← Chapters

အခွင့်အရေးအားလုံးကိုဆုပ်ကိုင်ခြင်း

Vol. 006 Ch. 546

အခွင့်အရေးအားလုံးကိုဆုပ်ကိုင်ခြင်း

Vol. 006 Ch. 546

ထိုနေ့တွင် ရှီမာယူယူနှင့် ကန္တာရတွင်ရှိသောလူများသည် သောက်ကြစားကြကာ စကားပြောကြလေ သည်။ စာမေးပွဲ အခုချိန်ထိမပြီးဆုံးသည်ကို သူတို့ သက်ပြင်းချကြသည်။ ချက်ချင်းပြင် မြင်ကွင်းပြောင်းသွားလေ သည်။ သူတို့သည် အဆုံးမရှိသော ကန္တာရမှ ထွက်ရာ ကျယ်ပြန့်သော ပွဲကျင်းပရာနေရာသို့ရောက်လေသည်။

“ပြန်ရောက်လာတာကို ကြိုဆိုပါတယ်” သူတို့ရှေ့မှ ဆရာသည် သူတို့အား ကြည့်လေသည်။ သောင်းဂဏန်းရှိခဲ့သော အဖွဲ့သည် ၂ထောင် ၃ထောင်မျှသာ ကျန်တော့လေသည်။ သူသည် အုပ်စုငယ်ကို လိုချင်ခဲ့သည်။ သို့သော် တွေးကြည့်လျှင် ထိုကဲ့သို့ လူနည်းသွားခြင်းမှာလည်း ကြားထဲတွင် မထင်မှတ်ထားသော ဖြစ်ရပ်ကြောင့်ဖြစ်နိုင်သည်။

“ဆရာ ကျွန်တော်တို့ ပထမအဆင့်ကိုအောင်သွားတာလား” ကျောင်းသားတစ်ယောက် မေးလိုက်သည်။

ဆရာခေါင်းညိမ့်ကာ “နောက်တစ်ဆင့်အတွက်ကတော့ အရင်ဆုံး ဒဏ်ရာတွေကုဖို့နဲ့ အနားယူဖို့ အချိန် တစ်ရက်ပေးပါမယ်၊ အပြင်သွားတာပဲဖြစ်ဖြစ် တရားထိုင်တာဖြစ်ဖြစ်လုပ်လို့ရပါတယ်၊ ဒါပေမဲ့ မနက်ဖြန်ကိုတော့ ဒီအချိန်ကို ပြန်လာရပါမယ်၊ နောက်ကျမယ်ဆိုရင်တော့ မင်းတို့ရဲ့စာမေးပွဲဖြေခွင့် ဆုံးရှုံးသွားမှာပါ”

သူသည် ပြောပြီးသည်နှင့် ပွဲကျင်းပရာနေရာမှ ထွက်သွားလေသည်။

အများစုသည် ထိုနေရာတွင် နေကာ ကျင့်ကြံခြင်း၊ ဒဏ်ရာများကုခြင်းနှင့် အားမွေးခြင်းကိုလုပ်ကြသည်။ တချို့သာ အပြင်ထွက်သွားကြလေသည်။

ရှီမာယူယူနှင့် အဖွဲ့သည် ထိုနေရာတွင်ပင် တရားထိုင်ရန် ရွေးချယ်လိုကကြသည်။ တစ်ရက်သည် အပြင်တွင် ကိစ္စများလုပ်ရန် အချိန်မလောက်ပေ။ ထိုအရာသာ သူတို့ ဝိဉာဉ်စွမ်းအင်များ ပြန်ပြည့်ရန် ကောင်း သည်။

တစ်ရက်အကြာတွင် ဆရာများသည် ပွဲကျင်းပရာနေရာသို့ ရောက်လာသည် “ဒါက စာမေးပွဲ ဒုတိယအဆင့်ရဲ့ အစပဲ မင်းတို့အနောက်က တံခါးကြီးကိုမြင်ကြလား”

အားလုံးသည် တစ်ယောက်ချင်းစီလှည့်ပြီး တံခါးကြီးကိုကြည့်ကြလေသည်။

“ဒုတိယစာမေးပွကြတော့ ဒီတံခါးကြီးထဲဝင်ပြီး ရှေ့ဆက်လျှောက်သွားလိုက်ပါ၊ ၃ရက်ကြာလို့ တခြား တံခါးကထွက်နိုင်တယ်ဆိုရင် ဒီအဆင့်ကိုအောင်မြင်ပါတယ်၊ အောင်တဲ့လူများတယ်ဆိုရင် ပထမဆုံးရောက်လာ တဲ့ လူ ၁ထောင်ကိုပဲ ရွေးပါမယ်” ထို့နောက်တွင် တံခါးသည် ပွင့်သွားရာ နှင်းများပြည့်နေသော လေထုကို တွေ့ လေသည်။ အပြင်ဘက်မှလူများသည် အထဲရှိမြင်ကွင်းကို ရှင်းလင်းစွာမမြင်ရပေ။

“ဝင်လို့ရပါပြီ” ဆရာသည် လက်ကိုဝေ့ရမ်းလိုက်သည်။ ကျောင်းသားများသည် တံခါးထဲသို့ ဝင်ရန် ဖိအားပေးခံရသော ခံစားချက်မျိုးဝင်မိလေသည်။

ပြီးခဲ့သည့် တစ်ခေါက်ကအတွေ့အကြုံအရ ရှီမာယူယူသည် သူမအနီးရှိလူများကို ဆုပ်ကိုင်ထားရာ သူမ ဝင်သွားချိန်တွင် တစ်ယောက်တည်းဖြစ်မနေတော့ပေ။

လူအများသည် နှင်းတောထဲဝင်သွားချိန်တွင် သူမ အရှေ့မှ လူတော်တော်များများ ပျောက်သွားသည်ကို မြင်လိုက်ရသည်။ ထူထဲသော နှင်းခဲသည် ပေးပို့နိုင်သော စွမ်းရည်ရှိလေသည်။

“ဘုန်း ဘုန်း ဘုန်း”

မြေပေါ်သို့ ကြီးမားသော ပစ္စုည်းများပြုတ်ကျသံသည် ထွက်လာရာ ထိုအနောက်တွင် နာကျင်မှုကြောင့် ညည်းသံများထွက်လာလေသည်။

“ဘုရား မင်းဘာလို့အဲလောက်လေးရတာလဲ” ဖက်တီးကျူသည် သူ့အပေါ်မှ လူအများ၏ အလေးချိန် ကြောင့် မေ့မြောမတတ်ပင်။

အားလုံး အတူရှိရန်အတွက် သူတို့သည် ဘေးရှိလူကို ကိုင်ထားသဖြင့် တစ်ယောက်အပေါ် တစ်ယောက် ထပ်ကျခြင်းဖြစ်လေသည်။ ဖက်တိးကျူသည် အောက်တွင်ရှိရာ သူသည် အများဆုံးအဖိခံရခြင်းဖြစ်သည်။

အားလုံး လျင်မြန်စွာပင် ထလိုက်ကြသည်။ တုလေးသည် ဖက်တီးကျူအား ထရန်ကူပေးကာ သူ့ကို ချစ်စရာကောင်းသော မျက်လုံးများဖြင့် ကြည့်လေသည် “အစ်ကိုဖက်တီး အဆင်ပြေလား”

“ငါအဆင်ပြေတယ်” ဖက်တီးကျူသည် သူ့ကိုယ်သူ ဖုန်ခါလိုက်သည်။ သူ့ခန္ဓကိုယ်သည် ကျင့်ကြံထား သော ခန္ဓာကိုယ်ဖြစ်သဖြင့် သာမန်လူထက်တော့ သန်မာသည်။ မဟုတ်လျှင် သူ အဖိခံရလို့ ဘယ်လိုဖြစ်မလဲ မသိနိုင်ပေ။

ရှီမာယူယူသည် ပတ်ဝန်းကျင်အား စစ်ဆေးလိုက်သည်။ အားလုံး ထိုနေရာတွင် ရှိနေသည်မှာ ကံကောင်းသည်။ အနည်းငယ်ဝေးသောနေရာတွင် မသိသော လူတချို့ရှိနေသည်။

“ငါတို့ ဘယ်ဘက်ကိုသွားရမှာလဲ”

“ငါတို့ သစ်တောထဲမှာဖြစ်လောက်တယ်၊ နှင်းထုကြီးက ငါတို့မြင်ကွင်းကို ပိတ်နေတယ်၊ ဒါပေမဲ့ ငါတို့် ဘယ်ဘက်ကိုမှ မသွားရင် ထွက်ပေါက်နဲ့ ဝေးဝေးသွားလိမ့်မယ်” ရှီမာယူရန် ပြောလေသည်။

“ဒါဆို အိမ်မြှောင်သုံးကြည့်ရအောင်” ရှီမာယူယူ အိမ်မြှောင်ထုတ်လိုက်သည်။ သို့သော် အပ်သည် အဆက်မပြတ်လည်နေသောကြောင့် အသုံးမဝင်ပေ။

“ဆွဲငင်အားက မှားနေလို့ဖြစ်မယ်” ရှီမာယူလင်းသည် အိမ်မြှောင်၏ တုန့်ပြန်မှုကို ကြည့်ပြီး ပြောလေ သည်။

“ဒါဆို ငါတို့ သွားမယ့်ဘက်ကို ရွေးရုံပဲရှိတော့တာပေါ့” ရှီမာယူမင် ပြောလိုက်သည်။

“ခဏလေး” ရှီမာယူယူသည် ဦးတည်ရာအရပ်များရှာရန် နီရဲပျားများထုတ်ကာ အမိန့်ပေးလိုက်လေ သည်။ သူတို့အတွက် နှင်းထုသည် သက်ရောက်မှုမရှိသည်ကို သူမ အံ့သြမိသည်။

“ဘာလုပ်ပေးရမလဲ”

“အင်း ငါတို့ထွက်ပေါက်ကိုရှာရမယ်” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “ငါတို့ ဒီမှာ စောင့်မယ်”

သူမသည် ရာချီသော နီရဲပျားများကို ဆင့်ခေါ်ပြီး သာမန်ပျားများအသွင်ပြောင်းခိုင်းကာ ပတ်ဝန်းကျင် အား စုံစမ်းစစ်ဆေးခိုင်းလေသည်။ သူမသည် ကျန်သောလူများကို မူလနေရာတွင် နေပြီး စောင့်ခိုင်းရာ အလော တကြီး ထွက်သွားရန်မလိုကြပေ။ ၁ရက်အကြာတွင် သူမသည် သူတို့ကိုစတင်ရန် ပြောကာ တိကျသော ဦးတည်ဘက်သို့ ဦးဆောင်ခေါ်သွားလေသည်။

သူတို့သည် ၁ရက်လုံး လမ်းလျှောက်ရလေသည်။ သူတို့သည် နောက်ဆုံးတွင် ထွက်ပေါက်အား တွေ့ လေသည်။

ထွက်ပေါက်ကို ဖြတ်လျှောက်ပြီးနောက်တွင် အစိမ်းရောင် တောင်များနှင့် အပြာရောင်ရေများကို တွေ့ လေသည်။ ရာချီသောလူများသည် မြစ်ဘေးတွင် ရပ်နေကြသည်။ သူတို့သည် ထူးချွန်သူများ မဟုတ်ကြပေ။ သူတို့ အနောက်သို့ ကြည့်ရာ ထွက်ပေါက်မဟုတ်ပဲ တောတစ်ခုကိုသာ တွေ့လေသည်။

“ယူယူ ရှင်တို့လည်း လာကြတော့” ဟော့ဘာယန်အာသည်  ရှီမာယူယူတို့အဖွဲ့ဘက်သို့ လက်ဝေ့ရမ်း ပြလေသည်။

ရှီမာယူယူ လျှောက်သွားကာ ဟော့ဘာမျိုးနွယ်သည် ထိုနေရာသို့ ရောက်နှင့်ပြီးဖြစ်လေသည်။

“ခင်ဗျားတို့ ရောက်တာကြာပြီလား”

“အင်း ကျွန်မတို့ ကံကောင်းတယ် ကျွန်မတို့ ထွက်ပေါက်နဲ့ နီးနီးလေးမှာကျသွားတာ၊ ကျွန်မတို့ မနေ့ကပဲ ထွက်လာတာ” ဟော့ဘာယန်အာ ပြောလေသည် “ရှင်တို့ ဒီနေ့ရောက်တာလည်း မဆိုးပါဘူး”

ရှီမာယူယူသည် ပြောစရာစကား မရှိသဖြင့် ရယ်မောလိုက်သည်။ သူမက လိမ်လည်လိုက်တာလား။ စဉ်းစားကြည့်လျှင် မဟုတ်ပေ။ ဂိုဏ်းသည် ထိုကဲ့သို့ စမ်းသပ်မှုပြုလုပ်ရခြင်းမှာ တောထဲမှထွက်ရန် အားလုံး၏ စွမ်းရည်ကို စမ်းသပ်ချင်ကြခြင်းဖြစ်သည်။ မည်သည့်နည်းလမ်းသုံးပါစေ ကိစ္စမရှိပေ။

“အခုဆို လူ၁၀၀ ထွက်လာပြီ မနက်ဖြန်နောက်ဆုံးနေ့ဆိုတော့ လူနည်းမှာတော့မဟုတ်လောက်ဘူး” ရှီမာယူမင် သုံးသပ်လိုက်သည်။

“ဒါပေမဲ့ ၁ထောင်ထက် မကျော်တာလည်းဖြစ်နိုင်တယ်” ဖန်ဝူဟန် ထပ်ပြောလေသည်။

“အခုချိန်မှာ ပြောဖို့ခက်သေးတယ်၊ မနက်ဖြန်အပေါ်မှာ မူတည်မှာပဲ မနက်ဖြန်တော့ လူအများကြီး ထွက် လာလောက်တယ်” ဟော့ဘာဟန် ပြောလေသည်။

ရှီမာယူယူလည်း သူ့ကို ထောက်ခံသည်။ တတိယနေ့တွင် လူအများ ထွက်လာသင့်သည်။ ၂ရက်အတွင်း တွင် ထွက်လာနိုင်သောလူများသည် ကံကောင်းမှုကြောင့် အခွင့်အရေးရခြင်းဖြစ်သည်။ ထိုလူများသည် ၃ရက် မြောက်နေ့တွင်တော့ ထွက်လာသင့်သည်။

၁ရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။ တတိယနေ့ အဆုံးတွင် လူ ၈၀၀ ကျော် သည် စမ်းသပ်မှုကို အောင်မြင်ကြသည်။ မထွက်လာနိုင်သော လူများသည် အဆင့်မမှီကာ ဂိုဏ်းမှ နှင်ထုတ်ခြင်း ကိုခံရလေသည်။

“ဒုတိယအဆင့် စာမေးပွဲကို အောင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် ၊ အခု မင်းတို့ရှေ့မှာရှိတဲ့ တောင် ကို ကြည့်လိုက်ပါ” တာဝန်ကျဆရာသည် မည်သည့်အချိန်က တောင်ခြေသို့ရောက်လာသည်ကို သူတို့ မသိလိုက် ပေ။ သူ့အနောက်တွင် မြင့်မားသော တောင်ရှိလေသည်။ ကျောက်အလွှာများသည် မြေပြင်မှ တိမ်တိုက်များအထိ တက်သွားလေသည်။

“မြင့်လိုက်တာ” တစ်ယောက်သည် အော်လိုက်လေသည်။

“တတိယအဆင့်က တောင်ထိပ်ထိ တက်သွားဖို့ပဲ၊ မင်းတို့ လက်နက်တွေ ဝိဉာဉ်စွမ်းအင်တွေ သုံးလို့ ရတယ်၊ တက်နိုင်သလောက် အမြင့်ဆုံးကိုတက်သွားလိုက်ပါ၊ ဒီစမ်းသပ်မှုအတွက် အချိန်မသတ်မှတ်ထားဘူး၊ မင်းတို့ အချိန်မရေးစလို့ရတယ်”

သူ၏ ပုံရိပ်သည် နေရာတွင်ပျောက်သွားရာ အစကတည်းကပင် မရှိသည့်အတိုင်းပင်။

“ဒါပဲလား” တချို့ကျောင်းသားများသည် ဆရာပျောက်သွားသည်ကို တွေ့သောအခါ အံ့သြစွာ အော် လိုက်ကြသည်။

“ဒါကဒီအတိုင်း ထွက်လိုက်လို့ပြောတာပဲပေါ့၊ ဘယ်လိုတွေတောင်လဲ” အနီရောင် ဆံပင်နှင့် အမျိုးသမီး သည် အေးစက်စွာ ထေ့ငေါ့ကာ ကျောက်များအပေါ်သို့ အရင်ဆုံးတက်သွားလေသည်။

တောင်ခြေရှိ ကျောက်အဆင့်များသည် မြင့်ကြသည်။ တစ်ဆင့်ချင်းသည် ၂မီတာ ၃မီတာလောက် ရှည် သည်။ လူအများစုသည် ရပ်နေချိန်တွင် စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။ ထိုအမျိုးသမီးတက်သွားသည်ကို တွေ့သည်နှင့် သူတို့လည်းလိုက်တက်ကြသည်။

ရှီမာယူယူသည် မလှုပ်မယှက်ရှိနေသည်။ သူမသည် သူတို့စိတ်လှုပ်ရှားစွာ ပြေးသွြးသည်ကို ကြည့်နေ လေသည်။

“မတက်ဘူးလား” ဘေးမှ ဟော့ဘာဟန်သည် သူမအား မေးလေသည်။

“ဘာတွေလောနေတာလဲ အရင်ဆုံးတက်တာ အမြင့်ဆုံးကိုရောက်နိုင်တာမှမဟုတ်တာ” ရှီမာယူယူ သည် တည်ငြိမ်စွာပင်ပြောလေသည်။

ဟော့ဘာဟန်သည် သူမအား သဘောတူသည့်အနေနှင့်ကြည့်လိုက်ပြီးနောက် လှေကားအဆင့်များ ကို ကြည့်လိုက်သည် “ဒါဘယ်လိုနေရာလဲဆိုတာ သိလား”

All Chapters