စစ်မှန်သော သတင်းစကား
Vol. 11 Ch. 153
"မယ်မယ်ကို ပြန်လည်ဖြေကြားပါတယ်... ကျွန်တော့်နာမည်က ချန်ရှီပါ"
"ခန်းမသခင်ယွိ ကျွန်တော့်နာမည်က ချန်ရှီပါ "
"နံ့သာသခင် ကျွန်တော့်နာမည်က ချန်ရှီပါ"
ချန်ရှီသည် တောင်နီခန်းမမှ လူများအား သူ့နာမည် ချန်ရှီ ဖြစ်ကြောင်း အကြိမ်ကြိမ် အဖန်ဖန်ပြောသော်လည်း နံ့သာသခင် သို့မဟုတ် တောင်နီမယ်မယ်၊ ယွိထျန်းချန် ဖြစ်ပါစေ ချန်ရှီ နာမည်ကို မေ့သွားပြီးနောက် ထပ်မေးပြန်သည်။
တောင်နီခန်းမက လူတိုင်း တုန်လှုပ်သွားကြသည်။ သူတို့စိတ်ထဲမှာ ဘီလူးတစ်ကောင် ရှိနေသလို 'ချန်ရှီ' ဆိုတဲ့ စကားလုံးတွေကို ဖျက်ပစ်လိုက်သလိုပါပဲ။ ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှတ်ဉာဏ်က ဘယ်လောက်ပဲ နက်နဲနေပါစေ "ချန်ရှီ" ဆိုတဲ့ စကားလုံးကို ဖျက်ပစ်ခဲ့သည်။
"မယ်မယ်က ကျွန်တော့်ကို ရှို့ချိုင်လို့ ခေါ်ပါ"
ချန်ရှီလည်း ကူကယ်ရာမဲ့နေ၏။ ဟေးကော် သတိပြန်လည်လာပေမယ့် အမြီးတောင် မလှုပ်နိုင်ကြသေးချေ။ သူတို့ဘယ်တော့မှ အရင်အခြေအနေမျိုး ပြန်ရောက်မယ်ဆိုတာ သူ မသိသေးတဲ့အတွက် လွယ်လွယ်ကူကူပဲ အဖြေပေးလိုက်သည်။
"သခင်ခန်းမယွိ ကျွန်တော့်ကို ရှို့ချိုင်လို့ခေါ်ပါ... နံ့သာသခင်တွေလည်း အဲဒီလိုပဲ ခေါ်ကြပါတော့"
ထိုစဥ် ယွိထျန်းချန်က သူ့ကို အရမ်းသဘောကျသွားသည်။
"ရှို့ချိုင်လေး.. မင်းမှာ အရည်အချင်းကောင်း ရှိတယ်... စာမေးပွဲကို သေချာပေါက် အောင်လိမ့်မယ်!"
တစ်စုံတစ်ဦးသည် ဖမ်းဝရမ်းနှင့် ချန်ရှီအတွက် သတ်ဝရမ်းတစ်စောင် ယူဆောင်လာသော်လည်း ချန်ရှီ၏အမည်ကို ရေးထားရာ နေရာ၌ "ချန်ရှီ" ဟူသော စကားလုံးက အလိုအလျောက် လွတ်သွားကာ ဘယ်လိုမှ မလုပ်တတ်တော်သဖြင့် ၎င်းကို စာရင်းမှ ထုတ်ပစ်ခဲ့သည်။
"ရှို့ချိုင်.. ငါ ဒီတစ်နှစ်ပတ်လုံး ပညာရှိတွေနဲ့ စာပေတွေကို သင်ယူပြီးပြီ ငါ့ရဲ့ အသိပညာက တော်တော်ကောင်းတယ်လို့ ထင်ခဲ့တယ် ဒါပေမယ့် မင်းနဲ့ ယှဉ်ရင် ယုတ်ညံ့လွန်းတယ်... အားရင် မင်းငါ့ကို ပိုသင်ပေးသင့်တယ် ဒီသုံးနှစ်ထဲမှာ ပညာရှင်တစ်ယောက်အနေနဲ့ ငါ စာမေးပွဲထပ်ဖြေမယ်"
ယွိထျန်းချန် ဆက်တိုက် ပြောနေခဲ့သည်။
"မင်းရဲ့ လမ်းညွှန်မှုနဲ့ဆို အထက်တန်းကျောင်းသား တစ်ယောက် ဖြစ်လာမှာပါ!"
ချန်ရှီလည်း စိတ်ခံစားမှုအပြည့်နဲ့ ပြန်ပြောလိုက်သည်။
"ကျွန်တော် ခန်းမသခင်ကို အသိပညာအားလုံးကို သင်ပေးမှာပါ... ဘာမှ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး!"
ယွိထျန်းချန် အရမ်းပျော်နေသည်။
"နောက် ငါ ပညာရှင်တစ်ယောက်အနေနဲ့ စာမေးပွဲအောင်ရင် ငါ့ကို မျက်မမြင်စမ်းချောင်းရဲ့ ခန်းမသခင်လို့ ပြောတဲ့သူတိုင်းကို သတ်ပစ်မယ်"
ဘယ်ညာရှိ မျက်နှာများမှာတော့ စိုးရိမ်စိတ်များစွာဖြင့် ပြည့်နှက်နေသည်။
ချန်ရှီ ဒဏ်ရာတွေ ပြန်လည်ကောင်းမွန်လာတဲ့အခါ ခန်းမသခင်ယွိသည် ချန်ရှီ ရှင်းပြထားသော အဆောင်ဆွဲစာလုံးများကို ကိုယ်တိုင်ကိုယ်ကျ ကူးယူကာ ကျက်မှတ်ခဲ့သည်။
ထိုအချိန်တွင် အစိုးရအရာရှိများ အများအပြားသည် ဖမ်းဆီးသတ်ဖြတ်ရန် အမိန့်ဖြင့် တံခါးပေါက်သို့ ရောက်လာကြသော်လည်း တောင်နီခန်းမသို့ ရောက်သောအခါတွင် ၎င်းတို့ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းအမိန့်ကို ထပ်မံကြည့်ရှုသောအခါ 'ချန်ရှီ' ဟူသော စကားလုံးကို မမှတ်မိတော့သဖြင့် ပြန်လှည့်သွားခဲ့ကြသည်။
ကောင်းကင်အဘွား အဖွဲ့အစည်းက လူတိုင်းခမျာလည်း ချန်ရှီ ဟူသောအမည်ကို မေ့နေကြသည်။ လူသတ်မှု ကျူးလွန်သူက မည်သူမည်ဝါဖြစ်သည်ကို မသိသောကြောင့် အစိုးရကလည်း စုံစမ်းစစ်ဆေးရန် ဝင်နှောင့်ယှက်လို့ မရတော့ချေ။
ထိုနေ့တွင် ချန်ရှီ ပြတင်းပေါက်ကို မှီနေစဉ် ရုတ်တရက် စက္ကူငှက်တစ်ကောင် ပြတင်းပေါက်ပေါ်မှ ပျံသန်းလာခဲ့၏။ စက္ကူငှက်သည် ပြတင်းပေါက်ပေါ် ပေါ့ပေါ့ပါးပါး ဆင်းသက်လာခဲ့သည်။ ချန်ရှီနှလုံးက အနည်းငယ် လှုပ်ခတ်သွားကာ စက္ကူငှက်ကို ဖမ်း၍ ဖွင့်ဖတ်လိုက်သောအခါ ချွမ်ကျိုးမှ လီထျန်းချင်ထံမှ စာတစ်စောင် ဖြစ်နေသည်။
ဤစာပို့နည်းကို စက္ကူစွန်လွှတ်ခြင်းဟု ခေါ်သည်။ စာကိုရေးပြီးပါက အထူးပေးပို့သူအား ရှာဖွေပြီး ငွေပေးချေရန် လိုအပ်ပါသည်။
မိုးသက်လေပြင်းကျပါက စွန်ရဲများသည် ဂူများ၊ ရှေးဟောင်းဘုရားကျောင်းများ၊ သို့မဟုတ် မိုးမတိတ်မချင်း တံစက်မြိတ်များအောက်တွင် ခိုနားပြီးမှ ဆက်လက် ပျံသန်းသွားလိမ့်မည်။
ကျေးလက်မှာ အဆင်ပြေပေမယ့် မြို့ထဲမှာ ငှက်ကလေးတွေလို အုပ်စုလိုက် ပျံသန်းနေတဲ့ စက္ကူစွန်တွေကို မကြာခဏ တွေ့နိုင်ပါ၏။ ချန်ရှီ စာကိုဖွင့်ဖတ်ပြီး သူအရမ်းစိတ်လှုပ်ရှားသွားပြီး ပြန်စာလေး ရေးပေးလိုက်သည်။
"အရှင်ထျန်းချင်...ငါ နေကောင်းပါတယ် ကျန်းမာရေးကောင်းပြီး မဖျားတာ ရက်တော်တော်ကြာနေပါပြီ...ပညာရှိစာအုပ်တွေကို မကြာသေးခင်ကမှ လေ့လာပြီး အသိပညာတွေလည်း တဖြည်းဖြည်း တိုးလာနေတယ်... မင်းဘက်မှာရော အေးချမ်းလား မနေ့က ငါ တင်ပျဉ်ခွေထိုင်ပြီး လေ့ကျင့်နေတုန်း တံတောင်ဆစ်အနောက်မှာ စွမ်းအင်တွေ ပျံနေတာကို ခံစားရတယ်... ချီအနှစ်သာရက ငါ့ဦးနှောက်ကို အားဖြည့်ပေးတော့ ရွှေအမြုတေက အဆင့်၄ အသွင်သဏ္ဌာန် ဖြစ်သွားမှန်းတောင် ငါ မသိလိုက်ဘူး...."
သူက ခေါင်းလှည့်ပြီး ခဏလောက် စဉ်းစားသည်။
"ကုံကျိုးမှာရှိတဲ့ ရိုးရာဓလေ့တွေက မကောင်းပါဘူး... ရောင်းစားတဲ့သူတွေလည်း များတယ် ကုံကျိုးကို ပထမဆုံးရောက်လာတဲ့ ပညာရှင်တစ်ယောက်က ခြံတစ်ခြံမှာ ရောင်းစားခံလိုက်ရတာကို ကြားလိုက်ရလို့ ငါတောင် အံ့ဩသွားတာ... မင်း စာမေးပွဲဖြေဖို့ အပြေးလာတဲ့အခါ သတိထားရမယ်နော်... ငါက မင်းကို စောင့်နေရတာ!"
ချန်ရှီဟု လက်မှတ် ရေးထိုးခဲ့သည်။
ဒဏ်ရာအများစုက သက်သာပျောက်ကင်းသွားပြီ။ ဒါကြောင့် အိမ်အပြင်သို့ ပြေးထွက်လာကာ တောင်နီခန်းမမှာ စာပို့သူကို ရှာပြီး ငွေပေးချေသည်။
ပေးပို့သူသည် လီထျန်းချင်ရဲ့ အသက်အရွယ်နှင့် ဘယ်နေရာကို ပေးပို့ပေးရမလဲ မေးမြန်းသည်။ လီထျန်းချင်ရဲ့ ဝိညာဉ်ရောင်ဝါကို အတည်ပြုပြီးနောက် လီထျန်းချင်ထံ စက္ကူစွန်ကို ခေါက်လိုက်သည်။ စွန်က ပျံတက်ကာ ချွမ်ကျိုးသို့ ဦးတည်သွားခဲ့သည်။
ပေးပို့သူသည် ဖူတွန်ပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး သူ့ခေါင်းထက်တွင်တော့ တိမ်များနှင့် မြူမှုန်များက ပျံဝဲနေသည်။
ချန်ရှီ ချက်ချင်းမထွက်သွားဘဲ တံခါးဘေးတွင် ရပ်ကာ တိမ်များနှင့် မြူမှုန်များကြား ပျံဝဲနေသော စက္ကူစွန်များကို ကြည့်နေခဲ့သည်။ တစ်ခါတစ်ရံ လေပြင်းများ တိုက်ခတ်ကာ ရှေ့သို့ တိုးရန် ရုန်းကန်နေရသော်လည်း ပေးပို့သူသည် ဦးတည်ရာကို ပြန်လည်ဆုံးဖြတ်တဲ့အခါ စွန်က ရှေ့ဆက်သွားခဲ့သည်။
တစ်ခါတစ်ရံ မိုးကြိုးမုန်တိုင်း ကျရောက်သောအခါ ပေးပို့သူသည် စွန်ရဲကို ထိန်းချုပ်ပြီး ခိုလှုံရာနေရာကို အပြေးအလွှား ရှာဖွေရပေမည်။ တခါတရံတွင် စက္ကူစွန်များကို လိုက်ဖမ်းသည့် လင်းယုန်ငှက်အချို့နှင့်လည်း ကြုံတွေ့ရတတ်ပါသည်။
"စာတွေပို့ဖို့က လွယ်တဲ့အလုပ် မဟုတ်ဘူးပဲ.ယ ဒါကြောင့် ပိုက်ဆံအများကြီး တောင်းတာ မဆန်းပါဘူး"
စာတွေပို့တာဟာ အထူးအလေ့အကျင့် တစ်ခုပါပဲ။ စိတ်အာရုံတွေကို စက္ကူစွန်ပေါ်တင်ပြီး မိုင်ထောင်ချီပြီး ပျံသန်းနိုင်မှသာလျှင် လေ့ကျင့်နိုင်ပေလိမ့်မည်။ စိတ်သည် ဒါဇင်နှင့်ချီသော ကြိုးများအဖြစ် ခွဲကာ စွန်ရဲဖြင့် မိုင်ထောင်ချီ ပျံသန်းသွားသည်။
တောင်နီခန်းမက စာပေးပို့သူများကလည်း ထိုနည်းတူပင်။ စွန်ရဲဖြင့် မိုင်ထောင်ပေါင်းများစွာ ပျံသန်းနိုင်ပြီး လက်ခံသူကို တိကျမှန်ကန်စွာ ရှာဖွေနိုင်သူများသည် စီရင်စုမြို့တော်တွင် ထိုသို့သော ကိန်းဂဏန်း အများဆုံး တစ်ခု သို့မဟုတ် နှစ်ခုသာ ရှိသည်။
ယွိထျန်းချန်က စောင့်ဆိုင်းနေပြီ ဖြစ်သောကြောင့် ချန်ရှီလည်း သူ့အခန်းထဲ တုံ့ဆိုင်းစွာ ပြန်လှည့်သွားခဲ့ရသည်။
"ရှို့ချိုင်လေး... ငါကူညီပေးခဲ့တဲ့ သွေးပုတီးစေ့က ဒုတိယ ရွှေအမြုတေနဲ့ ဒုတိယ အခြေတည်ဝိညာဥ်ကို သန့်စင်တဲ့နေရာမှာ သုံးလို့ရတယ်...အဲဒါကို သန့်စင်ပြီးရင် မင်း ပြင်ပလူ့ဇာတိ ခံယူတာမျိုးကို လေ့ကျင့်နိုင်ပြီ... အရမ်း အဆင်ပြေတယ်.. မင်းဒဏ်ရာက သက်သာလုနီးပါး ဖြစ်နေပြီ... သွေးနီခန္ဓာကြီးပညာကို ငါတို့ တောင်နီခန်းမမှာ လေ့ကျင့်ချင်လား"
သူသည် "သွေးနီခန္ဓာကြီးပညာ" ကို ချန်ရှီဆီ ပေးအပ်ခဲ့သည်။ ချန်ရှီ ၎င်းကို ဖြတ်တွေးကြည့်ပြီးနောက် အနည်းငယ် စိတ်ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။ သူ့အမူအရာကို မြင်တဲ့အခါ ယွိထျန်းချန်က ပြုံးပြီး။
"ဒီသွေးနီခန္ဓာကြီး နည်းလမ်းက မှော်နည်းလမ်းတစ်ခု ဖြစ်ပေမယ့် ထိပ်တန်းနည်းလမ်း တစ်ခုတော့ မဟုတ်ဘူး... ကမ္ဘာ့မိသားစုက တပည့်ဖြစ်ရင်တောင် ဒီအဆင့်ကို လေ့ကျင့်နိုင်တဲ့သူ များများစားစား မရှိဘူး"
ချန်ရှီ ခေါင်းယမ်းလိုက်ပြီး :"ဒုတိယရွှေအမြုတေနဲ့ ဒုတိယ အခြေတည်ဝိညာဥ်တွေက ကိုယ်ခန္ဓာ အပြင်ဘက်မှာ လေ့ကျင့်ရတာ... ကျွန်တော့်အမြင်အရတော့ အဲဒါတွေက ကောက်ကျစ်ပြီး မလိုလားအပ်ဘူး..."
ယွိထျန်းချန်က သံသယစိတ်ဖြင့် ပြန်မေးသည်။
"မင်း အဲဒါကို နတ်ဆိုးပညာ တစ်ခုအနေနဲ့ မကြိုက်ဘူးလား"
ချန်ရှီ သူ့အဖိုးပြောခဲ့တာကို သတိရသွားပြီး ခေါင်းခါယမ်းလိုက်သည်။
"မဟုတ်ဘူး... ပြင်ပလူ့ဇာတိက မှားယွင်းတဲ့ လမ်းကြောင်း... တကယ့် ပြင်ပ လူ့ဇာတိက ကျင့်ကြံသူရဲ့ ရွှေအမြုတေ၊ အခြေတည်ဝိညာဥ်နဲ့ နတ်ဝိညာဥ်ကို ရည်ညွှန်းတာ... ကျင့်ကြံသူတစ်ယောက်က နတ်သန္ဓေသားကို ဖွင့်လိုက်တာနဲ့ ရွှေအမြုတေက ခန္ဓာကိုယ်ကနေ ထွက်သွားပြီး စိတ်က လှမ်းမြင်ရတယ်... ဒုတိယ ရွှေအမြုတေ ရှိလာရင် အဲဒါက ခန္ဓာကိုယ်အပြင်ဘက်မှာပဲ ရှိနေမှာ... ဒုတိယ အခြေတည်ဝိညာဥ် ပြုစုပျိုးထောင်တာက မျှော်လင့်ချက်မရှိဘဲ လျှောက်လှမ်းရမယ့် လမ်းကြောင်းတစ်ခုပဲ!"
မြေးအဘိုးနှစ်ယောက် ပျင်းရိငြီးငွေ့လာသောအခါ အဘိုးသည် ကျင့်ကြံမှု အမျိုးမျိုး၏ လျှို့ဝှက်ချက်များကို ပြောပြပြီး ကျင့်ကြံခြင်းတွင် တားမြစ်ချက် အမျိုးမျိုးနှင့် အန္တရာယ်များ အကြောင်း သေသေချာချာ ရှင်းပြထားသည်။
ထို့ကြောင့် ချန်ရှီသည် သွေးပုတီးစေ့က မွေးထားသည့် ပညာကို မြင်သောအခါ တောင်နီခန်းမက လူများစွာသည် ၎င်းကို မှားယွင်းစွာ လေ့ကျင့်နေကြတယ်လို့သာ သူ ခံစားလာခဲ့ရသည်။
ဒါကိုကြားတော့ ယွိထျန်းချန်လည်း အချိန်အတော်ကြာ စဉ်းစားလေသည်။
"မင်းပြောတာက အဓိပ္ပာယ်ရှိပေမယ့် လေ့ကျင့်ရတာ ဘယ်လောက် ခက်ခဲသလဲ သိတယ်မလား... ရွှေအမြုတေနယ်ပယ်မှာတင် ကောင်းကင်တံခါး ဖွင့်ရင်း သောင်တင်နေရလို့ နှစ်စဉ် ကျင့်ကြံသူ ဘယ်နှစ်ယောက် သေတယ်ဆိုတာ မင်းသိလား"
ထိုစကားကိုကြားပြီးနောက် ချန်ရှီမှာ ပို၍ပင် စိတ်ရှုပ်ထွေးသွားလေသည်။
"ကောင်းကင်တံခါး ဖွင့်ဖို့ အရမ်းခက်လို့လား"
ယွိထျန်းချန် သက်ပြင်းချပြီး ဖြေသည်။
"ခက်တယ်... ထင်ထားတာထက်ကို ပိုခက်တယ် တခြားဟာတွေကို မပြောနဲ့...တောင်နီခန်းမ တစ်ခုတည်းမှာတင် ရွှေအမြုတေနယ်ပယ် ရောက်ပြီးလို့ ကောင်းကင်တံခါးကို ဖွင့်လိုက်တဲ့အတွက် နှစ်စဉ် သုံးလေးယောက်လောက် သေဆုံးကြတယ်... ကုံကျိုးမြို့နဲ့ ယှဥ်တွက်ရင် တစ်နှစ်ကို သုံးဆယ်ကနေ ငါးဆယ်လောက်အထိ သေရတယ်"
ချန်ရှီ: "ကောင်းကင်တံခါးကို ဖွင့်ရတာ လွယ်ပါတယ်... လူတွေအများကြီး သေသွားရတာက ဘယ်လိုဖြစ်လို့လဲ?"
ယွိထျန်းချန်က လှောင်ပြောင်ပြီး "မင်း ငါနဲ့လိုက်ခဲ့" လို့ ပြောလိုက်သည်။
သူသည် ချန်ရှီအား ဘေးခန်းတစ်ခုဆီသို့ ခေါ်သွားခဲ့သည်။ ထိုအခန်းထဲက ကုတင်ပေါ်တွင် လဲလျောင်းနေသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူ တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူရဲ့ မျက်နှာမှာ မုတ်ဆိတ်မွေး ရှိပြီး ခေါင်မိုးကို ဗြောင်ကျကျ စိုက်ကြည့်နေကာ ခန်းမသခင် ယွိထျန်းချန် ရောက်ရှိလာတာကိုပင် ဂရုမစိုက်ချေ။
"သူက ငါ့တောင်နီခန်းမရဲ့ နံ့သာသခင်ဟောင်း ကုယွင်ရှူး... တောင်နီခန်းမရဲ့ ပါရမီရှင် ကုယွင်ရှူးနဲ့ငါက တောင်နီခန်းမကို တည်ထောင်ခဲ့တဲ့ အကြီးအကဲပါ အဲဒီတုန်းက နံ့သာသခင်ကုက ရွှေအမြုတေကို သန့်စင်ရင်း ကောင်းကင်တံခါးကို ခန္ဓာကိုယ်ကနေ ဖွင့်ထုတ်ဖို့ ကြိုးစားခဲ့တယ်.... ရလဒ်ကတော့ ဦးနှောက်က နှစ်နှစ်နီးပါး တုန်တုန်ယင်ယင် ဖြစ်နေခဲ့တာပဲ"
သူ့မျက်လုံးတွေက နီရဲနေပြီး "ဟိုတုန်းက ငါနဲ့အတူ တောင်နီခန်းမကို တည်ထောင်ခဲ့တဲ့ အသက်ကြီး ရှစ်ယောက်ရှိခဲ့တယ်...အခု ကုယွင်ရှူးနဲ့ ငါပဲ ကျန်တော့တယ် ကျန်တဲ့ ခြောက်ယောက်က ဘယ်မှာလဲဆိုတာ မင်းသိလား"
သူ အပြင်သို့ လျှောက်သွားကာ တခြားအခန်းသို့ ရောက်သွားပြန်သည်။
ချန်ရှီ ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ လူဒါဇင်များစွာသော အရေအတွက်တွေ ရှိနေသည်။ နည်းပြ ဆရာများနှင့် နံ့သာသခင်များပင်။
ယွိထျန်းချန်: "သူတို့ ဒီမှာ!.. ဒီခြောက်ယောက်အပြင် သင်တန်းပို့ချသူ လေးဆယ့်ခုနစ်ယောက်နဲ့ နံ့သာသခင်တွေလည်း ရှိတယ် အားလုံးက ကောင်းကင်တံခါး ဖွင့်ရင်း သေဆုံးသွားခဲ့ကြတာ!"
"ရှို့ချိုင်လေး... ရွှေအမြုတေကို သန့်စင်ပြီးလို့ ကောင်းကင်တံခါးကို ဖွင့်ပြီးရင် ခန္ဓာကိုယ်ကို စွန့်ရတယ်... ခြေလှမ်းတိုင်းက အရမ်းခက်ခဲတယ်... ရှင်သန်ပြီး မြင့်မားတဲ့နယ်ပယ်ကို အရောက်လှမ်းနိုင်ဖို့ ခြေလှမ်းတိုင်းကို သတိထားရမယ် ဒုတိယရွှေအမြုတေ၊ ဒုတိယ အခြေတည်ဝိညာဥ်၊ ဒုတိယ နတ်ဝိညာဥ်ကို မွေးမြူပါ... မင်းရဲ့ ကိုယ်ပိုင် ရွှေအမြုတေကို သွေးပုတီးစေ့တွေနဲ့ အစားထိုးလိုက်... သွေးပုတီးစေ့က သွေးနီခန္ဓာကြီးပညာရပ်ပဲ မင်းရဲ့ ဝိညာဉ်အနေအထာကို အနာဂတ်အတွက် သေချာစေလိမ့်မယ့!"
"ဒီသွေးပုတီးစေ့ကို ကောင်းကင်အဘွားလို မကောင်းဆိုးဝါးကိုယ်ပွားကနေ ဖန်တီးထားလို့ သူ့မှာ ဆိုးသွမ်းတဲ့ သဘာဝတွေ ပါဝင်တယ်... သွေးနီဥက နတ်ဆိုးနည်းလမ်းတစ်ခု ဖြစ်ပေမယ့် အသက်ကိုလည်း ကယ်တင်နိုင်ပါတယ်... ဒါက ငါတို့ရဲ့ တောင်နီခန်းမက ဖန်တီးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ... ငါဖန်တီးနိုင်တာင အကောင်းဆုံးပေါ့"
ချန်ရှီ သဘောပေါက်သွားသည်။ ရွှေအမြုတေကို ကျင့်ကြံပြီးနောက် နတ်သန္ဓေသားကို သန္ဓေတည်စေကာ ဝိညာဉ်သန္ဓေသားကို အာဟာရအဖြစ် စွမ်းဆောင်နိုင်သည်။
သို့သော် ကြီးမားသော အားနည်းချက် တစ်ခုရှိသည်။ ဆိုလိုသည်မှာ ခုနစ်ချက်တုံ့ပြန်၊ ရှစ်ကြိမ်ပြောင်းလဲ၊ ကိုးကြိမ်ပြန်လာတို့၌ အမှန်တကယ် လေ့ကျင့်ရန် မဖြစ်နိုင်ပေ။ ရုပ်ခန္ဓာကို အမှန်တကယ် စိတ်နဲ့ ထိန်းချင်ရင် ခန္ဓာကိုယ်ထဲကို ဝင်ပြီး လှည့်ပတ်နိုင်တဲ့ ရွှေအမြုတေ လိုအပ်သည်။ ဒါမှ ခုနစ်ချက်တုံ့ပြန်၊ ကိုးကြိမ်ပြန်လာကို ပြန်ရနိုင်သည်။
ဒါပေမဲ့ ခန္ဓာကိုယ်အတွင်းပိုင်း တင်းမာမှုမှာ ကြီးမားတဲ့ ပြဿနာတစ်ခု ရှိသည်။ ဆိုလိုတာက ရွှေအမြုတေ ဦးခေါင်းထဲကို ရောက်သွားတဲ့အခါ ချီစွမ်းအင်နဲ့ ချီသွေးတွေက ဦးခေါင်းကိုထိသွားပြီး အလွန်ပြင်းထန်လာပါလိမ့်မည်။
ထိုအချိန်တွင် ကောင်းကင်တံခါးကို ဖွင့်လိုက်ဖို့ လိုအပ်သည်။ ကောင်းကင်တံခါးကို ဖွင့်သောအခါ ချီနှင့်သွေးများ ထိန်းထားနိုင်မယ့် နည်းလမ်းတစ်ခု ရှိထားရလိမ့်မည်။ သို့မှသာ ငတုံး သို့မဟုတ် တစ်ပိုင်း သေနေသူလို မပြောင်းလဲသွားမှာပငိ။
ချန်ရှီ ယခင်က ရွှေအမြုတေကို တတိယအဆင့်အထိ ပြုစုပျိုးထောင်ခဲ့တာ ယွိထျန်းချန် သတိပြုမိသောကြောင့် ကောင်းကင်အဘွားရဲ့ ကိုယ်ပွားကို သွေးပုတီးစေ့အဖြစ် သန့်စင်ပေးပြီး ဒုတိယရွှေအမြုတေနဲ့ သူ့ရဲ့ပြင်ပလူ့ဇာတိကို သန့်စင်ရန် တောင်းဆိုခဲ့သည်။
ဒုတိယရွှေအမြုတေသည် ချီစွမ်းအင်နှင့် ချီသွေး အများအပြား မသယ်ဆောင်သောကြောင့် ဦးနှောက်ကို သွေးတွေ မပြည့်သွားစေလို့ အန္တရာယ်မရှိပါ။
ကောင်းကင်တံခါးကို ဖွင့်ပြီးနောက် ရွှေအမြုတေသည် ဦးနှောက်ထဲသို့ ဝင်ရောက်သွားသည်။ ပြီးရင် ရွှေအမြုတေ ခန္ဓာကိုယ်မှ ထွက်ခွာသွားကာ အရာအားလုံးက သဘာဝအတိုင်း ချောမွေ့သွားလိမ့်မည်။
"တစ်နှစ်အတွင်းမှာ မင်း ဒုတိယရွှေအမြုတေကို သန့်စင်နိုင်ပြီးရင် နောက်နှစ်မှာ ကောင်းကင်တံခါးကို ဖွင့်နိုင်မှာပါ... မင်း ကောင်းကင်ဘုံတံခါးကို ဖွင့်ပြီးရင် မင်းရဲ့ ရွှေအမြုတေက မင်းရဲ့ ဦးနှောက်ထဲကို ဝင်လာပြီး ခန္ဓာကိုယ်ထဲက ထွက်သွားလိမ့်မယ် အန္တရာယ် မရှိဘူး"
ချန်ရှီ ခေါင်းခါလိုက်ပြီး :"ခန်းမသခင်ယွိ... ကောင်းကင်တံခါးကို ဖွင့်ပြီး ခန္ဓာကိုယ်ကို စွန့်ထုတ်ရတာက အခက်အခဲတော့ မဟုတ်ဘူး... နာရီဝက် ဒါမှမဟုတ် ခုနစ်ရက်အတွင်း လုပ်လို့ရတယ် အန္တရာယ်တော့ မရှိပါဘူး"
ယွိထျန်းချန်လည်း ဒေါသတကြီး ရယ်ကာ: "ဘယ်လိုဖွင့်မလဲ"
"ဒါက အရမ်းရိုးရှင်းပါတယ်"
ချန်ရှီသည် ကုယွင်ရှူး ရှိရာ ကုတင်ရှေ့တွင်ထိုင်ကာ လေဖြတ်နေသော ကုယွင်ရှူးကို ထူမလိုက်သည်။ ဦးခေါင်းခွံပေါ်ရှိ ပိုင်ဟွေ့အမှတ်ရှိရာ သူ့နဖူးထိပ်အထိ ခဏလောက် ထိကြည့်လိုက်သည်။ ကောင်းကင်တံခါးကို တွေ့လိုက်ပြီးနောက် ဦးရေပြားမှ တစ်လက်မအကွာအထိ လက်ဖဝါးကို ပွတ်ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။
“နံ့သာသခင်ကု ကျွန်တော့်အသံကို ကြားရလား... ခင်ဗျားကို ကျွန်တော့်သွေးနဲ့ ကောင်းကင်တံခါး ဖွင့်ပေးမယ်...ကျွန်တော် ညွှန်ကြားတာကို အာရုံစိုက်ထားပေးပါ ”
ကုယွင်ရှူးမှာ ထိုနေရာတွင် အေးခဲနေပြီး မလှုပ်ရှားနိုင်တော့ပေ။ သူ့မျက်လုံးများက သေမင်းကို တွေ့နေရသလို ပြာသွားသည်။ ချန်ရှီက ချီသွေးများကို ညင်သာစွာ စုစည်းပြီး ကုယွင်ရှူးရဲ့ ဦးရေပြားကို တိုက်ရိုက်မထိဘဲ ကောင်းကင်တံခါးထဲသို့ ထိုးသွင်းလိုက်သည်။
"နံ့သာသခင်ကု... ခင်ဗျားရဲ့အသိစိတ်ကို အာရုံစူးစိုက်ပြီး ရွှေအမြုတေက ဦးနှောက်နဲ့ ဦးခေါင်းခွံ အပြင်ဘက်ကို ပွင့်နေတယ်လို့ မြင်ယောင်ကြည့်လိုက်...စိတ်ထဲမှာ အာရုံထွေပြားစရာ အတွေးတွေ မရှိစေနဲ့ ကောင်းကင်တံခါးမှာ နှလုံးခုန်သံ ရုတ်တရက် ခုန်နေတာကို သတိပြုမိလိုက်တာနဲ့ သတိပြန်ရလာလိမ့်မယ်"
ယွိထျန်းချန် သူ့ကို ကြည့်လိုက်ရင်း ပါးစပ်ထောင့်တွေက တလှုပ်လှုပ်နဲ့ ဖြစ်သွားသည်။
"ကောင်းကင်တံခါးကို ဖွင့်ဖို့ ဘယ်လိုလုပ် လွယ်နိုင်မှာလဲ"
တစ်ချိန်က တာအိုဘာသာရဲ့ ကောင်းကင်တံခါးကို ဖွင့်ဖို့အတွက် ကျောရိုးကို ကောင်းကင်တိုင်အဖြစ် သုံးရမယ်၊ ကျောရိုးကို အလင်းအဖြစ် မြင်ယောင်ပြီး ဦးနှောက်ကို ထိုးထွင်းသိမြင်ဖို့ လိုအပ်တယ်လို့ တစ်ချိန်က တာအိုဘာသာဝင် ဆရာကြီးတစ်ပါးနဲ့ တွေ့ဆုံစဥ်က ကြားဖူးခဲ့သည်။
ချန်ရှီရဲ့ နည်းလမ်းက အလွန်ရိုးရှင်းသောကြောင့် ဟာသတစ်ခုလိုပင်။
ဒါကို သူတွေးလိုက်ချိန်မှာပဲ ကုယွင်ရှူးရဲ့ ဦးခေါင်းထက်က ကောင်းကင်တံခါး ရှေ့မှာ လက်သည်းအရွယ်အစားရှိတဲ့ နေရာတစ်ခုကို ရုတ်တရက် တွေ့လိုက်ရပြီး အောက်ဘက်မှာလည်း ဝှက်ထားတဲ့ နှလုံးငယ်လေးတစ်ခု ရှိနေသလို မြင်လာရသည်။
ယွိထျန်းချန်လည်း အံ့အားသင့်သွားတော့သည်။
ကုယွင်ရှူးရဲ့ မျက်လုံးထဲတွင်တော့ တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။ သူ့မျက်လုံးထောင့်များမှ မျက်ရည်နှစ်ကြောင်း ကျဆငိးလာကာ သူ့ခန္ဓာကိုယ်ကလည်း ရှိုက်ငိုနေသကဲ့သို့ တုန်ခါသွား၏။
ယွိထျန်းချန် အံ့သြဝမ်းသာသွားသည်။ ကုယွင်ရှူး မျက်ရည်ကျနေတာကို မြင်လိုက်ရတော့ တစ်ခုခုကို သဘောပေါက်သွားတော့သည်။ ထိုစဥ် ကုယွင်ရှူး လည်ချောင်းကနေ ရုတ်တရက် အသံထွက်လာခဲ့ပေသည်။
"အသက်ရှုကြပ်လိုက်တာ!"
ထိုသို့ပြောပြီးနောက် ပါးစပ်ကိုဖွင့်ကာ အနက်ရောင်သွေးများ ထွက်ကျလာသည်။
"ယွင်ရှူး... မင်း အခု စကားပြန်ပြောနိုင်ပြီ!"
ယွိထျန်းချန် အလွန်အံ့အားသင့်သွားပြီး သူ့လက်ကို ဆုပ်ကိုင်ထားချင်သော်လည်း ကုယွင်ရှူးရဲ့ လက်များက တောင့်တင်းနေသေးတာကို ခံစားလိုက်ရသည်။ ထိုစဥ် ချန်ရှီက ကုယွင်ရှူးရဲ့ ခေါင်းထက်မှာ ချိတ်ထားတဲ့ လက်ဖဝါးကို ပြန်သိမ်းလိုက်၏။
"ခင်ဗျားရဲ့ အသိစိတ်တွေကို စုစည်းလိုက်ပါ... ရွှေအမြုတေက ဖြည်းဖြည်းချင်း တက်လာပြီး ဆယ့်နှစ်ထပ် (လည်ချောင်း) ကိုဖြတ်ပြီး ဦးနှောက်ထဲကို ဝင်သွားလိမ့်မယ်... အာရုံစူးစိုက်ပါ သေသေချာချာ ဖြည်းဖြည်းချင်း လုပ်"
ကုယွင်ရှူး ကုတင်ပေါ်တွင် မလှုပ်မယှက် ထိုင်နေလိုက်သည်။ တဖြည်းဖြည်းနဲ့ သူ့လည်ချောင်းထဲက အလင်းရောင်က သူ့လည်ချောင်းရဲ့ ကြွပ်ဆတ်တဲ့ အရိုးတွေကို လင်းလက် တောက်ပလာစေခဲ့သည်။ ရွှေအမြုတေက ပါးစပ်နှင့် လျှာဆီသို့ ဖြည်းဖြည်းချင်း တက်လာသည်။
"ပါးစပ်ကို ပိတ်ထား... လျှာကို အာခေါင်မိုးနဲ့ ကပ်ပြီး နှာခေါင်းအတွင်းထဲကို သွင်းလိုက်"
ချန်ရှီ ဆက်ပြောသည်။
ကုယွင်ရှူးပါးစပ်ထဲတွင် အလင်းရောင်များ လင်းလက်နေလို့ သူ့သွားများကိုပင် ကြည်လင်ပြတ်သားစွာ လင်းထိန်သွားစေသည်။ ရွှေအမြုတေလေးက သူ့လျှာတစ်လျှောက် တက်လာပြီး သူ့နှာခေါင်းတွင်းထဲကို ဝင်သွားတာကိုပါ မြင်လိုက်ရသည်။
ထိုအချိန်တွင် တစ်ပေခန့်ရှည်ပြီး တုန်လှုပ်ချောက်ချားစရာ ကောင်းသော ကုယွင်ရှူးနှာခေါင်းထဲမှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ဘေသည်။ ရွှေအမြုတေက နှာခေါင်းတွင်းထဲသို့ ဖြတ်သွားပြီးနောက် ဦးနှောက်ထဲသို့ ရောက်သွားပါသည်။
ဦးနှောက်ကို ကျောက်စိမ်းအိမ် သို့မဟုတ် ကောင်းကင်အိမ်ဟု ခေါ်တွင်သော်လည်း ရွှေအမြုတေ၏ အလင်းရောင်သည် ဦးနှောက်ကို အလွန်တောက်ပစေပြီး ကုယွင်ရှူး ဝန်းကျင်လေထုထဲတွင်လည်း ဦးနှောက်ပုံစံအမျိုးမျိုးကို ရောင်ပြန်ဟပ်ကာ ကောင်းကင်ဘုံနန်းတော်ကဲ့သို့ ထူးဆန်းသော မြင်ကွင်းတစ်ခုအဖြစ် ဖန်တီးထားသည်။
ချန်ရှီက ဆက်ပြောသည်။
"ရွှေအမြုတေကို ဦးနှောက်ရဲ့ဗဟိုမျဉ်းထဲ ရောက်သွားအောင်... ဘယ်ညာမဝင်နဲ့ သေသွားလိမ့်မယ်... ကောင်းကင်တံခါးကို သွား... ခန္ဓာကိုယ်ထဲက ထွက်!"
ရုတ်တရက် မှောင်မိုက်နေသော အခန်းသည် နေ့အလင်းရောင်ကဲ့သို့ တောက်ပလာပြီး ကုယွင်ရှူး ခေါင်းထက်ရှိ ကောင်းကင်တံခါးမှ ရွှေအမြုတေလေး ခုန်ဆင်းသွားလေသည်။
ချန်ရှီလည်း သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်သည်။
"သခင်ယွိ ကြည့်လိုက်... ရွှေအမြုတေကို ခန္ဓာကိုယ်ကနေ ထွက်သွားဖို့ ကောင်းကင်တံခါးကို ဖွင့်ရတာ အရမ်းရိုးရှင်းပါတယ်ဆို... နံ့သာသခင်ကုရဲ့ အရည်အချင်းတွေက တကယ်ကို ထူးထူးခြားခြားပါပဲ... ကောင်းကင်တံခါးနဲ့ ရွှေအမြုတေကို ဖွင့်ဖို့ နာရီဝက်ပဲကြာတယ်"
ယွိထျန်းချန်လည်း အံ့အားသင့်စွာဖြင့် ညည်းညူလိုက်သည်။
"အဲဒီတုန်းက ငါ ကောင်းကင်တံခါးကို ဖွင့်ပြီး ခန္ဓာကိုယ်ထဲက စွန့်ဖို့ နှစ်နှစ်လောက် လေ့ကျင့်ခဲ့ရတယ်..."
ကုယွင်ရှူးက သူ့ရှေ့မှ ရွှေအမြုတေကို ကြည့်ရင်း မျက်ရည်များ ဝဲတက်လာသည်။
သူဆို အနှစ်နှစ်ဆယ်လောက် လေ့ကျင့်ခဲ့တာ။ မထင်မှတ်ပဲ ကောင်းကင်တံခါးကို ဖွင့်ပြီး ရွှေအမြုတေ ဆေးလုံးလေးကို ထုတ်ဖို့ နာရီဝက်လောက်သာ ကြာခဲ့သည်။
"ရှို့ချိုင်လေး... ကောင်းကင်တံခါးကို ဘယ်လိုဖွင့်ရမလဲ ဘယ်လိုလုပ်သိတာလဲ"
ယွိထျန်းချန် ကမန်းကတန်း လှည့်မေးလိုက်သည်။
"ကျွန်တော့်အဘိုး သင်ပေးခဲ့တာ"
"မင်းအဘိုးက ဘယ်သူလဲ မေးလို့ရမလား"
"ချန်ယင်တူ... ဟွမ်ဖောရွာက"
ယွိထျန်းချန်မှာ ပြန်သတိရဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ပေမယ့် ဒီနာမည်ကို အရင်က တစ်ခါမှ မကြားဖူးခဲ့သလိုသာ ခံစားနေရသည်။ သင်တန်းပို့ချသူနဲ့ နံ့သာသခင် တော်တော်များများက ကောင်းကင်တံခါးကို ဖွင့်ပြီး နှစ်အနည်းငယ်အတွင်းမှာ သေဆုံးသွားခဲ့ရသည်။
ဒါက ဘာကြောင့်လဲ။
ချန်ရှီ သူ့အဖိုးရဲ့ သွန်သင်ချက်ကို သတိရပြီး ထပ်ပြောလိုက်သည်။
"သူတို့ ကောင်းကင်တံခါးကို ဖွင့်ပြီးရင် အဲဒါကို ချိတ်ပိတ်ထားရမယ်.."
ယွိထျန်းချန် အံ့အားသင့်သွားပြီး :"ချိတ်ပိတ်ဖို့ လိုသေးတာလား"
"မချိတ်ပိတ်ထားရင် ယန်ချီတွေ ပျောက်သွားလိမ့်မယ်...ယန်ချီ ထွက်သွားရင် သေလိမ့်မယ်"
သူ့အဖိုးသင်ပေးသမျှ အရာအားလုံးကို သင်ပေးနေခဲ့သည်။
"ယန်ချီက မစီးဆင်းဘူး ခန္ဓာကိုယ်ထဲက ယန်ချီ လျော့လာတယ်ဆိုရင် ရွှေအမြုတေ ဆေးလုံးလေးထဲက ယင်ချီကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး.. မိုးကြိုးမုန်တိုင်းကျရင် လျှပ်စီးလက်လိမ့်မယ်"
ယွိထျန်းချန်လည်း မိုးကြိုးပစ်နေစဉ်အတွင်း သင်တန်းဆရာများနှင့် နံ့သာသခင် အများအပြား သေဆုံးခဲ့တာကို ရုတ်တရက် ပြန်သတိရသွား၏။
"သတင်းအမှန်ကို စကားက လက်ဆင့်ကမ်းနိုင်ပေမယ့် မှားယွင်းတဲ့ သတင်းစကားကတော့ စာအုပ်ထောင်ပေါင်းများစွာကနေ လက်ဆင့်ကမ်းနိုင်တယ်တဲ့"
သူ့မျက်နှာပေါ်က မျက်ရည်တွေ စီးကျလာတော့သည်။
"ခန္ဓာကိုယ်အတွင်းပိုင်းနဲ့ ခန္ဓာကိုယ်ပြင်ပ အတွေ့အကြုံတွေက ဒီလောက်ရိုးရှင်းလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး... လေ့ကျင့်တာ မှားသွားပြီ... ဟားဟားဟား ငါတို့အားလုံး လေ့ကျင့်တာ မှားသွားပြီ!"