စာမေးပွဲ (၄)
Vol. 006 Ch. 542
“ဟာစွန် မင်းကိုပဲဒုက္ခပေးရတော့မယ်”
ဟာစွန်သည် ခေါင်းညိမ့်ကာ လက်နှစ်ဖက်ဖြင့် ပုံဖော်လိုက်သည်။ သူ့လက်များလှုပ်ရှားသည်နှင့် စတင် ပြီး အဝါရောင်သဲမိစ္ဆာအားလုံးကို သီးသန့်ခွဲထုတ်လိုက်သည်။
ထိုအဝါရောင်သဲမိစ္ဆာများသည် အစပိုင်းတွင် အသက်ရှုလို့မရကြပေ။ သူတို့ကို သီးသန့်ခွဲထုတ်လိုက် သော်လည်း ချက်ချင်းသေသွားခြင်းမျိုးမရှိပေ။ သူတို့သည် ထိန်းချုပ်ခံရကာ သီးခြားဖြစ်နေကြသောကြောင့် လှုပ်ရှား၍တော့မရပေ။
သူတို့ မသေသွားသော်လည်း ဟာစွန်မှ ထိန်းချုပ်လိုက်နိုင်သည်ကို ရှီမာယူယူ မြင်လိုက်သည်။ သူမ မြေပေါ်သို့ ဖင်ထိုင်ချကာ ပင့်သက်ရှိုက်လိုက်သည် “အဲဒီဝိဉာဉ်မိစ္ဆာတွေက အသက်ရှိတာမဟုတ်တော့ သေမှာ လည်းမဟုတ်ဘူး၊ သူတို့ကို သီးခြားခွဲတာတောင် အသုံးမဝင်ဘူးဆိုရင် နည်းလမ်းစဉ်းစားရတော့မယ် ဟူး”
ဟာစွန်သည် ဆက်လက်ထိန်းချုပ်ရန် ဝိဉာဉ်စွမ်းအင်ကို သုံးလိုက်သည်။ သူတို့ကို အမြဲတမ်း ထိန်းချုပ် ထားရန် နည်းလမ်းမရှိပေ။ သူမသည် တခြားနည်းလမ်းကို စဉ်းစားမှဖြစ်မည်။
မြေပေါ်တွင် ထိုင်ပြီး အချိန်အတန်ကြာစဉ်းစားပြီးနောက် သူမ လက်ဆန့်ထုတ်ကာ ပူကျစ်နေသော သဲ များကို ဆုပ်ကိုင်ကာ ပြောလိုက်သည် “အဲဒီထူးဆန်းတဲ့ မိစ္ဆာတွေအားလုံးက ဒီအဝါရောင်သဲထဲကဖြစ်လာတာပဲ ငါဒီနေရာ ဒါမှမဟုတ် ဒီသဲကို ဖျက်ဆီးလို့ရတယ် ဒါပေမဲ့ သဲကများလွန်းနေတယ်၊ အကုန်လုံးကို ဖျက်ဆီးဖို့ မဖြစ် နိုင်ဘူး၊ အဲတော့ ဒီနေရာကို ဖျက်ဆီးပစ်မှဖြစ်မယ်ဆိုတဲ့သဘောပဲ”
အခန်းထဲမှ လူများသည် သူမပြောလိုက်သော စကားကိုကြားသောအခါ နားမလည်စွာဖြင့် မျက်ခုံးများ ပင့်လိုက်ကြသည်။
ဒီကောင်လေးက ဘာလုပ်မလို့လဲ။ သူသာ ဒီနေရာကို တကယ်ဖျက်ဆီးလိုက်ရင် ဂိုဏ်းအတွက် ဆုံးရှုံးမှု ကြီးမားနိုင်တယ်။
အားလုံးသည် ဒုကျောင်းအုပ်ကိုကြည့်ရာ ဒုကျောင်းအုပ်သည် တည်ငြိမ်စွာ လက်ဝေ့ပြကာ ပြောလေ သည် “ကိစ္စမရှိဘူး သူ့မှာအဲလောက်စွမ်းရည်မရှိဘူး”
မှန်တံလျှပ်သည် ဒုကျောင်းအုပ်၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်။ သူ အဆင်ပြေသည်ဟု ပြောခြင်း ကြောင့် ပြဿနာမရှိနိုင်ပေ။
ထင်ထားသည့်အတိုင်းပင် ရှီမာယူယူ ထိုစကားပြောပြီးနောက်တွင် ဆက်ပြောလေသည် “ငါဒီနေရာကို ဖျက်ဆီးလို့လည်းမရဘူး၊ ဂိုဏ်းရဲ့ ပစ္စည်းကအဲလောက် အားမနည်းနိုင်ဘူး၊ တခြားနည်းလမ်းဘာရှိနိုင်ဦးမလဲ”
“သခင် ဒီသဲတွေကို ရွေ့လိုက်ရင် ပျောက်သွားမယ်မလား” ရာဟွောင်မေးလေသည်။
“ရွေ့လိုက်မယ်ဟုတ်လား” ရှီမာယူယူ မျက်လုံးများတောက်ပလာကာ မတ်တပ်ရပ်ပြီး အဝါရောင်သဲများ ကို ပုတ်ကာ ပြောလေသည် “ဟုတ်သားပဲ သူတို့ကမသေနိုင်ပေမယ့် ရွေ့လို့ရတယ် ရာဟွောင်တော်တယ်”
အမှန်တကယ်သာ ထိုအဝါရောင်မိစ္ဆာများကို သူမ ဝိဉာဉ်စေတီအတွင်းထည့်လိုက်ပါက စက္ကန့်ပိုင်း အတွင်း ပြဿနာရှင်းပြီးသားဖြစ်သွားမည်။ သို့သော် ထိုနေရာတွင် ဖြစ်ပျက်နေသမျှကို ဂိုဏ်းမှ လူများ စောင့် ကြည့်နေခြင်းရှိမရှိကို မသေချာပေ။ သူတို့သာ စောင့်ကြည့်နေပါက သူမသည် ဝိဉာဉ်စေတီ၏ တည်ရှိမှုကို ဖော်ထုတ်ပြီးသားဖြစ်သွားမည်။
သူမသည် တည်ဆောက်မှုကျောက်တုံးထုတ်ကာ အဝါရောင်သဲမိစ္ဆာများ ပတ်ပတ်လည်တွင် တည်ဆောက်မှု ခင်းကျင်းလိုက်သည်။
“သခင် ဒီအဝါရောင်သဲမိစ္ဆာတွေကို ဘယ်ကိုပို့မလို့လဲ” ရှီမာယူယူ အလျင်အမြန် တည်ဆောက်မှု ပြုလုပ် နေသည်ကို ရာဟွောင်တွေ့သည်နှင့် သင့်တော်သည့်နေရာမရှိခြင်းကြောင့် ဖြစ်သည်ဟု ရာဟွောင်သိလိုက် သည်။ မဟုတ်လျှင် သူမသည် လေဟာပြင်ကို အသုံးပြုရန်အတွက် ဒီလောက်အချိန်ကုန်ခံမည် မဟုတ်ပေ။
ရှီမာယူယူသည် ရာဟွောင်ခေါင်းကိုထိကာ ပြောလိုက်သည် “ငါ သူတို့ကို နေရာကောင်းကို ပို့လိုက်မှာပါ ဟာစွန် တည်ဆောက်မှု အသက်ဝင်လာတာကိုစောင့်လိုက်၊ ပြီးတာနဲ့ မင်း အတားအဆီးကို လွှတ်လိုက်တော့”
“အိုခေ” ဟာစွန် ခေါင်းညိမ့်လေသည်။
ရှီမာယူယူ တည်ဆောက်မှုကျောက်တုံးထုတ်ကာ ဝိဉာဉ်စွမ်းအင်အနည်းငယ်ထည့်လိုက်ပြီးနောက် ငါးထောင့်ကြယ်ပုံသဏ္ဍာန် ထောင့်များတွင် နေရာချလိုက်သည်။ တည်ဆောက်မှု အသက်ဝင်လာကာ အလင်းတန်းများသည် ကြယ်ပုံစံတောက်ပလာကာ သူမ၏ အမှတ်အသားအတိုင်းစီးဆင်းလာသည်။
“ဟာစွန်လွှတ်လိုက်တော့”
ရှီမာယူယူပြောလိုက်သည်နှင့် ဟာစွန်သည် အတားအဆီးကို ချက်ချင်းလွှတ်လိုက်ရာ ထိုသဲမိစ္ဆာများ သည် သူမရှိရာသို့ ချက်ချင်းပြေးလာကြကာ သူတို့ရပ်လိုက်သောနေရာတွင်ပင် ပျောက်ကွယ်သွားလေသည်။
အလင်းသည် ဖျော့သွားကာ ကန္တာရသည် ပြန်ငြိမ်သက်သွားလေသည်။
“သခင် မင်းကအရမ်းအားကောင်းတာပဲ” ရာဟွောင်သည် ခုန်ရင်းနှင့် ပြောလိုက်လေသည် “သခင် ရန်သူတွေမရှိတော့၊ သွားလိုက်တော့မယ်၊ ငါ့အမွေးတွေ လောင်ကုန်တော့မယ်”
ရှီမာယူယူလည်း ထိုကန္တာရသည် ပူလွန်းသည်ဟု တွေးမိသည်။ ရာဟွောင်သည် အရေပြားထူ သော်လည်း သူဒီနေရာတွင် ဆက်ထားပါက အဆင်မပြေသဖြင့် သူ့ကို သိမ်းလိုက်သည်။
“ယူယူ သူတို့ကို ဘယ်နေရာကိုပို့လိုက်တာလဲ” ငှက်လေးသည် အသွင်ပြောင်းကာ ဟာစွန်၏ ပခုံးပေါ် ဆင်းသက်ပြီး မေးလေသည်။
သူမ သူတို့ကို ပို့လိုက်သောနေရာတွင် လူများရှိနေပါက ထိုလူများသည် ကံကောင်းတော့မည်မဟုတ် ပေ။
“တခြားလူတွေကို ဒုက္ခပေးလို့ဘယ်ဖြစ်မလဲ၊ ငါပို့လိုက်လို့ လူတွေဆီရောက်သွားရင် အဲလူတွေက ငါနဲ့မှ မသိကြတာ၊ ငါ့အစ်ကိုတွေနားရောက်သွားရင် ဘယ်လိုလုပ်မလဲ” ရှီမာယူယူ ပြောလိုက်သည် “ငါ သူတို့ကို နေရာ လွတ် တစ်နေရာကိုပို့လိုက်တာ”
သူမ အဖြေကို ဟာစွန်အံ့သြခြင်းမဖြစ်တော့ပေ။ သူမ အကျင့်စရိုက်အရ ထိုကဲ့သို့ပင်ဆုံးဖြတ်မည်။
“နောက်အစီအစဉ်ကဘာလဲ ဒီမှာပဲဆက်နေချင်တာလား”
“ငါ…” ရှီမာယူယူ ပြောမလို့ပင်ရှိသေးသည်၊ သူမ မှော်ဝင်လက်စွပ်အတွင်းမှ လှုပ်ရှားမှုကို ခံစားလိုက်ရ သည်။ သူမ ကျောက်စိမ်းထုတ်လိုက်ရာ မျက်နှာပြင်မှ အစက်နှစ်စက်ကို တွေ့လိုက်ရသည်။ သူမ ပြောလိုက် သည် “ဒီမှာ ထပ်မစောင့်တော့ဘူး၊ ယူလင်းက ငါတို့နဲ့ မဝေးဘူး သူ့ကိုသွားရှာရအောင်”
ဟာစွန်သည် သူ၏ မူလပုံစံပြောင်းသွားကာ ရှီမာယူယူကို တင်ကာ ငှက်လေးနှင့် တိကျသာ ဦးတည် ဘက်သို့ ပျံသန်းသွားလိုက်သည်။
သူ ခေါင်းငုံ့ကာ ကျောက်စိမ်းကို ကြည့်လိုက်သည်။ ပြနေသော အကွာအဝေးမှာ ဝေးနေသေးသည်။ တစ်ဖက်လူသည် အကွာအဝေးမည်မျှရှိသည်ကို သိသွားသည်သဖြင့် သူလည်း သူမရှိရာ ဘက်သို့ အလျင်အမြန် သွားတော့သည်။ သို့သော် သူတို့ တုန့်သွားသည်။ သူတို့ကို နှေးသွားစေသည့် အကြောင်းအရင်းရှိသည်။
“ဟာစွန် မြန်မြန် သူတို့ ဒုက္ခရောက်နေတဲ့ပုံပဲ” ရှီမာယူယူသည် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
“အိုခေ” ဟာစွန်သည် အတောင်ပံများခတ်ကာ အရှိန်မြင့်လိုက်သည်။
အခန်းထဲတွင် ဆရာများသည် ရှီမာယူယူနှင့်အတူ ပျံသန်းနေသော ဟာစွန်အား ကြည့်လိုက်ကြသည်။ သူတို့သည် သူမ ပေးသော အံ့သြမှုများအကြားတွင် ကျင့်သားရနေသလိုပင်။
“စာချုပ်မိစ္ဆာ ၃ကောင်… အထွတ်အထိပ်မိစ္ဆာတောင်ပါသေးတယ်၊ သူဝါးမျိုခံရမှာ မကြောက်ဖူးလား”
“သူက အဂ္ဂိရတ်ပညာရှင်နဲ့ တည်ဆောက်မှုသခင်ဖြစ်နေသေးတယ်၊ သူ့စိတ်စွမ်းအင်က သာမန်ထက် လွန်နေမှာပဲ၊ သူ့မှာ အထွတ်အထိတ်စာချုပ်မိစ္ဆာတွေရှိတာ ဖြစ်သင့်သလိုပဲ”
“သူက ဒီလောက်အချိန်တိုအတွင်းမှာတောင် တည်ဆောက်မှုကို လုပ်နိုင်တယ်၊ သဲမိစ္ဆာတွေကိုတောင် လူမရှိတဲ့နေရာကို ပို့ဖို့ စဉ်းစားမိတယ် တကယ်ကို ရှားတဲ့အဖြစ်ပဲ”
“အဲဒီအဝါရောင်သဲမိစ္ဆာတွေက နေရာလွတ်ကိုရောက်သွားရင် သဲအဖြစ်ပြန်ပြောင်းသွားမှာပဲ”
“ဘာတွေပြောနေတာလဲ တံလျှပ်ထဲက အခြေနေကို သေချာ စစ်ဦး၊ တခြားလူသေသွားရင် မင်းတို့ကို ဝင်သွားခိုင်းမယ်” ဒုကျောင်းအုပ်သည် မုတ်ဆိတ်ကိုပွတ်ရင်းပြောလေသည်။
ဒုကျောင်းအုပ်သည် စနောက်ခြင်းဖြစ်လိုက်သော်လည်း အားလုံးသည် မျက်နှာတည်လိုက်ကာ တံလျှပ် ထဲမှ အခြေအနေများကို ဆက်ကြည့်ကြလေသည်။
ထိုနေရာတွင် နေ့ညမရှိသဖြင့် ရှီမာယူလင်းတို့ကို တွေ့ရန် ဘယ်လောက်ပျံသန်းရမည်ကို ရှီမာယူယူ မသိတော့ပေ။ သူမကို အံ့သြစေသည်မှာ ရှီမာယူရွှီနှင့် တခြားအစ်ကိုများ၊ ဝေကျိရွှီနှင့် အဖွဲ့၊ ရှီမာယူလင်းနှင့် တုလေးတို့သည် တစ်နေရာတည်းတွင် ရှိနေကြသည်။ သူတိုပသည် အဝါရောင်သဲမိစ္ဆာအုပ်နှင့် တိုက်နေကြ လေသည်။
သူမတစ်ယောက်တည်း ကွဲသွားတာလား။
“ငါ သူတို့ကို သီးသန့်ထားပြီး တခြားနေရာပို့ပစ်ဖို့ တည်ဆောက်မှုလုပ်လို့ရတယ်၊ မဟုတ်ရင် သူတို့က မသေနိုင်ဘူး ဒဏ်ရာလည်းရတာမဟုတ်ဘူး ငါတို့ဝိဉာဉ်စွမ်းအင်ကုန်သွားတာပဲရှိမယ်” သူတို့ ဖြတ်လိုက်သမျှ သည် ပြန်ပြန်ထွက်လာသည်ကို တွေ့သည်နှင့် ရှီမာယူလင်း စောင့်ကြည့်နေခဲ့သည်။ အားလုံးသည် အားနည်း စပြုလာသည်။
“ဒါပေမဲ့ ငါတို့သူတို့ကို သီးခြားထားဖို့နည်းလမ်းမရှိဘူးလေ” ဖက်တီးကျူသည် အဝါရောင်သဲမိစ္ဆာကို ထိုး လိုက်ရာ သဲပုံဖြစ်သွားသော်လည်း ချက်ချင်းပင် ပြန်ထလာသည်။
“မင်းတို့ သူတို့ကို တိုက်နှင့်ဦး၊ ငါဟိုဘက်သွားပြီး တည်ဆောက်မှုလုပ်လိုက်မယ်၊ သူတို့ကို အဲဘက်ကို ဆွဲခေါ်လာခဲ့” ရှီမာယူလင်း ပြောလိုက်သည်။
“ဒီအကြံက အလုပ်ဖြစ်ပါ့မလား”
“အလုပ်ဖြစ်ဖြစ် မဖြစ်ဖြစ် လုပ်ကြည့်ရမှာပဲ၊ သူငယ်ချင်းတို့…”
သဲမိစ္ဆာများသည် ပုံစံအမျိုးမျိုးဖြင့် ခဲသွားလေသည်။ သူတို့သည် အကြောသေသွားသကဲ့သို့ပင်။
“ဒါက…” ဘေဂုံထန်သည် အကြောသေသွားသော သဲမိစ္ဆာများကို ကြည့်ပြီး သူတို့နောက်ကို အမှတ် မထင် ကြည့်လိုက်မိသည်။ ထင်ထားသည့်အတိုင်းပင် ရင်းနှီးနေသော ပုံရိပ်အားတွေ့လိုက်သည်။
ရှီမာယူယူသည် ဟာစွန်၏ ကျောပေါ်ထိုင်ကာ မှင်တက်နေသော အားလုံးကို ကြည့်ပြီး ပြောလိုက်သည် “ယူလင်း မင်း တည်ဆောက်မှုလုပ်မယ်လို့ ပြောနေတာမလား၊ သွားမလုပ်သေးဘူးလား၊ ဟာစွန်က အဲလောက် အများကြီးကို အကြာကြီး ထိန်းမထားနိုင်ဘူး…”