အရမ်းအေးစက်ပြီး အသက်မရှိဘူး
Vol. 41 Ch. 603
#ဘာသာပြန် = စနိုးဝှိုက်
ရက်အနည်းငယ်ကြာပြီးနောက်..။
စွယ်စုံအမှတ်တွေက . ဆက်ပြီး တက်နေတုန်း ပါပဲ..။
၆၀၈၅.။
အခုဆိုရင် လင်းဖန် ရဲ့ စွယ်စုံအမှတိတွေက ၇၄၀၀ ကို ရောက်ဖို့ အတော်ကို နီးစပ်နေခဲ့ပါပြီ..။သူ စွယ်စုံအမှတ် တစ်မှတ်မှကို မသုံးပဲ တောင့်ခံထားခဲ့ပါတယ်..။
ကြည့်ရတာ ဒီနေ့က လီရူ ရဲ့ အခမ်းအနားနေ့ ဖြစ်တဲ့ ပုံပါပဲ..။ဝူယူလန်ကတော့ သေချာ အသေးစိတ် ဝတ်ဆင်ထားခဲ့ပါတယ်..။သူမက ..ပွဲတက်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး အတော်ကို လှပနေခဲ့ တာပါ..။
"အစ်ကိုလင်း..ကြည့်မ ဝတ်ထားတာ ဘယ်လိုနေလဲ.."
ဝူယူလန် လင်းဖန် ရှေ့မှာ ခန္တာကိုယ်ကို လှည့်ပြီး ပြောလိုက်တာပါ..။
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..
"အင်း..တကယ် ကြည့်လို့ကောင်းတယ်.."
ဒါက အမှန်တရားပါပဲ..။အလိမ်အညာ တစ်ခု မဟုတ်ပေ..။ဝူယူလန်က အတော်ကို လှပနေခဲ့တာပါ..။သူမ ဒီလို ဝတ်လိုက်တဲ့အချိန်ဆိုရင် တစ်ခြားတစ်ယောက်လို ပြောင်းလဲ သွားတဲ့ အတိုင်းပါပဲ..။
"သွားမယ်..ငါတို့သွားဖို့ အချိန်ကြပြီ.."
ဝူယူလန်ဟာ လင်းဖန်ရဲ့ လက်ကို တွဲလိုက်ပြီး..အတူတူသွားဖို့ လုပ်လိုက်ပါတယ်..။
"ဘယ်တုန်း..."
ဝူယူလန် ပြန်ပြောလိုက်တယ်..။
"ဒီနေ့က..အစ်မလီရူ ရဲ့ အခမ်းအနား ပွဲနေ့လေ..။အတူတူသွားမယ်လို့ ကတိပေးထားတာ မဟုတ်ဘူးလား.."
လင်းဖန် ပြောလိုက်တယ်..။
"ငါ စဥ္းစားလိုက်ဦးမယ်..။ဘာလို့ အရင်မသွားနှင့်တာလဲ.."
ဝူယူလန် ခေါင်းခါယမ်းလိုက်ပြီး..
"မရဘူး..အစ်ကိုလင်း ကတိပေးထားတယ်လေ.။ထပ်ပြောရရင် ဒီနေ့ စိတ်ကြည်နေတာပဲ မဟုတ်လား..။အစ်ကိုလင်း ပြောတော့ စိတ်ကြည်နေရင် သွားမယ်ဆို.."
လင်းဖန် ဘာမှ ပြန်မပြောတော့ပေ..။သူ ဒီတိုင်း မတ်တတ်ရပ်လိုက်ပြီး..
"ကောင်းပြီလေ..ဒါဆိုလည်း သွားကြတာပေါ့.."
ဝူယူလန် ရဲ့ မျက်နှာမှာ ပျော်ရွှင်တဲ့ အမူအရာပေါ်လာခဲ့တယ်..။
"ဒါအကောင်းဆုံးပဲ.."
သူမရဲ့..ဆန္ဒက အစ်ကိုလင်းနဲ့အတူတူ အခမ်းအနားပွဲ တက်ခွင့်ရဖို့ပါ..။တကယ်လို့ သူမ တစ်ယောက်တည်းသွားရင် ပျင်းဖို့ကောင်းနေမှာ အသေအချာပါပဲ..။
မြစ်ရှည် လမ်း..။
ဒေါင်ယွဲ့..ဖျော်ဖြေရေး ဟော်တယ်..။
လီရူက ဒီနေရာကို တစ်ယောက်ယောက် ဆီက
ဝယ်ခဲ့တာပါ..။ဒီနေရာက..အမြဲတမ်း ခမ်းခမ်းနားနား ပြင်ဆင်ထားပေမယ့် စီးပွားရေးကတော့ အတော်ကို ဆိုးရွားလှပါတယ်..။အရင်သူဌေးဟာ စိတ်ညစ်နေတဲ့ အချိန်မှာ ဒီလို ချမ်းသာပြီး လှပတဲ့ မိန်းကလေးကလာဝယ် လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။ဒါက သူ့ကို အတော်ပျော်ရွှင်စေပါတယ်..။
ဒီ ချမ်းသာပြိီး လှပတဲ့ မိန်းကလေးက စီးပွားရေး လုပ်တဲ့နေရာမှာ အတော်ကို ပါးနပ်တာပါ..။သူမကဒီနေရာကို အနိမ့်ဆုံးစျေးနဲ့ ဝယ်ယူနိုင်ခဲ့ပါတယ်..။ဒီနေရာက သူဌေးဟာ ဒီစျေးနဲ့ မရောင်းချချင်ပေမယ့်လည်း ..သူ ဒီနေရာကို ဆက်ပြီး မထိန်းထားနိုင်တော့ပါဘူး..။
အဆုံးမှာတော့..ဒီဟော်တယ်ကို လီရူ ဆီ အနိမ့်ဆုံးစျေးနဲ့ ရောင်းဖို့သာ တတ်နိုင်ပါတော့တယ်..။
ဝင်ပေါက်တွင်..။
ဒီမှာ ပန်းခြင်းတွေ အများကြီး ရှိနေခဲ့တယ်..။ဒီဟာတွေက တစ်ခြား လူတွေ ပေးထားတာ မဟုတ်ပါဘူး..။ဒီဟာတွေကို လီရူက သူ့မကိုယ်တိုင် သွားဝယ်ထားခဲ့တာပါ..။ဘာပဲဖြစ်ဖြစ် လီရူဟာ..တစ်ခြားလူတွေ အမြင်မှာ မနိမ့်ကျစေချင်ခဲ့ပေ..။
"အကြီးအကဲ လီ..ဒီမှာ ညီမတို့ကို လာပြီး ဂုဏ်ပြုမယ့်လူတွေ အများကြီး မရှိပါလား.."
ဝမ်ရှင်း ပြောလိုက်တာပါ..။သူမက..ဒီမှာ လီရူကို ကူညီနေတဲ့ သူပါ..။ဒီဟော်တယ်ကို စီစဥ္မယ့် လူတွေ လိူအပ်ပါတယ်..။
လီရူဟာ ဒါကို ဂရုမစိုက်သလို ခေါင်းညိမ့်လိုက်တယ်..။သူမက ကျောင်းနင်မှာ အဆက်အသွယ်တွေ အများကြီး ရှိပေမယ့် ရှန်ဟိုင်းမှာတော့ မရှိပါဘူး..။ဒီဖွင့်ပွဲ အခမ်းအနားက အခုလို အေးစက်ပြီး ဘာမှ မရှိတာ ပုံမှန်ပါပဲ..။
အကြီးအကဲ လီ ..ဘာမှ မပြောတာကို မြင်တဲ့ အချိန်မှာ ဝမ်ရှင်း အကူညီမဲ့ သွားခဲ့တယ်..။သူမက ဟော်တယ် စီမံခန့်ခွဲမူမှာ တကယ်တော်တဲ့ လူတစ်ယောက်လို့ ပြောလို့ရပါတယ်..။ဘွဲ့ရပြီးနောက်မှာ သူမ ရှန်ဟိုင်းရဲ့ ဟော်တယ် အကြီးကြီးမှာ အလုပ်ရခဲ့ပါတယ်..။သို့ပေမယ့်..အကြီးအကဲ လီက..သူမကို တစ်ခြား တစ်ဖက်က မပေးနိုင်တဲ့ အရာနဲ့ ကမ်းလှမ်းနိုင်ခဲ့လို့ ဒီကို ရောက်လာခဲ့တာပါ..။
သူမရှုံ အဆင့်အတန်းက တစ်ခြားနေရာတွေမှာလည်း မနိမ့်ကျပေမယ့် ကိစ္စကြီးတွေ လုပ်ဖို့တော့ အခွင့်အရေးရှိမှာ မဟုတ်ပါဘူး..။
ဒါကြောင့် အကြီးအကဲ လီ ..ကတိပေးတာနဲ့ သူမ ချက်ချင်း ပြောင်းလာခဲ့တာပါ..။
အခု ဖွင့်ပွဲ အခြေအနေကို မြင်လိုက်တဲ့ အချိန်ကြမှ သူမရဲ့ စိတ်ထဲမှာ စိုးရိမ်မူတွေ ပြည့်လာခဲ့ပါတယ်..။ဒီဟော်တယ်က..အဆင့်အတန်းမြင့် ဧည့်သည်တွေ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဆိုပေမယ့်..အထောက်အပံ့ဆိုလို့ တစ်ဦးတစ်ယောက်မှ မရှိပါဘူး..။ဒါက သူမကို မျှော်လင့်ချက် မဲ့စေပါတယ်..။
ဒီလောက်ပဲ ဆိုရင် အဆင်ပြေသေးတယ် ဆိုပေမယ့်..သူတို့နဲ့ မနီးမဝေး နေရာတစ်ခုမှာလည်း ဟော်တယ် တစ်ခု စဖွင့်နေခဲ့တာပါ..။
သူတို့ရဲ့ ဖက်မှာတော့ အတော်ကို စည်ကားနေခဲ့ပါတယ်..။သူတို့ဆီမှာ ကားတွေ ပြည့်နေပြီး..လှုပ်ရှားတက်ကြွနေခဲ့ပါတယ်..။
အဲ့အချိန်မှာပဲ သက်လတ်ပိုင်းအရွယ် လူကြီး တစ်ယောက်ဟာ လျောက်လာခဲ့တယ်..။သူက လီရူကိုဘမြင်တဲ့ အချိန်မှာ..ရှားပါးရတနာ တစ်ခုကို တွေ့ရသလို မျက်လုံးအရောင်လက်သွားခဲ့ပါတယ်..။သူ ယဥ္ကျေးစွာ မေးလိုက်တယ်..။
"ဒေါင်ယွဲ့ ဖျော်ဖြေရေး ဟော်တယ်..ဒါက အတော်ကို လှပတဲ့ နာမည်ပဲ..။ဒီနေရာရဲ့ သူဌေးက ဘယ်သူလဲ ဆိုတာကို သိလား..။ဖွင့်ပွဲ တစ်ခုအနေနဲ့ အရမ်းကို တိတ်ဆိတ်လွန်းနေတယ်လို့ မထင်မိဘူးလား.."
"အိုး..ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ မေ့နေတာပဲ..။ကျွန်တော်က..ဟိုဘက်မှာ အခုဖွင့်လှစ်နေတဲ့ ယူရီဟော်တယ်ရဲ့ သူဌေးပါ..။ဒီဘက်မှာလည်း ဟော်တယ် ဖွင့်ပွဲတစ်ခု လုပ်နေတာနဲ့..လာပြီး..လာပြီးကြည့်ဖို့ ဆုံးဖြတ်လိုက်တာလေ.."
မိတ်ဆက်တာကတော့..လုံးဝ ပြီးပြည့်စုံနေခဲ့တာပါ..။သူက..လမ်းတစ်ဖက်မှာ ဖွင့်လှစ်ျနေတဲ့ ဟော်တယ်ရဲ့ သူဌေးအဖြစ်မိတ်ဆက်ပြီး လူချမ်းသာ တစ်ယောက် ဆိုတာကို သိစေခဲ့ပါတယ်..။
လီရူကတော့ ဒီလူကို တစ်ချက်တောင် မကြည့်ခဲ့ပေ..။သူမဘေးနားမှာ ရှိနေတဲ့ ဝမ်ရှင်းဟာ ပြောလိုက်တယ်..။
"ဒါက ဒေါင်ယွဲ့ ဖျော်ဖြေရေး ဟော်တယ်ရဲ့ အကြီးအကဲ လီ ပါ..."
လူကြီးဟာ အံ့ဩသွားခဲ့တယ်..။သူ လီရူကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါတယ်..။ဒီ မိန်းကလေးက ဒီဟော်တယ်ရဲ့ အကြီးအကဲ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
သို့ပေမယ့် ဒီမှာ လာပြီး ဂုဏ်ပြုမယ့်လူ ဘယ်သူမှ မရှိတာကို မြင်လိုက်တဲ့ အချိန်မှာ စိတ်ထဲက ကျိတ်ရယ်လိုက်တယ်..။ကြည့်ရတာ ဒီ်မိန်းကလေးက..အလုပ်ဘယ်လို လုပ်ရမလဲ မသိတာ မဟုတ်ရင် အဆက်အသွယ် မရှိတာပါပဲ..။
"အကြီးအကဲ လီက ငယ်ရွယ်ပြီး လှပယုံမက..စီးပွားရေး လုပ်တဲ့ အထိ စွမ်းဆောင်နိုင်စွမ်း ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..။ဒါက တကယ်ကို အံ့ဩစရာပဲ..။ဒါပေမဲ့ ဖွင့်ပွဲအခမ်းအနားကတော့ နည်းနည်းအေးစက်ပြီး အသက်မဲ့နေတယ်နော်..။စိတ်မရှိဘူးဆိုရင် ကျွန်တော်တို့ဆီမှာ ခနလောက်လာထိုင်လိုက်ပါလား..။ကျွန်တော် ရှန်ဟိုင်းမှာ ရှိနေတဲ့ ချမ်းသာပြီး နယ်ပယ်တစ်ခုတည်းက လူတွေနဲ့ မိတ်ဆက်ပေးလို့ရပါတယ်..."
"မလိုတော့ပါဘူး.."
လီရူ သူ့ကို ကြည့်တောင်မကြည့်ပဲ..အေးစက်စွာ ပြန်ပြောလိုက်တယ်..။သူမ သူ့ကို ဒီတိုင်းပဲ လစ်လျူရူ ထားလိုက်ပါတယ်..။
ရူမင် ကြောင်အသွားခဲ့တယ်..။သူ့ဆီမှာ စိတ်မဆင်မပြေမူ တစ်ချို့ပေါ်လာခဲ့ပေမယ့် ထုတ်မပြခဲ့ပါဘူး..။
"အကြီးအကဲ လီ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ကြရအောင်..။ကျွန်တော်က ရူမင်ပါ..ဒီနယ်ပယ်ထဲမှာ..နေရာတစ်ခု ရှိပါတယ်..။ကျွန်တော်တို့ဖုန်းနံပါတ် ဖလှယ်ပြီး အနာဂတ်မှာ အခွင့်အရေးရှိရင် စီးပွားရေး ကိစ္စဆွေးနွေး ကြရအောင်.."
"မလိုတော့ပါဘူး.."
နောက်ထပ် အေးစက်တဲ့ တုန့်ပြန်မူ တစ်ခု..။ဒါက
ရူမင်ကို အနည်းငယ် ဝမ်းနည်းစေပါတယ်..။
ဒီမိန်းကလေးက သူမအတွက် ဘာက ကောင်းသလဲ ဆိုတာက သိတဲ့ ပုံမရှိပါဘူး..။သို့ပေမယ့် ဒါကပဲ ကောင်းပါတယ်..။သူက ရှန်ဟိုင်းမှာ..ဟော်တယ်နဲ့ ပတ်သက်ရင် နောကြေနေပြီ ဖြစ်ပြီး..အဆက်အသွယ်တွေလည်း အများကြီး ရှိပါတယ်..။
ဒီမိန်းကလေးရဲ့ ဟော်တယ် ဘယ်လောက်အထိ ရပ်တည်နိုင်မလဲ စောင့်ကြည့်ချင်ပါသေးတယ်..။
ဖွင့်ပွဲမှာ..ဒီလိုမျိုး အသက်မဲ့နေတာက..ဟော်တယ် ရဲ့ ဂုဏ်သတင်းနဲ့ အများကြီး သက်ဆိုင်ပါတယ်..။
သူ ဘဝမှာတောင် ဒီလို လူတစ်ယောက်မှ မရှိတဲ့ ဖွင့်ပွဲမျိုး ပထမဆုံးမြင်ဖူးတာပါပဲ..။
တစ်ခြားတစ်ဖက်မှာတော့ ဝမ်ရှင်းဟာ စိုးရိမ်နေခဲ့တယ်..။နယ်ပယ်တစ်ခုထဲက လူတွေက ရန်သူတွေ ဖြစ်ျပမယ့် ဒီလူကတော့ ဂုဏ်သတင်းရှိတဲ့ လူတစ်ယောက်ဖြစ်နိုင်ပါတယ်..။ဒီလိူလူကို အေးစက်စက် ဆက်ဆံတာက ကောင်းမွန်တဲ့ ရွေးချယ်မူ တစ်ခုတော့ မဟုတ်ပါဘူး..။
သူမက လီရူ လက်အောက်ကို ရောက်နေပြီ ဆိုမှတော့ ဟော်တယ်ကို ကောင်းမွန်စွာ လည်ပတ်ချင်ပါတယ်..။သို့ပေမယ့် အခုတော့ အခြေအနေတွေက မဟုတ်သေးပါဘူး..။အခုမှ အစပဲ ရှိသေးပေမယ့် သူမကတော့ ဒီနယ်ပယ်ထဲက လူကို အပြစ်ပြုမိပြီးနေပါပြီ..။ဒီအဖြစ်အပျက်က မြန်ဆန်လွန်းလှပါတယ်..။
"အကြီးအကဲ ရူ ကြည့်ရတာ ဒီနယ်ပယ်မှာ အတော်အတွေ့အကြုံများမယ့်ပုံပဲ..။တကယ်လို့ အကြံပေးချင်တာမျိုး ရှိရင် ပြောလို့ရပါတယ်.."
ဝမ်ရှင်းက အပြုံးလေးနဲ့ ပြောလိုက်တာပါ..။
ရူမင် ပြုံးလိုက်တယ်..။ယင်းနောက် သူ့ရဲ့ အမူအရာဟာ လေးနက်သွားခဲ့တယ်..။
"ကျွန်တော့်မှာ ထွေထွေထူးထူး အကြံပေးစရာတော့ မရှိပါဘူး..။ဒါပေမဲ့ အကြီးအကဲ လီ က အရမ်းအေးစက်လွန်းတယ်..။ကျွန်တော်တို့လို..လူမူဆက်ဆံရေး နယ်ပယ်မှာ လုပ်ရတဲ့ လူတွေ အတွက်ကတော့ ဒါက သိပ်မသင့်တော်ဘူးလေ.."
ရှန်ဟိုင်းမှာ ကြယ် ၅ ပွင့် ဟော်တယ် တွေက လမ်းဘေးခွေးတွေ ထက်တောင် ပိုပြီး များပြားပါတယ်..။တကယ်လို့ မင်း ဒီဟော်တယ် လောက ထဲမှာ ရပ်တည်ချင်တယ် ဆိုရင်..ဒါက ဝန်ဆောင်မူ ပိုင်းရော ပြင်ဆင်မူ ပိုင်းနဲ့ ရော မဆိုင်ပါဘူး..။ဒါက ပေါင်းသင်းဆက်ဆံရေးနဲ့ အဆက်အသွယ် ဘယ်လောက် ရှိလဲ ဆိုတာမှာပဲ မူတည်ပါတယ်..။
ဝမ်ရှင်း အနည်းငယ်ရှက်ရွံ့သွားခဲ့တယ်..။သူမ ဘာမှ ထပ်မပြောတော့ပါဘူး..။
အဲ့အချိန်မှာပဲ..သိပ်မဝေးတဲ့ နေရာတစ်ခုက အသံကို ကြားလိုက်ရတယ်..။
"အစ်မ လီရူ.."
ဝူယူလန် အခုမှ ရောက်လာခဲ့တာပါ..။
ရူမင် လှမ်းကြည့်လိုက်တဲ့ အချိန်မှာ သူ့မျက်လုံးက ထပ်ပြီး အရောင်လက်သွားခဲ့တယ်..။နောက် ထပ်မိန်းမလှ လေးတစ်ယောက်လား..။ဒီမိန်းမလှလေးကတော့..အကြီးအကဲ လီနဲ့ မတူပါဘူး..။
တစ်ယောက်က ချစ်ဖို့ကောင်းပြီး သွက်လက် နေတဲ့ အချိန်မှာ နောက်တစ်ယောက်က အေးစက်ပြီး တိတ်ဆိတ်နေခဲ့တာပါ..။
ဒါပေါ့..သွက်လက်ပြီး ချစ်ဖို့ကောင်းတဲ့ မိန်းကလေးက ပိုသာပါတယ်..။
လင်းဖန် ကားပေါ်က ဆင်းပြီး ပြောလိုက်တယ်..။
"ဟီးဟီး အကြီးအကဲ လီရဲ့ ဖွင့်ပွဲ အခမ်းအနားက အတော်ကို စည်ကားနေပါလား..။ဘယ်သူမှတောင် မရှိဘူး..."
ဒါက သူမြင်ဖူးသမျှ အခမ်းအနားပွဲတွေ ထဲမှာ သနားစရာ အကောင်းဆုံးပါပဲ..။သာမန် လူတွေ စီးပွားရေး စရင်တောင် ဒီထက် လူပိုများလောက် ပါတယ်..။
ဘယ်လောက် သနားဖို့ကောင်းလဲ..။
လီရူ လင်းဖန်ကို ခံစားချက်မဲ့တဲ့ မျက်နှာနဲ့ ကြည့်လိုက်ပြီး..
"ဒီစကားကို ပထမဆုံး ပြောတာက တစ်ယောက်ရှိပြီးသား..။အကြီးအကဲ ရူက ဒါကို ပြောပြီးသွားပြီ..။သူက ငါ့ဟော်တယ် တိုးတက်ဖို့..တစ်ခြားလူတွေနဲ့ မိတ်ဆက်ပေးချင်နေတာ..."
ဒါပေါ့ လင်းဖန် ပြသနာကို ချက်ချင်း တွေ့လိုက်ပါတယ်..။သူ လှမ်းကြည့်လိုက်တဲ့ အချိန်မှာ အမှန်တကယ်ပဲ နောက်ထပ် ဟော်တယ် တစ်ခု ရှိနေခဲ့တာပါ..။
အကြီးအကဲ ရူ ပြုံးလိုက်ပြီး..
"အကြီးအကဲ လီ ကျုပ်တို့က တူညီတဲ့ နယ်ပယ်ကပဲလေ..။ဒါပေါ့ တစ်ယောက်နဲ့ တစ်ယောက် ကူညီသင့်တာပေါ့.."
လင်းဖန် နဲ့ လီရူ တို့က နားလည်မူ လွဲနေပေမယ့် အကြီးအကဲ ရူက လှောင်ပြောင်နေသလိုဖြစ်နေတယ် ဆိုတာကို လင်းဖန် ပြောနိုင်ပါတယ်..။လီရူ ဒီလို အခြေအနေ ဖြစ်နေတာကို သူ ရပ်ကြည့်မနေနိုင်တော့ပေ..။
"မင်းက လူလိုနေတာပဲ ဟုတ်တယ်မလား..။ငါ လူနည်းနည်းခေါ်ပေးမယ်..။ခနစောင့်လိုက်...ဒီနေရာမှာစည်ကား လာစေရမယ်လို့ ငါ အာမခံတယ်..။ဒါပေမဲ့ မင်း လူအုပ်ကြီးကို ထိန်းနိုင်ဖို့တော့လိုတယ်နော်.."