← Chapters

အခန်း (၅၁၃)

Vol. 35 Ch. 513

အခန်း (၅၁၃)

Vol. 35 Ch. 513

“သူရဲကောင်းစာရင်း ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကြားဖူးသလိုလိုဖြစ်နေသည်။

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။ “ဒါက ကျောင်းမှာရှိတဲ့ ကျောင်းသားတွေရဲ့ ကျင့်ကြံခြင်းနှင့် အားအင်အဆင့်ကို တွက်တာလေ၊ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးရဲ့ သူရဲကောင်းစာရင်းနဲ့ ဆင်တူတယ်”

“ကျုပ်သိပြီ”

ကျွင်းချောင်ရှောင်းသည် လှမ်းလျှောက်ကာ ထွက်သွားသော ကျင်းဝူကူး ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ဒီလူကတော့ မဆိုးဘူး”

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။

“ကျောင်းရဲ့ ထိပ်တန်းသူရဲကောင်းဆယ်ယောက်စာရင်ထဲကို ဝင်တဲ့လူတွေ အကုန်လုံးက ကြယ်ကြွေကုန်းမြေ တိုက်ကြီးရဲ့ သူရဲကောင်းစာရင်းကို ဝင်နိုင်တယ်လေ”

“ဒီလိုလား”

ဤအရာသည် ကျွင်းချောင်ရှောင်းအား အံ့အားသင့်မိသွား၏။ ဟွာတောင်ပေါ်တွင် တွေ့ဆုံခဲ့သော ဟိုက်ချင်ဂိုဏ်း၏ တပည့် ကျန့်ရှန်းစစ်သည် မြေကမ္ဘာအဆင့် ရှစ်ဆယ့်ကိုးတွင် ရှိခဲ့သူဖြစ်သည်။ ယခု မြေကမ္ဘာအဆင့်သို့ ဝင်ရောက် နိုင်သူ ဖြစ်သည့် ကျောင်း၏ သူရဲကောင်းဆယ်ယောက်စာရင်းထဲ ဝင်ရောက်နိုင်သူ၏ အားအင်နှင့် ပင်ကိုယ်စွမ်းရည်သည် သာမန် ထက်ပို၍ သာလွန်နေပေလိမ့်မည်။

“ဒါက စီနီယာကျင်းပဲ၊ သူတံခါးပိတ်ကျင့်ကြံနေတာမဟုတ်လား ဘာလို့ ထွက်လာတာလဲ”

“သူ့ရဲ့အော်ရာတွေကို ကြည့်မယ်ဆိုရင် သိုင်းစစ်သူကြီးအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားပုံပဲ”

သူရဲကောင်းစာရင်းတွင်ရှိသော ကျောင်းသားများအားလုံးသည် ချီးကျူးသလို ကြည့်မိလိုက်ကြ၏။ သူရဲကောင်း စာရင်းတွင်ရှိသော ကျောင်းသားများအားလုံးသည် အားလုံး၏ အထင်ကြီးလေးစားခြင်းကို ခံခဲ့ရသူများ ဖြစ်သည်။

အားလုံး၏ အကြည့်အောက်မှာတော့ ကျင်းဝူကူး သည် ရပ်တန့်လိုက်၏။ သူ၏ ဆံပင်ရှည်များသည် နောက်သို့ ဖြန့်ချထားသည်။ သူကပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်က ခင်ဗျားရဲ့ ဂျူနီယာကို စိန်ခေါ်ချင်တယ်”

ဘန်း

သူ၏မျက်နှာပေါ်သို့ သံလက်သီးတစ်ခု ကျဆင်းလာတော့သည်။ သူသည် အပြင်ဘက်နံရံဆီသို့ လွှင့်စင်သွား၏။

“မှတ်ထား”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ လေးလေးနက်နက် ပြောလိုက်၏။ “ငါ့ကို ဆရာကျွင်းလို့ခေါ်”

နံရံထဲတွင် ကပ်လျက်ရှိနေသော ကျင်းဝူကူး သည် အားပျော့သည့်အသံနှင့် ပြောလိုက်၏။

“ကျုပ် … ကျုပ်နားလည်ပါပြီ”

ဟုန့်လင်နှင့် တခြားသူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ ဤဆရာသည် အမှန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ စကားနှင့်မပြောဘဲ လက်ကအရင်ရောက်သူပင်ဖြစ်၏။ သံမဏိအရိုးဂိုဏ်းမှ တပည့်များ အားလုံးသည် အိမ်မက်ဆိုးများကြားထဲတွင် နေထိုင်အသက်ရှင်ရသည့်ပုံပေါ်၏။

တကယ်တမ်းမှာတော့ ဤအရာနှင့် အလွန်တရာ ခြားနားလွန်းနေသည်။ ဂိုဏ်းချုပ်ကျွင်းသည် သူ၏ တပည့်များအား ပိုးလိုမွေးမြူသူသာ ဖြစ်သည်။

“ကောင်လေး”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလိုပြောလိုက်သည်။ “ငါတပည့်တစ်ယောက်တည်းကိုပဲခေါ်လာတာ၊ မင်း စိန်ခေါ်ချင်တယ်ဆိုရင် သံမဏိအရိုးဂိုဏ်းကို သွားပြီးတော့ သွားစိန်ခေါ်လိုက်”

သူရဲကောင်းစာရင်း၏ ထိပ်ဆုံးဆယ်ယောက်စာရင်းထဲတွင် ပါဝင်သော ပါရမီရှင်သည် အလွန်တရာ အားကောင်း လှ၏။ ထို့ကြောင့် သူ့အနေနှင့် လျှိုဝမ်ရှစ်နှင့် တိုက်ခိုက်ခိုင်း၍ မဖြစ်ချေ။

“ကောင်းပြီ”

ကျင်းဝူကူး သည် သူ၏ ရောင်ကိုင်းနေသော မျက်နှာအား အသာပွတ်သပ်၍ စိတ်ဆုံးဖြတ်ထားသောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ကျုပ် သံမဏိအရိုးတောင်ဆီကို သွားမယ်”

ဤမိန်းကလေးသည် ဂျူနီယာချူကိုပင် အနိုင်ယူနိုင်သည်ဆိုလျှင် သံမဏိအရိုးဂိုဏ်းမှာရှိသော အရွယ်ရောက်ပြီး သား တပည့်များအားလုံးသည် ပိုမို၍ သန်မာအားကောင်းလာပေလိမ့်မည်။ သူဘာပဲဖြစ်ဖြစ် သွား၍ ယှဉ်ပြိုင်ကြည့်မှာ ဖြစ်မည်။ သာမန်ထက်ပိုသော ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်နှင့် ပါရမီရှင် တစ်ယောက်သည် အလွန်တရာအားကောင်းလှသော ပါရမီရှင်များနှင့် ယှဉ်ပြိုင်ချင်သည်မှာ သဘာဝပင် ဖြစ်တော့သည်။

သို့ပေမဲ့ ကျင်းဝူကူး အနေနှင့် တကယ်တမ်း သံမဏိအရိုးဂိုဏ်းဆီသို့ သွားမည်ဆိုပါက မိမိကိုယ်ကို အထင်ကြီး လေးစားစိတ်များ လုံးဝပျောက်ကွယ်သွားသည်အထိ နှိပ်စက်ရိုက်နှက်ခံရမည်မှာ သေချာ၏။ အဘယ်ကြောင့် ဆိုသော် ဂိုဏ်းထဲသို့ဝင်ရောက်လိုက်သည်နှင့်တပြိုင်နက် သံမဏိအရိုးဂိုဏ်းမှ တပည့်များ အားလုံးသည် လူသားများမဟုတ်ပဲ မွန်းစတားများ ဖြစ်နေကြောင်း သူနက်နက်နဲနဲ နားလည်သွားပေလိမ့်မည်။ သံမဏိ အရိုးတောင်ဆီမှ လုံလုံခြုံခြုံ အန္တာရယ်ကင်းကင်းနှင့် ပြန်လည် ထွက်ခွာနိုင်စေဖို့ ကြိတ်ကာဆုတောင်းနေရမည်။

“အတန်းကိုစ”

ကျွင်းချောင်ရှောင်း အော်လိုက်၏။

ရွှီး … ရွှီး

ဟုန့်လင်နှင့် တခြားသူများသည် မြန်မြန်ဆန်ဆန်ပဲ အတန်းထဲသို့ ပြန်ဝင်လာကြ၏။ ပြီးနောက် စားပွဲရှေ့တွင် ထိုင်လိုက်ကြ၏။

မူးဝေဝေဖြစ်နေသော ချူရှိုးနန်သည်လည်း ထိုင်ချလိုက်၏။ ထိုအချိန်မှာတော့ ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာတရားများသည် အပိုင်းပိုင်း ကျိုးပြတ်ခဲ့ပြီဖြစ်၏။ သူ့အနေနှင့် စားပွဲပေါ်တွင် လှဲ၍သာ နေလိုက်ချင်တော့သည်။ သူသည် လျှိုဝမ်ရှစ်ကိုပင် မရိုက်နှက်နိုင်ခဲ့ချေ။ သို့ပေမဲ့ ကျောင်းသို့ ရောက်ရှိ လာမည့် ကျွင်းချောင်ရှောင်းအား စိန်ခေါ်ချင်စိတ် ရှိခဲ့သည်။

မိသားစုကြီးများမှ တိုက်ရိုက်မျိုးဆက်များသည် ဤမျှ မောက်မာခဲ့မိကြ၏။

.........

အသိအမြင်အဆောင်ကို ချိုးချေခဲ့ပြီးသော ဂိုဏ်းချုပ်ကျွင်းသည် ကျောင်းသားများ၏ မေးမြန်းလာသော မေးခွန်း များကို တစ်ခုချင်းစီ ပြန်လည်ဖြေကြားလျက်ရှိသည်။ သူသည် ဂုဏ်ပြုခံနည်းပြတစ်ယောက်အဖြစ် သဘောတူညီ ပြီးပြီဖြစ်သောကြောင့် လေးလေးနက်နက်နှင့် ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။

တခြားသောခန်းမများဆီမှ ကျောင်းသားများသည် ထိုသတင်းကိုကြားတော့ ကျူးရင်ဟောခန်းတွင် လာရောက် စုဝေးလျက်ရှိကြသည်။ အချိန်တိုအတွင်းမှာပဲ ကျောင်းသားတစ်ရာကျော်နီးပါးတို့သည် အတန်းပြင်ပတွင် စုဝေး လျက်ရှိနေကြတော့သည်။ ထိုအထဲတွင် ကောင်းကင်ဘုံကျောင်းက နည်းပြများလည်း ပါဝင်လျက်ရှိသည်။

ပထမတွင် အသက်ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ်လောက်သာရှိသော လူငယ်လေးတစ်ယောက်သည် သိုင်းပညာတာအို မည်မျှ နက်နဲကြောင်း စိတ်ဝင်စား၍ လာရောက်စပ်စုကြခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ လမ်းညွှန်ပြသမှုကို မြင်ချိန်မှာတော့ သူတို့အားလုံးသည် အမှန်တကယ်ပင် ချီးကျူးမိကြသည်။

မည်သည့် သိုင်းနည်းစနစ်၊ မည်သည့် ကျင့်ကြံခြင်းနည်းစနစ်ကိုမဆို အတွင်းမှ အပြင်၊ အပြင်မှ အတွင်း သေသေချာချာ နက်နက်နဲနဲ နားလည်နေပြီး မှန်ကန်သည့် လမ်းများကို ပြသလျက်ရှိသည်။ ဤအရာသည် ကျိန်းသေပေါက် သိုင်းတာအိုကို ပိုင်နိုင်သည့်လူတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။

မင်းသမီးလေး ကြာပန်းနီက တီးတိုးရေရွတ်လိုက်မိသည်။ “သံမဏိအရိုးဂိုဏ်းက အချိန်တိုအတွင်းမှာ ထင်ရှားကျော်ကြားလာတာ အကြောင်းအရာမဲ့ မဟုတ်ဘူးပဲ”

“မိန်းကလေးလျှို”

သူမသည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက ဂိုဏ်းထဲမှာ သင်ကြားပြသမှုတွေ လုပ်သေးလား”

ဟင်

သူမ နှစ်ခြိုက်သဘောကျရသောသူသည် သူမကို ရုတ်တရက် စကားလာပြောချိန်မှာတော့ လျှိုဝမ်ရှစ် အလွန်တရာ စိတ်လှုပ်ရှားနေမိတော့၏။ ပြီးနောက် သူမသည် ပြန်ပြောလိုက်သည်။ “မပြပါဘူး၊ ဂိုဏ်းချုပ်က အရမ်းကို အလုပ်များတယ်လေ၊ ဒါကြောင့်မို့လို့ တစ်ခါမှတောင် သင်ကြားပြသမှုမျိုး မလုပ်ခဲ့ဘူး”

ဤအရာသည် အမှန်ပင်ဖြစ်သည်။ ဂိုဏ်းထဲတွင် ကျွင်းချောင်ရှောင်းသည် တပည့်များ၏ လေ့ကျင့်ခြင်းကို စောင့်ကြည့်အကဲဖြတ်သည်မှလွဲ၍ တပည့်များအား သင်ကြားပြသခြင်းများကို မလုပ်ချေ။

သူ့အနေနှင့် သင်ကြား မပြသချင်၍ မဟုတ်ပေ။ အသိအမြင်အဆောင်သည် စနစ်ဆီမှ ဝယ်ယူထားသော သိုင်းနည်းစနစ်များကို အကျိုး သက်ရောက်မှု မရှိချေ။ ထို့ကြောင့် သူ့အနေနှင့် သင်ကြားပြသမှု မပြုလုပ်နိုင်ခြင်းပင်ဖြစ်သည်။ ကံကောင်းစွာဖြင့် စနစ်ဆီမှ သိုင်းနည်းစနစ် တော်တော်များများသည် သင်ယူရန် လွယ်ကူလွန်းလှပြီး သံမဏိအရိုးဂိုဏ်းတပည့်များအနေဖြင့် မိမိဘာသာ သင်ယူတတ်မြောက်နိုင်ကြ၏။

မင်းသမီးလေး ကြာပန်းနီမှာတော့ အလွန်တရာ အံ့အားသင့်သွားသည်။ ချုရှိုးနန်အား မည်သည့်လမ်းညွှန်ပြသမှုမှ မရှိဘဲ အနိုင်ရအောင် တိုက်ခိုက်ဖို့အတွက် ဤမိန်းကလေးသည် မည်သို့ပြုလုပ်ခဲ့သနည်း။

သံမဏိအရိုးဂိုဏ်း၏ ထူးခြားချက်သည် သိုင်းနည်းစနစ်များကို သင်ပေးရမည့် ဆရာအပေါ်တွင် မမူတည်ချေ။ များပြားလှသော အရင်းအမြစ်များကို အသုံးပြု၍ မိမိကိုယ်ကို ပိုမိုတိုးတက်လာစေရန် ကြိုးစားရခြင်းပင်ဖြစ်သည်။

ဟုတ်ပေသည်။ နင်ညီအစ်ကိုတို့သည် အကြီးအကဲများဖြစ်လာပြီးသည့်နောက် တပည့်များကို သေသေချာချာနှင့် ကောင်းကောင်းမွန်မွန် ညွှန်ကြားပြသလျက်ရှိနေကြ၏။

........

နှစ်နာရီလောက် ကြာပြီးသည့်နောက်မှာတော့ အသိအမြင်အဆောင်၏ အကျိုးသက်ရောက်မှုသည် ပျောက်ကွယ် သွားပြီဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာပြောလိုက်၏။ “အတန်းသားတို့... ဒီနေ့လမ်းညွှန်ပြသမှုက ဒီမှာ အဆုံးသတ်ပြီ၊ အတန်းကို ရုတ်သိမ်းပါပြီ”

ဝှစ်

ဟုန့်လင်နှင့်တခြားသူများသည် မတ်တပ်ရပ်ကာ ကျယ်လောင်စွာ ပြောလိုက်၏။ “ဆရာကျွင်း... သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“မင်းတို့က သင်ကြားပြသရလွယ်တာကိုး”

ကျွင်းချောင်ရှောင်းသည် သဘောတကျဖြင့် ခေါင်းညိတ်ပြီး အတန်းအပြင်ဘက်သို့ လျှောက်ထွက်သွားတော့သည်။

အပြင်ဘက်တွင်ရှိသော ကျောင်းသားများအားလုံးသည် လမ်းဖယ်ပေးလိုက်ကြ၏။ သူတို့၏ မျက်လုံးထဲတွင်တော့ အလွန်တရာ ချီးကျူးသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။

သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ အပြင်ဘက်တွင် သူသည် ကျောင်းအကြီးအကဲ၏ လေဟာနယ်လက်ဝါးရိုက်ချက်ကို အနိုင်ယူခဲ့သည်။ ယခုအချိန်မှာတော့ အလွန်တရာနက်နဲလှသော သိုင်းနည်းစနစ်များကို ထုတ်ဖော်၍ ခဲ့သည့်အပြင် ကျောင်းသားများ၏ အခက်အခဲမှားကို လမ်းညွှန် သင်ကြား ပြသလျက်ရှိသည်။ ထို့ကြောင့် ကျောင်းကလူများ၏ ချီးကျူးမှုများသည် အဆုံးမဲ့သောမြစ်တစ်စင်းကဲ့သို့ ပင် သူ့ဆီစီးဆင်းလျက်ရှိတော့သည်။

ဧည့်ခန်းမဆီသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက်မှာတော့ မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းရဲ့ သိုင်းတာအိုအပေါ် နားလည်မှုက တကယ့်ကို နက်နဲတာပဲ”

“ဟုတ်လား” ကျွင်းချောင်ရှောင်းသည် အသာပြုံးကာဖြင့် ပြောလိုက်၏။

ပြောရမည်ဆိုလျှင် သူသည် အဘယ်ကြောင့် မင်းသမီး လေး ကြာပန်းနီအား ဂိုဏ်းသားအဖြစ် ခေါ်ယူရန် ထပ်မံမပြောဆိုသေးသနည်း။ မလိုအပ်သောကြောင့်ပင် ဖြစ်သည်။ သူသည် ပထမဦးဆုံး အလွန်တရာအားကောင်းလှသော သိုင်းနည်းစနစ်ကို ထုတ်ဖော်ပြသခဲ့၏။ ပြီးနောက် နက်နဲလွန်းသော သိုင်းတာအိုနှင့်ပတ်သက်ပြီး ဗဟုသုတများကို ပြောဆိုပြသခဲ့ပြီဖြစ်သည်။ ဤအရာကိုမှ သူမ စိတ်မလှုပ်ရှားပါက မည်မျှကြိုးစားကြိုးစား အသုံးဝင်နိုင်မည် မဟုတ်ချေ။

“ဂိုဏ်းချုပ်ကျွင်း”

မင်းသမီးလေး ကြာပန်းနီက ပြုံး၍ ပြောလိုက်သည်။ “မိန်းကလေးလျှိုက ရှင့်ရဲ့ လမ်းညွှန်ပြသမှုအောက်မှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းကို အားကောင်းနေပြီ၊ ကျွန်မအရမ်းသိချင်မိတယ်၊ သံမဏိအရိုးဂိုဏ်းက တပည့်တွေက ပိုပြီးအားကောင်းကြလား”

“ကျုပ်တပည့်တွေက ဘာမှသုံးမရပါဘူး၊ ကောင်းကင်ဘုံကျောင်းက ကျောင်းသားတွေနဲ့ ဘယ်နှိုင်းယှဉ်လို့ရမှာလဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို နှိမ့်ချလွန်းတာပဲ”

မင်းသမီးလေး ကြာပန်းနီက ဆက်ပြောလိုက်သည်။ “ကျွန်မသိသလောက်ဆိုရင် ရှင်တို့ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တွေဖြစ်တဲ့ လီချင်းယန်၊ ရှောင်ကျီနဲ့ ရီရှင်းချန် တို့က တကယ့်ကို ထူးချွန်လှတဲ့ ပါရမီရှင်တွေပဲ”

ကျွင်းချောင်ရှောင်းသည် ရပ်တန့်ကာ ပြောလိုက်၏။

“မင်းသမီးလေး ကြာပန်းနီက ကျုပ်တို့သံမဏိအရိုးဂိုဏ်းကို တော်တော် သိနေတာပဲ၊ ကျုပ်တောင် လေထဲကို မြောက်သွားပြီ”

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြသည်။ ပတ်ဝန်းကျင် အခြေအနေသည် ကြောင်တောင်တောင်နှင့် ဖြစ်သွား၏။

မင်းသမီးလေး ကြာပန်းနီသည် မျက်လုံးကို ပေကလပ်၊ ပေကလပ်လုပ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ကျေးဇူးပြုပြီး စိတ်ချပါ၊ ကျွန်မက ရှင်တို့အကြောင်းကို သိချင်ရုံသက်သက်ပါပဲ၊ တခြား မကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူး”

“ဒီလိုပဲ မျှော်မှန်းရတာပေါ့” ကျွင်းချောင်ရှောင်းသည် ပခုံးတွန့်ကာဖြင့် ဆက်ကာလျှောက်သွားတော့သည်။

မင်းသမီးလေး ကြာပန်းနီသည် ငြိမ်သက်သွား၏။ သူမသည် တွေးလိုက်မိသည်။ သူ ငါ့ကို သတိပေးနေတာလား။

.........

“ဂိုဏ်းချုပ်ကျွင်း... ကျုပ်ရဲ ကျုးရင်ခန်းမဆောင်မှာရှိတဲ့ တပည့်တွေက မဆိုးဘူးမဟုတ်လား”

တရေးနိုးလာသော စစ်တုဟောင်ယွင်သည် ဧည့်ခန်းဆီသို့ လျှောက်လာပြီးသည့်နောက် ပြောလိုက်သည်။

မကောင်းတဲ့အဘိုးကြီး၊ ငါ့ကိုတမင်တကာ ပြဿနာကောင်တွေနဲ့ တွေ့အောင် ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာပဲ။

“ကျော်ကြားလှတဲ့ကျောင်း ပီသစွာပဲ ခေါ်ထားတဲ့ ကျောင်းသားတွေက တကယ့်ကို ပါရမီရှင်တွေ ဖြစ်နေတာပဲ” ကျွင်းချောင်ရှောင်းသည် ယဉ်ကျေးစွာ ပြောလိုက်၏။

စစ်တုယောင်ယွင်သည် ပြုံးကာ ပြောလိုက်၏။ “ဒီလိုဆိုမှတော့ ဂိုဏ်းချုပ်ကျွင်းက ကျူးရင်ခန်းမက ကျောင်းသားတွေကို ဆက်ပြီးသင်ပေးပေါ့”

“ပြဿနာမရှိပါဘူး”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒါပေမဲ့ ကျွင်းက အချိန်အကန့်အသတ်ရှိနေတော့ များပြားလှတဲ့ ကျောင်းသားတွေကို လာပြီးတော့ သင်ပေး နိုင်မှာ မဟုတ်ဘူး”

စစ်တုဟောင်ယွင်သည် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းရဲ့တာအိုက တကယ့်ကို မြင့်မားတယ်၊ တစ်နှစ်ကိုတစ်ခါလောက် လာရင်တောင်မှ ကျောင်းသားတွေ တော်တော်ကို အကျိုးရှိနေပြီ”

ထိုအရာက မြှောက်ပေးခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ သူ စိတ်ခံစားချက် ကောင်းမွန်နေ၏။

“ကျောင်းအုပ်ကြီး... ဒီကျွင်းက ကျောင်းရဲ့ ဂုဏ်ပြုခံဆရာတစ်ယောက်ဖြစ်နေပြီဆိုတော့ ဒီကျောင်းမှာရှိတဲ့ ကျောင်းသားတွေကို ဂိုဏ်းသားအဖြစ် ခေါ်ယူခွင့်ရှိရဲ့လား” ကျွင်းချောင်ရှောင်း မေးလိုက်၏။

စစ်တုယောင်ယွင်က ပြန်ပြောလိုက်၏။ “ရတာပေါ့”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားပြီး သူခဏလောက်တွေးလိုက်၏။ ကျူးရင်ဟောခန်းက တပည့်တွေက မောက်မာလွန်းကြတယ် ဆိုပေမဲ့ လိမ္မာအောင် ပြုလုပ်နိုင်မယ်ဆိုရင် အားလုံးက ဂိုဏ်းသားအသစ်အဖြစ်ခေါ်ယူဖို့ ပထမဦးဆုံး ရွေးချယ်သင့်တဲ့ လူတွေကြီးပဲ။

All Chapters