မိခင်ဗိုက်ထဲမှ ဆက်ခံခြင်း
Vol. 006 Ch. 545
ရှီမာယူယူသည် ဟော့ဘာဟန်ကို စိုက်ကြည့်လိုက်သည်။ ဟော့ဘာဟန်သည် သူမအား ပြန်ကြည့်လေ သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းစုံနေကြသည်။
“သခင်လေးရှီမာ သူ့အခြေအနေဘယ်လိုလဲ” ဟော့ဘာယန်အာသည် ဘေးမှ စိုးရိမ်စွာမေးလေသည်။
ရှီမာယူယူ အကြည့်ကိုပြန်ရုတ်သိမ်းပြီး ဟော့ဘာယန်အာကို ပြုံးုပြလိုက်သည် “သူ့ရဲ့ ခါးရိုးခစ်ထိသွား တယ်၊ သူ အပ်စိုက်ကုဖို့လိုလိမ့်မယ်၊ သူဆေးပဲသောက်နေရင် ပြန်ကောင်းတာနှေးလိမ့်မယ်”
“အပ်စိုက်ကုမယ်ဟုတ်လား၊ အဲဒါကဘယ်လိုမျိုးလဲ” ဟော့ဘာယန်အာ မေးလေသည်။
“အပ်နဲ့ ပင်မအကြောတွေကို စိုက်ပြီးကုတာပဲ” ရှီမာယူယူ ရိုးရှင်းစွာ ရှင်းပြလိုက်သည်။
“တောင်ပိုင်းကန္တာရက မိန်းကလေးရှီမာက ထူးခြားတဲ့ အပ်စိုက်ကုထုံးသုံးတယ်လို့ ကြားဖူးတယ်၊ တကယ် သက်ရောက်မှုရှိတယ်၊ သခင်လေးကရော သူမနဲ့ နည်းလမ်းအတူတူပဲလား” မူလင်းသည် ရှီမာယူယူ အားကြည့်လိုက်သည်။
“ကမ္ဘာကြီးကကျယ်တာပဲ ပြောပုံအရဆိုရင် တူနိုင်ပါတယ်” ရှီမာယူယူ လုံးဝ အတည်ပြုခြင်းမျိုးမလုပ် ပေ။
“တကယ်လား” ဟော့ဘာယန်အာသည် ရှီမာယူယူအား ကြည့်လိုက်သည် “ဒါဆိုရင် ရှင့်ရဲ့ အပ်စိုက်တဲ့ ပညာကို ပြတော့မှာပေါ့ ဟုတ်လား”
“ဒါက ပြဿနာမဟုတ်ပါဘူး၊ အခုလက်ရှိနေရာက မသင့်တော်ဘူး၊ တဲဆောက်ကြတာပေါ့” ရှီမာယူယူ မတ်တပ်ရပ်လိုက်သည်။
“လွယ်ပါတယ်”
ဖန်ဝူဟန်၊ ဝမ်ခိုင်နှင့် မူလင်းတို့သည် အတူတကွလုပ်ဆောင်ကြသည်။ မကြာမီတွင် သူတို့သည် တဲ ဆောက်လုပ်ပြီးရာ အိပ်ရာထုတ်ပြီး ဟော့ဘာဟန်ကို အိပ်ရာပေါ်တင်လိုက်လေသည်။
ရှီမာယူယူ အားလုံးကို အပြင်ထွက်ခိုင်းလိုက်ရာ တဲတွင်နှစ်ယောက်တည်းသာ ကျန်ခဲ့လေသည်။ ဘေဂုံထန်သည် သူမ အကြည့်အားတွေ့သောကြောင့် သူတို့ထွက်သွားချိန်တွင် သူမ ဟော့ဘာယန်အာ အား ပြောလိုက်သည် “ရှင်တို့ မရောက်ခင် ကျွန်မတို့ ပစ္စည်းကောင်းရထားတယ် အတူလိုက်ချင်လား”
“ပစ္စည်းကောင်းဟုတ်လား”
“သွားရအောင် ရှင်အံ့သြသွားမှာပါ၊ စားကောင်းတာတွေစားပြီး ဝိုင်သောက်ကြတာပေါ့ အဲဒါတွေက အံ့သြစေမှာပါ” ဘေဂုံထန်သည် သူတို့ အသားကင်ရာနေရာသို့ ဟော့ဘာယန်အာအား ဆွဲခေါ်သွားလေသည်။
အားလုံး အပြင်ထွက်သွားသောအခါ ရှီမာယူယူသည် အိပ်ရာပေါ်သို့ ထိုင်လိုက်သည်။ သူမသည် သူ၏ အပေါ်ဝတ်ကို ဖယ်လိုက်သော်လည်း အစပိုင်းတွင် စိတ်မရှည်ပေ။
“ကျေးဇူးပဲ” ဟော့ဘာဟန်၏ အသံသည် နွေးထွေးပြီး ဆွဲဆောင်မှုရှိလေသည်။ သူ့အသံကို ကြားသော သူသည် သူ့ကို နာမည်နှင့်မလိုက်အောင် ယဉ်ကျေးသူသိမ်မွေ့သူဟု ပြောလိမ့်မည်။
“ဘာအတွက်ကျေးဇူးတင်တာလဲ” ရှီမာယူယူ အုပ်သေတ္တာထုတ်ရင်းနှင့် ရေရွှတ်လိုက်သည်။
“ကျွန်တော့်လျှို့ဝှက်ချက်ကို ထုတ်မပြောလို့” ဟော့ဘာဟန် ရယ်လိုက်သည်။
ရှီမာယူယူ ပြုံးလိုက်သည်။ သူမ ဟော့ဘာဟန်အား စမ်းသပ်စဉ်က သူ၏ အမူအရာမှ သူမ နားလည် လိုက်သည်။ သူမ အလုံးစုံမသိသော်လည်း ဟော့ဘာဟန်၏ သူ့ခန္ဓာကိုယ် အခြေအနေကို မပြောရန် မျက်လုံး ဖြင့် ပြောသော တောင်းဆိုမှုကို သူမ သိမြင်ခဲ့သည်။
“ကျွန်တော် တကယ်သိချင်တာ၊ ခင်ဗျားရဲ့ ဒီခန္ဓာကိုယ်နဲ့ ဘာလို့ ဒီကိုလာတာလဲ” သူမ အပ်ထုတ်ပြီး သူ ၏ ခါးအပေါ်ပိုင်းနေရာကို စိုက်လိုက်သည်။
“အသက်ဆက်ရှင်ချင်လို့ပေါ့” ဟော့ဘာဟန် ပြောလေသည်။
သူ ထူးဆန်းသည်ကို သိလိုက်ရသည်။ သူသည် ရှီမာယူယူနှင့် အခုမှသိကျွမ်းခြင်းဖြစ်သော်လည်း ရင်းနှီး နေသကဲ့သို့ ခံစားရလေသည်။ သူမအား ကိစ္စများကို ပြောပြီးဖြစ်ကာ သူမသည် အတွင်းရေးအနေနှင့် ဆက်လက် သိမ်းထားလိမ့်မည်ဟု မသိစိတ်မှ ယုံကြည်နေလေသည်။
သူ၏ အလိုလိုသိစိတ်မှာ မှန်ကန်နေသည်။ သူမသည် သူ့အခြေအနေကို မပြောပဲ ကူညီပြီး ဖုံးကွယ်ပေး ခဲ့သည်။
“ဆက်ရှင်ချင်တယ်ဟုတ်လား၊ ဒီကိုလာတာနဲ့ ဆက်နေနိုင်သွားမှာလား” ရှီမာယူယူ နားမလည်နိုင်ပေ။ “ဟော့ဘာမိသားစုက အရည်အချင်းရှိတာပဲ ခင်ဗျားရဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူးလား”
“ရှိမယ်ဆို ကျွန်တော်ဒီကိုတောင် မလာဘူးလေ၊ ကျွန်တော် သူတို့ကို သဘောကျတယ်လို့ထင်နေတာ လား…” ဟော့ဘာဟန်သည် ရပ်သွားကာ ဆက်မပြောတော့ပေ။
ရှီမာယူယူသည် ငွေအပ်ကို ပြန်ထုတ်ကာ သူ့စကားများကို စဉ်းစားလိုက်သည်။
အတွင်းပိုင်းဒေသမှလူများသည် ထိုနေရာကိုရောက်လာခြင်း အကြောင်းအရင်းများမှာ မရိုးရှင်းလှပေ။
“ခင်ဗျားအဆိပ်မိထားတာလား” သူမ မေးလိုက်သည်။
“အမေ့ဗိုက်ထဲက အမွေရထားတာလေ” ဟော့ဘာဟန်သည် ပြောပြီးမှပင် မပြောသင့်သိသည်ကို သတိ ရလိုက်သည်။
ထိုကဲ့သို့ ကြီးမားသော မျိုးနွယ်သည် ပြဿနာများစွာ ရှိသည်ကို ရှီမာယူယူ သိသည်။ အရင်ကဆိုလျှင် သူမသည်လည်း တူညီစွာပင် မိခင်ဗိုက်ထဲမှ အဆိပ်ရခဲ့ဖူးသည်။ သူမ ပြောင်းလဲလာချိန်တွင် မကျင့်နိုင်မည်ကို စိုးရိမ်ခဲ့သည်။ သူမသည် ကျင့်ကြံခြင်းမစတင်ခင် အဆိပ်ထုတ်ခဲ့သည်။
နာကျင်မှုများ တူညီခြင်းကြောင့် သနားသွားခြင်းဖြစ်မလားတော့မသိ… သူမ အပ်စိုက်မှု ပြီးသည့်အချိန် တွင် ပြောလိုက်သည် “ကျွန်တော် ခင်ဗျားရဲ့ အဆိပ်ကို ဖိနှိပ်ထားအောင် ကူညီပေးမယ်၊ ဒီဆေးကိုသောက်လိုက် ခင်ဗျား အဆိပ်က နှစ်တစ်ဝက်လောက် တုန့်ပြန်နိုင်မှာမဟုတ်ဘူး”
ဟော့ဘာဟန်သည် သူမလက်ထဲမှဆေးကို ကြည့်လိုက်သည်။ သူသည် ဘာမှမမေးပဲ ဆေးကို ယူလိုက် သည်။
သူ လျင်မြန်စွာပင် ဆေးသောက်လိုက်သည်ကို ရှီမာယူယူ ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည် “ဒါ အဆိပ်ဖြစ်မှာကို မကြောက်ဘူးလား”
“အဆိပ်ဖြစ်ရင်တောင် ကျွန်တော့်ခန္ဓာကိုယ်ထဲက အဆိပ်လောက် ပြင်းဦးမလား” ဟော့ဘာဟန်သည် ခန္ဓာကိုယ် လှုပ်ရှားကြည့်ရာ သူ့ခါးသည် နာကျင်မှု လျော့သွားသည်ကို သိလိုက်ရသည်။ အပ်စိုက်ကုထုံးသည် အမှန်တကယ်ပင် သက်ရောက်မှုရှိသည့်ပုံပင်။
ရှီမာယူယူသည် သူ၏ ပုံပန်းသဏ္ဍာန်ကို စမ်းစစ်ကြည့်နေသည်။ သူသည် အလွန်အမင်းချောသည့်ပုံ မဟုတ်သော်လည်း လူများကို သက်တောင့်သက်သာဖြစ်စေသည့် ပုံစံမျိုးပင်ဖြစ်သည်။
“ခင်ဗျားရဲ့ ဆေးပညာက ကောင်းတာပဲ” သူ ချီးမွမ်းလေသည်။
“ပါရမီရှင်လေ” ဘဝင်မြင့်သော လူအတိုင်း ပြောလိုက်သည်။
“ဟားဟား” ဟော့ဘာဟန် ရယ်မောလေသည်။ သူသည် တကယ်ပင် တွန့်ဆုတ်ခြင်းမရှိပေ။
သူ့ရယ်သံထဲမှ ဆိုလိုချက်ကို ရှီမာယူယူ မခွဲခြမ်းတတ်တော့ပေ။ သို့သော် သူမ မတတ်နိုင်ပေ။ သုံးဘဝ အတွေ့အကြုံရှိလည်း မသိတာတွေရှိတယ်လေ။
“ကျွန်တော့် အဆိပ်ပျောက်သွားအောင် ကုပေးနိုင်လား” ဟော့ဘာဟန်သည် သူ့စကားများကို ပြန်ရယ် လိုက်သည်။ သူမ ဆေးပညာအရည်အချင်းသည် သာလွန်ကောင်းမွန်လျှင်တောင် သူ့အဆိပ်သည်….
သူ့မိသားစုမျိုးနွယ်၏ သမားတော်သာ အဖြေမရှိဟုမပြောခဲ့ပါက သူ ဒီကိုရောက်လာစရာ အကြောင်း မရှိပေ။
“အဖြေမရှိတာတော့မဟုတ်ဘူး” ရှီမာယူယူ ပြောဆိုလေသည်။
“မင်းမှာ အဖြေရှိတာလား”
“သေတော့မသေချာသေးဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အခက်တော့တွေ့တယ်၊ နောက်ကျ ရင် ကြည့်ပေးတာပေါ့၊ ဒါပေမဲ့ အလကားတော့မရဘူးနော်”
“ခင်ဗျားသာ ကျွန်တော့်အဆိပ်ကိုကုပေးနိုင်ရင် ကျေနပ်လောက်မယ့် ဆုပေးပါမယ်” ဟော့ဘာဟန် သည် ယုံကြည်ချက်အပြည့်ဖြင့်ပြောလေသည်။
“ကောင်းပြီ သဘောတူတယ်” ရှီမာယူယူ ရယ်မောလိုက်သည်။
“အဲမတိုင်ခင်ကို လျှို့ဝှက်ထားပေးပါ” ဟော့ဘာဟန် ရှင်းပြလေသည် “အကြောင်းအရင်းတချို့ကြောင့် ကျွန်တော့်အဆိပ်ကုပြီးလို့ မိသားစုဝင်တွေထင်နေကြတယ်”
“ဘာပဲဖြစ်ဖြစ် လူနာရဲ့ လျှို့ဝှက်ချက်ကို ထိန်းထားပေးရမှာက သမားတော်တွေအလုပ်ပဲလေ၊ ပြဿနာ မရှိပါဘူး” သူမ ကတိပေးလိုက်သည်။
သူမ အပ်များကို စုကာ သူ့နောက်ကျောကို အဝတ်ပြန်အုပ်ပေးလိုက်သည်။ ထို့နောက်တွင် သူမ လိုက်ကာကို မတင်ကာ ထွက်လာလေသည်။
ဟော့ဘာယန်အာတို့ လေးယောက်အဖွဲ့ပြန်လာချိန်တွင် သူသည် အဝတ်ဝတ်ပြီးသွားပြီဖြစ်သည်။ သူ အိပ်ရာပေါ်တွင် ထိုင်နေသည်ကို ကြည့်ပြီး ဝမ်ခိုင် မေးလိုက်သည် “ဒဏ်ရာက အဆင်ပြေလား”
“အနည်းဆုံးတော့ ခါးလှုပ်လို့ရသွားပြီ” ဟော့ဘာဟန်သည် လက္ခဏာပြလိုက်သည်။
“အဲကလေးရဲ့ ဆေးပညာက တကယ်ကောင်းမယ်လို့ ထင်မထားဘူး” ဝမ်ခိုင် ရယ်မောလိုက်သည်။
“မင်းတို့ဘာကောင်းတာတွေ စားလာတာလဲ” ဟော့ဘာဟန် မေးလိုက်သည်။
“ဟန် မင်းမသွားလိုက်တာ နှမြောစရာကောင်းတယ်၊ သူတို့လုပ်ပေးတဲ့ အစားအသောက်တွေက အရမ်း အရသာရှိတယ် အမှတ်တရစားသောက်ဆိုင်က ဟင်းတွေထက်တော့ မနိမ့်ဘူး”
“တကယ်လား ငါစားကြည့်ဖို့ အခွင့်အရေးထပ်ရပါစေလို့ ဆုတောင်းတယ်” ဟော့ဘာဟန်သည် နောင်တ မရပေ။ သူသည် စားကောင်းသောက်ဖွယ်များ မစားရသော်လည်း သူ့ခန္ဓာကိုယ်မှ ဒဏ်ရာကို ကုသ၍ ဖြစ်နိုင်ပြီဖြစ်သည်။ သူ့တွင် အဖြေရှိသည်မှာ အကောင်းဆုံးဖြစ်သည်။ မဟုတ်လျှင်တောင် အနည်းဆုံးတော့ နောက်တစ်နည်းရှိမည်။
ဝေကျိရွှီနှင့် တခြားသူများသည် တဲများကို ဆောက်နောကသည်။ သူတို့၏ နောက်ကျန်သော ရက်များကို ထိုနေရာတွင်သာ ကုန်ဆုံးမည်ဟု ခန့်မှန်းထားကြသည်။
ရှီမာယူယူသည် ဟော့ဘာဟန်ကို နောက်တစ်ကြိမ်အပ်စိုက်ပေးပြီး ဆေးသက်ရောက်မှုှနှင့် ခန္ဓာကိုယ် အားပြန်ပြည့်မှုပါပေါင်းလိုက်သောအခါ သူသည် တံလျှပ်မှ မထွက်ခွာခင်ကို လုံးဝ ကောင်းလုနီးပါးဖြစ်သွားလေ သည်။