သူတောင်းစားကြီး
Vol. 11 Ch. 165
ချန်ရှီ အရင်က ဘုန်းကြီးဝူချန်ကို လုံးဝ အထင်ကြီးခြင်း မရှိခဲ့ပေ။ ဤဘုန်းကြီးသည် လောကီပညာနှင့် မိုက်မဲသူဖြစ်သည်။ အဆင့်မြင့် မိသားစုမှ ဆင်းသက်လာသော လီထျန်းချင်ကို အလွန်ယဉ်ကျေးပြီး သာမန်လူများကို လျစ်လျူရှုရတာ နှစ်သက်သည်။
သို့သော် ဘုန်းကြီးဝူချန်သည် အရေးကြီးသော အခိုက်အတန့်တွင်တော့ သူ့အား ကယ်ဆယ်ခဲ့ပြီး သူ့ကြင်နာမှုကို ပြန်လည်ပေးဆပ်ခဲ့သည်။ ချန်ရှီသည် မိမိ၏ မိုက်မဲမှုအပြင် ဝူချန်ရဲ့ အခြားတစ်ဖက်ကိုပါ မြင်တွေ့ခဲ့ရသည်။
"ကျေးဇူးတရားကို ရှင်းရှင်းလင်းလင်း ဆပ်သွားတာ... ကွန်ဖြူးရှပ် ပြောတဲ့အတိုင်းပဲ"
ချန်ရှီ လျှို့ဝှက်စွာ ချီးကျူးလိုက်သည်။ မြေပြင်ပေါ်ရှိ ပန်းကန်လုံး အောက်ခြေတွင်တော့ ရေတစ်လုတ်စာ ရှိနေသေးကာ အောက်ခြေကို ဖုံးအုပ်ထားဆဲ ဖြစ်သည်။
"အဘွားမင်ကျန်း ကျွန်တော်ခင်ဗျားကို ခေါ်သွားပေးမယ်"
ချန်ရှီသည် ကျိုးနေသော ပန်းကန်လုံးကို လက်ထဲတွင် ကိုင်လျက် တိတ်တိတ်ဆိတ်ဆိတ် ထွက်ခွာသွားခဲ့သည်။ သူထွက်သွားပြီးနောက် ထပ်မံရောက်လာသော နယ်ခြားစောင့်တပ်မှ စစ်သားအများအပြားသည် နေရာအနှံ့ အလောင်းများကို တွေ့လိုက်ရသောအခါ အံ့သြတုန်လှုပ်သွားကြသည်။
စစ်သူကြီးတစ်ဦး ဖြစ်သည့်အပြင်၊ စစ်ဦးစီးချုပ် ရှချူးလီ၏ သားအဖြစ်လည်း ရှလော်ရင်းက ဤနေရာတွင် သေဆုံးသွားခဲ့ပြီ။ စစ်ဦးစီးချုပ် ရှချူးလီက ဒေါသထွက်တော့မှာ သေချာသည်။
ပိုကြောက်စရာကောင်းတာက အဘွားမင်ကျန်းကို ဘယ်မှာမှ မတွေ့ရတော့ပေ။ ၎င်းက မိသားစုကြီးဆယ့်သုံးခုရဲ့ ရိက္ခာဖြစ်သည်။ အဘွားမင်ကျန်းကို ဖြုတ်ချပြီး မိသာစုကြီး ဆယ့်သုံးစုကို ရက်ပေါင်းများစွာ ကျွေးမွေးနိုင်မည်။
အဘွားမင်ကျန်း ပျောက်သွားရင်တော့ အဲဒီလူကြီးတွေက ဒေါသကြီးပြီး လူတွေအများကြီး သေကြလိမ့်မည်။
ခဏအကြာတွင် ပြောက်ကျားစစ်သူကြီးများ၊ အစောင့်များ၊ တပ်မှူးများနှင့် အခြားသူများ အများစုမှာ ရှမိသားစု၏ အလောင်းများကို မြေပြင်ပေါ်တွင် တွေ့လိုက်ရသောအခါတွင် ဒေါသထွက်ကုန်ကြသည်။
"ဘယ်သူ လုပ်တာလဲ?"
ဘယ်သူမှ ဘာမှ မပြောရဲကြချေ။
ကုံကျိုး အစိုးရရုံးမှ တရားသူကြီးများ၊ အုပ်ချုပ်ရေးမှူးများနှင့် အခြားသူများကလည်း ဒါကိုမြင်သောအခါ အံ့သြတုန်လှုပ်သွားကြသည်။
"စစ်ဦးစီးချုပ်ကို ချက်ချင်း သတင်းပို့ပါ!"
ပြောက်ကျားစစ်သူကြီးက ချက်ချင်း လှည့်ထွက်သွားသည်။
ရှချူးလီသည် ပွဲကျင်းပနေဆဲ ဖြစ်တာကြောင့် လူတိုင်း အရက်သောက်ရင်း စကားပြောရင်းဖြင့် ရယ်မောနေကြသည်။ ပြောက်ကျားစစ်သူကြီးက ကမန်းကတန်း ရောက်လာပြီး စကားအနည်းငယ် တိုးတိုးပြောလိုက်တဲ့ ထိုလူရဲ့ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားကာ ကျင့်ဝတ်တွေကို ဂရုမစိုက်တော့ဘဲ အမြန်ထသွားခဲ့သည်။
ဒါကို ပွဲက တခြားလူကြီးတွေ မြင်တော့ လုပ်လတ်စတွေကို ချလိုက်ပြီး နောက်က လိုက်သွားကြသည်။ အားလုံးက မှုန်ကုပ်ကုပ်နဲ့ ရှလော်ရင်း ခန္ဓာကိုယ်ဆီ ရောက်လာခဲ့၏။
"မဟာမင်ဧကရာဇ်ရဲ့ ရွှေရောင်အလင်းတန်း"
လူကြီးမင်းရှသည် ရှလော်ရင်းရဲ့ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ဖြောင့်ဖြောင့် မတ်မတ် ထားပြီး တရှင်းချန်ဘုရားကျောင်းကို သွားရာလမ်း အတိုင်း ကြည့်ကာ လေးနက်သော အသံဖြင့် ပြောသည်။
"တပေါက်ဖာဘုံကျောင်းက ကျင့်စဥ်က ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး ရွှေကိုယ်ထည်ကျင့်စဥ်ပဲ!"
ဆရာတော်ဝါးခါးက ဘုရားကျောင်းထဲက ထွက်ပြေးလာပြီး လူတွေကို သတ်ခဲ့တာလား။
"ဝါးခါးဆိုရင် ဘာလို့လုပ်စရာရှိလို့လဲ"
"ဝါးခါးသာ သူ့ကို တစ်ချက်ကြည့်လိုက်ရင် ရှလော်ရင်း ချက်ချင်း မှိုဖြစ်သွားလိမ့်မယ်"
"အဘွားမင်ကျန်း မရှိရင် နောက်ရက်တွေထဲမှာ ငါတို့ ဘာစားမလဲ"
လူကြီးမင်းယန်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး တောင်နီမယ်မယ်က မိသားစုကြီး ဆယ့်သုံးစုကို ဘယ်နှစ်ရက်လောက် ကျွေးမွေးနိုင်မလဲဟု တွေးနေစဥ် စစ်သားများစွာ ခေါင်းကုတ်နေကြတာ တွေ့လိုက်ရသည်။
လူကြီးမင်းယန်လည်း သူတို့ခေါင်းကို ကုတ်နေတာတွေ့တော့ သူ့ဦးရေပြားတွေကပါ ယားယံသလို ခံစားလာရလေသည်။ ရုတ်တရက် စစ်သည်တွေရဲ့ ခေါင်းပေါ်ကနေ အသံချို့ထွက်လာပြီး သူတို့ခေါင်းထဲက မှိုသေးသေးလေးတွေ ထွက်လာတော့သည်။
စစ်သည်တွေလည်း အော်ဟစ်ပြီး မှိုတွေကို အလျင်အမြန် ဆွဲထုတ်လိုက်တဲ့အခါ သွေးတွေနဲ့ ရွှဲနေတဲ့ သူတို့ရဲ့ ဦးရေပြားတစ်ပိုင်းကို မှိုတွေက ကိုက်ဖြတ်ပစ်လိုက်လေပြီ။
"သူတို့က ကူးစက်ခံလိုက်ရပြီ!"
ကျန်းရွှင့်ကျန်းက အော်ပြောပြီး ဘာရှင်းပြချက်မှ တောင်းမနေတော့ဘဲ သူ့လက်ဖဝါးနဲ့ ရိုက်ချပစ်ခဲ့သည်။ သူ့လက်ဖဝါးထဲကနေ မီးတွေ ထွက်လာပြီး အဲဒီစစ်သည်တွေကို တစ်ခါတည်း ပြာချပေးလိုက်၏။ လူကြီးမင်းယန်မှာ သူ့ခေါင်း ယားယံတာကို အလူးအလဲ ခံစားနေခဲ့ရပေမယ့် ခေါင်းကုတ်ချင်စိတ်ကို တွန်းလှန်ပြီး။
"လူကြီးမင်းရှ ကျွန်တော် တောင်းပန်ပါတယ်... တခြားလုပ်စရာတွေ ရှိသေးလို့ အရင်ပြန်လိုက်ပါဦးမယ်!"
သူ အလျင်စလို ထွက်သွားပြီး ထောင့်နားကို ရောက်တဲ့အခါ လက်ဆန့်ကာ ခေါင်းကုတ်လိုက်ရာ မမျှော်လင့်ဘဲ မှိုစလေးကို ဖမ်းမိသွားခဲ့သည်။ သူ့အမူအရာ အနည်းငယ် ပြောင်းသွားပြီး မှိုကို တိတ်တဆိတ် ဆွဲထုတ်လိုက်သည်။
ထိုအချိန်တွင် မင်ကျန်းမြစ်ဘက်မှ အော်သံတချို့ ထွက်လာ၏။ သူ ပြေးကြည့်လိုက်တော့ ခေါင်းပေါ်မှာ မှိုပေါက်နေသူများကို လိုက်ဖမ်းနေသည့် နယ်ခြားစောင့်တပ်များကို တွေ့လိုက်ရသည်။ သူလည်းပဲ နှလုံးခုန်သံက ပြင်းထန်စွာ ခုန်ပေါက်နေသည်။
"ငါ ရောဂါကူးနေပြီ တခြားလူကြီးတွေရော မကူးစက်ဘူးလား... သူတို့လည်း ကူးစက်နိုင်တယ် ဒါပေမယ့် သူတို့ခေါင်းပေါ်ကနေ မှိုတွေကို တိတ်တဆိတ် ဆွဲထုတ်လိုက်ကြတာပဲ ဖြစ်မယ်!"
ယန်အိမ်တော်သို့ ပြန်ရောက်သွားတဲ့အခါ စင်္ကြံလမ်းဘက်သို့ လှည့်ကာ ငိုကြွေးနေသံများကို ကြားလိုက်ရသည်။ ယန်အိမ်အပြင်ဘက် မြေပြင်ပေါ်တွင် ဒူးထောက်နေသော အစောင့်အကြပ်များစွာကိုလည်း တွေ့လိုက်ရသည်။
"ဘာဖြစ်နေတာလဲ"
ဘဏ္ဍာစိုး :"သခင်ကြီး သူတို့ထဲက တချို့က ရောဂါပိုးကူးစက်ပြီး ခေါင်းပေါ်မှာ မှိုတွေပေါက်နေတယ်... တခြားလူတွေကို မကူးစက်အောင် ခေါင်းဖြတ်သတ်သင့်တယ်လို့ သခင်မက ပြောပါတယ်"
အမိန့်ပေးရုံမျှဖြင့် ဤအစောင့်နှင့် အိမ်ဖော်များ၏ ဦးခေါင်းများက တွင်းထဲသို့ ပြုတ်ကျသွားလေပြီ။ သူတို့အလောင်းများသည်လည်း အရှေ့က တွင်းထဲမှာ နေရာယူထားကြသည်။ ဘဏ္ဍာစိုးသည် လက်ကိုဝှေ့ယမ်းကာ မြေတွင်းထဲသို့ တွန်းချထားသော အလောင်းကို မြှုပ်နှံပေးလိုက်သည်။
လူကြီးမင်းယန်လည်း တင်းတင်းမာမာဖြင့် အိမ်နောက်ဖေးမှ ပြန်လှည့်လာခဲ့သည်။ သူ့ရဲ့ အမျိုးသမီး ဖြစ်သူကို ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ ထိုအမျိုးသမီးသည် ချစ်စရာကောင်းနေသေးသော်လည်း မှန်ကို ကြည့်ကာ သူမခေါင်းထဲမှ မှိုလေးကို တိတ်တဆိတ် ဆွဲထုတ်လိုက်သည်။
လူကြီးမင်းယန် ချောင်းဆိုးပြလိုက်တော့ သခင်မက မှိုကို ထောင့်ထဲကို ကမန်းကတန်း ပစ်ချလိုက်ပြီး။
"သခင်ကြီး ပြန်လာပြီလား"
"အင်း ငါပြန်လာပြီ"
လူကြီးမင်းယန်က ပြုံးပြီး သူ့ဇနီးကို နှုတ်ဆက်လိုက်သည်။
"တစ်ယောက်ယောက်က ခေါင်းပေါ်က မှိုတွေကို ဆွဲနုတ်ပြီး ကြော်စားကြလား မသိဘူး"
ရုတ်တရက် သူ့စိတ်ထဲ အတွေးတစ်ခု ဝင်လာတော့သည်။
"အဲဒါက အဆိပ်ရှိလောက်လား... ပေါက်ပွားလာတဲ့ မှိုကိုစားရင် အသက်ရှင်နိုင်ပါ့မလား"
မှော်အကူးအပြောင်း၏ ၁၆ ရက်မြောက်နေ့။
လူကြီးမင်းယန်လို နတ်အသွင်ပြောင်းနယ်ပယ်က သခင်ကြီးများပင်လျှင် နတ်ဆိုးအသွင်ပြောင်းသွားကာ မှိုတစ်ကောင်အဖြစ် ပြောင်းလဲစပြုလာကြပါပြီ။
တစ်ဖက်တွင် ချန်ရှီသည် ကျိုးနေသောပန်းကန်လုံးကို ကိုင်လျက် တောင်နီခန်းမသို့ အပြေးအလွှား သွားနေခဲ့၏။ လမ်းတစ်လျှောက်တွင် မှိုကြီးငယ်မျိုးစုံကို ရှောင်ပြီး တောင်နီခန်းမ ရောက်ခါနီးတွင်မှ သူ စိတ်အေးလက်အေး အရှိန်လျှော့လိုက်သည်။
ထိုအချိန်၌ ပျင်းရိနေသော အသံတစ်သံက သူ့နားထဲ တိုးဝင်လာခဲ့သည်။
“သခင်လေး... ကျုပ်ကို ကျေးဇူးပြုပြီး ဒါနပြုပါဦး”
ချန်ရှီ အံ့သြစွာဖြင့် လှမ်းကြည့်လိုက်ရာ ဘယ်ဘက်တံခါး၏ ကျောက်လှေကားထစ်များပေါ်တွင် ထိုင်နေသော သူတောင်းစားအိုတစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူအိုက တံခါးကို မှီထားကာ လက်ထဲတွင် ကျိုးနေသော ပန်းကန်လုံးနှင့် ခွေးရိုက်တုတ်တစ်ချောင်းကို ကိုင်ထားသည်။ လက်တစ်ဖက်ရှိ ပဲ့နေသော ပန်းကန်လုံးအား ချန်ရှီဆီသို့ လှုပ်ယမ်းလိုက်ပြီး။
"ဗိုက်ဆာနေတာ နှစ်အတော်ကြာပြီ... ကျေးဇူးပြုပြီး ဟင်းတစ်ခွက်လောက် ပေးပါဦး"
ချန်ရှီလည်း သူ့လက်ထဲမှာ ပဲ့နေတဲ့ ပန်းကန်လုံးတစ်ခုကို ကိုင်ထားလေသည်။ သူတောင်းစားက သူ့ပန်းကန်ထက် ပိုပဲ့နေတဲ့ ချန်ရှီပန်းကန်ကို ကြည့်ပြီး တုန်လှုပ်သွားပါသည်။
"မင်းက ချန်ရှီ ဟုတ်တယ်မလား... ဒီသူတောင်းစားကြီးက လူကြီးမင်းချန်ဆီက အလှူတစ်ခုတောင်းပါတယ်"
ချန်ရှီသည် ပန်းကန်လုံးကို ကိုင်လိုက်ပြီး ပန်းကန်အောက်ခြေရှိ အဆောင်စာလုံး ပုံစံကို လက်ညိုးနဲ့ ထိုးထားသည်။
"အကြီးအကဲက ကျွန်တော့်ကို သိတယ်ပေါ့ နင် ဘာမေးချင်တာလဲ"
တောက်တျယ်ကောင်းကင်မျို အဆောင်စာလုံးကို လက်ညိုးဖြင့် ဖိထားလိုက်တာနဲ့ အစီအရင်ကို အချိန်မရွေး အသက်သွင်းကာ အဘွားမင်ကျန်းကို လွှတ်ပေးနိုင်သည်။
သူတောင်းစားအိုက ပဲ့နေတဲ့ပန်းကန်လုံးကို လှုပ်ယမ်းပြီး ပြန်ဖြေ၏။
"ကျုပ် သခင်လေးချန်ကို နှုတ်ဆက်ချင်လို့ပါ!"
သူတောင်းစားအို၏ ပဲ့နေသော ပန်းကန်လုံးကြောင့် ချန်ရှီအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူက တောက်တျယ်ကောင်းကင်မျို အဆောင်စာလုံးကို ချက်ချင်း အသက်သွင်းလိုက်တဲ့အခါ သူ့လက်ထဲမှ ပန်းကန်လုံးပဲ့ထဲမှ ရေများ ဝေ့ဝဲကာ ဟောက်လိုက်သည်။ အဘွားမင်ကျန်းသည် လှည့်ပတ်နေသော ရေပေါ်တွင် ထိုင်ကာ ချိုင်းထောက်ကို ဝှေ့ယမ်းရင်း သူတောင်းစားအို၏ ဦးခေါင်းကို ရိုက်ချိုးလိုက်သည်။
ဝုန်း!
အဘွားမင်ကျန်း ပျောက်သွားပြီး ချန်ရှီမှာ ဘေးနားက ငါးကြီးတစ်ကောင်ရဲ့ ခေါင်းပေါ်မှာ ထိုင်နေတဲ့ သူ့ကိုယ်သူ တွေ့လိုက်ရလေသည်။ သူ့ဘေးမှာ အဘွားမင်ကျန်းက ချိုင်းထောက်ကို မှီနေကာ ခေါင်းပေါ်မှာတော့ အဝတ်ဖြူပတ်ထား၏။ ငါးကြင်းနက်ခန္ဓာနှင့် နဂါးဦးခေါင်းတို့ ပါ၀င်သော ငါးကြီးသည် ပင်လယ်ထဲက လှိုင်းလုံးကြီးများကြား ကူးခတ်နေသည်။
လှိုင်းလုံးကြီးတွေက တစ်ခုပြီးတစ်ခု အရှိန်ပြင်းပြင်း ရိုက်ခတ်လာကာ ငါးကြင်းနဂါးကြီးကို မတည်မငြိမ် ဖြစ်သွားစေသည်။ ချန်ရှီ လှည့်ကြည့်လိုက်တော့ အဆုံးမရှိတဲ့ ပင်လယ်ကြီးကို မြင်လိုက်ရသည်။
ထိုအချိန်တွင် ကောင်းကင်၌ ကြီးမားသော မျက်နှာတစ်ခု ပေါ်လာပြီး ကောင်းကင်က တိမ်တိုက်များ ပျံ့လွင့်သွားသည်။ အနှီမျက်နှာက သူတောင်းစားအို၏ မျက်နှာပင်။
"ရေမီးအဂ္ဂိရတ်နဲ့ သန့်စင်ပြီး သေခြင်းတရားကနေ ရှင်ပြန်ထမြောက်လာတယ်... ဝူဟူစန့်ရန်က တကယ်ကို အစွမ်းထက်တယ်!"
သူတောင်းစားအိုက ပင်လယ်ပြင် အလယ်က ချန်ရှီကို ကြည့်ပြီး ကျေနပ်တဲ့ အပြုံးနဲ့ ပြောနေသည်။
"သံဖိနပ်ကို ဖောက်ပြီးရင် ရှာဖို့ နေရာမရှိတော့ဘူး... ဒီကို ရောက်လာဖို့ စိတ်မပါခဲ့ပေမယ့် ဒီလို မှော်ဆန်တဲ့ အသွင်ပြောင်းမှုမှာ မထင်မှတ်ထားတဲ့ အမြတ်အစွန်းတွေ ရှိလာမယ်လို့ ထင်တောင် မထင်ထားဘူး..."
ချန်ရှီ၏နှလုံးမှာ နစ်မြုပ်သွားကာ :"အကြီးအကဲက စန့်ရန်လား? ကျွန်တော်လည်း စန့်ရန်ပဲ... အားလုံးက စန့်ရန်တွေပဲကို အကြီးအကဲက အငယ်လေးကို ဘာလို့ တိုက်ခိုက်နေမှာလဲ"
သူတောင်းစားအိုက ပြုံးပြီး ပြန်ပြောသည်။
"စန့်ရန်က မဟာလမ်းကို လိုက်လျှောက်နေတဲ့ လူတွေပဲ ချုပ်နှောင်မှုကင်းတယ် ဘယ်သူမဆို တာအိုဝါဒီတွေ ဖြစ်နိုင်ပေမယ့် ဘယ်သူကမှ တာအိုဝါဒီ မဟုတ်ဘူး"
အဲဒီအချိန်မှာ ခွေးဟောင်သံ တစ်သံ ကြားလိုက်ရသည်။ တောင်နီခန်းမထဲက ခွေးနက်တစ်ကောင် ပြေးထွက်လာပြီး ပြင်းထန်စွာ ဟောင်နေတာကို မြင်တော့ သူတောင်းစားကြီးက အံ့သြသွားသည်။
"ဒီခွေးက အံ့သြစရာပဲ... ငါ့ရဲ့ အတွေးတွေကို ပြောင်းလဲဖို့ ကြိုးစားနိုင်တယ်!"
သူတောင်းစားက ဟေးကော်ကို ကြည့်ပြီး ချီးကျူးလိုက်သည်။
"ခွေးသား မစားရတာကြာပြီ ဒီညတော့ ကောင်းကောင်းစားရမယ်"
ယွိထျန်းချန်၊ လီထျန်းချင်၊ နံ့သာသခင်နှစ်ဦးနဲ့ နည်းပြဆရာ၊ အဆောင်ဆွဲ ဆရာများအဖွဲ့တစ်ဖွဲ့သည် ချန်ရှီနှင့် တွေ့ဆုံရန် ပြင်ဆင်နေသော်လည်း ဟေးကော်က သည်းကြီးမည်းကြီး ဟောင်နေတာ တွေ့လိုက်ရသောအခါ အားလုံး အံ့သြသွားကြသည်။
သူတောင်းစားအိုက ခွေးကို ရိုက်ဖို့သုံးတဲ့ ဝါးချောင်းကို လှုပ်ယမ်းလိုက်ရင်း ဟေးကော်ကို တွန်းဖယ်လိုက်သည်။ ထို့နောက် ပန်းကန်ပဲ့လေးကို ရှက်ပြုံးလေးဖြင့် ထုတ်ပြလာသည်။
“စားစရာလေး တောင်းချင်လို့ပါ”
လီထျန်းချင်: "အဘိုးအို ခဏစောင့်ပါ!"
တောင်နီခန်းမထဲ အမြန်ပြန်ဝင်သွားပြီး ငါးတစ်ပိုင်းကို ဖြတ်ယူကာ ပန်းကန်တစ်လုံးထဲ ထည့်လိုက်သည်။ သူတောင်းစား အဘိုးကြီးမှာ သူ့ကို အံ့သြတကြီး လှမ်းကြည့်ကာ ပြုံးလေ၏။
"မင်းက လူကောင်းပဲ... မင်းရဲ့ ကြင်နာမှုကြောင့် မင်းတို့အသက်ကို လွှတ်ပေးလိုက်မယ်"
သူသည် တရှင်းချန် ဘုရားကျောင်းဆီသို့ လျှောက်သွားနေပြီး။
"ရေမီးအဂ္ဂိရတ် သန့်စင်နည်းနဲ့ သန့်စင်ထားတဲ့ မသေနိုင်တဲ့ အမတ အလောင်းကောင်ကို ငါယူပြီး မသေနိုင်တဲ့ လျှို့ဝှက်ချက်ကို လေ့လာခဲ့တယ်.... တခြားစန့်ရန်တွေ ဒီနတ်ဆိုးကို ဖယ်ရှားလိုက်ပြီးရင် စန့်ရန်တွေ စုဝေးတဲ့နေရာမှာ ပြောစရာတွေ အများကြီး ရှိလာလိမ့်မယ်!"
ဟေးကော်က ရှေ့သို့ ပြေးလာပြီး သူတောင်းစား၏ ဘောင်းဘီရှည် ခြေထောက်ကို ကိုက်ထားလိုက်သည်။ သူတောင်းစား အဘိုးကြီးက သူ့ဝါးချောင်းကို လှန်လိုက်သည်နှင့် ဟေးကော်ခမျာ အော်ဟစ်ကာ ဆယ်ပေအကွာအထိ လွင့်ကျသွားတော့သည်။
ကြီးကျယ်ခမ်းနားသော ယုန်က အပြေးအလွှား ရှေ့သို့ ပြေးတက်လာစဥ် အနီရောင်ဝတ်ထားသော မိန်းကလေးက သူ့ပုခုံးပေါ်မှာ ရပ်နေ၏။
တောင်နီမယ်မယ်: "အပုပ်နံ့ထွက်နေတဲ့ သူတောင်းစားကို သတ်လိုက်!"
သူတောင်းစား အဘိုးကြီးက ရယ်ပြီး ပြန်ပြောသည်။
"မင်းတို့က တစ်ယောက်ယောက်ကို ဘယ်လို ချီးကျူးရကောင်းမှန်း မသိကြဘူးကိုး"
ထိုသို့ပြောပြီးနောက် ကျိုးပဲ့နေသော ပန်းကန်ကို လှုပ်ယမ်းလိုက်ရာ အားလုံးလိုလို ရေထဲသို့ ပြုတ်ကျသွားကြလေသည်။
ချန်ရှီသည် အဘွားမင်ကျန်း၏ ခန္ဓာကိုယ်ပေါ်တွင် ရပ်နေရာမှ ရုတ်ချည်း ကောင်းကင်ကို မျှော်ကြည့်နေရသလို ပြုတ်ကျသွားတော့သည်။ သူ့ကိုယ်သူ ပင်လယ်ထဲသို့ ပြုတ်ကျနေသည့် အသွင်ကို တွေ့လိုက်ရပြီး ငါးကြီးက လူတိုင်းရှေ့တွင် အမြန်ကူးခတ်ကာ အားလုံးကိုကယ်ဖို့ လုပ်နေ၏။
လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကြသည်။
လီထျန်းချင်: "အကြီးအကဲ ကျွန်တော်လည်း စန့်ရန် တစ်ယောက်ပါ... အားလုံး သိုင်းလောက အသိုင်းအဝန်းရဲ့ အဖွဲ့ဝင်တွေပဲကို ဘာလို့ အခုလိုတွေ လုပ်နေတာလဲ?"
ချန်ရှီ သူ့ကို ဝင်နှောက်ယှက်တဲ့အနေနဲ့ ခေါင်းယမ်းလိုက်၏။
"စန့်ရန်တွေက ကောင်းတာ မကောင်းတာ မပြောပါဘူး... ကိုယ့်သဘောအတိုင်း လိုက်လျှောက်ကြတာ... လောကီ အကျင့်စာရိတ္တ၊ သိက္ခာတရား၊ တရားမျှတမှုနဲ့ အရှက်တရား အားလုံးက သူတို့ကို ချုပ်နှောင်ထားလို့ မရဘူး!"
သူတောင်းစားအိုကြီးရဲ့ ရယ်သံတစ်သံ ထွက်လာသည်။
"ချန်ရှီ... မင်းမှန်ပါတယ် အကောင်းနဲ့အဆိုး၊ အမှားအမှန်၊ ကိုယ်ကျင့်တရားနဲ့ ကိုယ်ချင်းစာတရားတွေက ခိုင်မာအားကောင်းတဲ့ ကမ္ဘာက ချမှတ်ထားတဲ့ အတားအဆီးတွေချည်းပါပဲ... ငါတို့ စန့်ရန်တွေက အမြဲတမ်း လွတ်လပ်ပြီး လွတ်လပ်တဲ့လမ်းကို လိုက်လျှောက်နေတာ... အဲဒီအရာတွေကို ငါတို့ ဘယ်လိုလုပ် စောင့်ထိန်းထားနိုင်မှာလဲ..."
လူတိုင်း အားကိုးရာမဲ့ ဖြစ်ကုန်သည်။
သူတောင်းစားကြီးသည် ပန်းကန်လုံးနှင့် ဝါးချောင်းတစ်ချောင်းကို ကိုင်ကာ တရှင်းချန် ဘုရားကျောင်းဆီသို့ အပြုံးနဲ့ သွားနေသည်။ လမ်းထောင့်သို့ ရောက်သောအခါတွင် အဘွားကြီးတစ်ဦးကို ဝင်တိုက်မိသွားသည်။
အဘွားအိုကို ထိလိုက်တာနဲ့ တစ်ဖက်က ပြုံးပြုံးလေး ပြောလာသည်။
“ထမင်း တောင်းဖို့ဆို ခွန်အားတွေ အများကြီးလိုတတ်တယ်”
သူတောင်းစားအိုကြီးလည်း ပြင်းပြင်းထန်ထန် ထိမှန်ပြီး သူ့ခန္ဓာကိုယ်က ခုန်ပေါက်သွားကာ ကုံကျိုးမြို့ထဲက လွင့်ထွက်သွားသည်။
သူတောင်းစားကြီးလည်း လန့်ဖျပ်သွားပြီး သူ့ခန္ဓာကိုယ်က ခေတ္တ ဗလာကျင်းသွားသည်။ အဘွားကြီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ အနည်းငယ် တုန်လှုပ်ခြောက်ခြားနေကာ။
"အဘွားရှားကိုး... ကျုပ်တို့နှစ်ယောက်လုံးက စန့်ရန်တွေ ခင်ဗျား ကျုပ်ကို ဘာလို့ လုပ်ကြံနေတာလဲ"
အဘွားကြီး၏ ကျင့်ကြံမှုအဆင့်သည် မမြင့်သော်လည်း စိတ်ဝိညာဉ်က လွန်စွာ စူးရှနေကြောင်း သူ့စိတ်ထဲတွင် သေသေချာချာ သိထားသည်။ သူမရဲ့ ဝိညာဉ်ကို အနိုင်ယူဖို့ ခက်ခဲသောကြောင့် အချိန်ကို မနှောင့်နှေးအောင် ကြိုးစားခဲ့သည်။ အစောက ရိုက်ချက်ဟာ သူ့စိတ်ဝိညာဉ်ကပါ တုန်ခါသွားတာကြောင့် သူ့ခန္ဓာကိုယ်ကို ပြန်တည်ငြိမ်စေဖို့ လုပ်ရင်း ပြန်လှည့်ပြေးသွားသည်။
ဤအခိုက်အတန့်တွင် ရှေ့မှအမြီးကိုးခုသည် ကောင်းကင်အထက်၌ ညင်သာစွာ ကခုန်နေကာ သူတောင်းစားရဲ့ စိတ်ဝိညာဉ်သည် ကောင်းကင်အမြီး ကိုးခုကြားထဲသို့ ထိုးကျသွားပြီး ကောင်းကင်နှင့် မြေကြီးအလွှာတို့က သူ့ရှေ့တွင် ပြန့်ကျဲသွားလေသည်။
သူတောင်းစားအို၏ ဝိညာဉ်သည် ချက်ချင်းပင် မိုင်ထောင်ပေါင်းများစွာ ပျံသန်းခဲ့သော်လည်း ကောင်းကင်အမြီး ကိုးချောင်းကြားကနေ မလွတ်မြောက်နိုင်ခဲ့ပေ။
"အဘွားကြီး... ခင်ဗျားမှာ အကူအညီ ရှိနေတာပဲ!"
သူတောင်းစားအိုးက ပန်းကန်လုံးလှုပ်ပြီး ပန်းကန်ထဲကို အဖွားရှားအား မထည့်နိုင်ခင်မှာပဲ မမျှော်လင့်ဘဲ လူထက်မြင့်တဲ့ စိမ်းပြာရောင် သိုးတစ်ကောင်က သူ့ဆီ ရုတ်တရက် ပြေးဝင်လာပြီး ချွန်ထက်တဲ့ ချိုနှစ်ချောင်းက ကျောကို ထိုးစိုက်သွားတော့သည်။
သူတောင်းစားအိုကြီးမှာ လေထဲ လွင့်သွားတုန်း နောက်ပြန်ကြည့်လိုက်တော့ လေထဲမှာ တောရိုင်း သိုးစိမ်း တစ်ကောင် ပြေးလာနေတာကို တွေ့လိုက်ရလေသည်။ ဘာမှမတုံ့ပြန်နိုင်သေးခင် ချိုနှစ်ချောင်းနဲ့ တကယ် တွန်းတိုက်ခံလိုက်ရ၏။
ရုတ်တရက် အတွေးတစ်ခုက သူ့ခေါင်းထဲ
"ငါ့ကို လုပ်ကြံတာ ဝူဟူစန့်ရန်ရဲ့ မကောင်းတဲ့ ညီအစ်ကိုနှစ်ယောက်ပဲ!"
အဘွားရှားက ပြုတ်ကျနေသော ကျိုးကျနေသော ပန်းကန်ကို ဖမ်းကာ ကွဲမသွားစေရန် ဂရုတစိုက် ချိန်ညှိလိုက်သည်။ ချင်းယန်နဲ့ မုတ်ဆိတ်မွေးတို့က ရှေ့ကို ထွက်လာပြီး ပန်းကန်ထဲကို ငုံ့ကြည့်လိုက်၏။ အဘွားရှားက သူတို့နှစ်ယောက်ကို တိတ်တိတ်နေဖို့ အချက်ပြဖို့ သူတို့နှစ်ယောက်ရဲ့ ခေါင်းကိုလည်း အမြန်ရိုက်လိုက်သည်။
ထို့နောက် သုံးယောက်သား တိတ်တဆိတ် ပြန်ဆုတ်သွားကြသည်။ အဘွားရှား လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကျိုးပဲ့နေသော ပန်းကန်တစ်လုံး ပေါ်လာကာ ပန်းကန်လုံးထဲမှာ ကြည်လင်သော ရေအိုင်တစ်ခု ထွက်လာသည်။
ပန်းကန်လုံးထဲတွင် ချန်ရှီနှင့် အခြားသူများ ပင်လယ်ရေများ သွန်ချနေသလို ခံစားလိုက်ရလေသည်။ တစ်ဖက်မှာတော့ အဘွားမင်ကျန်းသည် သူမ၏ ရုပ်သွင်ကို တည်ငြိမ်အောင် မထိန်းနိုင်တော့သဖြင့် ပင်လယ်ရေများဖြင့် မျောပါသွားသည်။
ဟိန်းဟောက်နေခဲ့တဲ့ ပင်လယ်ရေက ရုတ်တရက် ခန်းခြောက်သွားတာကို တွေ့လိုက်ရတော့ လူတိုင်း မျက်လုံးတွေ ပြူးကျယ်ကုန်သည်။ ရေလှိုင်းတွေ ရပ်တန့်သွားတဲ့အခါ ပေဆယ်နဲ့ချီ ပြေးလွှားနေတဲ့ ငါးကြင်းနက် နဂါးကြီးနဲ့ အတူ လမ်းပေါ်မှာ ပေါ်လာခဲ့သည်။
လူတိုင်း တုန်လှုပ်ခြောက်ခြားနေကြဆဲ။
ယွိထျန်းချန် အသွင်ပြောင်းထားသော ယုန်ကြီးက ခုန်တက်လာပြီး ကျိုးပဲ့နေသော ပန်းကန်လုံးအား ကန်ထုတ်လိုက်ရာ ပန်းကန်လုံးမှာ တဆတ်ဆတ်တုန်နေသည့် အသံတစ်ခု ထွက်ပေါ်နေသော်လည်း မကွဲသေးပေ။ သို့သော် ပန်းကန်လုံးက လွင့်ထွက်သွားပြီး သဲလွန်စမရှိ ပျောက်သွားချေ၏။
ချန်ရှီ အမြန်ထကာ အနီးနားရှိအိမ်သို့ အပြေးအလွှား သွား၍ ကြွေပန်းကန်လုံးတစ်လုံးကို ကောက်ယူလိုက်သည်။ ထို့နောက် အဆောင်စာလုံးကို အမြန်ဆွဲထုတ်ကာ ရေပန်းကန်တစ်လုံးကို ယူ၍ အဖွားမင်ကျန်းကို ထည့်လိုက်သည်။
အဘွားမင်ကျန်းမှာ အသက်မရှူနိုင်ဘဲ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ သူမကို ပန်းကန်လုံးထဲသို့ ထည့်လိုက်သောအခါ ချက်ချင်းဆိုသလို အနက်ရောင် ငါးလေးတစ်ကောင်အဖြစ် ကူးခတ်သွားခဲ့သည်။ ချန်ရှီ သက်ပြင်းချမိ၏။ ဟေးကော်က သူ့အနားကို ရောက်လာသဖြင့် ချန်ရှီ အသာ ခေါင်းညိတ်ပြလိုက်သည်။
"အဘွားရှား လှုပ်ရှားလိုက်တာ ဖြစ်မယ်... သူတောင်းစားက သူမကို အဘွားကြီးရှားလို့ ခေါ်လိုက်တယ်... ထူးဆန်းလိုက်တာ အဘွားရှားက ငါ့ကန့်ညောင် မဟုတ်ပါဘူး ဘာလို့ ကုံကျိုးကို လိုက်လာတာလဲ?"
သူတော်တော် စိတ်ရှုပ်သွားသည်။
"ဒါပေမဲ့ စန့်ရန်တွေ စုဝေးတော့မှာပဲ.... ဒီသူတောင်းစားက စန့်ရန်... သည်းမခံနိုင်တော့ဘဲ ဒီနတ်ဆိုးမျိုးစိတ်တွေကို သတ်ဖို့ မြို့ထဲမှာ ပုန်းနေတဲ့ စန့်ရန်တွေ ထပ်ထွက်လာမှာတောင် ကြောက်ရတယ်"
ချန်ရှီ သက်ပြင်းတစ်ချက်ချကာ "နတ်ဆိုးနယ်မြေက ပျက်စီးတော့မှာ သေချာတယ် ငါတို့လုပ်ရမှာက နတ်ဆိုးနယ်မြေ ပြိုကွဲသွားတဲ့အထိ ရှင်သန်ဖို့ပဲလေ။ ဒါပေမယ့်..."
နည်းနည်းတော့ စိတ်ရှုပ်သွားပြန်သည်။ ဒီစန့်ရန်က ဘာလို့ လူကောင်းပုံ မပေါ်တာလဲ။
"ဧကန္တ အဘိုးကလည်း လူကောင်းမဟုတ်ဘူးလား"
သူတောင်းစားအိုသည် လေထဲတွင် လူးလိမ့်ကာ မှိုတောထဲသို့ ပျက်ကျသွား၏။ ထိုအချိန်တွင် သူ့နတ်ဝိညာဉ်ကလည်း လေတိုးသံနဲ့အတူ သူ့ခန္ဓာကိုယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
သူတောင်းစားအိုကြီး မတ်တပ်ထရပ်လိုက်စဥ် သူ့ကိုယ်သူ သူ့လက်ဗလာနဲ့ ဖြစ်နေတာကို တွေ့လိုက်ရသည်။
"ငါ့ပန်းကန် ဘယ်မှာလဲ လူယုတ်မာ! မင်းတို့က သူတောင်းစားရဲ့ ပန်းကန်လုံးကိုတောင် လုသွားသေးတယ်!"
သူ့ရှေ့တွင် ရွှေရောင်ဗုဒ္ဓ မြတ်စွာဘုရားသည် ကြီးမားသော မှိုတက်ခေါင်းပေါ်မှ မတ်တပ်ရပ်လျက် ရှိနေ၏။ အမြင့်မှ အောက်သို့ငုံ့ကြည့်ရာ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မှိုမျက်လုံးများက သူ့ကိုငုံ့ကြည့်နေသည်။
သူတောင်းစားကြီးမှာ တံတွေးများကို မျိုချလိုက်ပြီး။
"အစကတော့ တခြားစန့်ရန်တွေကို ဒီနတ်ဆိုးနဲ့ ရင်ဆိုင်စေချင်ပေမယ့် သေနာ အဘွားကြီးက ဝူဟူစန့်ရန်ရဲ့ ညီအစ်ကိုတွေနဲ့ ပေါင်းပြီး ငါ့ကို လုပ်ကြံတယ်....ငါ့ကို ဒီနတ်ဆိုးနဲ့ တိုက်စေချင်နေတာပဲ... ညီအစ်ကို... ကျုပ်က လုပ်ကြံခံရလို့ ဒီမှာ ပြုတ်ကျလာခဲ့တာပါ.."
ရွှေဘုရားကြီးသည် ခြေတော်ရာကို မြှောက်ကာ ခြေတော်တင်လိုက်သည်။ အသံတော်ကလည်း လေထုကို တုန်လှုပ်သွားစေ၏။
"... မိုက်မဲတဲ့ သတ္တဝါတွေ ဘာကြောင့် ချမ်းသာသုခကို မရကြတာလဲ?"