← Chapters

အခန်း (၅၁၈)

Vol. 35 Ch. 518

အခန်း (၅၁၈)

Vol. 35 Ch. 518

ကျွင်းချောင်ရှောင်းသည် ဓားတစ်သောင်းကျမ်း၏ ပထမဦးဆုံးတိုက်ကွက်ကို စတင်ထုတ်ဖော်လိုက်သည့် အချိန်မှာတော့ ရေတွက်၍ မရအောင် များပြားလှသော ဓားများအားလုံးသည် အလွန်တရာ ကြီးမားသော ဓားကြီးတစ်ခု အဖြစ် ဖြစ်တည်လာပြီးသည့်နောက် တိုက်ခိုက်ရေးစင်မြင့် တစ်ခုလုံးကိုပင် လှုပ်ခါသွားစေတော့သည်။

တိုက်ပွဲတည်နေရာတွင် အနီးစပ်ဆုံးရှိနေသော ကျင့်ကြံသူများ၏ အခြေအနေမှာတော့ ပို၍ ဆိုးရွားနေသေး၏။ သူတို့သည် ‌အနောက်ဘက်သို့ပင်လှန်၍ ဖင်ထိုင်လျက် ပြုတ်ကျကြသည်။ ဓား၏ လှိုင်းများကြောင့် ဖြစ်တည်လာသော လေလှိုင်းများ၏ ဒဏ်ကိုပင် သူတို့ မခံနိုင်ချေ။

ဝှစ် .. ဝှစ်။

ဓားလှိုင်း အဟုန်များသည် ဆက်တိုက်ပင် ဖြစ်တည်နေတုန်းဖြစ်၏။ သို့ပေမဲ့ အားအင်မှာတော့ ဖြည်းဖြည်းချင်း ယုတ်‌လျော့လာ၏။

မြေပေါ်သို့ ပြုတ်ကျသွားသော ကျင့်ကြံသူများသည် ခက်ခက်ခဲခဲနှင့် မတ်တပ်ရပ်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်တုန်လှုပ်မှုများ ရှိနေကြသည်။

အအေးဓားဆီမှ ထွက်ပေါ်လာသော ဓားဆန္ဒသည် သူတို့၏ ဆံပင်များအား ထောင်ထသွားစေ၏။

စောနတုန်းကဆိုလျှင် သေဆုံးတော့မည်ဟုပင် ထင်မှတ်မိခဲ့ကြသည်။ သို့ပေမဲ့ သူတို့သည် အသက်ရှင်လျက်ရှိနေသေးသည်။ လုံလုံခြုံခြုံနှင့် အသက်ရှင်လျက်ရှိနေခြင်းပင်။

ထိုကဲ့သို့သော အဖြစ်အပျက်ကို ကိုယ်တွေ့ကြုံလိုက်ရသော ကျင့်ကြံသူများအားလုံးသည် သေတွင်းထဲမှ ပြန်လည်လွှတ်မြောက်လာကြသလို ခံစားလိုက်မိကြ၏။ သို့ပေမဲ့ သူတို့သည် ခေါင်းမော့၍ ကြည့်ရှုလိုက်ချိန်မှာတော့ အလွန်တရာ အံ့အားသင့်မိသွား၏။

လေထဲတွင်တော့ ကြီးမားလှသော ဓားရာကြီးတစ်ခု ဖြစ်တည်နေပြီး ကောင်းကင်တစ်ခုလုံးအား ပိုင်းဖြတ်လိုက်သကဲ့သို့။

အဝေးမှ ကြည့်ရှုနေကြတော့ ပွဲကြည့်ပရိတ်သတ်များမှာတော့ ဓားလှိုင်းအဟုန်၏ သက်ရောက်ခြင်းကို မခံလိုက်ရချေ။ သို့ပေမဲ့ သူတို့သည် စင်မြင့်ပေါ်သို့ စိုက်ကြည့်လျက်ရှိနေသည်။

အိုးရန်လီ သည် ထိုနေရာတွင် မတ်မတ်ရပ်လျက်ရှိပြီး သူ၏ လက်များသည်လည်း ဓားကိုကိုင်၍ ကောင်းကင်ပေါ်သို့ မြှောက်လိုက်၏။

သူ၏ လက်ထဲတွင် ရှိသော တိမ်ဖုန်းဓားမှာတော့ တစ်ပိုင်းပြတ်လျက်ရှိနေတော့သည်။ ထို့အတူ သူ၏ ရင်ဘတ်တွင်‌လည်း အလွန်တရာ နက်ရှိုင်းသော ဓားရာကြီးတစ်ခု တည်‌ရှိနေသည်။

အခြေအနေကို ကြည့်ရသည်မှာ သူသည် ဓားကို မြှောက်၍ ခုခံကာကွယ်လိုက်သော်လည်း ကျွင်းချောင်ရှောင်း၏ ဓားတစ်သောင်းမှ တစ်ခုတည်း အဖြစ်သို့ ဟူသော တိုက်ကွက်က မခုခံနိုင်ခဲ့ချေ။

သို့ပေမဲ့ ကံကောင်းလွန်းသည်ဟု ဆိုရမည်။

အိုးရန်လီ သည် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီးသည့်နောက်မှာတော့ အနောက်သို့ ဆုတ်ခွာရန် ရွေးချယ်လိုက်မိ၏။ သူသည် တိုက်ခိုက်မှု ဧရိယာအတွင်းမှ ကျိန်းသေပေါက် မလွှတ်မြောက်ခဲ့ဖူးဆိုသော်လည်း သူ၏ ရင်ဘတ်ပေါ်တွင် ဓားရာတစ်ခုသာ ရရှိခဲ့၏။ ထိုအရာသည် သေလမ်းနှင့် အဝေးကြီးပင် ဖြစ်တော့၏။

သူသည်သာ နောက်မဆုတ်ပါက တိုက်ခိုက်ရေး တည်နေရာတွင် ကိုယ်တစ်ပိုင်းသာလျှင် ကျန်ရှိပေလိမ့်မည်။

သိုင်းဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၏ ဂုဏ်သိက္ခာ မှာလည်း တိမ်ဖုံးဓားကဲ့သို့ပင် ပျက်ဆီးသွားခဲ့ပြီ ဖြစ်တော့သည်။

ချလွမ်။

ကျွင်းချောင်ရှောင်းသည် သူ၏ ဓားအား ဓားအိမ်ထဲသို ပြန်ထည့်ကာ ဂုဏ်ယူစွာ ပြောလိုက်၏။ "ကျုပ်က ဓားဘုရင်တစ်ယောက်ပဲ … ခင်ဗျားလာပြီး ယှဉ်ပြိုင်လို့ ရတဲ့ လူတစ်ယောက် မဟုတ်ဘူး"

သူသည် အလွန်တရာ ဟိတ်ဟန်များလှသည့် အမူအရာမျိုးကို ဖန်တီးတတ်သည်ဆိုသော်လည်း သူ၏ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်လျက်ရှိ၏။ သူစိတ်ထဲမှ ကြိတ်ကာ ပြောမိ၏။ ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့ ပထမဦးဆုံးတိုက်ကွက်က တကယ့်ကို ကြောက်ဖို့ ကောင်းတာပဲ။

သူသည် ဤဓားကွက်ကို နားလည်လိုက်နိုင်သည် ဆိုသော်လည်း ဤမျှအားကောင်းလိမ့်မည်ဟု မထင်မှတ်မိချေ။

ဤဓားကွက်သည် သိုင်းဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူ သုံးယောက်ကိုပင် ကျိန်းသေပေါက် ဒုက္ခပေးနိုင်သော တိုက်ကွက်ဖြစ်နေသည်။

သို့ပေမဲ့ ကျိန်းသေပေါက် စိတ်ဝိညာဉ်စွမ်းအင်များသည် အလွန်အမင်းကုန်ဆုံးလွန်းလှ၏။

ကျွင်းချောင်ရှောင်သည် ဓားကွက်ကို ထုတ်ဖော်လိုက်သည့် အချိန်မှာတော့ သူ၏ စိတ်ဝိညာဉ်အမြုတေ ထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် ကုန်သလောက်နည်းပါး ဖြစ်သွားခဲ့သည်။ သူ့တွင် စိတ်ဝိညာဉ်အမြုတေနှစ်ခုသာ မရှိပါက ခန္ဓာကိုယ်တစ်ခုလုံးသည် ယိမ်းယိုင်ပြီး မြေပြင်ပေါ်သို့ပင် လဲကျပြီး ဖြစ်နေလောက်သည်။

ပို၍ အရေးကြီးသည်မှာ ကျွင်းချောင်ရှောင်းသည် အိုးရန်လီ တစ်ယောက် နောက်သို့ ဆုတ်သွားလိုက်သည့် အချိန်မှာတော့ သူ့တွင် စွမ်းအားများ အပြည့်အစုံ ရှိနေသေးသည်ကို သတိပြုမိလိုက်၏။ သို့ပေမဲ့ တိုက်ခိုက်ချက်ကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်အမြုတေထဲတွင် ရှိသော စိတ်ဝိညာဉ်စွမ်းအားများသည် ခြောက်ခန်းကုန်လေသည်။

ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့ တိုက်ကွက်သည် အလွန်တရာ အားကောင်းလွန်းနေ၏။ သို့ပေမဲ့ ကြုံသလို အသုံးပြု၍ မရချေ။

မဟုတ်ပါက နောက်ဆုံး အဆုံးဖြတ်တိုက်ပွဲမျိုးတွင် ရန်သူ၏ ပြန်လည်တိုက်ခိုက်ခြင်းကို ခံရပါက ကျိန်းသေပေါက် သေဆုံးသွားလိမ့်မည်။

ဒင်

“ဂိုဏ်းတာဝန်ပြည့်စုံသည်။ ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀အားရရှိသည်။”

ဒင်

“ဂိုဏ်းစုဆောင်းမှတ် ၇၇၀၂/၁၀၀၀၀”

အိုးရန်လီ ပေါ်လာပြီးသည့်နောက်မှာတော့ ဂိုဏ်းတာဝန်သည် ဖြစ်တည်လာခဲ့သည်။ စနစ်သည် တစ်ဖက်လူအား အနိုင်ရရှိရန် တာဝန်ငယ်လေးတစ်ခုအား ချထားခဲ့၏။

ကျွင်းချောင်ရှောင်း ခဏလောက် တွေးတောလိုက်၏။

သိုင်းဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို အနိုင်ရရှိတာတောင်မှ ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀ပဲပေးတယ်။ဒါက မနည်းလွန်းဘူးလား။

စနစ်သည် ဆွံ့အသွား၏။ လက်ခံသူသည် ရလေလိုလေ အိုတစ်စ္စေလိုပင် ဖြစ်လာသည်။

……...

စင်မြင့်၏ အပြင်ဘက်မှာတော့ ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးသွားကြသည်။

"ပြီးပြီ"

အိုးရန်လီတစ်ယောက် ပြန်လည်တိုက်ခိုက်ဖို့ အားအင်ရှိသည်ဆိုလျှင်တောင် သူသည် တိုက်ပွဲကို ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။

သူသည် ရှုံးနိမ့်ရုံတင်မကဘဲ သူ့တွင်ရှိသော တိမ်ဖုံးဓားသည်လည်း ပျက်ဆီးသွားခဲ့၏။

သူ ဖန်တီးသွန်းလုပ်ခဲ့သော လက်နက်များအားလုံးသည် ကျွင်းချောင်ရှောင်းတစ်ယောက် အပေါ်သို့ လျှောက်လှမ်းနိုင်ရန်အတွက် လှေကားထစ်များ ဖြစ်ခဲ့ကြောင်း ဆရာဖန်းသာ သိပါက သွေးအန်ပေလိမ့်မည်။

သို့ပေမဲ့ တကယ်ကျွမ်းကျင်သူများသည် တိုက်ပွဲပြီးဆုံးသွားပြီဆိုသော်လည်း ကြောင်မက်ဖွယ်ရာ ‌တိုက်ခိုက်ရေးအားအင်ကိုသာ စိတ်ဝင်တစား ရှိနေခြင်းသာပင်။

ကျွင်းချောင်ရှောင်းတစ်ယောက် ထုတ်ဖော်တိုက်ခိုက်လိုက်သော တိုက်ခိုက်ရေး နည်းစနစ် သည် အထူးသဖြင့် ပွဲကြည့်ပရိတ်သတ်များ၏ ခါးတွင်ရှိသောဓားများသည် လေထဲသို့ လွင့်စင်လာပြီးသည့်နောက် ဓားပေါင်းတစ်သောင်းလောက်သည် လေထဲသို့ မြင့်တက်လာပြီး ကြီးမားလှသော ဓားကြီးတစ်ခုအဖြစ် ဖြစ်တည်လာခဲ့၏။

လေထဲတွင်လည်း ‌ကြီးမားသည့် ဓားရာကြီးတစ်ခုသည် အချိန်အတော်ကြာသည်အထိ မပျောက်ဘဲ တည်ရှိလျက် ပုံရိပ်ယောင်ထင်ကျန်ခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းလွန်းလှချေသည်။

"ဓားနှင့် သိုင်းဘုရင်တစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအင်ဖိနှိပ်မှုလား"

ဝေါ့

စင်မြင့်၏ အပြင်ဘက်တွင် မတ်တပ်ရပ်လျက်ရှိသော အိုးရန်လီသည် သွေးတစ်လုတ် အန်ထုတ်လိုက်မိသည်။

သူ့ကို ကြည့်ရသည်မှာ ချက်ချင်းဆိုသလိုပဲ နှစ်တစ်ရာလောက် အိုစာသွားတော့သည်။ သူ၏ ဒဏ်ရာများသည် အရေးမကြီးပေ။ သူ အဘယ့်ကြောင့် သွေးအန်ထုတ်လိုက်ရသည်ဆိုသော် သူ၏ တန်ဖိုးကြီးမားလှသော တိမ်ဖုံး နှစ်ပိုင်းဖြစ်သွားသောကြောင့်ပင် ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ရေး စင်မြင့်ပေါ်တွင် ခပ်မတ်မတ်ရပ်လိုက်၏။ ပြီးနောက် အိုးရန်မိသားစုများဘက်သို့ လှည့်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

"မင်းတို့ငါ့ကို တက်ပြီး စိန်ခေါ်လို့ရတယ်"

အလွန်တရာ မောက်မာလွန်းလှ၏။

သို့ပေမဲ့ အိုးရန်မိသားစုမှ အကြီးအကဲများအားလုံးသည် ခေါင်းကို ငုံထားကြသည်။ ပြောရလျှင် သူတို့သည် စိန်ခေါ်မှုကို လက်မခံရဲချေ။ သိုင်းအုပ်စိုးသူ အဆင့်ကို ရောက်ရှိရန် ခြေလှမ်းတစ်ဝက်သာ လိုတော့သော ဘိုးဘေးအကြီးအကဲကြီးသည် တစ်ဖက်လူအား ရှုံးနိမ့်ခဲ့ရသည်။

ထို့ကြောင့် သူတို့သာ တက်၍ တိုက်ခိုက်မည်ဆိုပါက ကိုယ့်ဒုက္ခကို ရှာတာနှင့်ပင် တူလိမ့်မည်။

ကျွင်းချောင်ရှောင်းက လေ‌လေးနက်နက် ပြောလိုက်သည်။ "ဘယ်သူမှ စိန်ခေါ်မှုကို လက်မခံဘူးဆိုရင် အိုးရန်မိသားစုက တိုက်ရိုက်တပည့်တွေက တစ်ယောက်ချင်းစီလာပြီး ကျုပ်တပည့်ကို တောင်းပန်။"

အိုးရန်လီ သည် အရေးနိမ့်ခဲ့သည်။ ထိုကိစ္စသည် အရာအားလုံး ပြီးစီးသွားခဲ့သည့် အခြေအနေမျိုး မဟုတ်ချေ။

ယနေ့မှာတော့ သူသည် လျိုဝမ်ရှစ်အတွက် လာရောက်၍ တရားမျှတမှုကို တောင်းခံခဲ့သည်။ ထို့ကြောင့် အိုးရန်မိသားစုအနေနှင့် ပေးရန်ရှိသည့် အကြွေးကို ပေးရန်ကို မမေ့သင့်ချေ။

တကယ်တမ်းမှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ဤမျှလောက် ကြီးကြီးကျယ်ကျယ် မလုပ်ချင်ပေ။ သူ့အနေနှင့် လျိုဝမ်ရှစ်အား အနိုင်ကျင့်ခဲ့သော တိုက်ရိုက်မျိုးဆက်များ တစ်ယောက်ပြီးတစ်ယောက် လာပြီး လျိုဝမ်ရှစ်အား တောင်းပန်လျှင် အဆင်ပြေပြီဖြစ်သည်။

သို့ပေမဲ့ တစ်ဖက်လူများအနေနှင့် လူသိရှင်ကြား တောင်းပန်ရခြင်း ဆိုသည်မှာ အိုးရန်မိသားစု၏ ဂုဏ်သိက္ခာကို နှင်းချေလိုက်ခြင်းနှင့်ပင်ဆင်တူနေသည်။ ထို့ကြောင့် ကျိန်းသေပေါက် တင်းခံနေကြခြင်းပင် ဖြစ်၏။

ဟင်း

အိုးရန်လီသည် သက်ပြင်းကို ချကာ လှည့်ထွက်သွားတော့သည်။ သူ၏ အ‌ခြေအနေကို အနောက်ဘက်မှ ကြည့်မည်ဆိုလျှင် အလွန်တရာ အိုမင်းသွားကြောင်း သိနိုင်သည်။

သူသည် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့၏။ ထို့ကြောင့် ဆိုလိုသည်မှာ အိုးရန်မိသားစုများမှာ လူများသည် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းပင် ဖြစ်တော့သည်။

……...

အိုးရန်မိသားစု၏ ဂိတ်တံခါးအပြင်ဘက်မှာတော့ များပြားလှသော ကျင့်ကြံသူများသည် စုဝေးလျက်ရှိနေကြသည်။

သူတို့သည် သိုင်းဘုရင်များ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအကြောင်းကို ဆွေးနွေးလျက်ရှိသည်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် အိုးရန်လီ အား အနိုင်ယူခဲ့ရန်အတွက် ဓားတစ်သောင်းမှ တစ်ခုတည်း အဖြစ်သို့ ဓားတစ်သောင်း တိုက်ခိုက်ရေး နည်းစနစ်ကို ထုတ်ဖော်အသုံးပြုခဲ့သေးသည်။

ထိုတိုက်ခိုက်ချက်သည် အလွန်တရာ ကြီးကျယ်ခမ်းနားလှပြီး မြန်ဆန်လွန်းလှ၏။

ထို့ကြောင့် သာမန်ကျင့်ကြံသူများသည် မျက်လုံးနှင့် လိုက်လံ၍ ကြည့်ရှုမရနိုင်ခဲ့ချေ။

အလွန်တရာ ကြီးမားလှသော ဓားကြီးအဖြစ် စုဖွဲ့လိုက်ခြင်း။ တည်နေရာကို ပိုင်းဖြတ်ခဲ့သည့် ပုံရိပ်ယောင်များ ကျန်ရှိခဲ့နေရင်းက လွှဲလျှင် သူတို့ ခန့်မှန်းခဲ့ထားသလောက် စိတ်လှုပ်ရှားစရာ ကောင်းသော တိုက်ပွဲ မဟုတ်ခဲ့ပေ။

ဤအရာသည် သာမန်ကျင့်ကြံသူများ တွေးတောသည့် အရာဖြစ်ပြီး အဆင့်မြင့်လှသော သိုင်းပညာရှင်များမှာတော့ တုန်လှုပ်လျက်ရှိနေသေးသည်။

သိုင်းအုပ်စိုးသူအဆင့်သို့ အချိန်အရွေး ရောက်ရှိသွားနိုင်သော သိုင်းဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်သည် လွယ်လွယ်ကူကူနှင့် ရှုံးနိမ့်ခဲ့သည်။ တစ်ဖက်မှ ကောင်လေး၏ အားအင်သည် ‌သိုင်းဘုရင် အဆင့်များကြားတွင် သာမန်ပြိုင်ဘက်ကင်း‌သည့် တည်ရှိမှုမျိုးပင် ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ ပြောရန်တော့ ခက်နေသေးသည်။

ဂိုဏ်းချုပ်ကျွင်းထုတ်ဖော်လိုက်သော အားအင်အဆင့်သည် ဓားတစ်သောင်းကျမ်းဆီမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သူသည် ဓားတစ်သောင်းကျမ်း တိုက်ခိုက်မှု နည်းစနစ်ကို ထုတ်ဖော်အသုံးမပြုပါက အိုးရမ်လီ အား လွယ်လွယ်ကူကူ အနိုင်ရရှိမည်မလားဆိုသည်မှာ မသေချာပေ။

ကျွီ

ထိုအချိန်မှာပဲ အိုးရန်မိသားစု၏ ဂိတ်တံခါးသည် ပွင့်လာပြီး အိုးရန်မိသားစုမှ တိုက်ရိုက်မျိုးဆက်များအားလုံးသည် စီတန်းပြီးတစ်ယောက်ချင်းစီ ရောက်လာခဲ့ကြတော့သည်။

ဘိုးဘေးအကြီးအကဲကြီး သည် ကျွင်းချောင်ရှောင်းအား ရှုံးနိမ့်ပြီးနောက်မှာတော့ အိုးရန်မိသားစုသည် အလွန်ခက်ခဲသည့်အရာဖြစ်သော တောင်းပန်ရန် ဆိုသည့် ကိစ္စရပ်အား ရွေးချယ်လိုက်၏။

အခြားနည်းလမ်းလည်း မရှိချေ။ သူတို့အနေနှင့် မတောင်းပန်ပါက ကျွင်းချောင်ရှောင်းသည် လုံးဝ အလျှော့ပေးလိမ့်မည် မဟုတ်ချေ။ အိုးရန်မိသားစု ဂိတ်တံခါးတစ်ခုလုံးကို ဖျက်ဆီးပြီး အိုးရန်မိသားစု၏ ဂုဏ်သိက္ခာကို ထပ်မံကျဆင်းအောင် ပြုလုပ်ပေလိမ့်မည်။

မိသားစုတစ်ခု၏ ဂုဏ်သိက္ခာသည် ထိန်းသိမ်းရန် လိုအပ်သည့် အရာပင် ဖြစ်တော့၏။

ထို့အပြင် ပြည်သူ့လုံခြုံရေး ဟောခန်းဆီမှ လူများလည်း ပေါ်မလာခဲ့ပေ။ ကြည့်ရသည်မှာ သူတို့သည် လက်ရှိဖြစ်နေသော အရာများကို မမြင်ချင်ယောင် ဆောင်နေခြင်းသာ ဖြစ်ပေမည်။

ရွှေနှင့်ငွေ အစောင့်အရှောက်တို့ပင် ကြောက်ရသော တည်ရှိသူတစ်ယောက်။ ထိုကဲ့သို့သော ကိစ္စကို အိုးရန်မိသားစုသည် ပုန်ကန်နေသည်ဆိုပါက ကျိန်းသေပေါက် ကံဆိုးခြင်းများ ကျလာပေတော့မည်။

"ငါမှားခဲ့ပါတယ်"

အိုးရန်မိသားစု၏ တိုက်ရိုက်တပည့်တစ်ယောက်သည် ဦးညွှတ်ကာ တောင်းပန်လိုက်၏။

"ကျယ်ကျယ်ပြော" ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။

ထိုတိုက်ရိုက်မျိုးဆက်သည် မျက်လုံးကို မှိတ်ကာ ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်၏။

"‌တောင်းပန်ပါတယ် မှားခဲ့ပါတယ်"

"နောက်တစ်ယောက်"

"‌တောင်းပန်ပါတယ် မှားခဲ့ပါတယ်"

"နောက်တစ်ယောက်"

"‌တောင်းပန်ပါတယ် မှားခဲ့ပါတယ်"

All Chapters