← Chapters

ဝိညာဉ်ကလေးငယ်က နတ်ဆိုးကို ချိုးဖျက်

Vol. 11 Ch. 160

ဝိညာဉ်ကလေးငယ်က နတ်ဆိုးကို ချိုးဖျက်

Vol. 11 Ch. 160

တစ္ဆေအိမ်အောင်ပွဲခံ အဆောင်စာလုံးဟာ အိမ်တစ်လုံးကို တစ္ဆေအိမ်အဖြစ် ပြောင်းလဲပေးမယ့် အဆောင်လက်ဖွဲ့ တစ်ခုဖြစ်သည်။ အဲဒီအခါ အိမ်က နတ်ဆိုးတစ်ကောင်လို ဖြစ်ပြီး လူတွေကို စားသောက်နိုင်လေသည်။

ချန်ရှီသည် ထူးဆန်းပြီး စိတ်ဝင်စားဖွယ်ကောင်းသော အရာများကို သူ့အဖိုးက ဖန်တီးမှုရတနာစာအုပ်တွင် အဘယ်ကြောင့် မှတ်တမ်းတင်ထားခဲ့သလဲ မသိပါ။ ဒါပေမဲ့ သူ တတ်မြောက်ထားနိုင်တဲ့ အဆောင်စာလုံးတွေ အများကြီးကိုတော့ သင်ယူပြီးပါပြီ။

လူသားစား အကြီးစားမှိုကို လျှာနဲ့ ဖမ်းမိပြီးနောက် ၎င်းသည် အပြင်းအထန် ဆွဲယူဖို့ ကြိုးစားလိုက်တာကြောင့် တစ်အိမ်လုံး ကွဲသွားခဲ့သည်။ တစ္ဆေအိမ်၏ လျှာကို ထုတ်လိုက်သည်နှင့် တပြိုင်နက် ၎င်း၏ခေါင်းထက်တွင် ချန်ရှီမှ သူကိုယ်ပိုင် ချီစွမ်းအင်နှင့် ချီသွေးများဖြင့် ရေးဆွဲထားသော တောင်ကြီးငါးလုံး အဆောင်လက်ဖွဲ့ရဲ့ ပုံသဏ္ဌာန်များ ထွက်ပေါ်လာသည်။

ဗုန်း! ဗုန်း! ဗုန်း!

ကျယ်လောင်လွန်းတဲ့ ဆူညံသံများကို ကြားလိုက်ရပြီး လူသားမှိုကြီးသည် ၎င်း၏မှိုဦးထုပ်များ ကွေးသွားသည်အထိ ဖိချခံလိုက်ရကာ မြေပြင်ပေါ်၌ ဒူးထောက် ကျသွားခဲ့သည်။

ချန်ရှီသည် သူ့လက်ဖြင့် ဓားစွမ်းအင်ကို ဘယ်ညာဖွင့်ကာ တစ်ချိန်တည်းမှာပင် နောက်ထပ် တောင်ကြီးငါးလုံး အဆောင်လက်ဖွဲ့ကို ပြိုကျသွားစေသည်။ နောက်ဆုံးတွင်တော့ ဧရာမမှိုကြီးကို မြေပြင်ပေါ်သို့ လှဲသိပ်နိုင်လိုက်သည်။

နောက်ထပ် မှိုပွင့်ကြီးတစ်ပွင့် ထပ်ပြေးလာသည်။ သူသည် သတ်ပစ်နိုင်သည့် လှုပ်ရှားမှုများနှင့် တစ်ချက်တည်းနဲ့ သေစေနိုင်သော လှုပ်ရှားမှုများဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။

၎င်း၏ မှိုရွှေအမြုတေသည် ၎င်း၏ ရှေ့နှင့်နောက်တွင် ပျံဝဲနေ၏။ ထိုမှိုရွှေအမြုတေက ကြီးမားသော စွမ်းအားများ ပါရှိပြီး စွမ်းအားသည် တခဏချင်းတွင် အကြိမ်ပေါင်းများစွာ တိုးလာကာ မိုးခြိမ်းသံတွေပါ ထွက်ပေါ်လာသည်။

၎င်းကလက်သီးကို ပြန်ရုပ်သိမ်းလိုက်သောအခါ ရွှေအမြုတေကလည်း အနောက်ကို ပြန်ဆုတ်သွားသည်။ ၎င်းသည် ခြေထောက်တစ်ဖက်ကို အရှေ့ လွှဲကန်လိုက်တာနဲ့ ရွှေအမြု​တေကလည်း ထိုအနေအထားအတိုင်း စတင်ကာ ရွေ့လျားကာ ခြေဖနောင့်ဆီသို့ ရောက်ရှိလာကာ ခြေထောက်၏ စွမ်းအားကို အလွန်တိုးလာစေသည်။

၎င်းသည် ခြေထောက်များကို ဆုတ်လိုက်သောအခါ ရွှေအမြုတေက အသင့် အနေအထားသို့ တစ်ဖန်ပြန်လည် ရောက်ရှိသွားပါသည်။

ချန်ရှီမှာ ရွှေအမြုတေ အကူပေးသည့် နည်းလမ်းကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်လေသည်။

"ဒါက ရွှေအမြုတေ ခန္ဓာကိုယ်ကနေ ထွက်သွားပြီးရင် လုပ်နိုင်တဲ့ အကွက်တွေပဲ!"

ချန်ရှီသည် လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး ညာလက်မှ ဓားသိုင်းကို အလင်းထုတ်ကာ ကောင်းကင်ကိုးလွှာ လေမိုကြိုးနဲ့ မိုးကြိုးအဆောင်လက်ဖွဲ့များကို ဆွဲထုတ်လိုက်သည်။

တစ်ဖက်က မှိုပွင့်ကြီး တောက်ပလာတော့မယ့် အချိန်တွင် နောက်ထပ် ဧရာမ မှိုတစ်ကောင်က ခုန်တက်လာပြန်သည်။ ၎င်းက ပေ ဒါဇင်နှင့်ချီသော အမြင့်ကြီးကို ခုန်တက်ကာ မိုးကြိုးအဆောင်လက်ဖွဲ့ကို ကန်ထုတ်ပစ်လိုက်သည်။ မိုးကြိုးအဆောင်လက်ဖွဲ့ အစွမ်းက အဲဒီအချိန်မှာပဲ ပေါက်ကွဲသွား၏။

ချန်ရှီရဲ့ ရည်ရွယ်ချက်မှာ အလွန်ထင်ရှားပါသည်။ ယင်းမှာ ရွှေအမြုတေ ဆေးလုံးလေးကို ဦးစွာ ဖျက်ဆီးရန် ဖြစ်သည်။

သူ့ခန္ဓာကိုယ်ထဲက ရွှေအမြုတေကိုလည်း ထုတ်သုံးနိုင်ပေမယ့် ပြိုင်ဘက်တွေက ရွှေအမြုတေ နယ်ပယ်က "မှိုကျင့်ကြံသူ" သုံးပါး​ဖြစ်ရှိပြီး သူကတော့ တစ်ဦးတည်းမို့လို့ ဘယ်သူကို ရွှေအမြုတေ မသုံးမိအောင် အရင်ဦးဆုံး ဖျက်စီးပစ်ဖို့ပင်။

မမျှော်လင့်ဘဲ ဤ "မှိုကျင့်ကြံသူ" သုံးပါးသည် အလွန်ထက်မြက်သောကြောင့် သူ၏ ကောင်းကင်ကိုးလွှာ လေမိုးကြိုး အဆောင်လက်ဖွဲ့ကို ဦးစွာ ချိုးဖျက်ရမယ် ဆိုတာ သိခဲ့ကြပါသည်။ ဧရာမလူသားမှိုကြီးသည် ကောင်းကင်မှ ဟိန်းဟောက်ကာ လှည့်ပတ်ရင်း ချန်ရှီကို ၎င်း၏ညာဘက်ခြေထောက်ဖြင့် လွှဲကန်လိုက်သည်။

ချန်ရှီကလည်း သူ့ရဲ့​ဘယ်ခြေကို မြှင့်တင်လိုက်သည်။ ချီသွေးတွေက ခြေဖဝါးတွင် တဟုန်ထိုး စုစည်းလာကာ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့က ချက်ချင်း အသက်ဝင်လာသည်။ ညာခြေကို မြှင့်လိုက်တာနဲ့ ချီသွေးတွေကြွကာ နောက်ထပ် သံချပ်ကာမြင်း အဆောင်လက်ဖွဲ့ကလည်း အသက်ဝင်လာပါ၏။

အဆောင်လက်ဖွဲ့ နှစ်ခုရဲ့ တန်ခိုးများ ပေါက်ကွဲသွားသဖြင့် မှိုခြေထောက်ကို ရှောင်ပြေးသွားနိုင်ခဲ့သည်။ ဧရာမမှိုကြီး၏ ညာဘက်ခြေထောက်သည် မြေပြင်ပေါ်သို့ ထိမှန်ကာ အပြာရောင်ကျောက်ပြားချပ်များကို တစ်ခုပြီးတစ်ခု ကွဲအက်သွားကာ မီးခိုးငွေ့များ လေထဲ၌ ပြည့်လျှံသွားသည်။

တစ်ချိန်တည်းမှာပင် ချန်ရှီရဲ့ တောင်ကြီးငါးခု အဆောင်လက်ဖွဲ့ဖြင့် ဖိနှိပ်ခံခဲ့ရသော ဧရာမမှိုကြီးသည် နောက်ဆုံးတွင် တောင်တန်းများကို ဖြိုခွင်းကာ မတ်တပ်ထရပ်လာသည်။ ၎င်းက ချန်ရှီဆီသို့ အပြေးအလွှား ကြွလာကာ လေနှင့် မိုးခြိမ်းအား ရိုက်ချပစ်လိုက်သည်။

ချန်ရှီစိတ်က တွေးပြီးတာနဲ့ သူ့ရှေ့မှာ လေထုပုံစံက ရုတ်ချည်း ရွေ့လျားလာ၏။ သူ့ခြေဖဝါးပေါ်မှာ ပေသို့ခုနှစ်စင်ကြယ်က ပေါ်လာတာကြောင့် လေထဲမှာ ခဏလောက် လမ်းလျှောက်သွားနိုင်ခဲ့သည်။

ဧရာမမှို၏ လက်ဖဝါးကြီး ချန်ရှီနှင့်မထိတွေ့မီ ချန်ရှီခမျာ ၎င်း၏လက်ဖဝါးမှ တိုက်ခတ်လာသော လေပြင်းကြောင့် "လွင့်ပါ" နေပြီဖြစ်သည်။ တခြားမှိုကြီးနှစ်ကောင်က သူ့ကို ထပ်ခါထပ်ခါ တိုက်ခိုက်သော်လည်း လုံးဝ မထိနိုင်ပေ။

လေမိုးကြိုး အဆောင်လက်ဖွဲ့ အသက်ဝင်နေသရွေ့ ၎င်းတို့၏ တိုက်ခိုက်မှုများသည် ချန်ရှီကို အဖန်ဖန် ထိုးနှက်နိုင်​ပေမယ့် မထိရုံသာမက သူ၏ လက်သီး သို့မဟုတ် ကန်ချက်တစ်ချက်မှလည်း မကျရောက်နိုင်ပါ။

ချန်ရှီဟာ လေထဲတွင် ရှိနေပြီး မီးတောက် နှင့် မိုးခြိမ်းသံ အမျိုးမျိုး ထွက်ပေါ်လာသော်လည်း လူသား ဧရာမ မှိုသုံးကောင်၏ တိုက်ခိုက် မှုသည် အလွန်ပြင်းထန်သဖြင့် သူ့မှာ ရန်သူကို ​ပြန်တိုက်ခိုက်ရန် မဖြစ်နိုင်သေးချေ။

ရုတ်တရက် မှိုအကြီးကြီးသုံးကောင်သည် တစ်​ကောင်ပြီးတစ်ကောင် ရပ်တန့်သွားပြီး မလှုပ်မယှက် ရပ်နေလိုက်သည်။ ထိုအချိန်တွင် ချန်ရှီရဲ့ အဆောင်လက်ဖွဲ့ စွမ်းအားများလည်း ကုန်ဆုံးသွားခဲ့ပါပြီ။

ချန်ရှီသည် လေထဲသို့ ခြေလှမ်းအနည်းငယ်လှမ်းကာ လမ်းညာဘက်ခြမ်းရှိ အမိုးခေါင်ပေါ်၌ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။ ထိုအခိုက်တွင် မှိုကြီးသုံးကောင်ကို ထိန်းချုပ်ထားသည့် လူဦးခေါင်း မှိုသုံးကောင်သည် အရက်မူးနေသကဲ့သို့ ဘယ်ညာ ယိမ်းနွဲ့နေကြ၏။

ချန်ရှီဘေးက အကောင်သည် အရပ်ခုနစ်ပေ သို့မဟုတ် ရှစ်ပေမျှသာရှိကာ ပိန်လှီသောခြေသလုံးများနှင့်အတူ သူ၏ဦးခေါင်းကြီးသည် ရုတ်တရက် လဲကျသွားကာ လူးလိမ့်ကာ ခေါင်မိုးပေါ်မှ ပြုတ်ကျသွားသည်။ တခြားလူသားဦးခေါင်း မှိုနှစ်ကောင်သည်လည်း ထိုနေရာတွင် မအူမလည် ရပ်နေ​ကြ၏။

ရုတ်တရက် လူဦးခေါင်းမှိုတစ်ကောင်ရဲ့ ဦးခေါင်းသည် ဖောင်းလာသည်။ တံခါးတစ်ချပ် ဖွင့်လိုက်သကဲ့သို့ ခလုတ်တစ်ခုပေါ်လာကာ လူ့ဦးခေါင်းမှို၏ ဦးခေါင်းခွံက အတွင်းအပြင်မှ ပွင့်သွားသည်။

ပိုးကောင်တစ်ကောင်သည် လူဦးခေါင်းမှို၏ ခေါင်းအတွင်း၌ ထိုင်နေပြီး ဦးနှောက်ကို မြိန်ရေရှက်ရေ စားနေ၏။ အဆစ်များစွာရှိပြီး ခြေထောက်တွေလည်း အများကြီးပင်။ အရှေ့ဆုံးမှ ခြေဖဝါး လေးခုသည် လက်နှစ်ဖက်နှင့်တူသော်လည်း ၎င်းတို့က အလွန်သေးငယ်သည်။

အခုနတုန်းက မှိုဦးနှောက်ထဲကို ရောက်သွားပြီး မှိုဦးနှောက်ကို စားနေခဲ့တာ ဖြစ်ကာ အတွင်းထဲမှာ အိုက်စပ်နေတာကြောင့် လူဦးခေါင်းမှိုကို ဖွင့်လိုက်တာ ဖြစ်လိမ့်မည်။

ဦးနှောက်ပိုးကောင်။

"အဆောင်စာလုံး ဖန်တီးရတနာ စာအုပ်" ထဲတွင် ၎င်းသည် ဖန်တီးမှုအဆင့် ခုနှစ်အဖြစ် အဆင့်သတ်မှတ်ခံထားရသည်။

လူဦးခေါင်းမှိုကို မြိန်ရေရှက်ရေစားရင်း အိမ်ခေါင်မိုးမှ လှိမ့်ဆင်းလာသော လူဦးခေါင်းမှိုထဲမှ ထွက်လာသော ပိုးကောင်တစ်ကောင်လည်း ရှိသေးသည်။

ဦးနှောက်ပိုးကောင်သည် အလွန်အားနည်းသော်လည်း ဖန်တီးမှုများထဲတွင် အဆင့်ခုနစ်သာ ရှိသည်။ ၎င်း၏စွမ်းအားသည် ချန်ရှီ ဖန်တီးလိုက်သော တစ္ဆေအိမ်ထက် အဆပေါင်းများစွာ ညံ့သော်လည်း ၎င်းကို မှန်ကန်စွာအသုံးပြုပါက အံ့သြဖွယ်ရလဒ်များ ရရှိလာနိုင်သည်။

ဤလူသားပုံသဏ္ဌာန် မှိုသုံးမျိုး၏ ဦးနှောက်များသည် လူဦးခေါင်းမှိုသုံးမျိုး ဖြစ်သည်။ ၎င်းတို့ရဲ့ မျက်လုံးများကလည်း မှိုမျက်စိများသာ ဖြစ်သည်။

ချန်ရှီ လူဦးခေါင်းမှိုသုံးကောင်ကို တိုက်ခိုက်သောအခါ ဦးနှောက်ပိုးကောင်များက အခွင့်ကောင်း ယူကာ လူမှိုခေါင်းများအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ၎င်းတို့၏ ဦးနှောက်ကို ကိုက်စားခဲ့ပြီး လူဦးခေါင်းမှိုများကို ထိန်းချုပ်မှု ဆုံးရှုံးသွား​စေခဲ့သည်။

ရုတ်တရက် ကျယ်လောင်လောင်လောင် အသံနက်​ကြီးတစ်သံ ကြားရပြီး လူပုံသဏ္ဌာန်ရှိသော ဧရာမမှိုကြီး သုံးကောင်၏ ထီးအဖုံးများ ပွင့်ထွက်ကာ ထူထပ်သော ပိုးမွှားများကို ဖြန်းခနဲ ပြေးထွက်လာ​တော့သည်။

ဧရာမလူသားမှိုသည် အိုမင်းရင့်ရော်နေတဲ့ အပင်တစ်ပင်လို လျင်မြန်စွာ ညှိုးနွမ်းသွားလေ၏။ ၎င်းတို့က မြေပြင်ပေါ်သို့ လဲကျကာ အနက်ရောင် ရေကန်ငယ်များလို ပြောင်းလဲသွား​တော့သည်။

ချန်ရှီသည် ဤပိုးမွှားများ အနားရောက်မလာအောင် ဖုန်မှုန့်သန့်စင်သော အဆောင်လက်ဖွဲ့ကို အလျင်စလို ရေးဆွဲလိုက်သည်။

"မင်း အရမ်းတော်တယ်..."

ဦးနှောက်ပိုးကောင်များဆီက အကိုက်ခံထားရသည့် တတိယလူ၏ ဦးခေါင်းမှိုသည် ရုတ်တရက် ခေါင်းထောင်ထလာကာ ချန်ရှီကို မျက်နှာပေါ်က ထူးဆန်းသော အပြုံး​ကြီးဖြင့် လှမ်းကြည့်လိုက်သည်။

"ငါ့သူငယ်ချင်း​လေး... မင်းအရမ်းတော်တယ် မင်းရဲ့အခြေခံအုတ်မြစ်၊ လိုက်လျောညီထွေရှိမှုနဲ့ မှော်စွမ်းအားတွေက အားလုံး ပြီးပြည့်စုံတယ်... မင်းမှာ ငါ့ဝိညာဉ် အကောင်လေးဖြစ်ဖို့ မျှော်လင့်ချက် အကြီးကြီး ရှိတယ်"

ထိုလူဦးခေါင်းမှိုသည်လည်း ရုတ်တရက် တွန့်သွားကာ အနက်ရောင် ရေအိုင် ဖြစ်သွားသည်။ ဦးနှောက်ပိုးကောင် သုံးကောင်က ဦးနှောက်စားရန် ရှာဖွေနေဆဲ အချိန်၌ ရုတ်တရက် ဓားစွမ်းအင်သုံးခုက ၎င်းတို့သုံးကောင်ကို ဖြတ်ပစ်လိုက်သည်။

ချန်ရှီသည် အိမ်ခေါင်မိုးခေါင်ပေါ်တွင် ရပ်နေကာ သူ့လက်သီးကို ဆုပ်လိုက်ရာ ဓားစွမ်းအင်သုံးမျိုး ပျောက်ကွယ်သွားလေသည်။ အဝေးက တရှင်းချန် ဘုရားကျောင်းဆီသို့ လှမ်းကြည့်ရင်း မျက်လုံးများက မှေးသွားသည်။

"ဆရာတော်ဝါးခါးက တကယ် နတ်ဆိုးဖြစ်သွားတာလား?"

သူသာ နတ်ဆိုးဖြစ်သွားပါက လူဝင်စားသော ဝိညာဉ်​လေးကို ဘာကြောင့်များ ရှာနေသေးတာလဲ။ ဘုန်းကြီးဝူချန်က သူ စီစဉ်ထားပြီးသား လူဝင်စားဝိညာဉ် မဟုတ်ဘူးလား။ သူက နတ်ဆိုးမဖြစ်ခဲ့လျှင် ဒီနတ်ဆိုးနယ်မြေကို ဘယ်လိုလုပ် ဖန်တီးနိုင်မှာလဲ။

ချန်ရှီ အိမ်ခေါင်မိုးပေါ်မှ ခုန်ဆင်းပြီး ရွှေအမြုတေကို ချက်ချင်း လွှတ်ထုတ်လိုက်တဲ့အခါ သူ့ခေါင်းထက်က ကောင်းကင်တံခါးမှ ပျံထွက်လာကာ သူ့ရှေ့က ဝမ်းဗိုက်အောက်နားကို ရောက်လာသည်။

ဧရာမမှိုကြီး လှုပ်ရှားသွားတဲ့အတိုင်း လိုက်လှုပ်ရှားဖို့ ကြိုးစားလိုက်တဲ့အခါ ရွှေအမြုတေ ဆေးလုံးလေးက ဝမ်းဗိုက်အောက်နားမှ ပြေးတက်လာပြီး လက်မောင်းဆီသို့ လှည့်ကာ လက်မောင်းတစ်လျှောက် ရှေ့သို့ ပြေးထွက်သွားခဲ့သည်။

ဗုန်း!

မိုးခြိမ်းသံသည် လမ်းတစ်ဖက်မှ အခြားတစ်ဖက်အထိ ဗုန်းကနဲ ရိုက်ခတ်သွား၏။ ချန်ရှီ လန့်သွားသည်။ မိုးခြိမ်းသံ တုန်ခါသွားတာနဲ့ နှစ်ဖက်စလုံးရှိ ပြတင်းပေါက် ကြွေပြားများ တုန်ခါသွားသည်။

"တပေါက်ဖာ ဘုရားကျောင်းရဲ့ ရွှေရောင်ကိုယ်ထည် တိုက်ခိုက်ရေးနည်းက တကယ်ကို အစွမ်းထက်တာပဲ... ရွှေအမြုတေ ဆေးလုံးလေးကို သုံးရုံနဲ့ ငါ့လက်သီးတွေရဲ့ အစွမ်းကို တိုးမြှင့်ပေးတယ်... အကြိမ်ပေါင်းများစွာ ထိုးနိုင်သလိုပဲ!"

ချန်ရှီ လေကို ရှုရှိုက်လိုက်ပြီး သူ့မျက်လုံးများကို ခေတ္တ မှိတ်ထားလိုက်သည်။

"ပေ၆၀ ရွှေခန္ဓာကိုယ်ရဲ့ တိုက်ခိုက်နည်းကို ငါတကယ် တွေ့ချင်လာပြီ !"

တရှင်းချန် ဘုရားကျောင်း။

ဘုရင်ခံ ဖေ့ထျန်းကျန့်၊ စစ်ဦးစီးရှ၊ မာထီရှင်နဲ့ တခြားသူများသည် ဘုရားကျောင်း အပြင်ဘက်သို့ ရောက်ရှိလာကြပါပြီ။ ကျောင်းတော်ထဲမှ ကောင်းကင်အထက်သို့ ရွှေရောင်အလင်းတန်းများ ထွက်လာတာကို ကြည့်လိုက်ရာ ဘုရားကျောင်းထဲတွင် "ဗုဒ္ဓမြတ်ကြာပန်း" ဟု အသံထွက်သည့် စစ်မှန်သော သုတ္တန်ကို ရွတ်နေသကဲ့သို့ ကြီးကျယ်ခမ်းနားသော ရွတ်ဖတ်သံများ ထွက်ပေါ်လာ​လေသည်။

လူတိုင်းသည် သူတို့အနောက်က နတ်ဝိညာဉ်များနှင့်အတူ မတ်တပ်ရပ်နေကြ၏။ ဖေ့ထျန်းကျန့်ရဲ့ နတ်ဝိညာဉ်သည် လက်တစ်ဖက်က ဝိညာဥ်တစ်သောင်းအလံကို ကိုင်ဆောင်ကာ ကျန်တစ်ဖက်မှာတော့ ကုံကျိုး မြေပြင်စာအုပ်ကို ကိုင်ထားသည်။

"လူကြီးမင်းတို့ နတ်ဆိုးနယ်မြေကို ဖြတ်ကျော်နိုင်မလားဆိုတာ ဒီတစ်ချက်အပေါ်မှာ မူတည်တယ်!"

ဖေ့ထျန်းကျန့် အော်လိုက်ပြီးနောက် ကုံကျိုး မြေပြင်စာအုပ် ပျံတက်လာသည်။ နောက်အခိုက်အတန့်မှာတော့ ကုံကျိုးရဲ့ နယ်မြေ ၆၇ ခုကို ပြည့်စုံတဲ့ ပထဝီဝင်မြေပုံတစ်ခုအဖြစ် လေထုထဲမှာ အလိုအလျောက် ပေါင်းစပ်လိုက်သည်။

လူတိုင်းက အော်ဟစ်လိုက်ကြပြီး မှော်စွမ်းအားတွေ ထွက်လာကာ ရတနာတွေကိုပါ ထုတ်လိုက်ကြသည်။ ကုံကျိုး မြေပြင်စာအုပ်ဟာ တရှင်းချန် ဘုရားကျောင်းကို တန်ခိုးကြီးမားစွာ ဖိနှိပ်နေတာကို တွေ့နေရပါပြီ။ ထိုအချိန်တွင် ရွှေရောင်အလင်းတန်းက လေထုကို တုန်လှုပ်သွား​စေပြီး နတ်ဆိုးနယ်မြေ တစ်ခုလုံးအား ပြင်းထန်စွာ ပြောင်းလဲသွား​စေခဲ့သည်။

ကုံကျိုးမှ အသက်ရှင်ကျန်ရစ်သူ အားလုံးနီးပါးသည် ဤပြင်းထန်သော ရောင်ဝါကို သတိပြုမိကြတာကြောင့် တစ်ယောက်စီသည် တရှင်းချန် ဘုရားကျောင်းရှိရာသို့ စိတ်ရှုတ်ထွေးစွာ ကြည့်နေကြသည်။

ဖေ့ထျန်းကျန့်၊ စစ်ဦးစီးရှနှင့် အခြားသူများသည် မြေပြင်စာအုပ်ရဲ့ စွမ်းအားကို ပထမဦးဆုံးအကြိမ် နှိုးဆွဖူးတာ ဖြစ်သည်။ ယခင်ကတော့ ဆရာတော်ဝါးခါးရဲ့ စွမ်းအားနယ်ပယ်ကို အနည်းငယ် ကြောက်လန့်ခဲ့ကြသော်လည်း ယခု ဒီစာအုပ် ရှိနေတော့ ယုံကြည်မှု ရှိသွားကြပါပြီ။

မြေပြင်စာအုပ်များသည် အနောက်နွားရှင်းကျိုးရဲ့ အမြင့်မြတ်ဆုံး တော်ဝင်အာဏာကို ကိုယ်စားပြုပါသည်။

ဘုရင်ကျန်းက အနောက်နွားရှင်းကျိုးရဲ့ တောင်နှင့်မြစ်၏ ပထဝီဝင်မြေပုံကို ၎င်း၏အုတ်ဂူသို့ ယူဆောင်သွားပြီးနောက် ပထဝီဝင်မြေပုံ မရှိတဲ့နောက် ရွာနှင့် မြို့များကို အုပ်စိုးမှု ဆုံးရှုံးခဲ့ရသည်။ ခရိုင်နှင့် ခရိုင်များကို မအုပ်ချုပ်နိုင်သောကြောင့် အစိုးရအဖွဲ့မှ လူများကို ကမ္ဘာကို တိုင်းတာရန် အမိန့်ပေးကာ တောင်တန်းမြစ်များ၏ ပထဝီဝင်ကို ရေးဆွဲကာ မြေယာဖန်တီးမှု စာအုပ်ပေါင်း ငါးဆယ်ကို တိုင်းနှင့်ပြည်နယ်များအလိုက် ရေးသားခဲ့သည်။

ဤရတနာသည် နယ်မြေလုံခြုံရေးအတွက် ပြည်နယ်တစ်ခုစီ၏ ဘုရင်ခံများထံ လွှဲပြောင်းပေးထားသည်။ ခရိုင်တစ်ခုစီ၏ ခရိုင်တရားသူကြီးများကို ထိန်းချုပ်ရုံသာမက ကျေးရွာနှင့် မြို့အသီးသီး၏ ကန့်ညောင်များကိုပါ ထိန်းချုပ်နိုင်သည်။

ဘုရင်ခံတစ်ယောက်မှာ မြေ​ပြင်စာအုပ်ကို အသုံးပြုခွင့် နည်းပါ၏။ ရွေးချယ်စရာ မရှိတာမျိုး မဟုတ်ပါက ဖေ့ထျန်းကျန့်နဲ့ တခြားသူများသည် မြေ​ပြင်စာအုပ်ကို ထုတ်သုံးလိမ့်မည် မဟုတ်ပေ။ ကြီးမားသော စွမ်းအားဖြင့် ကုံကျိုး မြေပြင်စာအုပ်သည် တရှင်းချန် ဘုရားကျောင်းထဲသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

မှိုခေါင်းအဖြစ်သို့ ပြောင်းလဲသွားသော ကျောင်းတော်ရှိ ရွှေဘုရားကြီးသည် မြေပြင်စာအုပ်ကို တားဆီးထားရန် သူ့လက်ကို မြှောက်ထားလိုက်သည်။

ဗုန်း!

တရှင်းချန် ဘုရားကျောင်းထဲမှ နေထွက်သလိုမျိုး တောက်ပနေတဲ့ ရွှေရောင်အလင်းတန်းတွေ ထွက်လာစဥ် အရာအားလုံး မှိန်သွားခဲ့သည်။ ဘုရားကျောင်းကို လှမ်းကြည့်​နေသူတိုင်းသည် ကမ္ဘာကြီးကပဲ မှောင်မိုက်သွားခဲ့သလို လိုက်လျောညီထွေ ဖြစ်သွားအောင် လုပ်ဖို့ အချိန်အတော်ကြာသွား၏။

ရွှေလက်တော်သည် မြေပုံစာအုပ်ကို ဆုပ်ကိုင်လိုက်ရာ မြေပုံစာအုပ်သည် တဆတ်ဆတ်တုန်ခါကာ အဆုံးမသတ်နိုင်သော စွမ်းအင်များ ပေါက်ထွက်လာပေသည်။

ဖေ့ထျန်းကျန့်တို့ရဲ့ မျက်နှာများ နီရဲလာကြသည်။ မြေပုံစာအုပ်ကို အသက်သွင်းရန် အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း မြေပုံစာအုပ်ရဲ့ စွမ်းအားသည် တဖြည်းဖြည်း ဖိသိပ်ခံလာရကာ ကြီးမားတဲ့ စွမ်းအားတစ်ခုက စာအုပ်ထဲသို့ တရွေ့ရွေ့ တွန်းပို့ခံနေရဆဲ ဖြစ်လေ၏။

ဖေ့ထျန်းကျန့်နဲ့ အခြားသူများ၏ မျက်နှာများသည် သွေးတွေ ပေါက်ထွက်လာတော့မလို့ နီရဲနေပြီး ပါးစပ်ထောင့်မှလည်း သွေးများထွက်ကျနေပါသည်။

ထိုအချိန်တွင် အလယ်က မှိုခေါင်းပေါက်နေသည့် ဧရာမ မှိုတစ်ကောင်သည် ဆရာတော်ဝါးခါးရဲ့ မျက်နှာအသွင်ဖြင့် ပေါ်လာခဲ့၏။

လူတိုင်းရဲ့ မျက်လုံးထောင့်များ ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ဖေ့ထျန်းကျန့် သူ့လက်ကို မြှောက်လိုက်ပြီး ဝိညာဉ်တစ်သောင်းအလံကို ရုတ်ခြည်း မြှောက်လိုက်ရာ ယင်ဝိညာဥ် ထောင်ပေါင်းများစွာသည် အလံများထဲမှ ပျံထွက်လာပြီး ထိုမှိုဦးခေါင်းဘီလူးကြီးများကို ကိုက်ခဲလိုက်သည်။

"အော်မီတော်ဖော်!"

လူဦးခေါင်းမှိုသည် မြတ်စွာဘုရား၏ ဂုဏ်တော်ကို ရွတ်ဆိုလိုက်သည်။ ပေတစ်ထောင်ရှည်သော ဗုဒ္ဓမြတ်စွာဘုရား၏ ရွှေရောင်အလင်းတန်းသည် အရပ်မျက်နှာ အသီးသီးတို့၌ ထွန်းလင်းတောက်ပနေသဖြင့် ယင်ဝိညာဥ် တစ်သောင်းကို အလံထဲ ပြန်လည် တွန်းပို့ပစ်ခဲ့သည်။

တွေးမနေဘဲ ဖေ့ထျန်းကျန့်သည် တခြားသူများ လှည့်ကြည့်ကာ အော်ပြောလိုက်သည်။

"ထားခဲ့တော့! သွားစို့ ---"

မြေပုံစာအုပ်ကို ပြန်ယူဖို့ လူတိုင်း ဂရုမစိုက်နိုင်တော့ဘဲ ထွက်ပြေးသွားကြသည်။ တရှင်းချန် ဘုရားကျောင်းကို စောင့်ကြပ်နေသော မှိုခေါင်းဘုန်းကြီးတစ်ဖွဲ့သည် ဘယ်ညာတွင် ရပ်နေပါသည်။

လူ့ဦးခေါင်းမှိုက မလိုက်သွားဘဲ ကျောင်းတော်သို့ ပြန်လှည့်သွားကာ မြေပုံစာအုပ်ကို နှိပ်ကွပ်ရန် ဧရာမမှိုဦးခေါင်း ဗုဒ္ဓလက်ထဲ၌ ချုပ်ကိုင်ထားလေသည်။ ၎င်းက ပြုံးပြုံးကြီးဖြင့်။

“တပည့်ကောင်းလေး... ဒီဆရာက နောက်ထပ် ဝိညာဉ်ကောင်လေးကို ရှာတွေ့ပြီ သူ့အရည်အချင်းတွေက မင်းထက်တောင် ပိုကောင်းသေးတယ်”

"ဂုဏ်ယူပါတယ် အရှင်ဘုရား..."

ဘုန်းကြီးဝူချန်က ရိုသေစွာကြည့်ကာ အမှောင်ထဲတွင် ထိုင်နေ၏။ လူဦးခေါင်းမှိုက ပြုံးပြီး ထပ်ပြောသည်။

"ဖုန်မှုန့်အမှုန်အမွှားတွေက ကမ္ဘာကြီးကို ရောင်ပြန်ဟပ်ပြီး ခဏတာ ထာဝရ ပါ၀င်တယ်တဲ့... လူသားတွေက ဖုန်မှုန့်တွေလိုပဲ ဖုန်မှုန့်တွေကနေ မွေးဖွားလာကြတာ.. သူတို့ရဲ့ဘဝက ခဏတာလေးပဲ တည်တံ့တယ်... တပည့်လေး ထာဝရကို ဘယ်လိုရနိုင်မလဲဆိုတာ သိလား"

ဘုန်းကြီး ဝူချန်က ဦးညွှတ်ပြီး "တပည့် မသိပါဘူး"

လူဦးခေါင်းမှိုက လေထဲ လွင့်ပျံလာသည်။

"အဲဒါက နောက်ထပ်အခိုက်အတန့်ကို ရှာပါတဲ့... တစ်ခဏက တခြားအခိုက်အတန့် တစ်ခုနဲ့ ဆက်စပ်နေတာ... ဆက်ပြီးသွားရင် ထာဝရဖြစ်လိမ့်မယ်"

၎င်းကလွင့်ပျံပြီး အဝေးကို ပြေးထွက်သွားသည်။

"နောက်အခိုက်အတန့်ကို ရှာကြည့်ရအောင်!"

ဘုန်းကြီးဝူချန်သည် သက်ပြင်းတစ်ချက်ကို ရှုရှိုက်လိုက်သည်။ သူ့တစ်ကိုယ်လုံး ချွေးတွေက မိုးရေလိုပဲ ရွှဲစိုနေ၏။ အခုနက သူတကယ်ကို အကြောက်လွန်သွားကာ သူ့ကိုယ်သူ ဆရာရဲ့ ဝိညာဉ်အကောင်လေး ဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့လေသည်။

ယခုမူ ဆရာက ပို၍သင့်လျော်သော ဝိညာဉ်အကောင်လေးကို ရှာတွေ့ပြီဟု ထင်ရပါသည်။

"ငါ့ထက် အရည်အချင်း ပိုကောင်းတဲ့သူက ဘယ်သူလဲ"

ချန်ရှီသည် ယွိထျန်းချန် အသွင်ပြောင်းထားသော ယုန်ကြီးအတွက် မြို့ကို ပတ်နေဆဲဖြစ်သည်။

"ယွိထျန်းချန် အသွင်ပြောင်းထားတဲ့ နတ်ဆိုးက အမွေးမရှိတဲ့ ယုန်ကြီးပဲ.. တစ်ယောက်ယောက်သာ သူ့ကိုမြင်ရင် ယုန်တစ်ကောင်ဆိုပြီး ကင်စားပစ်လိမ့်မယ်..."

ချန်ရှီသည် မြို့ထဲတွင် မှိုဦးခေါင်းဘီလူးကြီးများဟာ နေရာတိုင်းတွင် အဖမ်းခဲရပြီးနောက် လှောင်အိမ်ထဲတွင် အထည့်ခံထားကြရတာ တွေ့လိုက်ရသည်။ သူသည် ဤမှိုခေါင်းများကို ဂရုတစိုက်ရှောင်ရင်း ရုတ်တရက် အခြားလမ်းတစ်ခုထက် ကောင်းကင်တွင် ရပ်နေသော နားရွက်တစ်စုံကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားသည်။

"အဲဒါ ခန်းမသခင်ပဲ!"

ယွိထျန်းချန်၏ ဆိုးသွမ်းသော အသွင်ပြောင်း ယုန်၏ နားရွက်ပေါ်တွင် အမွေးမရှိပေ။ ချန်ရှီ အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်ကာ ပြုံးပြလိုက်သည်။

"ခန်းမသခင်ယွိ!"

ထွားကျိုင်းသော ယုန်ကြီးသည် သူ့အသံကိုကြားသည်နှင့် ချက်ချင်း အမြန် ထွက်ပြေးချင်နေတော့သည်။

"တောင်နီမယ်မယ်ရဲ့ စွမ်းအားတွေ ကုန်ဆုံးသွားပြီ...ခင်ဗျား ထွက်ပြေးရင် တောင်နီခန်းမထဲက လူတိုင်း သေကုန်လိမ့်မယ်!"

ရုပ်ဆိုးသော ယုန်လည်း ရပ်တန့်ကာ မျက်နှာကို လက်ဖြင့်အုပ်ရင်း ခေါင်းငိုက်စိုက်ချနေသည်။ ၎င်းက ချန်ရှီကို ပြန်ကြည့်ဖို့ ဝံ့မရဲ ဖြစ်နေ၏။

ချန်ရှီက ပြုံးပြီး: "ခန်းမသခင် ကျွန်တော် အရင်က မတွေ့ဖူးတဲ့ နတ်ဆိုးမျိုး မရှိပါဘူး...ခင်ဗျား လက်တွေကို ချလိုက်ပါ..."

ထူးဆန်းသောယုန်လည်း သူ့လက်တွေကို ချလိုက်သည်။ ချန်ရှီမှာ ယုန်ရဲ့ ရှည်လျားသော ယုန်သွားနှစ်ချောင်းကို မြင်သောအခါ သူ့နှလုံးသားက ရုတ်တရက် ခုန်သွား၏။

"ဒါကိုတော့ တစ်ခါမှမမြင်ဖူးဘူး"

ထိုအချိန်တွင် ထူးဆန်းသောယုန်၏ ခန္ဓာကိုယ်သည် သေးငယ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က ပြန်လည် ကောင်းမွန်လာကာ မကြာမီမှာပင် အရပ်ရှည်ရှည်၊ ထူးဆန်းသော ပုံစံအဖြစ်မှ ယခင်ပုံစံအတိုင်း ပြန်လည် ရောက်ရှိသွားခဲ့သည်။

ယွိထျန်းချန် အံ့အားသင့်ပြီး ပျော်ရွှင်နေ၏။ သူ့ရဲ့ နတ်ဆိုးသဘာဝကို ဘယ်လိုလုပ် ဖိနှိပ်နိုင်ခဲ့သလဲ နားမလည်လိုက်ချေ။ ထိုအခိုက် သူ့နောက်မှ ခြေသံ တဖျပ်ဖျပ် ကြားနေရသည်။

ချန်ရှီသည် သူ့မျက်နှာပေါ်က ထိတ်လန့်နေသော အကြည့်ကြောင့် လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ ဘုန်းကြီးတစ်ပါးနှင့်တူသော မှိုတစ်ကောင်က သူ့ဆီ လျှောက်လာနေတာ တွေ့လိုက်ရသည်။

"ဝိညာဉ်ကလေး... မင်းငါ့ဝိညာဉ်ကို ခံနိုင်ရည်ရှိမယ်လို့ ငါမျှော်လင့်တယ်..."

ဘုန်းကြီးဦးခေါင်းမှိုမှ ထူးဆန်းသော အပြုံးတစ်ခု ပြသပြီး အလင်းတန်း​ကြီးတစ်ခု ထိုးကျလာ၏။ ယွိထျန်းချန် အလန့်တကြား အော်ဟစ်ရင်း ချန်ရှီလက်ကို ဖမ်းဆုပ်လိုက်သော်လည်း အလင်းစီးကြောင်းက ချန်ရှီရဲ့ မျက်ခုံးထဲသို့ စိမ့်ဝင်သွားပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီ။

ချန်ရှီသည် နေရာတွင်ပင် အေးခဲသွားပြီး မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ မလှုပ်ရှားနိုင်တော့ပေ။ ခဏအကြာတွင် ချန်ရှီရဲ့ မျက်ခုံးအလယ်မှ အလင်းတန်းများ ပြန်ပြေးထွက်လာကာ လမ်းတစ်လျှောက် လှိမ့်ကာ ဆန့်ကျင်ဘက် နံရံကို ထိမှန်သွားသည်။

ဗုန်း!

နံရံ​ကြီး ပြိုကျသွားသည်။

ဖုန်မှုန့်တွေ ကင်းစင်သွားချိန်မှာတော့ ယွိထျန်းချန်သည် ထိုဘုန်းကြီးရဲ့ ဦးခေါင်းနဲ့ မျက်နှာဟာ အမည်မသိ တစ်ခုခုကြောင့် ရိုက်နှက်ခံထားရပြီး ရောင်ရမ်းနေတာကို တွေ့လိုက်ရပါ၏။

ဘုန်းကြီးသည် လှည့်၍ ကုန်းထလာသော်လည်း အဆက်မပြတ် ချောင်းဆိုးနေတာကြောင့် ရွှေသွေးများ ပါးစပ်နှင့် လေထဲ လွင့်သွားသည်။

"ဝိညာဉ်ကလေး... သတိပင်လယ်ထဲမှာ မင်းဘာတွေ ဖွက်ထားတာလဲ"

ဘုန်းကြီးမှိုရဲ့ အသံက အဝေးကနေ ထိတ်လန့်တကြားနဲ့ ထွက်ပေါ်လာသည်။

All Chapters