← Chapters

ပျော်ရွှင်ဖွယ် နတ်ဆိုးနယ်မြေ

Vol. 11 Ch. 159

ပျော်ရွှင်ဖွယ် နတ်ဆိုးနယ်မြေ

Vol. 11 Ch. 159

ချန်ရှီသည် မှိုခေါင်းကို ဂရုတစိုက်ရှောင်ရင်း တိတ်တဆိတ် ဖြတ်ပြေးသွားခဲ့သည်။ ဒါပေမယ့် မှိုခေါင်းက သူ့ကို သတိထားမိသွားတာကြောင့် ရုတ်တရက် တစ်ချက် လှမ်းကြည့်လိုက်သည်။

"ငါ့သူငယ်ချင်းလေး... နတ်တွေနဲ့ လူသားတွေ အသွင်ပြောင်းတာကနေ အမတစွမ်းအင် ရနိုင်တဲ့ အံ့သြဖွယ်ရာတွေ အကြောင်းကို မင်းသိချင်နေတာ မဟုတ်ဘူးလား"

"မသိချင်ဘူး!"

ချန်ရှီသည် အရှိန်မြှင့်ကာ သူ့ဘေးနားရှိ မှိုကြီးများကို ဖြတ်ပြေးမည်အလုပ် မှိုပွင့်ကြီးက မတ်တပ်ထရပ်နေတာ တွေ့လိုက်ရသည်။ ထလိုက်တာနဲ့ ကြီးမားသော ထီးအဖုံးက လေပြင်းတွေကို တိုက်ခတ်သွား​စေသည်။

ထိုမှသာလျှင် အိမ်ထက် အနည်းငယ်ပိုကြီးသော ဤမှိုကြီးဟာ အမှန်တကယ်ပင် အလွန်ထူထဲသော မှိုခြေထောက် နှစ်ချောင်းရှိနေတာ သတိပြုမိသွားခဲ့သည်။

မှိုကြီးသည် ယခင်က မြေပြင်ပေါ်တွင် "ငုတ်တုတ်" အနေအထား ရှိခဲ့သော်လည်း ယခုအခါ သူသည် အရပ်မြင့်လာပြီး အလွန်ထူထဲသော မှိုခြေထောက်များကို မြှောက်ကာ ချန်ရှီကို လှမ်းနင်းလိုက်သည်။

၎င်း၏ပုံသဏ္ဌာန်ကို သုံးသပ်ကြည့်ရရင် ဦးခေါင်းကို အရင်ဖယ်ထုတ်ပါက မှိုပင်များကို စိုက်ပျိုးထားသလိုပင်။ ခန္ဓာကိုယ်ကို မှိုတိုင်အဖြစ်ပြောင်းလဲထား လူတစ်ဦးနှင့် တူသော်လည်း ၎င်းသည် လူနှင့်တူသော ဖွဲ့စည်းပုံကို ဆက်လက် ထိန်းသိမ်းထားပြီး ခြေထောက်နှင့် လက်များ ရှိသည်။

ချန်ရှီမှာ ဒီလောက် ထူးဆန်းသော မြင်ကွင်းကို တစ်ခါမျှ မမြင်ဖူးသေးပေ။ လူခန္ဓာကိုယ်နှင့် မှိုခေါင်း ပေါက်နေသည့် မှိုပေါက်သံကို ကြားတာနဲ့ အမြန် ရှောင်ထွက်သွားရသည်။

"လူဝင်စားခြင်းဆိုတာ ဘာလဲ... အမတ ဆိုတာ ဘာလဲ... ဘာပျော်စရာရှိလဲ မသိချင်ဘူးလား"

သူ့ဘေးနားက လူဦးခေါင်းမှိုမှာ ခြေထောက်တစ်ဖက်နဲ့ ခုန်ပေါက်နေသည်။ သူ့မျက်နှာမှာ မျက်လုံးမပါတော့ဘဲ မျက်လုံးထဲက မှိုနှစ်ထုပ်ကသာ လိုက်ကြည့်နေ၏။

“သူငယ်ချင်းလေး... ပျော်ရွှင်ဖို့အတွက် အနောက်ပရဒိသုကို ပို့ပေးဖို့ ဒီမှာလာနေပါ့လား... ဒါမှ ကောင်းကင်ဘုံမှာ ပြန်လည်မွေးဖွားရတာရဲ့ အဓိပ္ပာယ်ကို မင်းသိလာမှာ...."

လူကိုယ်ခန္ဓာနှင့် မှိုခေါင်းက ထိုးကြိတ်လိုက်တာနဲ့ လေက တဟုန်းဟုန်း ရိုက်ခတ်သွားသည်။ လမ်းမပေါ်သည် တခဏချင်း ​လေ​ဗွေ မုန်တိုင်းသဖွယ် ဖြစ်နေသဖြင့် ချန်ရှီရဲ့ အဝတ်အစားများ ရှုပ်ပွကုန်ကာ သူ့ဆံပင်ကို စည်းထားသော ဖဲကြိုးကလည်း ဖြောင့်တန်းစွာ ဆွဲထုတ်ခံလိုက်ရသည်။

ချန်ရှီမှာ ထိုးကြိတ်ခြင်းကို ရှောင်ပစ်ဖို့အတွက် နောက်သို့ ကျွမ်းထိုးလိုက်လေသည်။ လူခန္ဓာကိုယ်နှင့် မှိုခေါင်းတစ်ခြမ်း ရှိသော မှိုကို လှည့်ကြည့်ရာ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် လေထဲတွင် တဆတ်ဆတ် တုန်ယင်နေပြီး ထူထဲသော ပေါင်များကို လှန်ကာ သူ့ကို ငုံ့ကြည့်လိုက်၏။

ချန်ရှီ နောက်ပြန်ဆုတ်သွားပြီး တွေးလိုက်သည်။

"ဒီမှိုကြီးနှစ်ကောင် ငါ့ကို ဘယ်လိုလုပ် မြင်တာလဲ?"

ဒါကို တွေးကြည့်လိုက်တော့ မှိုမျက်လုံးနှစ်လုံးက မြေပြင်ပေါ်မှာ အဆုံးမသတ်နိုင်ဘဲ ခုန်နေတာကို တွေ့လိုက်ရလေသည်။ တစ်ခါတရံ မြေကြီးပေါ်ခုန်၊ တစ်ခါတရံ လမ်းဘေးက ဈေးကုပ်တစ်ခုဆီပေါ်မှ ခုန်ချလိုက်၊ လူးလှိမ့်လိုက်၊ ကြွေပြားပေါ် ပတ်ပြေးလိုက်ဖြင့်။

အဲဒါတွေက မျက်လုံးနှစ်လုံးပဲ။ ဒါပေမဲ့ မျက်ကွင်းအောက်မှာ မှိုကောင်တွေက ပေါက်နေတာကြောင့် မျက်လုံးတွေကလည်း ထီးဦးထုပ်လိုပါပဲ။ ဤထူးဆန်းသောမှိုသည် အလွန်လက်သွက်သော မှိုဖြစ်ပြီး ၎င်းသည် လူ့ဦးခေါင်းမှိုနှင့် လူ့ခန္ဓာကိုယ်မှိုတို့ကို အမှီလိုက်နိုင်သည်။

"ဒီမှိုသုံးမျိုးက တကယ်တော့ လူတစ်ယောက်တည်းပဲ... ဒါပေမဲ့ သုံးပိုင်းခွဲပြီး မှိုပုံစံဖြစ်သွားတာ!"

ချန်ရှီ ရုတ်တရက် သဘောပေါက်သွားသည်။

"သူတို့က မှိုလေးခုလို အပိုင်းသုံးပိုင်း ခွဲထားပေမယ့် သူတို့တစ်ဖွဲ့လုံးက တစ်ယောက်တည်းပဲ... အမြင်အာရုံ၊ ဦးနှောက်နဲ့ တွေးခေါ်မှုတွေကို မျှဝေနိုင်ကြတယ်..."

ဒါကို သူတွေးကြည့်လိုက်တော့ ဧရာမ မှိုခေါင်းနောက်ကွယ်မှာ ကျယ်လောင်တဲ့ အသံနဲ့အတူ နတ်ကွန်းတစ်ခု ပေါ်လာတာကို သူ ရုတ်တရက် တွေ့လိုက်ရလေသည်။ နတ်ကွန်းက သာမာန်နတ်ကွန်းထက် အများကြီး ပိုကြီးပြီး နတ်ကွန်းထဲက နတ်သန္ဓေသားကလည်း နတ်ကွန်းထဲမှာ ထိုင်နေပုံက ခန္ဓာကိုယ် အစစ်အတိုင်းပါပဲ။

ချန်ရှီ တည့်တည့် စိုက်ကြည့်လိုက်သည်။

"ဒီလို ဖြစ်နိုင်သေးလား... ဒီမှိုတွေက ကျင့်ကြံသူတွေလို လုပ်မယ်ဆိုရင် မှော်စွမ်းအင်တွေကို ထုတ်ပေးနိုင်​လောက်တယ်မလား"

"မင်းမှာ အရည်အချင်း ရှိသားပဲ!"

လူ့ဦးခေါင်းမှိုသည် ဧရာမလူသားပုံသဏ္ဍာန်မှို၏ ထီးအဖုံးပေါ်သို့ ခုန်ဆင်းကာ အမြင့်တစ်နေရာမှ ငုံ့ကြည့်ရင်း ပြုံးပြုံးလေးဖြင့် ပြောလာသည်။

"သူငယ်ချင်းလေး... ဘာလို့ တောင့်ခံနေတာလဲ... ဒီငတုံးလို ငါ့ရဲ့ ပျော်စရာ နတ်ဆိုးနယ်မြေထဲ လာမပျော်ချင်ဘူးလား"

ချန်ရှီလည်း စိတ်ထဲမှာ ဘုံကျောင်းငယ်လေးတစ်ခု ပေါ်လာပြီး သူ အဆင်သင့်ဖြစ်နေပြီ။

"ဆရာက... ဆရာတော်ဝါးခါးလား?"

လူခေါင်းမှိုသည် ကျယ်လောင်စွာ ရယ်မောကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။

"ဆရာတော် ဟုတ်ပေမယ့် ဟုတ်လည်း မဟုတ်တော့ပါဘူး...ဒီလူက ငါနဲ့ သဟဇာတဖြစ်အောင် ကျင့်ကြံရင်း မဟာယာနနယ်ပယ်ကို တက်ဖို့ အသိဉာဏ် ရသွားတာ!"

"ဘုန်းကြီးက တကယ် နတ်ဆိုးစွဲနေတာပဲ!"

ချန်ရှီ ဓားလျှို့ဝှက်ချက်ကို လက်ဖြင့်ဆွဲကာ မမြင်နိုင်သော ဓားစွမ်းအင်ကို သူ့ခေါင်းနောက်ဘက်ရှိ သေးငယ်သော ဘုံကျောင်းထဲကနေ အစီအရီမှ ပစ်လွှတ်လိုက်သည်။ ထိုအခါ မှိုအကြီးကြီးလေးကောင်က အမှန်တကယ်ပင် ခုန်ပေါက်ကာ လှိမ့်သွားကာ သူ၏ ပြင်းထန်သော ကျစ်ဝူရှဲ့သတ် ဓားသွားများကို ရှောင်လိုက်သည်။

ချန်ရှီရဲ့ မျက်လုံးများ ပြူးကျယ်သွားသည်။

"ကောင်းချက်!"

သူ့ဓားစွမ်းအင်က အလွန်မြန်သည်။ အလိုအလျောက် ရွေ့လျားနိုင်သည်။ ၎င်းကို မမြင်နိုင်သည့်အပြင် ရွှေအမြုတေနယ်ပယ်က ကျင့်ကြံသူတွေတောင် သူ့ဓားစွမ်းအင်ကို ရှောင်နိုင်မည် မဟုတ်ပေ။ သို့သော် ဤမှိုလေးမျိုးကတော့ အလွယ်တကူ ရှောင်ရှားနိုင်ခဲ့သည်။

ချန်ရှီ နောက်ဆုတ်မသွားဘဲ ရှေ့သို့ ဆက်တိုးသွားသည်။ သူ့ခြေထောက်များကို အားစိုက်ထုတ်ကာ ရုတ်ချည်း ရှေ့သို့ ခြေတစ်လှမ်းဖြင့် ပြေးထွက်သွားပြီး လူဦးခေါင်းမှိုကို လက်သီးတစ်ချက်ဖြင့် ဖောက်ခွဲပစ်ဖို့ ပြင်ဆင်နေသည်။

ရုတ်​တရက်​ အသံတစ်​သံ ထွက်​လာသည်​။

"ပညာရှင်​​လေး... မထိနဲ့... ကူးစက်ကုန်မယ်!"

ချန်ရှီ ကမန်းကတန်း လှည့်ကြည့်လိုက်ရာ တစ်ဖက်မှ ပျံဝဲနေသော အလင်းရောင်မျိုးစုံဖြင့် အဆောင်လက်ဖွဲ့များက ရေ၊ မီး၊ လေနှင့် မိုးခြိမ်းသံများအဖြစ်သို့ ပြောင်းလဲသွားကာ မှိုလေးကောင်ကို လှည့်ပတ်ပျံသန်းနေတာ ရုတ်တရက် မြင်လိုက်ရသည်။

ဧရာမလူသားမှို၊ လူ့ဦးခေါင်းမှိုနှင့် မျက်လုံးမှိုတို့သည် ကမန်းကတန်း ရှောင်ရှားခဲ့ကြသော်လည်း ၎င်းတို့ကို အဆောင်လက်ဖွဲ့တွေက တစ်ခုပြီးတစ်ခု တိုက်ခိုက်ဆဲ ဖြစ်သည်။

ဧရာမလူသားမှိုသည် လူ့ဦးခေါင်းမှိုနှင့် မျက်လုံးမှိုကို ကောက်ယူပြီး ဆူးပင်ကြီးများကြားမှ ခုန်ဆင်းသွား၏။ မှိုစများစွာကို လေထဲ လွှတ်ထုတ်ခဲ့သည်။

အဆောင်ဆွဲဆရာများက မျက်နှာများကို အနက်ရောင် ပိတ်စများဖြင့် ဖုံးအုပ်ထားကြသည်။ ၎င်းတို့မှာ တောင်နီခန်းမကနေ ပြေးထွက်လာတဲ့ ဆရာသမားတွေပဲ ဖြစ်သည်။

ဆရာဝမ့်၏ မျက်နှာမှာလည်း အနက်ရောင် ပိတ်စများဖြင့် ဖုံးအုပ်ထားကာ မျက်လုံးများသာ ဖော်ထားသည်။ သူက တောင်ရွေ့လျား အဆောင်လက်ဖွဲ့ကို လွှတ်လိုက်ရာ တခြား မှော်ဆရာ အများအပြားကလည်း မြေကြီးကို မီးသင်္ဂြိုလ်ပစ်တာကြောင့် မြေပြင်တစ်ခုလုံး ရုတ်တရက် လောင်ကျွမ်းသွားသည်။

လူခန္ဓာကိုယ်ပါရှိသည့် ဧရာမမှိုကြီးလည်း မီးထဲတွင် ပြေးလွှားနေရတော့သည်။ ၎င်းခန္ဓာကိုယ်က သေးငယ်လာပြီးရင်း သေးငယ်သွားကာ မှိုကို အိုးထဲ ထည့်လှော်လိုက်သည့်အတိုင်း စူးစူးရှရှ အသံများ ထွက်ပေါ်လာပြီး ၎င်း၏ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ကျုံ့သွားသည်။

လေထဲတွင် မှိုကင်နံ့များပင် သင်းနေသည်။

သို့သော် ဧရာမလူသားမှိုသည် ပြင်းထန်လွန်းသဖြင့် တောင်ရွေ့လျား အဆောင်လက်ဖွဲ့ရဲ့ ဖိအားကို ခံနိုင်ရည်ရှိနေ၏။ သူ မီးအိုင်ထဲတွင် ပြေးလွှားနေချိန် ချန်ရှီသည် လေထဲ၌ ပျံတက်သွားပြီး သူ့ဓားစွမ်းအင်ကို ပစ်လွှတ်လိုက်သည်။ တစ်ဆက်တည်း လက်ချောင်းကို လေထဲတွင် ဝေ့ယမ်းကာ တောင်ငါးတောင်အဆောင်လက်ဖွဲ့ကို ရေးဆွဲလိုက်သည်။

ဝုန်း! ဝုန်း! ဝုန်း!

ထိုက်တောင်၊ ဟွာတောင်၊ ဟဲတောင်၊ ဟန်တောင်၊ စုန်းတောင်။ တောင်ငါးတောင်က ကောင်းကင်ကနေ ပြုတ်ကျပြီး ဧရာမမှို​ကြီးကို ဖိချပစ်၏။

ချန်ရှီ ဘယ်လက်ကို ပွတ်ဆွဲလိုက်တဲ့အခါ စန်မေ့မီးအစစ်အဆောင်လက်ဖွဲ့ အဖြစ်သို့ ပြောင်းလဲသွားကာ ရုတ်ခြည်းဆိုသလို လူသားမှိုကြီးပေါ်တွင် မီးတောက်များ တောက်လောင်လာသည်။

မျက်စိမှိုနှစ်ကောင်က ဦးစွာ လောင်ကျွမ်းသွား၏။ ထို့နောက် လူဦးခေါင်းမှိုသည်လည်း မီးထဲသို့ကျပြီး အကျယ်ကြီး အော်ပြောလာသည်။

“ဒီနေရာက ငါ့ရဲ့ ပျော်ရွှင်စရာ နတ်ဆိုးနယ်မြေပဲ... မင်းတို့ အားလုံးက ငါ့ရဲ့ ပျော်ရွှင်စရာ နတ်ဆိုးနယ်မြေထဲက နတ်လူသားတွေ ဖြစ်လာလိမ့်မယ်”

လူသား ဧရာမမှိုကြီး မီးလောင်သွားသဖြင့် ၎င်း၏ခြေထောက်များလည်း အားနည်းလာသည်။ ခြေထောက်က ကြီးမားသော ခန္ဓာကိုယ်ကို မထောက်နိုင်တော့ဘဲ မီးအိုင်ထဲသို့ ပြုတ်ကျကာ တွားသွား​နေခဲ့ရသည်။

ချန်ရှီ ဆင်းသက်သောအခါတွင် ဆရာကြီးများစွာသည် မီးကွင်းအဆောင်လက်ဖွဲ့ကို လက်တစ်ဖက်ကကိုင်ကာ မီးအိုင်ထဲသို့ တိုးဝင်ရင်း ကျစ်ဝူရှဲ့သတ်ဓားကို အသုံးပြု၍ ဧရာမမှိုကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ကြသည်။

လေထဲတွင် မှိုလှော်နံ့က ပိုပြင်းလာသည်။

ဆရာဝမ့်သည် မြေပြင်ပေါ်ရှိ မီးတောက်များကို ငြိမ်းသတ်ပြီး ချန်ရှီထံသို့ ပြေးလာသည်။

"ဆရာချန်.. ဒီလူက စာမေးပွဲဖြေဖို့ အပြေးအလွှား ပညာရှင်တစ်ယောက်ပါ နတ်ဆိုးတွေကြောင်း ညစ်ညမ်းပြီး မှိုဖြစ်သွားတယ်။ တိုက်ရိုက် မထိရဘူး မဟုတ်ရင် မှိုထဲက အမှုန်အမွှားတွေ ထွက်လာပြီး အရေပြားမှာ ကပ်နေလိမ့်မယ်... ပြီးရင် ချွေးပေါက်တွေထဲ စိမ့်ဝင်ပြီး မှိုအမြစ်​တွေ ထွက်လာတယ်"

အသက်သုံးဆယ်ကျော်ရှိ ဆရာကြီးတစ်ဦးက အနက်ရောင် ပဝါကိုမကာ ဆိုလာသည်။

"ငါ့ကို ဖုန်မှုန့်တွေနဲ့ ဖြန်းလိုက်တာနဲ့ အဲဒီမှိုတွေကလည်း ငါ့မျက်နှာကနေ ထွက်လာတော့တာပဲ... လူတချို့က မှိုတွေကို ဖယ်ထုတ်ဖို့ ကူညီပေးပေမယ့် ငါ့မျက်နှာ စုတ်ပြဲလုနီးနီးတောင် ဖြစ်နေပြီ"

ချန်ရှီလည်း မှိုကို ဆုတ်​ဖြဲလိုက်သောအခါတွင် အမာရွတ်များ ကျန်နေမည့် ထိုလူ၏ မျက်နှာတွင် တွင်းများနှင့် သွေးများ ပြည့်နေတာ တွေ့လိုက်ရသည်။

ဆရာဝမ့်: "အမှုန်အမွှားတွေကို လည်ချောင်းထဲ၊ အဆုတ်ထဲကို ရှူသွင်းရင် ဒါမှမဟုတ် သွေးထဲကို စိမ့်ဝင်သွားရင်တော့ မျှော်လင့်ချက်မဲ့သွားလိမ့်မယ်... မင်းကိုယ်တိုင် ရွှေရောင်ကိုယ်ထည်အဖြစ် သန့်စင်လိုက်တာ ဒါမှမဟုတ် ရွှေခန္ဓာကိုယ်လို သန်မာတဲ့ အဆောင်လက်ဖွဲ့ကို သုံးရင်တောင် မင်းရဲ့ရွှေရုပ်အလောင်း ကျိုးသွားလိမ့်မယ်... ညီအကို တော်တော်များများလည်း အဲဒီလိုမျိုး သေဆုံးသွားကြတာ..."

ချန်ရှီသည် အားလုံး၏ မျက်နှာပေါ်ရှိ အနက်ရောင်ပိတ်ကျဲစတွေ ထူထူထပ်ထပ် ဖုံးထားတာကို တွေ့လိုက်ရသည်။ ချန်ရှီ ကြည့်လိုက်ရာ အနက်ရောင်ပိတ်စသည် စိုစွတ်နေ၏။ ၎င်းက ဖုန်မှုန့်များကို စစ်ထုတ်သည့် အကျိုးသက်ရောက်မှုမျိုး ရှိပုံရသည်။

သို့သော် အနက်ရောင်ပိတ်စက စိုစွတ်နေသောကြောင့် ၎င်းသည် မှိုများရဲ့ ကြီးထွားမှုကို အထောက်အကူ ဖြစ်စေကြောင်း သိသာသည်။ သူသည် အနက်ရောင် ပိတ်ကျဲစပေါ်တွင် မှိုသေးသေးလေးများစွာ ပေါက်နေတာကိုတောင် တွေ့​နေရ၏။

"အန္တရာယ်အရှိဆုံး အရာက ကောင်းကင်က ဖုန်မှုန့်တွေပဲ..."

ဆရာဝမ့်က ခေါင်းထိပ်ကို ညွှန်ပြပြီး ပြောသည်။

"အမှုန်အမွှားတွေ စုပ်လိုက်တဲ့အခါ မှိုကြီးတွေက ခန္ဓာကိုယ်နဲ့ ဦးခေါင်းကို ခွဲထုတ်ပြီး မျက်လုံးတွေ ထွက်လာတယ်... ကံကောင်းစွာနဲ့ပဲ အဲဒီ ဖုန်မှုန့်တွေက လေထဲမှာ ပြန့်နေတာ မဟုတ်ရင် ငါတို့တွေ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မှာ မဟုတ်ဘူး... စာမေးပွဲဖြေဖို့ ပြေးနေတဲ့ ပညာရှင်တွေဆို အခုလေးတင် လေကို ရှူမိပြီး အမြင့်ကနေ ပြုတ်ကျလာခဲ့တာ..."

"ခင်ဗျား ဆိုလိုတာက ဒီလူက သူ့သက်တမ်းတစ်လျှောက်မှာ နတ်သန္ဓေသား နယ်ပယ်မှာပဲ ရှိ​နေခဲ့တာလား..."

လူတိုင်းက ခေါင်းညိတ်သည်။ ချန်ရှီမှာ နတ်သန္ဓေသား နယ်ပယ်က​နေ မှိုလူသားအဖြစ်သို့ ပြောင်းလဲသွားသူတစ်ဦးက ဒီလောက် အစွမ်းထက်လှလိမ့်မယ်လို့ မမျှော်လင့်ထားကြချေ။

"ဖုန်မှုန့်သန့်စင်တဲ့ အဆောင်လက်ဖွဲ့ရော?"

"သန့်စင်တဲ့ အဆောင်လက်ဖွဲ့?"

ဒီစကားကို လူတိုင်း ကြားတာနဲ့ ခေါင်းယမ်းလိုက်ကြသည်။ ချန်ရှီ ဓားကို လက်ချောင်းပေါ် ဖိချလိုက်ရာ ချီသွေးတွေ ထွက်လာပြီး လေထဲတွင် လျင်မြန်စွာ ရေးဆွဲလိုက်သည်။ အဆောင်လက်ဖွဲ့ အသက်ဝင်လာတာနဲ့ လေထဲတွင် လွင့်ပျံသွားနေသော ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များသည် မြေပြင်ပေါ်သို့ ရုတ်တရက် ကြည်လင်ပြတ်သားစွာ မြင်လာရ၏။

အနက်ရောင်ပိတ်စနဲ့ စိုစွတ်နေတဲ့ရေကို အားကိုးပြီး သတိမထားမိရင် လှည့်စားခံရလိမ့်မည်။ သို့သော် ဖုန်မှုန့်သန့်စင်ခြင်း အဆောင်လက်ဖွဲ့ကို လေ့လာထားပါက ဖုန်မှုန့်များကို ဖယ်ရှားကာ မိမိကိုယ်ကို မှိုလူသားအဖြစ် ပြောင်းလဲခြင်းမှ ကာကွယ်နိုင်သည်။

"ဖုန်မှုန့်သန့်စင် အဆောင်လက်ဖွဲ့က ခြောက်နာရီကြာအောင် ခံနိုင်တယ်... ခုနစ်ပေပတ်လည် အကွာအဝေးကို သန့်စင်ပေးနိုင်တယ်"

ချန်ရှီက ဖုန်မှုန့်သန့်စင်တဲ့ အဆောင်လက်ဖွဲ့ အကြောင်း သေသေချာချာ ရှင်းပြလိုက်သည်။

"ဒီအဆောင်လက်ဖွဲ့ကို ကိုယ်ပေါ်မှာ ကပ်ထားရင် ခြောက်နာရီအတွင်း အတားအဆီး မရှိ လှုပ်ရှားနိုင်တယ်... ခြောက်နာရီ ကြာပြီးတာနဲ့ အသစ်ဆွဲဖို့ လိုအပ်လာလိမ့်မယ်"

လူတိုင်းက မြန်မြန်ချရေးပြီး အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြပေမယ့် အချိန်တိုအတွင်း ကျွမ်းကျင်ဖို့က ခက်ခဲနေသည်။

"ခင်ဗျားတို့ တောင်နီခန်းမကို ပြန်သွားပြီး ဖုန်မှုန့်သန့်စင်တဲ့ အဆောင်လက်ဖွဲ့ကို လေ့ကျင့်ကြ... အခု တောင်နီမယ်မယ်ရဲ့ စွမ်းအင်က ပျက်ဆီးသွားပြီ ခင်ဗျားတို့ရဲ့ အကာအကွယ် လိုအပ်တယ်... ခန်းမသခင်ယွိကိုရော မြင်ကြသေးလား"

"ခန်းမသခင်ယွိလား?"

လူတိုင်းက ခေါင်းခါလိုက်သည်။

ချန်ရှီ မျက်တောင်ခတ်ပြီး "ဒါဆို ယုန်ကြီးတစ်ကောင်ကို မြင်လိုက်လား... အရပ်က ပေနှစ်ဆယ်လောက် ရှိတယ်... သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြွက်သားတွေ ရှိတယ်"

ဆရာဝမ့်: "မြင်လိုက်တယ်... ကောင်းကင်အဘွားက လူတွေက ကျွန်တော့်ကို ဝိုင်းထားတာ... ရုတ်တရက် ယုန်ကြီးတစ်ကောင်က ဘယ်ကနေမှ ခုန်ထွက်လာမှန်း မသိဘူး အရမ်းထွားတယ်... နည်းနည်းလေး ရိုက်လိုက်တာနဲ့ ကောင်းကင်အဘွားရဲ့ လူတွေ လွင့်ထွက်သွားကုန်တာပဲ"

နောက်ထပ် အဆောင်ဆွဲဆရာ: "လူလို ပြေးနေတဲ့ ယုန်ကြီးတစ်ကောင်ကို ငါလည်း မြင်တယ်... အဲဒီတုန်းက မှိုအကြီးကြီးကြောင်း သေလုနီးပါး ဖြစ်နေတာ.... ယုန်က မှိုခြေထောက် နှစ်ချောင်းကို ဖြတ်ပြေးပြီး ကိုက်စားပစ်လိုက်တယ်!"

လူတိုင်းက စကားတွေ အများကြီး ပြောနေကြသည်။ လူတော်တော်များများက အဲဒီယုန်ကို မြင်ဖူးကြတယ်၊ ဒါမှမဟုတ် အန္တရာယ်ကြုံတဲ့အခါ ဒါမှမဟုတ် မှိုတွေ တိုက်ခိုက်ခံရတဲ့အခါ၊ အဲဒီယုန်က သူတို့ကို ကယ်ဆယ်ဖို့ အပြေးအလွှား ရောက်လာတယ်လို့ ပြောနေကြသည်။

ချန်ရှီလည်း အံ့အားသင့်သွားသည်။

"ခန်းမသခင်ယွိက နတ်ဆိုး ဖြစ်သွားပေမယ့် သူ့စိတ်က သန့်သန့်ပြန့်ပြန့်ကို ရှိနေသေးတာပဲ... ဆက်ထိန်းထားနိုင်ပါ့မလား... ထူးဆန်းလိုက်တာ သူ့ရဲ့ ဆိုးသွမ်းတဲ့ အသွင်အပြင်က တခြားသူတွေရဲ့ ဆိုးသွမ်းတဲ့ အသွင်ပြောင်းမှုနဲ့ နည်းနည်း ကွာနေသလိုပဲ..."

ဤယုန်ကြီးသည် ၎င်းတို့၏ ခန်းမသခင်ဖြစ်ကြောင်း တောင်နီခန်းမက မှော်ဆရာများကို မပြောပြတော့ပေ။ ၎င်းတို့ကို ပြန်သွား၍ ဖုန်မှုန့်သန့်စင်တဲ့ အဆောင်လက်ဖွဲ့ကို လေ့ကျင့်ခိုင်းလိုက်ပြီးနောက် ချန်ရှီသည် ယွိထျန်းချန်ကို ဆက်လက်ရှာဖွေခဲ့သည်။

လမ်းမှာ တောင်နီခန်းမက ဆရာ အဖွဲ့များစွာကို တွေ့ဆုံခဲ့သေးသည်။ ချန်ရှီ အားလုံးကို တောင်နီခန်းမ၏ ပင်မယဇ်ပလ္လင်သို့ ချက်ချင်း ပြန်သွားရန် တောင်းဆိုခဲ့သည်။ ယခုအချိန်၌ မြို့ထဲတွင် လူမရှိတော့ပေ။ သာမန်လူများသည် ချန်ရှီဆီက ရှစ်ကျီဦးခေါင်းကို ထိတ်လန့်ကာ ကျောက်ရုပ်တုများ အဖြစ်သို့ ပြောင်းလဲသွားကြပါပြီ။

ကံမကောင်းစွာပဲ သာမန်လူအနည်းငယ်သည် တရှင်းချန်ဘုံကျောင်းကြောင့် ညစ်ညမ်းသွားပြီး ဧရာမမှိုများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ရုပ်ခန္ဓာကို ယနေ့တိုင် ထိန်းသိမ်းနိုင်သူ အားလုံးက ကျင့်ကြံသူများသာ ဖြစ်သည်။

လမ်းတလျှောက်မှာ ကျင့်ကြံသူတချို့က လူစုနေကြသည်။ တခြားလူများကို စုရုံးနေကြသည့် ကောင်းကင်အဘွားအဖွဲ့အစည်းက လူများလည်း ရှိနေသေးသည်။

"နတ်ဆိုးနယ်မြေက ပျံ့သွားပြီ...ဘယ်သူမှ မထွက်နိုင်တော့ဘူး။ အတူနေမှသာ ငါတို့ ရှင်သန်နိုင်မှာ... ငါတို့ ကောင်းကင်အဘွားအဖွဲ့အစည်းနဲ့ ပူးပေါင်းလိုက်ပါ... ကောင်းကင်အဘွားက မင်းတို့ကို ရှင်သန်နိုင်ဖို့ ကာကွယ်ပေးလိမ့်မယ်"

ကျင့်ကြံသူများစွာက ကောင်းကင်အဘွားရဲ့ အဖွဲ့ထဲမှာ ရှင်သန်နေထိုင်ရန်အတွက် ပူးပေါင်းခဲ့သည်။ ကောင်းကင်အဘွားက သူတို့မသိသေးတဲ့ အရာတွေနဲ့ စားစရာတွေ ပေးလိမ့်မယ်လေ။

ချန်ရှီ: "အစားအသောက်က ပြဿနာကြီးတစ်ခုလို့ တွေးနေကြတာပဲ..."

ကောက်ပဲသီးနှံပဲဖြစ်ဖြစ်၊ တိရစ္ဆာန်တွေပဲဖြစ်ဖြစ်၊ ဒီအချိန်မှာတော့ အရာအားလုံးဟာ ကျောက်တုံး ဖြစ်သွားပါပြီ။ တောရိုင်းတိရစ္ဆာန် တချို့မှလွဲ၍ မြို့ထဲတွင် သက်ရှိဆိုလို့ ကျင့်ကြံသူတွေသာ ကျန်တော့သည်။

"စကားမစပ်... မင်ကျန်းမြစ်လည်း ရှိသေးတာပဲ... အဆိပ်မမိသေးတဲ့ သားရဲတချို့ မြစ်ထဲမှာ ရှိနေသင့်တယ်!"

ချန်ရှီလည်း ဒီအချက်ကို ရုတ်တရက် တွေးလိုက်မိသည်။ ယနေ့မြို့၏ အထင်ရှားဆုံး "အစားအစာ" မှာ တောင်နီမယ်မယ် ဖြစ်သည်။ ဒါကြောင့် ဒီအချိန်မှာ လူတော်တော်များများက တောင်နီမယ်မယ်ကို မျက်စိကျသွားမှာ ကြောက်ရ၏။

ကောင်းကင်အဘွား အဖွဲ့အစည်းက ၎င်း၏လူအင်အားကို တိုးချဲ့နေပြီမလို့ ပစ်မှတ်မှာ တောင်နီမယ်မယ် ဖြစ်နိုင်သည်။ တောင်နီမယ်မယ်ကို ဖယ်လိုက်ပြီးရင် အစားအသောက်အတွက် အချိန်အကြာကြီး စိတ်ပူနေစရာ မလိုတော့ဘူး မဟုတ်လား။

"ကောင်းကင်အဘွားတင် မဟုတ်ဘူး... တူး​မြောင်းအဖွဲ့အစည်း၊ ဆားကြီးအဖွဲ့အစည်းနဲ့ မြို့ထဲမှာ အရာရှိကြီးတွေ ရှိတယ် အဲဒီ အရာရှိကြီးတွေရဲ့ မိသားစုတွေကလည်း နေ့တိုင်း အစာတွေ အများကြီး လိုမှာပဲ"

ချန်ရှီ ငြိမ်သက်သွားပြီး: "တောင်နီမယ်မယ်ရဲ့ ကျင့်ကြံမှုက တော်တော်ပျက်စီးသွားမှန်း သူတို့မသိသေးဘူး ဒါကြောင့် လောလောဆယ်မှာ လုပ်ကြံဖို့ မလုပ်ရဲကြသေးဘူး.. ဒါပေမယ့် အတိုင်းအတာ တစ်ခုအထိ သူတို့ ဆာလောင်လာရင် ဒီအခွင့်ကောင်းကို အသုံးချသွားနိုင်တယ်... ခန်းမသခင်ယွိကို ရှာရမယ် မဟုတ်ရင် တောင်နီမယ်မယ်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး"

အချိန်အတော်ကြာ လိုက်ရှာကြည့်တော့ မြို့ထဲမှာ မှိုတွေကသာ တဖြေးဖြေး ပိုများလာတာကို တွေ့လိုက်ရသည်။ အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများကလည်း အုပ်စုငယ်များဖြင့်သာ လှုပ်ရှားဝံ့ကြသည်။

"ငါ့သူငယ်ချင်းလေ... မင်း မသေနိုင်တဲ့ အံ့သြဖွယ်ရာတွေကို မတွေ့ချင်ဘူးလား?"

တံစက်မြိတ်ပေါ်တွင် လူဦးခေါင်းမှိုတစ်ကောင် ပေါ်လာပြီး ချန်ရှီကို ပြုံးပြလိုက်သည်။ ချန်ရှီ ပြုံးပြီး ပြန်ပြောလိုက်သည်။

"ဆရာတော်ဝါးခါး... ခင်ဗျားက နတ်ဆိုးဖြစ်လာပြီး နတ်ဆိုးမျိုးစိတ်တွေကို ပွားနေတာလေ... အမတကျင့်စဥ်ကို ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ"

သူသည် အနီးပတ်ဝန်းကျင်ကို သတိရှိရှိ ကြည့်လိုက်ရာ ညာဘက်ခေါင်မိုးပေါ်၌ လူဦးခေါင်းမှိုတစ်ကောင် ရုတ်တရက် ပေါ်လာပြန်၏။ ချန်ရှီ အံ့သြထိတ်လန့်သွားစဥ် သူ့အနောက်မှာ နောက်ထပ် မှိုတစ်မျိုး ထွက်ပေါ်လာတာ တွေ့လိုက်ရသည်။

ဤလူ့ဦးခေါင်းမှိုသည် ထင်ပေါ်ကျော်ကြားသော ကျင့်ကြံသူ ဖြစ်ခဲ့ပုံရပြီး သူ့ဘက်သို့ ခြေလှမ်းသုံးလှမ်းဖြင့် လှမ်းလာသည်။

"မင်းမှာ ထူးကဲတဲ့ အရည်အချင်းတွေ ရှိတယ် ဒါပေမယ့် မင်းက သာမန်မျက်စိနဲ့ လူပဲ... တာအိုရဲ့ အံ့ဖွယ်တွေကို မင်းမသိဘူး... အခု ငါက လူပြန်ဝင်စားတာဆိုတော့ နတ်တွေရော နတ်ဆိုးတွေရော ဘာပညာမှ မတတ်ဘူး... မှိုတွေက သက်ရှိတွေပဲ မဟုတ်ဘူးလား"

"လူခေါင်းမှို သုံးပွင့်... ဒါဆို ကျင့်ကြံသူ သုံးယောက်ပေါ့..."

ချန်ရှီက လေးနက်စွာပြောသည်။

ရုတ်တရက် မြေကြီး တုန်ခါသွားသည်နှင့် လူခန္ဓာကိုယ်ပါသော ဧရာမမှိုကြီးတစ်ကောင်သည် သူ့ဆီသို့ ရောက်လာလေသည်။ ၎င်းက လက်များ ဖြန့်ကာ လက်ဖဝါးကြီးများဖြင့် ကလေးကစားစရာလို ပတ်ပတ်လည် အိမ်များနှင့် ဆော့ကစားနေသည်။

လူ့ခန္ဓာကိုယ်ရှိသော အခြားမှိုပွင့်ကြီး နှစ်ကောင်သည် အခြားလမ်းနှစ်လမ်းမှ ဆင်းသက်လာ၏။ ၎င်းတို့၏ ဦးခေါင်းနောက်ဘက်တွင် နတ်ကွန်းများ ပေါ်လာပြီး နတ်ကွန်းများတွင် ထိုင်နေသည့် နတ်သန္ဓေသားလေးလည်း ပါလာသည်။

ရုတ်တရက် နတ်သန္ဓေသားက ပါးစပ်ကိုဖွင့်ပြီး ရွှေအမြုတေ ဆေးလုံးကို တံတွေးနဲ့ ထွေးထုတ်လိုက်ရာ ရွှေအမြုတေ သုံးလုံး လေထဲတွင် လွင့်မျောနေ​တော့သည်။

"ရွှေအမြုတေနယ်ပယ် သုံးယောက်တောင် ညစ်ညမ်းနေပြီ......"

ချန်ရှီ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် စိတ်လျှော့လိုက်သည်။

"ငါ့အဖိုး ဆုံးပါးသွားကတည်းက ငါတစ်ယောက်တည်း မှော်ဆရာနဲ့ မတိုက်ဖူးဘူး... ငါ့ရဲ့ မှော်အတတ်ပညာက တပေါက်ဖာ ဘုရားကျောင်းရဲ့ ရွှေရောင်ကိုယ်ထည် ကျင့်စဥ်နဲ့ ယှဉ်နိုင်မလား ဆိုတာတော့ ငါတကယ် သိချင်တယ်!"

လူပုံသဏ္ဍာန်ကြီးမားသော မှိုသုံးကောင်က သူ့ဆီ ပြေးလာနေကြပြီ။

ချန်ရှီ သူ့လက်ကို ဝေ့ယမ်းလိုက်တဲ့အခါ ချီစွမ်းအင်နှင့် ချီသွေးများ ပွင့်ထွက်လာသည်။ ထို့နောက် သူ့ဘေးရှိ အိမ်တံခါးတွင် အဆောင်စာလုံး တစ်ခုကို ရိုက်နှိပ်ထားပြီးသား ဖြစ်သွားသည်။

ဗုန်း!

အိမ်ကြီး တုန်လှုပ်သွားသည်။ အပြင်ဘက်နံရံတွင် အကြေးခွံများ လျင်မြန်စွာ ကြီးထွားလာကာ အိမ်တံခါးသည် သွေးအိုင် ပါးစပ်ကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ အထဲမှ လျှာများက လှည့်ပတ်ပြေးလွှားနေသော ဧရာမ မှိုကြီးတစ်ကောင်ကို လှမ်း၍ ရစ်ပတ်ထားလိုက်သည်။

တစ္ဆေအိမ်အောင်ပွဲခံ အဆောင်စာလုံး!

All Chapters