်မှာ ဒီတပည့်က ဉာဏ်အလင်းရသွားတယ်"
ဟန့်။
ရှိရှိသမျှသော လူများသည် နှာခေါင်းရှုံ့ကာ တီးတိုး ပြောလိုက်တော့သည်။ "အထက်ဖား အောက်ဖိကောင်"
"ဆရာကျွင်း"
ကျောင်းသားတစ်ယောက်က ပြောလိုက်သည်။ "ကျွန်တော့်ဆီမှာလည်း သိုင်းပညာနဲ့ ပတ်သက်တဲ့ အခက်အခဲရှိတယ်"
"ပြောပါ"
"ဂိုဏ်းချုပ်ကျွင်း ကျွန်တော့်ဆီမှာလည်း ရှိတယ်။"
"ဂိုဏ်းချုပ်ကျွင်း"
ကျောင်းသားများသည် တစ်ယောက်ပြီးတစ်ယောက် မေးမြန်းတော့၏။
ကျွင်းချောင်ရှောင်းသည် တစ်ယောက်ချင်းစီတိုင်းအား မငြင်းပယ်ခဲ့ချေ။ တစ်ယောက်ချင်းချင်းစီတိုင်းအား သေသေချာချာ ဉာဏ်အလင်းရရှိအောင် ရှင်းပြနေသည်။
ဘေးတွင် တစ်ချိန်လုံး ရပ်ကြည့်နေသော မင်းသမီးလေး ကြာပန်းနီ၏ မျက်လုံးထဲမှာတော့ အံ့အားသင့်မှုများနှင့် ပြည့်နက်နေသည်။ သူမသည် စဉ်းစားလိုက်မိ၏။ ကောလဟာလအတိုင်းပဲ သူ့ရဲ့ သိုင်းပညာနဲ့ ပတ်သက်တဲ့ တာအိုက အလွန်မြင့်မားနေတာပဲ။
"ဆရာကျွင်း"
ထိုအချိန်မှာတော့ ချူရှိုးနန်သည် ထူးမခြားနားသလို ပြောလိုက်သည်။ "ခင်ဗျားက အသိပညာတွေ ဗဟုသုတတွေ ရှိတယ်။ခင်ဗျားသင်ပေးလိုက်တဲ့ တပည့်တွေကလည်း အရမ်းအားကောင်းလိမ့်မယ် ဟုတ်တယ်မလား"
"ဟုတ်တာပေါ့" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ချူရှိုးနန်သည် ထူးမခြားနားသလို ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းတပည့်တစ်ယောက်နဲ့ လက်ရည်စမ်းခွင့် ရမလား သိချင်ပါတယ်"
ဟား ဟား ဟား။
ဒီကောင်လေးက တကယ်ပဲ ငါ့ရဲ့ တပည့်တွေကို စိန်ခေါ်ချင်နေတာလား။ရဲရင့်တယ်လို့ ပြောရမယ်။