သေဖို့ နည်းလမ်းမှန်ရှိတယ်
Vol. 11 Ch. 162
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ချန်ရှီသည် လီထျန်းချင်ရဲ့ ကိုယ်ရည်ကိုယ်သွေး အတိုင်း နေထိုင်ခဲ့ပြီး အဝတ်အစားနဲ့ ဖိနပ်ကအစ ပြောင်းလဲထားကြသည်။ ဆရာတော်ဝါးခါးရဲ့ နောက်ထပ် ပစ်မှတ်က လီထျန်းချင် ဖြစ်တာကြောင့် တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားကြတာပဲ ဖြစ်သည်။
အသွင်ပြောင်း အဆောင်လက်ဖွဲ့က တိရိစ္ဆာန် ဖန်တီးမှု ကျင့်စဥ်နဲ့ အနည်းငယ် ဆင်တူလေသည်။
ထိုအသွင်ပြောင်း အဆောင်လက်ဖွဲ့ကို ရဖို့ဆို အ၀တ်အစားများနှင့် ဆံပင်များကို အသုံးပြု၍ ပြာဖြစ်သွားတဲ့အထိ မီးရှို့ပစ်ဖို့ လိုအပ်သည်။ ထို့နောက် သစ်ကြံပိုးခေါက်နှင့် ခွေးနက်သွေးကို ရောစပ်ကာ မှင်အဖြစ် ကြိတ်ချေရန် လိုအပ်သည်။
လက်ဝဲဘက်တွင် အသွင်ပြောင်း စာလုံးရဲ့ မျက်နှာသွင်ပြင်၊ ညာဘက်အပေါ်၌ အဆောင်ပုံစံ၊ ထိပ်တွင် ထိုက်ယိအမိန့်၊ အလယ်တွင် ယွမ်ချန်နန်းတော်၊ တစ်ဖက်တစ်ချက်စီတွင် တိတ်ဆိတ်ခြင်းကိုးပါး ရေစင်ဝါနှင့် မွေးနေ့ရက်စွဲ၊ အမည်ကို အောက်ဆုံးတွင် ပထမဆုံး ရေးဆွဲရမည်။
အဆောင်လက်ဖွဲ့ကို အသက်သွင်းတဲ့အခါ ပါးစပ်ထဲတွင် ထိုက်ယိအသွင်ပြောင်း မန္တာန်ကို တိတ်တိတ်ဆိတ်ဆိတ် ရွတ်ဆိုကာ အသွင်ပြောင်းလိုသော လူ၏အသွင်အပြင်ကို စိတ်ကူးကြည့်ရင်း လူဝင်စားမန္တန်ကို ရွတ်ဆိုနေရမည်။
တခြားသူတစ်ဦးရဲ့ အသွင်အပြင်သို့ ပြောင်းလဲပြီးနောက် ၎င်းကို ဘယ်လို ပြန်ဖြေရမလဲ မသိပါက မူလအသွင်အပြင်သို့ ပြန်ပြောင်းလဲ၍ မရနိုင်တော့ပါ။ ဖြေရှင်းနည်းက ရိုးရှင်းပါ၏။ ကလေးဆီးကို သင့်ခန္ဓာကိုယ်ပေါ် လောင်းချရုံနဲ့ ဖြည်နိုင်ပါပြီ။
ဒါပေမဲ့ ဆရာတော်ဝါးခါး ချန်ရှီရဲ့ အသိစိတ်ပင်လယ်ထဲကို ထိုးဖောက် ဝင်ရောက်ပြီးချိန်မှာတော့ ချန်ရှီက သူ့မူလရုပ်ရည်ကို ပြန်လည်ရရှိပြီးပါပြီ။
လီထျန်းချင်သည် ချန်ရှီရဲ့ မျက်ခုံးမွှေးများပေါ်တွင် တံဆိပ်ခတ်ထားနိုင်သော အဆောင်လက်ဖွဲ့ကို ယခုလေးတင် တင်ထားခဲ့သည်။ ချန်ရှီ နဖူးမှာ လျင်မြန်စွာ ဖောင်းကားလာပြီး သူ့ခေါင်းထဲမှ လူတစ်ဦးသည် မျက်ခုံးမွှေးကြားရှိ အရေပြားမှ လွတ်ထွက်ချင်လာတာကို တွေ့လိုက်ရသည်။
အဲဒီလူရဲ့ မျက်နှာက ပိုကြီးလာပြီး ချန်ရှီရဲ့ ဦးခေါင်းလောက်ကို တဖြည်းဖြည်း ကြီးလာ၏။ ၎င်းက ဆရာတော်ဝါးခါးရဲ့ မျက်နှာ လုံးဝကို အတိအကျပင်။ တောင်နီမယ်မယ်နဲ့ ယုန်ကြီးတို့ နှစ်ယောက်စလုံး လန့်ဖျပ်သွားပြီး တောင်နီမယ်မယ်ပင် ယုန်ခေါင်းပေါ်မှ ခုန်ချလိုက်သည်။
"နောက်ထပ် ချိတ်ပိတ်အဆောင်လက်ဖွဲ့လား?"
လီထျန်းချင်: "လွန်ခဲ့တဲ့ ရက်အနည်းငယ်မှာ ခွေးတောင် သွေးထုတ်ရလွန်းလို့ အကြိမ်ပေါင်းများစွာ သေရမလို ဖြစ်သွားတယ်... ဒါပေမဲ့ ဆွဲနိုင်ခဲ့တယ်!"
ဤအချိန်တွင် ချိတ်ပိတ်ခံထားရသော ချန်ရှီဆီက ချိတ်ပိတ်အဆောင်လက်ဖွဲ့ဟာ ဟေးဟော် သွေးဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ ဟေးကော့ရဲ့ သွေးလိုင်း စွမ်းအားသည် ယခင်ကထက် ပိုမိုအားကောင်းလာတာကြောင့် သူဆွဲသော တံဆိပ်ခတ် ချိတ်ပိတ်စာလုံးတိုင်းတွင် တံဆိပ်ခတ်ထားနိုင်သော တန်ခိုးပါရှိသည်။
သို့သော်လည်း ဆရာတော်ဝါးခါးသည် မဟာယာနနယ်ပယ်တွင် ရှိနေသောကြောင့် တံဆိပ်ခတ်နှိပ်ထားသော ချိတ်ပိတ်အဆောင်လက်ဖွဲ့ ထူထူထဲထဲ ပြင်ဆင်ထားသော်လည်း အထဲမှာ ချိတ်ပိတ်ထားလို့ မရဘူး ဖြစ်နေသည်။
ဗြုန်း!
ချိတ်ပိတ်အဆောင်လက်ဖွဲ့ စက္ကူများ လျင်မြန်စွာ ပေါက်ကွဲသွားသည်။ ပေါက်ကွဲသံများက မီးရှူးမီးပန်းများ ဖောက်ပစ်ခဲ့သလိုပင်။ ချိတ်ပိတ်အဆောင်လက်ဖွဲ့ အားလုံး ပျက်စီးတော့မည်ကို မြင်လိုက်ရသောအခါ ဆရာတော်ဝါးခါးသည် ရုတ်တရက် သူ့ခြေထောက်များကို တစ်စုံတစ်ခုက ဆုပ်ကိုင်ထားတာ ခံစားလိုက်ရတော့သည်။
ချန်ရှီမျက်ခုံးကြားရှိ အရေပြားအောက်တွင် ချွန်ထက်နေသော လက်အမှတ်အသားတစ်ခု ပေါ်လာသည်။ လက်သည်းက ဝါးခါးရဲ့ ခေါင်းနောက်ဘက်မှ ဆုပ်ကိုင်ကာ ပြန်ဆွဲထည့်နေ၏။
ချန်ရှီ၏နဖူး အရေပြားအောက်တွင် ဤလက်ဖဝါး၏ လက်ဆစ်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ တောင်နီမယ်မယ်၊ လီထျန်းချင်၊ ယုန်ကြီး အပါအဝင် အခြားသော နံ့သာသခင်များ၊ နည်းပြဆရာနဲ့ အဆောင်ဆွဲ မှော်ဆရာများ အားလုံး ဒီမြင်ကွင်းကို သေသေချာချာ မြင်နေရသည်။
အားလုံးက အနားကို မသွားဝံ့ကြဘဲ ခဏလောက် အထိ ထိတ်လန့်နေကြသည်။ ထိုလက်က လူလက်မဟုတ်တာ အသိသာကြီးပင်။ အနှီလက်က ဝါးခါးရဲ့ ခေါင်းကို အနောက်ကနေ ဆုပ်ကိုင်ရင်း ပြန်ဆွဲသွင်းလိုက်စဥ် ချန်ရှီနဖူးပေါ်ရှိ ဖောင်းကားနေတဲ့ အသားတွေက မြန်မြန် လျော့ပါးသွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ချန်ရှီ: "ဆရာတော်ဝါးခါး ပိတ်မိနေပြီလား... ပိတ်မိသွားပြီလား"
လူအားလုံးက နားမလည်နိုင်သော နတ်ဆိုးကို ကြည့်နေသလိုမျိုး ဗြောင်ကျကျ သူ့ကို စိုက်ကြည့်နေကြသည်။ ချန်ရှီလည်း စိတ်ရှုပ်သွားကာ သူ့မျက်နှာကို ကြည့်ဖို့ မှန်တစ်ချပ် ပြေးယူလိုက်ရ၏။ ကြည့်လိုက်တော့ သူ အရင်လို ချောမောနေသေးသည်။
လီထျန်းချင်က မြန်မြန် ချောင်းဆိုးပြီး :"တစ်ဆယ်လေး.. အဆင်ပြေပါတယ် ဆရာတော်ဝါးခါးက ပိတ်မိသွားပြီ... မင်းကြောင့်သာ မဟုတ်ရင်..."
သူက တုံ့ဆိုင်းနေကာ "ငါအသက်မရှင်နိုင်လောက်ဘူး" လို့ပြောလိုက်တယ်။
အားလုံးက ရယ်ပြီး "ရပါတယ် ရပါတယ် ပြီးသွားပြီ... အားလုံးသွားပြီ!"
နံ့သာသခင်ရှောင်းက လက်ဝေ့ယမ်းလိုက်သည်။
"အဲဒီမှာ ရပ်မနေကြနဲ့တော့ မင်းတို့ လုပ်စရာရှိတာ သွားလုပ်ကြ!"
"တကယ်တော့ နည်းပြဆရာချန်ရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတာ တစ်ခုရှိတယ်!"
ယွိထျန်းချန် အသွင်ပြောင်းထားသော ယုန်ကြီးမှာ သူသည် အလွန်ဆိုးသော်လည်း ချန်ရှီထက် အဆပေါင်းများစွာ အားနည်းနေကြောင်းလည်း ခံစားမိလာသည်။
"မဟာယာနဘုံက သတ္တဝါတစ်ကောင်က ဒီလိုမျိုး သေသွားတာလား"
လူတိုင်းက မယုံနိုင်စရာလေးတွေကို တွေးနေကြသည်။ အထူးသဖြင့် ခန်းမသခင် ယွိထျန်းချန်က ပိုလို့တောင် တုန်လှုပ်သွား၏။
သူသည် ကျင့်ကြံရာတွင် အလွန်ထက်မြက်ပြီး လုံ့လစိုက်ထုတ်အား ကောင်းသည်။ တောင်နီမယ်မယ်ရဲ့ ကျင့်စဥ်ကို လေ့ကျင့်ကာ နတ်ဆိုးအဖြစ်သို့ ပြောင်းလဲခြင်းကို ဖယ်လိုက်ရင် သူဟာ နတ်ပြောင်းလဲခြင်းနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပါပြီ။
သူသာ ရှေ့တစ်လှမ်း ထပ်တိုးပါက နတ်ပြောင်းလဲခြင်း နယ်ပယ်ရဲ့ စတုတ္ထအဆင့် နတ်ဆင်းသက်နယ်ပယ်သို့ ရောက်ရှိသွားလိမ့်မည်။ နတ်ဆင်းသက်နယ်ပယ်ပြီးပါက နတ်သန့်စင်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်သည်။
နတ်သန့်စင်ခြင်း နယ်ပယ်တွင် ဘုံလေးခု ရှိသည်။ ပျက်ပြယ်သန့်စင်ခြင်းဘုံ၊ ခန္ဓာပေါင်းစပ်ခြင်းဘုံ၊ ရုပ်အလောင်းသုံးခုဘုံနဲ့ နတ်သန့်စင်ခြင်းဘုံတို့ ဖြစ်သည်။
နတ်သန့်စင်ခြင်းနယ်ပယ် ပြီးမြောက်အောင်မြင်ပါက အနတ္တပြန်ခြင်းနယ်ပယ်ကို အဆင့်တက်လိမ့်မည်။ အနတ္တပြန်ခြင်းနယ်ပယ်ကိုလည်း အနတ္တဘုံ၊ မဟာယာနဘုံ၊ ဒုက္ခလွန်ဘုံနဲ့ ပျံသန်းမြင့်ဘုံ ဟူ၍ ဘုံလေးရပ် ထပ်ခွဲထားသည်။
မဟာယာနနယ်ပယ် သို့မဟုတ် မဟာယာနဘုံသည် အနတ္တပြန်ခြင်းနယ်ပယ်မှာ ဒုတိယဘုံ ဖြစ်သည်။
သူနှင့် ဝါးခါးအကြားရှိ အဆင့်သည် ဘုံခြောက်ဘုံ ကွာခြား၏။ ဘုံတိုင်းသည် ချောက်ကမ်းပါး တစ်ဖက်ခြမ်းကို ခုန်ကူးနေရသလိုမျိုး လူများကို မဖြတ်ကျော်နိုင်သော ချောက်ကြီးတစ်ခုနှယ် ပိုင်းခြားထားသည်။
ယွိထျန်းချန်သည် လောကီမျိုးနွယ်စု၏ ကျင့်ကြံမှုလမ်းစဥ်ကို အားမကိုးဘဲ သူတစ်ယောက်တည်း အသွင်ပြောင်းကာ ကျင့်ကြံသူ ဖြစ်သည်။ ထူးချွန်ထက်မြက်သော အရည်အချင်းများ ရှိခဲ့သော်လည်း မဟာယာနဘုံအထိ ကျင့်ကြံဖို့တော့ မတွေးဝံ့ခဲ့ပေ။
လောကီမျိုးနွယ်စု၏ အခြေခံအုတ်မြစ်မရှိဘဲ၊ တပေါက်ဖာ ဘုရားကျောင်းက ဘုန်းကြီးများကဲ့သို့ ရှေးအမွေဆက်ခံမှု မရှိဘဲတော့ ကောင်းကင်ပါရမီရှိလျှင်ပင် မဟာယာနနယ်ပယ်အထိ ကျင့်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ယခုအခါတွင် မဟာယာနဘုံမှာ ဒဏ္ဍာရီဆန်ဆန် တည်ရှိနေသည့် ဆရာတော်တစ်ပါးသည် ချန်ရှီ၏ အသိစိတ်ပင်လယ်ထဲတွင် အလွယ်တကူ သေဆုံးသွားခဲ့သည်။
သူ လူတွေကို ဒီလို လိုက်ပြောရင်တောင် ဘယ်သူကမှ ယုံမှာမဟုတ်။
ယွိထျန်းချန် သူ့မျက်လုံးနဲ့ မြင်ခဲ့ရတာတောင် မယုံနိုင်သေးပေ။
"တကယ်လို့ ရှို့ချိုင်လေးရဲ့ အသိစိတ်ပင်လယ်ထဲမှာ ဝါးခါးက တကယ်သေသွားခဲ့ရင် အဲ့အသိစိတ် ပင်လယ်ထဲမှာ ဘာဝှက်ထားတာ ဖြစ်မလဲ" ဟု တိတ်တဆိတ် တွေးလိုက်မိသည်။
ခပ်ဝေးဝေးတွင်တော့ အဘွားရှားသည် သူမမျက်နှာပေါ်မှ ထိတ်လန့်တုန်လှုပ်သွားသည့် အကြည့်ကို ဖုံးကွယ်မထားနိုင်ခဲ့ဘဲ ဖြစ်နေသည်။
"တစ်ဆယ်လေးရဲ့ အသိစိတ်ပင်လယ်ထဲကို ဝင်သွားတဲ့ ဝါးခါးလို သတ္တဝါတောင် အပြင် ပြန်မထွက်လာနိုင်ခဲ့ဘူး... အဘိုးကြီးချန်များ မရဏလမ်းကြောင်းများ တကယ် စောင့်ကြပ်နေတာလား..."
တခြားသူများမှာ ဆရာတော်ဝါးခါးရဲ့ အကြောင်း သိပ်မသိကြဘဲ ဘုန်းကြီးတစ်ပါးသာ ဖြစ်သည်ဟုသည ထင်ကြသော်လည်း အဘွားရှားကတော့ ထိုဆရာတော်နဲ့ တခြားသော မျိုးဆက်ဟောင်းများ၏ ဒဏ္ဍာရီများကို နားထောင်ရင်း ကြီးပြင်းလာခဲ့တာ ဖြစ်လေ၏။
ချန်ရှီရဲ့ အကြံအစည်ကြောင့် အသိစိတ်ပင်လယ်ထဲမှာ သေဆုံးသွားတဲ့အခါ သူမအပေါ်ဆို ဘယ်လောက် အကျိုးသက်ရောက်မှု ရှိနိုင်မလဲဆိုတာ တွေးကြည့်နိုင်ပါသည်။
သူမဘေးမှ မုတ်ဆိတ်မွေးနဲ့ ချင်းယန်တို့မှာလည်း ထိတ်လန့်သွားပုံပေါ်၏။ မဟာယာနဘုံမှ ဒဏ္ဍာရီတစ်ဦးဖြစ်သော ဆရာတော်ဝါးခါးဟာ ငယ်ရွယ်သော ကလေးငယ်တစ်ဦးထံမှ ကြံစည်ခံရကာ သေဆုံးသွားခဲ့သည်။
ကိုယ့်မျက်စိနဲ့ မြင်တာတောင် မယုံနိုင်ချေ။
ချင်းယန်ရဲ့မေးစေ့ပေါ်က အမွေးတွေတောင် တုန်လှုပ်သွားသည်။
"ကံကောင်းလို့ မင်းတို့အဲ့တုန်းက ငါ့ကို ဆွဲထားကြလို့ပေါ့...မဟုတ်ရင် ငါ သူ့အသိစိတ်ပင်လယ်ထဲ ဝင်သွားလိမ့်မယ် အခု ချိုတွေတောင် မရှိလောက်တော့ဘူး... ငါကြောက်နေပြီ..."
အဘွားဟေးရှန်းကလည်း ချန်ရှီ အိပ်မက်မက်ထဲကို ဝင်ပြီးနောက် ပြန်မထွက်လာခဲ့ပေ။
ခဏလောက်အထိ ထိုကြောက်ရွံ့စိတ်ကို မဖြေဖျောက်နိုင်ခဲ့ပေ။
ဟူရှောင်လျောင် :"အဘွား... ဒါက ဝါးခါးရဲ့ ပထမဆုံး လူဝင်စားမှုလို့ ထင်လား"
အဘွားရှား အနည်းငယ် လန့်သွားပြီး :"ဘာကိုဆိုလိုတာလဲ"
ဟူရှောင်လျောင်: "ဒါက ဝါးခါးရဲ့ ပထမဆုံး လူဝင်စားတာ မဟုတ်ဘူးလို့ ငါထင်တယ်... သူ ကုံကျိုးမြို့ကို ရောက်ပြီး ချက်ချင်း သေဆုံးသွားတယ်... သူသေပြီးတဲ့ နောက်မှာတော့ မှိုတွေကို အသွင်ပြောင်းပြီး လူငယ်တစ်ယောက်ချင်းစီရဲ့ စွမ်းရည်နဲ့ လိုက်လျောညီထွေဖြစ်အောင် စမ်းသပ်ခိုင်းတယ်... ဒါကို လွယ်လွယ်ကူကူနဲ့ လုပ်သွားတာ... ဒါက ပထမဆုံး အကြိမ်သာ ဆိုရင် ဘယ်လိုလုပ် ဒီလောက် ကျွမ်းကျင်နိုင်မှာလဲ..."
ချင်းယန်: "အရင်ကလို လူဝင်စားရင် အဓိပ္ပာယ်ရှိတယ်.. ဒါပေမယ့် သူက ဗုဒ္ဓဘာသာဘုန်းကြီးပဲ အရင်ကသာ လုပ်ခဲ့ဖူးမယ်ဆိုရင် ခြေရာလက်ရာတွေ ချန်ထားခဲ့မှာ သေချာတယ်... အတိတ်က မှော်အတတ်တွေကို ကြည့်လိုက်ရုံနဲ့ သူ့အရင်ဘဝရဲ့ သဲလွန်စတွေကို ရှာတွေ့နိုင်မှာပါ!"
အဘွား: "သူက အသက် တစ်ရာ့သုံးဆယ်ကျော်ပြီ သူ့ရဲ့ နောက်ဆုံး လူဝင်စားမှုက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်က ဖြစ်ကောင်းဖြစ်နိုင်တယ်... သူဘယ်သူလဲ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က သူ ထိန်းချုပ်ထားတဲ့ မှော်ဆန်တဲ့ အသွင်ပြောင်းမှုက ဘာလဲ ဘယ်သူပြောနိုင်မလဲ... ရှီးကျင်းမှာပဲ ဒီကိစ္စမျိုးတွေကို မှတ်တမ်းတင်ထားမှာ..."
သူမသည် ရှီးကျင်းကိုပြောရင်း ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။
"တစ်ဆယ်လေးနဲ့ လီထျန်းချင် ကုံကျိုးမှာ ရှိနေတဲ့အကြောင်း ဝါးခါးက ဘယ်လိုသိတာလဲ လီထျန်းချင်မှာ ပထမတန်းစား နတ်သန္ဓေသားလေး ရှိတယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ... သူ့ပတ်ဝန်းကျင်မှာ တပည့်တစ်ယောက် ရှိတယ်လေ.. ဘုန်းကြီးတစ်ပါးပဲ... သူ့ကို ဘယ်သူကမှ မပြောပါဘူး... လီထျန်းချင်ရဲ့ နတ်သန္ဓေသားနဲ့ တစ်ဆယ်လေး ကုံကျိုးမြို့မှာ ဆောင်းဦး စာမေးပွဲကို တက်ရောက်မယ့်အကြောင်း ရှီးကျင်းက တစ်ယောက်ယောက်ကများ သူ့ကို ဒီလိုပြောခဲ့တာ ဖြစ်နိုင်လား?"
သူမ ပိုတွေးမိလာသည်။
ဖန်တီးခံရှောင်ဝူက ရှီကျင်းကို ရောက်သွားခဲ့ပြီမို့ သေချာပေါက် ပျင်းရိနေမှာ မဟုတ်ချေ။ ယခုအချိန်တွင် ရှီကျင်းရှိ တစ်စုံတစ်ဦးသည် ကုံကျိုးတွင် သင့်လျော်သော လူဝင်စား ဝိညာဉ်ကောင်လေး ရှိနေကြောင်းကို တစ်ယောက်ယောက်က ပြောခဲ့တာ သေချာပါသည်။
ဝါးခါးကို မျက်နှာသာပေးဖို့ ရောင်းချတာလား၊ သို့မဟုတ် ဖန်တီးခံရှောင်ဝူကို ဆွဲဆောင်ရန် ဝါးခါးဖန်တီးထားသော မှော်ဆန်သော အသွင်ပြောင်းမှုကို အသုံးပြုခြင်းလား။ ဒါမှမဟုတ် ဖန်တီးခံရှောင်ဝူက သူ့အကြောင်းကို သိသွားမှာကြောက်လို့ ဝါးခါးရဲ့လက်ကို သုံးပြီး ဖန်တီးခံရှောင်ဝူကို ဖယ်ရှားချင်နေတာလား။
"ရှီးကျင်းမှာရှိတဲ့ ရေက အရမ်းနက်တယ်..."
သူမက :"ချန်ယင်တု အဲဒီတုန်းက ရှီးကျင်းက ထွက်လာခဲ့တာ အံ့သြစရာ မရှိပါဘူး ကံမကောင်းစွာပဲ ဝါးခါးက သေသွားပြီ။ သူ မသေသေးရင် ဒါမှမဟုတ် သူ့ဝိညာဉ်က ရှိသေးတယ်ဆိုရင် ဒီအချက်အလက်ကို ပေးခဲ့တဲ့သူကို မေးလို့ရတယ်... တစ်ဆယ်လေးရဲ့ သန္ဓေသားကို သယ်သွားတဲ့သူက ဘယ်သူလဲဆိုတာ သိနိုင်တယ်"
မုတ်ဆိတ်မွေးနဲ့ လူကြီးက သူမရဲ့ အတွေးတွေကို နှောင့်ယှက်လိုက်ပြီး :"လွန်ခဲ့တဲ့ အနှစ်တစ်ရာကျော်က ဝါးခါးရံ ပထမဆုံး လူဝင်စားခြင်းမျိုးတော့ မဟုတ်လောက်ဘူး သူအရင်က နှစ်ကြိမ်၊ သုံးခါ ဒါမှမဟုတ် လေးငါးကြိမ်တောင်မှ လူဝင်စားခဲ့ဖူးတာ ဖြစ်နိုင်တယ်... ဒါပေမဲ့ ဒီလိုဖြစ်တည်မှုမျိုးက ကလေးတစ်ယောက်ရဲ့ လက်ထဲ ရောက်သွားတယ်"
ဒီစကားကို ပြောနေရပေမယ့် သူ မယုံနိုင်သေးပါဘူး။
"အခုတော့ ဆရာတော်ဝါးခါးက မရှိတော့ဘူး.. အဲဒီနတ်ဆိုးကို ကိုင်တွယ်ရတာ ပိုလွယ်လာလိမ့်မယ်..."
ချင်းယန်: “အခု ငါတို့ရဲ့ အလှည့်ပဲ”
အဘွားရှားက ရိုင်းစိုင်းစွာ တွေးမနေတော့ဘဲ ခေါင်းခါသည်။
"ဒါက ငါတို့အလှည့်မဟုတ်ဘူး.. စန့်ရန်တွေ စုဝေးတော့မယ်... ဒီမြို့မှာ စန့်ရန်တွေအများကြီး ပုန်းနေတယ် လူတော်တော်များများက အဲဒီနတ်ဆိုးကို စောင့်ကြည့်နေမှာပဲ ငါကြောက်တယ်... ငါတို့ တစ်ဆယ်လေးကို စောင့်ကြည့်နေနိုင်သရွေ့ ကောင်းကင်နဲ့ မြေကြီးကို ကျေးဇူးတင်ရလိမ့်မယ်"
........
တောင်နီခန်းမရဲ့ အဓိကခန်းမထဲတွင်တော့ ချန်ရှီသည် တောင်နီမယ်မယ်နဲ့ တခြားသူများရဲ့ အသုံးအနှုန်း၊ အကြည့်တွေက ကွဲပြားနေတာကို သတိပြုမိသော်လည်း သူ ထိုအကြောင်းကို များစွာမတွေးနေခဲ့ပါ။
ဆရာတော်ဝါးခါး သူ့ခန္ဓာကိုယ်ကို ဝင်ရောက် သိမ်းပိုက်စဥ်က ဒဏ်ရာရသွားခဲ့ရာ သူ့အသိစိတ်ပင်လယ်ထဲမှာ ဘာကိုပဲ ဝှက်ထားပါစေ ၎င်းက ဆရာတော်ဝါးခါးကို ထိခိုက်နိုင်ကြောင်း သဘောပေါက်သောကြောင့် စွန့်စားရန် ဆန္ဒရှိခဲ့ခြင်းပင်။
ဆရာတော်ဝါးခါးကို မဖယ်ရှားနိုင်သော်လည်း နတ်ဆိုးနယ်မြေကို မချေမှုန်းနိုင်သေးသော်လည်း အနည်းဆုံးတော့ အခက်အခဲ များစွာ လျော့ကျသွားခဲ့ပါပြီ။
မှန်ကိုချကာ အခန်းအပြင်သို့ ထွက်လာခဲ့လိုက်သည်။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကောင်းကင်သည် ယခင်အတိုင်းပင် ဖြစ်ပြီး ပြောင်းလဲမှုမရှိချေ။ အဝေးက တရှင်းချန် ဘုရားကျောင်းကို လှမ်းကြည့်လိုက်ရာ ကောင်းကင်သို့ ရွှေရောင်အလင်းတန်းများက ထိုးတက်နေဆဲ၊ ရောင်စုံတိမ်တိုက်များကဲ့သို့ ရောင်ပြန်ဟပ်နေသည့် တိမ်တိုက်များလည်း ရှိသေးသည်။
နတ်ဆိုးနယ်မြေက အရင်အတိုင်းပါပဲ။
ဆရာတော်ဝါးခါး ပိတ်မိနေတာကြောင့်လေးနဲ့တော့ ပျက်စီးမသွားခဲ့။
"ငါမျှော်လင့်တာ မှန်နေတာပဲ!"
ချန်ရှီရဲ့ မျက်လုံးများက လီထျန်းချင်ဆီ ရွှေ့သွားကာ။
"ဝါးခါးက နတ်ဆိုးမျိုးစိတ် မဟုတ်ဘူး... တကယ့် နတ်ဆိုးမျိုးစိတ်က တရှင်းချန် ဘုရားကျောင်းမှာ ရှိနေသေးတယ်..."
လီထျန်းချင် မျက်မှောင်ကြုတ်ပြီး : "နတ်ဆိုးနယ်မြေက ရှိနေတုန်းပဲ ဒီကုံကျိုးမြို့က လူတွေကလည်း ဆက်ပြီးသေနေလိမ့်မယ် နတ်ဆိုးနယ်မြေ မပြိုကွဲဘူးဆိုရင် နတ်ဆိုးအသွင်ပြောင်းမှုကို ရက်တစ်ရာလောက် ရှင်သန်နိုင်ရင်တောင်မှ နတ်ဘုရားရဲ့ အကြည့်အောက်မှာ ငါတို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး!"
"ရှီးကျင်းက မြို့ကိုကယ်ဆယ်ဖို့ လူတွေ လွှတ်မယ်လို့တော့ မမျှော်လင့်လိုက်နဲ့... ဒီကနေရှီးကျင်းကို အလှမ်းဝေးတယ် ဖန်တီးခံရှောင်ဝူကလည်း ရှီးကျင်းမှာ ပြဿနာရှာထားတော့ ရှီကျင်းက လူအင်အားကို မစုစည်းနိုင်တော့ဘူး... ရှီးကျင်းဘက်က ငြိမ်သက်သွားပြီးမှ ဆိုရင်တော့ ဒီကလူတွေ အကုန်လုံး သေသွားပြီးလောက်ပြီ"
ချန်ရှီက အလွန်ယုံကြည်မှုရှိပြီး :"နတ်ဆိုးနယ်မြေက ကြာကြာ တည်နိုင်မယ်လို့ မထင်ပါဘူး... မမေ့လိုက်နဲ့ စန့်ရန်တွေရဲ့ စုဝေးပွဲက ကုံကျိုးမြို့ အပြင်ဘက် ဟန်ကုံးတောင်က မြူခိုးတောင်ထွတ် (ဝူလင်) မှာ... စုဝေးမှုက မစသေးပေမယ့် စန့်ရန်လူတော်တော်များများက မြူခိုးတောင်ထွတ်ကို သွားနေကြပြီ ဒီမြို့ထဲမှာလည်း အများကြီး ရှိနေနိုင်တယ်... သူတို့ မသေမချင်း ထိုင်စောင့်နေမှာ သေချာတယ်"
လီထျန်းချင်ကတော့ အနည်းငယ် စိုးရိမ်နေသေးသဖြင့်: "စန့်ရန်တွေက ဘုရင်ခံဖေ့နဲ့ တခြားသူတွေထက် ပိုအစွမ်းထက်မှာ မဟုတ်သလို ဒီနတ်ဆိုးမျိုးစိတ်တွေကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး"
ရက်အနည်းငယ် အတွင်းမှာတော့ မြို့ထဲမှာ နေထိုင်သူ နည်းပါးလာပြီး လူတော်တော်များများဟာ ဖုန်မှုန့်တွေကြောင့် ကူးစက်ခံရပြီး လမ်းလျှောက်နေတဲ့ မှိုတွေ ဖြစ်သွားကြသည်။ နေရာတိုင်းက အရပ်ရှည်သော အိမ်များကဲ့သို့ အရပ်ရှည်ရှည် မှိုများဖြင့် ပြည့်နှက်နေပြီး သက်ရှိသတ္တဝါများနှင့် တွေ့ကြုံရသောအခါတွင် ၎င်းတို့ကို လှောင်အိမ်များတွင်သာ ထည့်ထားကြရသည်။
ဖမ်းမိသွားသော လူသားများစွာကိုတော့ တရှင်းချန် ဘုရားကျောင်းသို့ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် မှိုဘီလူးကြီးများ မြို့အနှံ့ လှည့်လည်သွားလာနေတာ မြင်တွေ့လာခဲ့ရသည်။
တောင်နီခန်းမက လူအင်အားသည်လည်း တဖြည်းဖြည်း လျော့နည်းလာသည်။ အဆောင်ဆွဲဆရာ အုပ်စုသည် ဖုန်မှုန့်သန့်စင်ခြင်းဆိုင်ရာ အဆောင်လက်ဖွဲ့ကို သင်ယူခဲ့ကြသော်လည်း ၎င်းတို့ကို မှိုဘီလူးကြီးများက မဖမ်းမိသေးသရွေ့ ၎င်းတို့ ရောဂါပိုး မကူးစက်နိုင်တော့ပေ။
ပိုအန္တရာယ်ကြီးတာက လူတွေပဲ။
မှိုဘီလူးကြီးများက အဝေးမှ လှမ်းမြင်နိုင်သဖြင့် သတိထား၍ ရှောင်ရှားနိုင်သည်။
သို့သော် လူများသည် ထောင်ချောက်များ၊ ခိုးဝင်တိုက်ခိုက်ခြင်း၊ မြှားများချခြင်း၊ ဝိုင်းရံခြင်း၊ အဆိပ်နှင့် အခြားနည်းလမ်းများဖြင့် လုပ်ဆောင်နိုင်ကြသည်။ စားနပ်ရိက္ခာ မလုံလောက်လို့ လူတချို့က လူသားစားစပြုနေပြီလို့ မြို့ထဲမှာ ကောလဟာလတွေတောင် ရှိနေပါပြီ။
"ဒီနေ့ ဘာမှမရခဲ့ဘူး"
နံ့သာသခင်ရှောင်းက လက်ဗလာဖြင့် ပြန်ရောက်လာသည်။
"မင်ကျန်းမြစ်ထဲမှာ ငါးမရှိတော့ဘူး... နတ်ဖြစ်ကုန်တာလား ဘယ်ပြေးကုန်မှန်း မသိဘူး"
တချို့သော ဆရာများသည် ဆာလောင်လွန်းသဖြင့် မူးဝေသွားကာ အသားတောင်ကြီးကို လှမ်းကြည့်လိုက်မိသည်။ ထို့နောက် မျက်နှာကို ပါးပြန်ရိုက်ပြီး တီးတိုးပြောလိုက်သည်။
"အဲဒါ တောင်နီမယ်မယ်!"
ထို့နောက် ကြီးကျယ်ခမ်းနားသော ယုန်ကို တစ်ဖန်ကြည့်ကာ ပါးရိုက်ခံရပြန်သည်။
"အဲဒါ ငါတို့ရဲ့ ခန်းမသခင်ဟ!"
နီရဲနေသော မျက်လုံးတစ်စုံသည် ဟေးကော်ကို ကြည့်လိုက်ပြီးနောက် အားလုံးမှာ ရုတ်တရက် ဟေးကော်ကို မမြင်ရသကဲ့သို့ အဝေးကိုသာ မျှော်ကြည့်လိုက်ကြသည်။
"မှိုစားလို့ရလား?"
"အဲဒါ လူသားကွ!"
"ဒါပေမဲ့ ခန်းမသခင်ကတော့ စားလိမ့်မယ် ထင်တယ်"
"ခန်းမသခင်က ယုန်တစ်ကောင်ပဲလေ... ယုန်တွေက မှိုစားတာ သဘာဝပဲ"
……
သူတို့စကားတွေကို နားထောင်ပြီးနောက် ချန်ရှီ ရုတ်တရက် ထရပ်လိုက်သည်။
"ငါ အစာထွက်ရှာလိုက်မယ် ဟေးကော်! မင်းက ငါနဲ့လိုက်ခဲ့ရမယ်!"
ဟေးကော်ကလည်း မတ်တပ်ထရပ်ပြီး သူ့အမြီးကို ခါယမ်းကာ ချန်ရှီနောက်ကို လိုက်သွားခဲ့သည်။
လီထျန်းချင်: "တစ်ဆယ်လေး ငါလည်း မင်းနဲ့လိုက်ခဲ့မယ်!"
ချန်ရှီ ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ကောင်နှင့် ခွေးတစ်ကောင်တို့ဟာ တောင်နီခန်းမ၏ ပင်မခန်းမထဲမှ ထွက်လာခဲ့သည်။
ချန်ရှီ: "ထျန်းချင် မင်း ဗိုက်ဆာနေလား"
လီထျန်းချင် ခေါင်းညိတ်လိုက်ပြီး "နည်းနည်းမူးနေသလို ခံစားရတယ် နှလုံးခုန်လည်း မြန်နေတယ်"
ချန်ရှီလည်း သူ့ဘောင်းဘီ ခါးပတ်ကို တင်းတင်းကျပ်ကျပ်နဲ့ ချည်ရင်း ပြောလိုက်သည်။
"ငါလည်း အတူတူပဲ"
လီထျန်းချင် : "နံ့သာသခင်လု နောက်ဆုံးရခဲ့တဲ့ ငါးကအကောင်ကြီးတယ်... ငါးခေါင်းကို နှစ်ခါပြုတ်ပြီး စားလို့ရတယ်... ဒုတိယ အကြိမ်မှာ ငါးကခဲသွားတော့ စားပြီးတာနဲ့ ဗိုက်မဆာတော့ဘူး... တတိယအကြိမ်မှာ ငါးဂျယ်လီက ထွက်မလာတော့ ငါးအရိုးတွေကိုပါ လှီးဖြတ်လိုက်ရတယ်.. နံ့သာသခင်လုကို ခေါင်းကို ရိုက်ပုတ်ပြီး သဘာဝသယံဇာတတွေကို ဖြုန်းတီးတယ် ဆိုပြီး ကြိမ်းမောင်းပါလေရော..."
သူတော်တော်လေး စိတ်တိုသွားပြီး "ငါ့မှာ တံတွေးထွေးမိတဲ့ ငါးအရိုးတွေကို ကောက်ဝါးရင်း အလဟသ မဖြစ်ဘူးလို့ ပြောလိုက်ရတယ်လေ... တစ်ဆယ်လေး စားဖို့ တစ်ခုခု ရှာပေးနိုင်မလား ငါ တအား ဗိုက်ဆာနေပြီ"
နောက်ဆုံးအကြိမ် နတ်ဆိုးအသွင်ပြောင်းပြီး ငတ်မွတ်မှုကို ပြေပျောက်စေရန်နှင့် အစာအမြောက်အမြား ချွေတာရန် အမျိုးမျိုးသော သားရဲများကို လိုက်ရှာနိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် မင်ကျန်းမြစ်တွင် ထူးခြားဆန်းပြားသော သားရဲများ မရှိနေသဖြင့် အစာအလုံအလောက် မရှိတော့ပေ။
ချန်ရှီ: "မင်ကျန်းမြစ်ထဲမှာ ငါးတွေ အများကြီးရှိရမယ်... ရှာမတွေ့ရတဲ့ အကြောင်းရင်းက တူးမြောင်းအဖွဲ့အစည်းက အဘွားမင်ကျန်းက ဝှက်ထားခဲ့လို့ပဲ...ငါတို့လည်း စားစရာရှာလို့ရတဲ့ တူးမြောင်းအဖွဲ့အစည်းကို သွားကြရအောင်... ဟေးကော်ကို ခေါ်သွားရအောင် သူ ငါတို့ကို ကူညီပေးမှာပါ"
ရှေ့က လျှောက်သွားနေတဲ့ ဟေးကော်ကို ကြည့်လိုက်ပြီး ချန်ရှီ ဆက်ပြောလိုက်သည်။
"ခွေးက ငါတို့ရဲ့ မှတ်ဉာဏ်တွေကိုတောင် ပြောင်းလဲနိုင်ရင် တူးမြောင်းအဖွဲ့အစည်းက လူတွေရဲ့ မှတ်ဉာဏ်တွေကိုလည်း သေချာပေါက် ပြောင်းလဲသွားအောင် လုပ်နိုင်လိမ့်မယ် တူးမြောင်းအဖွဲ့အစည်းဆီကို သွားပြီးတော့ စားစရာတွေ သွားသယ်ကအောင်... ဟေးကော် မင်း အဲဒါကို လုပ်ပေးနိုင်မလား"
ဟေးကော်ခမျာလည်း သူ့ခြေထောက်များက ဆာလောင်မှုကြောင့် အားနည်းလွန်းနေသဖြင့် အားမလျော့ဘဲ ငိုကြွေးပြခဲ့သည်။
ချန်ရှီ ပြုံးပြီး "ဟေးကော်လက်ထဲ အပ်ထားလိုက်ရအောင်!"
လီထျန်းချင်လည်း ဟေးကော်ရဲ့ ဆိုလိုရင်းကို မှန်းဆရင်း သွားနေစဥ် ရုတ်တရက် ထိုဟေးကော်က ရပ်တန့်ကာ ရှေ့လမ်းထောင့်ကို သတိထား ကြည့်နေတာ တွေ့လိုက်ရသည်။ ချန်ရှီလည်း သူ့ခန္ဓာကိုယ်ထဲက ရွှေအမြုတေကို ချက်ချင်း ထုတ်ယူလိုက်ပြီး။
"အရှေ့က မိတ်ဆွေက ဘယ်သူလဲ ထွက်လာခဲ့!"
လီထျန်းချင်ကလည်း အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသော ရွှေအမြုတေနဲ့ စွမ်းအင်များကို ချက်ချင်း ပြင်ဆင်ထားသော်လည်း တစ်ဖက်လူက သူတို့ရှေ့ရှိ လမ်းထောင့်မှ ဖြည်းညှင်းစွာ ထွက်လာတာ တွေ့လိုက်ရသည်။
ဘုန်းကြီးတစ်ပါးက ပြုံးပြီး လက်နှစ်ဖက်ကို လက်အုပ်ချီပြလာသည်။
"အတန်းဖော်တို့ နှစ်ယောက်... ကျွန်တော့်ဆရာက မင်းတို့ရဲ့ အလောင်းကို လာကောက်တာ.. ဒါပေမဲ့ မင်းတို့ရဲ့ လက်ထဲမှာ သေသွားတာလား"