← Chapters

ဒုတိယရွေးချယ်မှု

Vol. 11 Ch. 161

ဒုတိယရွေးချယ်မှု

Vol. 11 Ch. 161

"ငါ့အသိစိတ် ပင်လယ်ထဲမှာ ဝှက်ထားတဲ့အရာတစ်ခု ရှိတယ်... ငါ့အသိစိတ် ပင်လယ်ထဲမှာ ဝှက်ထားတဲ့ အရာတစ်ခု ရှိတယ်တဲ့လား... ငါဘယ်လိုလုပ် သိမှာလဲ အသိစိတ်ပင်လယ်က ဘယ်မှာလဲ"

ချန်ရှီသည် ဘုန်းကြီးဦးခေါင်းမှိုက ရောင်ကိုင်းနေကာ တစ်စုံတစ်ရာ ထွက်လာတော့မလိုကြီး မိမိနဖူးမှာလည်း ဖောင်းကားနေတာကိုသာ ခံစားလိုက်ရသည်။

ဒါ အသိစိတ်ပင်လယ်လား?

ခဏအကြာတွင် အနှီထူးဆန်းသော ခံစားချက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ဆရာတော်ဝါးခါးသည် သူ့အသိစိတ် ပင်လယ်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် အရိုက်ခံရသကဲ့သို့ ထိတ်လန့်တကြား ပြေးထွက်လာခဲ့သည်။ ၎င်းရဲ့ အလျင်စလို ထွက်ပြေးလာတဲ့ ပုံစံက သူ့အသိစိတ်ထဲတွင် ထူးထူးဆန်းဆန်း အရာတစ်ခုခု ရှိနေနိုင်သည်ဟု ခံစားသွားရစေသည်။

ထိုအချိန်တွင် ယွိထျန်းချန်သည် သူ့ခန္ဓာကိုယ်ရှိ မကောင်းသော သဘာဝကို မထိန်းချုပ်နိုင်တော့ဘဲ အသွေးအသားများ ကြီးထွားလာပြီး သန်မာသော ယုန်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြန်သည်။

ယခင်က ဆရာတော်ဝါးခါးရဲ့ နတ်ဆိုးစွမ်းအင်ကို နှိမ်နင်းခဲ့သော်လည်း ယခုတွင် ဆရာတော်ဝါးခါး လွတ်မြောက်သွားသောအခါတွင် သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုး သဘာဝကိုလည်း မနှိမ်နင်းနိုင်တော့ဘဲ နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

သူ စိတ်ရှုပ်သွားပြီး သူ့စိတ်သူ မထိန်းနိုင်တော့ဘဲ ဒေါသတကြီး ဟောက်ပြီး ချန်ရှီကို အမဲသားမုန့်လို ထိုးသတ်တော့မယ့်အခိုက် ရုတ်တရက် ချန်ရှီက အော်လိုက်သည်။ ယွိထျန်းချန်လည်း ထိုအသံကြောင့် နိုးလာပြီး အဓိပ္ပါယ်ပြန်ရလာကာ သူသည် လက်သီးများကို အမြန်ပိတ်ကာ ထိတ်လန့်တကြားအော်ကာ လှည့်ထွက်ပြေးသွားခဲ့သည်။

ချန်ရှီ: "ခင်ဗျား ထွက်သွားပြီးရင် တောင်နီမယ်မယ်ကို ကာကွယ်မယ့်သူ မရှိဘူး...သူမ မကြာခင်မှာ အစားခံရလိမ့်မယ် တောင်နီခန်းမလည်း ပြိုကျပြီး အဆောင်ဆွဲဆရာတွေ အားလုံး သေရလိမ့်မယ်!"

ယွိထျန်းချန် ရပ်လိုက်​ပြန်ပြီး "ငါက ရုပ်ဆိုးတယ် ဆိုးတယ် အန္တရာယ်ရှိတယ်..."

သူ့အပြောအဆိုကို ထိန်းချုပ်ရန် ခက်ခဲလာသလို အလွန်နှေးကွေးစွာ ပြောလာသည်။

"အဲဒါက အရေးမကြီးဘူး!"

ချန်ရှီက သူဘာကိုဆိုလိုသလဲ နားလည်တာကြောင့် ပြုံးကာ ပြောလိုက်သည်။

"ဒီလိုပြောင်းလဲထားရင် ယွိထျန်းချန်မှန်း ဘယ်သူမှ မသိနိုင်တော့ဘူး... စိတ်မပူပါနဲ့ ခင်ဗျားရဲ့ဆိုးညစ်တဲ့ သဘောသဘာဝကို ထိန်းချုပ်ဖို့ နည်းလမ်း ကျွန်တော့်မှာ ရှိတယ်... ကျွန်တော် ခင်ဗျားကို ပြန်ခေါ်သွား​ပေးမယ်..."

ဒါကိုကြားတော့ ယုန်ကြီးက သူ့နောက်ကို တစ်လှမ်းပြီး တစ်လှမ်း လိုက်လာသည်။ သူက ဒေါသတကြီးဖြင့် ချန်ရှီရဲ့ လည်ပင်းကို လှမ်းဆွဲလိုက်ပေမယ့် ချန်ရှီက ခံနိုင်ရည်ရှိနေတုန်းပါပဲ။ လူငယ်လေးက အရှေ့မှာ လမ်းလျှောက်နေရင်း သူ့ကိုယ်သူ ရေရွတ်နေသည်။

"ထူးဆန်းတယ်... ဆရာတော်ဝါးခါးက တကယ် နတ်ဆိုးအသွင်ပြောင်းရင် သူ့ကိုယ်သူ ဘယ်လိုထိန်းလဲ... သူက နတ်ဆိုးအသွင်ပြောင်းရင် သူ့ကိုယ်သူ နတ်ဆိုးမျိုးစေ့အဖြစ်နဲ့ ရက်ပေါင်းတစ်ရာကြာမှ နတ်ဆိုးအသွင် ပြောင်းသွားမှာ... ငါ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ မလိုအပ်ဘူး... ငါ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားရင် နောက်တစ်ကြိမ် လေ့ကျင့်ဖို့ လုပ်နေရဦးမှာလေ... ခင်ဗျား ပြောကြည့်ကြည့်!... ဟုတ်တယ်မလား? ခန်းမသခင်ယွိ! "

ယုန်ကြီးသည် သူ၏ မကောင်းသော သဘောသဘာဝကို မထိန်းနိုင်တော့ဘဲ သူ့လက်များက ချန်ရှီလည်ပင်းနောက်သို့ ရောက်ရှိလာသည်။ သို့သော် ချက်ချင်း လန့်နိုးလာပြီး လက်ကို အမြန်ရပ်လိုက်သည်။

ချန်ရှီကတော့ သူ့ကို သတိမထားမိပုံရပြီး "နတ်ဆိုးအသွင်ပြောင်းတာက သူ့အပေါ်ကို လရောင် တောက်ပနေလို့ နတ်ဆိုးသဘာဝကို မထိန်းချုပ်နိုင်လို့ ဖြစ်လာတာ...အဲဒါက မိုင်တစ်ရာပတ်ပတ်လည်ကို နတ်ဆိုးနယ်မြေ ဖြစ်အောင် ပြောင်းလဲလိုက်တာ... နတ်ဆိုးလမ်းကြောင်းကို ပြီးမြောက်စေဖို့ဆို မိုင်ရာနဲ့ချီ စတေးရတယ်... နတ်ဆိုးမျိုးစေ့တွေကို အာဟာရအဖြစ် သုံးရမှာ ငါ့ကို ဖမ်းထားဖို့ လုံးဝ မလိုဘူး…ဟုတ်တယ်နော် ခန်းမသခင်ယွိ!”

သူ့နောက်က ယုန်သည် ရက်စက်ကြမ်းကြုတ်သော မျက်နှာကြီးဖြင့် ပါးစပ်ကို ဖွင့်လိုက်ပေမယ့် "ခန်းမသခင်ယွိ" ဟူသော စကားကို ကြားသောအခါ သူပြန်နိုးလာပြီး ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

ချန်ရှီ ရပ်လိုက်ပြီး :"ဆရာတော်ဝါးခါး နတ်ဆိုးအဖြစ် မပြောင်းသွားတာ ဖြစ်နိုင်တယ်လို့ ခင်ဗျားရော ထင်လား"

ယုန်ကြီး၏ ပါးစပ်သည် သွားရည်များဖြင့် ရွှဲနေပြီး မျက်လုံးများ နီရဲစွာဖြင့် သူ့ကို ငုံ့ကြည့်လာသည်။

"မှို မှို!"

သူ့လက်ကြီးကြီးကို ဆန့်ထုတ်လိုက်ပြီး မှိုလို ချန်ရှီခေါင်းကို ထိလိုက်သည်။

ချန်ရှီ အံ့အားသင့်သွားပြီး "မင်းဆိုလိုတာက နတ်ဆိုးအသွင်ပြောင်းတာ သူမဟုတ်ပဲ တခြားတစ်ယောက်ယောက်ကို ဆိုလိုတာလား"

ကြီးကျယ်ခမ်းနားသော ယုန်သည် မူလက ချန်ရှီဦးခေါင်းကို လှည့်ဖြုတ်ရန် ကြံစည်ထားသော်လည်း ချန်ရှီအမေးကို ကြားတော့ တစ်ဖန် အံ့အားသင့်သွားကာ သူ့ကိုယ်သူ ပြန်ထိန်းထားလိုက်ရသည်။

ဒါ သူဆိုလိုတာ မဟုတ်ဘူး။

"ခင်ဗျားပြောတာက အဓိပ္ပာယ်ရှိတယ်!"

ချန်ရှီက ခေါင်းညိတ်ပြီး "ကမ္ဘာပေါ်က လူတိုင်းက ဆရာတော်ဝါးခါးက နတ်ဆိုးအသွင် ပြောင်းသွားပြီလို့ ထင်နေကြပေမယ့် နတ်ဆိုးက ဆရာတော်ဝါးခါး မဟုတ်ဘူး...ဆရာတော် နှိမ်နှင်းလိုက်တဲ့ နတ်ဆိုးတစ်ကောင် ဆိုရင်ကော... ခန်းမသခင်ယွိ ခင်ဗျားက အရမ်းဉာဏ်ကောင်းတာပဲ!"

ယုန်ကြီးက သူ့ချီးကျူးသံကြောင့် စိတ်ရိုင်းတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

"ငါက ဉာဏ်ကောင်းလား?"

"ဟုတ်​တယ်​ ခင်ဗျား အရမ်း​တော်​တယ်​!"

ချန်ရှီက စိတ်အားထက်သန်စွာ ရယ်မောနေသည်။

"ငါက တပေါက်ဖာ ဘုရားကျောင်းက ဘုန်းကြီးဝါးခါး ဆိုပါစို့... ငါ့ခန္ဓာကိုယ်က အိုမင်းပြီး ငါ့သက်တမ်းက ကုန်ဆုံးနေပြီ.. ငါမသေချင်ဘူး။ ဒီကမ္ဘာကြီးထဲမှာ ရှင်သန်ဖို့ နည်းလမ်းရှိတယ် ဒါကြောင့် ငါသုံးသင့်လား... သေချာပေါက် သုံးသင့်တာပေါ့... တကယ်လို့ ဝါးခါးက သေရေးရှင်ရေးကို ဂရုမစိုက်ဘဲ မနေဘူးဆိုရင် ယင်ကျေးကျွန်တွေနဲ့ မရဏကမ္ဘာကို သွားရမယ့် လမ်းကို ပိတ်ဆို့ဖို့ ရွှေရောင်ကိုယ်ထည်ကို သုံးပြီ အသက် ၁၃၀ ကျော်အထိ နေထိုင်သွားမှာပဲ!"

သူအရမ်းစိတ်လှုပ်ရှားသွားပြီး တွေးနေရင်းနဲ့ ဉာဏ်ကောင်းလာသည်။

"အဲဒီအချိန်မှာ သူ့မှာ မရဏကမ္ဘာကနေ လွတ်မြောက်ဖို့ ပိုပိုပြီး ခက်ခဲလာတာကို တွေ့လိုက်ရတယ်ပေါ့... သူရထားတဲ့ လူဝင်စားခြင်းနည်းလမ်းက တခြားခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ခန္ဓာကိုယ်အသစ်ကို ရွေးချယ်ဖို့ပဲ... ခန်းမသခင်ယွိ သူ့နောက်ဘဝအတွက် အကောင်းဆုံးခန္ဓာကိုယ်ကို ဘယ်လို ရွေးချယိမယ်လို့ ထင်လဲ။"

ကြီးကျယ်ခမ်းနားသော ယုန်က ကြောင်တက်တက်ဖြင့် ပြန်ဖြေသည်။

"စာ​ပေပညာရှင်..."

"ဟုတ်တယ်! စာပေ ပညာရှင် စာမေးပွဲ! အမ် အခုက ဆောင်းဦးကာလပဲ!"

ချန်ရှီရဲ့ မျက်လုံးများက တောက်ပလာပြီး ယွိထျန်းချန်ကို ပိုပို၍ သဘောကျလာတော့သည်။

"ခန်းမသခင်ယွိ...ခင်ဗျားက နတ်ဆိုး ဖြစ်သွားတာတောင် ဒီလောက် အံ့သြစရာကောင်းတဲ့ ထိုးထွင်းဉာဏ်တွေ ရှိနိုင်ပါသေးတယ်... ပုံမှန်ပြန်သွားတဲ့အခါ ဘယ်လောက် ဉာဏ်ကောင်းဦးမလဲ ဆိုတာ ကျွန်​တော်တောင် တွေးကြည့်လို့ မရ​တော့ဘူး!"

သူက လက်မထောင်ပြပြီး "ဒါဆို ခင်ဗျားက ခန်းမသခင် ကျွန်တော်က နည်းပြဆရာတစ်ယောက်ပဲ ဖြစ်နိုင်တယ်... ကျွန်တော်က ခင်ဗျားထက် အများကြီး ယုတ်ညံ့ပါတယ်"

ယုန်ကြီးရဲ့ နားရွက်နှစ်ချောင်းက အရှက်ကွဲသွားသလိုမျိုး နီရဲနေသည်။

ဘာပြောလိုက်တာလဲ။

သူကိုယ်တိုင်တောင် နားမလည်နိုင်တော့ဘူး။

ချန်ရှီက ဆက်လက် ပြောပြသည်။

"ပညာရှင်စာမေးပွဲက အကောင်းဆုံးအလောင်းတွေကို ရွေးချယ်တဲ့ နေရာပဲ အထူးသဖြင့် ကုံကျိုးပြည်နယ်ပေါ့... ဆရာတော်ဝါးခါးက ရှင်းရှန်ပြည်နယ်ကို အစပိုင်းမှာ ပစ်မှတ်ထားနိုင်ပေမယ့် ရှင်းရှန်ခရိုင်က ခရိုင်မှူးနဲ့ အရာရှိတစ်စုက အရမ်းဖြောင့်မတ်တဲ့ စိတ်ထားတွေနဲ့ မင်မင်းဆက် ရတနာသင်္ဘောပေါ်က ဘုရင်ကျန်းနဲ့ ဟွာရှရှန်ကျိုးကို လိုက်သွားပြီ... နယ်ချဲ့တရားရုံးက ကုံကျိုးပြည်နယ်မှာ စာမေးပွဲကို ခေတ္တပြောင်းလိုက်တယ်... ဆရာတော်ဝါးခါးရဲ့ ပစ်မှတ်က ဘာကြောင့် ကုံကျိုး ဖြစ်လာတာလဲ?"

ယုန်ကို မကောင်းဆိုးဝါးများက ချုပ်ကိုင်ထားပြန်သည်။ သူသည် ရွှဲရွှဲနစ်နေသော သွားရည်များဖြင့် ချန်ရှီ ခေါင်းကို ကိုက်ချင်နေတာကြောင့် ရီစရာကောင်းသော အပြုံးဖြင့် အသံပေးလာသည်။

"မင်း..."

"မှန်တယ်!"

ချန်ရှီက သူ့ရင်ဘတ်ကို တည့်တည့်မတ်မတ်ထားပြီး ပြုံးလိုက်သည်။

"ငါ့ကြောင့်ပဲ! ဝါးခါးရဲ့ ပန်းတိုင်က ငါပဲ ပြည်နယ်ငါးဆယ်မှာ နံပါတ်တစ် ကလေးပညာရှင်!"

ကြီးကျယ်ခမ်းနားသော ယုန်သည် လန့်ဖျပ်သွားပြီး ကမန်းကတန်း ရပ်လိုက်သည်။

ချန်ရှီ ပြုံးပြီး: "ဟုတ်တယ်... ငါ့အပြင်၊ သူ့မှာ ဒုတိယပစ်မှတ်ရှိတယ် အဲဒါက ငါနဲ့ ထပ်တူထပ်မျှ ထူးချွန်တဲ့သူ လီထျန်းချင်ပဲ! ခန်းမသခင်ယွိ ဘာကြောင့်လဲ ဆိုတာ သိလား"

ခမ်းနားထည်ဝါသော ယုန်၏ အာရုံအချို့ကို ပြန်လည်ရရှိစေရန် "ခန်းမသခင်ယွိ" ဟု ခေါ်ဆိုခဲ့​ပြန်သည်။

"ဒီမေးခွန်းက ရိုးရှင်းလွန်းတယ်... အဲဒါကို ဖြေဖို့တောင် စိတ်မ၀င်စားဘူး"

ချန်ရှီက ပြုံးပြီး ဆက်ပြော၏။

"လီထျန်းချင်က ပထမတန်းစား ခရမ်းရောင်ကျောက်စိမ်း နတ်သန္ဓေသားကို ရထားတာ... ခရမ်းရောင်ကျောက်စိမ်း နတ်သန္ဓေသားက ကမ္ဘာပေါ်မှာ ရှားပါတယ် တစ်နှစ်မှာ နှစ်ယောက်လောက်က ရထားရင်တောင် အံ့ဩစရာ​ကြီး ဖြစ်နေပြီ... ဆရာတော်ဝါးခါးက ရှင်းရှန်ပြည်နယ်မှာ ပထမတန်းစား နတ်သန္ဓေသားလေးကို တွေ့လိုက်ရတယ်လို့ ကြားတော့ ပြေးလာလိမ့်မယ် အဲ့တုန်းက ရှန်ယွိရှန်းက လီမိသားစုကြောင့် သေသွားရပြီ.. ဒါပေမယ့် သူပျော်စေတာက ရှင်းရှန်မြို့မှာ ပထမတန်းစား နတ်သန္ဓေသား နောက်တစ်ယောက် လီထျန်းချင် ရှိသေးတာပဲ...ရှန်ယွိရှန်းက ဒုတိယတန်းစားပဲ.... လီထျန်းချင်က သူ့ရဲ့ ဒုတိယရွေးချယ်မှုပဲ ဖြစ်မယ်...."

ကြီးကျယ်ခမ်းနားသော ယုန်သည် ထိုကဲ့သို့သော စွဲလမ်းတတ်သော "မှို" သည် အရသာမရှိဘူးဟုပင် အတွေးဝင်လာသည်။

"ကျွန်တော် ပြောခဲ့တာတွေက အခြေအမြစ် မရှိသေးဘူး... ဆရာတော်ဝါးခါးနဲ့ သူ့တပည့်ရဲ့ ကနဦးပန်းတိုင်က လီထျန်းချင်ပဲ... ဆိုတော့ သူတို့အတူတူ ကုံကျိုးကို ရောက်လာကြတာ မထင်မှတ်ပဲ သင်္ဘောပေါ်တက်ပြီးတော့ လှေဦးလေးနဲ့ မိန်းကလေးရဲ့ အရိပ်အယောင်ကို သိလိုက်တဲ့အတွက် သူတို့ မလှုပ်ရှားရဲတော့ဘူး... လီထျန်းချင်က ကုံကျိုးမှာ စာမေးပွဲဖြေဖို့ ပညာရေးအမှုထမ်းဆီမှာ စာရင်းသွင်းပြီး စာတိုက်ကို သွားလိုက်တယ်...သူတို့ကလည်း အနားယူဖို့ အရှေ့စာတိုက်ကို ရောက်လာကြတယ်.. တိုက်ဆိုင်လိုက်တာ!"

"နောက်ထပ် တိုက်ဆိုင်တာက အဲဒီညက တည်းခိုခန်းမှာ အနားယူနေတာပဲ"

ချန်ရှီ အသက်ပြင်းပြင်းရှူပြီး "ဒီလောက်ထူးချွန်တဲ့ လူငယ်နှစ်ယောက်က တကယ်တော့ အတူတူပဲ... အဲဒါကြောင့် ဆရာတော်ဝါးခါးက အဲဒီညက သေဆုံးသွားတာ... သူ့သေဆုံးမှုက ရုတ်ချည်းဆို​ပေမယ့် အားလုံးက စီစဉ်ထားခဲ့တာပဲ"

တောင်နီခန်းမ ပင်မပလ္လင် အပြင်ဘက်သို့ ရောက်ရှိလာသော် အဆောင်ဆွဲဆရာ အများအပြား စုဝေးကြတာ တွေ့လိုက်ရသည်။ ချန်ရှီက အမွေးမရှိသော ယုန်ကြီးတစ်ကောင်နှင့် လမ်းလျှောက်လာနေတာကို ကြောင်ကြောင်ကြီး စိုက်ကြည့်နေကြသည်။

ယုန်သည် အရပ်ပေ၂၀ ကျော်ရှိပြီး အလွန်ကြီးကျယ်ခမ်းနားသော ခန္ဓာကိုယ်အနှံ့ရှိ ကြွက်သားများ၊ သွေးနီရောင်မျက်လုံးများ၊ ရှည်လျားချွန်ထက်သော သွားများနှင့် ဆိုးရွားသော ရောင်ဝါများရှိသည်။

ဤကဲ့သို့သော နတ်ဆိုးသည် အဆောင်ဆွဲ ဆရာများအားလုံးကို ထိတ်လန့်စေတဲ့အတွက် အဝါရောင် အဆောင်လက်ဖွဲ့များက ၎င်းတို့၏ လက်အိတ်များထဲမှ တိတ်တဆိတ် လျှောကျလာပြီး ဤနတ်ဆိုးကို အချိန်မရွေး သတ်ပစ်ရန် အသင့်ဖြစ်​နေခဲ့သည်။

တောင်နီခန်းမသည် မူလကတည်းက နတ်ဆိုးနှိမ်နင်းရာ သခင်များ စုဝေးရာနေရာ ဖြစ်သော်လည်း ဤနတ်ဆိုးသည် အမှန်တကယ်ပင် သူ့ကိုယ်သူ ကြိုးဆွဲချရန် ရောက်လာခဲ့သလိုပင်။ ယုန်ကြီးမှာလည်း ရန်ငြိုးရန်စကို ခံစားလိုက်ရသဖြင့် ပို၍ ကြောက်ရွံ့လာသည်။

"စိတ်မပူပါနဲ့... ခင်ဗျားကို ဘယ်သူမှ မှတ်မိမှာ မဟုတ်ဘူး"

"ခန်းမသခင် ပြန်လာပါပြီ!"

​ကြိုး​ကြာကောင်လေးက သူ့အတောင်ပံတွေကို လှုပ်ခါပြီး ရွှင်မြူးစွာ အော်နေ၏။

……

တောင်နီ ခန်းမအတွင်းနှင့် အပြင်ဘက်တွင် လုံးဝ တိတ်ဆိတ်နေပါသည်။

လီထျန်းချင်သည် သတင်းကြားပြီးနောက် ပြေးထွက်လာသော် ကြီးကျယ်ခမ်းနားသော ယုန်​ကြီးကို တွေ့လိုက်ရသဖြင့် တိုးတိုးလေး မေးလိုက်သည်။

"တစ်ဆယ်လေး... မင်း ခန်းမသခင်ကို တွေ့ပြီလား သူက ဆိုး​နေသေးတာလား"

တောင်နီခန်းမက အဆောင်ဆွဲ ဆရာများ၊ သင်တန်းဆရာများနှင့် နံ့သာသခင်များ အပါအဝင် အားလုံးသည် တူညီသော ဦးတည်ရာကိုသာ ကြည့်နေကြသည်။ ယုန်ကြီးသည် ၎င်းတို့ဘက်သို့ မျက်နှာမူထားတာ တွေ့လိုက်ကြပြီး၊ ထူထဲပြီး ကျယ်ဝန်းသော ကျောပြင်မှာ အလွန်အားကိုးအားထား ပြုချင်စရာ ကောင်းနေ၏။

"ငါတို့ပြောနေတာ မပြီးသေးဘူးလေ.. ငါ့မှန်းဆချက်တွေ အားလုံး မှန်ရဲ့လားဆိုတာ မင်း စဥ်းစားကြည့်ပေးဦး..."

ချန်ရှီက မျက်လုံးများကို မှိတ်ပြကာ ဆက်ပြောသည်။

"ဆရာတော်ဝါးခါးက သူ့သေဆုံးမှုကို အတုလုပ်ထားတာ... နတ်ဆိုးအသွင်ပြောင်းသွားတာက အလောင်းပဲလို့ လူတိုင်းက မြင်နေကြပေမယ့် အမှန်တော့ အဲဒါက သူလျှို့ဝှက်ပြီး လွှတ်ပေးလိုက်တဲ့ နတ်ဆိုးတစ်ကောင်ပဲ...တပေါက်ဖာ ဘုရားကျောင်းမှာ ကိန်းဝပ်နေတဲ့ ရွှေဘုရားလောင်းက နတ်ဆိုးတွေကို နှိမ်နင်းခဲ့တာလေ... ဆရာတော်ဝါးခါးရဲ့ အနေအထားအရဆို နတ်ဆိုးတစ်ကောင်ကို ဖမ်းဆုပ်ထားဖို့ မခက်ခဲလှဘူး!"

ယုန်ကြီးသည် လက်သီး ဆုပ်ထားကာ သွေးနီရောင်မျက်လုံးများ အဆက်မပြတ် ရွေ့လျားနေသည်။ ရံဖန်ရံခါ သူ့မျက်လုံးများက ချန်ရှီကို ပြင်းထန်သောအကြည့်ဖြင့် ချောင်းကြည့်နေသည်။

ဒီကလေးက သူ့ကို ဘယ်သူမှ မှတ်မိမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပေမယ့် အခုတော့ အားလုံးက သူ့ကို မှတ်မိနေကြပါပြီ။ သူ့ကိုယ်သူ ထိုးမိသွားလျှင် သူသည် သွေးထွက်သံယိုဖြစ်ကာ သေချာပေါက် အရိုက်ခံရလိမ့်မည်။

ချန်ရှီ: "အဲဒီတုန်းက အမှန်တရားက ဘာလဲ သူပြောဖို့ပဲ ရှိတာမဟုတ်ဘူးလား ဆရာတော်ဝါးခါးက သူ့ရဲ့ ဂုဏ်သတင်းကို ထိန်းထားနိုင်ပြီး သူ နောက်ထပ် အသက်ပြန်ရှင်နိုင်တယ်... နတ်ဆိုးက တခြားသူတွေ ဝိုင်းပြီး နှိပ်ကွပ်လို့ သေသွားတာ ဖြစ်နိုင်တယ် ဒါမှမဟုတ် ကောင်းကင်ပြင် နတ်ဘုရားရဲ့ စောင့်ကြည့်မှုအောက်မှာ သေသွားနိုင်တယ်... သူနဲ့ ဘာဆိုင်လို့လဲ"

ချန်ရှီက အနည်းငယ် ပြုံးပြီး "ခန္ဓာကိုယ်တစ်ခုကို သိမ်းပိုက်ပြီးရင် နတ်ဆိုးကို သတ်နိုင်ပြီ... နောက်ဆုံးကျ သူကပဲ နာမည်ကောင်း ရသွားနိုင်တယ်!"

ယုန်ကြီးက လက်သီးများကို တင်းတင်းဆုပ်ကာ သွားအံကြိတ်သံကြီးဖြင့် ဆိုလာသည်။

"သတ်ပစ်..."

'မင်းကိုသတ်ချင်တာ' ဆိုတဲ့ စကားကို ပြောချင်ပေမယ့် ထိုစကားလုံးနှစ်လုံးသာ အများဆုံးပြောနိုင်ပြီး စကားထစ်နေတာကြောင့် ဆက်မဆိုနိုင်တော့ပါ။

ချန်ရှီက သူ့ခေါင်းနောက်မှာ သူ့လက်တွေကို ချလိုက်ပြီး။

"ငါ သူ့ကို တကယ်သတ်ချင်နေတာ... ငါသတ်ရင် ငါ့ရဲ့ ခန့်မှန်းချက်ကို စိစစ်နိုင်တယ်"

သူ့မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ် လုပ်ကာ ပြုံးလိုက်ရင်း။

"ဒါပေမဲ့ ခင်ဗျားရဲ့ ဆိုးညစ်တဲ့ သဘောသဘာဝကို အရင် ပြုပြင်ဖို့ ကူညီ​ပေးပါ့မယ်!"

ယုန်က သူ့ကို ထိုးသတ်ဖို့ ပြင်နေပေမယ့် ဒါကိုကြားတော့ ချက်ချင်း ရပ်လိုက်သည်။

ချန်ရှီ ထထိုင်လိုက်ပြီး "ခင်ဗျားရဲ့ ဝိညာဉ်ကို လွှတ်လိုက်"

ယုန်ကြီးကလည်း ယုန်တစ်ကောင်ဖြစ်သည့် သူ့​ဝိညာဉ်ကို ထုတ်လိုက်တဲ့အခါ ရုတ်တရက် သေးငယ်သောဗိမာန်၌ အလင်းရောင်တစ်ခု လင်းလက်လာပြီး ယုန်က ဘုံကျောင်းထဲသို့ ခေါ်ဆောင်ခံလိုက်ရသည်။

ချန်ရှီ သူ့စွမ်းရည်ကို မြှင့်တင်လိုက်ပြီး ဖြောင့်မတ်သော ချီစွမ်းအင်များကို ပျံ့နှံ့သွားစေသည်။ ထို့နောက် ယွိထျန်းချန်ရဲ့ စိတ်ဝိညာဉ်ထဲက နတ်ဆိုး အငွေ့အသက်များကို တဖြည်းဖြည်းချင်း သန့်စင်ပေးလိုက်သည်။ ယွိထျန်းချန်သည် နတ်ကွန်းပေါ်တွင် ထိုင်နေလျက် သူ၏ မကောင်းသော အရိပ်အယောင်များ လျော့နည်းလာတာနဲ့ သူ့စိတ်ကလည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားသည်။

"ကျေးဇူးပါပဲ ဆရာချန်" ဟု တိုးတိုးလေးပြောလာသည်။

ချန်ရှီ: "ခင်ဗျား ကျွန်တော့်ရဲ့ နတ်ကွန်းမှာ ရက်နည်းနည်း ထပ်ကြာအောင် နေမယ်ဆိုရင် ခင်ဗျားရဲ့ ဆိုးညစ်တဲ့ သဘာဝကို ဖယ်ရှားပေးနိုင်တယ်... ခင်ဗျား ခန္ဓာကိုယ်ထဲက ဆိုးယုတ်တဲ့ သဘာဝကိုတော့ ဖယ်ရှားပေးဖို့တော့ ကျွန်တော့်မှာ နည်းလမ်း မရှိဘူး"

ယွိထျန်းချန် သူ့ကို ထပ်ပြီး ကျေးဇူးတင်လိုက်သည်။

ချန်ရှီ ချက်ချင်း ထရပ်ပြီး သူ့ဓားကိုထုတ်ကာ ဟေးကော်ဆီသို့ လျှောက်သွားသည်။

"ညီအစ်ကိုကောင်းလေး ငါ့ကို သွေးနည်းနည်း ချေးပေးပါဦး!"

သူ အရှေ့သို့ ပြေးသွားတာနဲ့ ရုတ်တရတ် ဟေးကော်ကလည်း ကြက်တစ်ကောင်လို ခုန်ထလိုက်သည်။

.......

ဆရာတော်ဝါးခါး တရှင်းချန် ဘုရားကျောင်းသို့ ပြန်​ရောက်လာခဲ့သည်။ မှိုတက်နေသော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော် အောက်တွင် ထိုင်နေကာ ရွှေသွေးများက ချောင်းဆိုးတိုင်း ပါးစပ်အပြည့် ထွက်လာသည်။ မျက်နှာများက မသေချာမရေရာသော အရာကို ကြည့်နေရသလိုမျိုး အနည်းငယ် ရှုပ်ထွေးလျက်။

"အရမ်းသန်​တယ်​... သန်​မာလွန်းတယ်​!"

"သူ့ရဲ့ အသိစိတ်ပင်လယ်ထဲမှာ ဒီလောက် နတ်ဆိုးတွေ အများကြီး ပုန်းနေမယ်လို့ ဘယ်သူကထင်မှာလဲ"

လူဦးခေါင်းမှိုသည် အုံ့မှိုင်းသော အမူအရာဖြင့် မတ်တပ် ထရပ်လိုက်သည်။ အဲဒီအမှောင်ထုထဲမှာ နတ်ဆိုးတွေ ပုန်းအောင်းနေပြီး သူ့ကို ဆွဲဖြဲလုမတတ် မြင်လိုက်ရတဲ့ မြင်ကွင်းကို သူ အခုထိ မမေ့နိုင်သေးချေ။

မြေအောက်ကမ္ဘာကို သွားတဲ့လမ်းကိုတောင် သူမြင်ခဲ့သေးသည်။ ထိုလမ်း၏အဆုံးတွင် အလွန်ကြီးကျယ် ခမ်းနားသော မြေအောက်ကမ္ဘာမှ တစ္ဆေနတ်တစ်ပါး ရှိနေသည်။ ဒါတင်မကသေး ယင်နဲ့ယန် ကမ္ဘာ၏ လမ်းဆုံတွင် နတ်ဆိုးနတ်ဘုရားနှင့်တူသော ရုပ်သဏ္ဌာန်တစ်ခုလည်း ရှိနေသေးသည်။

"အဲဒီလူက ငါ့လိုဗုဒ္ဓနဲ့ မဆိုင်ဘူး!"

လူဦးခေါင်းမှိုသည် ဖုန်မှုန့်တစ်လုတ်ကို တံတွေးဆွတ်ကာ အံကြိတ်လိုက်သည်။ သူ့တွင် နည်းလမ်း တစ်စုံတစ်ရာမရှိပါက သူလုံးဝ မလွတ်မြောက်နိုင်​လောက်ပေ။

"ဆရာကြီး..."

ဘုန်းကြီး ဝူချန်ရဲ့ အသံသည် အနည်းငယ် မဝံ့မရဲဖြင့် အမှောင်ထဲမှ ထွက်လာသည်။ ဤအကြိမ်တွင် ဆရာတော်ဝါးခါးသည် ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ရှုံးနိမ့်ခဲ့သဖြင့် ၎င်း၏နောက်ပစ်မှတ်မှာ သူကိုယ်တိုင် ပြန်ဖြစ်သွားပြီလို့ မဆိုလိုပေဘူးလား။

ဘုန်းကြီးဝူချန်လည်း အမှောင်ထောင့်ထဲသို့ ကျသွားသည်။ လူဦးခေါင်းမှို ဆရာတော်ဝါးခါးက သူ့ခေါင်းကိုကိုင်ကာ ပြုံးလိုက်သည်။

"တပည့်ကောင်းလေး... မင်းက နည်းနည်း နိမ့်နေသေးတယ်... ဒီဆရာငါက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ... သင်ယူမှုမှာလည်း အကောင်းဆုံး တခြားသူတွေအားလုံးထက် သာလွန်တဲ့ ပထမတန်းစား နတ်သန္ဓေသားတွေထဲမှာ ခရမ်းရောင်ကျောက်စိမ်း နတ်သန္ဓေသားကို တွေ့ထားတယ်... "

သူက ခုန်ဆင်းပြီး ရွှေဘုရားရဲ့ ထီးတော်ပေါ်ကို အမြင့်တစ်နေရာကနေ ခုန်တက်လိုက်သည်။ ထို့နောက် ကုံကျိုးမြို့မှာရှိတဲ့ အသွေးအသား တောင်ကို ငုံ့ကြည့်နေ၏။

"ငါ့မှာ နောက်ထပ် ရွေးချယ်စရာ ရှိသေးတယ်"

နတ်ဆိုးနယ်မြေတွင် နေ့နှင့်ည ခြားနားခြင်းမရှိပေ။ ကောင်းကင်အထက်၌ ရွှေရောင်အလင်းတန်းများ ထွန်းလင်းထားကာ ရောင်စုံတိမ်တိုက်များကဲ့သို့ ဖုန်မှုန့်များကလည်း ပြေးလွှားနေသည်။

နေရောင်က ကုံကျိုးမြို့တော်ကို အရောင်အသွေးစုံသွားစေသည်။

နတ်ဆိုးအသွင်ပြောင်းပြီး ငါးရက်​လောက်က ကြာမှန်း မသိလိုက်ဘဲ ကုန်ဆုံးသွား၏။ တောင်နီခန်းမမှာတော့ လူတိုင်း အလုပ်ရှုပ်နေကြပြီး အချို့မှာ မှင်ကြိုးများဆွဲကာ မင်ကျန်းမြစ်အတွင်း ငါးကြီးများကို အမဲလိုက်ရန် ပြင်ဆင်နေကြသည်။

ယခုအချိန်တွင် မြို့က အလွန်အန္တရာယ်များပြီး နေရာတိုင်းတွင် မှိုခေါင်းနဲ့ ဘီလူးကြီးများ ရှိနေသည်။ ပျောက်ဆုံးနေသော တောင်နီခန်းမက အဆောင်ဆွဲဆရာများကို ရှာဖွေရန် လူတစ်အုပ်စုကို ခေါ်ဆောင်သွားကြသည်။

တောင်နီခန်းမမှာ အဆောင်ဆွဲဆရာက ငါးဆယ်ကျော်သာ ရှိပြီး စုစုပေါင်း အရေအတွက်၏ ထက်ဝက်မျှက ပြင်ပတွင် သေဆုံးသွားတာ သို့မဟုတ် အပြင်တွင် ပိတ်မိနေဖွယ် ရှိသည်။

နံ့သာသခင်ရှောင်းက လူအနည်းငယ်ကို ခေါ်ကာ မင်ကျန်းသို့သွားရန် ပြင်ဆင်​​နေပြီး ချန်ရှီသည် ခွေးဘေးတွင် ငုတ်တုတ်ထိုင်ကာ လီထျန်းချင်က ပြတင်းပေါက်နားတွင် ရပ်လျက် စာဖတ်နေသည်။ ကြိုးကြာလေးသည် အမွှေးတိုင်တွေကို နှစ်သက်သဖြင့် မီးရှို့နေကာ တောင်နီမယ်မယ်က ကြီးကျယ်ခမ်းနားသော ယုန်၏ဦးခေါင်းပေါ်သို့ တက်ကာ ယုန်နားရွက်များကို ဆွဲဆုပ်ထားဖို့ ကြိုးစား​နေသည်။

ယုန်နားရွက်များက သူမ ဖမ်းမရအောင် လှုပ်သွား၏။

အရာအားလုံးက ပုံမှန်ပါပဲ။

ထိုအခိုက်တွင် နံ့သာနံ့က ရုတ်တရက် ရပ်သွားကာ တုန်လှုပ်နေသော ယုန်နားရွက်များလည်း ရပ်တန့်သွားသည်။

ယုန်က လျင်မြန်စွာ ကျုံ့သွားကာ တောင်နီမယ်မယ်လည်း ပြုတ်ကျမသွားအောင် ယုန်နားရွက်များကို တင်းတင်း ဆွဲထားရလေသည်။ ယုန်ကြီးက ယွိထျန်းချန် အဖြစ်သို့ ပြောင်းလဲသွားပြီး တောင်နီမယ်မယ်က သူ့ခေါင်းပေါ်တွင် လဲလျောင်းနေပြီး နားရွက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

နံ့သာသခင်ရှောင်းသည် အပြင်ထွက်ရန် ခြေထောက်ကို မြှောက်လိုက်သော်လည်း သူ့ခြေထောက်များက တံခါးခုံပေါ်တွင် ရပ်တန့်နေခဲ့သည်။ နံ့သာသခင်လုလည်း တံခါးအပြင်ဘက်တွင် စောင်းငဲ့ကြည့်နေရာမှ အနောက်သို့ လှည့်ကြည့်ကာ သူ့မျက်နှာက ဖြူဖျော့သွားတော့၏။

လူတိုင်းသည် ထိုနေရာတွင် အေးခဲနေကြကာ မလှုပ်ရှားနိုင်တော့ပါ။

ဆရာတော်ဝါးခါးကို သယ်ဆောင်လာသော လူဦးခေါင်းမှိုတစ်ကောင် သူတို့ဘက်သို့ လျှောက်လာနေတာ မြင်လိုက်ရ၏။ သူသည် အနည်းငယ်ခုန်ကာ တံခါးခုံအား ကျော်၍ ပြတင်းပေါက်ရှေ့တွင် စာဖတ်နေသော လီထျန်းချင်ထံသို့ တည့်တည့် သွား​​နေခဲ့သည်။

"ဒုတိယရွေးချယ်မှုလည်း ကောင်းပါတယ်!"

လူ့ဦးခေါင်းမှိုသည် တခစ်ခစ်ရယ်ရင်း လီထျန်းချင်ရဲ့ မျက်ခုံးအလယ်ဗဟိုသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုအချိန်တွင် ယွိထျန်းချန်ဟာ ကြီးကျယ်ခမ်းနားသော ယုန်တစ်ကောင်အဖြစ်သို့ တစ်ဖန်ပြန်လည် ရောက်ရှိသွားကာ နားရွက်များ ပိုမိုရှည်လျားလာသည်။ နံ့သာသခင်ရှောင်းလည်း တံခါးခုံပေါ် ခလုတ်တိုက်ကာ မြေပေါ်သို့ လဲကျသွားသည်။

လီထျန်းချင်ရဲ့ မျက်နှာသည် ကမောက်ကမ ဖြစ်ကာ ပြောင်းလဲသွားသည်။ သူ၏အသွင်ပြောင်း အဆောင်လက်ဖွဲ့က ကျိုးသွားကာ ချန်ရှီရဲ့ အသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။

တစ်ချိန်တည်းမှာပင် ဟေးကော်အတွက် ခွေးလှေးများ ဖမ်းနေသော "ချန်ရှီ" သည်လည်း မြားတစ်စင်းကဲ့သို့ ပြေးထွက်လာသည်။ သူ့လက်ထဲက တံဆိပ်ခတ်ထားတဲ့ အဆောင်လက်ဖွဲ့တွေက စူးရှတောက်ပတဲ့ အလင်းတန်းတွေ ထွက်လာပြီး စာဖတ်နေသူ ချန်ရှီရဲ့ မျက်ခုံးမွှေးတွေပေါ်မှာ တံဆိပ်ခတ်ထားတဲ့ ထူထဲတဲ့ အလွှာတွေကို ဖုံးလွှမ်းသွားခဲ့သည်။

ချန်ရှီ လှုပ်ရှားပြီ!

"ဆရာတော်... ငါ မင်းကို လိုက်ပို့ပေးမယ်!"

All Chapters