စာမေးပွဲ (၅)
Vol. 006 Ch. 543
ရှီမာယူယူ ပေါ်လာသည်ကို ကြည့်ပြီးအားလုံးသည် စိတ်လှုပ်ရှားကြသည်။ အထူးသဖြင့် သူမသည် ရောက်ရောက်ချင်းပင် သဲမိစ္ဆာများကို အကြောသေအောင် ထိန်းချုပ်လိုက်သည်။ သူတို့ အသက်ရှုချောင်သွားရ သည်။ သူမသည် အချိန်ကိုက်ပင်ရောက်လာလို့တော်သေးသည်။
ရှီမာယူယူသည် ဟာစွန်အား လေပေါ်တွင် ဆက်ပျံခိုင်းပြီး သူတို့ရှိနေရာနေရာနှင့် နေရာအကွာအဝေးကို တွက်ချက်ပြီးနောက် တည်ဆောက်မှုကျောက်တုံးများထုတ်ကာ တိကျသော နေရာသို့ မြှောက်ပစ်လိုက်သည်။ နောက်ဆုံးကျန်သည့် ကျောက်တုံးများကို ဟာစွန်အား ပျံသန်းပြီး ဝိဉာဉ်စွမ်းအင်ထည့်ကာ မြေပေါ်သို့ ပစ်ခိုင်း လိုက်သည်။
တည်ဆောက်မှု အသက်ဝင်လာသည်ကို မြင်ပြီးနောက် တည်ဆောက်မှု အနီးတွင်ရှိနေသော ရှီမာယူလီ နှင့် တခြားသူများသည် အလောတကြီးပြေးကြလေသည်။ အပို့ခံရသည့်အထဲတွင် သူတို့ပါ ပါသွားပါက ဘယ်လို ဖြစ်သွားမလဲဆိုတာ မသိနိုင်ပေ။
“ဟာစွန်” ရှီမာယူယူသည် တည်ဆောက်မှုအသက်ဝင်လာသည်အထိ စောင့်ပြီး အော်လိုက်သည်။ ဟာစွန်သည် ချက်ချင်းပင် အတားအဆီးအားလွှတ်လိုက်ပြီး ထိုအဝါရောင် သဲမိစ္ဆာများသည် မလှုပ်ရှားရသေးခင် မှာပင် အဝေးသို့ အပို့ခံလိုက်ရလေသည်။
“ယူယူ အတော်ဆုံးပဲ” သဲမိစ္ဆာများ မရှိတော့သည်ကို မြင်သောအခါ ဝေကျိရွှီသည် ထိုင်ချလိုက်လေ သည်။
“ဟုတ်တယ်၊ ဒါကြီးက ငါတို့ကို လာလိမ်းပိတ်ထားတာ ကြာနေပြီ ငါတို့မိစ္ဆာပျံစီးရင်တောင် မလွတ်နိုင် ဘူး” ဖက်တီးကျူ ပြောလိုက်သည် “ယူယူ ငါတို့ဒီမှာရှိတာ ဘယ်လိုသိတာလဲ”
“ငါတို့ ကျောက်စိမ်းတုံးကိုကြည့်လိုက်တာလေ” ရှီမာယူယူ သိချင်စိတ်ဖြင့်မေးလိုက်သည် “နင်တို့ ကျောက်ကလည်း ငါရှိတဲ့နေရာကို မပြဘူးလား မသိဘူးလို့တော့ မပြောနဲ့နော်”
အားလုံးသည် ရှီမာယူလင်းရှိရာဘက်သို့ ကြည့်လိုက်ရာ သူပခုံးတွန့်ပြပြီး ပြောလိုက်သည် “သဲမိစ္ဆာတွေ အလိုက်ခံရတော့ ပြန်တိုက်ရတာတောင် စွမ်းအင်မလောက်တာ၊ ကျောက်စိမ်းတုံးကို ကြည့်ဖို့ အချိန်ဘယ်လိုရှိ မှာလဲ”
ရှီမာယူယူသည် ဆွံ့အသွားသည်။ ဒါဆို သူတို့က လွတ်အောင်ပြေးဖို့ပဲ သူမရှိတဲ့ဘက်ကို ပြေးလာခဲ့ တာပေါ့၊ သူတို့က သူမအနီးအနားမှာရောက်နေတာကိုတောင် မသိဘူးပေါ့။
သူတို့ ဦးတည်ရာမှန်လို့တော်သေးသည်။ သူတို့သာ ဆန့်ကျင်ဘက်ပြေးလို့ကတော့ သူတို့ကို လိုက်မှီဖို့ သူမ အချိန်ကြာဦးမည်။
“ဟုတ်သားပဲ ဘယ်လိုလုပ် အားလုံးအတူရှိနေတာလဲ၊ ဒီနေရာကို အတူဝင်ခဲ့ကြတာလား”
“မဟုတ်ဘူး” ရှီမာယူရန်သည် ခေါင်းရမ်းကာ ပြောလေသည် “ငါတို့အစတုန်းက ကွဲနေကြတာ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် သိပ်မဝေးကြဘူး၊ နောက်မှ တဖြည်းဖြည်းစုမိသွားတာ၊ မင်းတစ်ယောက်ပဲ ပျောက် နေတာလို့တောင် ငါတို့ပြောနေကြသေးတယ်၊ ဒါပေမဲ့ မင်းဖြေရှင်းနိုင်တယ်ဆိုတာသိလို့ မစိုးရိမ်ပါဘူး”
တခြားလူသာ ကွဲနေပါကာ သူတို့သည် ထိုလူအား သွားရှာကြမည်ဖြစ်သည်။ သို့သော် သူမဖြစ်နေသဖြင့် သူတို့သည် သူမအားမရှာလည်းဖြစ်သည်။
ရှီမာယူယူသည် သူမအစ်ကိုအား စိတ်တိုစွာကြည့်လိုက်ပြီး တစ်ခွန်းသာပြောလေသည် “အရင်နားပြီး အားပြည့်အောင်လုပ်လိုက်ဦး”
အားလုံးသည် မှော်ဝင်လက်စွပ်အတွင်းမှ ဆေးထုတ်နေသည်ကို ရှီမာယူယူ ကြည့်ပြီးနောက် သူတို့သည် ထိုတံလျှပ်၏ လုပ်ဆောင်မှုကို သဘောပေါက်ပြီးဖြစ်သည်ကို သူမ သိလိုက်သည်။ သူမသည် မတ်တပ်ရပ်ပြီး သူတို့အားစောင့်ကြည့်ပေးလေသည်။
အားလုံးနားနေချိန်တွင် သူမသည် အဆုံးမရှိသော ကန္တာရအားတွေ့လိုက်ပြီး ဒီစမ်းသပ်မှု ဘယ်တော့မှ ပြီးမလဲဆိုသည်ကို သိချင်နေသည်။
ဘေဂုံထန်သည် အရင်ဆုံးအားပြန်ပြည့်ကာ ရှီမာယူယူ သဲပေါ်တွင်ထိုင်နေသည်ကို မြင်လိုက်သည်။ သူမ လျှောက်သွားကာ ပြောလိုက်သည် “ဘာတွေကြုံခဲ့လဲ”
ရှီမာယူယူသည် ဝိဉာဉ်မိစ္ဆာများနှင့် အကြိမ်ပေါင်းများစွာ ကြုံခဲ့ရသည်များကို ပြောပြရာ ဘေဂုံထန်သည် အံ့သြသွားလေသည် “နင် အဲလောက်အစောကြီး မိစ္ဆာတွေနဲ့တွေ့ခဲ့တာလား”
“နင်တို့က အဲလိုမဟုတ်ဘူးလား”
“ငါတို့လည်းတွေ့ပါတယ် ဒါပေမဲ့ ၂ရက်ကျော်မှ၊ အဲအရင်ကတော့ မတွေ့ရဘူး” ဘေဂုံထန် ပြောလေ သည် “ပြီးတော့ ငါတို့ အဖွဲ့မဖွဲ့ခင်ကို ဘယ်ဝိဉာဉ်မိစ္ဆာနဲ့မှ မတွေ့ခဲ့ဘူး”
“အန် ငါတစ်ယောက်ပဲတွေ့တာလား” ရှီမာယူယူသည် သူမနှာခေါင်းအား ထိလိုက်သည်။
“ဖြစ်နိုင်တယ်”
ရှီမာယူယူသည် ကောင်းကင်အား အကူအညီမဲ့စွာ ကြည့်လိုက်သည် “ငါ့အကျင့်စရိုက်က ဆိုးနေလို့များ လား၊ မဟုတ်ရင် ဒီနေရာကို ထိန်းချုပ်တဲ့လူက ငါ့ကို မကြိုက်လို့ ငါ့ကိုရှင်းဖို့အတွက် ဝိဉာဉ်မိစ္ဆာတွေလွှတ်လိုက် တာလား”
အခန်းထဲရှိ ဆရာများသည် အနည်းငယ်ရှက်ရွံ့စွာ ကြည့်လိုက်သော်လည်း ဘာမှမပြောကြပေ။ ဒါသည် ဒုကျောင်းအုပ်၏ အမိန့်ဖြစ်သည်။ သူတို့နှင့်မဆိုင်ပေ။ သူတို့ကို သူမ အပြစ်မြင်ပါက သူတို့ဂိုဏ်းကို ဝင်ရန် မရွေးချယ်သင့်ပေ။
ဆရာများသည် သူမကို မည်သို့တွေးနေသည်ကို ရှီမာယူယူမသိတော့ပေ။ ထို့အပြင် လူတစ်ယောက် သည် ထိုဝိဉာဉ်မိစ္ဆာများကို သူမအတွက် အထူးတည်စီစဉ်ပေးသည်ကို သူမ နားမလည်နိုင်တော့ပေ။ စမ်းသပ်မှု ပြီးပြီလားဆိုသည်ကို သူမ သိချင်နေတုန်းပဲဖြစ်သည်။
“ယူယူ၊ အဲဒီဝိဉာဉ်မိစ္ဆာတွေကို ငါတစ်ခုခုခံစားမိတယ်” ဘေဂုံထန်ပြောလေသည်။
“ဘယ်လိုလဲ”
“သူတို့ ရုတ်တရက်ပေါ်လာတာက အစတုန်းက လှောင်အိမ်ထဲမှာ အပိတ်ခံထားရတာ ဖြစ်လောက် တယ် ဒါပေမဲ့ ရုတ်တရက်လွတ်လာပြီး ထွက်လာကြတယ်” ဘေဂုံထန်သည် သူမ ခံစားမိသည့်အတိုင်း ပြောပြ လေသည်။
“ဒါက ဂိုဏ်းရဲ့ ပထမဆုံးစမ်းသပ်မှုပဲ၊ ဒီနေရာက ဘယ်နေရာလဲဆိုတာ ငါတို့မသိပေမယ့် ဒီနေရာက ဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိရတာဖြစ်မယ်၊ သူတို့ထိန်းချုပ်မှုအောက်မှာ ဖြစ်သွားတာ မဟုတ်ဘူးလို့ ငါ သံသယဖြစ်မိတယ်” ရှီမာယူယူ ပြောလိုက်သည် “နင်ပြောတာ ဖြစ်နိုင်တယ် ဒါပေမဲ့ ဒါကိုသေချာအောင် လုပ်နိုင် တဲ့ နည်းမရှိဘူး”
“ဟုတ်တယ်” ဘေဂုံထန် ခေါင်းညိမ့်ကာ ထပ်ပြီး မေးခွန်းမမေးပေ။
ထို့နောက်တွင် အားလုံး ထလာကာ တစ်ယောက်ချင်းစီ အားပြန်ပြည့်လာသည်။ သူတို့၏ ဝိဉာဉ်စွမ်းအင် ပြန်ပြည့်လာပြီး ပြန်စည်ကားလာသည်။
“အစ်ကိုကြီး အခုဘယ်သွားကြမလဲ” တုလေးသည် ရှီမာယူယူဘေးလျှောက်လာကာ မေးလိုက်လေ သည်။
ရှီမာယူယူသည် အားလုံးကို ကြည့်ကာ ပြောလိုက်သည် “ဒီကန္တာရက အဆုံးမရှိဘူး၊ ဘယ်သွားသွား ဘာမှထူးမှာမဟုတ်ဘူး”
“အစ်ကိုကြီးယူလင်းကလည်း ခုနက အဲလိုပြောတယ်၊ ဒီတစ်ခေါက်စမ်းသပ်မှုက ဒီမှာဘယ်လောက် ကြာအောင်နေနိုင်မလဲဆိုတာ စမ်းတာတဲ့၊ အဲဒါကြောင့် အဲဒါကြောင့် ကန္တာရထဲမှာ လျှောက်မသွားတော့ဘူး”
ရှီမာယူလင်းနှင့် သူမ၏ အစ်ကိုလေးတို့ ဉာဏ်ကောင်းသည်ကို ရှီမာယူယူသိသည်။ သူတို့သည် ဒီတစ်ခေါက် စမ်းသပ်မှုအကြောင်းအရာကို ခန့်မှန်းပြီးဖြစ်လိမ့်မည်။ အားလုံးလည်း တစ်သားတည်း ခံစားမိကြ သဖြင့် ထိုအတိုင်းဖြစ်နိုင်ချေမှာမြင့်သည်။
“ဒါဆို စောင့်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက်က ငါသတ်ခဲ့တဲ့ ဝိဉာဉ်မြွေရှိ တယ် အရသာကောင်းတယ်၊ အဲဒါကိုချက်စားကြတာပေါ့၊ ဝိဉာဉ်မြွေအသားက မင်းတို့ ဝိဉာဉ်စွမ်းအင်အတွက် လည်းကောင်းတယ်လေ”
“အိုခေ အိုခေ”
ရှီမာယူယူသည် မှော်ဝင်လက်စွပ်အတွင်း မပျက်စီးအောင်ထားထားသော မြွေအသားများကို ထုတ်လိုက် ရာ ထိုမြွေများသည် သေထားသည်မှာ မကြာသေးသည်ကို တွေ့ရသည်။ အသားများသည် လတ်ဆတ်ကာ နူးညံ့ နေသည်။
မြွေသားများကို စီမံရန် ဖက်တီးကျူတို့နှင့် ထားခဲ့ပြီး မချက်ပြုတ်ခင် ဆေးကြောသန့်စင်ရန် သူမ ထွက်ခဲ့ လိုက်သည်။
ရှီမာယူယူ ဝိဉာဉ်မိစ္ဆာများနှင့် အရင်တွေ့သည်ဟု ကြားသည်နှင့် အားလုံးသည် သူမ အကျင့်စရိုက်နှင့် ပတ်သတ်ပြီး စနောက်ကြလေသည်။ မဟုတ်လျှင် တခြားသူတွေ မကြုံရတာကို သူမက ဘာလို့တစ်ယောက် တည်းတွေ့ရတာလဲ။
ထိုသို့စနောက်ခံရသောအခါ ရှီမာယူယူ ကိုယ်တိုင်ပင် သူမသည် ဘာလို့နာမည်ဆိုးကျော်ကြား သလဲ ဆိုသည်ကို သိချင်မိသည်။
သူတို့ ပျော်ရွှင်စွာ စားသောက်နေကြသည်နှင့် ယှဉ်လျှင် တခြားသော ပြိုင်ပွဲဝင်များသည် ကံမကောင်း ကြပေ။ နေရာထိန်းချုပ်နိုင်သော မိစ္ဆာများမရှိပဲနှင့် ထိုသဲမိစ္ဆာများကို ရှင်းပစ်ရန် မဖြစ်နိုင်ပေ။ သူတို့သည် အသက် ရှင်ရေးအတွက် ရှောင်ရှားရန်သာ တတ်နိုင်ကြတော့သည်။ နောက်ဆုံးတွင် သူတို့သည် စွမ်းအင်များ ကုန်ဆုံးပြီး ပင်ပန်းကြကာ စမ်းသပ်မှုကို ဆက်ပြိုင်ရမည့် အခွင့်အရေးဆုံးရှုံးကြလေသည်။
တချို့မှာ ကံကောင်းသည်။ သူတို့သည် သဲမိစ္ဆာများနှင့် မတွေ့ကြသော်လည်း တံလျှပ်၏ လုပ်ဆောင် ချုက်ကို မသိကြသဖြင့် ရက်အနည်းငယ် မစားရ မသောက်ရဖြစ်ကြလေသည်။ ထိုနေရာ၏ ကြမ်းတမ်းမှုနှင့် တင်းကြပ်သော ပတ်ဝန်းကျင်ကြောင့် သူတို့သည် မခံနိုင်တော့ပဲ ထိုနေရာမှ ထွက်ကြလေသည်။
တခြားအဖွဲ့မှာ သဲမိစ္ဆာများနှင့်မတွေ့ရသော်လည်း တခြားမိစ္ဆာများနှင့် တွေ့ရလေသည်။ သူတို့သည် ဝိဉာဉ်မိစ္ဆာများကို သတ်နိုင်လိုက်ကြသော်လည်း ပြင်းထန်သော ဒဏ်ရာများရကြလေသည်။ အနည်းဆုံးတော့ သူတို့ ထိန်းချုပ်နိုင်သဖြင့် ဆွဲထုတ်ခြင်းမခံရပေ။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိလိုက်ချိန်တွင် ရှီမာယူယူတို့သည် မြွေသားစားသောက်ပြီးချိန် တွင် သူတို့ဆီသို့ လာနေသော ညည်းသံအားကြားလိုက်ရလေသည်။
“အဝါရောင်သဲမိစ္ဆာပဲ” ရှီမာယူရန်နှင့် တခြားလူများသည် လျင်မြန်စွာပင် အမူအရာများ ပြောင်းသွားကြ လေသည်။ သူတို့သည် ရက်ပေါင်းများစွာ အလိုက်ခံထားရသဖြင့် ထိုအသံများကို ရင်းနှီးနေကြပြီဖြစ်သည် “တစ်ယောက်ယောက်တော့ သဲမိစ္ဆာအလိုက်ခံရပြီး ငါတို့ဘက်ပြေးလာနေပြီ”