← Chapters

ဟေးကော်ရဲ့ လျှို့ဝှက်ချက်

Vol. 11 Ch. 154

ဟေးကော်ရဲ့ လျှို့ဝှက်ချက်

Vol. 11 Ch. 154

ထိုအချိန်တွင် ကဲယွင်ရှူးရဲ့ အခန်းအပြင်ဘက်က လူများသည် တောင်နီခန်းမက နံ့သာသခင်များဖြစ်ကြသည်။ ချန်ရှီက ကုယွင်ရှူးကို ကောင်းကင်တံခါး ဖွင့်ရန် ကူညီပေးခဲ့ကြောင်း ကြားသိရသဖြင့် အားလုံးလာရောက် ကြည့်ရှု​နေကြသည်။

ကုယွင်ရှူးဟာ အနှစ် ၂၀ ကျော်လောက် အိပ်ရာထဲတွင် လှဲလျောင်းနေခဲ့ရသည်။ တခြားသူများကို တောထဲ၌ အစောင့်အရှောက်မျာဖြင့် သွားပို့ထားသော်လည်း ခန်းမသခင်ယွိက သူ့ကိုတော့ တောင်နီခန်းမမှာပဲ ထားခဲ့သည်။ အဲဒီလူက တစ်နေ့မှာ နိုးလာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပေ။

လေဖြတ်သွားသူ ကုယွင်ရှူးဟာ နိုးထလာရုံသာမက ကောင်းကင်တံခါးကိုလည်း ဖွင့်နိုင်သွားပြီ။ သူ့ခန္ဓာကိုယ်မှ ရွှေအမြုတေ ထွက်လာပြီး သူ၏ ကျင့်ကြံမှု အဆင့်က အလွန်တိုးတက်လာခဲ့သည်။ စိတ်အားထက်သန်မှု၊ ကျေးဇူးတင်မှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် ချန်ရှီဆီသို့ လှမ်းကြည့်နေသည်။

မယုံနိုင်စရာပါပဲ။

တောင်နီခန်းမမှာ အဆောင်ဆွဲဆရာတွေ အများကြီး မရှိချေ။ အရေအတွက် ၂၀၀ ထက်နည်းသော သူတို့သည် ဆင်းရဲနွမ်းပါးကာ မကြာခဏဆိုသလို အခက်တွေနေရသော ပညာရှင်များနှင့် စာမေးပွဲ မအောင်မြင်သော စာသင်သားတွေ ဖြစ်ကြသည်။ သူတို့၏နေ့စဉ်ဘဝက ကျေနပ်ဖွယ်မရှိသည့်အပြင် ဇနီး သို့မဟုတ် ကလေးများကိုလည်း တောင်နီခန်းမတွင်သာ နေရာချထားနိုင်သည်။

တောင်နီခန်းမသည် ၎င်းတို့အား တွေ့ရှိနိုင်သမျှ အကောင်းဆုံး စွမ်းရည်များကို ပေးအပ်ခဲ့ပြီး ကျင့်ကြံမှု အတွေ့အကြုံများကို ဖလှယ်ခဲ့ကြသော်လည်း ရွှေအမြုတေ နယ်ပယ်ရှိ ဆရာကြီးတချို့မှာ ကောင်းကင်တံခါး ဖွင့်ပြီး ရွှေအမြုတေ ခန္ဓာကိုယ်မှ ထွက်ခွာသွားတာနဲ့ သေဆုံးသွားတာ ဒါမှမဟုတ် မိုးကြိုးပစ်ခံရတတ်သည်။

အစက ကံဆိုးတယ်လို့ပဲ ထင်နေကြတာ၊ ဒါမှမဟုတ် အရင်ဘဝက တစ်ခုခုကို ကျူးလွန်မိပြီး ဒီဘဝမှာ အပြစ်ဒဏ်ချခံရတာလို့ပဲ မှတ်ယူခဲ့ကြသည်။ လူတချို့က နည်းမျိုးစုံနဲ့ အစွမ်းကုန် ကြိုးစားကြပေမယ့် မကျော်ဖြတ်နိုင်ပေ။ နောက်ထပ် ဝင်လာတဲ့ လူတွေကလည်း ရွှေအမြုတေ နယ်ပယ်မှာ ပိတ်မိနေကြပြီး အောင်မြင်မှုလည်း မရခဲ့ပြန်ချေ။

သူတို့သည် အစကတည်းက မှားယွင်းစွာ ကျင့်ကြံခဲ့ပြီး လမ်းလွဲသွားခဲ့တာပဲလို့လည်း မထင်ခဲ့ကြပေ။ ပြီးတော့ မှန်ကန်တဲ့ လမ်းကြောင်းက အရမ်းရိုးရှင်းပြီး လွယ်ကူလေသည်။

တကယ်တော့ သူတို့အမြင်မှာ ပြီးမြောက်ရန် နှစ်အတော်ကြာသော ကောင်းကင်တံခါးသည် ရက်အနည်းငယ် သို့မဟုတ် နာရီဝက်နဲ့ပင် ပြီးမြောက်နိုင်သည်။ ရလဒ်အနေနဲ့ တောင်နီခန်းမမှာ သခင်တွေ အများကြီးရှိလာမှာ သေချာပါ၏။

"ဆရာချန်ရဲ့ ကုသိုလ်တရားတွေက တိုင်းတာလို့တောင် မရတော့ပါဘူး"

နံ့သာသခင်လုကလည်း အနည်းငယ် စိတ်အားထက်သန်နေပြီး။

"အခြေတည်ဝိညာဥ်ကရော ကောင်းကင်တံခါးကို အဲဒီနည်းနဲ့ပဲ ဖွင့်လို့ရလား"

သူသည် ချန်ရှီကိုမေးရန် အခန်းထဲသို့ ညှစ်ဝင်ချင်သော်လည်း အိပ်ယာမှ နိုးလာသော ကုယွင်ရှူးကိုလည်း ထိမိမည်ကို စိုးရိမ်သောကြောင့် တုံ့ဆိုင်းသွားရသည်။

ကုယွင်ရှူး အခန်းထဲတွင်တော့ ယွိထျန်းချန် သည် ငိုယိုရယ်မောကာ ရူးသွပ်စွာ ပြုမူနေပြီး တစ်ခုခု မူမမှန်တော့တဲ့အတိုင်းပင်။ သူသည် မူလက တောင်နီမယ်မယ်ရဲ့ အတတ်ပညာကို လေ့ကျင့်ခဲ့ပြီး လရောင်ကို အလွန်အကျွံ စုပ်ယူမိခဲ့သောကြောင့် အနည်းငယ် မကောင်းဆိုးဝါး ဖြစ်လာခဲ့သည်။

ဤအခိုက်အတန့်တွင်ပင် နတ်ဆိုးဖြစ်လာရန် သဘောထား ရှိသေးသည်။ ဒါကတော့ အံ့သြစရာ မရှိပါ။

ယွိထျန်းချန်ရဲ့ တောင်နီခန်းမ တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်မှာ ဆင်းရဲသော မိသားစုများမှ ကလေးများအား အဆောင်ဆွဲဆရာ ဖြစ်လာစေရန်၊ နေရာဒေသ ငြိမ်းချမ်းမှုကို ကာကွယ်ရန်နှင့် ချမ်းသာသော မိသားစုများက လက်ဝါးကြီးအုပ်ထားသော အသိပညာကို ဖြန့်ဝေရန်၊ အလုပ်ကြိုးစားသူများ အသက်မွေးဝမ်းကျောင်း ပြုနိုင်ပြီး ပိုမိုမြင့်မားသော အဆင့်၊ ပိုမိုမြင့်မားသော အောင်မြင်မှုများ ရရှိစေရန် ဖြစ်သည်။

တောင်နီခန်းမက အနှစ် ၂၀ ကျော် အလုပ်ကြိုးစားခဲ့ပြီးနောက် ထူးထူးခြားခြား ရလဒ်များ ရရှိလာခဲ့သည်။ တောင်နီခန်းမတွင် ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ်နယ်ပယ်က ဆရာတွေ အများကြီး ရှိသည်။

သို့သော် ချန်ရှီက ကောင်းကင်တံခါးကို ဖွင့်၍ ခန္ဓာကိုယ်အပြင်ဘက်အား ရှင်းရှင်းလင်းလင်း ဖွင့်နိုင်မယ့် နည်းများကို ရိုးရှင်းသော စကားလုံးများဖြင့် ရှင်းပြသွားသည်။ အလွန်ရိုးရှင်းသောကြောင့် သူတို့အားလုံး လဲကျသွားလုမတတ် ဖြစ်သွားရသည်။

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်အတွင်း တောင်နီခန်းမက အဆောင်ဆွဲဆရာ အားလုံးလိုလိုသည် မှားယွင်းသော နည်းလမ်းများကို ကျင့်​ကြံမိခြင်းကြောင့် သေဆုံးသွားခဲ့သည်။ ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ် နယ်ပယ်တွင် လူများစွာ ပိတ်မိနေခဲ့ပြီး နောက်တစ်ဆင့်ကို မတက်နိုင်ခဲ့ချေ။

ဒီလောက် ရိုးရှင်းတယ် ဆိုတာသာ သိခဲ့ရင် ဘယ်လိုလုပ် ဒီလောက် သေသွားပါ့မလဲ။ ဘာကြောင့် 'သွေးနီခန္ဓာကြီးကျင့်စဥ်' ကို လေ့ကျင်နေရမှာလဲ။

ဘာကြောင့် ဒီလောက်ကြာနေပါ့မလဲ။

ချန်ရှီ သူ့ပတ်ဝန်းကျင်တွင် နတ်ဆိုးစွမ်းအင်များ တဖြေးဖြေး လျှံထွက်လာတာ ခံစားလိုက်ရသည်။ သူ့နောက်တွင် ကောက်ကွေးနေသော အသွေးအသားများ ကြီးထွားလာတာကြောင့် လန့်ဖျပ်သွားကာ လက်တစ်ဖက်ကို လျင်မြန်စွာ ထုတ်၍ နှလုံးတည်ငြိမ်စေမယ့် အဆောင်စာလုံးကို စတင်ပုံဖော်လိုက်သည်။

ထိုစဥ် အခန်းအပြင်ဘက်မှ အော်သံတွေ ထွက်ပေါ်လာသည်။

"ခန်းမသခင် နေမကောင်း ဖြစ်ပြန်ပြီ!"

လေဖြတ်သူ အခန်း၏ အပြင်ဘက်မှ စိတ်နှလုံးငြိမ်သက်စေသော အ​ဆောင်လက်ဖွဲ့ ဒါဇင်များစွာ ပျံ့လွင့်လာကာ ယွိထျန်းချန်ရဲ့ ဝိညာဉ်ဆိုးများကို ဖြိုခွင်းလိုက်သည်။ ဒါက သူတို့လုပ်တာ ပထမဆုံး အကြိမ် မဟုတ်တော့ဘူး ဆိုတာ ရှင်းပါ၏။

ယွိထျန်းချန်ဟာ ဆိုးသွမ်းတဲ့ အနေအထားကို အကြိမ်များစွာ အသွင်ပြောင်းသွားတတ်သောကြောင့် လူတိုင်းကလည်း သူ့ကိုထိန်းဖို့ အလွန်ကျွမ်းကျင်​နေကြသည်။

ယွိထျန်းချန်ရဲ့ စိတ်က တဖြည်းဖြည်း ကြည်လင်လာကာ နတ်ဆိုး အငွေ့အသက်များ ရပ်တန့်သွားတဲ့အခါ သူ့နောက်တွင် ပြန့်နှံ့နေသော အသွေးအသားများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

"မင်းတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်.. အခု ပြဿနာက ကြီးကြီးမားမား မရှိတော့ပါဘူး... အစ်ကိုကု မင်း အခုမှ ပြန်ကောင်းလာတာ အရင်ဆုံး မင်းရဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ရင်းနဲ့ ခန်းမထဲ လမ်းလျှောက်သွားကြည့်ပါ...ငါ မယ်မယ်ကို သွားကြည့်လိုက်ဦးမယ်"

ကုယွင်ရှူးက အနည်းငယ် ခေါင်း​ညိတ်​ပြသည်။ ယွိထျန်းချန် ခပ်သုတ်သုတ်လေး ပြန်ထွက်သွားသည်။ ချန်ရှီ ထွက်သွားသူကို ကြည့်ပြီး အံ့သြသွားသည်။

"ခန်းမသခင်ယွိရဲ့ အခြေအနေက တစ်ခုခု လွဲမှားနေသလိုပဲ...အဲဒီအဆောင်ဆွဲဆရာတွေရဲ့ အဆောင်လက်ဖွဲ့တွေက သူရဲ့ မကောင်းတဲ့ သဘာဝကို လုံးလုံးလျားလျား မချိုးနှိမ်နိုင်ဘူး "

သို့သော်လည်း တောင်နီမယ်မယ်ရဲ့ ရှေ့မှောက်တွင်မူ ယွိထျန်းချန်ရဲ့ ဆိုးရွားသော အသွင်ပြောင်းမှုကို ထိန်းထားနိုင်မည်ဟု ယူဆမိသည်။

လူတိုင်းက အပြေးတက်လာပြီး ကောင်းကင်တံခါးကို ဘယ်လို ချိတ်ပိတ်ရမလဲဆိုတဲ့ အကြံဉာဏ်ကို တောင်းလာကြတာမို့ ချန်ရှီလည်း ထိုလျှို့ဝှက်ချက်ကို ရိုးရိုးရှင်းရှင်းပဲ ပြောပြလိုက်သည်။

ခဏအကြာတွင် အားလုံး လူစု ကွဲသွားကြသည်။

လေဖြတ်သူကုမှာ ပြင်းပြင်းထန်ထန် ရုန်းကန်ပြီး အိပ်ရာမှ ထရန် ကြိုးစားသည်။

သူ့ခန္ဓာကိုယ်နှင့် ရင်းနှီးလာပြီးနောက် ခြံရှေ့သို့ လျှောက်သွားလိုက်ရာ သူ့ကို ကယ်တင်ခဲ့သော ချန်ရှီသည်လည်း လှည့်ပတ်ကြည့်နေတာ တွေ့လိုက်ရသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးပြလိုက်ကြသည်။

သူတို့နှစ်ဦးလုံးမှာ ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှု တချို့ရှိ​နေကြသည်။ ချန်ရှီဟာ သူ့ဒဏ်ရာမှ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသည့်အပြင် စွမ်းအင်နှင့် ချီသွေးများ နည်းပါးသွားသည်။ ကုယွင်ရှူးကလည်း ဆေးကုတင်ပေါ်တွင် နှစ် ၂၀ ကျော် လဲလျောင်းနေခဲ့တာကြောင့် အရေပြားအလွှာနဲ့ အရိုးတွေက ထင်းချောင်းတွေလိုပင်။

နှစ်ယောက်သား အတူ ထိုင်လိုက်ကြသည်။ ချန်ရှီ အိမ်နောက်ဖေးဘက်သို့ မကြည့်ဘဲ ရုတ်တရက် စကားစလိုက်သည်။

"နံ့သာသခင်ကု... ခန်းမသခင်က လူဆိုးဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

လေဖြတ်သူကုက ခေါင်းခါပြသည်။

"ငါလည်း မသိဘူး ငါ အိပ်ယာထဲမှာ လှဲနေတာ အနှစ် ၂၀ ကျော်ပြီ...ထျန်းချန့က တခါတခါ ဆိုးဆိုးဝါးဝါး ဖြစ်သွားတယ်လို့ ကြားမိတယ်... ခန်းမထဲက လူတွေက သခင်ကို မကောင်းဆိုးဝါးလို့ ခေါ်ကြပေမယ့် ထျန်းချန် ဖြစ်သွားတာကိုတော့ ငါကိုယ်တိုင် တစ်ခါမှ မမြင်ဖူးဘူး... ဒီနှစ်တွေမှာတော့ မယ်မယ်က ဒီမှာ ရှိနေတော့ ဒုက္ခလည်း မရောက်ဘူးလေ.."

ချန်ရှီက ပြုံးပြီး ပြောသည်။

"သူက တောင်နီမယ်မယ်ကို သွားတွေ့တယ်... ဒါပေမယ့် သူ ပေါ်မလာသေးဘူး... သူ့ရဲ့ ဆိုးဝါးတဲ့ အသွင်ပြောင်းမှုကို နှိမ်နှင်းဖို့ သူမကို တောင်းဆိုခဲ့တာ ဖြစ်မယ်...ခင်ဗျား သွားကြည့်ချင်လား "

ကုယွင်ရှူးက ခေါင်းခါပြီး "မကြည့်ချင်ဘူး... စကားမစပ် ငါ့ကျေးဇူးရှင် နာမည်ကို မမေးရသေးဘူးနော်"

"ကျွန်​တော့်နာမည် ချန်ရှီ"

ချန်ရှီက သူ့ကြွက်သားတွေနဲ့ အရိုးတွေကို လှုပ်ရှားနေသည်။ ခဏကြာတော့ လေဖြတ်သွားတဲ့ အမျိုးသားက ပြောလာသည်။

"ငါ့မှတ်ဥာဏ်ကို ကြည့်ပါဦး ငါ့ကျေးဇူးရှင် နာမည်ကိုတောင် မမေးရသေးဘူး..."

"ချန်ရှီ...."

……

"ငါ့မှတ်​ဥာဏ်​ကို ကြည့်​​ဦး ငါ့ကျေးဇူးရှင် နာမည်ကို မသိ..."

"ရှို့ချိုင်လေးလို့ပဲ ခေါ်ပါတော့"

ချန်ရှီ သူ့ကို အနောက်မှာ ထားခဲ့ပြီး မည်းမှောင်တဲ့ မျက်နှာနဲ့ ဟေးကော်ဆီကို ပြေးသွားကာ ခွေးနားရွက်ကို ဖမ်းဆွဲလိုက်သည်။

"ဟေးကော် ကစား​နေတာကို ရပ်စမ်း... မင်း သူတို့တောင်နီခန်းမကို ထိခိုက်အောင် လုပ်စရာ မလိုဘူး... ခဏနေဦး ငါ့နာမည် ဘယ်လိုခေါ်လဲ"

သူ့ဆံပင်တွေက အဆုံးအထိ ထောင်တက်သွားကာ ဟေးကော်ရဲ့လည်ပင်းကို အလျင်အမြန်ဆွဲကိုင်လိုက်ပြီး ယမ်းပစ်သည်။

"ဟေးကော်! ငါ့နာမည်ကို ပြန်ပေးစမ်း!"

ဟေးကော်လည်း စိုးရိမ်လာသည်။

အရေးကြီးသော အခိုက်အတန့်များတွင် ဤစွမ်းရည်ကို နိုးကြားနိုင်စေသော်လည်း ၎င်းကို မည်သို့ အသုံးပြုရမည်၊ မည်သို့ ရပ်တန့်ရမည်၊ မည်သို့ဖယ်ရှားရမည်ကို မသိနေချေ။ အခုနတုန်းက စိတ်လှုပ်ရှားနေလို့ ချန်ရှီရဲ့ မှတ်ဉာဏ်ကိုလည်း ထိခိုက်သွားစေခဲ့သည်။

ကုယွင်ရှူးသည် ချန်ရှီတစ်ယောက် ခြံတစ်ဝိုက်တွင် ခွေးနက်ကို လိုက်ဖမ်းနေတာကို မြင်လိုက်ရသောအခါ သူ့ဘာသာ ခေါင်းယမ်းလိုက်၏။

"ပညာရှင်ဆိုပေမယ့် ကလေးပဲ ရှိပါသေးတယ်... ထူးဆန်းလိုက်တာ တစ်ယောက်ယောက်ကို ဘာလို့ ရှို့ချိုင်လေးလို့ နာမည်ပေးထားပါလိမ့်?"

ချန်ရှီမှာ ခွေးနက်နှင့် ရန်ဖြစ်နေဆဲ။ တစ်ခါတစ်ရံ ခွေးကို လှဲချကာ ခွေးလည်ပင်းကို လည်ပင်းညှစ်ကာ တစ်ခါတစ်ရံ မြေပြင်ပေါ်သို့ တွန်းချကာ ခွေးက သူ့လည်ပင်းကို ​ပြန်ညှစ်ထားသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ချန်ရှီသည် သူ့ထံသို့ လီထျန်းချင် ပေးပို့သော စာတစ်စောင်ကို ယူကာ "ချန်ရှီ" ဟူသော စကားကို ကြောင်တက်တက်ကြီး စိုက်ကြည့်နေခဲ့သည်။

ဤစကားလုံးနှစ်လုံးသည် သိသာထင်ရှားလှသော်လည်း သူ မသိသလိုပင်။

ယွိထျန်းချန် အိမ်နောက်ဖေးသို့ သွားကာ ထိုနေရာတွင် နှစ်ရက်နေခဲ့သော်လည်း တောင်နီခန်းမက သင်တန်းဆရာများစွာသည် ကောင်းကင်တံခါး ဖွင့်ရန် လေ့ကျင့်နေကြပြီး ရွှေအမြုတေ ဆေးလုံးလေးများ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာသည်။

နံ့သာသခင်လုကလည်း ချန်ရှီထံလာပြီး အကြံဉာဏ်တောင်းသည်။

"ရှို့ချိုင်လေး... အခြေတည်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်စေချင်ရင်ရော ဒီနည်းလမ်းကို သုံးလို့ရမလား။"

ချန်ရှီ: "ဒီနည်းလမ်းကို အခြေတည်ဝိညာဥ် ခန္ဓာကိုယ်ကနေ ထွက်သွားဖို့ အတွက်လည်း သုံးပါတယ်... ဒါပေမယ့် လေ့ကျင့်ဖို့က ပိုကြာပါတယ် ဦးခေါင်းထိပ် ဖောင့်ရိုးက ခန္ဓာကိုယ်ကနေ မထွက်သွားခင်အထိ အရိုးမရှိအောင် လေ့ကျင့်ထားဖို့ လိုတယ်.. ဒါပေမယ့် အခြေတည်ဝိညာဥ် ခန္ဓာကိုယ်က ထွက်သွားဖို့အတွက် အန္တရာယ်တွေ အများကြီးရှိတယ်.. တစ်ယောက်ယောက်က ခေါင်းကို လာထိမိရင် ဦးနှောက်ကို အလွယ်တကူ ပျက်စီးစေတတ်တယ်"

နံ့သာသခင်လုက ပြုံးပြီး : "ခန္ဓာကိုယ်ကနေ ထွက်သွားဖို့ အခြေတည် ဝိညာဉ်ကို မွေးမြူနိုင်ရင် ဒီအားနည်းချက်က ဘာဖြစ်သွားမလဲ "

နောက်ထပ် ဆရာ အများအပြားသည် ချန်ရှီထံ လာရောက်၍ ရွှေအမြုတေနယ်ပယ်ကို လေ့ကျင့်ရန် အကြံဉာဏ် တောင်းကြသည်။ ချန်ရှီလည်း သူသိထားသည့် ရွှေအမြုတေ သန့်စင်နည်း၏ လျှို့ဝှက်ချက်များကို သင်ကြားပေးရန် အခက်အခဲ ရှိခဲ့သည်။

ခုနစ်ချက်တုံ့ပြန်၊ ရှစ်ကြိမ်ပြောင်းလဲ၊ ကိုးကြိမ်ပြန်လာကို မသိ​ကြသဖြင့် စိတ်ကိုထိန်းရန် ရွှေဆေးရည်ကို အလိုလိုသုံး၍ ရုပ်ခန္ဓာကို အာဟာရဖြည့်သွင်းရန် သင်ပေးလိုက်သည်။

ရက်အနည်းငယ် အကြာတွင် တောင်နီခန်းမမှ လူနှစ်ဦးသည် ရွှေအမြုတေနယ်ပယ်ကို ဖြတ်ကျော်ပြီး အခြေတည်ဝိညာဥ် နယ်ပယ်ကို တရားဝင် သခင်ဖြစ်လာခဲ့သည်။ ပြီးတော့ ခန်းမထဲမှာ ကျင့်ကြံမှု ကြီးကြီးမားမား တိုးတက်အောင်မြင်ခဲ့တဲ့ လူဆယ်ယောက်ကျော် ရှိလာ၏။

ချန်ရှီရဲ့ ဒဏ်ရာများလည်း သက်သာလာပါပြီ။ အနာများ ကျက်ကာ အရေပြား အသစ်များ ပေါ်လာသည်။

ချန်ရှီသည် သူ၏ အရေပြားကို သန့်စင်ရန် ခြံထဲတွင် ပေသို့ခုနှစ်ချက်ဖြင့် လေ့ကျင့်နေသည်။ အနည်းငယ် လေ့ကျင့်ပြီး သူ့အခန်းထဲပြန်ဝင်ကာ ကောင်းကင်တံခါးကို ဖွင့်ခဲ့သည်။

နာရီဝက်အကြာတွင် ကောင်းကင်တံခါးကို ဖွင့်လိုက်ပြီး ရွှေအမြုတေက အသက်ရင်းမြစ်ထဲ​မှ တဖြည်းဖြည်း တက်လာပြီး လည်ချောင်းမှတဆင့် လျှာ၊ ထို့နောက် ပါးစပ်ခေါင်မိုးမှ နှာခေါင်းတွင်းထဲသို့ ဝင်ရောက်ကာ နှာခေါင်းတွင်းနက်မှ ဦးနှောက်ထဲသို့ ဝင်ရောက်သွားလေသည်။

ရွှေအမြုတေက ဗဟိုမျဉ်းကြောင်းအတိုင်း လျှောက်သွားကာ နောက်ဆုံးတွင် ကောင်းကင်တံခါးထဲသို့ ရောက်လာပြီး ခုန်ဆင်းသွားခဲ့သည်။

ချန်ရှီ၏ မျက်လုံးများသည် ပိတ်သွားသလို သို့မဟုတ် ပွင့်နေပုံရပြီး သူ့မျက်လုံးရှေ့တွင် အလင်းတန်းတစ်ခုသာ ကျန်တော့သည်။ သို့သော် ရွှေအမြုတေက သူ့မျက်လုံးများကဲ့သို့ ဖြစ်လာကာ အောက်ငုံ့ကြည့်လိုက်တော့ သူ့ခေါင်းထက်က တံခါးကို မြင်လိုက်ရသည်။

သူသည် ရွှေအမြုတေဆေးလုံးကို စတုတ္ထအဆင့်အထိ သန့်စင်လိုက်တဲ့အခါ အနက်ရောင်ဖြစ်ပြီး ထုတ်လွှတ်သော အလင်းရောင်မှာလည်း အနက်ရောင် ဖြစ်လာသည်။ ချန်ရှီ အနည်းငယ် တွေးလိုက်ရင်ပဲ ရွှေအမြုတေဆေးလုံးက နံရံကို ဖြတ်ကာ အပြင်သို့ ထွက်သွား၏။ နောက်ကျနေပြီး လ တက်လာနေပြီ။

လရောင်ပေါ်ထွန်းလာလျှင် လရောင်ကို စုပ်ယူမိပြီး နတ်ဆိုး အငွေ့အသက်တွေ ဝင်ရောက်လာလိမ့်မည်။ သူသည် လရောင်ကို ရှောင်ရန် ရွှေအမြုတေကို လျင်မြန်စွာ ထိန်းချုပ်ကာ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။

သူ့အမြင်အာရုံ နယ်ပယ်အဖြစ် ရွှေအမြုတေကို အသုံးပြုထားသော် ပတ်ဝန်းကျင် မြင်ကွင်းများသည် သာမန်မျက်စိဖြင့် မြင်ရသည့်အရာများနှင့် ကွဲပြားသွားတာ တွေ့ရတော့ အလွန်စိတ်ဝင်စားလာသည်။

များမကြာမီပင် ရွှေအမြုတေက သစ်သားတွန်းလှည်းရှိရာသို့ ရောက်ရှိလာသည်။ သစ်သားတွန်းလှည်းက ငြိမ်သက်စွာ အိပ်ပျော်နေတာ တွေ့လိုက်ရသော်လည်း ခွေးသည် လှည်းဘေးတွင် မရှိပေ။

ချန်ရှီ အံ့သြသွားပြီး "အပြစ်သားက ဘယ်ရောက်သွားတာလဲ"

သူသည် ရွှေအမြုတေကို တစ်လမ်းလုံး ပျံသန်းနိုင်စေရန် ထိန်းချုပ်ကာ နေရာတိုင်းကို ရှာဖွေကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ မီးဖိုပေါ်ရှိ ဟေးကော်ကို တွေ့လိုက်ရ၏။ ထိုနေရာက တောင်နီခန်းမရဲ့ မီးဖိုခန်းဖြစ်ပြီး ထမင်းချက်ကတော့ အနားယူနေပါပြီ။

မီးဖိုအောက်မှာ မီးတွေ တောက်လောင်နေသည်။ ဟေးကော်က မီးဖိုရှေ့မှာထိုင်ပြီး ခြေထောက်တစ်ဖက်က အိုးအောက်ခြေမှာ ထင်းထည့်နေသည်။ ကျန်တစ်ဖက်က စာအုပ်ကိုကိုင်ကာ ဆီမီးခွက်အောက်၌ စာဖတ်နေသည်။ သူဘာတွေ တွေးနေတာလဲ မသိပေမယ့် အံ့သြစွာ မျက်မှောင်ကြုတ်လိုက်တာကို ​မြင်နေရ၏။

"ဟေးကော်က တကယ် စာဖတ်လို့ ရတာလား"

ချန်ရှီ အံ့သြသွားသည်။

ရွှေအမြုတေကို ကြည့်ပြီးနောက် ဟေးကော်က စာအုပ်ကိုချကာ ပန်းကန်လုံးထဲမှ ဆားလက်တစ်ဆုပ်စာကို ဆွဲယူကာ မီးထဲသို့ ပစ်ချထည့်လိုက်တာ တွေ့လိုက်ရသည်။ ထိုအခါ မီးဖိုအောက်က မီးတောက်က ရုတ်တရက် အစိမ်းရောင် ပြောင်းသွားခဲ့သည်။

ထို့နောက် ဟေးကော် ခေါင်းသည် မီးထဲသို့ကျသွားပြီး မီးဖိုအောက်ထဲ တွားသွား ဝင်သွားကာ မျက်လုံးတစ်မှိတ် အတွင်းမှာပင် မီးဖိုထဲတိုးဝင် ပျောက်ကွယ်သွားခဲ့သည်။ မီးဖိုပေါ်၌ ခွေးကြီးတစ်ကောင်အတွက် နေရာမရှိသော်လည်း ဟေးကော်ကတော့ ထိုအတိုင်း ဝင်သွား၏။

ချန်ရှီရဲ့ အနက်ရောင် ရွှေအမြုတေဆေးလုံးလေးက မီးဖိုဆီသို့ ပျံသန်းသွားပြီး မီးဖိုထဲသို့ ကြည့်လိုက်ရာ မီးဖိုထဲတွင် အစိမ်းရောင် မီးတောက်များ ပြည့်နေသည်။ အထဲ၌ အဆမရေမတွက်နိုင်သော သေးငယ်သော ခွေးနက်တစ်ကောင် ပြေးလွှားနေကာ ၎င်းပြေးလွှားနေတဲ့ နေရာက လူ့လောကကြီးနှင့် မတူတော့ပေ။

မီးသည် အခြားကမ္ဘာတစ်ခုနှင့် တူပြီး နတ်ဆိုးကြီးများစွာ ပေါ်လာသည်။ ခွေးနက်တစ်ကောင်သည် ဘယ်မှညာသို့ ခုန်ဆင်းကာ နတ်ဆိုးများစွာကို သတ်ဖြတ်ရင်း နန်းတော်တံခါး တစ်ခုဆီသို့ ပြေးဝင်သွားခဲ့သည်။

ဤအချိန်တွင် အစိမ်းရောင်မီးက တဖြည်းဖြည်း အရောင်ပြောင်းသွားကာ ပုံမှန်အရောင်သို့ ပြောင်းလဲသွားပါ​တော့သည်။ ချန်ရှီလည်း ဆားလက်တစ်ဆုပ်စာလောက်ကို ဖမ်းပြီး မီးထဲကို ပစ်ချတော့မယ့်အချိန်မှာ သူဟာ ရွှေအမြုတေ ဖြစ်နေလို့ လက်မရှိတာကို သတိရသွားသည်။

မီးထဲတွင် ဟေးကော်က နန်းတော်ထဲမှ ပြေးထွက်လာ၏။ မီးတောက်များ ပြောင်းလဲသွားတာကို ၎င်းက စောစောကတည်းက မျှော်လင့်ထားသလိုပင် ဤဘက်သို့ ​ပြန်ပြေးလာခဲ့သည်။

ချန်ရှီသည် ဆားကို မီးထဲသို့ ပစ်ချရန် တွေးတောနေသော်လည်း ဆားပန်းကန်လုံးက သူ့ဘာသာသူ ပျံတက်လာတာ တွေ့လိုက်ရသည်။ အနည်းငယ် ထိတ်လန့်သွားသည်။

"ရွှေအမြုတေဆေးလုံးထဲက ချီနဲ့ သွေးတွေကို ငါ ထိန်းချုပ်ထားတယ်...အဲဒါက အရာဝတ္ထုတွေကိုပါ ထိန်းချုပ်နိုင်တယ်!"

သူသည် ချီစွမ်းအင်နှင့် သွေးကို နှိုးဆော်ပြီး ဇလုံထဲမှ ဆားကို မီးထဲသို့ လောင်းထည့်လိုက်သည်။ မီးဖိုထဲက မီးတောက်က ရုတ်တရက် စိမ်းသွားပြန်၏။ ချန်ရှီက ဒါကိုမြင်တော့ သက်ပြင်းတစ်ချက်ချပြီး မီးဖိုချောင်ထဲက ပျံထွက်ဖို့ ရွှေအမြုတေကို ထိန်းလိုက်သည်။

သူ မသွားခင် စားပွဲပေါ်က စာအုပ်ကို လျှို့ဝှက်စွာ ချောင်းကြည့်လိုက်တော့ စာအုပ်ထဲက စကားလုံးတွေက တစ္ဆေသရဲ သင်္ကေတတွေလို ဖြစ်နေတာ တွေ့လိုက်ရသည်။

"တစ္ဆေစာအုပ်?"

ချန်ရှီ အံ့ဩသွားသည်။ သူ့အဖိုးပြောတာကို ရုတ်တရက် သတိရသွား၏။ ဒါက မရဏကမ္ဘာမှာ သရဲတစ္ဆေတွေနဲ့ နတ်တွေသုံးတဲ့ စာသားပါ။ သာမာန်လူတွေက လုံးဝ နားမလည်နိုင်ဘူး။ တစ္ဆေစာလုံးကို သင်ထားသူမှသာ နားလည်လိမ့်မည်။

"ဟေးကော်က တစ္ဆေစာအုပ်ကို ဘယ်ကရခဲ့တာလဲ ဒီစာအုပ်ကို ဘယ်လိုလုပ် နားလည်နေတာလဲ"

ဟေးကော် ရှေ့သို့ လှမ်းမျှော်ကြည့်သော်လည်း မရဏကမ္ဘာဆီသို့ သွားရာ တံခါးပေါက်သည် မှုန်ဝါးဝါး ဖြစ်နေတာ မြင်လိုက်ရသဖြင့် သူစိတ်မပူဘဲ မနေနိုင်တော့ပေ။ ရုတ်တရက် ပြန်မသွားနိုင်တော့တဲ့ မရဏကမ္ဘာ၏ တံခါးပေါက်က ရုတ်တရက် ပွင့်သွားတာကြောင့် ရှင်းသွားကာ အံ့အားသင့်သွားလေသည်။

ဟူး--

ဟေးကော်သည် အိုးအောက်ခြေရှိ မီးပွားများနှင့်အတူ မီးဖိုအောက်မှ ခုန်ထွက်လာခဲ့၏။ သူ့ပတ်ဝန်းကျင်ရှိ နတ်ဆိုးမီးတောက်များ တဖြည်းဖြည်း ငြိမ်းသွားခဲ့သည်။ ချက်ချင်း လှည့်ကြည့်လိုက်တော့ ဘယ်သူ့ကိုမှ သဲသဲကွဲကွဲ မတွေ့ရပေ။ ဘေးနားက ဆားပန်းကန်လုံးကသာ လဲနေတာကို တွေ့ရကာ ပန်းကန်လုံးထဲမှာ ဆားမရှိတော့ပါ။

ဟေးကော်မှာ သူ့ကို ကယ်တင်ခဲ့သူကို လိုက်မမီတော့ချေ။ သူ့ပါးစပ်ကို ဖွင့်ကာ တစ္ဆေစာအုပ်တစ်အုပ်ကို လှန်၍ ညဘက်အထိ ပြင်းပြင်းထန်ထန် ဆက်လေ့လာ​နေခဲ့သည်။

ချန်ရှီသည် ရွှေအမြုတေဖြင့် ပြတင်းပေါက်အပြင်ဘက်တွင် ခဏလောက် စောင့်ကြည့်နေသည်။ တစ္ဆေစာအုပ်ပါ စကားလုံးများသည် တစ္ဆေပုံများကဲ့သို့ တွားသွားနေတာကို အဝေးက မြင်နေရပေမယ့် ၎င်းတို့ကို နားမလည်နိုင်သဖြင့် တိတ်တဆိတ်သာ ပုန်းနေခဲ့ရသည်။

"ဟေးကော်က အရမ်းကြိုးစားနေတာပဲ.. သူ့အစွမ်းအစကို ထိန်းချုပ်ဖို့ နည်းလမ်းတွေ ရှာနေတာပဲ ဖြစ်မယ်..ဒါပေမယ့် ဒီအိုးမည်းက တခြားကမ္ဘာကို မီးဖိုက​နေ ဖြတ်သွားလို့ရတဲ့ အကြောင်း ဘယ်လိုသိတာလဲ အဲဒီမှာ နန်းတော် ရှိတယ် စာအုပ်တွေ ရှိတယ်ဆိုတာရော ဘယ်လိုသိတာလဲ... ဘယ်သူပြောတာလဲ... နေဦး အဖိုးက နန်းတော်နားကနေ ဟေးကော်ကို ကောက်ခဲ့တာလား"

All Chapters