ပျောက်ဆုံးသွားတဲ့ ယင်ကျေးကျွန်
Vol. 11 Ch. 155
ချန်ရှီသည် တောင်နီခန်းမထဲတွင် ပျံဝဲရန် ရွှေအမြုတေ ဆေးလုံးလေးကို ထိန်းချုပ်ထားသည်။ ပျံဝဒရင်း အိမ်နောက်ဖေးသို့ မသိလိုက်ဘဲ ရောက်သွားကာ သူ့စိတ်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။
"ခန်းမသခင်က တောင်နီမယ်မယ်ဆီသွားတာ ရက်အတော်ကြာသွားပြီ.. တစ်ခါမှလည်း မထွက်လာခဲ့ဘူး.... နတ်ဆိုး အသွင်ပြောင်းမှုက အဲ့လောက်တောင် ပြင်းထန်လား "
ရွှေအမြုတေလေးဟာ အိမ်နောက်ဖေးသို့ တိတ်တဆိတ် ခိုးဝင်လာခဲ့ည်။ ကျစ်ထားသောဆံပင်နှင့် အဖြူရောင် ပန်းထိုးထားသော ဝမ်းဗိုက်အရုပ်လေးနဲ့ အရိပ်တစ်ခုက ရွှေအမြုတေရှေ့သို့ ခုန်ဆင်းလာပြီး။
"ရှို့ချိုင်လေး... မင်း အခေါ်မခံရဘဲ ဝင်လို့မရဘူး!"
ဤကျစ်ထားသော အရုပ်သည် ကျူးကျော်သူများကို တားဆီးရန် အိမ်နောက်ဖေးတွင် စောင့်ကြပ်ဖို့ အမိန့်ပေးခံထားရသည့် ကြိုးကြာကလေးရဲ့ အသွင်အပြင်ပဲ ဖြစ်ပါသည်။ ၎င်းက နတ်အသွင်ပုံစံဖြစ်ပြီး အနက်ရောင် ဆေးလုံးလေးက ချန်ရှီ ဖြစ်နေတာကို မြင်သောကြောင့် ၎င်းက သူ့ကို ပိတ်ဆို့လိုက်သည်။
ချန်ရှီ ပြန်လှည့်သွားတာကို မြင်သောအခါ စိတ်သက်သာရာ ရသွားဟန်ဖြင့် သူ့ခန္ဓာကိုယ်သို့ ပြန်သွားခဲ့သည်။ သိပ်မကြာခင်မှာပဲ ချန်ရှီက လူကိုယ်တိုင် ရောက်ချလာပြီး အိမ်နောက်ဖေးကို ပြေးဝင်လာလေ၏။
ကြိုးကြာလေးက သူ့ကို အမြန်ရပ်ခိုင်းလိုက်သည်။ ချန်ရှီက ပြုံးပြုံးရွှင်ရွှင်နဲ့။
"ကြိုးကြာလေး... မယ်မယ်နဲ့ ငါ့ဆက်ဆံရေးက ဘယ်လိုလဲ မင်းသိလား... ငါက သူ့ရဲ့ ကစားဖော်နော်... မင်းငါ့ကို တားရင် သူမင်းကို ရိုက်လိမ့်မယ်!"
ကြိုးကြာကလေးကလည်း ဒေါသတကြီးနဲ့ :"မင်း ငါ့မယ်မယ်ကို အရင်တစ်ခေါက်က ဆော့ဖို့ဆိုပြီး ပြန်ပေးဆွဲသွားတယ်လေ... ခန်းမသခင်က ငါ့ကို တကယ်ရိုက်လိုက်တာဟ! ဒီတစ်ခါ မင်း မယ်မယ်ကို ပြန်ပေးဆွဲရင် ခန်းမသခင်က ငါ့ဖင်မွေးတွေကို တစ်ချောင်းချင်း ဆွဲနုတ်ပစ်လိမ့်မယ်... မယ်မယ်ကို ပြန်ပေးဆွဲဖို့ မစဉ်းစားနဲ့!"
ချန်ရှီလည်း အထဲကို မဖောက်နိုင်တော့တဲ့ အတွက် အမွှေးတိုင်တစ်ချောင်းကို မီးညှိပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ လွှဲပေးလိုက်သည်။
"ကြိုးကြာလေး ငါမယ်မယ်ကို ပြန်ပေးမဆွဲပါဘူး... ဒါပေမယ့် ခန်းမသခင်ကိုတော့ ငါ ဂရုစိုက်တာ ခန်းမသခင်က ဒီမှာနေတာ ရက်အတော်ကြာနေပြီ နည်းပြဆရာ အနေနဲ့ သူ့ကို တော်တော်စိတ်ပူနေပြီ သူ့အခြေအနေ ဘယ်လိုနေလဲ..."
ပြုံးနေသောလူကို ရိုက်ထုတ်လို့က မရချေ။ ကြိုးကြာလေးက သူ့လက်ကို ဆန့်ထုတ်လိုက်ပေမယ့် ချန်ရှီ ထံမှ အမွှေးတိုင်ကို တမင်တကာ မယူရန် ငြင်းဆိုခဲ့သော်လည်း နောက်အခိုက်အတန့်တွင် ချန်ရှီ ထပ်၍ နောက်ထပ် အမွှေးတိုင်သုံးချောင်းကို ပေးအပ်လိုက်လေသည်။
ကြိုးကြာလေးလည်း သက်ပြင်းချလိုက်ပြီး အမွှေးတိုင်သုံးချောင်းကို ယူရင်း ဝန်လေးစွာ ပြောလိုက်ပါ၏။
"ဒါမျိုး ထပ်ဖြစ်လို့ မရတော့ဘူး..."
သူခဏလောက် တုံ့ဆိုင်းနေပြီး :"ခန်းမသခင်ရဲ့ အခြေအနေက မကောင်းဘူး... သူက မယ်မယ်ရဲ့ ကျင့်ကြံရင်း နတ်ဆိုးအငွေ့တွေ သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားတာ... သူ စိတ်လှုပ်ရှားတဲ့အခါ သူ့စိတ်တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတယ်။ အခုတော့ နတ်ဆိုးကို ဖိနှိပ်ဖို့ ကြိုးစားနေတုန်းပဲ.. ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ အကြိမ်ပေါင်းများစွာ ပြန်သက်သာလာပါပြီ"
ချန်ရှီနှလုံးက ရုတ်တရက် ခုန်ပေါက်သွားလေသည်။
"ခန်းမသခင်က မကောင်းဆိုးဝါးလို ဖြစ်သွားပြီလား... သူဘယ်လို နတ်ဆိုး ဖြစ်သွားတာလဲ"
ယွိထျန်းချန်ရဲ့ နောက်ကွယ်မှာ အသွေးအသားတွေ ကြီးထွားလာနေတဲ့ မြင်ကွင်းကို သူမြင်ဖူးပေမယ့် ဘယ်လို နတ်ဆိုးမျိုး ဖြစ်သွားမယ်ဆိုတာ သူ မသိသေးချေ။ သာမန် နတ်ဆိုးတစ်ကောင်ပဲ ဖြစ်လာမယ်လို့ သူ မမျှော်လင့်ထားပါဘူး။ ယွိထျန်းချန်ဟာ အလွန်အစွမ်းထက်ပြီး နတ်အသွင်ပြောင်းခြင်းနယ်ပယ်က သန်မာသူတစ်ဦးဖြစ်နေပြီ။ သူသာ နတ်ဆိုးအသွင် ပြောင်းလဲသွားပါက ဒုက္ခအကြီးကြီး ဖြစ်စေနိုင်သည်။
ချန်ရှီသည် "လျှို့ဝှက်နတ်ဆိုးမှတ်တမ်း" ကို ပြုစုပြီး လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူကြုံတွေ့ခဲ့ရသော နတ်ဆိုးအမျိုးမျိုးနဲ့ တောင်နီခန်းမက အဆောင်ဆွဲ ဆရာများနှင့် တိုင်ပင်ကာ လျှို့ဝှက်မှတ်တမ်းထဲတွင် နတ်ဆိုးများစွာကို ထည့်သွင်းခဲ့သည်။
"ယွိထျန်းချန် ဖြစ်သွားရင် သူက ထူးခြားတဲ့ နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မယ် ... ငါ့ရဲ့လျှို့ဝှက်မှတ်တမ်းထဲကို ရောင်စုံစာမျက်နှာတစ်ခု ထပ်ထည့်လိုက်လို့ ရပြီ"
သူသည် နောက်ထပ် အမွှေးတိုင်အနည်းငယ်ကို ပူဇော်သော်လည်း ကြိုးကြာလေးက ဘာမှမပြောတော့တာကြောင့် ချန်ရှီလည်း အရှုံးပေးရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။
.........
ကုံကျိုးကို သွားရာလမ်းမှာ လီထျန်းချင်သည် ချန်ရှီဆီက စာတစ်စောင် လက်ခံရရှိခဲ့သည်။ စာကို ဖွင့်ဖတ်လိုက်တဲ့အခါ သူ့နှလုံးသားက အနည်းငယ် တုန်သွား၏။
"ရွှေအမြုတေ စတုတ္ထအဆင့်ကိုတောင် ရောက်နေပြီလား... မြန်လိုက်တာ.. သူက ငါ့ထက်စောတာလား သူ့ထက်ပဲငါက နောက်ကျနေတာလားတောင် မသိတော့ဘူး"
တစ်ယောက်နဲ့တစ်ယောက် စတွေ့ကတည်းက နှစ်ယောက်စလုံးဟာ တိတ်တဆိတ် ယှဉ်ပြိုင်ကြပြီး "ကျင်းလေးက ဘယ်သူ့ကို ပိုချစ်လဲ" ဆိုတာက နောက်မှာ ဖြစ်ကာ ကျင့်ကြံတာက နှိုင်းယှဥ်မှုအမျိုးမျိုးပါပဲလို့ အတိုချုပ် ပြောရမှာပဲ ဖြစ်သည်။
"ဒါပေမဲ့ တစ်ဆယ်လေးက ကုံကျိုးမှာရှိတဲ့ ရိုးရာဓလေ့တွေက မကောင်းဘူးလို့ ပြောတယ် ဒါကြောင့် ပိုသတိထားရမယ်..."
ဆယ်ရက်ကျော် ကြာတော့ လီထျန်းချင် ကုံကျိုးပြည်နယ်ကို ဘေးကင်းစွာ ရောက်ရှိလာခဲ့သည်။
မင်ကျန်းမြစ်သည် ကုံကျိုးပြည်နယ်ကို ဖြတ်၍ လှေစီးရန် ပိုမိုအဆင်ပြေသောကြောင့် လှေဆိပ်သို့ ရောက်ခဲ့သည်။ လှေဆိပ်တွင် ပန်းချီလှေတစ်စင်းရပ်ထားရာ စာမေးပွဲဖြေဆိုရန် အပြေးအလွှား လုပ်နေသော စာသင်သားများကို ခေါ်ယူနေကြသည်။ လှေဆရာနှင့် လှေစီးမိန်းကလေးတို့ သားအဖက ရှင်းရှန်ခရိုင်မှာတုန်းက အသိမိတ်ဆွေတွေ ဖြစ်ခဲ့သူတွေ ဖြစ်နေ၏။
လီထျန်းချင် ရှေ့ကို လှမ်းလာပြီး လှေပေါ်က မိန်းကလေးကို မြင်တော့ ပြုံးပြလိုက်သည်။
"မောင်လေး.... နင် ငါ့ကို မှတ်မိသေးလား? အရင်တစ်ခေါက်က ပိုက်ဆံမရှိဘဲ မိန်းကလေးတွေနဲ့ ဆော့ဖို့ ရှင်းရှန်မြို့က ပြည့်တန်ဆာကို သွားကြသေးတယ်လေ... အရိုက်ခံရလို့ ငါ့လှေပေါ် ပြန်ရောက်လာကြတာလေ..."
လီထျန်းချင်ရဲ့ မျက်နှာလေးမှာ နီရဲလာပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငိုက်စိုက်ချကာ ပြန်ဖြေလိုက်သည်။
"မိန်းကလေး... ငါမသွားပါဘူး ငါ့အစ်ကိုနဲ့ တခြားသူတွေ သွားတာ..."
"သူတို့က နင့်ကို ပိုက်ဆံပေးခိုင်းတယ် နင့်မှာက ပိုက်ဆံမရှိဘူး... မင်းဘေးကလူကပဲ လှေဖိုးပေးခဲ့ရတယ်လေ...ဒီတစ်ခါ လှေစီးဖို့ ပိုက်ဆံပါလောက်တယ် မဟုတ်လား”
မိန်းကလေးက ခပ်သွက်သွက် ပြောလိုက်သည်။
"ပါပြီ!"
လီထျန်းချင် ယခုတစ်ကြိမ် ချွမ်ကျိုးသို့ ပြန်လာသောအခါ လီမိသားစုက သူ့ကို လစဉ် လစာပေးလိုက်သည်။ ယခင်က တစ်လလျှင် ငွေဆယ်ချောင်းသာရှိသော်လည်း ယခုအခါ ငွေငါးဆယ်အထိ တိုးလာကာ လစဉ်အဝတ်အစားသစ် နှစ်စုံပါ ရလာသည်။
လှေပေါ်က ကောင်မလေးက ခဏစောင့်ခိုင်းသည်။ စာမေးပွဲဖြေမယ့် စာပေ ပညာရှင် ဆယ်ယောက်ကျော်လောက် လှေပေါ်ရောက်လာပြီး လှေထွက်ခါနီးမှာ လူငယ်တစ်ဦးက ဘုန်းကြီးအိုတစ်ပါးကို ထောက်ပြီး ဒီဘက်ကို ပြေးလာနေတာ တွေ့လိုက်သည်။
“ခဏနေပါဦး လှေသမား”
လှေသမားကလည်း ဝါးတံကိုထောက်၍ လှေကိုရပ်ပြီး သူတို့နှစ်ယောက်ကို စောင့်နေလိုက်သည်။
လူငယ်နှင့် ဘုန်းကြီးအိုကြီးက အဆင်မပြေပုံ ပေါက်နေတာကြောင့် လီထျန်းချင်က လက်တစ်ဖက် ကမ်းပေးမလို့ ပြင်လိုက်ပေမယ့် လှေသမလေးက ရုတ်တရက် လက်ကိုမြှောက်လိုက်ပြီး လီထျန်းချင်လက်ကို ရိုက်ချလိုက်လေသည်။
လီထျန်းချင်လည်း အံ့အားသင့်သွားသည်။ ဘုန်းကြီးအိုကြီးက ပိုင်နဝတ်စုံကို ၀တ်ဆင်ထားကာ အသက်ကြီးနေပါပြီ။ သူ့မျက်နှာမှာ အရေးအကြောင်းတွေ ဖုံးနေပြီး သူ့မျက်လုံးအောက်က အိတ်တွေတောင် ခေါက်ရိုးတွေလို ဖုံးနေ၏။
သူ့မျက်လုံးတွေက မှိန်ဖျော့နေပြီး မျက်လုံးအိမ်တွေက ကျဉ်းသွားသလိုပင်။ ဒါ့အပြင် သူ့တစ်ကိုယ်လုံး ညိုမှိုင်းနေတဲ့ သေမင်းရဲ့ ရောင်ဝါတွေ ဖုံးလွှမ်းလျက် ရှိသည်။
လှေသမားက သူ့ဝါးတိုင်ကို ကမ်းပေးလိုက်တော့ ဘုန်းကြီးလည်း ဖမ်းပြီး လှေပေါ်ကို ခုန်တက်လာ၏။ လှေက ရုတ်တရက် နစ်မြုပ်သွားတော့ စာပေ ပညာရှင် တော်တော်များများက “ဘုန်းကြီးက အရမ်းလေးတာပဲ” ဟု ငြီးတွားကုန်သည်။
လူငယ်သည်လည်း လှေပေါ်မှ အလျင်အမြန်တက်ကာ ဘုန်းကြီးအား ထောက်ထားရင်း ပြန်ပြောသည်။
“ကျွန်တော့်ဆရာ နည်းနည်းလေးတယ်... ပိုက်ဆံ ပိုပေးပါ့မယ်”
လှေသမလေးက ခေါင်းခါပြီး :"ကျွန်မတို့ ခေါင်းကိုရေတွက်ပြီး ပိုက်ဆံ တောင်းတယ်... အလေးချိန်နဲ့ မဟုတ်ပါဘူး... ဘုန်းကြီးက အရမ်း လေးလံတယ်... ရွှေရောင်ခန္ဓာ ရှိလို့လား အသက်တစ်ရာ ကျော်ပြီ ထင်တယ်နော် အသက်တစ်ရာ ကျော်နေလောက်ပြီ... ခွန်အား တွေ မပေါက်ကြားအောင် တံဆိပ်ခတ်ထားနိုင် တယ်... ဗုဒ္ဓရဲ့ အလင်းရောင်က ဝန်းရံထားတော့ ပြီး နတ်ဆိုးတွေ ရှာမတွေ့နိုင်သလို ဝိညာဉ်ဆိုးတွေလည်း သွေးဆောင်လို့ မရဘူး "
အသက်ကြီးနေပြီဖြစ်သော ဘုန်းကြီးက ဤစကားကိုကြားလျှင် မျက်ခွံကို ဆန့်တန်းလျက် လှေသူကြီးနှင့် လှေသမလေးကို ကြည့်၍ ပြုံးလိုက်သည်။
“ကျေးဇူးရှင် မိန်းကလေးရဲ့ ခန့်မှန်းချက်က မဆိုးလှပါဘူး....ကျုပ်တို့ ဆရာတပည့်သည် ဒေဝုဂုကျောင်းမှ ဆင်းသက်လာသူ ဖြစ်သည်။
လှေသမလေးက ပြုံးပြီး :"ကျွန်မတို့က ကူးတို့သမားပဲလေ သိထားသင့်ပါတယ်... ဆရာတော်ရဲ့ ဇာစ်မြစ်က ဘာများလဲ... တပေါက်ဖာဘုရားကျောင်းက ဘယ်ဆရာတော်များလဲ?"
ဘုန်းကြီးက မျက်ခွံတွေကို အုပ်ပြီး အဖြေပေးလာသည်။
“ဒီဘုန်းကြီး နာမည်က ဝါးခါး”
ဘုန်းကြီးငယ်လေးက လှေစီးခကို ပေးချေပြီး ပြုံးပြလိုက်သည်။
"ဒကာမလေးက မင်ကျန်းမြစ်မှာ ကူးခတ်နေတာကြာပြီလား... မေ့လျော့ခြင်း မြစ်ကို ကူးကြည့်ချင်လား... အဲ့မြစ်ထဲမှာ ယင်ချားနှစ်ယောက် ပျောက်ဆုံးသွားတယ်လို့ ကြားမိတယ်... မိန်းကလေး သိလား"
(ယင်ချား - တရုတ်ဒဏ္ဍာရီထဲက မြေအောက်ကမ္ဘာမှာ ဝိညာဉ်စုဆောင်းတဲ့တမန်)
လီထျန်းချင်ရဲ့ နှလုံးသားက ရုတ်တရတ် မသက်မသာ ဖြစ်လာသလို ခံစားလိုက်ရသည်။
"သွားပြီ... ဒီလှေက မလုံခြုံတော့ဘူး ထင်တယ်!"
တပေါက်ဖာ ဘုရားကျောင်းသည် မင်မင်းဆက်၊ အနောက်နွားရှင်းကျိုးရှိ အရေးကြီးဆုံး ဗုဒ္ဓဘာသာ အသန့်ရှင်းဆုံး နေရာဖြစ်ကြောင်း သူသိသည်။
စန်းပေါင်သည် အနောက်ဘက်သို့ ရွက်လွှင့်ပြီး အမှောင်ပင်လယ်ထဲသို့ ဝင်ရောက်ခဲ့သည်ဟု ဆိုပါသည်။ တပေါက်ဖာ ဘုရားကျောင်းမှ ဘုန်းကြီးတစ်ပါးကလည်း သင်္ဘောပေါ်တက်ပြီး အမှောင်ပင်လယ်ထဲရှိ နတ်ဆိုးများကို နှိမ်နင်းရန်၊ ရေယာဉ်စုကို ကူညီရန် ရွှေဘုရားလောင်းကို ကျောပေါ်တင်ကာ သင်္ဘောပေါ် တက်ခဲ့သည်။
အနောက်နွားရှင်းကျိုးကို ရောက်ရှိပြီးနောက် ဘုန်းကြီးသည် နတ်ဆိုးများကို နှိမ်နင်းနိုင်ကာ တိုက်ပွဲတွင် အောင်မြင်မှုများစွာ ရခဲ့သဖြင့် ရွှေဘုရားလောင်းအား ယဇ်ပူဇော်ခဲ့သည်။ နောက်ပိုင်းတွင် ဧကရာဇ်က ဆုချီးမြှင့်ပြီး အနောက်နွားရှင်းကျိုးက အမြင့်ဆုံးတောင် ဖြစ်သည့် ကျင်းလိရွှယ်တောင်ကို တပေါက်ဖာဘုရားကျောင်းသို့ ပေးအပ်ခဲ့သည်။
ထို့ကြောင့် တပေါက်ဖာ ဘုရားကျောင်းသည် အနောက်နွားရှင်းကျိုးရှိ ဗုဒ္ဓဘာသာ အထွတ်အမြတ်နေရာ ဖြစ်လာခဲ့သည်။
ပိုကြောက်စရာကောင်းတာက ဒီရဟန်းငယ်ဟာ မေ့လျော့ခြင်မြစ်နဲ့ ပျောက်ဆုံးသွားတဲ့ လျှို့ဝှက်ဆန်းကြယ်သော မတော်တဆမှုတို့ ထုတ်ဖော်ပြသလိုက်တဲ့ သတင်းက လီထျန်းချင်ကို ပိုလို့တောင် မနှစ်မြို့စရာ အပေါင်းအသင်း ဖြစ်လာစေခဲ့သည်။
"ဒီအဖေနဲ့ သမီးက မေ့လျော့ခြင်းမြစ်ရဲ့ ယင်ချားတွေဖြစ်မလား"
သူ့နှလုံးသားက ခုန်ပေါက်သွားပြီး "မေ့လျော့ခြင်းမြစ်ထဲက ယင်ချားတွေက ဘယ်လိုနည်းနဲ့ ကူးတို့ငရဲပြည်ကို သွားနိုင်မှာလဲ...မြေအောက်ကမ္ဘာက ယင်ချားက ဘယ်လိုလုပ် ပျောက်သွားနိုင်မှာလဲ... သူတို့ရဲ့ လှေက ရုတ်တရက် မြေအောက်ထဲကို လွှင့်သွားမှာလား..."
လှေသမားသည် လေနှင့်ရေ အဆောင်လက်ဖွဲ့ ထိုးပေးကာ ရွက်များကို လေမှုတ်ပေးရင်း လှေကို ကုံကျိုးသို့ တွန်းပို့နေပြီ ဖြစ်သည်။
လှေပေါ်က မိန်းကလေးက ရယ်ပြီး "ရှင်တို့နှစ်ယောက်က ဟာသတွေ ပြောနေတာပဲ...မေ့လျော့ခြင်းမြစ်က မြေအောက်ကမ္ဘာထဲက မြစ်တစ်စင်း... အဲဒီပေါ်မှာ နိုင်ဟယ်တံတားရှိတယ် အဲဒါကို ဘယ်သူက ဘယ်လိုလုပ် ကူးတို့ ကူးနိုင်မှာလဲ"
သူမက တခစ်ခစ်ရယ်ပြီး
"အဲဒီကို ကူးတို့သွားတဲ့လူတွေက အသက်ရှင်နိုင်ပါ့မလား"
စာမေးပွဲအောင်ဖို့ အပြေးအလွှား သွားနေကြတဲ့ လှေပေါ်က ပညာတော်သင်တွေ အားလုံးကလည်း ရယ်မောလိုက်တာကြောင့် လေထုက အလွန်သာယာသွားသည်။ ထိုစဥ် တစ်စုံတစ်ယောက်က ဝင်ထောက်လာ၏။
“ကောင်မလေးက နောက်ပြောင်တတ်တာပဲ... သူမ မြေအောက်ကမ္ဘာကို တစ်ခါမှ မရောက်ဖူးဘူးလား”
လီထျန်းချင်ကတော့ သူ့နဖူးပေါ်မှ ချွေးအေးများ ထွက်လာပြီး သူ့စိတ်ထဲတွင် လျှို့ဝှက်စွာ ညည်းညူနေခဲ့သည်။
"ဒီစာသင်သားတွေက ဟာသတွေ လုပ်ဖို့ သတ္တိရှိနေတုန်းပဲ... သူတို့ ဘယ်လို အသက်ရှင်ရမလဲ ဘယ်လို သေသွားရမဘဲ တကယ် မသိကြဘူးပဲ!"
ဤလူအုပ်စုနှစ်စုမှာ တစ်ပါးက မိမိရွှေကိုယ်ကို အားကိုး၍ မရဏာနိုင်ငံ၏ ဖမ်းဆီးခြင်းမှ လွတ်မြောက်လညသော ဆရာတော်၊ ကျန်တစ်မျိုးမှာ သေထိုက်သူ မသေထိုက်သူများကို လိုက်ရှာနေသော ဝရမ်းပြေး အထောက်တော် တစ်ပါးဖြစ်သည်။
စာမေးပွဲဖြေဖို့ အပြေးအလွှား ပညာရှင်တွေက ရယ်စရာလို့ပဲ ထင်ကြပေမယ့် လီထျန်းချင်ကတော့ အန္တရာယ်နဲ့ ထိတ်လန့်စရာတွေကို သဘောပေါက်သွားပါ၏။
ဘုန်းကြီးငယ်က ပြုံးပြီး :"မေ့လျော့ခြင်းမြစ်ကို ဖြတ်ကူးတဲ့ လူတွေက သဘာဝအတိုင်း သက်ရှိတွေ မဟုတ်ဘူးလေ.."
လှေသမားဟာ စကားဝင်မပြောဘဲ အမြဲ ပါးစပ်ပိတ်နေတတ်သော်လည်း ဒီတစ်ခါတော့ ပါးစပ် ဖွင့်လာခဲ့သည်။
"တပေါက်ဖာဘုရားကျောင်းရဲ့ ရွှေဘုရားလောင်းက တန်ခိုးကြီးတယ်လို့ ကြားဖူးတယ်... အဲဒီတုန်းက နတ်ဆိုးတွေကို သတ်ပြီးကတည်းက နတ်ဆိုးတွေ မလွတ်မြောက်သွားအောင် နှင်းတောင်ကို စောင့်နေတုန်းပဲတဲ့.."
လှေသမလေးကလည်း ပြုံးရင်း: "ဘုရားလောင်းက ရှစ်မှတ်လောက် ရှိရင် ဘုန်းကြီးက လှေပေါ်မှာ ခုနစ်မှတ်လောက် ရှိတယ်... ဘုန်းကြီးလည်း အသက်ကြီးပြီ... အရည်အချင်းကို လုံးဝ အသုံးမချနိုင်တော့မှာကို ကြောက်ရတယ်..."
ဘုန်းတော်ကြီး ဝါးခါးက :"ပျောက်ဆုံးသွားတဲ့ ယင်ကျေးကျွန်တွေ ဘာကြောင့် မပြန်နိုင်ကြသေးတာလဲ... တာဝန်ဝတ္တရားတွေကို လစ်လျူရှုမိလို့ ပြန်သွားတဲ့အခါ အပြစ်ပေးခံရမှာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်လား"
ရဟန်းငယ်က ပြုံးပြီး :“ဒါဆို အဲဒီ ယုတ်ညံ့တဲ့ ဆိုးသွမ်းသူ နှစ်ယောက်က ဘာလို့ တာဝန်ကို လျစ်လျူရှုတာလဲ”
လှေသမားက ဝါးတိုင်ကို ကိုင်လိုက်သည်နှင့် ဝါးတိုင်က မြည်လာသည်။
လှေသမလေးက လှေသမားရဲ့ လက်ကို လှမ်းကိုင်ကာ ဘုန်းကြီးနှင့် ရဟန်းငယ်လေးအား ပြုံးပြလိုက်သည်။ အပေါ်သွားနှင့် အောက်သွားများကို ကြိတ်ကာ ပြုံးပြနေခြင်းပင်။
ရုတ်တရက် ပတ်ဝန်းကျင်က မှောင်လာပြီး မြစ်ရေကလည်း လှိုင်းထန်လာပေ၏။
လီထျန်းချင် မျက်နှာက ဖြူဖျော့လာသည်။ သူငည် လွတ်မြောက်ရန် မြစ်ထဲသို့ ခုန်ဆင်းတော့မလို့ ပြင်သော်လည်း မြစ်အတွင်း နေရာတိုင်းတွင် လှိုင်းလုံးကြီးများ လှုပ်လှုပ်ရွရွ ဖြစ်နေသည်။ ပတ်ဝန်းကျင် ကမ္ဘာကြီးက ရုတ်တရက် အလွန်ထူးဆန်းပြီး လိမ်သွားလေသည်။
ဒီလှေဟာ မြေအောက်ကမ္ဘာထဲကို ရုတ်တရက် ဆွဲချခံနေရပြီ။
"မလွတ်နိုင်တော့ဘူး!"
ထိုအချိန်၌ ဘုန်းကြီးတစ်ပါးသည် 'အော်မီတော်ဖော်' ဟု ရွတ်ဆို၍ ခြောက်ပေမြင့်သော ရွှေဗုဒ္ဓမြတ်စွာဘုရား၏ အလင်းရောင်များကို ဖြန့်ကျက်လိုက်သည်။ ရွှေအလင်းများ ထွန်းလင်းလာသဖြင့် လှေသည် လူ့ပြည်သို့ ပြန်တက်သွားကာ မင်ကျန်းမြစ်ပေါ်တွင် ရွက်လွှင့်နေဆဲ ဖြစ်သွားသည်။
လှေသမားက ရှေ့တစ်လှမ်းတိုးပြီး ဆက်တိုက်ခိုက်ဖို့ ပြင်၏။ လှေပေါ်က မိန်းကလေးက သူ့ကို အမြန်ဆွဲထားလိုက်ကာ ဆိုသည်။
"ရေတွင်းထဲကရေက မြစ်ထဲမှာရှိတဲ့ရေကို မထိခိုက်စေဘူး!"
ဘုန်းကြီးဝါးခါးကလည်း အသက်ကြီးနေပြီမို့ အလွန်အကျွံ မလှုပ်ရှားလိုပေ။
"ငါတို့ သိုင်းလောကမှာ ငါတို့ တစ်ယောက်ကို တစ်ယောက် မေ့ထားကြတာပေါ့"
သူတို့လေးယောက်က နောက်ပြန်ဆုတ်ပြီး တစ်ယောက်နဲ့တစ်ယောက် ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့ကြသည်။
လီထျန်းချင်လည်း သက်ပြင်းချရင်း နဖူးမှ အေးစက်သော ချွေးများကို သုတ်လိုက်သည်။
"တစ်ဆယ်လေးတော့ ငါ့ရဲ့ အတွေ့အကြုံ ဘယ်လောက် အံ့သြစရာ ကောင်းမှန်း မသိလောက်ဘူး...ငါ ငရဲတံခါးကို တစ်ခေါက်လောက် လျှောက်သွားခဲ့ပြီ..."
ဒီရက်တွေအတွင်း ချန်ရှီဟာလည်း ငရဲပြည်ကနေ ဝင်ထွက်သွားလာနေမှန်း သူ မသိခဲ့ပါ။
နောက်နှစ်ရက် သုံးရက်လောက် ကြာတော့ ဦးလေးလှေနဲ့ သူ့သမီးတို့ဟာ ဆရာကြီးဝါးခါးတို့ ဆရာတပည့်တွေနဲ့ အဆင်ပြေပြေ ပြေပြေလည်လည် ဖြတ်သန်းခဲ့ရပေမယ့် ဘုန်းတော်ကြီး ဝါးခါးဟာ သူ့ရဲ့ ကျင့်ကြံမှု အပြောင်းအလဲတချို့ ပြုလုပ်ခဲ့ပြီး အသက်ကြီးလာတာကြောင့် အဆက်မပြတ် ချောင်းဆိုးနေခဲ့ပါသည်။
လီထျန်းချင်ခမျာ လှေပေါ်တွင် ထိုအသက်ကြီးသူ သေဆုံးသွားမည်ကိုပင် စိုးရိမ်နေခဲ့သည်။ သို့သော် ဝါးခါးက ချောင်းဆိုးသောအခါ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာတတ်ကာ အလွန်ထူးဆန်းသည်။
နောက်ဆုံးတွင်တော့ ပန်းချီလှေကလေး ၎င်းတို့အား ကုံကျိုးမြို့သို့ ဘေးကင်းစွာ ပို့ဆောင်ခဲ့သည်။ လှေသမားသည် လှေကို ဆိုက်ကပ်တာနဲ့ လီထျန်းချင် လှေပေါ်မှ ခုန်ဆင်းလုဆဲဆဲတွင် လှေသမလေးက ပြောလာ၏။
"ဘုန်းကြီးက အသက်မရှည်ဘူး သူ့မှာ အသက်ငွေ့ မကျန်တော့ဘူး ငါသာသူဆိုရင် ဘယ်တော့မှ မြို့ထဲ မဝင်ဘူး...."
လီထျန်းချင် အံ့ဩသွားပြီး သူမ ဘာကိုဆိုလိုသည်ကို နားမလည်လိုက်။
"မဟာယာနနယ်ပယ်မှာ သေထိုက်ပေမယ့် ဒီကမ္ဘာမှာ တိတ်တိတ်လေး နေနေတဲ့သူတွေက သေသွားပြီးရင် အရမ်းကြောက်စရာ ကောင်းလာလိမ့်မယ်"
လီထျန်းချင် ဘုန်းတော်ကြီး ဝါးခါး နှင့် သူ့တပည့်ကို ကြည့်လိုက်သည်။ တပည့်ဖြစ်သူက ဘုန်းတော်ကြီးအား မြို့ထဲ ဝင်နိုင်ဖို့ ကူညီပေးနေတာ တွေ့လိုက်ရသည်။
"မိန်းကလေး... ဆရာတော် ဝါးခါးက ဘယ်တော့သေမယ် ထင်လဲ သူသေရင် ဘာဖြစ်သွားမလဲ..."
လီထျန်းချင် စကားမဆုံးခင်မှာ ပြန်လှည့်ကြည့်လိုက်တော့ လှေ ပျောက်နေတာကို တွေ့လိုက်ရပြီး လှေကို မြစ်တစ်ခုလုံးမှာတောင် မမြင်နိုင်တော့ပေ။ သူ အံ့အားသင့်သွားကာ ခေါင်းယမ်းရင်း မြို့ထဲသို့ လျှောက်သွားလိုက်သည်။
ကုံကျိုးမြို့ကို ရောက်တာနဲ့ လူတစ်ယောက်က သူ့ကိုစကားပြောဖို့ ရောက်လာသည်။ သူက ကြင်နာတတ်တဲ့လူ ဖြစ်ပြီး။
"မင်း စာမေးပွဲဖြေဖို့လာတာလား ညီလေး... ဒီကုံကျိုးမြို့က မငြိမ်းချမ်းဘူး တခြားနေရာက လာမယ်ဆိုရင် မင်းသတိမထားရင် မင်းလှည့်စားခံရလိမ့်မယ်... မင်းရဲ့လေယူလေသိမ်းအရဆို ချွမ်ကျိုးက လာတဲ့ပုံပဲ... ငါလည်း ချွမ်ကျိုးကပဲ!"
လီထျန်းချင်လည်း ရွာသားတစ်ဦးနှင့် တွေ့သောအခါ အလွန်ပျော်ရွှင်သွားခဲ့သည်။
မကြာမီ စားသောက်ဆိုင်တွင် ရွာသားက သူ့ကို လုပ်ကြံချင်တာကြောင့် သူလည်း တစ်ရွာတည်းသားချင်းကို စားသောက်ဆိုင်ပိုင်ရှင်ထံ ရောင်းစားကာ ပိုက်ဆံစုလာခဲ့သည်။ ထို့နောက် ကျောင်းတာဝန်ရှိသူထံ မှတ်ပုံ သွားတင်ခဲ့သည်။
စာရွက်နံရံကို ဖြတ်သွားတဲ့အခါ ဖမ်းဝရမ်းဖတ်ဖို့ လူအများအပြား စုဝေးနေတာကို တွေ့လိုက်ရသည်။ လီထျန်းချင် ၎င်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားတော့သည်။ သူ့အပေါင်းအသင်းကို ရောင်းစားရင်း ကြီးမားသော ချမ်းသာမှုကို ရရှိလာတဲ့ ပျော်ရွှင်မှုက ရုတ်ချည်း ပျောက်ကွယ်သွားသည်။
စာရင်းထဲမှာ ချန်ရှီရဲ့ ပုံတူနဲ့ နာမည်ကို ထိပ်ဆုံးက မြင်လိုက်ရသည်။
"တစ်ဆယ်လေး နောက်ထပ်ပြစ်မှုတစ်ခု ကျူးလွန်ခဲ့သေးတာလား ဒီတစ်ခေါက်ရော သူဘာတွေ ထပ်ပြီး ကျူးလွန်ခဲ့ပြန်ပြီလဲ"
သူသည် လူအုပ်ထဲသို့ တိုးဝင်ကာ အပေါ်ကိုငုံ့ကြည့်ကာ ဇာတ်လမ်းတစ်ခုလုံးကို မကြာခင်မှာပဲ သိလိုက်ရသည်။
"တစ်ဆယ်လေးက မြို့ထဲကို ဝင်သွားပြီး လူ ခုနစ်ဆယ့်လေးယောက်ကို သတ်လိုက်တာပဲ... တစ်လတောင် မပြည့်သေးဘူး လှုပ်ရှားနေပြီလား....."
ခဏလောက်စဉ်းစားပြီး "ဒီလူတွေက ရာဇ၀တ်ကောင်တွေပဲ ဖြစ်ရမယ်... တစ်ဆယ်လေး သူတို့ကို သတ်လိုက်တာကလည်း သေသင့်လို့ပဲ"
သူက ခေါင်းကို မော့ပြီး အစိုးရရုံးရဲ့ လမ်းညွှန်ချက်ကို ကြည့်လိုက်သည်။
"ဒီမှာရှိတဲ့ အရာရှိတွေနဲ့ လူဆိုးဂိုဏ်းတွေ ပူးပေါင်းပြီး တစ်ဆယ်လေးကို ပြစ်မှားခဲ့ပုံပဲ"
သူသည် ပညာရေးအရာရှိထံ တိုက်ရိုက်သွားပြီး သူ့အမည်ကို တင်သွင်းလိုက်သည်။ အကြံပေးအရာရှိက မြို့အရှေ့ဘက်ရှိ စာတိုက်တွင် အနားယူခိုင်းလေ၏။ လီထျန်းချင်လည်း အရှေ့ဘက် စာတိုက်ရုံးခန်းဆီသို့ လျှောက်သွားရင်း တွေးနေခဲ့သည်။
"တစ်ဆယ်လေးလည်း အဲဒီမှာပဲ ပုန်းနေလောက်တယ်... ဒီတစ်ခါ စာမေးပွဲကြီးမှာ သူ ပါဝင်နိုင်သေးလား... ဖြစ်နိုင်တာက မရလောက်တော့ဘူး ဒါဆို ကျင်းလေးက..."
သူ့နှလုံးသားထဲတွင် စိတ်အားထက်သန်မှုနဲ့ အလျင်စလို ဖြစ်လာသည်။ စာသင်သားလီက စာသင်သားချန်ထက် ပို၍ အလားအလာ ကောင်းနေပြီ။
သူတည်းခိုခန်းကို ရောက်တဲ့အခါ ချန်ရှီရဲ့အတန်းဖော် ဟူဖေးဖေးနဲ့ တွေ့လေသည်။ ချန်ရှီ ဘယ်မှာလဲလို့ မေးတော့ ဟူဖေးဖေးက နာမည်ကိုမမှတ်မိတော့ဘဲ ပြန်မေးလာသည်။
"ဘယ်သူလဲ?"
"ချန်ရှီ... ဝမ်ချိုင်ကျောင်းတော်က ချန်ရှီ!"
"ငါ သိပြီ!"
ဟူဖေးဖေးက တခစ်ခစ်ရယ်ပြီး "ငါတို့အတူတူ ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ကြသေးတယ်... သူ့နာမည်က ဘာပါလိမ့်?"
"ချန်....ခဏနေဦး"
လီထျန်းချင် သေသေချာချာ တွေးကြည့်ပြီးနောက် ချန်ရှီရဲ့ နာမည်ကို မမှတ်မိတော့တာ သတိထားမိလိုက်သည်။
"ငါ တစ်ဆယ်လေးရဲ့ နာမည်အရင်းကို မေ့သွားပြီ မြို့ထဲမှာ နတ်ဆိုးတစ်ကောင် ရှိနေတယ်!"
သူ စကားပြောနေတုန်း ရင်းနှီးတဲ့ အသံတစ်ခု ရုတ်တရက် ထွက်လာသည်။
"ထျန်းချင်! မင်းဒီမှာကိုး!"
လီထျန်းချင် အံ့အားသင့်ပြီး အသံလာရာကို လိုက်ကြည့်ရာ ချန်ရှီသည် သစ်သားလှည်း၊ ဟေးကော်နဲ့အတူ သူ့ဆီ ရောက်ရှိလာတာ တွေ့လိုက်ရသဖြင့် အမြန် သွားလိုက်သည်။
လီထျန်းချင်: "ငါအခုနက မေ့သွား...."
ချန်ရှီ လှည့်ကာ ဟေးကော်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်တော့သည်။ ဟေးကော်က ခေါင်းကို မော့ပြီး သူအမှားလုပ်ထားပုံရသည့်နှယ် ကြည့်နေသည်။
ချန်ရှီ: "ဟေးကော် စာအုပ်များများဖတ်စမ်း!"
လီထျန်းချင် ရုတ်တရက် တစ်ခုခုကို ပြန်ကြည့်နေချိန့ ဘုန်းကြီးငယ်နဲ့ ဘုန်းကြီးဝါးခါးတို့ လာနေတာ မြင်လိုက်ရတော့ သူ အံ့ဩမဆုံး ဖြစ်သွားသည်။
"ဒီဘုန်းကြီးငယ်လေးနဲ့ ဘုန်းကြီးကလည်း စာမေးပွဲ လာဖြေကြတာလား?"
နောက်ကျနေပြီမို့ လီထျန်းချင် စာတိုက်မှာပဲ အရင်နေလိုက်သည်။ ချန်ရှီလည်း အတူတူပင်။ သူ့ကိုယ်သူ ဖမ်းဝရမ်းထဲ ပါနေမှန်း မသိဘဲ စာတိုက်မှာပဲ ညအိပ်ဖို့ ပြင်ထား၏။
ညသန်းခေါင် အိပ်လို့ကောင်းနေတဲ့ အချိန်မှာမှ လူတစ်ယောက်က ရုတ်တရက် ထအော်လိုက်လေသည်။
"သေသွားပြီ.... လူသေသွားပြီ.... ဘုန်းကြီးသေပြီ!"