စိတ်တူကိုယ်တူ
Vol. 11 Ch. 151
သူ့အဝတ်အစားတွေက မလှပါဘူး။ အစိမ်းရောင် တီရှပ်၊ ခါးအောက်ကဝတ်ရုံအဖြူ၊ ခါးမှာ ပတ်ထားတဲ့ အနီရောင် ခါးပတ်နဲ့ ခေါင်းပေါ်က အစိမ်းရောင် ပဝါတစ်ထည်။ ဒီလောက်ပါပဲ။
သူခံစားနေရတဲ့ အသက်ရှုသံထဲမှာ မငြိမ်မသက် ဖြစ်နေတဲ့ ခံစားချက်တစ်ခုကလည်း ရှိနေသည်။
အဲဒါက တောင်နီမယ်မယ် ပြောတဲ့ နတ်ဆိုးစွမ်းအင်ပဲ ဖြစ်မည်။
ယွိထျန်းချန်က တောင်နီမယ်မယ်ရဲ့ အတတ်ပညာကို လေ့ကျင့်ထားသော်လည်း လရောင်ထဲက မကောင်းသော စွမ်းအင်များကို လုံး၀ မသန့်စင်နိုင်ခဲ့သဖြင့် လရောင်ကြောင့် သူ့ကိုယ်သူ ညစ်ညမ်းစေခဲ့သည်။
ယွိထျန်းချန်ဟာ သူ့ကိုယ်သူ ကောင်းကောင်းကြီး ဖုံးကွယ်ထားသော်လည်း ချန်ရှီရဲ့ နတ်ဆိုးများအပေါ် အလွန်အမင်း ထိရှလွယ်တဲ့ ခံစားချက်ကြောင့် ချက်ချင်း သတိပြုမိသွားခဲ့သည်။ ယွိထျန်းချန်လည်း တဖြည်းဖြည်း နတ်ဆိုး ဖြစ်လာချေပြီ။
"နည်းပြချန်ရဲ့ ဒဏ်ရာက ဘယ်လိုနေသေးလဲ?"
ယွိထျန်းချန် ချန်ရှီကို ပြန်ကြည့်ကာ မေးလိုက်သည်။ ချန်ရှီက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် အစွမ်းထက်မယ်လို့ မထင်ထားတဲ့အတွက် သူ့မျက်လုံးများထဲတွင် အံ့သြသင့်သွားတဲ့ အရိပ်အယောင်တွေ ရှိနေ၏။
ချန်ရှီဟာ ကျောက်ခိုင်းယွင်အတွက် လက်စားချေခဲ့ပြီး ကောင်းကင်အဘွား အဖွဲ့အစည်းက နံ့သာသခင် နှစ်ဦးကို သတ်ပစ်ခဲ့ကြောင်း သိလိုက်တဲ့ အခိုက်မှာ ချန်ရှီသည် ထွားကျိုင်းပြီး အစွမ်းထက်သောလူ ဖြစ်မည်ဟု မူလက ထင်ခဲ့သော်လည်း ချန်ရှီကို မြင်လိုက်ရသောအခါတွင် ထိုလူက အသက်ဆယ့်တစ်နှစ်ခွဲ သို့မဟုတ် ဆယ့်သုံးနှစ်ခန့်သာ ရှိသေးကြောင်း သိလိုက်ရသည်။
သူ အဲဒီအသက်အရွယ်မှာ ကစားဖော်အနည်းငယ်နဲ့ ဆီး၊ ရွှံ့တွေနဲ့ ကစားနေတုန်းပါပဲ။
ချန်ရှီ သူ့ဒဏ်ရာတွေကို ပြန်စစ်ကြည့်လိုက်တော့ နတ်ဆိုးဝိညာဥ်တွေ အကိုက်ခံထားရတဲ့ နေရာတွေမှာ အနာအဆာတွေ ရှိနေသေးတာကို တွေ့လိုက်ရ၏။
ချန်ယန့တောင်မှာ နေရင် ခေါင်းတလားထဲ ဝင်နေဖို့ ကြေးမုံအိုင်အိမ်တော်ကို သွားလို့ရပေမယ့် ကုံကျိုးမှာတော့ ခဏလောက် နေမကောင်း ဖြစ်နေရမှာ သေချာသည်။
"ဒဏ်ရာသက်သာဖို့ လနည်းနည်းတော့ ကြာမယ် ထင်တယ်.. အမာရွတ် ကျန်မကျန်တော့ ကျွန်တော်လည်း မသိပါဘူး"
ယွိထျန်းချန်က ကောင်းကင်ကို မော့ကြည့်ကာ မိုးသံကို နားထောင်နေသည်။
"တောင်နီခန်းမကို တည်ထောင်တုန်းက ငါတို့ရဲ့ ရည်ရွယ်ချက်က နတ်ဆိုးတွေကို သုတ်သင်ဖို့၊ လူ့ဘဝ ပိုကောင်းလာစေဖို့...ဒါပေမဲ့ တချို့လူတွေက နတ်ဆိုးတွေထက်တောင် ပိုဆိုးနေကြသေးတယ်... ပါရှန်းခန်းမ အကြောင်းကို ငါကြားပြီးပြီ မင်းအလုပ်ကောင်းကောင်း လုပ်ခဲ့တယ်"
"ငါတို့ရဲ့ တောင်နီခန်းမကို အဆောင်ဆွဲဆရာ အဖွဲ့အစည်းလို့လည်း ခေါ်တယ် တောင်နီဆိုတဲ့ စကားလုံးက တောင်နီမယ်မယ်ဆီကနေ ဆင်းသက်လာခဲ့တာ အဖွဲ့အစည်းမှာ ပါဝင်မယ့် ညီအစ်ကိုတွေက အဆောင်ဆွဲဆရာတွေချည်းပဲ...အဆောင်ဆွဲဆရာ ဆိုတဲ့ အသက်မွေးဝမ်းကြောင်းကို အများစုက ဆင်းရဲတဲ့ နောက်ခံရှိတဲ့ စာသင်သားတွေက လုပ်ဆောင်ကြတယ်... ချမ်းသာတဲ့ မိသားစုက ကလေးတွေကတော့ ချမ်းသာအောင်ပဲ ကျင့်ကြံကြတယ်...တောင်နီမယ်မယ်က မင်းအကြောင်း ပြောပြတယ် မင်းငါ့ကို အများကြီး အံ့သြစေခဲ့တယ်"
ချန်ရှီ: "အဲ့ခန်းမကိစ္စအတွက် တောင်နီခန်းမကို ဒုက္ခပေးမိပြီ..."
ယွိထျန်းချန်က သူ့ပခုံးကို အသာအယာ ပုတ်လိုက်ပြီး အဖြေပေးသည်။
"ငါတို့အဖွဲ့အစည်းက ညီအကိုတွေလို တစ်ယောက်ကို တစ်ယောက် ကူညီဖေးမကူညီကြတာ... ကျောက်ခိုင်းယွင် ဒီလိုအနိုင်ကျင့်ခံရတာကို မြင်ပြီး နောက်လှည့်ထွက်သွားရင် မင်းလိုဆရာတစ်ယောက်ကို ငါစိတ်မ၀င်စားဘူး... ဒါပေမဲ့ မင်းသူ့အတွက် လက်စားချေဖို့ မသန်စွမ်းအရုပ်ခန်းမကို နင်းချေခဲ့တယ် မင်းရဲ့သွေးထွက်သံယို တိုက်ပွဲကို ငါတန်ဖိုးထားတယ်"
သူက ကျယ်လောင်တဲ့အသံနဲ့ ဆက်ပြောလေသည်။
"ငါ့မိသားစုက ဆင်းရဲတယ် ကျောင်းမတက်နိုင်တာလည်း နှစ်နည်းနည်းလောက် ကြာတယ်... နောက်ပိုင်းမှာ ပညာရှင်ဖြစ်ဖို့ လာခဲ့ပေမယ့် စာမေးပွဲမအောင်ဘဲ အဆောင်ဆွဲဆရာ ဖြစ်လာတယ်...ငါ့လိုလူတွေကို ကူညီဖို့ တောင်နီခန်းမကို တည်ထောင်ခဲ့တယ်...အခု မင်းကငါ့ကို စိတ်ချလက်ချနဲ့ သက်သာရာရစေတယ် မင်းရဲ့လုပ်ဆောင်ချက်တွေနဲ့ မင်းအတွက် ငါ ဘာမဆို လုပ်ပေးနိုင်တယ်!"
သူသည် နတ်ဆိုးများကြောင့် ညစ်ညမ်းနေသော်လည်း အမှန်တကယ် မညစ်ညမ်းသေးသော စိတ်ထားရှိသည်။ ချန်ရှီ အံ့အားသင့်သွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
ဒီယွိထျန်းချန်ဟာ ရှဲ့၊ ဆွေ့တွေလို မကောင်းသော အငွေ့အသက်တွေ ရှိသော်လည်း မှန်ကန်သော လမ်းကြောင်းမှ မလွဲသွားခဲ့ပေ။
ယွိထျန်းချန် :"ငါက စာမတတ်လို့ မကြာခဏ အမှားတွေ လုပ်တတ်တယ်... မင်း စာမေးပွဲအောင်ရင် မင်းက ငါတို့ ခန်းမထဲမှာ ပညာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်လာလိမ့်မယ်... ဒါနဲ့ မသန်စွမ်းအရုပ်ခန်းမက ကောင်းကင်အဘွားရဲ့ ကိုယ်ပွားကို မင်း ယူသွားတယ်လို့ မယ်မယ်ဆီက ကြားတယ်.. ဘယ်မှာလဲ"
"ကျွန်တော် သူ့ကို ဖိနှိပ်ထားတယ်"
ယွိထျန်းချန်က ပြုံးပြီး "ကိုယ်ပွားကို ထုတ်ပေးပါ"
ချန်ရှီ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် သူ့စိတ်ထဲမှ ဘုံကျောင်းငယ်လေးကို အသက်သွင်းကာ ကောင်းကင်အဘွားရဲ့ ကိုယ်ပွားကို ထုတ်ယူလိုက်သည်။ ကိုယ်ပွားက လွတ်မြောက်သွားပြီးတာနဲ့ သူမ၏ ပြင်းထန်သော အကြည့်ကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး။
"ယွိထျန်းချန်! ချန်ရှီ! ဒီအဘွား မင်းတို့ကို သေချာပေါက် သတ်ပစ်မယ်..."
သူမ စကားမဆုံးမီတွင် လရောင်ကဲ့သို့ ဓားစွမ်းအင်တစ်ခု လေထဲက ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ စူးစူးရှရှ အော်သံတစ်သံ ထွက်ပေါ်လာပြီးနောက် ကြီးမားသောခေါင်းက တုန်ခါကာ ဝုန်းကနဲ ပြိုကျသွားလေ၏။ နံ့သာတွေရဲ့ ထူးကဲသော စွမ်းအားများက လေထဲတွင် လှိမ့်ထွက်ကာ ကောင်းကင်အဘွားရှိရာသို့ ပြေးသွားလေသည်။
ထိုအချိန်တွင် တောင်နီခန်းမရဲ့ အဓိကယဇ်ပလ္လင် အပြင်ဘက်မှ အလွန်ဒေါသ ထွက်နေသော အသံတစ်သံက ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။
"ယွိထျန်းချန်! မင်း သတ္တိကောင်းနေတယ်ပေါ့!"
ယွိထျန်းချန်ရဲ့ မျက်လုံးများ တောက်ပလာလေသည်။ သူက ပြုံးလိုက်ပြီး။
"ဆင်းရဲဒုက္ခရဲ့ သခင် ရောက်နေပြီ!"
ချန်ရှီရဲ့နှလုံးက အနည်းငယ် လှုပ်ခါသွားသည်။
"ဆင်းရဲဒုက္ခသခင်? သူက ကောင်းကင်အဘွားအဖွဲ့အစည်းကလား"
ယွိထျန်းချန်က သူ့လက်ဖဝါး တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ လေထဲတွင် မမြင်နိုင်သော လက်ကြီးကြီးတစ်ခု ရှိနေကာ ဧကပေါင်းများစွာရှိသော ဧရိယာကို ဖုံးအုပ်ထားပုံရသည်။ မိုးရွာချလိုက်တာကြောင့် ဤမမြင်နိုင်သော လက်က မိုးရေအောက်မှာ ထင်ရှားလာခဲ့သည်။
ယွိထျန်းချန် သူ့လက်သီးကို ပြင်းပြင်းထန်ထန် ဆုပ်ထားလိုက်သည်။ သူ၏ မမြင်နိုင်သော လက်ကြီးကြီးကိုလည်း လျင်မြန်စွာ ဆုပ်ထားပြီး သူ့လက်ဖဝါးမှ ထူးကဲသော စွမ်းအားများ လျင်မြန်စွာ စိမ့်ဝင်သွားသည်။
ရုတ်တရက် မိုးခြိမ်းသံ တစ်သံ ထွက်ပေါ်လာသည်။ လေထုထဲက တောက်လောင်နေသော မီးတောက်များဟာ လက်သီးအဖြစ် ပေါင်းစပ်ကာ ယွိထျန်းချန်ရဲ့ လက်ဖဝါးကို ထိမှန်သွားခဲ့သည်။
လူနှစ်ယောက်ရဲ့ စွမ်းအားများ တိုက်မိသွားတဲ့အခါ ယွိထျန်းချန်ရဲ့ ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားသော်လည်း လေထဲက မမြင်နိုင်သော လက်များကတော့ ဖျက်စီးမခံရဘဲ ကောင်းကင်အဘွားရဲ့ ထူးကဲသော စွမ်းအားများကို သန့်စင်ပေးနေခဲ့သည်။
သွေးနီရောင် ပုတီးစေ့တစ်လုံး ကောင်းကင်ပေါ်မှ တဖြည်းဖြည်း ကျလာသည်။ ယွိထျန်းချန်မှာ သူ့လက်ဖဝါးကို ဖွင့်လိုက်တာနဲ့ ပုတီးစေ့က သူ့လက်ဖဝါးထဲ တိတိကျကျ နေရာယူလိုက်၏။
ဒီပုတီးစေ့ဟာ အလွန်ကြောက်စရာ ကောင်းတဲ့ စွမ်းအားတွေ ပါ၀င်နေတယ် ဆိုတာကို ချန်ရှီ သဘောပေါက်ပါသည်။ ၎င်းက မှော်လက်နက်တစ်ခုလို ဖြစ်သွားပြီ။ သူ နားမလည်တာက မှော်လက်နက်ကို ဘယ်လို သန့်စင်ရမလဲ ဆိုတာပါပဲ။
ယွိထျန်းချန်က သူ့လက်ထဲကို သွေးပုတီးစေ့လေး ထည့်ပေးလာသည်။ ချန်ရှီ အံ့အားသင့်သွားပြီး မော့ကြည့်လိုက်တော့ ယွိထျန်းချန်က သူ့ကို ပြုံးပြနေ၏။
"မင်းက ကောင်းကင်အဘွား မွေးထုတ်ထားတာကို ဖမ်းလိုက်မှတော့ သေချာပေါက် မင်းပိုင်တာပေါ့...ငါ ဝူတောက်ကျန့်ကို ကိုင်တွယ်မယ်!"
သူက ထွက်လာပြီးတာနဲ့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ခန်းမသခင်ဝူ မင်းဒီကို ရောက်လာပြီးမှတော့ ဘာလို့ပြန် ထွက်သွားချင်နေတာလဲ။"
ကောင်းကင်အဘွားအဖွဲ့အစည်းက ခန်းမသခင် ဝူတောက်ကျန့်နဲ့ ဆရာကြီးတစ်ဖွဲ့တို့သည် တောင်နီခန်းမသို့ အရှိန်ပြင်းပြင်းဖြင့် ရောက်လာကြပြီး စတင် တိုက်ခိုက်လိုက်ပေမယ့် ဝူတောက်ကျန့်ရဲ့ ပါးစပ်က သွေးအန်လာခဲ့သည်။
သူတို့ မနေရဲတော့ဘဲ လူအုပ်ကြီးကို ချက်ချင်း ဦးဆောင်ပြီး ထွက်သွားမလို့ ပြင်ခဲ့သည်။ သူ အမြန်လျှောက်သွားတာနဲ့ ယွိထျန်းချန်က တောင်နီခန်းမထဲက အမြန်ပြေးထွက်လာသည်။
"ခန်းမသခင်ဝူ... ဘာလို့ ဒီလောက် အလျင်စလို ရောက်လာပြီး အလျင်စလို ထွက်သွားချင်ရတာလဲ... မင်းဘာလို့ ဝင်မထိုင်တာလဲ ငါကဖြင့် ခေါင်းတလားတောင် ပြင်ဆင်ထားပြီးပြီ!"
ခေါင်းဆောင် ဝူတောက်ကျန့်လည်း ထိတ်လန့်သွားပြီး ဘေးကလူကို တိုးတိုးလေး ပြောလိုက်သည်။
"ဒီလူယုတ်မာ ယွိထျန်းချန်က လူသတ်ဖို့ ကြံရွယ်ထားပြီးသား ဖြစ်မယ်... ကောင်းကင်အဘွားကို ဆင့်ခေါ်လိုက်တော့!"
ချန်ရှီ တုန်တုန်ယင်ယင်နှင့် ပြေးထွက်လာသည်။ သူ့ဘာသာ ရုန်းကန်နေရစဥ် ခြံဝင်းအတွင်း မီးနီကြီးတစ်စင်း လှမ်းမြင်လိုက်ရလေ၏။ တောင်နီမယ်မယ်ရဲ့ အသွင်အပြင်က လူသတ်ရန် ကြံရွယ်ချက် အပြည့်ဖြင့် ပြေးထွက်လာသော အနီရောင်ဝတ်စုံလေးကို သူ မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် တောင်နီခန်းမထဲက နံ့သာသခင်လုသည် နည်းပြဆရာများနှင့် အဆောင်ဆွဲ ဆရာများအဖွဲ့ကို ဦးဆောင်ကာ လူရာပေါင်းများစွာဖြင့် အပြင်ဘက်သို့ ပြေးထွက်သွားသည်။
နံ့သာသခင်လု: "အဆောင်ဆွဲဆရာတို့ မင်းတို့ရဲ့ အဆောင်လက်ဖွဲ့တွေကို ပြင်ဆင်ပြီး တိုက်ခိုက်ဖို့ ပြင်ထားကြပါ!"
အဝါရောင် အဆောင်လက်ဖွဲ့များ လေထဲတွင် လွင့်မျောနေသည်။ အချို့မှာ စိမ်းပြာရောင် အဆောင်လက်ဖွဲ့၊ သံထည်အဆောင်လက်ဖွဲ့၊ ကြေးနီအိုးမျာစ နှင့် ဓားများပေါ်တွင် ရေးထွင်းထားသော အမျိုးမျိုးသော အဆောင်စာလုံးများ ဖြစ်ကာ ၎င်းတို့အားလုံးကို တောင်နီခန်းမထဲက အဆောင်ဆွဲဆရာများက ဖန်တီထားကြသည်။
လူတိုင်း တောင်နီခန်းမထဲကနေ ကောင်းကင်အထက်က တိမ်တိုက်များဆီသို့ ပြေးဝင်သွားကြသည်။
"ဟေး ကျွန်တော့်ကို စောင့်ဦး!"
ချန်ရှီ စိတ်တွေပူပြီး "ဘာပဲလုပ်လုပ် ကျွန်တော်လည်း ရှိနေရမယ်!"
သူစကားမဆုံးခင်မှာ နံ့သာသခင်ရှောင်းသည် သူ့ထက်မြန်တဲ့ ချိုင်းထောက်ကို သုံးကာ ထော့နဲ့ထော့နဲ့ အမြန်ပြေးနေ၏။ သို့သော်လည်း တံခါးခုံးကို ဖြတ်ကျော်သွားသောအခါတွင် ပြင်းထန်စွာ ဒဏ်ရာရထားသဖြင့် မြေပြင်ပေါ်သို့ ဗုန်းကနဲ လဲကျသွားသည်။
သူသည် အမြန်ထကာ ချိုင်းထောက်ကို ကောက်ကိုင်ကာ အလျင်အမြန် ပြန်လှည့်ကြည့်ကာ ဆို၏။
"ဆရာချန်.. ငါ့နောက်ကို ဆက်လိုက်မလာနဲ့ ငြိမ်ငြိမ်လေး နေပေးပါ... ငါ အဲ့နတ်ဆိုး လူယုတ်မာတွေကို သွားသတ်ပစ်မယ်!"
ထိုသို့ပြောပြီးနောက် ချန်ရှီရဲ့ မျက်စိရှေ့မှာပဲ ချိုင်းထောက်က လေကဲ့သို့ ပြေးတက် ပျောက်ကွယ်သွားသည်။ ချန်ရှီ သူ့သွားများကို အံကြိတ်ကာ နာကျင်မှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားနေရ၏။ ထိုစဥ် ဟင်းချက်နေသော ထမင်းချက်အများအပြားသည်လည်း သူဘေးကနေ ဓားတွေကိုင်ကာ ရက်စက်သော မျက်နှာဖြင့် ဖြတ်ကျော်သွားခဲ့သည်။
"တောင်နီခန်းမက အဲ့လောက်တောင် စည်းလုံးတာလား"
ချန်ရှီ ဟေးကော်ကို မြင်သောအခါ ရင်တထိတ်ထိတ်ဖြင့် အော်လိုက်သည်။
"ဟေးဟော်! မြန်မြန်သွား...ငါ့ကို လှည်းပေါ်တင်ပေး...ငါ သူတို့နောက် လိုက်ချင်တယ်"
ဟေးကော်ကလည်း အပြေးကလေး ရောက်လာပြီး သူ့ကို ခါးကကောက်ချီကာ သစ်သားလှည်းပေါ် တင်ပေးလိုက်သည်။ သစ်သားလှည်းက သူတက်ပြီးတာနဲ့ ချောမွေ့စွာ မောင်းနှင်သွားခဲ့သည်။ တောင်နီခန်းမရဲ့ ပင်မယဇ်ပလ္လင် တံခါးဝသို့ ရောက်ရှိလာပြီးနောက် သစ်သားလှည်းက ၎င်း၏ ညာဖက်ဘီးကို မြှင့်တင်ကာ တံခါးခုံကို ဖြတ်ကျော်သွားခဲ့သည်။
ပင်မပလ္လင်တံခါး အပြင်ဘက်တွင် အရပ်ရှည်ပြီး အားကြီးသော ကျောက်ခြင်္သေ့နှစ်ကောင်က ကျောက်စင်ပေါ်မှ ရုတ်တရက် ခုန်ဆင်းကာ ဟောက်သံနှင့်အတူ ပြေးထွက်လာ၏။
"မြန်မြန်လုပ်!"
ချန်ရှီ တိုက်တွန်းလိုက်သည်။
သစ်သားတွန်းလှည်းသည် တဟုန်းဟုန်း မြည်သံနဲ့အတူ ဆယ်ပေကျော်ရှည်သော လက်ခြောက်လက်ဖြင့် မြေပြင်ကို ထောက်ကာ ဘီးလေးဘီးကို ကျုံ့ပြီး တံခါးခုံများကို ကျော်တက်ပစ်သည်။
ဘီးများ မြေပြင်ပေါ်သို့ ပြုတ်ကျလာမှ လက်များကို ပြန်ရုတ်သိမ်းလိုက်သည်။ သစ်သားတွန်းလှည်း၏ ဘီးများပေါ်ရှိ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့က ရုတ်ခြည်း လေပြင်းထန်လာပြီး ချန်ရှီကို သယ်ဆောင်သွားခဲ့သည်။
သစ်သားတွန်းလှည်း နောက်တွင်တော့ ဟေးကော်သည် ခြေသည်းနှစ်ဖက်စလုံးဖြင့် သံလိုက်အိမ်မြှောင်ကို ဖမ်းကိုင်ထားရသည်။ လမ်း တစ်ဖက်နှင့်တစ်ဖက်က အိမ်များကို မတိုက်မိစေရန် လှည်းရဲ့ ဦးတည်ချက်အား ထိန်းချုပ်နေစဉ် သစ်သားတွန်းလှည်းကိုလည်း အမီလိုက်နိုင်ရန် ရုန်းကန်ခဲ့ရသည်။
သစ်သားလှည်းသည် တစ်လမ်းလုံး ပြေးလာခဲ့ရာ အရှေ့က မှင်စာတိမ်တိုက်ကို လှမ်းမြင်လိုက်ရ၏။ ၎င်းသည် တောင်နီခန်းမက အဆောင်ဆွဲဆရာတွေ ဖြစ်နိုင်ကာ ကောင်းကင်အဘွားအဖွဲ့အစည်းက လူတွေနဲ့ ပြိုင်ဆိုင်နေကြတာ ဖြစ်ပေမည်။
အဝေးမှာတော့ တောင်နီခန်းမရဲ့ ခေါင်းဆောင် ယွိထျန်းချန်က ရယ်မောနေသည်။
"ခန်းမသခင်ဝူ... ရောက်လာမှတော့ ငြိမ်းငြိမ်းချမ်းချမ်း အနားယူလိုက်ပါတော့ ငါမင်းကို မမြှုပ်ပေးနိုင်ရင် ဧည့်ဝတ်ကျေပွန်တဲ့ ကျင့်ဝတ်တွေ ဆုံးရှုံးသွားရမှာ မဟုတ်ဘူးလား..."
ချန်ရှီကတော့ ထိုစကားကို ကြားသောအခါ အလွန်စိတ်လှုပ်ရှားသွားပြီး ဟေးကော်ဘက်သို့ လှည့်ကာ
"အစ်ကိုထျန်းချန်ကလည်း ကွန်ဖြူးရှပ်ပညာကို တတ်မြောက်သူပဲဟ... ငါတစ်ယောက်တည်း မဟုတ်တော့ဘူး! သူက သိပ်ပညာမတတ်လို့ ပညာရှင် တစ်ယောက်အနေနဲ့ စာမေးပွဲမအောင်ဘူးလို့လည်း ပြောသေးတယ်... ငါ့ထက်တောင် သိနေပါ့လား?"
သစ်သားတွန်းလှည်းဖြင့် တွန်းခံရခြင်းကြောင့် တစ်ကိုယ်လုံး နာကျင်ခံစားနေရပေမယ့် အလွန်စိတ်လှုပ်ရှားနေပါသည်။
"စာမေးပွဲမှူးက မျက်စိကန်းပြီး ကိုယ်တိုင်သင်ပေးခဲ့တဲ့ ဒီအရည်အချင်းကို လွတ်သွားလို့ ဖြစ်မယ်... မြန်မြန် မြန်မြန် မောင်း!"
လမ်းသွားလမ်းလာများနှင့် အစိုးရအရာရှိများ အပါအဝင် ရှေ့တွင် လူအများအပြား ဝိုင်းကြည့်နေကြသည်။
သစ်သားတွန်းလှည်းက မဖြတ်နိုင်တော့ဘဲ ရုတ်တရက် လက်နှစ်ဖက် ပြန်ထုတ်လာပြီး သစ်သားလက်မောင်းကို ဆန့်တန်းကာ တံစက်မြိတ်ကို ဆွဲကိုင်ကာ သစ်သားလှည်းကို ခေါင်မိုးပေါ်သို့ ဆွဲတင်လိုက်သည်။
လှည်းက ခေါင်မိုးပေါ်မှ တဟုန်ထိုး ခုန်တက်သွားသည်။ ဘီးများသည် အစိမ်းရောင်နှင့် အနက်ရောင် ကြွေပြားများ ကပ်၍ မဖြတ်သန်းနိုင်သော နေရာကို တွေ့သောအခါ လက်ခြောက်ချောင်းကို ဆန့်တန်းကာ ခုန်ချသည်။ ထို့နောက် ဆန့်ကျင်ဘက် အိမ်ခေါင်မိုးပေါ်သို့ ပြေးဆင်းသွားခဲ့သည်။
ဟေးကော် မျက်မှောင်ကြုတ်သွားသည်။ လမ်းမပေါ်ရှိ လူများ၏ အသိစိတ်ကို ထိန်းချုပ်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်နေသည်။
"ထားလိုက်တော့!"
ဟေးကော်လည်း သစ်သားလှည်းကို လိုက်ဖို့ ခက်ခက်ခဲခဲ ပြေးရတော့သည်။
ဒီသေမျိုးတွေက သူတို့သိချင်တာကိုပဲ တွေးနေကြတာ။ သခင်ခွေး ဂရုမစိုက်တော့ဘူး။
အရှေ့တွင်တော့ ကောင်းကင်အဘွားရဲ့ ကြီးမားသော ခေါင်းကြီးက ရုတ်တရက် နိုးထလာသည်။ ၎င်းရဲ့ကိုယ်ခန္ဓာ အစစ်အမှန်က ပင်မယဇ်ပလ္လင်တွင် ကိန်းဝပ်နေပြီး နတ်သဏ္ဌာန်သာ အဝေးကြီးကို ပျံသန်းသွားသည်။ ၎င်း၏ပါးစပ်ကို ဖွင့်ဟလိုက်တာနဲ့ အဆောင်ဆွဲဆရာများကို တိုက်ခိုက်ရန် မရေမတွက်နိုင်သော လျှာရှည်များ ထွက်လာခဲ့သည်။
လူတွေက သူမအား အမွှေးတိုင်ဖြင့် ကိုးကွယ်ခဲ့တာ ကြာခဲ့ပါပြီ။ ဒါကြောင့် သူမ၏ ထူးကဲသော စွမ်းအားက အံ့ဩစရာ ကောင်းသည်။ သူမရဲ့ နတ်တန်ခိုးသည် အလွန်ပြင်းထန်သောကြောင့် ထိတွေ့မိသမျှ ဘယ်အရာမဆို ပျက်စီးသွားမှာ ဖြစ်ပြီး လုံးဝ မတားဆီးနိုင်ပေ။
သခင်တစ်ဒါဇင်ကျော်ကို သူမလျှာဖြင့် ရစ်ပတ်ကာ သူမပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ၎င်းတို့ထဲတွင် အပျော်သဘောဆောင်သော ဖြတ်သန်းသွားလာ အနည်းငယ်လည်း ပါသွားသေး၏။ သူမက ၎င်းတို့ကို တောင်နီခန်းမက ဆရာတွေအမှတ်နဲ့ စားရန်ပြင်ဆင်ခဲ့သည်။
သာမာန်လူများနှင့် ကျင့်ကြံသူများက ကောင်းကင်အဘွားရဲ့ အသွင်အပြင်ကို မမြင်နိုင်ပေ။ တူညီသော ဦးတည်ချက်အတိုင်း ပျံသန်းနေသော လူဆယ်ယောက်ထက်မနည်းဟာ ရုတ်တရက် ကောင်းကင်ပေါ်သို့ ပျံတက်သွားတာကိုသာ မြင်နိုင်သည်။
ဘာက ချုပ်နှောင်ထားသလဲ ဆိုတာကိုတော့ လူတွေက မသိကြချေ။
တောင်နီခန်းမနဲ့ ကောင်းကင်အဘွား အဖွဲအစည်းက ဆရာဖြစ်သည် ဓားစွမ်းအင်များဖြင့် ပြေးထွက်နေတာပင်။ ဒါကြောင့် ၎င်းတို့ ဆွဲယူခံလိုက်ရတဲ့အခါ ဓားစွမ်းအင်ကို မမြင်နိုင်ဘဲ ခေါင်းများပေါ်မှ ပြေးထွက်သည်နှင့် ကြမ်းပြင်များ ကျိုးပဲ့သွားတာ မြင်လိုက်ရသည်။
ကောင်းကင်မျက်လုံးကို ဖွင့်တာ သို့မဟုတ် ကောင်းကင်မျက်လုံး အဆောင်လက်ဖွဲ့ကို မသုံးထားရင် နတ်တွေရဲ့ လှုပ်ရှားမှုများကို မမြင်တွေ့နိုင်ပါ။ သို့သော် တစ်ခါတလေ ကောင်းကင် မျက်လုံးဖွင့်ထားရင်တောင် နတ်သဏ္ဌာန်ရဲ့ လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
ရုတ်တရက် အနီရောင်အလင်းတန်း တစ်ခုက ကောင်းကင်ကိုဖြတ်၍ ကောင်းကင်အဘွားဆီ ဦးတည်ဝင်သွားခဲ့သည်။ ကောင်းကင်အဘွား ထိုဒါဇင်များစွာသော လူများကို မမျိုချမီတွင် နီရဲနေသော ရုပ်လွှာသေးသေးလေးဆီကနေ မျက်နှာကြီးအား လက်သီးဖြင့် အထိုးခံခဲ့ရသည်။
ကောင်းကင်အဘွားရဲ့ မျက်နှာတစ်ခုလုံးက ရုတ်တရက် ယိမ်းယိုင်သွားတာကြောင့် ဒါဇင်နှင့်ချီသော လူများကို မထိန်းနိုင်တော့ချေ။ ချန်ရှီကတော့ အနီရောင် အရုပ်သေးသေးလေးသည် တခြားမဟုတ်ဘဲ တောင်နီမယ်မယ်ပဲ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။
"တောင်နီမယ်မယ်က အရမ်းရက်စက်တာပဲ!"
ချန်ရှီ ထိတ်လန့်သွားသည်။
တောင်နီမယ်မယ်က ယွိထျန်းချန်ရဲ့ ပုခုံးပေါ်မှာ နေရာပြန်ယူလိုက်သည်။ ယွိထျန်းချန်သည် သူမအား အသက်ဝိညာဉ်အဖြစ် သုံးကာ ကောင်းကင်အဘွားနဲ့ ဝူတောက်ကျန့်ကို တိုက်ခိုက်ခဲ့ရာ နှစ်ယောက်စလုံး ဒဏ်ရာဒဏ်ချက်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
တောင်နီမယ်မယ်: "သူတို့ကိုသတ်ပစ်!"
ချန်ရှီပင် သူမထံမှ အငွေ့အသက်တွေ ကူးစက်ခံလညရပြီး သူ့သွေးများ ပွက်ပွက်ဆူလာသည်။ တောင်နီမယ်မယ်ကို ထိန်းချုပ်ကာ မိုင်ဒါဇင်ပေါင်းများစွာကို ကျောက်တုံးအဖြစ် ပြောင်းလဲပေးလိုသော ဆန္ဒဖြင့် ဘုံကျောင်းငယ်လေးကို ရွှေ့လိုက်သော်လည်း တောင်နီမယ်မယ်က ဘုံကျောင်းထဲမှာ မဟုတ်နေချေ။
"ခန်းမသခင်.... ဆရာကြီးက ပြောတယ်... မသန်စွမ်းသူတွေကပဲ လမ်းတစ်ဝက်မှာ အရှုံးပေးလိမ့်မယ်တဲ့!"
ချန်ရှီက အသံကျယ်ကျယ်ဖြင့် သတိပေးလိုက်သည်။
ယွိထျန်းချန်သည် ဝူတောက်ကျန့်နဲ့ ကောင်းကင်အဘွားကို တိုက်ခိုက်နေသည့်ကြားက ဒီစကားကို ကြားတော့ သူ အနည်းငယ် ထိတ်လန့်သွားသည်။
"ဘာကိုဆိုလိုတာလဲ?"
"ဆရာကြီးက ငါ့လို ခွန်အားမရှိတဲ့သူတွေက ငါ့ကြောင့် လမ်းတစ်ဝက်မှာ စစ်ရှုံးလိမ့်မယ်လို့ ပြောတယ်!"