← Chapters

အခန်း (၅၂၂)

Vol. 35 Ch. 522

အခန်း (၅၂၂)

Vol. 35 Ch. 522

ကျူးရင်ဟောခန်းမှ ကျောင်းသားများ၏ ရုတ်တရက်အော်သံသည် ရှိရှိနေသမျှသော ကျင့်ကြံသူများ အားလုံးကို ဆွံ့အသွားစေ၏။ သူတို့၏ အမူအရာများအားလုံးသည် စိတ်ဝင်စားသောအမူအရာများအဖြစ်သို့ ပြောင်းလဲသွား ကြသည်။ သခင်လေးများအုပ်စု အော်ဟစ်နေသည်ကို လှည့်ကြည်လိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်း လျှောက်ဝင်လာသည်ကို သူတို့မြင်လိုက်ကြရသည်။

၎င်းတို့ခေါ်ဆိုလိုက်သည့် ဆရာကျွင်းဆိုသည်မှာ ကျွင်းချောင်ရှောင်းကို ခေါ်ဆိုလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သူတို့ နားကြားများလွဲသလား၊ အမြင်တွေများ မှားလေသလား၊ မိသားစုကြီးများမှ မောက်မာပြီး ဆိုးသွမ်းလှသော တိုက်ရိုက်သွေးမျိုးဆက်များ အားလုံးသည် လေးလေးစားစားဖြင့် နှုတ်ဆက်ကြိုဆိုလျက်ရှိနေကြ၏။

“နေအုံး …. ဆရာ … ဆရာကျွင်း ဟုတ်လား”

ထိုသူသည် သံမဏိအရိုးဂိုဏ်း ဂိုဏ်းချုပ်မဟုတ်လား၊ အဘယ်ကြောင့် ဆရာတစ်ယောက်ဖြစ်နေသနည်း။ အားလုံး၏ နားလည်မှုအရဆိုလျှင် ကောင်းကင်ဘုံကျောင်း၏ နည်းပြများသာလျှင် ဆရာဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပေလိမ့်မည်။ စစ်တုဟောင်ယွင်သည် ဂိုဏ်းချုပ်ကျွင်းအား ကျောင်း၏ ဂုဏ်ပြုခံနည်းပြအဖြစ် ငှားရမ်း ခဲ့သည်ကို မကြေညာခဲ့ချေ။ ထို့ကြောင့် မြို့ရှိ မိသားစုကြီးများသာလျှင် ထိုသတင်းကို သိရှိကြသည်။

“မင်းတို့ ဘာလို့ ဒီကို ရောက်နေတာလဲ”

ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်နှင့်အတူ လျှောက်လာပြီး မေးလိုက်၏။

ဟုန့်လင်သည် သွားဖြီးကာ ပြောလိုက်၏။ “ဆရာကျွင်းရဲ့ တပည့်က စားဖိုမှူးပြိုင်ပွဲမှာ ဝင်ပြီး ပြိုင်မှာလေ၊ ဒီတော့ ဆရာရဲ့ ကျောင်းသားတွေအနေနဲ့ ကျုပ်တို့က လာပြီးတော့ အားပေးကြတာပါ”

“ဆရာ့ရဲ့ ကျောင်းသားတွေ ဟုတ်လား”

များပြားလှသော ကျင့်ကြံသူများသည် ထိုစကားကို ကြားပြီးသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ကောင်းကင်ဘုံကျောင်း၏ နည်းပြတစ်ယောက်ဖြစ်ကြောင်း သိရှိလိုက်ကြရသည်။

“ကောင်းကင်ဘုံ၊ ဒါက တကယ့်သတင်းကြီးပဲ”

ကောင်းကင်ဘုံကျောင်း၏ နည်းပြဆိုသည်မှာ ဝါစဉ်နှင့် အသက်အပေါ်တွင် မူတည်နေသည်။ တကယ်တမ်း ကျွင်းချောင်ရှောင်းသည်သာ နည်းပြတစ်ယောက်ဖြစ်လာမည်ဆိုလျှင် ကျိန်းသေပေါက် အသက်အရွယ် အငယ်ဆုံး နည်းပြ ဖြစ်ပေလိမ့်မည်။

ပြောနေစရာပင် မလိုချေ။ တရားဝင်နည်းပြအဖြစ် အကျိုးခံစားခွင့်များကို ရရှိပြီးသည့် နောက်မှာတော့ ဆရာကျွင်းသည် ကျောင်း၏သမိုင်းတွင် အသက်အရွယ်အငယ်ဆုံး နည်းပြဖြစ်လာခဲ့၏။

ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရစွာဖြင့် ပြောလိုက်၏။ “မင်းတို့က တကယ်ကြီးကို သင်ကြားပြသရ လွယ်တာပဲ”

ပြောပြီးသည့်နောက် သူသည် လျှိုဝမ်ရှစ်ကို ဦးဆောင်ကာ ကွင်းထဲသို့ လျှောက်ဝင်သွားလိုက်တော့သည်။ ထိုအချိန်မှာတော့ ကွင်း၏အလယ်တွင် မီးဖိုပေါင်းရာကျော်သည် စီစီရီရီဖြင့် ထားရှိထား၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းရောက်ရှိလာချိန်မှာတော့ မည်သူမျှသည် စားဖိုမှူးပြိုင်ပွဲကို အာရုံမစိုက်ကြတော့ချေ။ ရှိရှိသမျှသော မျက်လုံးများအားလုံးသည် သူ့အား ကြည့်ရှုလျက် ရှိနေ၏။

နာရီဝက်လောက်ကြာပြီးသည့်နောက်မှာတော့ လူနှစ်သိန်းမှ သုံးသိန်းနီးပါးတို့သည် တည်နေရာတစ်ခုလုံးတွင် စုစည်းလာမိကြသည်။ အရင်တုန်းကဆိုလျှင် ဤကဲ့သို့သော ပြိုင်ပွဲမျိုးသည် သိုင်းသမားများနှင့် မည်သို့မှ မသက်ဆိုင်သောကြောင့် လူနှစ်သောင်းမှ သုံးသောင်းလောက်သာ လာရောက်ကြည့်ရှုကြတော့သည်။

ပွဲကိုကြီးကြပ်ပြီး ဦးစီဦးဆောင်ပြုလုပ်လျက်ရှိသော ရှန်းမိသားစုမှ အကြီးအကဲသည် ခဏတာ တည်ဆောက်ထား သော စင်ရှိရာဆီသို့ ရောက်လာပြီး ပြောလိုက်၏။

“ဒီနှစ် စားဖိုမှူး ပြိုင်ပွဲကို လာရောက်ပြီး ကြည့်ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒီတော့ ပြိုင်ပွဲဝင် တွေအားလုံးကို သောင်းသောင်းဖြဖြနဲ့ ကြိုဆိုလိုက်ကြရအောင်”

အားလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည်။ မည်သူမျှ လက်ခုပ်မတီးကြချေ။

ရှန်းမိသားစု၏ အကြီးအကဲ သည် ကြောင်တောင်တောင်နှင့် ဖြစ်သွား၏။

ပြီးနောက် များပြားလှသော ဝင်ပေါက်လမ်းများမှတဆင့် ပြိုင်ပွဲဝင် များသည် တစ်ယောက်ပြီးတစ်ယောက် လျှောက်ပြီး ဝင်လာခဲ့ကြတော့သည်။ တော်တော်များများသည် ငယ်ရွယ်လွန်းလှ၏။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်သည် အသက်ကို ပြင်းပြင်းရှူကာ ပြောလိုက်၏။ “တပည့်သွားပြိုင်တော့မယ်”

“သွား” ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။

လျှိုဝမ်ရှစ် လမ်းလျှောက်သွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူမအား အားပေး လိုက်၏။ “သံမဏိအရိုးဂိုဏ်း တပည့်ဖြစ်ပြီဆိုမှတော့ ဘယ်တော့မှ အရှုံးမပေးရဘူး”

“ဟုတ်တယ်”

လျှိုဝမ်ရှစ်ခေါင်းညိတ်လိုက်သည်။ ပြီးနောက် ပြိုင်ပွဲဝင်များ တည်ရှိရာနေရာဆီသို့ သွားလိုက်သည်။ ထိုအချိန်မှာတော့ သူသည် သူ၏ စီနီယာအစ်ကိုနှင့် အစ်မများမှာ ကောင်းကင်ပေါ်မှ ကြည့်ရှု၍ အားပေး နေကြမည်ဟု ထင်မြင်လိုက်မိသည်။ သူသည် ခေါင်းအား ကောင်းကင်ပေါ်သို့ မော့ကြည့်၍ ပြောလိုက်၏။ “တုတုက စီနီယာတို့ကို အရှက်မရစေရဘူး”

“...”

“ဂျူနီယာညီမလေး... ငါတို့အသက်ရှင်နေတုန်း ရှိနေသေးတယ်”

…….....

ပြိုင်ပွဲဝင်သုံးရာလောက်သည် ကွင်းပြင်ထဲတွင်ရှိနေသော စင်ပေါ်တွင် မတ်မတ်ရပ်နေ၏။ သူတို့၏ မျက်လုံးများ သည်လည်း ပြိုင်ပွဲဝင်စိတ်ဓာတ်များနှင့် တောက်လောင်လျက်ရှိသည်။

ဤထဲမှ လူတချို့သည် ကောင်းကင်ဘုံမြို့မှ လူများဖြစ်ကြပြီး တခြားသူများမှာတော့ အရှေ့တောင်ရန်ကျူးတွင်ရှိသော တခြားသောမြို့များမှ ဖြစ်၏။ ကျိန်းသေပေါက် ချက်ပြုတ်ခြင်းတွင် အစွမ်းအစရှိပြီး ပါရမီပါလှသူများပင်ဖြစ်၏။

စားဖိုမှူးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရဗိုလ်ဆွဲရန်သည် ၎င်းတို့အားလုံး၏ ရည်မှန်းချက်ပင် ဖြစ်တော့ သည်။

ဟုတ်ပေသည်။ ထိုအထဲတွင် အိုးရန်မိသားစု တိုက်ရိုက်တပည့်များလည်း ပါဝင်လျက်ရှိနေသည်။ သူတို့သည် သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ဒေါသမျက်လုံးများဖြင့် လျှိုဝမ်ရှစ်အား ကြည့်နေကြ၏။

လူပေါင်းများစွာ၏ရှေ့တွင် တောင်းပန်ထားရသောကြောင့် ၎င်းတို့အားလုံးသည် လွန်စွာ ရှက်ရွံ့မိနေ၏။ ထိုသို့ ဖြစ်ရခြင်းမှာ တရားခံသည် လျှိုဝမ်ရှစ်ဆိုသော ဤကလေးမကြောင့်ပင်ဖြစ်၏။ ထို့ပြင် ဤကလေးမသည် အရှက် တရားမဲ့စွာဖြင့် သူမ၏ ချက်ပြုတ်ခြင်းစွမ်းရည်ဖြင့် ၎င်းတို့အား အနိုင်ယူပြမည်ဟု ပြောဆိုကာ ထွက်ခွာသွားခဲ့သည်။

ဤအရာသည် သည်းမခံနိုင်စရာပေ။ အိုးရန်မိသားစု၏ ချက်ပြုတ်ခြင်းစွမ်းရည်သည် နှစ်ပေါင်းများစွာ တည်တံ့ပြီး အမွေဆက်ခံ ဆင်းသက်လာသော အရာပင်ဖြစ်သည်။ သူတို့သည် အရှေ့တောင်ရန်ကျူး တစ်ခုလုံးတွင် အလွန်အမင်း ကျော်ကြားပြီးဖြစ်၏။ ချက်ပြုတ်ခြင်း ပြိုင်ပွဲပေါင်းများစွာတွင် အနိုင်ရဗိုလ်ဆွဲခဲ့သေး၏။

သူတို့သည် သိုင်းပညာနှင့်ပတ်သက်လျှင် လိုအပ်ချက်တွေ ရှိနေသည်ဆိုသော်လည်း ချက်ပြုတ်ခြင်းစွမ်းရည် တွင်တော့ အလုံးစုံ ယုံကြည်ချက်ရှိနေ၏။ ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူများမှာ ပါရမီရှင်များ ဖြစ်သောကြောင့် အိုးရန်မိသားစု၏ ဒဏ္ဍာရီသမိုင်းအား ချိုးဖြတ်နိုင်မည့်သူများကိုပင် ကလန်မှ သတ်မှတ်ထားကြပြီးဖြစ်၏။ အရိုးရှင်းဆုံးပြောရမည်ဆိုလျှင် အိုးရန်မိသားစု၏ ချက်ပြုတ်ခြင်းစွမ်းရည်ဆိုသည်မှာ မြန်မာဘောလုံးအသင်း ကဲ့သို့ပင် အရှေ့တောင်အာရှတစ်ခုလုံးကို လွှမ်းခြုံပြီးဖြစ်နေ၏။

ဟမ့် …။

အိုးရန်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်သည် နှာခေါင်းရှုံ့လိုက်၏။ “ပွဲစပြီဆိုတာနဲ့ တကယ့်အစစ်အမှန် ချက်ပြုတ်ခြင်းစွမ်းရည်ဆိုတာ ဘာလဲ ပြမယ်၊ အခုတော့ ပေါက်ကရတွေ ပြောထားအုံးပေါ့”

ရှန်း မိသားစု၏ အကြီးအကဲပြောလိုက်၏။ “ဒီတစ်ခါ စားဖိုမှူးပြိုင်ပွဲအတွက် ဒိုင်တွေကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ကြရအောင်”

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

ကျိုကြားကျိုကြား လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။ ပထမတုန်းကလောက်တော့ ကြောင်တောင်တောင် မနိုင်တော့ချေ။ စားဖိုမှုးပြိုင်ပွဲဝင်များအတွက် လက်ခုပ်မတီးပေးကြသော်လည်း ဒိုင်များအတွက် လက်ခုပ် တီးပေးကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုဒိုင်များအားလုံးသည် ကောင်းကင်ဘုံမြို့၏ ကျော်ကြားသောလူများ ဖြစ်ပေ၏။ ထို့အပြင် မိသားစုခေါင်းဆောင်များလည်း ပါဝင်နေ၏။

စားဖိုမှုးပြိုင်ပွဲဆိုသည်မှာ အရောင်၊ အနံ့နှင့် အရသာပေါ်တွင် မူတည်ထား၏။ ထိုကဲ့သို့ အစားအသောက် များ၏ အရည်အသွေးကို သုံးသပ်ရာတွင် ဒိုင်များ၏ အစွမ်းအစကလည်း အရေးကြီးလျက်ရှိသည်။

ဒိုင်လူကြီး ဆယ်ယောက်တို့သည် တည်နေရာများတွင် နေရာယူပြီးသည့်နောက်မှာတော့ ရှန်မိသားစု အကြီးအကဲက ကျယ်လောင်စွာ ပြောလိုက်၏။ “ပြိုင်ပွဲဝင်သုံးရာတို့ …. ကျေးဇူးပြုပြီး ကိုယ့်ရဲ့မီးဖိုဆီ လာကြပါ”

ဝှစ် … ဝှစ်

အားလုံးဆီရောက်ရှိလာကြပြီး သူတို့သည် ကြိုက်နှစ်သက်ရာ မီးဖိုဆီ လှမ်းလာကြ၏။

လျှိုဝမ်ရှစ်သည်မှာတော့ ပြိုင်ပွဲ အား ကြည့်ရှုလျက်ရှိနေသော ကျွင်းချောင်ရှောင်းနှင့် အနီးကပ်ဆုံးနေရာကို ရွေးချယ်လိုက်သည်။ သူမသည် ရောက်ရှိချိန်မှာတော့ ဂိုဏ်းချုပ်အား သွားဖြီး၍ ရယ်ပြလိုက်တော့သည်။ သို့ပေမဲ့ ထိုနေရာတွင် သူမ၏အဖေ ရှိနေသည်ကို မြင်ချိန်မှာတော့ သူမ၏ အပျော်များသည် ရပ်တန့်သွားသည်။

ပြိုင်ပွဲဝင်များ အားလုံးသည် နေရာယူခဲ့ ကြပြီးဖြစ်၏။

ရှန်မိသားစု၏ အကြီးအကဲသည် ပါဝင်ပစ္စည်း ကုန်ကြမ်းများအား ထည့်ထားသော ခြင်းများကို အသီးသီး သယ်ဆောင်လာစေပြီး မီးဖိုဘေးတွင် လာရောက်ထားကြတော့သည်။ ပါဝင်ပစ္စည်းများအားလုံးသည် ချက်ပြုတ် ရာတွင် အသုံးပြုရမည့် ပစ္စည်းများဖြစ်နေပြီး ထိုအရာအားလုံးကို ရှန်မိသားစုက ပံ့ပိုးပေးထားခြင်းဖြစ်သည်။ ပြိုင်ပွဲဝင်များအနေနှင့် မလိုအပ်သည့် အရာများ ထုတ်၍ မသုံးလာစေရန်အတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။

ရှန်မိသားစု၏ အကြီးအကဲက ပြောလိုက်၏။ “ပြိုင်ပွဲဝင်တို့ ကျေးဇူးပြုပြီး တစ်နာရီအတွင်း မင်းတို့ရဲ့ အကောင်းဆုံးဟင်းလျာကို ချက်ပြုတ်ကြပါ၊ အမှတ် အများဆုံးရတဲ့ ထိပ်တန်းတစ်ရာက ဒုတိယအဆင့်ကို ရောက်ရှိလိမ့်မယ်၊ ပြိုင်ပွဲ...”

သူသည် အသံကို နှောင့်နှေးအောင်လုပ်ထား၏။ ပြီးနောက်ဆက်ပြောလိုက်သည်။ “စကြမယ်”

ဤအရာသည် သိုင်းပြိုင်ပွဲတစ်ခုသာဆိုပါက ပွဲကြည့်ပရိသတ်များသည် အလွန်တရာ စိတ်လှုပ်ရှားသွားပေမည်။ သို့ပေမဲ့ လက်ရှိသည် စားဖိုမှူးပြိုင်ပွဲဖြစ်သည်မို့ မည်သူကမျှ စိတ်မလှုပ်ရှားကြပေ။ ရယ်တောင်ရယ်ချင်နေမိကြ၏။

...........

စားဖိုမှူးပြိုင်ပွဲ၏ ပထမဦးဆုံးပွဲသည် စတင်ခဲ့ကြပြီးဖြစ်သည်။ ပြိုင်ပွဲဝင်များအားလုံးသည် စတင်၍ ပြင်ဆင်ကြ တော့သည်။ ပထမဦးဆုံးအနေနှင့် မီးစတင်မွှေးရသည်မှာ သဘာဝပင်ဖြစ်တော့သည်။

ဝှစ် …ဝှစ်

များပြားလှသောလူများသည် ၎င်းတို့၏ ကိုယ်ပိုင်မီးတောက်များကို ထုတ်ဖော်လိုက်ကြသည်။

ချီးတဲ့မှ

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “အားလုံးက မီးဓာတ်အမျိုးအစား သိုင်းကျင့်ကြံသူတွေလား”

ဤမျှများပြားသော မီးဓာတ်အမျိုးအစား သိုင်းကျင့်ကြံသူများသည် စားဖိုမှူးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေကြ၏။ ၎င်းတို့၏ ရည်မှန်းချက်မှာ မသေးလှချေ။

စနစ်မှ ပြောလိုက်၏။ “ဒါက သန့်စင်တဲ့ မီးဓာတ်အမျိုးအစား ကျင့်ကြံသူတွေမဟုတ်ဘူး၊ သူက မီးဓာတ်သဘာဝကို ခဏတာ ပိုင်ဆိုင်ရုံပဲလေ”

“ခဏတာ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွားမိ၏။ “ဘာကိုဆိုလိုတာလဲ”

စနစ်က ပြောလိုက်၏။ “ငါသုံးသပ်ကြည့်သလောက်ဆိုရင် ဒါက ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ မီးဓာတ်အမျိုးအစား ဆေးလုံး တစ်ခုပဲ၊ ဒါကိုသောက်သုံးပြီးတဲ့အချိန်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ မီးဓာတ်အမျိုးအစားကို ပိုင်ဆိုင် လိမ့်မယ်”

“ဒီလောက် မှော်ဆန်တယ် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။

မင်းတောင်မှ စတိုးဆီက သပ်ရပ်မီးကို ဝယ်ထားပြီးတော့ မီးဓာတ်အမျိုးအစား ကျင့်ကြံသူဖြစ်လာတာ မဟုတ်ဘူးလား။

စနစ်က ပြောလိုက်၏။ “မှော်ဆန်တယ်ဆိုပေမဲ့ မီးဓာတ်အမျိုးအစား ဓာတ်သဘာဝတွေ စုဖွဲ့တဲ့အခါမှာ မီးဓာတ်အမျိုးအစား ကျင့်ကြံသူ နဲ့တော့ နှိုင်းယှဉ်လို့မရဘူး၊ သူတို့က မီးမွှေးရုံ၊ ချက်ပြုတ်ရုံလောက်ပဲ အသုံးပြုလို့ရတယ်”

“ငါနားလည်ပြီ”

ဤမျှများပြားသော ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ မီးတောက်ကို ထုတ်ဖော်လိုက်ချိန်မှာတော့ ကြည့်ရှုနေကြသူများ အားလုံး မအံ့ဩသည်မှာ မထူးဆန်းလှတော့ချေ။ ဤအရာသည် ဖန်တီးထားသော ဆေးလုံးကြောင့် ဖြစ်ကြောင်း ၎င်းတို့အားလုံး သိရှိပြီးဖြစ်မည်။

ပြိုင်ပွဲဝင် သုံးရာလုံးတွင် နှစ်ရာကိုးဆယ့်ကိုးယောက်တို့သည် ၎င်းတို့၏ မီးတောက်များကို ထုတ်ဖော်လိုက်ကြ၏။

ထိုကဲ့သို့သော မီးတောက်မျိုးကို အသုံးမပြုသူမှာ လျှိုဝမ်ရှစ်တစ်ယောက် သာရှိတော့သည်။ သူမသည် ကမ္ဘာဦးအစထဲက အသုံးပြုကြသော မီးမွေးသည့်နည်းလမ်းဖြင့် မီးမွှေးလျက် ရှိနေတော့သည်။ ပြီးနောက်သူမသည် ထင်းများကို ထပ်ထည့်လိုက်၏။ သူမကို ကြည့်ရသည်မှာ လေးလေးနက်နက် ပြုလုပ်နေပုံ ပေါ်သည်။

“ဒီမိန်းကလေးက မီးဓာတ်အမျိုးအစား ဆေးလုံးကို အသုံးမပြုထားဘူးလား၊ တခြားသူတွေက မီးတောင် ဖြစ်နေပြီ၊ ဒါပေမဲ့ သူမက ခုမှ မွေးမလို့ လုပ်နေတုန်း၊ အချိန်သာပြည့်သွားရင် ပြိုင်ပွဲမှာ ရှုံးတော့မှာပဲ”

သံမဏိအရိုးဂိုဏ်းတပည့်ဆိုသည့် အရှိန်အဝါရှိသည်မို့ လျှိုဝမ်ရှစ်၏ လှုပ်ရှားမှုများသည့် ကျန်သည့် သိုင်းကျင့်ကြံသူ များ၏ အာရုံကို ဆွဲဆောင်လျက်ရှိနေ၏။

ဝှစ်

များပြားလှသော ပြိုင်ပွဲဝင်များသည် တစ်ယောက်ပြီးတစ်ယောက် မီးမွှေးလိုက်ကြ၏။ အချို့သည် ထင်းကိုပင် အသုံးမပြုကြပေ။ ဖန်တီးထားသော မီးတောက်များကို အသုံးပြု၍ အိုး၏ဖင်အား အပူပေးလိုက်ကြတော့သည်။

လျှိုဝမ်ရှစ်သည် သူ၏ ဦးခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်၏။ “ဒီလိုမီးတွေ သုံးတယ်ဆိုတာက လူတစ်ယောက်ရဲ့ ဝမ်းတွင်းမီးကို မငြိမ်းသက်နိုင်ဘူးဆိုတာတောင် မသိကြဘူးလာ။”

All Chapters