ဖုန်မှုန့်တွေ
Vol. 11 Ch. 156
ချန်ရှီနဲ့ လီထျန်းချင်တို့ဟာ မတွေ့ရတာ ရက်အတော်ကြာပြီ ဖြစ်တာကြောင့် ညဘက်တွေမှာ အတူတူ အိပ်ခဲ့ကြပြီး အဲဒီနေ့တွေ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ အကြောင်း စကားစမြည်ပြောရင်း အခန်းတစ်ခန်းထဲမှာ စုရုံးခဲ့ကြပါသည်။
ဟေးကော်က သူ့နာမည်ကို ဖျက်လိုက်တဲ့အကြောင်း သူတို့ပြောကြတဲ့အခါ ချန်ရှီ ခေါင်းကို မော့ပြီး ပြတင်းပေါက်ကို မော့ကြည့်လိုက်တော့ ဟေးကော်က ပြတင်းပေါက် အပြင်ဘက်မှာ ရပ်နေပြီး ပြတင်းပေါက်ကို မေးတင်လျက် တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေကာ သူတို့စကားပြောတာကို ခိုးနားထောင်နေတာကို တွေ့လိုက်ရပါ၏။
လီထျန်းချင်တို့ သူ့အား တစ်ချက် ကြည့်လိုက်တာ မြင်တော့ ဟေးကော်က လျင်မြန်စွာ ခေါင်းဖွက်လိုက်သည်။ နှစ်ယောက်သား ငြိမ်သက်စွာ မတ်တပ်ရပ်ပြီး ပြတင်းပေါက်ဆီသို့ လျှို့ဝှက်စွာ လှမ်းကြည့်လိုက်တော့ ဟေးကော်က လှည်းအောက်၌ လဲလျောင်းနေပြီး အိပ်ချင်ယောင်ဆောင်နေတာ တွေ့လိုက်ရသည်။
"တော်တော်ဟုတ်တဲ့ ဟေးကော်!"
ချန်ရှီက သူ့ခန္ဓာကိုယ်ထဲက ရွှေအမြုတေ စွန့်ပြီး စာအုပ်တွေရှာဖို့ မြေအောက်ကမ္ဘာထဲကို ဝင်သွားတဲ့ ဟေးဟော် အကြောင်း ဆက်ပြောကြသည်။
“အဲဒီကောင်ကို အဘိုးက နန်းတော်နားက ကောက်ယူလာတာလို့ ငါ သံသယဝင်နေပေမယ့် နန်းတော်လို့ ခေါ်တာ မတွေ့ဘူး”
"ယွမ်ချန်နန်းတော် ဖြစ်နိုင်တယ်"
လီထျန်းချင်က ခန့်မှန်းပေးသည်။
"ဒါပေမဲ့ ဘယ်သူ့ ယွမ်ချန်နန်းတော်မှန်း ငါမသိဘူး"
ယွမ်ချန်နန်းတော်သည် ဝိညာဉ်များ နေထိုင်ရာ နေရာဖြစ်သည် ဟူသော ကောလဟာလများ ရှိသည်။ လူတိုင်းတွင် သူ့ကိုယ်ပိုင် ယွမ်ချန်နန်းတော် ရှိသည်ဟူသည်က ဒဏ္ဍာရီ တစ်ခုမျှသာ ဖြစ်သည်။
ရုတ်တရတ် လှေဦးလေးနှင့် သူ့သမီးကို သတိရသွားတာကြောင့် လီထျန်းချင်သည် ထိုနှစ်ယောက်နဲ့ ဘုန်းကြီးတို့ ဆရာတပည့် ဇာတ်လမ်းကို အမြန်ပြောပြလိုက်သည်။
"ဆရာတော်ဝါးခါးက မေ့လျော့ခြင်းမြစ်မှာ ပျောက်ဆုံးသွားတဲ့ ယင်ကျေးကျွန်တွေလို့ ပြောတယ် သူတို့က တစ်ခုခုကို ရှာဖွေနေတာတဲ့... သူတို့ ရှာနေတာက မြေအောက်ကမ္ဘာက ရောက်လာတဲ့ ဟေးဟော်ကိုများလား?"
သူက ချန်ရှီကိုကြည့်ရင်း မျက်လုံးပြူးသွားပြီး။
"ဒါမှမဟုတ် သူတို့က မင်းကိုရှာနေတာ ဖြစ်နိုင်တယ်... မင်းအဘိုးက အကြိမ်ပေါင်းများစွာ မြေအောက်ကမ္ဘာထဲကို ဖောက်ထွင်းဝင်ရောက်ပြီး မင်းကို ကယ်တင်ဖို့ ကြိုးစားခဲ့တာမလား... နောက်ဆုံးအကြိမ်က မင်းကို ကယ်တင်လိုက်တာက အရမ်းအသက်ဝင်နေလိမ့်မယ် အဲဒီတုန်းက အဲ့သားအဖက မင်းကို ထိန်းချုပ်ဖို့ တာဝန်ရှိလိမ့်မယ်... မင်းကို ကယ်တင်လိုက်တာနဲ့ သူတို့တွေ ဆက်လုပ်ဖို့ ခက်နေတော့ ကမ္ဘာမြေကြီးပေါ် ပြေးတက်လာကြတာ!"
ချန်ရှီက ရယ်လိုက်သည်။
"မဖြစ်နိုင်ပါဘူး သူတို့က ငါနဲ့ ဟေးကော်ကို မြင်ဖူးနေတာကြာပြီ..."
လီထျန်းချင်: "ဒါမှမဟုတ်ရင် ရှင်းရှန်ခရိုင်မှာ ဘာလို့ ကူးတို့သမား လုပ်နေတာလဲ... မင်း ကုံကျိုးကို ရောက်လာတော့လည်း သူတို့က ကုံကျိုးမှာ ကူးတို့သမား လာလုပ်နေကြတာလေ!"
ချန်ရှီ ပြုံးပြီး :"သူတို့သာ ငါ့ကို လာဖမ်းတာဆိုရင် ငါ့အဖိုးသေသွားပြီးကတည်းက အခြေအနေကို အခွင့်ကောင်းယူပြီး ငါ့ကိုဖမ်းပြီး မြေအောက်ကမ္ဘာကို ပြန်ခေါ်သွားရမှာမလား... ခဏနေဦး ငါသတိရပြီ... ရှင်းရှန်ခရိုင်မှာ မင်းရဲ့ လီမိသားစုဝင်တွေကို ငါ လိုက်ဖမ်းနေတဲ့အချိန်မှာ ဒီအဖေနဲ့သမီးက ငါ့ကို စောင့်ကြည့်နေပုံရတယ်..."
သူက စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်ပြီး ဆိုလိုက်သည်။
"မိုးတွေက အရမ်းရွာနေတာ... ဟေးကော်က မိုးရေထဲမှာ ပုန်းနေတဲ့အချိန်မှာ သူ ငါနဲ့ လူကြီးမင်းဖုကို လုံးဝ မကြည့်ဘူး... အဲဒီအချိန်တုန်းက သူ အဲ့သားအဖကို စူးစမ်းနေပုံပဲ... ဟေးဟော် ငါ့ကို မပြောထားတဲ့ အရာ တစ်ခုခုတော့ ရှိရမယ်!"
သူပြောနေစဥ် လီထျန်းချင်က သူ့အင်္ကျီလက်တွေကို လက်ချောင်းတွေနဲ့ လှမ်းချိတ်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ပြလိုက်သည်။ ချန်ရှီ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ ခွေးခေါင်းကို မမြင်ရသော်လည်း ပြတင်းပေါက်အောက်တွင် ငြိမ်သက်စွာ ထောင်နေသော အနက်ရောင် အမွေးနားရွက်တစ်စုံကို တွေ့လိုက်ရသည်။
ချန်ရှီ အံ့အားသင့်သွားသည်။ ဟေးဟော်က သူတို့ စကားဝိုင်းကို ခိုးကြောင်ခိုးဝှက် နားထောင်နေဆဲပင်။ နှစ်ယောက်သား အသံလျှော့ပြီး ဟေးကော်ရဲ့ ဇာစ်မြစ်ကို တွေးဆကာ ဘုန်းကြီး သေသွားပြီဟု အော်လိုက်တဲ့ တစ်စုံတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရလေသည်။
လီထျန်းချင်: "ဆရာတော်ဝါးခါးက သေသွားပြီလား?"
နှစ်ယောက်သား အဝတ်အစားများ အမြန်ဝတ်ကာ အသံကြားရာဘက်သို့ ပြေးသွားကြည့်တဲ့အခါ ဆရာတော် ဝါးခါးက ကုတင်ပေါ်တွင် ထိုင်နေတာ မြင်လိုက်ရ၏။ ထိုဘုန်းကြီး ရောက်လာတုန်းက တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေကာ လှည့်ပတ်သွားဖို့ လူငယ်ဘုန်းကြီးဆီက အကူအညီလိုနေခဲ့သည်။ အခုနောက်ဆုံးတော့ အားအင်ကုန်ခန်းပြီး သေဆုံးသွားပြီ။
ဘုန်းကြီးငယ်လေးက ထိုနေရာတွင် ဒူးထောက်ထိုင်နေကာ ညှိုးငယ်သော မျက်နှာဖြင့် မန္တန်များကို ရွတ်ဆိုနေ၏။
ချန်ရှီသည် ဆရာတော်ဝါးခါးကို ကြည့်နေသည်။ ထိုဆရာတော်ဟာ ကြွလာတုန်းက အသွေးအသား ရှိနေဆဲဆိုတာ တွေ့လိုက်ရသော်လည်း ယခုအခါတွင် သူ၏တစ်ကိုယ်လုံးသည် ရွှေဖြင့်ပြုလုပ်ထားသော ဘုရားတစ်ဆူကဲ့သို့ ရွှေရောင်အလင်းတန်းများ ထွန်းလင်းနေပေပြီ။
တစ်စုံတစ်ယောက်သည် သူ့အတွင်း၌ သုတ္တန်ရွတ်နေသကဲ့သို့ သူ့ခန္ဓာကိုယ်မှ ဖျော့ဖျော့အသံများပင် ထွက်ပေါ်လာသည်။
လီထျန်းချင်က တိုးတိုးပြောပြသည်။
"ဆရာတော်ဝါးခါးက မထိုးဖောက်နိုင်တဲ့ ရွှေကိုယ်ခန္ဓာကို ကျင့်ကြံထားတာ... ရွှေက သူ့ခန္ဓာကိုယ်ကို ချုပ်ပြီး သူ့ရဲ့ အငွေ့အသက်တွေ မပေါက်ကြားအောင် ကာကွယ်ပေးတယ်။ သေခြင်းတရားကနေ အကြိမ်ပေါင်းများစွာ လွတ်မြောက်ခဲ့တယ်လို့လည်း ပြောတယ် မဟာယာနနယ်ပယ်မှာ ကြီးမြတ်တဲ့ အရှင်ဖြစ်ပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံး တည်ရှိနေတဲ့ အရှင်ပဲ!"
လှေပေါ်က ကောင်မလေးရဲ့ စကားကို သတိရပြီး လီထျန်းချင်က ဆက်ပြောပြသည်။
“လှေပေါ်က ကောင်မလေးက သေခြင်းတရားကို ရှောင်ပြီး ဒီကမ္ဘာမှာ နေထိုင်တဲ့ လူတွေက ကြောက်စရာကောင်းတဲ့ နည်းလမ်းနဲ့ သေကြလိမ့်မယ်... သေပြီးရင်လည်း အရမ်း ကြောက်စရာ ကောင်းလိမ့်မယ်တဲ့”
ချန်ရှီ ထိုစကားကို ကြားသောအခါ ထပ်ပြီး သေသေချာချာ စိုက်ကြည့်လိုက်သည်။ ဆရာတော်ဝါးခါး၏ အပေါ်မျက်ခွံများက သူ့မျက်လုံးများကို တင်းတင်းကြပ်ကြပ် ဖုံးအုပ်ထားပြီး နားရွက်ကြီးသည် နားတွင်းကို ပိတ်ထားသည်။ နား အပြင်ဘက်ကိုလည်း ဖုံးအုပ်ထားတာ တွေ့လိုက်ရ၏။
သူ၏ နှာခေါင်းနှစ်ဖက်စလုံးကို ဖုံးအုပ်ထားကာ စွမ်းအင်အစအနမျှ မကျန်ခဲ့ပေ။ ဆရာတော်ဝါးခါးရဲ့ အပေါ်နှင့် အောက်နှုတ်ခမ်းများကလည်း ပိတ်ထားပြီး သူ့ပါးစပ်ပေါက်ကို ရှာမတွေ့ပါ။ ဒါက ရုပ်ပိုင်းဆိုင်ရာ အနှစ်သာရ ဆုံးရှုံးမှုကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။
ချန်ရှီ ရုတ်တရက် မေးလိုက်သည်။
"ဘုန်းကြီးလေး... ဆရာတော်ဝါးခါးက တံခါးခုနစ်ပေါက်ကို တံဆိပ်ခတ်ပြီးရင် နောက်ထပ် ပေါက်နှစ်ပေါက်ကို တံဆိပ်ခတ်ထားသေးလား"
ဘုန်းကြီးငယ်က တရားစာများကို ရွတ်ဆိုနေသည့်ကြားက ချန်ရှီအသံကို ကြားလျှင် မျက်လုံးဖွင့်ကာ အံ့သြစွာ ကြည့်နေသော်လည်း ဘာမှ မပြောလာပေ။
ချန်ရှီ: "ရွှေရောင်ကိုယ်ထည်ရှိတဲ့လူက လူဝင်စားချင်ရင် နတ်ဆိုးတွေကို အရင်ရှောင်ရမယ်လို့ အဘိုးဆီက ကြားဖူးတယ်... အဲဒါကြောင့် မသေခင်မှာ ကောင်းကင်ဝိညာဉ်က ကောင်းကင်နဲ့ မြေကြီးဆီ ပြန်မလာနိုင်အောင် သူ့ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှာ တံဆိပ်ခတ်ထားရတယ်...အဲဒါမှ လူ့ဝိညာဉ်ကို ယင်ကျေးကျွန်တွေက ခေါ်မသွားမှာ...ဆရာတော်ဝါးခါးက သူ့ဝိညာဥ်ကို လူဝင်စားမလို့ လုပ်နေတာလား"
ဘုန်းကြီးငယ်လေးက ဗုဒ္ဓအမည်ကို ရွတ်ဆိုလိုက်သည်။
"အော်မီတော်ဖော် အော်မီတော်ဖော်... ကျွန်တော့်ဆရာရဲ့ နောက်ဆုံးဆန္ဒက ကျင်းလိရွှယ်တောင်ကို ပြန်သွားပြီး တပေါက်ဖာဘုရားကျောင်းမှာ နေဖို့ပါ... လူဝင်စားခြင်း သဘောတရား မရှိပါ... ဒကာလေး... ကျေးဇူးပြုပြီး မုသာစကားကို မဆိုပါနဲ့"
ချန်ရှီ သက်ပြင်းချကာ :"အဲ့လိုဖြစ်ဖို့ မျှော်လင့်ပါတယ်... ဆရာတော်ဝါးခါး လူဝင်စားရင် လူတွေရဲ့အသက်ကို ထိခိုက်မှာကို ကြောက်တယ်... ဒါပေမယ့် ဆရာတော်ရဲ့ ဒီလိုတံဆိပ်ခတ်တာက သူ့ကိုယ်ပိုင် အနှစ်သာရကိုပါ တံဆိပ်ခတ်လို့ မရပါဘူး... အနှစ်သာရကို ဆုံးရှုံးပြီး နတ်ဆိုး ဖြစ်စေမယ့် အပေါက်နှစ်ပေါက် ရှိပါသေးတယ်"
ဘုန်းကြီးငယ်က မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
“ဒကာကို မေးလို့ရမလား... အဲဒါ ဘယ်နှစ်ပေါက်လဲ”
“အပေါက်တစ်ပေါက်က ရင်ခေါင်းမှာ နောက်တစ်ခုက ကောင်းကင်တံခါးမှာ ရှိတယ်”
ချန်ရှီ: "အမိဝမ်းတွင်းက ချီတွေ အဝင်အထွက်ရှိတဲ့ နေရာပါ... မွေးပြီးရင် ခန္ဓာကိုယ်ထဲမှာ ချီတွေ အများကြီး ရှိနေရင် တံဆိပ်က မလွဲမသွေ ကျိုးသွားလိမ့်မယ်... တခြားအပေါက်ဟောင်းဖြစ်တဲ့ ကောင်းကင်တံခါးကတော့ ရှင့်တံခါးတည်ရှိတဲ့ နေရာပါ။ အဲဒါကြောင့် အသက်သုံးနှစ်အောက် ကလေးတွေက ကောင်းကင်က ဝိညာဉ်တွေ၊ သရဲတစ္ဆေတွေကို မြင်နိုင်တာ...ရှင့်တံခါးပိတ်ပြီး ကောင်းကင်တံခါးက ပိတ်ထားရတယ်. .. ဒါပေမဲ့ ကျွန်တော်တို့ ကျင့်ကြံသူတွေ ရွှေအမြုတေ၊ အခြေတည်ဝိညာဥ်နဲ့ နတ်ဝိညာဥ်တွေကတော့ အဝင်အထွက် လွယ်ကူစေဖို့ ကောင်းကင်တံခါးကို ဖွင့်ထားဖို့ လိုတယ်..."
ချန်ရှီသည် ဘုန်းကြီးငယ် ခေါင်းပေါ်ရှိ အမာရွတ်ကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။
"ဆရာတော်ဝါးခါး ထားခဲ့တဲ့ ပထမဆုံး အမာရွတ်က ကောင်းကင်တံခါးရဲ့ တည်နေရာပဲ မဟုတ်လား"
ဘုန်းကြီးငယ်: "ဒကာလေးက ငါ့ရဲ့ ဗုဒ္ဓကျင့်စဉ်ကို တကယ်သိတာပဲ... ငါ့ရဲ့ ပထမဆုံး အပေါက် အမာရွတ်က ကောင်းကင်တံခါးပဲ... အဲဒီနေရာက ယင်နဲ့ယန် နတ်တွေ ဝင်ထွက်သွားလာလို့ ရတယ်လို့ ဆရာက ပြောတယ်... ဒကာလေး နားလည်သလို ငါလည်း ဗုဒ္ဓဘာသာကို နားလည်ပါတယ်"
ခေါင်းလောင်းကြီး တစ်လုံးကဲ့သို့ ဗုဒ္ဓ၏နာမတော်ကို ရွတ်ဆိုလိုက်တဲ့အခါ ဆရာတော်ဝါးခါးရဲ့ အငွေ့အသက်သည်လည်း ရုတ်တရက်ဆိုသလိုပင် ပြောင်းလဲလာတော့သည်။ ဆရာတော်ဝါးခါးရဲ့ ဦးခေါင်းထက်ရှိ ကောင်းကင်တံခါးတွင် 卍 စာလုံးတစ်ခု ပေါ်လာသည်။
ပြီးတော့ ဆရာတော်ဝါးခါးရဲ့ ၀တ်ရုံအောက်မှာ၊ ရင်ဘတ်မှာ ရေးထားတဲ့ 卍စာလုံးတွေ ရှိသေးသည်။
"ဗုဒ္ဓရဲ့ ရွှေရောင်ကိုယ်ထည်က ကြည်ညိုစရာပါပဲ"
ချန်ရှီ သူ့လက်များကို ဆုပ်လျက် ဆရာတော်ဝါးခါးကို ဂါဝရပြုကာ ပြန်ဆုတ်လာခဲ့သည်။
သူခုနကပြောခဲ့တဲ့ ဆယ်ခုမြောက် အပေါက်ပေါက်အားလုံးကို သူ့အဖိုးက သူ့ကို ပြောပြခဲ့တာပင်။ အခု ကြည့်ရသလောက်ဆို ဆရာတော်ဝါးခါးရဲ့ ကျင့်ကြံမှုနဲ့ အသိပညာဟာ သူ့အဖိုးထက် မနိမ့်ကျဘူးလို့ ထင်ရသည်။
လီထျန်းချင်: "ဘုန်းကြီးငယ်ကို ဘယ်လိုခေါ်ရမလဲ"
ဘုန်းကြီးငယ်လေးက သူ့ကို ပြန်ကြည့်ကာ ဘာမှပြန်မပြော။
"ကျွန်တော်က လီထျန်းချင်ပါ... ချွမ်ကျိုးက လီမိသားစုကပါ... "
ဘုန်းကြီးငယ်လေးက အနည်းငယ် တုန်လှုပ်သွားပြီး :"လတ်စသတ်တော့ ကျုံးလျောင်ရဲ့ နောက်မျိုးဆက်တွေကိုး... ဝူချန်လို့ ခေါ်ပါတယ် ဒီဘက်က ဒကာလေးကရော?"
ချန်ရှီ: "အရင်က နာမည်ကို မှတ်မိပေမယ့် အခု မေ့သွားပြီ"
ဘုန်းကြီးဝူချန်: "ဒကာလေးက နာမည်မဲ့ဖြစ်သွားတာကိုး... တွေ့ရတာ ဝမ်းသာပါတယ် တွေ့ရတာ ဝမ်းသာပါတယ်"
ချန်ရှီသည် မြင့်မြတ်သော မိသားစုမှ မဟုတ်ကြောင်းကို သတိပြုမိသည်နှင့် နှောင့်ယှက်ခြင်း မရှိတော့ပေ။
လီထျန်းချင်: "ဘုန်းကြီးဝူချန်လည်း စာမေးပွဲဖြေဖို့ ရောက်လာတာလား..."
ဘုန်းကြီးဝူချန်က ခေါင်းညိတ်ပြီး :"တပေါက်ဖာ ဘုရားကျောင်းမှာ ဆရာသခင်နဲ့ လေ့ကျင့်နေခဲ့တာ... မင်း ဘုရားကျောင်းမှာ သာမန်ဘုန်းကြီးဖြစ်ချင်ရင် နယ်ချဲ့ စာမေးပွဲဖြေဖို့ မလိုဘူး... ကထိက၊ ပဉ္စမမြောက် အရှင်၊ ကြီးကြပ်ရေးမှူးဖြစ်ချင်ရင် မင်း နယ်ချဲ့စာမေးပွဲ အောင်ဖို့ လိုလိမ့်မယ်"
ချန်ရှီက ဗုဒ္ဓဘာသာ၏ စည်းမျဉ်းများကို နားမလည်သဖြင့် အံ့သြစွာ မေးလိုက်သည်။
"အဲ့လိုလည်း ရှိသေးတာလား?"
ဘုန်းကြီးဝူချန်က သူ့ကို စကားမပြောချင်တာကြောင့် လီထျန်းချင်ကိုပဲ လှည့်ပြောလိုက်၏။
"ငါတို့ ဘုန်းကြီးတွေက နယ်ချဲ့စာမေးပွဲမှာ ဝင်ဖြေတယ်... ကိုယ်ခံပညာစာမေးပွဲက မင်းနဲ့တူပေမယ့် စာပေစာမေးပွဲက မင်းနဲ့ မတူဘူး... ငါတို့ရဲ့ စာပေစမ်းသပ်မှုက ရွှေကျမ်း၊ ကြာပန်းကျမ်း နဲ့ တခြားကျမ်းတွေ... စာမေးပွဲ မအောင်ရင် ရှင်သာမဏေ မဖြစ်နိုင်ဘူး... ဒါကြောင့် ဘုန်းကြီးတိုင်း ရှို့ချိုင်အဆင့် ပညာရှင်တွေ ဖြစ်ထားရတယ်"
လီထျန်းချင်လည်း ဤနေရာတွင် စည်းကမ်းများကို နားလည်သွားသဖြင့် ချန်ရှီအား လှည့်ပြောပြလိုက်သည်။
"မင်းမှာ ကုသိုလ်မရှိရင် တခြားဘုရားကျောင်းတွေကို သွားတဲ့အခါ ဘုန်းကြီးတစ်ပါးက အမိန့်ပေးမှာ မဟုတ်ဘူး... ကျော်ကြားမှု မရှိရင် မင်းကို ဘယ်သူမှ ခေါ်သွားမှာ မဟုတ်ဘူး"
ဘုန်းကြီးဝူချန်: "ကျုပ်တို့ ဘုန်းကြီးတွေက ဈေးပေါပေါနဲ့ လုပ်ရတယ်... ကုံကျိုးမှာ စာမေးပွဲ လာဖြေတာ... ထားဖို့ ဒီအနီးနားမှာ ဆရာသခင်ရဲ့ ရွှေရုပ်အလောင်းကို ထားဖို့ ဘုံကျောင်း ရှာရမယ်.... မိုးလင်းရင် ဘုံကျောင်း သွားရှာချင်လို့ ဒီကဒကာလေးလီက ဆရာသခင်ရဲ့ ရွှေရုပ်အလောင်းကို စောင့်ရှောက်ဖို့ ဒုက္ခပေးလို့ရမလား"
လီထျန်းချင် သဘောတူလိုက်သည်။
သိပ်မကြာခင်မှာပဲ မိုးလင်းလာတော့ ဘုန်းကြီးဝူချန်လည်း အလျင်စလို ထွက်သွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ဘုန်းကြီး ဝူချန်သည် ဘုန်းကြီးများစွာနှင့် နွားလှည်းတစ်စီးကို ယူဆောင်ရင်း ပြန်ရောက်လာခဲ့သည်။ ထိုဘုန်းကြီးများသည် ဝူချန်တို့က တပေါက်ဖာဘုံကျောင်းက ကြွလာသည်ဟု ကြားသိရသဖြင့် ချော့မော့ပြီး ဂရုတစိုက် ဧည့်ဝတ်ပြုကြ၏။
ဘုန်းကြီးဝူချန်ကတော့ ကျင့်သားရနေပုံပါပဲ။
ချန်ရှီ: "ဝူချန်... မင်း ဆရာတော်ဝါးခါးရဲ့ ရွှေရုပ်အလောင်းကို ဘုံကျောင်းဆီ သယ်သွားတဲ့အခါ ရွှေရောင်ကိုယ်ထည်ကို မထိမိအောင် သတိထားရမယ် လမ်းမှာ ဘာအဖုအထစ်မှ မရှိစေရဘူး... မင်းအဲဒီနေရာကို ရောက်တဲ့အခါ ဂရုတစိုက်ကိုင်တွယ်ရမှာ... ရှုပ်ယှက်ခတ်နေတဲ့ လူတွေကို ဆရာတော်ဝါးခါးရဲ့ မျက်ခွံတွေကို မထိမိစေနဲ့... တစ်ခုခုဖြစ်သွားလိမ့်မယ်...."
ဘုန်းကြီးဝူချန်က ပြုံးပြီး :"ဒကာလေး... ငါ့ရဲ့ ဗုဒ္ဓဘာသာ အသိပညာကလည်း မင်းထက်မနည်းပါဘူး"
ချန်ရှီ: "အဲ့လိုဖြစ်ဖို့ မျှော်လင့်ပါတယ်..."
ဘုန်းကြီးများက ဆရာတော်ဝါးခါးရဲ့ ခန္ဓာကိုယ်ကို မြှောက်ယူလိုက်ကြသည်။
"လေးလွန်းတယ်!"
ရုပ်အလောင်းကို နွားလှည်းပေါ် တိုက်ရိုက် တင်တော့မယ် ဆိုတာကို မြင်တော့ ချန်ရှီသည် ဖူတွန်ကို အလျင်အမြန် ဆွဲထုတ်ပြီး နွားလှည်းထဲကို ထည့်လိုက်သည်။ ဘုန်းကြီးများသည် ရွှေရုပ်အလောင်းကို ဖူတိုင်ပေါ်တွင် ထားကာ ဘုန်းကြီးဝူချန်ကို လှည်းပေါ်တွင် ထိုင်စေပြီး နွားလှည်းကို ပြန်ဆွဲသွားကြသည်။
ချန်ရှီ မျက်မှောင်ကြုတ်ပြီး သူတို့ထွက်သွားတာကို ကြည့်နေခဲ့သည်။
လီထျန်းချင်: "ဆရာတော်ဝါးခါးလို ရည်ရွယ်ချက်ကောင်း ရှိတဲ့သူတစ်ယောက်က မျက်လုံးဖွင့်လိုက်ရင် ဘာဖြစ်သွားမလဲ?"
ချန်ရှီ ခပ်တည်တည်နဲ့ ပြန်ပြောလိုက်သည်။
"သူ့ရဲ့ အလုံပိတ် အနှစ်သာရက ယိုထွက်လိမ့်မယ်... သူ လရောင်ကို စုပ်ယူလိုက်မယ်ဆိုရင် အနှစ်သာရက မကောင်းဆိုးဝါး စွမ်းအင်လို ပြောင်းလဲသွားပြီး နတ်ဆိုး ဖြစ်သွားနိုင်တယ်"
သူက ညစ်ညမ်းသောလေကို ရှုရှိုက်လိုက်ပြီး ဆက်ပြော၏။
"ကျင့်ကြံမှုအဆင့် ပိုမြင့်လေ မကောင်းဆိုးဝါး စွမ်းအင်က ပိုလေးလံလေပဲ... အချိန်အကြာကြီး သေသွားခဲ့ရင် မကောင်းဆိုးဝါး စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး ညစ်ညမ်းမှုက ပိုပြင်းထန်လာလိမ့်မယ်... ဒါပေမဲ့ ဆရာတော်ဝါးခါးက အခုလေးတင်မှ သေဆုံးသွားတာ ဆိုတော့ လကို မထိတွေ့ရသေးဘူး"
လီထျန်းချင် ခဏတုံ့ဆိုင်းသွားပြီး "ဆရာတော်ဝါးခါး ကွယ်လွန်သွားတာ ကြာပြီလို့ လှေပေါ်က ကောင်မလေးဆီက ကြားလိုက်တယ်... သူ့ရဲ့ တက်ကြွမှုနဲ့ ဗုဒ္ဓရဲ့ အလင်းရောင်ကို ဖုံးကွယ်ဖို့ သူ့ရဲ့ ရွှေရောင်ကိုယ်ခန္ဓာကို အားကိုးနေတာ ဆိုရင် လရောင်ကို ထိတွေ့မိတာ ကြာလောက်ပြီ... တစ်ဆယ်လေး သူသေပြီးရင် လရောင်ကို စုပ်နေဦးမှာလား"
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
နွားလှည်းသည် ဆရာတော်ဝါးခါးရဲ့ ရွှေရောင်ကိုယ်ထည်ကို မြို့တော်ရှိ တရှင့်ချန်ဘုံကျောင်းဆီသို့ ဆွဲယူသွားသောအခါတွင် ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ဘုန်းကြီးဝူချန်လည်း ရွှေရုပ်အလောင်းကို အလျင်အမြန် စစ်ဆေးခဲ့သော်လည်း ထူးထူးခြားခြား ဘာမှမတွေ့သောကြောင့် စိတ်သက်သာရာ ရသွားခဲ့သည်။
ခဏအကြာတွင် နွားလှည်းသည် ရွှေရုပ်အလောင်းကို ဘုံကျောင်းထဲသို့ ဂရုတစိုက် သယ်ဆောင်လာခဲ့သည်။ ဘုန်းကြီးတစ်ပါးက ဆို၏။
"ဘုံကျောင်းကို သန့်ရှင်းရေး လုပ်ရမယ်... နောက်ပြီးရင် ဘုန်းကြီးတွေက ဆရာတော်ရဲ့ ရွှေရုပ်အလောင်းကို လာဖူးကြလိမ့်မယ်..."
သူပြောပြီးတာနဲ့ သူ့မျက်လုံးတွေ ယားယံသွားသလို ခံစားလိုက်ရသည်။ မထင်မှတ်ပဲ ပွတ်လေလေ ယားယံလေ ဖြစ်လာကာ ရုတ်တရက် နှာချေမိလေသည်။
"ဟက်ချိုး!"
သူ့မျက်လုံးများသည် မျက်စွပ်များထဲမှ ရုတ်တရက် ခုန်ဆင်းကာ မြေပြင်ပေါ်သို့ လူးလိမ့်သွားသည်။ သို့သော် ဘုန်းကြီးက ပြုံးပြီး ပြောနေသည်။
"ဒီလိုက သက်တောင့်သက်သာ ရှိတယ်...."
ထိုစဥ် သူ့မျက်လုံးခြေစွပ်များထဲမှ မှိုနှစ်ပွင့် ပေါက်လာခဲ့သည်။
တစ်ဖက်မှာတော့ ဘုန်းကြီးဝူချန် အံ့အားသင့်သွားသည်။
"ဆရာကြီးရဲ့ ရွှေကိုယ်ခန္ဓာ အဓိကအပေါက် ဆယ့်တစ်ပေါက်ကို တံဆိပ်ခတ်ထားပြီးပါပြီ... လွယ်လွယ်လေး ကျိုးသွားမှာ မဟုတ်ဘူး!"
ထိုအချိန်တွင် ဆရာတော်ဝါးခါး၏ ရင်ဘတ်ပေါ်ရှိ ထန်ကျုံး အမှတ်မှ ထွက်လာသော ရွှေရောင်အလင်းတန်းကို သူ မြင်လိုက်ရသည်။ ရွှေရောင်အလင်းက ဆံချည်မျှင်လို ပါးလွှာပြီး အပြင်ဘက်ကို ဖုန်မှုန့်များကဲ့သို့ ပတ်ဖြန်းနေသည်။
ဘုန်းကြီးဝူချန်လည်း စိတ်ထဲတွင် အံ့သြထိတ်လန့်သွားတော့သည်။
"ဆရာကြီးက သူ ငယ်ငယ်တုန်းက ရွှေကိုယ်ခန္ဓာကို ပြီးပြည့်စုံအောင် လုပ်ခဲ့တယ်လို့ ပြောဖူးတယ်... တန်ခိုးကြီးတဲ့ ရန်သူနဲ့ တွေ့ပြီး ရွှေကိုယ်ခန္ဓာကို ကွဲသွားစေတဲ့ စန္ဒကူးပင်ဓားနဲ့ ထိုးခံရတယ်တဲ့... ဒါပေမဲ့ ပြန်ကုသလိုက်လို့ သူ့ရွှေကိုယ်က အရင်ကထက် ပိုသန်မာလာပြန်တယ်မလား... အရှင်ဘုရား သူ...သူ... အခုထိ စန္ဒကူးပင် အပေါက်ကို မကုသနိုင်သေးဘူး!"
ရွှေရောင် ဖုန်မှုန့်တွေက အလွန်ကောင်းမွန်ပြီး အပ်စိုက်အပေါက်မှ တစ်ဆင့် ဖြာထွက်နေသည်။
ရုတ်တရက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ဘုန်းကြီးဝူချန်လည်း အနီးတစ်ဝိုက်ကို ကြည့်လိုက်ရာ ဘုန်းကြီးအနည်းငယ်က ပျောက်ကွယ်သွားကာ သင်္ကန်းဝတ်ထားသော လူများကဲ့သို့ အရပ်မြင့်မြင့် မှိုကြီးများစွာက အစားထိုးသွားတာ မြင်လိုက်ရသည်။
ယင်းမှိုများသည် ပန်းနုရောင်နှင့် အဖြူရောင်တွေ ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်က ကြီးထွားလာပြီး ဖုန်မှုန့်ကဲ့သို့ ပိုးမွှားများကို အပြင်သို့ ဖြန်းပက်ကြသည်။
ဘုန်းကြီးဝူချန်လည်း သူ့ပါးစပ်နဲ့ နှာခေါင်းကို အမြန်ဖုံးလိုက်၏။ ထိုစဥ် ဆရာတော်ဝါးခါးရဲ့ ရင်ဘတ်မှာ အပ်အပေါက်က တဖြည်းဖြည်း ပိုကြီးလာနေတာကို တွေ့လိုက်ရပေသည်။
စာတိုက်အိမ်တွင်တော့ လီထျန်းချင်သည် လှေသမလေး၏ အကြံပေးချက်ကို ရုတ်တရက် ပြန်သတိရသွားသည်။
"တစ်ဆယ်လေး လှေသမလေးက မြို့ထဲကို မဝင်သွားဖို့ ငါ့ကို အကြံပေးဖူးတယ်..."
ချန်ရှီ လန့်သွားပြီး "ဘာလို့ စောစောက မပြောတာလဲ... မြို့ထဲက ချက်ချင်း ထွက်သွားရအောင်!"
လီထျန်းချင်လည်း လန့်သွားသည်။
"မြို့ထဲက ထွက်သွားမှာလား? လှေပေါ်က မိန်းကလေးပြောတာ မှားရင်..."
"သူမသာ ယင်ကျေးကျွန် ဆိုရင် သူ့စကားကို နားထောင်တာက လုံးဝမှန်တယ် ငါတို့ မြို့ပြင်ထွက်ရမယ်!... ဒါပေမဲ့ ငါ တောင်နီခန်းမကို အရင် ပြန်သွားရမယ်...အဲ့က ငါ့ညီအကိုတွေကို မြို့ထဲက လွတ်အောင် ခေါ်ထုတ်ရမယ်!"
လီထျန်းချင် အံကြိတ်ကာ :"ငါ မင်းနဲ့လိုက်ခဲ့မယ်!"
လူနှစ်ယောက် ချက်ချင်း ပြေးထွက်လာခဲ့ကြသည်။
"ပညာရှင်အားလုံး နားထောင်ကြပါ... ကုံကျိုးမြို့က ပြောင်းလဲတော့မှာ... အားလုံး မြို့ထဲကနေ ချက်ချင်း ထွက်သွားကြတော့!"
လူတွေမှာ ဒါကိုကြားတော့ တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေကြလေသည်။ ချန်ရှီ အကြိမ်ကြိမ်အော်ပေမယ့် ဘယ်သူမှ မလှုပ်ပါဘူး။ စာတိုက်ထဲက လူအုပ်သည် ထိုစကားကို ကြားသောအခါ ဒေါသတကြီး ပြေးထွက်လာကြလေသည်။
"မင်း လူတွေကို မင်းရဲ့ ဆိုးယုတ်တဲ့စကားတွေနဲ့ ဆက်ပြီး လှည့်စားနေမယ်ဆိုရင် ငါမင်းကို အပြစ်ပေးပစ်မယ်!"
ချန်ရှီ သူ့လက်ကို မြှောက်ပြီး ထိုလူကို မြေပြင်ပေါ် ခေါက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိလိုက်။ သူက ထိုအရာရှိရဲ့ ခေါင်းကို လှမ်းကိုင်လိုက်ပြီး အော်ပြောလိုက်၏။
"အခုသေသွားတဲ့ ဆရာတော်ဝါးခါးက သေသွားတာ နှစ်အတော်ကြာပြီ... မသေခင်မှာ သူ့ခန္ဓာကိုယ်တစ်ဝိုက်မှာ အပေါက် ဆယ့်တစ်ပေါက်ရှိတယ်လို့ ဆိုတယ် အဲဒါတွေကို တံဆိပ်ခတ်နိုင်ရင် ရပြီ... မခတ်နိုင်ရင်တော့ နတ်ဆိုးဖြစ်သွားလိမ့်မယ်! ဖေးဖေး ဖေးဖေး!"
ဟူဖေးဖေးလည်း ပြေးလာသည်။
"သူငယ်ချင်းကောင်းလေး... ဘာအမိန့်ရှိလဲ"
"ဒီပညာတော်သင်တွေကို မြို့ပြင်ကို ခေါ်သွား!"
"ကောင်းပြီ!"
သူမက နတ်ဆိုးသားရဲ တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူမက ပါးစပ်ကိုဖွင့်ကာ နတ်ဆိုးရွှေအမြုတေကို ထွေးထုတ်ကာ အမြီးတွန့်ကာ ပင်ကိုယ်စွမ်းရည် လက်ဆောင်ဖြင့် ညှို့လိုက်သည်။ စာသင်သားတွေလည်း ရုတ်တရက် တစ်ယောက်ပြီးတစ်ယောက် ထကာ သူမနောက်သို့ လိုက်သွားလေသည်။
ချန်ရှီနဲ့ လီထျန်းချင်က တောင်နီခန်းမဆီ ပြေးသွားကြသည်။ လူနှစ်ယောက်သည် သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ကို အသက်သွင်းကာ လေနုအေးကို နင်းရင်း အလွန်လျင်မြန်သော အရှိန်ဖြင့် တဟုန်ထိုး ခုန်နေကြသည်။
လီထျန်းချင် ပြေးနေရင်းက တစ်ခုခုကို သတိရသွားသဖြင့် လှည့်မေးလိုက်၏။
"တစ်ဆယ်လေး မင်းအခုနတုန်းက ဘုန်းကြီးဝူချန်ကို သူ့ဆရာက လူပြန်ဖြစ်ချင်တာလားလို့ ဘာလို့ မေးတာလဲ။"
"ငါ့အဘိုးက ရွှေရောင်ကိုယ်ထည်ကို ပြီးပြည့်စုံအောင် ဆောင်ထားသူတစ်ယောက်က မသေခင်မှာ လူပြန်ဝင်စားပြီး နောက်ထပ် အသက်ရှင်နိုင်လိမ့်မယ်လို့ ပြောခဲ့ဖူးတယ်... ဒီနည်းလမ်းက အနှစ်သာရကို ထိန်းသိမ်းဖို့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးကို တံဆိပ်ခတ်ထားဖို့ လိုတယ်... ခုနစ်ရက်ကြာရင် ယင်ကျေးကျွန်တွေ လိုက်ရှာနေတာကနေ လွတ်ပြီ... အဲ့ကျရင် ဦးခေါင်းထက်က ကောင်းကင်တံခါး ပွင့်လာပြီး ဝိညာဉ်က ထွက်သွားပြီး လူပြန်ဖြစ်နိုင်မလား ဆိုတာကို မေးနိုင်ပြီ...."
"တကယ် အဲ့လိုလူဝင်စားတာက ရှိလား"
လီထျန်းချင် သံသယရှိစွာ မေးလိုက်ပါ၏။
ချန်ရှီ ခဏတုံ့ဆိုင်းသွားပြီးမှ :"ဖြစ်နိုင်တယ် ငါလည်းတစ်ခါမှ မမြင်ဖူးဘူး... ဝိညာဉ်ပြန်ဝင်စားတဲ့အခါ နေရာအသစ် လိုတယ် များသောအားဖြင့်တော့ စောစော ရှာတွေ့ထားတတ်ကြတယ်.."
ခေတ္တရပ်ပြီး ဆက်မပြောတော့ချေ။
နှစ်ယောက်သား တောင်နီခန်းမသို့ ရောက်သောအခါ နံ့သာခန်းမထဲသို့ ချက်ချင်း ဝင်သွားခဲ့သည်။ လူတိုင်းကို ထိုအဖြစ်အပျက်ကို ကြားသိရသောအခါ အားလုံးလိုလို တုန်လှုပ်သွားကြသည်။
နံ့သာသခင်လု: "မြို့ထဲမှာရှိတဲ့ လူအားလုံးကို နေရာရွှေ့ဖို့က ကြီးကြီးမားမား ကိစ္စကြီးပဲ.... သတိမထားရင် လူထုကို လှည့်စားတယ်လို့ စွပ်စွဲခံရလိမ့်မယ် တရားရုံးက ဒီကိစ္စနဲ့ပတ်သတ်ပြီး တားမြစ်ပိတ်ပင်ထားတယ်... လူတိုင်းကို သေဒဏ်ပေးပစ်မှာကိုတောင် ငါကြောက်တယ်"
လူတိုင်း တိတ်ဆိတ်နေခဲ့သည်။
ဒါက ခေါင်းဖြတ်မယ့် ကိစ္စဖြစ်ပြီး မိသားစုတစ်ခုလုံး ခေါင်းဖြတ်ခံရမယ့် ကိစ္စ ဖြစ်သည်။ အကယ်၍ ခန်းမသခင်ဟာ နတ်ဆိုးအသွင်ပြောင်းခြင်းကို အမှန်တကယ် ခံစားရပါက သူသည် အသက်ရှင်နေနိုင်သော်လည်း သူ့ကိုမြှုပ်ရန်နေရာ မရှိပေ။
တောင်နီခန်းမမှာက မိသားစုဝင်တွေနဲ့ ပြည့်နေတာလေ။ ဘယ်သူက ဒီအလောင်းအစားကို လုပ်ရဲမှာလဲ။
ထိုအချိန်တွင် ယွိထျန်းချန်ရဲ့ အသံထွက်လာသည်။
"လူတိုင်း အမိန့်ကို နားထောင်ကြ! နည်းပြဆရာ့ချန်ရဲ့ ညွှန်ကြားချက်ကို ချက်ချင်း လိုက်နာ... စွပ်စွဲချက် အားလုံးကို ငါခံမယ်!!"