အရှေ့ဘက်ကုန်းရိုး၏ ဟော့ဘာ
Vol. 006 Ch. 544
အားလုံးသည် အသံလာရာဘက်သို့ ကြည့်လိုက်ကြသည်။ သူတို့သည် တစ်ကမ္ဘာလုံး သဲဖြင့်နစ်မြှုပ် နေသကဲ့သို့ ထင်ရလောက်သော သဲအပြည့်ဖြစ်နေသော မြင်ကွင်း ကိုသာမြင်ရလေသည်။
အနက်ရောင်လူတစ်စုသည် အလျင်အမြန်လှုပ်ရှားနေကြသည်။
အကယ်၍သာ သာမန်အချိန်မှာ ထိုမြင်ကွင်းကို မြင်ရပါကာ အလွန်လှပသော မြင်ကွင်းဖြစ်လိမ့်မည်။ သို့သော် ဒီနေ့တော့ အားလုံးသည် စကားတစ်လုံးမှ ထွက်မလာကြပေ။ ဝါးမျိုနေသော အသံတစ်ခုသာ ကြားရ လေသည်။
“ဘုရားရေ အဲဒီသဲမိစ္ဆာတွေက ဘာလို့တခြားအကောင်တွေထပ် ကြီးနေတာလဲ”
ရှီမာယူယူ ဟာစွန်အားကြည့်လိုက်သည်။ သူ ခေါင်းညိမ့်ပြလိုက်သည်။ သူမ၏ တင်းမာနေသော အကြောများသည် ဖြေလျော့သွားလေသည်။
နှစ်ဖက်လုံးမှ အရှိန်သည် အလွန်မြန်ဆန်သည်။ ခဏအကြာတွင် သူတို့ဆီသို့ ပျံတက်လာသည်ကို တွေ့ လိုက်ရသည်။
“သူတို့်အားလုံးက အံ့ဖွယ်အရှင်အဆင့်တွေပဲ” ဘေဂုံထန် မှတ်ချက်ပေးလေသည်။
ထိုလူများသည် ရှီမာယူယူတို့ အဖွဲ့အားတွေ့သောအခါ ကျယ်လောင်စွာ အော်လေသည် “ပြေးတော့ အဲဒီမှာ ရပ်မနေနဲ့ ပြေး”
သူတို့ မလှုပ်မယှက်ရှိနေသည်ကို တွေ့သောအခါ ထိုလူများသည် ထိတ်လန့်သွားကြသည်။ မိန်းကလေး တစ်ယောက်သည် အော်လေသည် “ရူးနေကြတာလား မြန်မြန်ပြေး”
သဲမိစ္ဆာတစ်တန်းကြီးမှာ သူတို့နောက်တွင်ရှိကာ သူတို့သည် ဆက်ပြေးနေရသဖြင့် ဦးတည်ရာ ပြောင်းရန်မဖြစ်နိုင်ပေ။ သဲမိစ္ဆာများသည် နီးနီးလာကာ တစ်ဖက်အဖွဲ့ကိုလည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရှင်းလင်းစွာ မြင် ရလေသည်။
ထိုအဖွဲ့ထဲမှ အပြာရောင်ဝတ်ထားသော အမျိုးသားသည် ရှီမာယူယူနှင့် အဖွဲ့မလှုပ်ရှားသည်ကို တွေ့ လိုက်ရသည်။ သူတို့သည် အလွန်ကြောက်ရွံ့သဖြင့် ဘယ်လိုတုန့်ပြန်ရမလဲကို မသိဟု သူ ထင်လိုက်သည်။ သူ ကျိန်ဆဲလိုက်ကာ ခြေလှမ်းများရပ်လိုက်ပြီး သဲမိစ္ဆာများနှင့် မျက်နှာချင်းဆိုင်ဘက်သို့ လှည့်လိုက်သည်။
“မင်းတို့သွားနှင့် ငါသူတို့ကို အချိန်ဆွဲထာလိုက်မယ်”
“မတုံးစမ်းနဲ့ သူတို့ကို ဘယ်လိုလုပ် တစ်ယောက်တည်း တိုက်နိုင်မှာလဲ” မိန်းကလေးသည် အပြာဝတ် အမျိုးသားအား အော်လိုက်သည်။
“အကူအညီမဖြစ်ဘူး၊ ခဏအချိန်ဆွဲလည်း ခဏပဲ မင်းတို့အရင်သွားနှင့်ကြ” အပြာရောင်ဝတ် အမျိုးသား အော်လိုက်သည်။
“ငါ နင့်နောက်မှာနေမယ်၊ ကျန်တဲ့လူတွေပြေးလိုက်တော့” အမျိုးသမီးသည် တခြားလူများကို အော် လေသည်။ သူမသည် ပျံလာကာ အပြာဝတ်အမျိုးသားဘေးသို့လာလိုက်သည်။
တခြားလူများသည် ခေတ္တမျှတွေဝေသွားသော်လည်း နောက်ပြန်ပြီး ပျံကြလေသည်။
“ဘာလို့ပြန်လာတာလဲ”
“နင့်ကိုတစ်ယောက်တည်း ဘယ်လိုထားသွားရမှာလဲ”
“မင်း…” အပြာဝတ်အမျိုးသားသည် သဲမိစ္ဆာများကို တိုက်ခိုက်လေသည်။ သူ မြေပေါ်တွင် လည်သွား ကာ သဲမိစ္ဆာ၏ ခြေထောက်ပေါ်သို့ ကျသွားလေသည်။
“ဟော့ဘာ ဟန်”
အားလုံးသည် ရုတ်တရက်ပြောင်းလဲသွားသော အခြေအနေကြောင့် ကြောက်ရွံ့သွားကြသည်။ အကယ် ၍ သဲမိစ္ဆာသည် ခြေထောက်မြောက်လိုက်ပါက သူသေချာပေါက် သေသွားမည်ဖြစ်သည်။
“ဟော့ဘာဟန်”
“မဖြစ်ဘူး”
အားလုံးသည် သူ့ကိုကယ်ရန်အတွက် အဝါရောင်သဲမိစ္ဆာများကို တိုက်ခိုက်လေသည်။ သို့သော် သူတို့ တိုက်ခိုက်မှုမှာအသုံးမဝင်ပဲ သဲမိစ္ဆာများ၏ ရိုက်ခြင်းကို ခံရလေသည်။
ဟော့ဘာဟန်သည် ခါးထိသွားသည်။ နာကျင်မှုကြောင့် သူ မထနိုင်ခဲ့ပေ။ သူခေါင်းထောင်ကြည့်လိုက် သောအခါ သဲမိစ္ဆာကြီးသည် သူ၏ ကြီးမားသော ခြေထောက်ကိုမလိုက်သည်ကိုတွေ့လိုက်သည်။ သူ့မျက်လုံး များသည် မလိုလားခြင်းများဖြစ်နေသည်။
သူ ဒီမှာပဲသေရတော့မှာလား။
ကြီးမားသော ခြေထောက်ကြီးသည် သူ့နှင့်ပိုနီးလာသည်။ သူ့မြင်ကွင်းသည် အဝါရောင်သဲများဖြင့် ပြည့် သွားလေသည်။ သူမျက်လုံးပိတ်ကာ သေဆုံးခြင်းကို စောင့်နေချိန်တွင် သဲမိစ္ဆာ၏ ခြေထောက်သည် သူ့နားမှ ခွာသွားသည်ကိုတွေ့ခဲ့ရသည်။ သာယာသောအသံသည် သူ့နားထဲဝင်လာသည်။ ဒီတစ်ကြိမ်တွင် သူ့အကယ်ခံ လိုက်ရခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
“သဲမိစ္ဆာတွေအရမ်းများတယ်၊ ပြီးတော့ နေရာကလည်းအရမ်းကြီးလွန်းတယ်၊ ဟာစွန်ထပ်ပြီး မတောင့်ခံ နိုင်တော့ဘူး၊ ယူလင်း နင်နဲ့ငါ တည်ဆောက်မှုဆောက်ရတော့မယ်၊ ကျန်တဲ့လူတွေက ဒီ်နေရာလုံခြုံအောင်စောင့် ပေး မြန်မြန်”
ရှီမာယူယူ ညွှန်ကြားချက်များပေးပြီးသည်နှင့် ဟာစွန်၏ ကျောပေါ်သို့ တွယ်တက်လိုက်သည်။ ရှီမာယူလင်းသည်လည်း သူ၏ မိစ္ဆာပျံကို ဆင့်ခေါ်ကာ ရှီမာယူယူနှင့် တည်ဆောက်မှုကို ဆောက်လုပ်လေသည်။
ဝေကျိရွှီနှင့် တခြားလူများသည်လည်း မနှေးပေ။ သူတို့သည် လျင်မြန်စွာပင် ဒဏ်ရာရသူများဆီ ပြေး သွားကာ ရှီမာယူယူ၏ တည်ဆောက်မှုဆီမှ လျင်မြန်စွာ ထွက်ခွာလေသည်။
သဲမိစ္ဆာများအဝေးတွင် ထိုလူများ စီစဉ်မှုများလုပ်နေသည်။ သို့သော် သူတို့ကိုကယ်တင်ရန်ဖြစ်သည်ကို သိကြသည်။
နှစ်ယောက်မှာ လေထဲတွင် တည်ဆောက်မှု ဆောက်လုပ်နေသည်ကို သူတို့မြင်ခဲ့သည်။ တည်ဆောက် မှုကို ထိုအတိုင်း တည်ဆောက်နေသည်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ဟော့ဘာဟန်သည် ပြင်းထန်စွာ ဒဏ်ရာရထားသည်။ တခြားလူများသည် သူ့ကိုဆေးကျွေးပြီးနောက် တစ်ဖက်လူများကို ကြည့်လိုက်ကြသည်။ သူတို့သည် အခြေအနေကို မေးလိုသော်လည်း ဝေကျိရွှီနှင့် တခြားသူ များသည် လေထဲရှိနှစ်ယောက်ကို ကြည့်နေကြလေသည်။ သူတို့သည် ပါးစပ်ပိတ်နေရန် အမူအရာလုပ်ပြလေ သည်။
တည်ဆောက်မှုလုပ်ပြီးနောက်တွင် ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် မြေပေါ်သို့ ပြန်လာပြီး တည်ဆောက်မှုအား အသက်သွင်းတော့သည်။
“ဝူး….”
သဲမိစ္ဆာများသည် လွတ်သွားသည်နှင့် ဟိန်းဟောက်လိုက်ကြသည်။ သို့သော် သူတို့ မလှုပ်ရသေးခင်မှာ ပင် တည်ဆောက်မှုသည် သူတို့အား နေရာလွတ်တစ်ခုသို့ပို့လိုက်လေသည်။
“ဟူး”
ရှီမာယူယူ သက်ပြင်းရှည်ချလိုက်သည်။ ထို့နောက်တွင် သူမသည် လမ်းလျှောက်သွားလေသည်။
“ကျွန်မက ဟော့ဘာယန်အာပါ၊ ကျွန်မတို့ကို ကယ်ပေးတဲ့အတွက်ကျေးဇူးပါ ရှင်တို့ကြောင့်သာမဟုတ် ရင် လွတ်မှာမဟုတ်ဘူး” မိန်းကလေးသည် ရှီမာယူယူအား လက်အုပ်ချီပြောလေသည်။
“ရှီမာယူယူပါ” ရှီမာယူယူပြန်ဖြေလေသည်။ “ကျွန်တော်တို့မရှိရင်တာင် ဂိုဏ်းက ဂရုမစိုက်ပဲ မနေဘူး လို့ထင်ပါတယ်၊ သေဖို့က လွယ်တာမှမဟုတ်တာ”
သူမသည် သူတို့အား ကယ်ချင်ခဲ့သည်။ တစ်ဖက်လူသည် သူတို့အား ဆွဲခေါ်ရန် ရည်ရွယ်ချက်မရှိပေ။ သူတို့အတွက် ပေါ်လာရန် ရည်ရွယ်ချက်မရှိပေ။ သူတို့ကို စောင့်ကြည့်နေရာ လှည့်ပြီး အချိန်ဆွဲသည်ကို အံ့သြ သွားခဲ့သည်။ ထိုအဓိပ္ပာယ်မှာ သူတို့၏ စိတ်သဘောထားမှာ မဆိုးလှပေ။ ဒုတိအချက်အနေနှင့် သူတို့ကြားမှ ခင်မင်မှုကို မြင်လိုက်ရသောအခါ သူမတို့အဖွဲ့နှင့် ဆင်တူသည်ဟု ရှီမာယူယူခံစားရသည်။ ထို့ကြောင့် သူမ ကူညီရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
သူတို့သေသွားရင်တောင် ထိုသဲမိစ္ဆာများသည် ပြန်လာကာ သူတို့ကို ပစ်မှတ်ပြောင်းမည်ဖြစ်သည်။ သူတို့ကို ကူညီတာပိုကောင်းမည်။
နှစ်ဖက်အဖွဲ့သည် ချက်ချင်းပင် ရင်းနှီးသွားကြလေသည်။ အပြာရောင်ဝတ်ထားသော အမျိုးသားသည် ဟော့ဘာဟန်ဖြစ်သည်။ ဘေးတွင် ဟော့ဘာယန်အာ၊ တခြားသုံးယောက်မှာ ဖန်ဝူဟန်၊ ဝမ်ခိုင်နှင့် မူလင်းတို့ ဖြစ် ကြသည်။
ဖန်ဝူဟန်၏ ကိုယ့်ကိုယ်ကို မိတ်ဆက်မှုကို ကြားပြီးနောက်တွင် ရှီမာယူယူသည် မသိမသာ စိုက်ကြည့် မိလေသည်။ သူက ဖန်ကျိရှင်းနှင့် မိသားစုတူများဖြစ်မလားပဲ။
“ဟော့ဘာမိသားစု၊ အရှေ့ဘက်ကုန်းရိုးက ဟော့ဘာမိသားစုလား” သူမသည် ဟော့ဘာဟန်နှင့် ဟော့ဘာယန်အာတို့ကို ကြည့်ရင်းမေးလိုက်သည်။
“ဟုတ်ပါတယ် အတွင်းပိုင်းဒေသက အကြောင်းကိုဘယ်လိုသိတာလဲ” သူတို့၏ အသက်ကယ်တင်ရှင် များဖြစ်သဖြင့် ဟော့ဘာယန်အာသည် မဖုံးကွယ်တော့ပေ။
“အရှေ့ပိုင်းကုန်းရိုးရဲ့ ဟော့ဘာ၊ မြောက်ပိုင်းမိုရဲ့ ချောင်းလန်၊ အနောက်ဘက်လင်းရဲ့ မိုမိသားစု၊ တောင်ပိုင်းကန္တာရရဲ့ ဟုန်မိသားစု မိသားစု ၄ခုရဲ့ ဂုဏ်သခင်းကတော့ ကျော်ကြားပြီးသားလေ၊ ကျွန်တော်တို့သိ တာပုံမှန်ပါပဲ” ရှီမာယူယူ ရှင်းပြလေသည်။
မိသားစုကြီး ၄ခုတွင် ကြောက်မက်ဖွယ် အင်အားရှိသည်။ နန်းတော်များ၊ စံအိမ်တော်များ၊ တောင်ကြား များနှင့် သိပ်ကွာခြားမှုမရှိပေ။ ထိုမိသားစုများသည် ဤမျှကြီးမားသော အင်အားကို မည်သို့ပျိုးထောင်ခဲ့ကြောင်း အချိန်မည်မျှကြခဲ့ကြောင်းကို သူမ သိချင်ခဲ့သည်။
နောက်ပိုင်းတွင် ထိုမိသားစု၄ခုသည် အကြီးဆုံးမဟုတ်သည်ကို နားလည်ခဲ့သည်။ ဝေးကွာလှသော နေရာများတွင် ထိုမိသားစုများသည် ရှေးခေတ်ကပင်ရှိခဲ့ခြင်းဖြစ်သည်။ ထိုမိသားစုများသည် ထိုဒေသ တစ်လျှောက်လုံးတွင် သြဇာရှိသော ရာထူးများရထားကြသည်။ သို့သော် သူတို့သည် လူရှေ့သို့ ပေါ်လာလေ့ မရှိသောကြောင့် ပုန်းကွယ်နေသော မိသားစုများအဖြစ်သာ လူသိများကြသည်။
“အရှေ့ဘက် လင်းနဲ့ မြောက်ပိုင်းမိုကလည်း ဒီကိုပါရမီရှင်တွေပို့တယ်လို့ကြားတယ်၊ အခု အရှေ့ပိုင်း ကုန်းရိုးကလည်းလူတွေရှိနေပြီ၊ ဒီဂိုဏ်းရဲ့ ရွေးချယ်ပွဲမှာ ပါရမီရှင်တွေဒီလောက်များမယ်လို့ ထင်မထားဘူး” ရှီမာယူလင်း ပြောလေသည်။
“ကောင်းကင်ဂိုဏ်းက အပြင်ပိုင်းဒေသမှာရှိပေမယ့် အတွင်းပိုင်းဒေသမှာလည်း သြဇာသက်ရောက် တယ်၊ ကျွန်မတိုပလည်း အဲဒါကြောင့်ပဲလာခဲ့တာ” ဟော့ဘာယန်အာသည် ရှင်းပြလေသည်။
သူမ ရှင်းပြချက် နားထောင်ပြီးနောက်တွင် ရှီမာယူယူတို့သည် ထပ်မမေးတော့ပေ။ ဂိုဏ်းသို့ ပါရမီရှင် များလာရောက်ခြင်း အကြောင်းအရင်းများမှာ သူတို့နှင့် မဆိုင်ပေ။
“သူ့ဒဏ်ရာနက်တယ်၊ သူ့ကိုကြည့်ဦးမယ်” ရှီမာယူယူသည် ဟော့ဘာဟန်ကို ကြည့်လေသည်။
ချောင်းလန်လီနှင့် ညီတူညီမျှ နာမည်ကြီးသော ဟော့ဘာဟန်နှင့် ဆက်ဆံရေးကောင်းထားသည်မှာ မဆိုးလှဟု ထင်သည်။
“မင်း ဆေးပညာတတ်တာလား” ဖန်ဝူဟန်သည် ရှီမာယူယူအား အံ့သြစွာ ကြည့်လိုက်သည်။
“နည်းနည်းပါ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို သခင်လေးယူယူကိုပဲ ဒုက္ခပေးရတော့မှာပဲ” ဟော့ဘာဟန် ပြောလေသည်။
ရှီမာယူယူသည် ဟော့ဘာဟန်၏ သွေးခုန်နှုန်းကိုစမ်းပြီးနောက် သူ၏ ခန္ဓာကိုယ်အခြေအနေကို စမ်းကြည့်ရာ သူမ သိချင်စိတ်ကို မထိန်းနိုင်ကာ သူ့ကိုကြည့်လိုက်သည်။