← Chapters

အမြင့်ဆုံးနားလည် သဘောပေါက်မှု

Vol. 013 Ch. 1290

အမြင့်ဆုံးနားလည် သဘောပေါက်မှု

Vol. 013 Ch. 1290

ရှားရှင်းယွန် ထွက်သွားပြီးသည့် နောက်တွင် တိုက်ပွဲကွင်းပြင်၌ လူသုံးယောက်သာလျှင် ကျန်ရှိသည်။

ရှင်းခိုင်သည် ရီဖူရှင်းထံမှ အဝေးသို့ ဆုတ်ခွာသွားပြီး လော့ယန်နှင့် နှစ်ဖက်ညှပ်တိုက်ရန် ပြင်ဆင်သည်။

လော့ယန်က သူတို့နှစ်ယောက် တိုက်ခိုက်၍ မပြီးသေးသည်ကို မြင်လျှင် ရီဖူရှင်းထံသို့ လှမ်းလာ၏။ နတ်မီးလျှံ အလင်းများက သူ့ထံမှ တောက်ပလင်းလက် နေသည်။

ရီဖူရှင်းက သူ့တာဝန်ထား ဟု ပြောခဲ့သည်။

ထိုစကားက မည်သို့ အဓိပ္ပာယ်ရှိသည်ကို သူ မသိပေ။

ယခုအချိန်အထိ စာလုံးထောင်ချီ မှော်စာလိပ်အား အနိုင်ရနိုင်မည့် အခွင့်အရေး ရှိသေးသည်ဟု သူက ထင်မှတ်နေသည်လား။

ထိုအချိန်တွင် ရီဖူရှင်းနှင့် ရှင်းခိုင်တို့ နှစ်ဦးလုံးက ရှေ့ကို တက်လာကြသည်။ ဧရာမချိပ်တံဆိပ်ကြီးက လေထဲသို့ တိုးဝင်သွားပြီး ကောင်းကင်ကို ဖုံးလွှမ်းသွား၏။

ထိုအခိုက်တွင် တောက်ပသည့် နတ်ဘုရား အလင်းများသည် ရုတ်တရက် ရီဖူရှင်းထံတွင် ဖြစ်ပေါ်လာခဲ့သည်။ ထိုအလင်းတို့ ပွင့်လန်းလာသည့် အခိုက်အတန့်တွင် သူသည် လောကကြီးနှင့် တသားတည်း ဖြစ်သွား၏။ လောကကြီး၏ စွမ်းအားများက သူ့ဆီသို့ ဝင်ရောက်သွားပြီး ဧရာမစာလုံးများက သူ့အနီးဝန်းကျင်ရှိ လေထဲတွင် ပေါ်ပေါက်လာသည်။

ထိုစာလုံးများသည် 'ကန့်၊ ခွင်း၊ လီ၊ ခန်' ဟူ၍ ဖြစ်သည်။

ပညာရှိကျမ်းသည် ပြည့်ဝစွာ သက်ဝင် လှုပ်ရှားနေသည်။

ဤသည်မှာ ရိုးရှင်းသည့် တိုက်ပွဲဆိုင်ရာ နားလည် သဘောပေါက်ခြင်း မဟုတ်တော့ပေ။

ယခင်က လော့ယန်နှင့် ရှားရှင်းယွန်သည် သူတို့၏ စွမ်းအားများကို တိုက်ခိုက်ရန် အသုံးပြုပြီး ဖြစ်သည့်အတွက် ဤသည်မှာ သာမန်တော့ မဟုတ်ပေ။

ရီဖူရှင်းသည် အရာအားလုံး၏ အရင်းအမြစ်သဖွယ် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည်။ လောကကြီး၏ မဟာလမ်းစဉ်သည် သူနှင့် တသားတည်း ဖြစ်နေပြီး သူ့ဝန်းကျင်ရှိ ရှေးဟောင်းစာလုံးများက ကောင်းကင်သို့ ပျံသန်းသွားသည်။

လေထဲမှ ရှေးဟောင်းစာလုံး တစ်ခုချင်းစီသည် ယင်းတို့အထဲတွင် လက်သီးစွမ်းအားများ ပါဝင်နေသော်လည်း ထိုအခိုက်တွင် ၎င်းတို့အထဲ၌ လေဟာနယ် စွမ်းအားများလည်း ပါဝင်နေပြီး မရေတွက်နိုင်သည့် လှံရှည်များနှင့် သဏ္ဌာန်တူလာသည်။ သူက ကောင်းကင်သို့ တက်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။ တစ်ခဏအတွင်း၌ ရှေးဟောင်းစာလုံးများ ပျံသန်းသွားသည်။ နတ်ဘုရားလှံရှည်သည် ၎င်းတို့ကို ထိုးဖောက်ကာ ယင်းတို့၏ စွမ်းအားများကို ဆွဲယူလိုက်ပြီး ရှေ့သို့ ဆက်လက် တိုးဝင်သွားသည်။

ဝုန်း …

ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီး လေထုက တုန်ခါသွားသည်။ အားလုံးသော ရှေးဟောင်း စာလုံးများသည် ကျဆင်းလာပြီး နတ်ဘုရားလှံရှည်သည် ရှင်းခိုင်၏ ချိပ်တံဆိပ်များထံသို့ တိုးဝင်ရိုက်ခတ်သွားကာ အက်ကြောင်းများ ပေါ်ပေါက်လာစေပြီး အပြီးတိုင် ပျက်စီးသွားစေ လေသည်။

ရှေးဟောင်း စာလုံးများသည် ရီဖူရှင်း၏ အနီးတွင် အော်မြည်ကာ လှည့်ပတ်နေသည်။ လူတိုင်းသည် အလွန် အစွမ်းထက်သည့် မြင်ကွင်းကို ကြည့်ရင်း သူတို့၏ မျက်နှာထက်တွင် ထူးဆန်းအံ့သြသည့် အကြည့်များ ဖြစ်ပေါ်လာသည်။

သူသည် ရှေးဟောင်းစာလုံးများကို အခြားသော စွမ်းအားများအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပေသည်။ ထိုကဲ့သို့သော နားလည်သဘော ပေါက်မှုမျိုးသည် စာလုံးထောင်ချီ မှော်စာလိပ်ကို အစစ်အမှန် နားလည်ခြင်းနှင့် နီးစပ်ပေသည်။

ရီဖူရှင်းသည် ပွဲတော်ခန်းမ အထက်သို့ ပျံသန်းသွား၏။ ထိုအခိုက်တွင် အချိန်များက ရပ်တန့်သွားသည်ဟု ထင်မှတ်ရသည်။

သို့သော်လည်း သူသည် ရှင်းခိုင်ကို ကြည့်မနေပေ။ သူ၏ အကြည့်များက လော့ယန်ဆီသို့ ရောက်ရှိလာသည်။

“ဒီတိုက်ပွဲက စာလုံးထောင်ချီ မှော်စာလိပ် အပေါ်မှာ တစ်စုံတစ်ယောက်ရဲ့ နားလည်သဘော ပေါက်မှုကို စမ်းသပ်တဲ့ ရိုးရိုးရှင်းရှင်း စမ်းသပ်မှုဆိုလျှင် မင်းတို့နှစ်ယောက် ထွက်သွားသင့်ပြီ။ သိထားရမှာက မင်း ဒီမှာ ရပ်နေနိုင်တဲ့ အကြောင်းပြချက်က ကျုပ်တို့ထက် ကျင့်ကြံခြင်းအဆင့် မြင့်နေလို့ပဲ”

ရီဖူရှင်းက လော့ယန်ကို ပြောသည်။

“သူမက တကယ့်ကို ထူးချွန်တယ်။ သူမသာ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ဖြစ်ခဲ့မယ်ဆိုရင် တကယ်ပဲ ပြင်းထန်တဲ့ တိုက်ပွဲဖြစ်လိမ့်မယ်”

လော့ယန်က ရီဖူရှင်းကို မော့ကြည့်ကာ ပြောသည်။

“ဒါပေမဲ့ နိုင်တာက နိုင်တာပဲ။ ဒီမှာ ရပ်နေနိုင်တဲ့လူက ကျုပ်ပဲ ဖြစ်မှာ။ မင်းကတော့ ထွက်သွားရမယ်”

သူက ထိုသို့ ပြောပြီးသည်နှင့် တောက်ပသည့် အလင်းများက ရီဖူရှင်းထံသို့ တိုးဝင်သွားကာ သူ့မျက်လုံးများကို နာကျင်သွားစေသည်။

ရီဖူရှင်းက သူ့အပေါ် ကျဆင်းလာသည့် အလင်းများကြောင့် သူ့မျက်လုံးများကို လောင်ကျွမ်းသွားစေ သကဲ့သို့ ခံစားလိုက်ရသည်။ သူ့တွင် နတ်ဘုရားခန္ဓာ ရှိသော်လည်း ပြင်းထန်သည့် နာကျင်မှုကို ခံစားရပေသည်။ အကယ်၍ နတ်ဘုရားခန္ဓာ မရှိသည့် တစ်စုံတစ်ယောက်သည် ဤတိုက်ခိုက်မှုကြောင့် အတော်လေး ခံစားရမည်ဖြစ်ကာ အသက် အန္တရာယ်ပင် စိုးရိမ်ရပေလိမ့်မည်။

လော့ယန်သည် ထောက်ထားငဲ့ညှာမှု အနည်းငယ်မျှပင် မပြသခဲ့ပေ။

တောက်ပသန့်စင်သည့် အလင်းရောင်ဝါများက သူ့ကို ဖုံးလွှမ်းထားသော်လည်း ရီဖူရှင်းသည် သူ့ကိုယ်သူ လောင်ကျွမ်းမှုမှ တားဆီးရန် မည်သည့် အကာအကွယ်မှ ပြုလုပ်ရန် မကြိုးစားခဲ့ပေ။ လော့ယန်က ရှားရှင်းယွန်ကို အနိုင်ယူနိုင် ခဲ့သည့်အတွက် အလွန်သန်မာသည်ဟု ပြောနိုင်ပေသည်။

သူ့တွင်လည်း နတ်ဘုရားခန္ဓာ ရှိပြီး နတ်မီးလျှံ အလင်းများကို အသုံးပြုကာ သူ့ကို လောင်ကျွမ်းစေသည်။ ဤသည်က လွယ်ကူလိမ့်မည် မဟုတ်ပေ။

ဘုန်း…

ရီဖူရှင်းက လေကို ဖြတ်၍ ရှေ့သို့ ခြေလှမ်းလိုက်ကာ ရှင်းခိုင်ကို ချန်ရစ်၍ လော့ယန်ဆီသို့ ဦးတည်သည်။

ထိုသည်ကို ကြည့်၍ လူတိုင်း၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်များ ဖြစ်ပေါ်လာသည်။

ဤလူက ရှင်းခိုင်နှင့် တိုက်ခိုက်နေရင်း လော့ယန်ကို ပစ်မှတ် ထားနေသည်လား။

ဤသည်က အလွန် မိုက်ရူးရဲဆန်ခြင်းပင် ဖြစ်သည်။

ရှင်းခိုင်က သူ့နောက်ကို လိုက်လာရန် ဆုံးဖြတ်ပြီး လော့ယန်နှင့် ပူးပေါင်းတိုက်ခိုက်ပါက သူက သူတို့နှစ်ယောက်ကို တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်လား။

ဤအပြုအမူက တစ်ဖက် ပြိုင်ဘက်များအား အရေးမစိုက်ခြင်း ဖြစ်၏။ သူက အကျိုးဆက် များကိုလည်း စိတ်ပူပန်ပုံမရပေ။

သူ့ရှေ့မှ ပြန်ဆုတ်ခွာသွားသည့် ပုံရိပ်ကို မြင်လျှင် ရှင်းခိုင်သည်ပင် အံ့အားသင့်သည့် အကြည့်များ ဖြစ်ပေါ်လာသည်။

ဤအကောင်က သူနှင့် တိုက်ခိုက်နေစဉ်မှာပင် အခြားတစ်ယောက်နှင့် သွား၍ ရင်ဆိုင်ချင်နေသည်လား။

ရီဖူရှင်းသည် အလွန် လျင်မြန်စွာ ရွေ့လျားနေပြီး ရှားရှင်းယွန် လုပ်ဆောင်ခဲ့သလို ခဏချင်းအတွင်းမှာပင် လေထဲမှ လော့ယန်ထံသို့ ကျဆင်းလာသည်။

အဆုံးမဲ့ ရှေးဟောင်းစာလုံးများသည် သူ့ ဝန်းကျင်တွင် အားလုံး စီးဆင်းနေကြသည်။

ထိုအခိုက်တွင် အားလုံးသော စာလုံးများသည် 'လှံရှည်' များအဖြစ် ပြောင်းလဲသွားသည်။ အားလုံးသော လှံရှည်များမှ အလင်းများ ထွက်ပေါ်လွှမ်းခြုံလာသည်။

မနှိုင်းယှဉ်သာအောင် အားကောင်းလှသည့် အလင်းရောင်သည် လော့ယန်၏ လမ်းစဉ်မီးတောက်များမှ တောက်ပသော်လည်း ပညာရှိကျမ်းမှ စွမ်းအားများ ပေါက်ကွဲထွက် လာသည့်အခါ ရီဖူရှင်း၏ ခန္ဓာသည် မဟာလမ်းစဉ်နှင့် တသားတည်း ဖြစ်သွားခဲ့သည်။ သူက သူ့အနီးမှ ရှေးဟောင်းစာလုံးများနှင့် တစ်ခုတည်း ဖြစ်လာပေသည်။ မီးလျှံအလင်းများသည် သူ့ထံသို့ မရောက်ရှိနိုင်ခဲ့ဘဲ အပြီးတိုင် လွင့်ပျယ်သွားခဲ့၏။

“မင်း ဖန်တီးထားတဲ့ ရှေးဟောင်းစာလုံးတွေ အားလုံး ဖျက်ဆီးခံလိုက်ရပြီ။ အခု မင်းရဲ့ ကိုယ်ပိုင်စွမ်းအားကို အသုံးပြုဖို့ပဲ ကျန်တော့တယ်။ မင်းရဲ့ စွမ်းအားတွေက အကန့်အသတ် ရှိမှတော့ ကျုပ်ကို နာကျင်အောင် လုပ်ဖို့ ဘယ်လိုများ မျှော်လင့်နိုင်လိမ့်မလဲ”

ရီဖူရှင်းက ပြောသည်။ သူက ထိုသို့ ပြောပြီးသည်နှင့် 'လှံရှည်' ချိပ်တံဆိပ်များ၏ စွမ်းအားက လေထုကို ဖြတ်သန်း၍ ပေါက်ကွဲထွက်လာသည်။

လော့ယန်က မျက်မှောင်ကျုံ့လိုက်ပြီး ချက်ချင်းပင် ရှေးဟောင်းစာလုံးများက ဆင်းလာကာ လေထုကို ဟပ်တက်ခွဲထွက် သွားစေသည်။

နတ်မီးလျှံ အလင်းများသည် သူ့ထံမှ တဖန် ထွက်ပေါ်လာ၏။ သူ၏ လမ်းစဉ် မီးတောက်များသည် အရာရာကို ဖျက်ဆီးသွားခဲ့ပြီး 'လှံရှည်' စည်းတံဆိပ်များကို လောင်ကျွမ်းသွားခဲ့သည်။ ဤသည်က ရှားရှင်းယွန် ဖြစ်ခဲ့သည်နှင့် တူပေသည်။ သူသည် ယင်းတို့ကို သူ့အနီးသို့ ရောက်ရှိလာရန် အခွင့်မပေးခဲ့ပေ။

ရှင်းခိုင်သည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း သူက မရပ်တန့်ခဲ့သလို လော့ယန်ကို ကူညီ၍ ရီဖူရှင်းကို တိုက်ခိုက်ရန်လည်း မပြုလုပ်ခဲ့ပေ။

သူသည် ထိုသို့ လုပ်ရန် မလိုအပ်ခဲ့ပေ။

“ကြည့်ရတာ အဲဒီစွမ်းအားတွေက ရှားရှင်းယွန်ကို အဆုံးသတ်လိုက်တဲ့ စွမ်းအားတွေနဲ့တူတယ်။ သူက လော့ယန်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိမှာမဟုတ်ဘူး”

လော့ယန်၏ မီးတောက်များထဲတွင် လောင်ကျွမ်းသွားသည့် လှံရှည် စည်းတံဆိပ်များကို ကြည့်ကာ လူတိုင်းက တွေးထင်လိုက်ကြသည်။ လော့ယန်၏ ခန္ဓာနှင့် မီးလျှံမှော်အစွမ်းသည် အလွန် သန်မာလှသည်။

“အဲဒါက ဘာလဲ”

ထိုအခိုက်တွင် လူတိုင်းက မျက်မှောင်ကြုတ်သည်။ သူတို့သည် လှံရှည်အားလုံးမှာ လော့ယန်ထံသို့သာ တရကြမ်း ဦးတည်နေသည် မဟုတ်ကြောင်း မြင်လိုက်ကြသည်။ ၎င်းတို့ထဲမှ အချို့သည် သူ့အနီးဝန်းကျင်သို့ ကျဆင်းလာသည်။ ယင်းတို့သည် နေရာတစ်ခုလုံးကို ပြည့်နှက်သွားသည်ဟု ထင်ရပေသည်။

မကြာခင်မှာပင် နေရာတစ်ခုလုံးသည် လေဟာနယ် စွမ်းအားများဖြင့် ဖုံးလွှမ်းသွားပြီး အားလုံးကို တစ်ခုတည်းသို့ ဖြစ်လာစေသည်။

လေဟာနယ်စွမ်းအားများ အဆုံးစွန် ရောက်သည်ထိ အလင်းတန်းများက စီးဆင်းနေ၏။

သို့သော်လည်း ထိုမျှဖြင့် ရပ်တန့်မသွားပေ။

ဘုန်း…

လော့ယန်က တစ်ကြိမ်ထပ်ပြီး လောင်ကျွမ်းမှု စွမ်းအင်လှိုင်းများကို ဖော်ထုတ်ကာ လှံရှည်များကို ရင်ဆိုင်သည်။ သူသည် သူ့အနီးကို ကြည့်ရင်း မျက်မှောင် ကြုတ်လိုက်၏။ သူက လေဟာနယ် စွမ်းအားများကြားတွင် ပိတ်မိသွားခဲ့သည်ကို သူ သိသည်။

“ဒါက ဘာအဓိပ္ပာယ်လဲ”

သူက ရီဖူရှင်းကို မော့ကြည့်ကာ မေးသည်။ စွမ်းအားများက သူ့ထံသို့ ဆက်လက်၍ နီးကပ်လာနေသော်လည်း သူ့ကို ဒဏ်ရာရစေခြင်း မရှိပေ။

“အဲဒီတော့ ဒါက စာလုံးထောင်ချီ မှော်စာလိပ်ကို မင်း ဘယ်လောက် နားလည်ခဲ့လဲ ဆိုတာလား”

ရီဖူရှင်းက ပြောသည်။ အလွန် ကြောက်မက်ဖွယ် ကောင်းသော လှံရှည်စည်းတံဆိပ်က သူ့ရှေ့တွင် ပေါ်ပေါက်လာ၏။ ကြည့်ရသည်မှာ ရီဖူရှင်း၏ စွမ်းအားအသိနှင့် ပေါင်းစပ်ထားပုံရကာ ၎င်းဆီမှ လှပခန့်ညားသော်လည်း ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း အလင်းများဖြင့် တောက်ပနေသည်။

အားလုံးသော လှံရှည်များသည် သူ့အနီးရှိ လေဟာနယ် စွမ်းအားများနှင့် တသားတည်း ဖြစ်နေပြီး ပို၍ ကြောက်မက်ဖွယ် ကောင်းစွာပင် ပတ်ဝန်းကျင်သည် ခွဲခြားခြင်း ခံထားလိုက်ရသည် ဖြစ်၏။

“သွား”

ရီဖူရှင်းက ပြောသည်။ စာလုံးများထဲမှ တစ်ခုက ကျဆင်းလာပြီး လှံရှည်သည် ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်း ခွဲခြမ်းလိုက်သကဲ့သို့ပင် ထင်မှတ်ရသည်။ နေရာတစ်ခုလုံးရှိ စွမ်းအားများ အားလုံးသည် ၎င်းအတွင်းသို့ ပေါင်းစပ်သွားသည်ဟု ထင်ရ၏။ ယင်းက ကြီးမားလှသည့် ရတနာလှံအဖြစ်သို့ ပြောင်းလဲသွားသည်။

လှံရှည်သည် မိုးကြိုးသဖွယ် ကျဆင်းလာပြီး ၎င်းကျဆင်းလာရာ လေထုတစ်လျှောက်ကို ထိုးဖောက်လာ၏။

ဘုန်း…

ရတနာလှံ၏ ပစ်မှတ်သည် လော့ယန် မဟုတ်ခဲ့ပေ။ ထိုသည်က သူ၏ ရှေ့မနီးမဝေးသို့ ရိုက်ခတ်သွားခဲ့သည်။ သို့သော်လည်း အလွန် ကြောက်မက်ဖွယ် စွမ်းအားများက ထို့အတွင်းမှ လေထုကို ထိုးခွဲ၍ ထွက်ပေါ်လာသည်။

နေရာတစ်ခုလုံးကို ခပ်အုပ်အုပ် အသံတစ်ခုက ဖြတ်သန်းသွားခဲ့သည်။

လော့ယန်၏ သန့်စင်သည့် မီးလျှံသည် အော်မြည်သံများ ထွက်ပေါ်လာသည်။ သူသည် သူ့ထံသို့ တိုးဝင်လာသည့် သဏ္ဌာန်မဲ့ တိုက်ခိုက်မှုကို ခံစားနိုင်ပေသည်။

ဤက လေဟာနယ် ခုန်ကျော်တိုက်ခိုက်ခြင်း ဖြစ်သည်။

လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ တုန်ယင်သွားကြသည်။

ရီဖူရှင်းက အဝေးမှ နေ၍ သူ၏ အစွမ်းထက် လေဟာနယ် စွမ်းအားများကို အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။

သို့သော်လည်း သူသည် ထိုနေရာ၌ မရပ်တန့်ခဲ့ပေ။

ရီဖူရှင်းက ရှေ့သို့ လှမ်းလိုက်ရာ လေထုကို တုန်ခါသွားစေသည်။ နောက်ထပ် လှံရှည်သည် ကောင်းကင်ကို ဖြတ်သန်း ထိုးဖောက်သွားကာ နေရာတစ်ခုလုံးရှိ လှံစွမ်းအားများ အားလုံးနှင့် တသားတည်း ဖြစ်သွားခဲ့သည်။

ဘုန်း…

ဤတစ်ကြိမ်၌ လေထုသည် ပြင်းထန်စွာ တုန်ခါသွားသည်။ လေဟာနယ် ဖျက်ဆီးခြင်း အဖျက်အစီး စွမ်းအားများသည် နေရာတစ်ခုလုံးကို စုတ်ဖြဲလိုက်ကာ မရေတွက်နိုင်သည့် လှံရှည်များနှင့် ပြည့်နှက်သွားသည်ဟု ထင်မှတ်ရ၏။

နေရာတစ်ခုလုံးသည် ဖိအားကြောင့် အပိုင်းပိုင်းအစစ ပျက်စီးသွားပြီဟု ထင်မှတ်ရပေသည်။

ရီဖူရှင်းလက်ထဲမှ ရတနာလှံသည် တကယ့် အစစ်အမှန်ဟု ထင်မှတ်ရ၏။ ထိုအခိုက်အတန့်တွင် အားလုံးသော ရှေးဟောင်း စာလုံးများသည် တစ်ချိန်တည်းတွင် ကျဆင်းလာပြီး ရီဖူရှင်း ခြေလှမ်းသည့် အတိုင်း လိုက်ပါလာ၏။ သူ၏ ပုံရိပ်သည် လျှပ်စီးတန်းကဲ့သို့ လေထုကို ဖြတ်သန်းလာနေ၏။

မဟာလမ်းစဉ်၏ စွမ်းအားများက စီးဆင်းနေသည်။ ရှေးဟောင်းစာလုံးများ၏ အဆုံးမဲ့ အလင်းများသည် ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး လှံရှည်အတွင်း ပေါင်းစပ်သွား၏။

ကြီးမားသည့် လှံရှည်ပုံရိပ်ကြီး ကောင်းကင်တွင် ပေါ်ပေါက်လာပြီး ကောင်းကင်ဘုံကိုပင် ထိုးဖောက်တော့မတတ် ထွင်းဖောက်လာခဲ့သည်။

ထိုနေရာအတွင်းရှိ အားလုံးသော စွမ်းအားများမှာ ပေါင်းစပ်လာသည်ဟု ထင်ရပြီး အပြင်သို့ ပေါက်ကွဲထွက်လာ၏။

အဆုံးမဲ့ လေဟာနယ် စွမ်းအားများ ပါဝင်နေသည့် ရတနာလှံသည် ရှေ့သို့ တိုးထွက်လာသည်။

ယင်းနှင့် ထိတွေ့မိသည့် အရာအားလုံးသည် ဘာမှ မကြွင်းကျန်ရစ်သည်ထိ ပျက်စီးသွားခဲ့သည်။

လူတိုင်းသည် ကြီးမားသည့် လှံရှည်ပုံရိပ်ကြီးက လော့ယန်၏ အထက်တွင် ပေါ်ပေါက်လာသည်ကို မြင်လိုက်ကြရသည်။ လမ်းစဉ်မီးတောက် များပင်လျှင် ထိုအရာကို အပြီးတိုင် မဖျက်ဆီးပစ်နိုင်ပေ။ သူသည် ပြင်းထန်သည့် တိုက်ခိုက်မှုကို ခံရလိမ့်တော့မည်ဟု ထင်မှတ်ရသည်။

ဘန်း…

ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာကာ လော့ယန်သည် နောက်သို့ လွင့်စဉ်သွားသည်။ သူက သူ့စွမ်းအားများကို ထိန်းချုပ်ပြီး တားဆီးရန် ကြိုးစားသော်လည်း အရာမထင်ခဲ့ပေ။

မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် အရှိန်အဝါများက သူ့ထံမှ ထွက်ပေါ်လာသည်။ သူက ရှေ့သို့ လှမ်းလာသည်။ ဤနည်းလမ်းဖြင့်သာ သူက ရီဖူရှင်းအား တားဆီးနိုင်ပေတော့မည်။

ဤအခိုက်အတန့်တွင် လော့ယန်သည် သူ၏ အရှိန်အဝါများကို ထုတ်ဖော်လိုက်ရာ သူ့အနေဖြင့် ရှုံးနိမ့်ခဲ့ပြီး ဖြစ်လေသည်။

ရီဖူရှင်းက သူ့စွမ်းအားများကို အသုံးပြုသော်လည်း စာလုံးထောင်ချီ မှော်စာလိပ်မှ နားလည်သဘော ပေါက်မှုကို အခြေခံပြီး တိုက်ခိုက်မှုများကို ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

စွမ်းအင်မုန်တိုင်းသည် ယုတ်လျော့ မသွားခဲ့သေးပေ။ ၎င်းသည် လော့ယန်ထံမှ ထွက်ပေါ်နေဆဲ ဖြစ်၏။

သူသည် ရှုံးနိမ့်ခဲ့သည်။ သူသည် ချန်ယဲ့မြို့ ရီဖူရှင်းထံ၌ ရှုံးနိမ့်ခဲ့သည်။

“ဒါက…”

နတ်တောင်ပေါ်မှ လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကို စူးစိုက်ကြည့် နေကြသည်။

ရီဖူရှင်းသည် လော့ယန်ကို တိုက်ရိုက်ရင်ဆိုင်ပြီး ရှားရှင်းယွန်အတွက် လက်စား ချေပေးခဲ့သည်။

သူက သူမ မလုပ်နိုင်သည်အား လုပ်ဆောင်ပေးခဲ့သည်။

သူ၏လေဟာနယ်ဓာတ်သည် ထိုနေရာတစ်ခုလုံးအား ထိန်းချုပ်နိုင်စွမ်းရှိ၏။

သူ ပြောခဲ့ဖူးသလိုပင် သူတို့သည် စာလုံးထောင်ချီ မှော်စာလိပ်အား နားလည်သဘော ပေါက်မှုကိုသာ ယှဉ်မည်ဆိုလျှင် လော့ယန်သည် ရှားရှင်းယွန်ကို အနိုင်ရလိမ့်မည် မဟုတ်သည်လည်း ဖြစ်နိုင်သည်။

ရီဖူရှင်း၏ စာလုံးထောင်ချီ မှော်စာလိပ်အပေါ် နားလည်သဘော ပေါက်မှုသည် လော့ယန်ထက် သာလွန်ပေသည်။ ထိုအချက်အား သူတို့ကြားမှ တိုက်ပွဲတွင် လုံလောက်စွာ သက်သေပြသွားခဲ့ပြီ ဖြစ်၏။

ထောင်ချီနေသော လှံရှည်များသည် မဟာလမ်းစဉ်၏ စွမ်းအားများ ပါဝင်နေပြီး ရှေးဟောင်းစာလုံးများမှ ဖြစ်တည်လာသည်ဟု ထင်ရသည်။ ယင်းတို့ ကျဆင်းလာသည့်အခါ သူ့အဆင့်ကို ထိန်းချုပ်ထားရသည့် လော့ယန်သည် လမ်းစဉ်မီးတောက်များကို အသုံးပြု၍ပင် မတားဆီးနိုင်ခဲ့ပေ။

ဘေးဘက်တွင် ရပ်နေသည့် ဖေမင်က ပြုံးကာ ပြောသည်။

“ကြည့်ရတာ သူက အရင်ကလည်း သူ့ရဲ့ နားလည် သဘောပေါက်မှုကို အပြည့်အဝ ချမပြခဲ့ရသေးဘူး ထင်ပါရဲ့”

ဤသည်က ရိုးရှင်းစွာဖြင့် စာလုံးထောင်ချီ မှော်စာလိပ်အပေါ်တွင် နားလည် သဘောပေါက်မှုအား ယှဉ်ပြိုင်ကြခြင်း ဖြစ်လျှင်ပင် ရီဖူရှင်းသည် သိသာစွာ လော့ယန်ထက် ပို၍ သာလွန်သောကြောင့် လော့ယန်ကို အနိုင်ရခြင်း ဖြစ်သည်။ ဤကဲ့သို့သော နားလည် သဘောပေါက်မှု အဆင့်သည် အနည်းငယ် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူက မည်သို့ လုပ်ဆောင်နိုင်ခဲ့သည်ကို မည်သူမှ မသိရှိကြပေ။

လူတိုင်းက ထိုအချက်ကို သတိပြုမိကြသည်။ သူ၏ နားလည် သဘောပေါက်မှုက သူ၏ နောက်ဆုံး ပြိုင်ဘက် ရှင်းခိုင်ထက် သာလွန်နေသည်လည်း ဖြစ်နိုင်ပေသည်။

ရီဖူရှင်းသည် စာလုံးထောင်ချီ မှော်စာလိပ်ကို ယူဆောင်ရန် အထိုက်တန်ဆုံးလူ ဖြစ်နေနိုင်ပေ၏။

***

All Chapters