ဒီငနဲက ထူးခြားပြီး ဆန်းကြယ်သလို သရုပ်ဆောင် နေတာပဲ..
Vol. 41 Ch. 601
#ဘာသာပြန် = စနိုးဝှိုက်
အချိန်တွေဟာ တဖြည်းဖြည်း ကုန်သွားပြီး..၅ နာရီကို ရောက်လာခဲ့တယ်..။
ကျို့ဝေဝေဟာ..အတော်ကို အံ့ဩသင့်နေခဲ့တယ်..။ဒီလောက် စနစ်ကျပြီး ကောင်းမွန်တဲ့. မသန်စွမ်းဂေဟာ မျိုးကို သူမ ပထမ ဆုံးအကြိမ်မြင်ဖူးတာပါ..။ဒီမှာ ရှိနေတဲ့ ကလေးတွေကလည်း အတော်ကိုပျှော်ရွှင်နေကြပါတယ်..။ဘယ်ကလေးကိုပဲ ကြည့်ကြည့် သူတို့က အမြဲ ပြုံးပြနေခဲ့တာပါ..။
လင်းဖန်ရဲ့ ဒီကလေးတွေ ကို သင်ကြားပေးမူ အပိုင်းကိုတော့ သူ အတော်လေးစားမိပါတယ်..။ဒီကလေးတွေကို အကုန်လုံးက အခုဆို ပုံဆွဲရတာ အတော် ကြိုက်နေတဲ့ ပုံပါပဲ..။
လင်းဖန် ကျို့ဝေဝေကို ကြည့်ပြီး အကြံဥာဏ်တစ်ခု ရသွားခဲ့တယ်..။ဒီအကြံကို သူမ လက်ခံ မလားဆိုတာ မသိပေမယ့် သူမကြိုးစားကြည့်ရင် သိနိုင်မှာ မဟုတ်ပါဘူး..။
"အစောက ပြောတာ ညီမက ဂျင်လင် ဆရာအတတ်သင် တက္ကသိုလ်ကလို့ ပြောတယ်နော်..။တကယ်လို့ ဘွဲ့ရသွားခဲ့လို့ရှိရင် ဒီမှာ ဆရာအဖြစ် ကလေးတွေကို လာသင်ကြားပေးနိုင်မလား..။ကျွန်တော် တို့ မှာ တရားဝင် ရာထူးမရှိသေးပေမယ့် စိတ်မပူပါနဲ့..။လစာ နဲ့ အကျိုးအမြတ် တွေက မနည်းစေရပါဘူး..။ပေါင်းသင်းဆက်ဆံရေး အာမခံ ငါးမျိုးနဲ့..အိမ် အာမခံ တွေလည်း ပေးသွားမှာပါ.."
လင်းဖန် ပြောလိုက်တာပါ..။
ဒီလို တွေ့ဆုံတဲ့ အချိန်ခနလေး အတွင်းမှာတင်..ကျို့ဝေဝေက တကယ်ကောင်းမွန်တဲ့ မိန်းကလေးတစ်ယောကိ ဆိုတာကို သူ ခံစားမိပါတယ်..။သူမက စိတ်ရှည်ပြီး ကြင်နာစိတ် ရှိပါတယ်..။ပြီးတော့ ပိုပြီးအရေးကြီးတာက လင်းဖန် ဗေဒင်တွက်ကြည့်လိုက်တဲ့ အချိန်မှာ သူမမှာ ကောင်းမွန်တဲ့ အနာဂတ် ရှိနေတာပါပဲ..။
"အာ.."
ကျို့ဝေဝေ ကြောင်အသွားခဲ့တယ်..။လင်းဖန် ဒီလိုမျိုး တိုက်ရိုက်ကြီး ပြောလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး..။သို့ပေမယ့် သူမရဲ့ စိတ်ကတော့ အနည်းငယ် လှုပ်ရှားသွားခဲ့တယ်..။ဒါက သူမ ဒီကို ပထမ ဆုံးအကြိမ်ရောက်ဖူးတာ ဖြစ်ပေမယ့် ဒီနေရာကို သူမအတော် သဘောကျပါတယ်..။
သူမ နောက်မှာ ရပ်နေတဲ့ ယန်မူကတော့ မျက်မှောင်ကျုတ်လိုက်တယ်..။တကယ်လိူ့ ကျို့ဝေဝေ သာ..ဆရာမတစ်ယောက်ဖြစ်လာခဲ့ရင်..သူ တွေ့တောင် တွေ့ခွင့်ရတော့မှာ မဟုတ်ပါဘူး..။
"မာစတာလင်း..ဒီမေးခွန်းက နည်းနည်း အလျင်စလို ဖြစ်မနေဘူးလား..။ဝေဝေ ရဲ့ မိသားစုကလည်း..."
သို့ပေမယ့်..သူစကားမဆုံးခင်မှာပဲ..ကျို့ဝေဝေ ရဲ့ ဖြတ်ပြောခြင်းကို ခံလိုက်ရတယ်..။
ကျို့ဝေဝေ အပြုံးတွေ ပြည့်နေတဲ့ မျက်နှာနဲ့ ပြောလိုက်တယ်..။
"မာစတာလင်း..ကျွန်မ ဒီ နေရာကိုဘတကယ်သဘောကျပါတယ် ပြီးတော့..ပရဟိတ လုပ်ရတာကို လည်း တကယ် ကြိုက်နှစ်သက်တယ်..။ကျွန်မက မကြာခင်ဘွဲ့ရတော့မှာလေ..။ဒါကြောင့် ဒီမှာလာပြီး စာသင်ပေးခွင့်ရမှာကို တကယ် ဂုဏ်ယူမိပါတယ်..."
ယန်မူ အလျင်စလို ပြောလိုက်တယ်..။
"ဝေဝေ..မင်း နည်းနည်း စဥ်းစားဖို့ လိူတယ်နော်..။ဒါက ရှန်ဟိုင်းလေ..။မင်းဘွဲ့ရပြီးရင်..မင်းမှာက တောက်ပတဲ့ အနာဂတ်တစ်ခု ရှိနေပြီးသား..။ဘာလို့ ဒီလို နေရာမျိုးမှာ စာလာသင်မှာလဲ.."
ကျို့ဝေဝေ ပြန်ပြောလိုက်တယ်..။
"ယန်မူ.. ဒီနေရာက ဘာဖြစ်နေလို့လဲ..။ကောလိပ်က ဘွဲ့ရပြီးရင် ငါကောင်းမွန်တဲ့ အလုပ်တစ်ခုကို ရလိမ့်မယ် ဆိုတာတော့ သေချာပါတယ်..။ဒါပေမဲ့ အဲဒီကျောင်းတွေက ငါ့လို လူမျိုး မရှားဘူး..။ငါ့ရဲ့ စိတ်ကူးတွေထဲက တစ်ခုက ဒီလို ကလေးတွေ ပညာသင်ကြားနိုင်ဖို့ပဲ.."
လီချင် ပြောလိုက်တယ်..။
"ယန်မူ..နင်ဘယ်လိုလုပ်ပြီး ဝေဝေ ရဲ့ စိတ်ကူးကို နားမလည်နိုင်ရတာလဲ..။ဒါတောင် နင်က သူမကို လိုချင် နေသေးတယ်..။ဒါက နင် အိပ်မက်မက်နေတာ မဟုတ်ဘူးလား.."
သူမက ဝေဝေ ရဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါ..။ပုံမှန်အားဖြင့် သူမသူငယ်ချင်း ဘာတွေးနေလဲ ဆိုတာကို သူသိပါတယ်..။ဝေဝေမှာက တောင့်တင်းတဲ့ မိသားစု နောက်ခံ ရှိတာကြောင့်..ကမ္ဘာ့အကောင်းဆုံး ကျောင်းတွေကို သွားချင်ရင် သွားလို့ရပါတယ်..။သို့ပေမယ့် သူမ အခုလို ဆရာအတတ်သင် ကောလိပ်ကို သွားတယ် ဆိုတာက ဘွဲ့ရပြီးတဲ့ အချိန်ကြရင် သူမ ဆရာမ တစ်ယောက်ဖြစ်ချင်လို့ပါ..။ပြီးတော့ လက်ရှိစာသင်ကျောင်းတွေမှာက ဆရာ..ဆရာမ မရှားပါဘူး..။ဆရာ တွေကို အလိုအပ်ဆုံးနေရာက ဒီလို ဂေဟာ တွေပါပဲ..။
ဒီလို ဂေဟာ တွေက..ကျောင်းတွေလောက် မကောင်းတာကြောင့် ဆရာ အများစုက ဒီလိုနေရာတွေ
မှာ စာလာမသင်ချင်ကြပေ..။
ယန်မူဟာ ဒီလို ပြောခံလိုက်ရပြီးတဲ့ နောက်မှာ ဘာမှ ပြန်မပြောနိုင်တော့ပါဘူး..။သူ အမှန်တကယ်ပဲ ဘာပြောရမလဲ မသိတော့ပေ..။
ဝေဝေက ဒီလို ပြောပြီးပြီ ဆိုမှတော့ သူ ဘာတတ်နိုင်ဦးမှာလဲ..။
လင်းဖန် ရယ်မောလိုက်ပြီး..
"တကယ်တော့ ကျွန်တော် ဒီတိုင်းပဲ မေးလိုက်တာပါ..။တကယ်လိူ့ ညီမ မလုပ်ချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်..။ကျွန်တော် တို့လည်း အခုမှ အဆောကိအဦး ဆောက်လုပ်တုန်း ရှိနေသေးတယ်လေ..။အခုထိ ပုံစံတောငိ ပေါ်သေးတာ မဟုတ်ဘူး..။အရင်ဆုံး ပြန်ပြီး သေချာ စဥ္းစားကြည့်ပါဦး..။ကျွန်တော်တို့ကတော့ အမြဲတမ်း ကြိုဆိုနေမှာပါ.."
ကျို့ဝေဝေ ခေါင်းခါယမ်းလိုက်ပြီး..
"ကျွန်မ ဆရာ တစ်ယောက် ဖြစ်ချင်ပါတယ်..။ကျွန်မ ဒီမှာနေတာ တစ်ရက်လောက်ပဲ ရှိသေးပေမယ့် ဒီနေရာ နဲ့ ကလေးတွေိကို တကယ် သဘောကျတယ်..။ပြန်ရောက်လို့ရှိရင် အတန်းဖော်တွေကို ပြောပြပြီး သူတို့လည်း စိတ်ဝင်စားလား ဆိုတာ မေးကြည့်ရမယ်.."
ဒီမာစတာလင်းက မတူညီ တဲ့ ခံစားချက်ကို ပေးစွွမ်းနိုင်ပါတယ်..။ဒါက တစ်ရက်သာ ရှိသေးပေမယ့်..ဒါက သူမရဲ့ လေ့လာမူပါ..။
ဒါက သူရုပ်ချောတာ လွှမ်းမိုးနိုင်စွွမ်း ရှိတာနဲ့ မသက်ဆိုင်ပေ..။
ဒီတိုင်း သူ့ ခန္တာကိုယ်ကနေ..ထူးခြားတဲ့ အရှိန်အဝါတွေ ပေါ်ထွက်နေသလိုပါပဲ..။
အစောက သူမ အင်တာနက်ကနေ တဆင့်.
.မာစတာလင်းလို့ ရိုက်ရှာ ကြည့်ခဲ့သေးပါတယ်..။သူမ ပေါ်လာတဲ့ အဖြေတွေကို မြင်တဲ့ အချိန်မှာ တကယ်ကို အံ့ဩသွားခဲ့တာပါ..။
ဟတ်ကာ နတ်ဘုရား
နတိဆေးဆရာလေး..
တရုတ် အနုပညာရှင်..
ဒီလို ခေါင်းစဥ္ တွေက သူမကို အံ့ဩသင့်စေပါတယ်..။တကယ်လို့ သူမမျက်လံူးနဲ့ မြင်ခဲ့ရတာသာ မဟုတ်ရင် ယုံနိုင်မှာတောင် မဟုတ်ပါဘူး..။
လင်းဖန် ရယ်မောလိုက်ပြီး..
"ဒါဆိုလည်း ကျေးဇူးတင်ပါတယ်ဗျာ.."
သူက ပညာရေး လောက ထဲက လူတစ်ယောက် မဟုတ်ပါဘူး..။ဒီအဆောက်အဦးတွေ ဆောက်ပြီး သွားရင် သူ ဆရာတစ်ယောက်ကို ဘယ်လိုခေါ်ရမလဲ ဆိုတာကို တကယ် မသိပေ..။တကယ်လို့ သူ ရှန်ဟိုင်းရဲ့ ဆရာအတတ်သင် ကောလိပ်ကို သွားရင်တောင် ဘယ်သူမှ သင်ကြားပေးချင်ကြမှာ မဟုတ်ပါဘူး..။ဘာပဲဖြစ်ဖြစ်..သူမပေးနိုင်တဲ့အရာ တစ်ချို့လည်း ရှိနေပါသေးတယ်..။
သို့ပေမယ့် သူ ကျို့ဝေဝေ ရဲ့ အကူအညီကိုသာရရင် ပိုပြီး ရိုးရှင်းသွားတော့မှာပါ..။
ယင်းနောက် လင်းဖန် ပြောလိုက်တယ်..။
"ခနလေး နေပါဦး.."
ကျို့ဝေဝေ နဲ့ ကျန်တဲ့လူတွေဟာ ပြန်ဖို့ ပြင်ဆင်နေကြတာပါ..။သို့ပေမယ့် သူတို့ ဒီအသံကို ကြားတဲ့ အချိန်မှာ ပဟေဠိဖြစ်သွားခဲ့တယ်..။
"တစ်ခုခု ရှိသေးလို့လား မာစတာလင်း..."
"မင်း အနာဂတ်မှာ သေးငယ်တဲ့ ကံဆိုးမူ တစ်ခု တွေ့မယ် လို့ မြင်နေရတယ် ..ဒါပေမဲ့ မဆိုးရွားပါဘူး..။မင်းက အရမ်းကြင်တာတတ်တယ်..ဒါကြောင့် အကြံဥာဏ် တစ်ချို့ပေးချင်လို့..။မြစ်ဘေးမှာ မှာ မကြာခန လမ်းမလျောက်နဲ့..။ပြီးတော့ အတတ်နိုင်ဆုံး ရေနဲ့ ဝေးဝေးနေ..."
အစကတော့ သူ ဒီလို ပြောဖို့ စိတ်ကူးမရှိပါဘူး..။သူမ ကံဆိုးမူ ကြုံရမယ် ဆိုပေမယ့် ဒါက အသေးအမွှားလေးပါ..။သို့ပေမယ့် သူမက အရမ်းကြင်နာ လွန်းနေတော့ လင်းဖန် ပြောပြဖို့ ဆုံးဖြတ်လိုက်ပါတယ်..။သူမ ဒီလို အသေးအဖွဲလေးတောင် ခံစားဖို့ မထိုက်တန်ပါဘူး..။
ကျို့ဝေဝေ အများကြီး မပြောပဲ ခေါင်းညိမ့်လိုက်တယ်..။
"သိပါပြီ..."
သူတို့ ထွက်သွားပြီးနောက်..။
ယန်မူ ရေရွတ်လိုက်တယ်..။
"ဒီငနဲက ထူးခြားပြီး ဆန်းကြယ်သလို သရုပ်ဆောငိနေတာပဲ..။သေချာတွေးကြည့်ပါဦး ဝေဝေ..ငါကတော့ သူ့ကို ယုံကြည်ရတဲ့ လူတစ်ယောက်လို့ မထင်ဘူးနော်.."
ဘေးနားက လူတွေဟာလည်း ခေါင်းညိမ့်လိုက်ကြတယ်..။နန်းရှမ်းဂေဟာ မှာတုန်းကလည်း ဒီမာစတာလင်းက သူတို့ကို လျစ်လျူရူထားခဲ့တာပါ..။ထပ်ပြောရရင် ထွက်လာခါနီးတုန်းက သူဘာပြောတာလဲ..။ဒါကို သူတို့ နားမလည်ပေ..။
လီချင် သူတို့ကို ကြည့်ပြီး ပြောလိုက်တယ်..။
"နင်တို့ ဘာသိလို့လဲ..။ဒါက ဗေဒင်ပညာပဲ..။ငါ့အိမ်နားမှာ ဒီလိူလူတွေ အများကြီး ရှိကြတယ်..။ဝေဝေ..စတာလင်းက ဒီလို ပြောနေမှတော့ နင် ဂရုစိုက်သင့်တယ်နော်..."
"အင်း..ငါ အင်တာနက်မှာ ရှာကြည့်ခဲ့သေးတယ်..။ဒီမာစတာလင်းမှာက ကျွမ်းကျင်မူ တွေ အများကြီးပဲ..။ကြည့်ရတာ သူ့ရဲ့ ဗေဒင်ပညာက အတော်ကို တိကျတယ် ထင်တယ်..။ဒါက ကြိုတင်ဟော ပြောတာ ဖြစ်ပေမယ့်လည်း အနာဂတ်မှာ ဂရုစိုက်ရမယ်.."
ကျို့ဝေဝေ ဒါမျိုးတွေကို မယုံကြည်ပေမယ့် မာစတာလင်းက သူ့ကို နောက်ပြောင်နေတာ မဟုတ်ဘူးဆိုတာတော့ သူမယုံကြည်ပါတယ်..။ဒါက တကယ်ဖြစ်လာနိုင်ခြေ ရှိပါတယ်..။
ယန်မူ ခေါင်းခါယမ်းပြီး အကူညီမဲ့စွာ သင်ပြင်းချလိုက်တယ်..။
"ဝေဝေ ..မင်းက အတော်ကို လိမ်ညာရတာ လွယ်ကူတာပဲ..။တကယ်လို့ ဒီငနဲသာ..အမှန်တကယ် ဆန်းကြယ်ရင် သူ အဲလိုပုံစံနဲ့ နေနေရပါဦးမလား.."
ကျို့ဝေဝေ ဘာမှ ပြန်မပြောပေမယ့်လည်း ယန်မူ ပြောတာ အဓိပ္ပါယ်ရှိတယ်လို့ သူမ ခံစားရပါတယ်.။တကယ်လို့ ဒီမာစတာလင်းသာ..အမှန်တကယ် အရည်အချင်းရှိရင် ဒီလို ပုံစံမျိုးနဲ့ နေနေရမှာ မဟုတ်ပါဘူး..။
ဒီနေ့ခေတ်လူတွေက အရည်အချင်းနည်းနည်း ရှိတာနဲ့ ကောင်းကင်ပေါ်မှာပဲ ပျံဝဲနေတော့တာပါ..။
သို့ပေမယ့် သူတို့မသိတာက လင်းဖန်က ကောင်းကင်ပေါ်မှာ မပျံဝဲချင်တဲ့ လူတစ်ယောက် ဆိုတာပါပဲ..။သူက လက်ရှိဘဝ မှာပဲ ပျော်ပျော်ရွှင်ရွှင် နေချင်ခဲ့တာပါ..။
…
"အန်ကယ်လင်း ဘာလို့ မပြန်သေးတာလဲ.."
လီဖက်တီးဟာ လင်းဖန်အနားကို လာပြီး သိချင်စွာ မေးလိုက်တာပါ..။
လင်းဖန် လီဖက်တီးကို ကြည့်ပြီး အကူညီမဲ့စွာ ပြုံးလိုက်တယ်..။
"လီဖက်တီး.. အန်ကယ်လင်းမှာ မင်းအတွက် ကောင်းတာ တစ်ခုခု ရှိတယ်..။စမ်းကြည့်မလား.."
"ဘာကြီးလဲ..."
လီဖက်တီးဟာ..ကောင်းမွန်တဲ့ အရာလို့ကြားတာနဲ့ မျက်လုံးဟာ အရောင်လက်သွားပြီး ထပ်မစောင့်နိုင်တော့ပါဘူး..။
ကလေး ၃၆၅ ယောက်..။တစ်ယောက်အတွက်
ဥာဏ်ကောင်းစေသော ဆေးလုံးဝယ်ဖို့ စွယ်စုံအမှတ် ၂၀ လိုအပ်တယ်..။ဒါဆိုရင် သူ လိုလိုပိုပိုစွယ်စုံအမှတ် ၇၄၀၀ လောက်လိုအပ်မှာပါ..။
ဒါက တကယ်ကို များပြားလှတဲ့ ပမာဏ တစ်ခုပါပဲ..။
သို့ပေမယ့် လင်းဖန် အတွက်ကတော့ အရှုံးမပေးပဲ ကြိုးစားရမယ့် အရာတစ်ခုပါပဲ..။
စွယ်စုံအမှတ် တွေ နောက်တစ်ကြိမ် ထိုးတက် နိုင်ဦးမလား ဆိုတာကို သူ သိချင်ပါသေးတယ်..။
သူသာ မစ်ရှင် နှစ်ခု ပြီးမြောက်သွားရင် နောက်ထပ် စာမျက်နှာကို ဖွင့်လှစ်နိုင်မှာပါ..။ပုံမှန်အားဖြင့် သူ စိတ်လှုပ်ရှားတာ ပုံမှန်ပါပဲ..။လောလောဆယ်တော့ စွယ်စုံအမှတ်တွေရဖို့ အားစိူက်ထုတ်ရဦးမှာပါ..။